ပြဇာတ်ကောင်းလေးတစ်ခု ကပြလိုက်ကြတာပေါ့
Vol. 22 Ch. 327
ရှင်းရူဟိုင်က မုန်တိုင်းများစွာကို ကြုံဖူးသူဖြစ်ပြီး သူ့မျက်နှာတွင် မည့်သည့်ခံစားချက်ကိုမှ မပြသခဲ့ပေ။ သူက ရုံးတော်၏အနောက်ဘက်တွင် နေထိုင်သည့် စူးဟန်ရွှမ်နှင့် လွမ်ချင်းရှန်တို့ကို ကာကွယ်ပေးရန် ရုံးတော်ထဲမှ အရင်ထွက်ခွာသွားဖို့ ဦးစွာ စည်းရုံးလိုက်သည်။
“ဒီကိစ္စကို ပြောရရင် ဇာတ်လမ်းက အရှည်ကြီးပဲ။ ခင်ဗျားတို့ စစ်သည်တွေ အားလုံးလည်း ခရီးအရှည်ထွက်ခဲ့ရတော့ ပင်ပန်းနေလောက်ပြီ။ ခင်ဗျားတို့အားလုံး တည်းခိုစခန်းမှာ နားဖို့ ကျုပ် စီစဉ်ပေးပြီး ဧည့်ခံပွဲ လုပ်ပေးမယ်"
"မလိုဘူး၊ ငါ့ကို အခုပြော"
သို့သော် ထိုဒုတပ်မှူးက လှည့်စားရန် မလွယ်ကူသူသာ ဖြစ်နေခဲ့သည်။ သူက ပင်မထိုင်ခုံတွင် တိုက်ရိုက် ဝင်ထိုင်လိုက်ပြီး ရှင်းရူဟိုင်ကို ငုံ့ကြည့်နေခဲ့သည်။
“ဟူး၊ အဲဒါကို ပြောရရင် တော်တော်စိတ်ပျက်စရာကောင်းတယ်။ လူသတ်လက်နက်ကို ဖန်တီးတဲ့သူ နှစ်ယောက်က လမ်းကြုံဝင်လာတဲ့ ခရီးသွားတွေပါ။ သူတို့က မော့ချန်ကို ရောက်လာပြီး တာ့ထန်စစ်သည်တွေကို ချေမှုန်းဖို့ ကူညီပေးခဲ့တယ်၊ ပြီးတော့ နှုတ်မဆက်ဘဲ ပြန်ထွက်ခွာသွားကြတယ်။ သူတို့ကို ကာကွယ်ဖို့ လူငါးယောက်တောင် စေလွှတ်ပေးထားခဲ့ပေမယ့် သူတို့ကို စောင့်ကြည့်ဖို့ ပျက်ကွက်ခဲ့ကြတယ်။ အခု သူတို့ ဘယ်ရောက်နေလဲ မသိသေးဘူး”
ရှင်းရူဟိုင်က သက်ပြင်းချလိုက်ပြီး သူကိုယ်တိုင်လည်း စိတ်အနှောက်အယှက် ဖြစ်နေသယောင် ဟန်ဆောင်လိုက်သည်။ ဤစကားများက ဝန်ကြီးဝမ်ထံ သူ့၏သူလျှို ပေးပို့ခဲ့သော လျှို့ဝှက်အစီရင်ခံစာနှင့် အတူတူပင် ဖြစ်သောကြောင့် သူ ဖော်ထုတ်ခံရမည်ကို စိတ်ပူစရာ မလိုပေ။
"သူတို့ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတယ်လို့ ဆိုလိုတာလား? အတိအကျ ပြောစမ်း"
ထိုဒုတပ်မှူးက ရှင်းရူဟိုင်ကို မယုံသေးဘဲ သူ့ကို အသေးစိတ် ရှင်းပြခိုင်းနေခဲ့သည်။
