← Chapters

စုံစမ်းစစ်ဆေးရေး

Vol. 22 Ch. 326

စုံစမ်းစစ်ဆေးရေး

Vol. 22 Ch. 326

စီရင်စုရုံးတော်အတွင်း၌ စီရင်စုအမတ်အသစ်က လျှို့ဝှက်အစီရင်ခံစာတစ်စောင်ကို ပျော်ပျော်ရွှင်ရွှင် ရေးသားနေခဲ့သည်။ ဒုတိယသခင်ကြီးစူးက မော့ချန်မှ ရှောင်းမိသားစုစစ်တပ်နှင့် ပတ်သက်နေပြီး ရှောင်းမိသားစုစစ်တပ်နှင့် ဝမ်မိသားစုစစ်တပ်တို့က ရန်ကြွေးများ ရှိနေခဲ့သည်။

အစောပိုင်းတွင် သူက ဒုတိယသခင်ကြီးစူးအား ထောင်ဖောက်ပြီး ဝမ်မိသားစုစစ်တပ်မှ စစ်သည်များကို သတ်ဖြတ်ခဲ့သည်ဟု လိမ်ညာစွပ်စွဲခဲ့သော်လည်း ယခုအခါ ရှောင်းမိသားစုစစ်တပ်၏နောက်ခံက အရာအားလုံးကို ရှင်းပြနိုင်ခဲ့ပြီ ဖြစ်သည်။

မကြာမီ သူ ရာထူးတိုးမည့်ပုံရိပ်နှင့် ဒုတိယသခင်ကြီးစူး၏ပိုင်ဆိုင်မှုများကို တွေးတောရင်း စီရင်စုအမတ်အသစ်က ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်။

"စူးဟန်ရွှမ်၊ စူးဟန်ရွှမ်၊ မင်းက ငါ့ရဲ့ ကျေးဇူးရှင်ပဲ။ မင်းကို သတ်လိုက်တာနဲ့ ငါ အမြင့်ကို တက်နိုင်တော့မယ်။ ကောင်းလိုက်တာ.... အရမ်း သြချလောက်အောင် ကောင်းမွန်လွန်းတယ်”

"သြချလောက်အောင် ကောင်းတာလား?"

မည်သူမျှ သတိမထားမိဘဲ စူးချင်းက သူ့နောက်တွင် ပေါ်လာသောကြောင့် စီရင်စုအမတ်အသစ်က အလွန်ထိတ်လန့်သွားပြီး အော်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း တစ်ဖက်လူက သူ့၏အပ်စိုက်မှတ်တစ်ခုကို နှိပ်လိုက်သောကြောင့် သူ အသံမထွက်နိုင်တော့ပေ။ မှိန်ဖျော့ဖျော့ မီးရောင်များအောက်တွင် ရေကန်ကဲ့သို့ အေးစက်နေသည့် မျက်လုံးတစ်စုံကို သူ မြင်လိုက်ရပြီး ထိုမျက်လုံးများကို ကြည့်နေရသည်မှာ ငရဲဘုရင်ထံမှ သေမင်းအမိန့်ကို လက်ခံရသလို ခံစားရစေသည်။

"နင်က ငါ့အဖေကို ခြေနင်းကျောက်အဖြစ် သုံးချင်နေတာလား?"

စီရင်စုအမတ်အသစ်က လုံးဝ အသံမထွက်နိုင်တော့ဘဲ သူ့ကို ကယ်တင်နိုင်မည့် တစ်စုံတစ်ဦးကို ရှာဖွေရန် ထွက်ပြေးခဲ့သည်။ သို့သော်လည်း စူးချင်းက သူ့ကို ကြမ်းပင်ပေါ်သို့ ကန်ချလိုက်ပြီး သူမ၏အသံက လုံးဝ အေးစက်နေခဲ့သည်။ စီရင်စုအမတ်က တုန်လှုပ်နေချိန်မှာပင် သူမက ဓားမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး သူ့၏လက်ချောင်းများကို တစ်ချောင်းပြီး တစ်ချောင်း ဖြတ်တောက်လိုက်တော့သည်။

