← Chapters

သူ မသိတဲ့ တစ်ခုခု ဖြစ်သွားခဲ့တယ်

Vol. 22 Ch. 324

သူ မသိတဲ့ တစ်ခုခု ဖြစ်သွားခဲ့တယ်

Vol. 22 Ch. 324

"စူးချင်းက ဘယ်ကို သွားတာလဲ?"

ကျိ‌ရွှေရှန့်က လွမ်ဟုန်ကို အလောတကြီး ‌မေးလိုက်ပြန်သည်။

စူးချင်းက ဘာလို့ သူ့ကို နှုတ်မဆက်ဘဲ ထွက်သွားတာလဲ? သူမက ဘာကြောင့် သူ့နဲ့ စည်းခြားလိုက်ရတာလဲ?

"ဝမ်းကွဲအစ်မက ယန်ကျစ်နဲ့ လော့ချန်ကို လိုက်သွားတယ်"

လွမ်ဟုန်က သူမ၏ဝမ်းကွဲ ဘယ်သွားသည်ကို သိနေခဲ့သည်။ စူးချင်း ထွက်သွားခင် စူးချင်းက သူမကို အရက်လုပ်ငန်း စီမံခန့်ခွဲပေးရန် အပ်နှံခဲ့သောကြောင့် လွမ်ဟုန်က အလွန် လေးနက်နေခဲ့ပြီး မနက်စောစော အလုပ်ရုံသို့ ရောက်လာခဲ့သည်။ သူမက သူမ၏ဝမ်းကွဲအစ်မကို ကူညီနိုင်သည့်အတွက် ဝမ်းသာနေမိသည်။

"ဘာကြောင့်လဲ?"

ကျိ‌ရွှေရှန့်က နားမလည်နိုင် ဖြစ်နေခဲ့သည်။ စူးချင်းရဲ့မိဘတွေက မော့ချန်ကို ရောက်နေပြီလေ၊ သူမက လော့ချန်ကို ဘာကြောင့်သွားတာလဲ?

“အဲဒီက အခြေအနေကို သွားစစ်ဆေးဖို့ လိုတယ်လို့ ဝမ်းကွဲအစ်မက ပြောတယ်”

လွမ်ဟုန်ကလည်း သူမ၏ဝမ်းကွဲ အဘယ်ကြောင့် ပြန်သွားသည်ကို နားမလည်နိုင် ဖြစ်ခဲ့ရသည်။ သို့သော် လော့ချန်က အလွန်အန္တရာယ်များသောကြောင့် သူမက သူမ၏ဝမ်းကွဲအစ်မ ပြန်မသွားစေရန် စည်းရုံးခဲ့သည်။ သို့သော် သူမ၏ ကြိုးစားမှု မအောင်မြင်ခဲ့ဘဲ သူမ၏ဝမ်းကွဲအစ်မက အခြေအနေကို ပြန်ကြည့်ရန် လိုအပ်သည်ဟု ပြောခဲ့သည်။ အကြောင်းရင်းအတိအကျကိုတော့ သူမ မသိခဲ့ရပေ။

ကျိ‌ရွှေရှန့်က အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်နေသည့်အမူအရာဖြင့် အရက်ချက်ရုံထဲမှ ပြန်ထွက်လာခဲ့သည်။ သူနှင့် စူးချင်းအကြားတွင် မမြင်နိုင်သော ကွာဟမှုတစ်ခု ရှိနေသည်ဟု သူ ခံစားနေမိသည်။

အရင်တုန်းကဆိုရင် စူးချင်းက သူမ ဘာပဲလုပ်လုပ် သူ့ကို အမြဲတမ်း အရင်ပြောကြလေ၊ အခုတော့ သူ့ကိုတောင် နှုတ်မဆက်ဘဲ ထွက်သွားခဲ့တယ်ပေါ့။

ကျိ‌ရွှေရှန့်က တွေးရင်းတွေးရင်း ခေါင်းကိုက်နေခဲ့သည်။ သူက သူ့နားထင်များကို သူ့လက်ဖြင့် ပွတ်သပ်နေရင်း စူးချင်းနှင့်အတူ ချိုမြိန်ခဲ့ဖူးသည့် အချိန်များက သူ့စိတ်ထဲတွင် ပေါ်လာပြန်သည်။

သူ ရှောင်းမိသားစုစစ်တပ်ကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေရင်း အလုပ်ရှုပ်နေလို့ သူမကို အရမ်းဂရုမစိုက်နိုင်တာကို စူးချင်းက ဒေါသထွက်နေတာလား?