“ဒါက ဒီလိုပါ။ ဒီနိမ့်ကျတဲ့အရာရှိက သူတို့နှစ်ယောက်ကို ဧည့်သည်တော်တွေအဖြစ် သဘောထားပြီး နေ့တိုင်း ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်။ ဒါပေမယ့် တစ်ရက်မှာ တော်ဝင်ရုံးတော်ကနေ တစ်စုံတစ်ဦးကို စေလွှတ်လိုက်တာကြောင့် ဒီနိမ့်ကျတဲ့အရာရှိက သူတို့ကို ဧည့်ခံဖို့ အလုပ်များနေခဲ့မိတယ်။ နန်းတွင်းက ရောက်လာတဲ့လူတွေကို ပြန်လိုက်ပို့ပေးပြီးတဲ့နောက်မှာ အဲ့လူနှစ်ယောက်က သဲလွန်စတောင် မကျန်ဘဲ ပျောက်ကွယ်သွားတာကို သိလိုက်ရသည်။ သူတို့ကို ကာကွယ်ပေးနေတဲ့ အစောင့်ငါးဦးလည်း အသတ်ခံခဲ့ရတယ်။ အဲ့ဒါကြောင့် သူတို့ပျောက်ကွယ်သွားတယ်လို့ ဒီ နိမ့်ကျတဲ့အရာရှိက ပြောခဲ့တာပါ”
ရှင်းရူဟိုင်က ဝမ်မျိုးနွယ်နှင့် လက်ရှိဧကရာဇ်တို့ကြားမှ ပဋိပက္ခများကို ကောင်းစွာ သိရှိထားသောကြောင့် ထိုလူသတ်နှစ်ဦးကို ဧကရာဇ်၏လူများက ခေါ်ဆောင်သွားကြောင်း ရည်ရွယ်ချက်ရှိရှိဖြင့် အရိပ်အမြွက်ပြ ပြောဆိုနေခဲ့သည်။
တော်ဝင်ရုံးတော်မှ တစ်စုံတစ်ဦးကို စေလွှတ်လိုက်ကြောင်း ကြားလိုက်ရချိန်တွင် ထိုဒုတပ်မှူး၏အမူအရာမှာ တင်းမာလာခဲ့သည်။
စစ်သူကြီးဝမ်က အတိအကျ မှန်းဆနိုင်ခဲ့တယ်။ လူသတ်သေနတ်ကြီးတွေကို ဖန်တီးတဲ့သူက နန်းတွင်းက လူရဲ့လက်ထဲကို ကျရောက်သွားခဲ့ရင် စစ်သူကြီးဝမ်အတွက် အရမ်းစိတ်ပျက်စရာ ဖြစ်သွားလိမ့်မယ်။
“ဒီနိမ့်ကျတဲ့အရာရှိက ဒုတပ်မှူးကြီး ဆေးကြောသန့်စင်နိုင်ဖို့ တည်းခိုစခန်းကို ခေါ်သွားပေးပါ့မယ်။ ဒီအရာရှိက အရက်ကောင်းကောင်းနဲ့ ဟင်းလျာတွေ ပြင်ဆင်ထားပေးပါ့မယ်၊ ပေါ့ပေါ့ပါးပါး သောက်ရင်းစားရင်း ဖြည်းဖြည်းချင်း စကားပြောလို့ ရပါတယ်”
ရှင်းရူဟိုင်က တည်းခိုစခန်းသို့ သွားရန် ဒုတပ်မှူးကို ထပ်မံ အဆိုပြုလိုက်သည်။ အခြေအနေကို လေ့လာကြည့်ခြင်းအားဖြင့် ထိုဒုတပ်မှူးက သူ့စကားများအပေါ် အနည်းငယ် ယုံကြည်နေပြီး လက်ရှိဧကရာဇ်အပေါ် သံသယများ ရှိနေသည်ကို သူ တွေ့မြင်နိုင်သည်။
သူတို့ကိုယ်သူတို့ ကောင်းကောင်းချုပ်တည်းနိုင်သရွေ့တော့ တာ့ရှားပြည်ထောင်က လူတွေကို နောက်ထပ် နှစ်နှစ်လောက် ကောင်းကောင်းနေထိုင်ခွင့်ပေးနိုင်ပါလိမ့်မယ်။
“ကောင်းပြီလေ”
ဒုတပ်မှူးက သဘောတူကြောင်း ခေါင်းညိတ်ပြလာခဲ့သည်။
သူလည်း လမ်းတစ်လျှောက်လုံး မြင်းကို အပြေးနှင်ခဲ့ပြီး သူ့တစ်ကိုယ်လုံး ဖုန်တွေနဲ့ ဖုံးလွှမ်းနေတာကြောင့် အဆင်မပြေသလို ခံစားနေရတယ်။
ရှင်းရူဟိုင်က သူရှေ့မှ လမ်းပြနေပြီး ဂရုတစိုက်ဖြင့် ဦးဆောင်နေခဲ့သည်။
"ဒုတပ်မှူးကြီး၊ ဒီဘက်...လမ်းပါ... ကျေးဇူးပြုပြီး...."