အဖြတ်ခံလိုက်ရသော လက်ချောင်းများ၏ နာကျင်မှုကြောင့် စီရင်စုအမတ်အသစ်က သေလုမျောပါး ခံစားရနေရသည်။ ထိုမှပင် သူ ရန်မစသင့်သူကို ရန်စခဲ့မိကြောင်း သူ သဘောပေါက်သွားခဲ့သည်။

စူးဟန်ရွှမ်ကို ဖမ်းမိပြီးနောက် ရုံးတော်၏လုံခြုံရေးအတွက် အစောင့်အကြပ်အရေအတွက်ကို တိုးမြှင့်ထားခဲ့သည်။ ခြေဆယ်လှမ်းတိုင်းတွင် ကင်းစခန်းတစ်ခုရှိပြီး ခြေငါးလှမ်းတိုင်းတွင် ကင်းသမား တစ်ယောက်ရှိသည်။ ၎င်းက အလွန်စိတ်ချရသည်ဟု သူ ထင်ထားခဲ့သော်လည်း ဤနတ်ဆိုးကို ဆန့်ကျင်ရန် အသုံးမဝင် ဖြစ်သွားမည်ဟုတော့ သူ မမျှော်လင့်ခဲ့ပေ။ ယခုအချိန်တွင်တော့ ကြောက်ရန်ပင် အလွန်နောက်ကျသွားပြီကို သူ နားလည်လိုက်ရသည်။

စီရင်စုအမတ်အသစ်က နာကျင်မှုကြောင့် အကြိမ်ပေါင်းများစွာ မေ့မျောသွားခဲ့သော်လည်း စူးချင်းက သူ့ကို အပ်စိုက်ပြီး ပြန်နိုးအောင် ပြုလုပ်နေခဲ့သည်။ ထိုသို့သော ပညာရှိနှိပ်စက်နည်းက အေးအေးဆေးဆေး ပုံစံဖြင့် ရောက်လာသည့် သေမင်းတမန် ညှင်းပမ်းနှိပ်စက်မှုသာ ဖြစ်သည်။

သူက နတ်ဆိုးဝင်ပူးနေပုံရသည့် စူးချင်း၏ကြောက်မယ်ဖွယ် မျက်လုံးများကို ကြည့်နေရင်း ထိတ်လန့်တကြားဖြစ်နေကာ သူ့မျက်လုံးပင် ပြူးထွက်နေခဲ့သည်။ သူအနေဖြင့် သနားညှာတာပေးရန် တောင်းပန်ချင်နေသော်လည်း အသံက မထွက်နိုင်ပြန်ပေ။ သူက သူ့မျက်လုံးများဖြင့်သာ တောင်းပန်နိုင်သော်လည်း ထိုအရာက အသုံးမဝင်ပေ။ သူက နှလုံးသားမရှိသည့် စူးချင်းကို ရင်ဆိုင်နေရခြင်းပင်။

စူးချင်းက သူ့ခန္ဓာကိုယ်ကို အေးစက်စွာ ကြည့်နေခဲ့သည်။ သူမက လူများအပေါ် ကြင်နာတတ်သော်လည်း တိရစ္ဆာန်များကို ကြင်နာရန် မလိုအပ်ဟု တွေးထားသူ ဖြစ်သည်။ စီရင်စုအမတ်အသစ်ကို ညှဉ်းပန်းနှိပ်စက်ပြီးနောက် စူးချင်းက သူမ၏ စိတ်ရှည်သည်းခံမှုကို ဆုံးရှုံးသွားခဲ့ပြီး သူ၏ဘဝကို တစ်ချက်တည်းဖြင့် အဆုံးသတ်ပေးလိုကသည်။