သူတွေးလေလေ နားမလည်နိုင်လေလေ ဖြစ်နေပြီး ခေါင်းကလည်း ပိုကိုက်လာပြီ။

ကျိ‌ရွှေရှန့်က မျက်မှောင်ကြုတ်လျက် ပြန်ထွက်လာခဲ့ပြီး လမ်းတွင် ချိုးယုံခန်းနှင့် တွေ့ဆုံခဲ့သည်။ သူက စာရင်းစာအုပ်များ ကိုင်လာပြီး စူးချင်းနှင့် မျက်နှာချင်းဆိုင် ထပ်စစ်ဆေးရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။

ကျိ‌ရွှေရှန့်၏ ပျက်ယွင်းနေသော မျက်နှာကို မြင်လိုက်ရသောကြောင့် ချိုးယုံခန်းက သူ့ကို စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။

"ရွှေရှန့်၊ မင်းကို ကြည့်ရတာ သိပ်အဆင်မပြေဘူး။ နေမကောင်းဘူးလား?"

"မဟုတ်ပါဘူး၊ ကောင်းပါတယ်၊ မင်း ဘယ်သွားမလို့လဲ?"

ကျိ‌ရွှေရှန့်က ခေါင်းယမ်းလိုက်သည်။ သူက စူးချင်းနှင့် သူ့၏ဆက်ဆံရေးအကြောင်း တခြားသူကို မပြောချင်တော့သည့်အတွက် ချိုးယုံခန်း၏လက်ထဲမှ စာရင်းစာအုပ်ကို ကြည့်ရင်း သူ့ကို ပြန်မေးလိုက်သည်။

"ငါ စာရင်းတွေရှင်းဖို့ စူးချင်းကို သွားရှာလို့။ ငါ မနေ့ညက စာရင်းတွေ တွက်ထားပြီးပြီ၊ စူးချင်းနဲ့ သွားတွေ့ပြီး တစ်ခုခု ကျန်နေလားလို့ မေးရမယ်”

ချိုးယုံခန်းက စာရင်းစာအုပ်ကို မြှောက်ပြလိုက်ချိန်တွင် မနေ့ညက သူမ ခွဲထွက်တော့မည်ဟု ပြောခဲ့သည့် စူးချင်း၏ အေးစက်နေသည့် အမူအရာများက ကျိ‌ရွေရှန့်၏စိတ်ထဲတွင် ပြန်ပေါ်လာသည်။

သူမက သူနဲ့ ဘာမှ မပတ်သတ်ချင်တော့သလိုပဲ၊ သူမ ပြောနေတဲ့ပုံက စီးပွားရေးကိစ္စသက်သက်ကို ဆိုလိုနေတာ မဟုတ်ဘူး။

"ရွှေရှန့်?"

ချိုးယုံခန်းက ကျိ‌ရွှေရှန့်၏ ထိုင်းမှိုင်းနေသည့် အမူအရာကို မြင်သွားပြီး သူ့ကို ထပ်ခေါ်လိုက်သည်။ ကျိ‌ရွှေရှန့်က သတိပြန်ဝင်လာပြီး သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"စူးချင်းက ဒီမှာ မရှိဘူး"

"ဒါဆို ငါ သူ(မ)ရဲ့အိမ်ကို သွားရှာလိုက်မယ်"

ချိုးယုံခန်းက စီရင်စုရုံးတော်ဘက်သို့ လျှောက်သွားလိုက်သော်လည်း ကျိ‌ရွှေရှန့်က သူ့ကို တားဆီးလိုက်သည်။

“သူ(မ) လော့ချန်ကို သွားတယ်"

"လော့ချန်ကို သွားတာလား? ဘာလို့လဲ? လော့ချန်က မင်း သွားရမှာ မဟုတ်ဘူးလား? သူ(မ)က လော့ချန်ကို ဘာသွားလုပ်တာလဲ? စီရင်စုအမတ်လွမ်နဲ့ ဒုတိယသခင်ကြီးစူးတို့ရဲ့ ကိစ္စက အရမ်းပြင်းထန်လွန်းတယ်။ လော့ချန်က အခု နဂါးဂူနဲ့ ကျားခံတွင်းလို ဖြစ်နေပြီ၊ သူ့လို မိန်းခလေးက ဘယ်လိုမျိုး သတ္တိနဲ့ အန္တရာယ်ရှိတဲ့ နေရာကို တိုးဝင်သွားရတာလဲ?”