ကျိရွှေရှန့်က သူ့တပ်များကို စုရုံးထားခဲ့သော်လည်း စူးဟန်ရွှမ်နှင့် လွမ်ချင်းရှန်တို့ ရုံးတော်ထဲတွင် ရှိနေသေးသောကြောင့် အလျင်စလို မဝင်ရဲသေးပေ။ ရှင်းရူဟိုင်က ထိုလူများအား နားနေတည်းခိုစခန်းဆီသို့ ခေါ်ဆောင်သွားသည်ကို မြင်လိုက်ချိန်တွင် ကျိရွှေရှန့်က သူ့ဘက်မှ ဆုံးရှုံးမှုများကို လျှော့ချနိုင်ပြီး ဝမ်မိသားစုစစ်တပ်မှ လူများကို တိတ်တဆိတ် အစဖျောက်နိုင်မည့် အကြံကောင်းတစ်ခုကို တွေးမိသွားခဲ့သည်။
ရှင်းရူဟိုင်က ဒုတပ်မှူးနှင့် သူ့လူများကို တည်းခိုစခန်းဆီသို့ စိတ်အားထက်သန်စွာ ခေါ်ဆောင်သွားခဲ့သည်။ တည်းခိုစခန်း၏တာဝန်ခံဟောင်းက ထွက်ပြေးသွားခဲ့ပြီး လက်ရှိတွင် ဤနေရာကို စောင့်ရှောက်ပေးမည့်သူ မရှိသေးပေ။
"ခင်ဗျားကို အလုပ်အကျွေး ပြုပေးမယ့်လူကို ကျုပ် သွားရှာပေးပါ့မယ်... ဒုတပ်မှူးကြီး"
ရှင်းရူဟိုင်က သူတို့ကို နားနေတည်းခိုဆောင်ထဲကို ခေါ်သွားခဲ့ပြီးမှ အပြုံးဖြင့် ထပ်ပြောလိုက်သည်။
"မြန်မြန်လုပ်"
ဖုန်ထူနေသည့် နားနေတည်းခိုဆောင်ကို ကြည့်နေသည့် ဒုတပ်မှူး၏မျက်နှာက မည်းမှောင်သွားခဲ့သည်။
မော့ချန်က ဒီလောက်တောင် ဆင်းရဲတယ်လား? တည်ခိုးစခန်းမှာတောင် တာဝန်ခံ မရှိဘူးတဲ့။
ရှင်းရူဟိုင်က နာခံမှုရှိရှိ ပြန်ထွက်သွားခဲ့သည်။ ခဏအကြာတွင် သူက ရဲမက်သုံးယောက်ကို ခေါ်ဆောင်လာခဲ့ပြီး မောက်မောက်မာမာ အမိန့်ပေးလိုက်သည်။
"မင်းရဲ့လက်ခြေတွေက သွက်သွက်လက်လက် လှုပ်ရှားကြစမ်း"
ဒုတပ်မှူးက ထိုရဲမက်သုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီး သူတို့ထဲမှ ရဲမက်တစ်ယောက်က သန်မာပြီး အရပ်ရှည်ကြောင်း သူ တွေ့လိုက်ရသည်။ ကျန်သည့်နှစ်ယောက်ကတော့ အလွန်ကြောက်နေပုံရပြီး သူတို့ကိုပင် မကြည့်ရဲကြပေ။