စူးချင်းက ထိုစီရင်စုအမတ် ရေးထားသည့် လျှို့ဝှက်အစီရင်ခံစာကို ကောက်ကိုင်လိုက်ပြီး ဖယောင်းတိုင်မီးနှင့် တို့လိုက်သည်။ စူးချင်းက လျှို့ဝှက်အစီရင်ခံစာ မီးလောင်သွားသည်အထိ အမူအရာမဲ့ စောင့်ကြည့်နေပြီးမှ ထိုမီးစွဲနေသော အစီရင်ခံစာကို စီရင်စုအမတ်၏ ကုတင်မှ ကန့်လန့်ကာများဆီသို့ လှမ်းပစ်လိုက်သည်။ မီးတောက်များက လျင်မြန်စွာ တောက်ပလာပြီး စူးချင်းက နောက်သို့ ပြန်လှည့်ကာ စီရင်စုအမတ်၏အခန်းထဲမှ ပြန်ထွက်သွားခဲ့သည်။

သူမက သူမ၏ဆေးမှုန့်များကို ရုံးတော်အတွင်းရှိ အစောင့်များအားလုံးကို ဖြေရှင်းထားခဲ့ခြင်း ဖြစ်သည်။

ဒုစရိုက်မှုကို ကူညီတဲ့သူတွေ အကုန်လုံးက သေသင့်တယ်။

စီရင်စုအမတ်ကို မီးရှို့ပြီးနောက် စူးချင်းက ယန်ကျစ်နှင့် တွေ့ဆုံရန် အကျဥ်းထောင်သို့ ပြေးသွားခဲ့သည်။ ယန်ကျစ်က စူးချင်း ပေးလိုက်သည့် ဆေးမှုန့်ကို အသုံးပြုပြီး အကျဥ်းထောင်မှူး၏သော့ကို ဖြုတ်ကာ အကျဥ်းထောင်ထဲတွင် ချုပ်နှောင်ခံထားရ‌သော သက်တော်စောင့်များကို ကယ်တင်ခဲ့သည်။ ကြီးလေးသော ညှင်းပမ်းနှိပ်စက်မှုကို တောင့်မခံနိုင်ဘဲ မော့ချန်အကြောင်းကို ဝန်ခံခဲ့သည့် သက်တော်စောင့်နှစ်ဦးက ယန်ကျိကို ပြရန် မျက်နှာမရှိတော့သလို ခံစားနေကြရသည်။ ချည်နှောင်ခြင်းမှ လွတ်မြောက်ပြီးသည်နှင့် သူတို့က ယန်ကျစ်ကို တောင်းပန်ရန် မိမိကိုယ်ကို သတ်သေချင်နေကြသည်။

ယန်ကျစ်က သူတို့ကို ဟန့်တားလိုက်သည်။ နောက်ဆုံးတွင် သူတို့က ဘဝ၏သေခြင်းနှင့် ရှင်သန်ခြင်းတို့ကို အတူတကွ အကြိမ်များစွာ ကျော်ဖြတ်ခဲ့ကြသော ညီအစ်ကိုကောင်းများ ဖြစ်ခဲ့ကြသည်။

သူတို့သေသွားမှာကို သူ တကယ် မခံစားနိုင်ပါဘူး။ သူတို့လည်း အကျဥ်းထောင်ထဲက ညှဉ်းပန်းနှိပ်စက်မှုကို တောင့်မခံနိုင်တော့လို့ ဒီလို လုပ်ခဲကြတာလေ။ လူတိုင်းမှာ သံမဏိအရိုးတွေ မရှိတဲ့အတွက် သူတို့ကို အပြစ်တင်လို့ မရဘူး။ ဒါပေမယ့် သူတို့က သူရဲ့သက်တော်စောင့်လုပ်ငန်းမှတော့ ဆက်နေဖို့ မဖြစ်နိုင်တော့ဘူး။

စူးချင်းက သူတို့အတွက် မှတ်ဥာဏ်ဖျက်ဆေး ပေးခဲ့ပြီး သူတို့က အတိတ်အကြောင်းကို ဘာမှ မမှတ်မိတော့ပေ။ ၎င်းက ယန်ကျစ်၏ မစွန့်လွှတ်နိုင်သော နှလုံးသားကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး မော့ချန်၏လုံခြုံရေးကိုလည်း အာမခံနိုင်ခဲ့သည်။

