← Chapters

ပြန်လည်ဆုံဆည်းခြင်း

Vol. 22 Ch. 329

ပြန်လည်ဆုံဆည်းခြင်း

Vol. 22 Ch. 329

“ဆရာ၊ ကျွန်တော် ရောက်ပြီ”

ကျုံးယုံက ဝင်လာသည်နှင့်တပြိင်နက် အသံနက်ကြီးဖြင့် အော်ပြောလိုက်သည်။ စူးချင်းက သူ့ကို ကြည့်ပြီး ပြုံးနေခဲ့သည်။

သူမ ကျုံးယုံကို နောက်မှ ပြန်လာဖို့ ပြောလိုက်တာလေ။ ဒါပေမယ့် ကျုံးယုံက သူ့အိမ်ကို ပြန်ပြီး အမေအိုကြီးကို တွေ့ပြီးတာနဲ့ အပြေးအလွှား ပြန်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ဘူး။

ဒီနာခံတက်တဲ့ တပည့်လေးက သူမ စိတ်မလှုပ်ရှားပဲ ထိန်းနိုင်ဖို့ ခက်ခဲစေတယ်။

အဓိက ပြဿနာမှာ ကျုံးယုံ ခဏတာအတွင်း ပြန်ရောက်လာမည်ဟု သူမ မမျှော်လင့်ထားမိခြင်းပင်။ သူ ညစာစားပြီးမှသာ ရောက်လာမည်ဟု သူမ ထင်ခဲ့မိသောကြောင့် ရှောင်ချီကို ဆေးမလုပ်ခိုင်းရသေးပေ။ ထို့ကြောင့် စူးချင်းက ကျုံးယုံအတွက် အလုပ်တစ်ခု စီစဉ်ပေးလိုက်သည်။

“သိုးခြံကို သွားပြီး သတ်ဖို့ အဆင်ပြေနိုင်မယ့် သိုးဝဝတစ်ကောင် ရွေးလာခဲ့”

လက်ရှိတွင် သူမ၏ အဒေါ်နှင့် ဦးလေးတို့က ပင်မအိမ်တွင် နေထိုင်ကြပြီး သူမ၏မိဘများက ဧည့်သည်ဆောင်တွင် နေထိုင်ကြသည်။ လွမ်ချင်းရှန်က အားနာနေပြီး စူးဟန်ရွှမ်နှင့် ယန်ရူရွှယ်တို့ကို အဓိကအိမ်တွင် နေစေလိုသော်လည်း စူးဟန်ရွှမ်က ကျင့်ဝတ်နှင့်ပတ်သက်၍ အထူး အလေးထားသူ ဖြစ်သည်။ လွမ်ချင်းရှန်က သူ့ဇနီး၏ခဲအို ဖြစ်ပြီး တရားဝင်ရာထူးတစ်ခုလည်း ရှိခဲ့သည်ကို သူ ထည့်တွေးခဲ့ပြီး မည်သို့ပင်ဖြစ်စေ သူက ပင်မအိမ်တွင် နေရန် သဘောမတူခဲ့ပေ။

ထို့ကြောင့် အဓိကအိမ်က သူမအဒေါ်၏နေရာ ဖြစ်နေပြီး စူးချင်းအနေဖြင့် တခြားသူများအားလုံးကို ထိုနေရာသို့ ပေါ့ပေါ့ပါးပါး ခေါ်မသွားနိုင်ပေ။ ထို့အတွက် သူမက ဧည့်သည်များအတွက် အိမ်သို့သာ သွားခဲ့ရသည်။

ထိုအိမ်ကလည်း ကျယ်ဝန်ပြီး အဝင်ဝတွင် ဧည့်ခန်းကျယ်ကြီးရှိကာ ဘေးနှစ်ဘက်ဖြစ်သည့် ဘယ်ဘက်နှင့် ညာဘက်တွင် အိပ်ခန်းများရှိသည်။

