← Chapters

သူမကိုယ်တိုင်နဲ့ ကျိရွှေရှန့်အတွက် ရှင်းပြချက်တစ်ခု ပေးရမယ်

Vol. 23 Ch. 345

သူမကိုယ်တိုင်နဲ့ ကျိရွှေရှန့်အတွက် ရှင်းပြချက်တစ်ခု ပေးရမယ်

Vol. 23 Ch. 345

"ဒီလို နှင်းတွေကျတဲ့နေ့မှာ ငါ့ကို ဘာလို့ ခြံထဲအထိ မဖိတ်ခေါ်တာလဲ?"

ဤမျှအေးနေသော ရာသီဥတုတွင်ပင် ချူကျင်းဖုန်းက ယပ်တောင်ကို ကိုင်ထားဆဲ ဖြစ်သည်။ သူက ယပ်တောင်ကို သူ့လက်ဖဝါးပေါ်သို့ ထပ်ထပ်ခါခါ ဖွဖွလေး ပုတ်နေပြီး စူးချင်းကို မက်မွန်ပွင့်ပုံ မျက်လုံးများဖြင့် ကြည့်နေရင်း စွဲမက်ဖွယ်ကောင်းသော အပြုံးတစ်ခုကို သူ့နှုတ်ခမ်းပေါ်တွင် ချိတ်ဆွဲထားသေးသည်။

“ကျွန်မ သတိလက်လွတ် ဖြစ်သွားခဲ့တယ်။ ကျေးဇူးပြုပြီး ဝင်ပါ"

စူးချင်းကလည်း ချူကျင်းဖုန်းကို သူမ လျစ်လျူရှုထားမိသည်ဟု ခံစားမိလိုက်သည်။

ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူက သူမ ဆိုင်တစ်ဆိုင်ဝယ်ဖို့ ကူညီပေးနေတာလေ။ ဒီလို နှင်းတွေထူထပ်တဲ့နေ့မှာ သူ့ကို နှင်းထဲမှာ စောင့်ခိုင်းတာက မသင့်တော်ဘူး။

ချူကျင်းဖုန်း၏မျက်လုံးများထဲမှ တောက်ပသော အပြုံးရိပ်များ ထွက်ပေါ်လာပြန်သည်။ သူက သူ့၏ဝတ်ရုံကော်လာကို ဆွဲဆန့်လိုက်ပြီး သူ၏ကိုယ်ဟန်ကို ဖြောင့်တန်းစေလိုက်သည်။ ထို့နောက် သူက သူ၏ဆံပင်များပေါ်မှ နှင်းများကို ခါချလိုက်ပြီး စိတ်အားထက်သန်စွာဖြင့် စူးချင်းနောက်မှ စူးအိမ်တော်ထဲသို့ လိုက်ပါသွားခဲ့သည်။

သို့သော် ချူကျင်းဖုန်း၏မာနက ကြာရှည် ဖြစ်ပေါ်ခွင့် မရလိုက်ဘဲ စူးချင်းက သူ့ခေါင်းပေါ်သို့ ရေအေးတစ်ဇလုံ လောင်းချလိုက်သည်။

စူးချင်းက ချူကျင်းဖုန်းအား သူမတို့အိမ်၏စာဖတ်ခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး အစေခံများအား သူမ၏ဖခင်ကို သွားရှာရန် အမိန့်ပေးလိုက်သည်။ စူးဟန်ရွှမ်က သူ့သမီးလေး အဘယ်ကြောင့် ပြန်လာသည်ကို မသိဘဲ ပြန်ပြေးလာခဲ့သည်။