ချိုးယုံခန်းက စိုးရိမ်တကြီး ပြောလိုက်ပြီး ကျိ‌ရွှေရှန့်၏ နှလုံးသားကတော့ လည်ချောင်းထဲသို့ ရောက်လာပြီ ဖြစ်သည်။

"မဟုတ်‌သေးဘူး၊ ငါ လိုက်သွားမှ ဖြစ်မယ်"

ကျိ‌ရွှေရှန့် ချက်ချင်းဆိုသလို စူးချင်းနောက်သို့ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

ဒီလောက်အန္တရာယ်များတဲ့ နေရာကို သူမ တစ်ယောက်တည်း သွားခွင့်မပြုနိုင်ဘူး။

“မင်း လိုက်သွားဖို့ မဖြစ်နိုင်သေးဘူး။ ချွီတာ့က မင်း သူတို့ဆီ လာဖို့ စာတစ်စောင် ပို့လိုက်တယ်”

ချိုးယုံခန်းက ကျိ‌ရွှေရှန့်ကို တားလိုက်ပြန်သည်။ ချွီတာ့က သံရိုင်းတွင်းတွင် ရှိနေသောကြောင့် ကျိ‌ရွှေရှန့် လုပ်ရမည့်အရေးကြီးအရာတစ်ခု ရှိနေနိုင်သည်။

"ကောင်းပြီ ငါ သွားရင်းနဲ့ လမ်းကြုံဝင်ခဲ့မယ်"

ကျိ‌ရွှေရှန့်က ခေါင်းညိတ်လိုက်သည်။ စူးချင်း ဘေးကင်းကြောင်း အတည်ပြုပြီးနောက် သူ သံရိုင်းတွင်းသို့ သွားရန် တွေးဆလိုက်သည်။ ပထမအသုတ်အတွက် လက်နက်များ အသင့်ဖြစ်နေလျှင် စစ်တပ်အတွက် အချိန်မီသုံးရန် ပြန်ယူလာရမည် ဖြစ်သည်။

"ကောင်းပြီ ငါ မင်းအတွက် ရိက္ခာနည်းနည်း ပြင်ဆင်ထားလိုက်မယ်"

ချိုးယုံခန်းက ခေါင်းညိတ်ပြလိုက်ပြီး ကျိ‌ရွှေရှန့်အတွက် အဆင်သင့်ပြင်ပေးရန် လှည့်ထွက်သွားခဲ့သည်။ ကျိ‌ရွှေရှန့်က မြင်းရွေးရန် မြင်းတင်းကုပ်သို့ သွားခဲ့သည်။ ယခင်အကြိမ်များက သူ အပြင်ထွက်လျှင် စူးချင်း၏မြင်းနက်ကြီးကို စီးလေ့ရှိသော်လည်း စူးချင်းက ထိုမြင်းကို စီးသွားသည့်အတွက် သူတခြားမြင်းကို ရွေးရမည် ဖြစ်သည်။

မြင်းတင်းကုပ်ထဲတွင် မနေ့က စူးချင်း ပြန်ယူလာခဲ့သည့် တာ့ထန်မြင်းများ ရှိနေပြီး ၎င်းတို့အားလုံးက တောက်ပြောင်သော မျက်လုံးများရှိကာ ပြည့်ဖြိုးသန်မာသည့် မြင်းကောင်းများ ဖြစ်ကြသည်။

ကျိ‌ရွှေရှန့်က မြင်း‌ ရွေးနေသော်လည်း သူ့အတွေးများက သူတို့နှစ်‌ယောက် အတူရှိခဲ့ဖူးသည့် အချိန်အပိုင်းအစလေးများဆီသို့ လွင့်ပျံလာသွားခဲ့သည်။

သူတို့ရဲ့ချိုမြိန်တဲ့ အနမ်းလေးတွေ.... စူးချင်းက သူ့ရင်ခွင်ထဲမှာ မှီနေရင်း သူ့နှလုံးခုန်သံကို နားထောင်နေတက်တာတွေ...