စူးချင်းက အခန်းထဲသို့ ဝင်သွားလိုက်ပြီး တံခါးကို ပိတ်ပြီးသည်နှင့် ကျုံးယုံအတွက် ဆေးပြုလုပ်ပေးရန် ရှောင်ချီကို ‌တောင်းဆိုလိုက်သည်။

ကျုံးယုံက ခါးသောဆေးကို မသောက်နိုင်မှန်း သိ၍ စူးချင်းက ရှောင်ချီအား ဆေးလုံးငယ်လေးများအဖြစ် ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုဆေးလုံးလေးများကို ရေနှင့်သောက်လိုက်ပါက ခါးတော့မည် မဟုတ်ပေ။

ကျုံးယုံက သူ၏ဦးခေါင်းကို ထိခိုက်ထားခဲ့သောကြောင့် ဦးနှောက်ကြည်ဆေးနှင့် မှတ်ဥာဏ်ဖွံ့ဖြိုးဆေးကို သောက်ရပေလိမ့်မည်။

သခင်ဖြစ်သူ၏အမိန့်ကို လက်ခံရရှိလိုက်သည်နှင့် ရှောင်ချီက သူမ၏ခန္ဓာကိုယ်လုံးလုံးလေးကို ချက်ချင်း လှုပ်ရှားလိုက်ပြီး စနစ်ထဲသို့ ပြေးဝင်သွားတော့သည်။

လက်ဖက်ရည်ခွက် တစ်ဝက်ခန့် ကုန်ခါနီးတွင် ရှောင်ချီက ဆေးနှစ်ထုတ်နှင့်အတူ ပြန်ထွက်လာခဲ့သည်။

“သခင်၊ ပြီးပြီ”

စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး ဆေးလုံးနှစ်ထုပ်ကို ယူကာ ဧည့်ခန်းမဆောင်ထဲမှ ပြန်ထွက်လာခဲ့သည်။

ကျုံးယုံက အိမ်နောက်ဖေးတွင် ရှိနေပြီး ဆူဖြိုးသောသိုးတစ်ကောင်ကို သတ်ကာ အရေခွံခွာနေခဲ့သည်။

တိရိစ္ဆာန်များကို အခွံခွာခြင်းက ကျုံးယုံ၏ အကျွမ်းကျင်းဆုံး အလုပ်ဖြစ်ပြီး သူ၏နည်းစနစ်က အထူးသပ်ရပ်သလို သွက်လက်မြန်ဆန်လွန်းလှသည်။ ကျန်းယွိရန်က ကျုံးယုံဘေးတွင် ရှိနေကာ သူ့ကို ရှက်ရွံ့စွာကြည့်နေရင်း လေးစားမှုအပြည့်ဖြင့် ကူညီပေးနေခဲ့သည်။

ကျန်းယွိရန်က ကျုံးယုံကို ကြည့်နေသည့်ပုံစံကို စူးချင်းလည်း လှမ်းမြင်လိုက်ရသည်။ စူးချင်းက ယောက်ျားနှင့်မိန်းမကြားမှ ဆက်ဆံရေးအကြောင်းကို သေသချောချာ မသိသော်လည်း ကျန်းယွိရန်က ကျုံးယုံကို ကွဲပြားစွာဆက်ဆံနေကြောင်း သူမ သိနိုင်သေးသည်။

"ကျုံးယုံ၊ ဒီဆေးနှစ်ထုပ်ကို ယူသွား။ မနက်ခင်း ဘာမှ မစားရသေးခင် အနီရောင်အထုပ်ထဲက ဆေးသုံးလုံးကို အရင်သောက်ရမယ်။ မနက်စာ စားပြီးရင် အဖြူရောင်အထုပ်ထဲက ဆေးသုံးလုံးကို သောက်ရမယ်၊ တစ်ခါသောက်ရင် သုံးလုံး၊ တစ်နေ့နှစ်ကြိမ်သောက်ရမယ်၊ မှတ်မိလား?"