ဒုတပ်မှူးက သူ့လက်အောက်ငယ်သားများကို ခေါင်းညိတ်ပြလိုက်ပြီး သူတို့ သုံးယောက်အလုပ်လုပ်နေသည်ကို စောင့်ကြည့်ရန် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်သည်။ ရှင်းရူဟိုင်က ဒုတပ်မှူးနှင့်အတူ လိုက်ပါသွားခဲ့ပြီး သူက အလွန်စိတ်အားထက်သန်စွာ ဧည့်ခံပေးနေခဲ့သည်။
"ဒုတပ်မှူးကြီး၊ လက်ဖက်ရည်သောက်ပါဦး"
အရပ်ရှည်ရှည်ဖြင့် ကြွက်သားများ တောင့်တင်းနေသော အမျိုးသားက လက်ဖက်ရည်ဗန်းကြီးကို ကိုင်ဆောင်ကာ ခန်းမထဲသို့ ဝင်လာပြီး လက်ဖက်ရည်အိုးကို စားပွဲပေါ်သို့ တလေးတစား လှမ်းတင်လိုက်သည်။
"လက်ဖက်ရည် သောက်ပါဦး"
လိမ္မာပါးနပ်သော ဒုတပ်မှူးက အလွန်သတိရှိနေပြီး လက်ဖက်ရည် မသောက်ရသေးခင်မှာပင် လက်ဖက်ရည်ထဲတွင် အဆိပ် ရှိ မရှိ စစ်ဆေးရန် လာပို့သည့်ရဲမက်ကို အရင်သောက်ခိုင်းလိုက်သည်။
ထိုရဲမက်ကလည်း လုံးဝ တုံ့ဆိုင်းမနေဘဲ လက်ဖက်ရည်တစ်ခွက် ငဲ့လိုက်ပြီး ဒုတပ်မှူးရှေ့မှာပင် သောက်ပြလိုက်သည်။ သူက ခွက်အလွတ်ကိုပင် သေသေချာချာ ပြသလိုက်သေးသည်။
"မင်း ထွက်သွားလို့ရပြီ"
ရှင်းရူဟိုင်က ကြီးကျယ်ခမ်းနားသော မျက်နှာအမူအရာဖြင့် ထိုရဲမက်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် သူက ချော့မော့ချင်နေသည့်အပြုံးဖြင့် ဒုတပ်မှူးအတွက် လက်ဖက်ရည် လောင်းထည့်ပေးလိုက်သည်။
“ဒုတပ်မှူးကြီးလည်း ခရီးပန်းနေလောက်ပြီပေါ့။ တပ်မှူးကြီးရဲ့ခန္ဓာကိုယ်ကို နွေးထွေးစေဖို့ လက်ဖက်ရည်လေး နည်းနည်းလောက် အရင် သောက်ထားနှင့်ပါဦး။ ကျုပ် သိုးသူငယ်တစ်ကောင်ကို ကောင်လုံးကင်ဖို့ ညွှန်ကြားထားခဲ့တယ်၊ ခနနေမှ အတူတူ သောက်ကြတာပေါ့”
ထိုဒုတပ်မှူးက လက်ဖက်ရည်ကို မသောက်သေးဘဲ ရှင်းရူဟိုင်ကို စိုက်ကြည့်နေခဲ့သည်။ ရှင်းရူဟိုင်က နောက်ထပ် လက်ဖက်ရည်တစ်ခွက် ထပ်ငဲ့လိုက်ပြီး ထိုလက်ဖက်ရည်ကို ဖြည်းညှင်းစွာ မြည်းစမ်းပြီးမှ ကျေကျေနပ်နပ် ပြုံးလိုက်သည်။ သူ လက်ဖက်ရည် သောက်ပြီး အဆင်ပြေနေသည်ကို မြင်လိုက်ရသောကြောင့် ဒုတပ်မှူးက သူ့လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ဖြည်းဖြည်းချင်း သောက်နေခဲ့သည်။