သူမက တခြားသူကို ကြည့်ရင် အေးစက်စက် ကြည့်တက်ပေမယ့် သူ့ကို ကြည့်တဲ့ သူမရဲ့မျက်လုံးလေးတွေက ရေထက်တောင် နူးညံ့သေးတယ်။ ဒါပေမယ့် မနေ့က သူ့ကို ကြည့်တဲ့ သူမရဲ့မျက်လုံးတွေက အခြားသူတွေကို ကြည့်တဲ့ မျက်လုံးတွေထက်တောင် ပိုအေးစက်နေသေးတယ်။

သူ မသိတဲ့ အရာရာ တစ်ခုခု ဖြစ်သွားခဲ့တာ သေချာတယ်။

ကျိ‌ရွှေရှန့် စိတ်ဆင်းရဲနေပြီး စိတ်ရှုပ်ထွေးနေချိန်တွင် စူးချင်းကလည်း စိတ်ခံစားချက်မကောင်း ဖြစ်နေခဲ့သည်။ သူမက သူမ၏မြင်းနက်ကြီးကို စီးပြီး သိုးအုပ်နောက်မှ လိုက်လာခဲ့သည်။ ယခုတကြိမ်တွင် သူမက သူမနှင့်အတူ ကျုံးယုံကိုသာ ခေါ်လာခဲ့သည်။

ကျုံးယုံက နာခံမှုရှိပြီး သန်မာသောကြောင့် လူဆယ်ဦးကို တစ်ပြိုင်နက် တိုက်ခိုက်နိုင်သည်။

ဤတစ်ကြိမ်တွင် စူးချင်းက သိုးဝဝအကောင်တစ်ရာကျော် ရောင်းရန် ယူလာခဲ့ပြီး ၎င်းတို့ကို လော့ချန်သို့ မောင်းနှင်လာခဲ့သည်။ ထို့အပြင် သားရေလှည်းခြောက်စီးနှင့် ကျန့်နန်ချွန်းတစ်စည်ကိုလည်း ယူဆောင်လာခဲ့သည်။ စူးချင်းက ကျန့်နန်ချွန်းအတွက် စျေးကွက်ဖွင့်ရန် တွေးထားခဲ့သည်။

ထို့အပြင် သူမ၏မိဘများက မော့ချန်တွင် လုံခြုံနေပြီဖြစ်သော်လည်း စူးမိသားစု၏လုပ်ငန်းများက လော့ချန်တွင် ရှိနေဆဲ ဖြစ်သည်။ ယခုအချိန်တွင် အိမ်တော်ထိန်းက သူမ၏ဖခင်ကဲ့သို့ ဟန်ဆောင်နေပြီး လုပ်ငန်းများကို စီမံခန့်ခွဲနေရသည်။ သူမက စီရင်စုအမတ်လွမ်ကို ကယ်တင်သွားသည့်အတွက် အိမ်တော်ထိန်း အန္တရာယ်ရှိလာမည်ကိုလည်း သူမ စိုးရိမ်နေခဲ့သည်။

အိမ်တော်ထိန်းက စူးမိသားစု၏ကျေးကျွန်တစ်ဦးသာ ဖြစ်သော်လည်း၊ သခင်အပေါ် သစ္စာစောင့်သိသူသည်။ ဤအချက်ကို အခြေခံ၍ စူးချင်းက သူ အန္တရာယ်ကျရောက်နေချိန်တွင် သူ့အား လျစ်လျူရှုထားမည် မဟုတ်ပေ။

ရှောင်ချီကလည်း သူမ၏သခင် စိတ်အခြေအနေမကောင်းမှန်း သိနေခဲ့သည်။ သူမက သူမ၏သခင်ကို တိတ်တဆိတ် ကူညီပေးနေခဲ့ပြီး ကျုံးယုံနှင့်အတူ နာခံမှုမရှိသော သိုးများကို ထိန်းကျောင်းပေးနေခဲ့သည်။

ယန်ကျစ်က စူးချင်း သူ့နှင့်အတူ လိုက်လာသည့်အတွက် အလွန်ယုံကြည်မှု ရှိနေခဲ့သည်။

သူမ အနားမှာ ရှိနေရင် ဘာအန္တရာယ်ကိုမှ ကြောက်နေစရာ မလိုတော့ဘူး။ သူမက စီရင်စုအမတ်လွမ်ရဲ့မိသားစုနဲ့ ကလေးတွေကို အစောင့်အကြပ် ထူထပ်တဲ့ လော့ချန်ကနေ တစ်ကိုယ်တည်း လက်ဗလာနဲ့ ကယ်တင်နိုင်ခဲ့တဲ့ လိမ္မာပါးနပ်တဲ့ မိန်းကလေးတစ်ယောက်ပဲ။