စူးချင်းက ဆေးနှစ်ထုပ်ကို ကျုံးယုံထံသို့ လှမ်ပေးလိုက်သည်။

ဒီဆေးတွေကို အကုန်သောက်ပြီးတာနဲ့ ကျုံးယုံက အခုလောက် ချစ်စရာကောင်းမှာ မဟုတ်ဘူး။

တကယ်တော့ သူ အခု ဒီလိုမျိုး ဖြစ်နေတာကလည်း တစ်မျိုးတော့ ကောင်းနေသေးတယ်။ သူ နေ့တိုင်းနေ့တိုင်း ဘာကိုမှ ဂရုမစိုက်ဘဲ အပူအပင်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်တယ်။

တကယ်လို့ သူ့ စိတ်တွေ ပြန်ရှင်းလင်းသွားပြီး အရာရာကို ကောင်းကောင်းနားလည်သွားခဲ့ရင် ဒုက္ခတွေ နားလည်ခံစားနိုင်လာလိမ့်မယ်၊ သူ့ဆန္ဒတွေ မပြည့်ဝတဲ့အခါ သူ နာကျင်ခံစားရလိမ့်မယ်။

အဲ့အကြောင်းပြချက်ကြောင့်ပဲ သူမ ကျုံးယုံကို ကုသပေးဖို့ အခုအချိန်အထိ နှောင့်နှေးနေခဲ့တယ်။ သူမဘာသာတောင် ဒွိဟဖြစ်နေပြီး တစ်ယောက်တည်း စိတ်လွန်ဆွဲနေခဲ့ရတယ်။

“ဟုတ်ကဲ့”

ကျုံးယုံက ဆေးကို လှမ်းမယူမီ သူ့လက်ပေါ်မှ သွေးများကို သူ့အဝတ်အစားပေါ် သုတ်လိုက်သည်။ သူက သူ့ဆရာပေးသည့်ဆေးကို ရတနာတစ်ခုကဲ့သို့ တရိုတသေ လှမ်းယူကာ သူ့အင်္ကျီရင်ဘတ်သို့ ထိုးထည့်လိုက်ရင်း ထုံထုံထိုင်းထိုင်း အသံဖြင့် သဘောတူလိုက်သည်။ သူ့ကို ဘာဆေးသောက်ခိုင်းသည်ကိုပင် လုံးဝ မမေးခဲ့ပေ။

စူးချင်းက သိုးသတ်ထားပြီးပြီကို မြင်သွားပြီး ချက်ပြုတ်ရန်နည်းလမ်းများကို စတင် စဉ်းစားနေခဲ့သည်။

သူမ သိုးသား နေ့တိုင်းစားရတာ ငြီးငွေ့လာပြီ။

ရာသီဥတု အေးနေတော့ သိုးသားဟော့ပေါ့ လုပ်စားရအောင်...

ပြီးရင် အိမ်တော်ထိန်းကို ကြိုဆိုဖို့ သိုးသားဖက်ထုပ်လေးလည်း လုပ်ကြရအောင်။

နောက်ပြီး သိုးသားကို ကြက်သွန်မြိတ်နှင့် မွှေကြော်ပြီး သိုးဦးနှောက်ကို အရွက်စိမ်းတွေနဲ့သုပ်မယ်။

သိုးသားဟော့ပေါ့ဟု ဆုံးဖြတ်လိုက်ချိန်တွင် နံရိုးများက အကောင်းဆုံး ဖြစ်သည်။ နံရိုးတွင် အဆီရော အသားပါ ရှိနေပြီး နူးညံ့သည့်အပြင် ဟော့ပေါ့၏ရနံ့ကိုလည်း အမွှေးဆုံးဖြစ်စေနိုင်သည်။ ထို့ကြောင့် စူးချင်းက နံရိုးကြီးတစ်ခုကို လှီးဖြတ်ပြီး အိမ်ထဲသို့ ပြန်ယူလာခဲ့သည်။ လတ်ဆတ်သောအသားက ဖြတ်တောက်ရန် မလွယ်ကူသော်လည်း ဓားက ထက်ရှနေသရွေ့ ပြဿနာမဟုတ်ပေ။

ကျန်းယွိရန်က သူမကို ကူညီရန် အိမ်ထဲသို့ လိုက်လာပြီး သူမ၏အင်္ကျီလက်များကို လှန်တင်ကာ စူးချင်းကို မေးလိုက်သည်။

"အစ်မစူးချင်း ကျွန်မ ဘာကူလုပ်ပေးရမလဲ?"