အိမ်အပြင်ဘက်တွင်လည်း အရပ်ရှည်သော ရဲမက်က လက်ဖက်ရည်အိုးကြီးတစ်လုံးနှင့် လက်ဖက်ရည်ခွက်များကို ကိုင်ဆောင်ထားရင်း စစ်သည်များအတွက် လက်ဖက်ရည်များ ပြင်ဆင်ပေးနေခဲ့သည်။ ထိုစစ်သည်များကလည်း သူတို့၏ခေါင်းဆောင်ကဲ့သို့ သတိရှိကြပြီး သူတို့က ရဲမက်ထံမှ လက်ဖက်ရည်ကို သောက်ရန် ငြင်းဆန်ကာ သူတို့ဘာသာ ရေသောက်ရန် ထွက်သွားကြသည်။
အရပ်ရှည်သော ရဲမက်က ပြုံးရုံသာ ပြုံးနေခဲ့ပြီး သူ့ကို မယုံသောကြောင့် ရှက်နေပုံပင် မရပေ။
ချန်ယွိက အရပ်ဝတ် အဝတ်အစားများကို ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားပြီး ရှောင်းမိသားစုစစ်တပ်ကို ဦးဆောင်ကာ တည်းခိုစခန်း၏အပြင်ဘက်တွင် စောင့်နေခဲ့သည်။ သူတို့က ဝမ်မိသားစုစစ်တပ်ကို ဝင်မတိုက်မီ သူတို့၏သခင်လေးထံမှ အချက်ပြမှုကို စောင့်မျှော်လျက် ခြုံခိုနေခဲ့ကြသည်။
တည်းခိုစခန်းတွင် ရေတွင်းတစ်ခုရှိပြီး ရေက ရေချိုဖြစ်သော်လည်း ဖုန်မှုန့်များ ရှိနေခဲ့သည်။ စစ်သည်များက ရေကို ပုံးတစ်ပုံးဖြင့် ဆွဲတင်လိုက်ပြီး ဖုန်မှုန့်များကို ဖယ်ရှားရန် ခပ်ကြမ်းကြမ်း လှုပ်ခါလိုက်ကြသည်။
ထို့နောက် သူတို့က ရေကို တိုက်ရိုက်သောက်လိုက်ကြသည်။ သူတို့က တစ်နှစ်ပတ်လုံး လေဟာပြင်တွင် နေရပြီး အမိုးအကာမရှိသည့်နေရာများတွင် အိပ်စက်ကြသောကြောင့် ရေနွေးသောက်သည့်အလေ့အထ မရှိတော့ပေ။
အရပ်ရှည်သော ရဲမက်ကတော့ သူတို့အနားတွင် တစ်ချိန်လုံး ရှိနေခဲ့သည်။ ထိုရေတွင်းနားတွင် ရေသောက်နေသူတစ်ချို့နှင့် ရေသောက်ရန် တန်းစီစောင့်ဆိုင်းနေသူများလည်း ရှိနေခဲ့သည်။
ရေသောက်ပြီးသွားသည့် စစ်သည်က မတ်တပ်ထရပ်လိုက်ပြီး မြေပြင်ပေါ်သို့ ချက်ချင်း ပြန်လဲကျသွားခဲ့သည်။ သူ့နောက်မှ စစ်သည်များက ချက်ချင်း သတိဝင်လာကြပြီး သူတို့၏ ဓားများကို မြှောက်ကာ သူတို့နားမှ ရဲမက်ကို ချိန်ရွယ်ထားလိုက်ကြသည်။
"ရေထဲမှာ ဘာရှိတာလဲ?"