ဒီလို ထိတ်လန့်တုန်လှုပ်စရာကောင်းအောင် ကြီးကျယ်ခမ်းနားပြီး ထက်မြတ်တဲ့ မိန်းခလေးက သူ့ရဲ့တူမ ဖြစ်နေတာကို တွေးမိတာနဲ့တင် သူ ဂုဏ်ယူမိနေပြီ။

“သခင်၊ ရှေ့မှာ တပ်တွေ ရှိသေးတယ်”

ရှောင်ချီက စူးချင်းအနားသို့ ရုတ်တရက် ပြေးလာပြီး သူမအား တိုးတိုးလေး ပြောလိုက်သည်။ စူးချင်းက သတိအနေအထား ဖြစ်သွားခဲ့သည်။ ယခုအချိန်တွင် ရောက်ရှိလာသော စစ်တပ်က ဧကရာဇ်၏စစ်တပ် သို့မဟုတ် ဝမ်မျိုးနွယ်စစ်တပ်သာ ဖြစ်နိုင်သည်။

သူမက ပြဿနာ နည်းပါးစေရန် သိုးများကို တောထဲသို့ မောင်းသွားခဲ့ပြီး လှည်းများကိုပါ တောထဲသို့ ဆွဲသွင်းသွားခဲ့သည်။ စစ်တပ်မှ လူများ သူမတို့ကို အလွယ်ရှာမတွေ့သွား‌စေရန် တောနက်ထဲသို့ ဝင်ပုန်းနေခဲ့သည်။

ကျိ‌ရွှေရှန့်ကလည်း ကျဉ်းမြောင်းသောလမ်းတစ်ခုတွင် ဝမ်မိသားစုစစ်တပ်နှင့် တွေ့ဆုံခဲ့သည်။ ကျိ‌ရွှေရှန့်က သိုင်းလောကသားတဦးကဲ့သို့ ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသောကြောင့် ဝမ်မိသားစုစစ်တပ်မှ လူများက သူ့ကို လျစ်လျူရှုပြီး သူတို့ဘာသာ ခရီးဆက်သွားကြသည်။

ကျိ‌ရွှေရှန့်က သူတို့ မော့ချန်ဘက်သို့ ဦးတည်သွားနေသည်ကို မြင်လိုက်ရပြီး ထိုနေရာတွင် တစ်ခုခုဖြစ်သွားမည်ကို သူ စိုးရိမ်သွားခဲ့သည်။ စူးချင်း၏ မိဘများ၊ မောင်ငယ်လေးနှင့် ကလေးများ အားလုံးက မော့ချန်၏ရုံးတော်တွင် ရှိနေကြသည်။ ဝမ်မိသားစုတပ်မတော် ထိုနေရာသို့ ရောက်သွားသည်နှင့် တပြိုင်နက် အားလုံးကို တွေ့သွားနိုင်သည်။

ကျိ‌ရွှေရှန့်က အားသာချက်နှင့် အားနည်းချက်များ အားလုံးကို ချက်ချင်း ချိန်ဆလိုက်သည်။ စူးချင်းက သူ့ကိုယ်သူ ကာကွယ်နိုင်သော်လည်း သူမ၏ မိဘများနှင့် မောင်ငယ်လေးကတော့ သူတို့ဘာသာ ခုခံကာကွယ်နိုင်ခြင်း မရှိပေ။ နောက်ဆုံးတွင် ကျိ‌ရွှေရှန့်က ပြန်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ကျန်သည့်သူများ ဘေးကင်းကြောင်း သေချာပြီးမှ စူးချင်းနောက်သို့ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် သူက တစ်ယောက်တည်းဆိုတော့ မြန်မြန် ပြေးလွှားသွားလာနိုင်တယ်၊ စူးချင်းနဲ့ တခြားသူတွေက သိုးတွေနဲ့အတူ ခရီးသွားနေတော့ မြန်မြန် မသွားနိုင်ကြဘူး။ လော့ချန် မရောက်ခင် သူ သူတို့ကို အမီပြန်လိုက်နိုင်သေးတယ်။

ရှောင်ချီက သူမ၏စခရင်ပေါ်တွင် ကျိ‌ရွှေရှန့်ကို မြင်နေရပြီး စူးချင်းအား တိုးတိုးလေး ပြောလိုက်သည်။