"မင်း မုန့်စိမ်းတွေ နယ်ပြီး သိုးသားတွေကို ပါးပါးလှီးပေးနိုင်မလား?"

စူးချင်းက အားနာမနေဘဲ သူမအတွက် အလုပ်နှစ်ခု စီစဉ်ပေးလိုက်သည်။ ကျန်းယွိရန်က ဝမ်းသာအားရ သဘောတူပြီး သိုလှောင်ခန်းသို့သွားကာ ဂျုံမှုန့်အိတ်ကို ဆွဲထုတ်နေခဲ့သည်။

စူးချင်းက ကျန်းယွိရန် ဆွဲယူလာသော ကောက်နှံအိတ်ကို ကြည့်ကာ သူမ၏စနစ်ထဲမှ ကောက်နှံများအား မည်သို့ ပြန်ထုတ်ရမည်ကို စဉ်းစားနေခဲ့သည်။

မနေ့ညက စပါးကျီကို ဖွင့်ချိန်တွင် ကပ်ဘေးဒုက္ခသည်များအား အစားအသောက်များ အကုန် မဝေငှပေးခဲ့ပေ။ သူမတို့က သူတို့အတွက် အကုန် ဝေငှပေးခဲ့လျှင်ပင် သူတို့အနေဖြင့် သိမ်းထားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် စူးချင်းက အစားအစာများ၏ ထက်ဝက်ကျော်ကို သူမ၏ စနစ်ထဲသို့ ဆွဲသွင်းလာခဲ့သည်။

သို့သော် အဖြူရောင် ဂျုံမှုန့်များ မရှိပေဘဲ ဆန်လုံးညိုများသာ ဖြစ်သည်။

သူမ၏ မိဘများက ကောက်နှံကောင်းများကို စားလေ့ရှိကြပြီး ဆန်လုံးညိုကို စားသုံးလေ့ မရှိပေ။ သိုးသားက စားကောင်းသော်လည်း နေ့စဉ်စားရလျှင် ငြီးငွေ့လာမည် ဖြစ်သည်။

ယခု အရေးကြီးဆုံးက ဂျုံနှင့် ဆန်ကောင်းများ တတ်နိုင်သမျှ အမြန်ဆုံး ရနိုင်ရန် ဖြစ်သည်။

သူမ မကြာသေးမီက အလုပ်များလွန်းနေခဲ့ပြီး ဦးလေးယန် ဝယ်ယူလာသည့် ပဲပိစပ်များကိုပင် တို့ဖူးနှင့် ပဲပင်ပေါက် မလုပ်နိုင်သေးပေ။

ဒီညတော့ ပဲပိစပ်ဇလုံကြီးတစ်လုံးစာ ရေစိမ်ရမယ်။ နက်ဖြန်မနက် သူမရဲ့အမေအတွက် ပဲနို့ကြိတ် ပေးပြီး သူမရဲ့အဖေနဲ့ဦးလေးအတွက် တိုဟူးပူတင်းလုပ်ပေးမယ်၊ ကျန်တဲ့ တို့ဟူးတွေကိုတော့ ရောင်းလိုက်မယ်။

ယခုတစ်ကြိမ်တွင် စူးချင်းက ၎င်းတို့ကို အလကားပေးရန် အစီအစဉ် မရှိပေ။ ရွာသားများထံတွင်လည်း ပိုက်ဆံရှိနေပြီ ဖြစ်သောကြောင့် အလကားပေးဝေသည့်အလေ့အထကို မလုပ်ချင်တော့ပေ။