ကျန်နေသည့် သက်တော်စောင့်များကတော့ လက်နက်ချခြင်းထက် အသေခံရန် ဆန္ဒရှိခဲ့သူများ ဖြစ်ကြသည်။ သူတို့က သာမန်လူများ သည်းမခံနိုင်သည့် ညှဉ်းပန်းနှိပ်စက်မှုများကို တောင့်ခံခဲ့ကြသည်။ ထို့အတွက်ကြောင့် သူတို့ခြေထောက်များက ကုပ်တံများကြောင့် ကျိုးနေကာ လမ်းပင် မလျှောက်နိုင်ကြတော့ပေ။ သူတို့၏ ခန္ဓာကိုယ်များတွင်လည်း မကြည့်ရက်နိုင်လောက်သည့် ကြောက်မက်ဖွယ်ဒဏ်ရာများ ဖုံးလွှမ်းနေခဲ့သည်။

စူးချင်းက သူတို့အတွက် ရွှေကျောက်စိမ်းအရိုးပြုပြင်ဆေးလုံးနှင့် ပြင်ပဒဏ်ရာများကို ကုသနိုင်သည့် ဆေးနီမှုန့်များ အများအပြား ထုတ်ပေးခဲ့သည်။ သူမကို အံ့ဖွယ်သမားတော်အဖြစ် လူသိများသောကြောင့် သူမ၏ ဆေးပညာ ကျွမ်းကျင်မှုက အဆင့်အတန်း မြင့်မားကြောင်း လူတိုင်းနီးပါး သိနေကြသည်။ ထို့ကြောင့် စူးချင်းက သူမ၏ဆေးပညာကို ထုတ်ဖော်ပြရန် ကြောက်မနေခဲ့ပေ။

အိမ်တော်ထိန်းကို တွေ့လိုက်ရချိန်တွင် စူးချင်း၏မျက်လုံးများက နီရဲလာခဲ့သည်။ ထိုအဘိုးအိုက ညစ်ပတ်သော မြက်ခြောက်များပေါ်တွင် လဲကျနေပြီး သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ဖုံးလွှမ်းနေကာ သေလုမျောပါး ဖြစ်နေခဲ့သည်။ ထိုအိမ်ထိန်းအဘိုးကြီးက အရှုံးပေးဝန်ခံခြင်း သေရန် ရွေးချယ်ခဲ့သည်ဟု သက်တော်စောင့်များထံမှ သူမ ကြားသိခဲ့ရသည်။ သူက အကျဥ်းထောင်ကို ဖောက်ထွင်းခဲ့ကြောင့် ဝန်ခံရန် ငြင်းဆိုခဲ့ပြီး ကလေးများအား ကယ်တင်ရန် ဝမ်မိသားစုစစ်တပ်မှ လူများကို သတ်ဖြတ်ခဲ့သည်ဆိုသော စွပ်စွဲချက်အတွက်လည်း လုံးဝ ငြင်းဆန်ခဲ့သည်။ သူက သခင်အတွက်သာမက စူးမိသားစုတစ်ခုလုံးကိုပါ ကာကွယ်ပေးရန် ဆုံးဖြတ်ထားပုံရသည်။

အိမ်ထိန်းအိုကြီးက သစ္စာရှိလွန်းပြီး စူးချင်းက သူ့ကို သဘောကျနေခဲ့သည်။

စူးချင်းက အိမ်တော်ထိန်းကြီး၏ပြင်ပဒဏ်ရာများကို ကုသပေးခဲ့ပြီး အတွင်းဒဏ်ရာများကို ကုသပေးရန် အရိုးပြုပြင်ဆေးနှင့် အားဖြည့်ဆေးတစ်လုံး တိုက်ကျွေးလိုက်သောကြောင့် အိမ်တော်ထိန်းကြီးက ပြန်သတိရလာခဲ့သည်။

စူးချင်းက အမျိုးသားတစ်ဦးအဖြစ် ၀တ်ဆင်ထားပြီး သူမ၏မျက်နှာကို ဖုံးအုပ်ထားသည်။ ထို့ကြောင့် အိမ်ထိန်းအိုကြီးက သူမကို မမှတ်မိဘဲ စူးစူးစိုက်စိုက် လှမ်းကြည့်နေခဲ့သည်။

"မင်း ဘာလုပ်မလို့လဲ?"