“သူ လိုက်လာတယ်”

ယခင်တုန်းက ရှောင်ချီက သူ့ကို ‌ ယောကျ်ားလေးသခင်ဟု အမြဲတမ်းခေါ်ခဲ့သော်လည်း ယခု သူက သူမ၏သခင်ကို ဝမ်းနည်းစေသည့်အတွက် ရှောင်ချီက သူ့ကို ယောကျ်ားလေးသခင်ဟုပင် မခေါ်ချင်တော့ပေ။

စူးချင်းက သူမ၏ခေါင်းကို မော့လိုက်ပြီး တောထူထပ်သော အပြင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်ရင်း သူမ၏ စိတ်ခံစားမှုများက အလွန်ရှုပ်ထွေးလာပြန်သည်။ သူမက ကျိရွှေရှန့်နှင့် သူမ၏ဆက်ဆံရေးကို စွန့်လွှတ်ရန် တွန့်ဆုတ်နေသော်လည်း တစ်ဖက်တွင်မူ ခင်ပွန်းဖြစ်သူအား အခြားအမျိုးသမီးတစ်ဦးနှင့် မျှဝေခွင့် မပြုနိုင်ပေ။

သူမ ကျိ‌ရွှေရှန့်ကို ဘယ်လောက်ပဲ ချစ်နေပါစေ သူမရဲ့မာနက သူမကို အလျှော့ပေးခွင့် မပေးဘူး။

သူမ ချစ်ခြင်းမေတ္တာအားလုံးကို ဖြတ်တောက်ပြီး သူမရဲ့မိဘတွေကို မော့ချန်နဲ့ရော ကျိ‌ရွှေရှန့်နဲ့ပါ ဝေးတဲ့နေရာကို ခေါ်ဆောင်သွားတော့မယ်။ ပြီးရင် လုံခြုံပြီး သာယာဝပြောတဲ့ နေရာကို ရှာတာက ပိုကောင်းလိမ့်မယ်။

ထိုကဲ့သို့ တွေးထားခဲ့သော်လည်း ရှောင်ချီပြောလိုက်သည့် စကားကို ကြားလိုက်ချိန်တွင် စူးချင်း၏စိတ်ထဲတွင် တစ်မျိုးဖြစ်လာပြန်သည်။

"သူ ပြန်လှည့်သွားပြီ"

ရှောင်ချီ၏အသံတွင် စိတ်ပျက်မှုများ ပြည့်နှက်နေလေသည်။

ယောက်ျားလေးသခင်က ဘာလို့ ဒီလိုမျိုး လုပ်နိုင်ရတာလဲ? သူမရဲ့သခင် စိတ်မချမ်းမသာ ဖြစ်နေတာကို သူက ဘာလို့ မိအောင် လိုက်ဖမ်းပြီး မချော့နိုင်ရတာလဲ?

စူးချင်းက သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။

သူ ပြန်ထွက်သွားတာက ပိုကောင်းပါတယ်လေ။

သူမက ယန်ကျစ်ကို ပြတ်ပြတ်သားသား လှမ်းပြောလိုက်သည်။

"သွားကြရအောင်!"

“ကောင်းပြီ”

စူးချင်း ယနေ့စိတ်အခြေအနေမကောင်းသည်ကို ယန်ကျစ်လည်း ခံစားနေမိသည်။ ထို့ကြောင့် သူက စကားမပြောချင်တော့ဘဲ ခေါင်းငုံ့ထားရင်း တစ်ခုခုကို တွေးနေခဲ့သည်။

စူးချင်း လော့ချန်ဆီသို့ ဦးတည်သွားနေချိန်တွင် ကျိ‌ရွှေရှန့်က ဝမ်မိသားစုစစ်တပ်၏ နောက်မှ အနီးကပ်လိုက်ပါလာပြီး ၎င်းတို့၏ ဦးတည်ရာက မော့ချန်ဖြစ်ကြောင်း သိလိုက်ရသည်။

မော့ချန်က သူလျှိုတွေကို ဖယ်ရှားမပစ်နိုင်ဘဲ ဦးလေးစူးနဲ့ကလေးတွေရဲ့ မော့ချန်ကို ရောက်နေတဲ့ကိစ္စ ဖော်ထုတ်ခံလိုက်ရတာ ဖြစ်နိုင်မလား?

All Chapters