စူးချင်းက သိုးသားများကို သူမ လိုချင်သလောက် လှီးဖြတ်နေခဲ့ပြီး များမကြာမီ အိုးကြီးတစ်ခုလုံး သိုးသားများ ပြည့်လာခဲ့သည်။

လက်ရှိတွင် တစ်ခုတည်းသော အစိမ်းရောင်ဟင်းသီးဟင်းရွက်ဖြစ်သည့် ဂေါ်ဖီထုပ်နှင့် မုန်လာဥနီများသာ ရနိုင်သော်လည်း စူးချင်းထံတွင် ငါးများ ရှိနေသေးသည်။ သူမက စနစ်ထဲမှ ငါးများကို ထုတ်ကာ ငါးအသားလုံး ပြုလုပ်ရန် တောက်တောက်စဥ်းလိုက်သည်။

နှမ်းအနှစ် မရှိသော်လည်း သူမထံတွင် နှမ်းစေ့များ ရှိနေသောကြောင့် စူးချင်းက နှမ်းအနှစ်ပြုလုပ်ရန် နှမ်းစေ့များကို ကြိတ်စက်အသေးဖြင့် ကြိတ်ချေလိုက်သည်။ သူမ၏ ဟင်းချက်ကျွမ်းကျင်မှုက အဆင့် ၁၀ သို့ ရောက်ရန် နှစ်ဆင့်သာ ကွာဝေးတော့သည်ကို မြင်လိုက်ရသဖြင့် စူးချင်း ဝမ်းသာသွားပြန်သည်။

တိုဟူးချဉ် မပါသော်လည်း ငရုတ်သီးများ ရှိနေသောကြောင့် စူးချင်းက နောက်ထပ် ဟင်းခတ်ဆီအနည်းငယ် ထပ်ချက်လိုက်သည်။ ထိုနည်းဖြင့် ပြုလုပ်ထားသည့် ဟင်းအနှစ်က အလွန်မွှေးပျံနေလေသည်။

တို့ဟူးချဉ်ကို တွေးမိသွားသောကြောင့် စူးချင်းက သူမ၏အစီအစဉ်အတိုင်း ပြန်ပြင်ဆင်လိုက်သည်။ ထိုအရာက ဟော့ပေါ့နှင့် စားရန်အတွက်သာမက မုန့်ပေါင်းနှင့် တွဲစားလျှင်လည်း အရသာရှိလွန်းလှသည်။

ဟော့ပေါ့အတွက် ပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်သွားချိန်တွင် စူးချင်းက စီရင်စုအမတ်၏အိမ်တော်တွင် ကြေးအိုးတစ်လုံး ရှိနေသည်ကို တွေးလိုက်မိသည်။ စူးချင်းက ၎င်းကို ထုတ်ယူ၍ သုံးကြိမ်ခန့် ဆေးကြောလိုက်သည်။ ထို့နောက် အိုး၏အောက်ခြေတွင် မီးသွေးဖိုပြင်လိုက်ပြီးမှ အိုးကို အိမ်ထဲသို့ ယူလာခဲ့သည်။

အိမ်တွင်း၌ စူးဟန်ရွှမ်က အိမ်တော်ထိန်းကို အုတ်ကုတင်ပေါ်တွင် ထိုင်ခိုင်းထားခဲ့သည်။ သူတို့ကြားတွင် သခင်နှင့်ကျွန်ဟူသော ခြားနားချက် မရှိတော့ဘဲ ယခု သူတို့က ညီအစ်ကိုကောင်းများ ဖြစ်သွားပြီ ဖြစ်သည်။

ကြေးအိုးကို ကိုင်ထားသည့် သူ့သမီး အိမ်ထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသောကြောင့် စူးဟန်ရွှမ်က သမီးဖြစ်သူကို လှမ်းမေးလိုက်သည်။

"ဟော့ပေါ့ စားရမှာလား?"