“အိမ်တော်ထိန်းကြီး၊ ကျွန်တော် ခင်ဗျားကို ကယ်ဖို့ ရောက်လာတာ”

“ဒါက ငါတို့စူးမိသားစုကို ‌ချောက်ချဖို့ မင်းတို့ ပြင်ဆင်ထားတဲ့ အစီအစဉ်ပဲ၊ ငါ မသွားဘူး၊ မင်းတို့ ငါ့ကို သတ်ချင်ရင် သတ်လိုက်၊ မင်းတို့ ကြိုက်သလိုလုပ်"

အိမ်ထိန်းအိုကြီးက မပျော်သွားရုံသာမကဘဲ အော်ဟစ်ကျိန်ဆဲပြီး အကျဥ်းထောင်းအတွင်းဘက်‌ထောင့်သို့ တိုးသွားကာ ပုန်းအောင်းနေလေသည်။

ဤသည်မှာ စူးမိသားစုကို ချောက်ချရန် စီရင်စုအမတ်အသစ် ရေးဆွဲထားသည့် အခြားအစီအစဥ်တစ်ခုဟု သူ ထင်နေသောကြောင့် မည်သို့ပင်ဖြစ်စေ စူးချင်းနှင့်အတူ ထွက်ခွာရန် ငြင်းဆန်နေခဲ့သည်။

“အိမ်တော်ထိန်းကြီး၊ ကျွန်မက စူးချင်းပါ။ အဖေက ရှင့်ကို ကယ်တင်ဖို့ လာခိုင်းလို့ ကျွန်မ လာဲ့တာ”

စူးချင်းက အိမ်ထိန်းအိုကြီး၏ သစ္စာစောင့်သိမှုကို သူမ၏မျက်လုံးများဖြင့် မြင်လိုက်ရပြီး သူ့ကို ပို၍ပင် သဘောကျသွားခဲ့သည်။ ထို့ကြောင့် သူမက သူမ၏ အထောက်အထားကို အမြန် ထုတ်ဖော်လိုက်သည်။ သူတို့မိသားစုမှ သခင်မလေး ဖြစ်နေကြောင်း သိသွားချိန်တွင် အိမ်ထိန်းအိုကြီးက မျက်ရည်များဝဲလာတော့သည်။

“သခင်မလေး၊ ဒီကျွန်အိုကြီးက အမှားလုပ်ခဲ့မိပါတယ်။ စူးမိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ကောင်းကောင်း မကာကွယ်ပေးနိုင်ခဲ့ပါဘူး၊ ကျွန်တော် ‌တောင်းပန်ပါတယ်”

"မဟုတ်ဘူး ရှင် အရမ်းကောင်းကောင်း လုပ်ခဲ့တယ်"

စူးချင်းက ငိုနေသည့် အိမ်တော်ထိန်းကြီးကို နှစ်သိမ့်ပေးလိုက်သည်။

"အဖေ့ကို တွေ့ဖို့ ရှင့်ကို ခေါ်သွားပေးမယ်"

စူးချင်းက အိမ်တော်ထိန်းကြီးနှင့် ယန်ကျစ်၏အဖွဲ့မှ သက်တော်စောင့်များကို ကယ်တင်ပေးခဲ့ပြီး နန်းတွင်းနှင့် ဝမ်မိသားစုစစ်တပ်တို့ ရှုပ်ယှက်ခတ်စေရန် အကျဥ်းကျနေသူအားလုံးကို လွှတ်ပေးခဲ့သည်။

ထိုမျှမကသေးဘဲ သူမက စီရင်စုရုံးတော်၏ သိုလှောင်ရုံကိုလည်း ဖွင့်လှစ်လိုက်သေးသည်။ လော့ချန်တွင် ကပ်ဘေးဒုက္ခသည် အများအပြား ရှိနေပြီး သူတို့က လမ်းများပေါ်တွင် အိပ်ကာ တောင်းရမ်းစားသောက်နေကြရသည်။ ယန်ကျစ်က ရိက္ခာခြောက်များကို သဘာဝဘေးဒုက္ခသည်များ စုဝေးနေသည့်နေရာသို့ ပစ်ချလိုက်ပြီး အကျယ်ကြီး အော်ပြောလိုက်သည်။

“သူတော်ကောင်းတွေက အစားအစာတွေ ပေးဝေနေပြီ။ အားလုံး မြန်မြန်လာပြီး ယူကြပါ!”