“ဒါတွေ ရှိတယ်”
ကျိရွှေရှန့်က လေ၏ဦးတည်ရာကို စစ်ဆေးပြီး လေတင်ဘက်တွင် ရပ်နေခဲ့ခြင်း ဖြစ်သည်။ စစ်သည်များက သူ့ကို မေးခွန်းထုတ်လိုက်သည်နှင့် သူက အပြုံးဖြင့် ပြန်ဖြေကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ တိုက်ခတ်နေသည့်လေက ဆေးမှုန့်တစ်ထုပ်လုံးကို သဘ်ဆောင်သွားခဲ့ပြီး အရှေ့ဆုံးတန်းမှ စစ်သည်များအားလုံး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
သူ့နောက်မှ လူများက အသက်အောင့်ထားကြပြီး ကျိရွှေရှန့်ကို ခုတ်ရန် သူတို့၏ဓားများကို မြှောက်လိုက်ကြသည်။
“ရွှီ…”
ကျိရွှေရှန့်က သူ့လက်ညိုးနှင့် လက်မကို အဝိုင်းပုံသဏ္ဍန် ပြုလုပ်ကာ သူ့ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ဝီစီသံရှည်ကြီးပေါ်လာအောင် မှုတ်လိုက်သည်။ ထိုအသံက သူနှင့် ချန်ယွိတို့ သဘောတူထားသည့် လျှို့ဝှက်အချက်ပေးသံဖြစ်သည်။ သူ့သခင်လေးထံမှ လျှို့ဝှက်အချက်ပေးသံကို ကြားလိုက်သည်နှင့်တပြိုင်နက် ချန်ယွိက သူ့၏တပ်များကို တည်းခိုစခန်းထဲသို့ ချက်ချင်း ဝင်ခိုင်းလိုက်သည်။
ချန်ယွိနှင့် သူ့၏လက်အောက်ငယ်သားများက တံခါးတွင် စောင့်ကြပ်နေသည့် ဝမ်မိသားစုစစ်တပ်မှ ကင်းသမားများကို ဒူးလေးများဖြင့် ပစ်သတ်ခဲ့ကြသည်။ ကျိရွှေရှန့်က သူ့၏ညီမနှင့် ကျန်းယွိရန်ထံမှ ထိုဒူးလေးများကို ယူလာခဲ့ခြင်းဖြစ်ပြီး စူးချင်း၏ထုတ်ကုန်များက အံ့မခန်းများသာ ဖြစ်သည်။
အပေါက်ဝကို စောင့်နေသည့် ကင်းသမားလေးယောက် သေဆုံးသွားပြီးနောက် ချန်ယွိက ရှောင်းမိသားစုစစ်တပ်ကို တည်းခိုစခန်းဆီသို့ ဦးဆောင်လာခဲ့သည်။ သူတို့က ကျန်နေသည့် ဝမ်မိသားစု၏စစ်သည်များကို တိုက်ခိုက်လိုက်ကြပြီး ဒူးလေးများက အနီးကပ်တိုက်ပွဲအတွက် လက်နက်ကောင်းများ ဖြစ်နေခဲ့သည်။
ခန်းမထဲတွင် ရှင်းရူဟိုင်က သတိလစ်နေသော ဒုတပ်မှူးကို ပြုံးပြုံးကြီး ကြည့်နေခဲ့သည်။ လက်ဖက်ရည်ထဲတွင် ဆေးမှုန့်များ ရှိနေခဲ့သော်လည်း သူနှင့် ကျိရွှေရှန့်တို့က ဖြေဆေးကို အရင် သောက်ထားပြီးသားဖြစ်နေခဲ့သည်။ သူတို့က ထိုဒုတပ်မှူး ဆေးမှုန့်ရောထားသည့် လက်ဖက်ရည်ကို သောက်မိစေရန် လှည့်စားခဲ့ကြသည်။