မော့ချန်သို့ ပြောင်းလာကြာပြီးနောက် သူက ဟော့ပေါ့ကို နှစ်ကြိမ်ခန့် စားဖူးခဲ့သည်။ အထူးသဖြင့် စူးဟန်ရွှမ်က သူ့သမီး လုပ်ထားသည့် ဟင်းအနှစ်ကို အတော်လေး သဘောကျနေခဲ့သည်။

သူ့သမီးက အရာအားလုံးကို သိနေပုံရတယ်။ သူမ မသိတာ ဘာမှ မရှိဘူး။

“ဟုတ်ပြီ၊ သမီး ဟင်းအနှစ်သွား ချက်လိုက်ဦးမယ်။ အဖေတို့ အရင်သောက်ထားနှင့်လေ"

စူးချင်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။ ကျန်းယွိရန်က ငါးအသားလုံး၊ ဂေါ်ဖီထုပ်နှင့် မုန်လာဥနီများကို အိမ်ထဲသို့ ယူလာပြီး စူးချင်းနောက်မှ လိုက်လာခဲ့သည်။

ယန်ရုပင်းက ငါးအသားလုံးများကို ကြည့်ပြီး စူးချင်းကို မေးလိုက်ပြန်သည်။

"နော့ချန်မှာ ငါးရှိလို့လား? ငါတို့မှာ ဂေါ်ဖီထုပ်နဲ့ မုန်လာဥနီပါ ရှိနေတာလား?”

"ဒါတွေကို လော့ချန်ကနေ ပြန်ယူလာခဲ့တာ"

စူးချင်းက သူမ၏အဒေါ် ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဂရုမစိုက်ဘဲ ဆင်ခြေပေးလိုက်သည်။

ယန်ရုပင်းကတော့ စူးချင်း၏စကားကို ယုံကြည်ခဲ့သည်။

လော့ချန်မှာ အရာအားလုံးရှိတယ်။ ချင်းအာက ဒါတွေကို လော့ချန်ကနေ ပြန်ယူလာတာ ဖြစ်နိုင်တယ်။

အိမ်တော်ထိန်းက စူးချင်းကို စိတ်ရှုပ်ထွေးနေပုံဖြင့် လှမ်းကြည့်နေခဲ့သည်။

သူတို့တွေ သေရေးရှင်ရေးအတွက် တလမ်းလုံး ပြေးလွှားလာခဲ့ကြတာ မဟုတ်ဘူးလား? သခင်မလေးမှာ ဒီပစ္စည်းတွေ ဝယ်ဖို့ အချိန်ခဲ့လို့လား?

သို့သော်လည်း အိမ်တော်ထိန်းက ထက်မြက်လွန်းလှပြီး မည်သည့်မေးခွန်းကိုမျှ မမေးခဲ့ပေ။

သခင်မလေးက ရှိတယ် ဆိုရင်တော့ ရှိလိုက်ကြတာပေါ့။

အိမ်တော်ထိန်းက သိုးသားဟော့ပေါ့ကို ပထမဆုံးအကြိမ် စားဖူးခြင်း ဖြစ်သည်။ သူက သူ့သခင်ကို စံနမူနာယူ တုပပြီး အိုးထဲတွင် ပြုတ်ရန် အသားများ လှမ်းယူလိုက်သည်။ အသားပြုတ်ကို ပြန်ဆယ်ပြီးနောက် ပန်းကန်လုံးထဲတွင် ပဲငံပြာရည်အနှစ်ဖြင့် တို့ပြီးမှ စတင် စားကြည့်လိုက်သည်။ စားပြီးသွားချိန်တွင် အိမ်တော်ထိန်း၏မျက်လုံးများ တောက်ပလာခဲ့သည်။