စားစရာရှိသည်ဟူသော စကားကြောင့် ဆာလောင်ငတ်မွတ်မှုနှင့် အအေးဒဏ်ကို ခံစားနေကြရသော ဒုက္ခသည်များ၏ မျက်လုံးများက ချက်ချင်း တောက်ပလာကြသည်။ နှုတ်သတင်းက အလျင်အမြန် ပျံနှံသွားပြီး မကြာခင်မှာပင် လူရာပေါင်းများစွာက စားနပ်ရိက္ခာအတွက် စုရုံးလာကြတော့သည်။ ထိုသတင်းကို ကြားခဲ့သော မြို့သူမြို့သားများပင် တစ်ခုခု စားနိုင်ရန် ရောက်လာကြသည်။

ဤနေရာ၌ မငြိမ်မသက်ဖြစ်နေပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို မြင်သွားချိန်တွင် မြို့စောင့်တပ်သားများက ကပ်ဘေးဒုက္ခသည်များကို ဆူပူကြိမ်းမောင်းရိုက်နှက်ရန် ရောက်လာကြသည်။ စူးချင်းနှင့် ယန်ကျစ်တို့က ထိုအခြေအနေကို အခွင့်ကောင်းယူပြီး မြို့စောင့်များအားလုံးကို ဖြေရှင်းရန် ဆေးမှုန့်များ ဖြူးချလိုက်တော့သည်။ ထို့နောက် သူတို့က မြို့တံခါးကို စောင့်ကြပ်နေသော တပ်သားတစ်စုကို ဖြိုခွင်းကာ ကပ်ဘေးဒုက္ခသည်များ လွတ်မြောက်စေရန်အတွက် မြိုတံခါးကို ဖွင့်ပေးလိုက်ကြသည်။

ယန်ကျစ်က ရထားလုံးတစ်စီးကို ကြိုပြင်ဆင်ထားခဲ့ပြီး ဒဏ်ရာရနေသော သက်တော်စောင့်များနှင့် အိမ်တော်ထိန်းအိုကြီးကို ရထားလုံးပေါ် တက်စေခဲ့သည်။ မြို့တံခါးမှ ထွက်လာကြပြီးနောက် သူက မော့ချန်နှင့် ဆန့်ကျင်ဘက်အရပ်သို့ ဦးတည် ထွက်ခွာလာခဲ့သည်။

ယင်းက တော်ဝင်ရုံးတော်ကို ထောင်ဖောက်သူ တောင်ဘက်သို့ ပြေးသွားသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေရန် ပြလုပ်ခဲ့ခြင်း ဖြစ်သည်။ လူအုပ်ထဲမှ ထွက်လာပြီးနောက် စူးချင်းတို့အဖွဲ့က တောထဲသို့ ဝင်ကာ မောာ့ချန်သို့ သွားနိုင်မည့် လမ်းငယ်အတိုင်း ပြန်လှည့်လာခဲ့ကြသည်။

လော့ချန်တွင် စူးချင်းက အိမ်တော်ထိန်းနှင့် သက်တော်စောင့်များကို ကယ်တင်‌နေခဲ့ပြီး ကျိ‌ရွှေရှန့်က မော့ချန်တွင် ပထမဆုံးအကြိမ်အဖြစ် ဝမ်မိသားစုစစ်တပ်နှင့် ထိပ်တိုက်ရက်ဆိုင်နေခဲ့သည်။

မော့ချန်တွင် ဝမ်မျိုးနွယ်စစ်တပ်မှ စစ်သည်တစ်ရာကျော် ရောက်ရှိနေခဲ့ပြီး သူတို့က အလွန်ကောင်းမွန်သော လူသတ်လက်နက်ကြီးကို စုံစမ်းရန် ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ မော့ချန်၏ စီရင်စုအမတ်က သူ့၏တံဆိပ်ကို ထားခဲ့ကာ ထွက်ပြေးသွားသည်ကို သူတို့ မသိကြသေးပေ။