လက်ရှိတွင် ရှောင်းမိသားစု၏စစ်တပ်က တည်းခိုစခန်း၏တံခါးများကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားပြီး တည်းခိုဆောင်တစ်ခုလုံးကို ဝိုင်းရံထားခဲ့သည်။ ကျိရွှေရှန့်နှင့် ချန်ယွိတို့က ဝမ်မိသားစု၏စစ်သည်အကြွင်းအကျန်များကို သတ်ရန် သူတို့၏စစ်တပ်ကို ဦးဆောင်နေပြီး ၎င်းတို့ထဲမှ တစ်ဦးမှမကျန်အောင် သတ်ဖြတ်ပစ်ခဲ့ကြသည်။
တည်းခိုစခန်းတွင် အလောင်းများက နေရာအနှံ့ ပြန့်ကျဲနေပြီး သွေးများက မြစ်ကဲ့သို့ စီးကျနေသည်။ မော့ချန်မှ မြို့သူမြို့သားများ အထိတ်တလန့် မဖြစ်စေရန် သူတို့က တိုက်ပွဲကို အလျင်အမြန် လတ်စသတ်နိုင်အောင် ကြိုးစားခဲ့ကြသည်။
ချိုးယုံခန်းက တည်းခိုစခန်း၏အပြင်ဘက်တွင် ရပ်နေပြီး တိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။ သူ့အမူအရာက အေးဆေးတည်ငြိမ်နေပြီး ထူးထူးခြားခြား ပြပွဲတစ်ခုကို ကြည့်နေသလိုသာ ဖြစ်နေခဲ့သည်။
ဝမ်မိသားစုစစ်တပ်မှ စစ်သည်အားလုံးကို သတ်ပြီးနောက် ကျိရွှေရှန့်က ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များအား တည်းခိုစခန်း၏နောက်ဘက်ရှိ မြင်းဇောင်းတွင် တွင်းနက်တစ်ခု တူးစေပြီး ဝမ်မိသားစုစစ်တပ်မှ စစ်သည်များ၏အလောင်းများကို ထိုတွင်းထဲသို့ ပစ်ချရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူက စူးချင်းပေးထားခဲ့သည် အလောင်းပျော်မှုန့်ကို ဖြန်းချလိုက်ရာ မကြာခင်မှာပင် အရာအားလုံးက သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။
ကျိရွှေရှန့်က သူ့လူများကို ဦးဆောင်ကာ တည်းခိုစခန်းကို ထပ်ရှာဖွေခဲ့ပြီး ဝမ်မျိုးနွယ်မှ စစ်သည်များ ထွက်ပြေးလွတ်မြောက်သွားခြင်း မရှိကြောင်း အတည်ပြုခဲ့သည်။
ရှင်းရူဟိုင်က ကျိရွှေရှန့်အား ခရီးသွားလက်မှတ်များနှင့် ဝမ်မိသားစုစစ်တပ်၏အထောက်အထားစာရွက်စာတမ်းများ ပေးအပ်လိုက်ပြီး ကျိရွှေရှန့်က ထိုအရာများကို ကိုင်ထားရင်း ပြုံးနေခဲ့သည်။
တည်းခိုစခန်း၏ဝင်ပေါက်တွင် ဝမ်မိသားစုစစ်တပ်အလံက လေထဲတွင် တဖျပ်ဖျပ် လွင့်နေဆဲဖြစ်ကာ ရင်သပ်ရှုမောဖွယ်ကောင်းနေသေးသည်။
ကျိရွှေရှန့်က ထိုစစ်တပ်အလံကို မဖြုတ်ချခိုင်းခဲ့ပေ။ မော့ချန်တွင် ဝမ်မိသားစုစစ်တပ်၏ သူလျှိုများ ရှိ မရှိကို မသိရသေးပေ။ သူက သူတို့ ကြည့်ရန် ဇာတ်ပွဲကောင်းတစ်ခုကို ပြသပေးမည်ဟု ဆုံးဖြတ်ထားခဲ့သည်။