တာ့ထန်၏သိုးများက မျှော်လင့်ထားသည့်အတိုင်း နူးညံ့လွန်းလှသည်။

စူးချင်းက သူမ ကိုယ်တိုင် ချက်ထားသည့် ကျန့်နန်ချွန်းကိုလည်း ထုတ်ပေးခဲ့သည်။ အလယ်ပိုင်းလွင်ပြင်မှ လူများအတွက် အပြင်းစားအရက်က မသင့်တော်သော်လည်း ကျန့်နန်ချွန်းက အရက်ပြင်းထက် ပိုပျော့ပြီး သူမ၏ဖခင်နှင့် အခြားသူများ၏အကြိုက်နှင့် ပိုကိုက်ညီသည်။

ယန်ရူရွှယ်နှင့် ယန်ရုပင်းတို့က ယောက်ျားသားများနှင့် စားပွဲတစ်ခုတည်း မထိုင်ကြပေ။ သူမတို့ ကြမ်းပြင်ပေါ်ရှိ မသေမျိုးရှစ်ပါးစားပွဲ(လေးထောင့်စားပွဲ)တွင် သီးသန့် ထိုင်နေကြသည်။ စူးဟန်ရွှမ်က သူ့မိန်းမ မစားနိုင်မည်ကို စိုးရိမ်နေပြီး ပြုတ်ထားပြီးသော အသားပန်းကန်ကို ကောက်ယူကာ သူ့ဇနီးဆီသို့ လှမ်းပေးလိုက်သည်။ သူ့၏ယောက်ဖက ဇနီးအပေါ် မည်မျှငဲ့ညှာသည်ကို မြင်လိုက်ရချိန်တွင် လွမ်ချင်းရှန်က သူနှင့်အတိုင်း လိုက်လုပ်ခဲ့သည်။

စူးချင်းက မီးဖိုချောင်တွင် ရှိနေပြီး ကျန်းယွိရန်နှင့်အတူ ဖက်ထုပ်များ လုပ်နေခဲ့သည်။ တခါတရံတွင် အလုပ်ရှုပ်နေရခြင်းက ကောင်းမွန်လှပြီး အလုပ်များနေသောကြောင့် စိုးရိမ်မှုများကို မေ့သွားတတ်ကြသည်။

"အစ်မကြီး"

ရှောင်ချန်က အိမ်ထဲသို့ ခုန်ဝင်လာပြီး အိမ်ထဲသို့ မ၀င်မီ မီးဖိုချောင်သို့ အရင်ရောက်လာခဲ့သည်။ စူးချင်းကို တွေ့လိုက်ရသောကြောင့် သူက အစ်မဖြစ်သူကို ချိုချိုသာသာ လှမ်းခေါ်လိုက်သည်။

"ဝမ်းကွဲအစ်မ ပြန်ရောက်ပြီလား?"

လွမ်ဟုန်ကလည်း စူးချင်းကို တွေ့ရသောကြောင့် ပျော်ရွှင်သွားခဲ့သည်။ သူမက လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက အရက်ချက်ရုံကို တာဝန်ယူနေရပြီး အရက် ရောစပ်ချိန်တွက် အထူးအလေးအနက် သတိထား လုပ်ကိုင်နေခဲ့သည်။ သူမ၏ဝမ်းကွဲအစ်မကို သူမအား စိတ်ပျက်သွားမည်ကို သူမ ကြောက်နေမိသည်။

စူးချင်းက လွမ်ဟုန်ကို ပြုံးပြလိုက်ပြီး "အင်း၊ မင်း အလုပ်တွေ ကြိုးစားပေးထားတဲ့အတွက် ကျေးဇူးပဲ"

စူးချင်းက သူမ၏မိသားစုနှင့်အတူ ဟော့ပေါ့စားရင်း ပြန်လည်စုံစည်းပွဲ လုပ်နေချိန်တွင် ကျိ‌ရွှေရှန့်က သူ့၏အဖွဲ့ကို လော့ချန်သို့ ခေါ်ဆောင်သွားခဲ့သည်။

All Chapters