မြို့ထဲသို့ ဝင်လာပြီးနောက် ဝမ်မိသားစုစစ်တပ်က စီရင်စုရုံးတော်သို့ တန်းတန်းမတ်မတ် သွားခဲ့သည်။ တိုက်ဆိုင်စွာပင် ရှင်းရူဟိုင်က ရုံးတော်တွင် အလုပ်လုပ်နေခဲ့ပြီး လျင်မြန်သောခြေသံများကို ကြားလိုက်ချိန်တွင် သူက ချက်ခြင်း ကြိုဆိုလိုက်သည်။

“မင်းက မော့ချန်ရဲ့ စီရင်စုအမတ်လား?"

ဝမ်မိသားစုစစ်တပ်မှ ဒုတပ်မှူးက နားလည်မှုလွဲသွားခဲ့သည်။ ရှင်းရူဟိုင်က အတွင်းခန်းထဲမှ ထွက်လာသည်ကို မြင်လိုက်သောကြောင့် သူက ရှင်းရူဟိုင်ကို မော့ချန်၏စီရင်စုအမတ် အဖြစ် အထင်မှားသွားခဲ့သည်။

ရှင်းရူဟိုင်၏အတွေးများက အလျင်အမြန် လည်ပတ်သွားခဲ့သည်။

ဆိုလိုတာက စီရင်စုအမတ် နှုတ်ထွက်ပြီး ထွက်ပြေးသွားတာကို နန်းတွင်းနဲ့ ဝမ်မိသားစုစစ်တပ်က မသိသေးဘူးပေါ့။

ရှင်းရူဟိုင်၏အတွေးများက ပြေးလွှားနေသော်လည်း သူ့မျက်နှာက တည်ငြိမ်ပြီးရင်း တည်ငြိမ်လာခဲ့သည်။ ခဏအကြာတွင် သူက သဘာဝကျသောအမူအရာဖြင့် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်တော့သည်။

"ဟုတ်ပါတယ်၊ ငါက မော့ချန်ရဲ့စီရင်စုအမတ်ပါ။ ခင်ဗျားတို့က...."

“ငါတို့က လူသတ်လက်နတ်ကြီးကို စုံစမ်းဖို့ စစ်သူကြီးဝမ်ရဲ့အမိန့်အရ လာခဲ့တာ။ စီရင်စုအမတ်မင်း၊ ခင်ဗျား သိသမျှကို ပြောပြပြီး အခြေအနေတွေကို အသေးစိတ်ရှင်းပြပေးပါ"

ရှင်းရူဟိုင်က မော့ချန်၏ စီရင်စုအမတ် ဖြစ်သည်ကို အတည်ပြုပြီးနောက် ‌ခေါင်းဆောင်လာသည့် ဒုတပ်မှူးက မောက်မောက်မာမာဖြင့် စစ်သူကြီးဝမ်၏ အမည်ကို ထုတ်ပြောကာ လူသတ်လက်နက်ကြီးကို စုံစမ်းရန် ဤနေရာသို့ ရောက်လာခဲ့ကြောင်း ပြောပြလာခဲ့သည်။

ရှင်းရူဟိုင်ကလည်း လူသတ်လက်နက်ကြီးအကြောင်း သိထားခဲ့ပြီး စူးချင်းနှင့် အခြားသူများက သူလျှိုကို ဖမ်းမိသွားသောကြောင့် ဝန်ကြီးချုပ်ဝမ်ထံသို့ သတင်းမှားများ ပေးပို့ရန် ထိုသူလျှိုကို အသုံးပြုခဲ့ကြောင်းလည်း သူ သိထားပြီး ဖြစ်သည်။

အခုတော့ ရှင်းသွားပြီ၊ ဝန်ကြီးချုပ်ဝမ်က သူလွှတ်ထားတဲ့ သူလျှိုကိုတောင် မယုံဘူးပဲ။ မဟုတ်ရင် သူက စုံစမ်းဖို့ စစ်တပ်ကို ထပ်လွှတ်မှာ မဟုတ်ဘူး။

All Chapters