စူးချင်းက သူမ၏အဖေအား ချူကျင်းဖုန်းနှင့် မိတ်ဆက်ပေးလိုက်သည်။

“အဖေ၊ ဒါက သမီးတို့ကို အိမ်ဝယ်ဖို့ ကူညီပေးခဲ့တဲ့ သခင်လေးချူပါ။ သမီး သူ့ကို မြို့ထဲမှာ ဆိုင်တစ်ဆိုင် ရှာပေးဖို့ အကူအညီ ထပ်တောင်းထားတယ်။ အခု အဲ့နေရာက စားသောက်ဆိုင်ဖွင့်ဖို့ သင့် မသင့် အဖေ သွားကြည့်‌ပေးပါ၊ သင့်တော်ရင် တခါတည်း ဝယ်ခဲ့လို့ ရတယ်”

စူးချင်းက သူမ၏ဖခင် စိတ်လုံခြုံမှု ရှိစေရန်အတွက် တာ့ထန်ပြည်ထောင်မှ သူမရခဲ့သော ရွှေအားလုံးကို မော့ချန်တွင် ရှိနေစဥ်ကတည်းက သူမ၏ဖခင်ထံ ပေးအပ်ထားခဲ့သည်။ ကျင့်ရှီလျိုမြောင်သို့ ပြောင်းရွှေ့ပြီးနောက် စူးချင်းက သူမ၏လက်ထဲမှ ငွေစက္ကူများအားလုံးကို ဖခင်ဖြစ်သူထံ လွှဲပြောင်းပေးပြီး ဖြစ်သည်။

အဓိက အကြောင်းအရင်းအနေဖြင့် သူမ၏ဖခင်က တစ်သက်လုံးချမ်းချမ်းသာသာ ကြွယ်ကြွယ်ဝဝ နေထိုင်ခဲ့သူ ဖြစ်ပြီး ရုတ်တရက် သူ့လက်ထဲတွင် ပိုက်ဆံမရှိတော့သည်က သူ့အတွက် အဆင်မပြေဖြစ်မည်ကို သူမ စိုးရိမ်ခဲ့သည်။ သူက သမီးဆီမှ တစ်လျန်ချင်းစီတောင်းသုံးနေရမည်ကို သူမ မကြည့်ရက်သောကြောင့် ဖြစ်သည်။

စူးမိသားစု၏ ချမ်းသာမှုကို ပြန်ထုတ်ပေးရန်ကတော့ ၎င်းတို့ကို ပြန်ထုတ်ပေးရန် သူမထံတွင် လက်တွေ့ကျသော အကြောင်းပြချက် မရှိသောကြောင့် သူမအနေဖြင့် ၎င်းတို့ကို စနစ်ထဲတွင် ထည့်ထားနိုင်သေးသည်။

သူမ၏အဖေက စီးပွားရေးသမားတစ်ဦး ဖြစ်ပြီး စီးပွားရေးလုပ်ရန် သင့်တော်သောနေရာကို သူမထက် အများကြီး ပိုသိသူဖြစ်သည်။

သူက စျေးနှုန်းအရလည်း လိမ်လည်လှည့်ဖြားခြင်း ခံရမည်မဟုတ်သောကြောင့် စူးချင်းက ချူကျင်းဖုန်းနှင့်အတူ ဆိုင်သွားကြည့်ရန် သူမ၏ဖခင်ကို ပြန်လာရှာခဲ့သည်။

စူးချင်း၏စကားကို ကြားလိုက်ချိန်တွင် ချူကျင်းဖုန်းက စူးဟန်ရွှမ်အား ဦးညွှတ်ပြီး ဦးလေးဟု ခေါ်လိုက်သည်။ သူက သူ့ကျောကို တည့်တည့်မတ်မတ် ဆန့်ထားပြီး စွန့်ပစ်ခံလိုက်ရသလို အမူအရာမျိုးဖြင့် စူးချင်းကို ကြည့်နေလေသည်။

စူးချင်းက သူ့ကို ကြည့်ပင် မကြည့်ဘဲ သူမ ထွက်သွားတော့မည့်အကြောင်း သူမ၏အဖေကို လှမ်းပြောလိုက်သည်။ ချူကျင်းဖုန်းက စိုးရိမ်တကြီးဖြင့် သူမကို လှမ်းတားလိုက်သည်။

“သခင်လေးစူး၊ ဦးလေးက ဆိုင်တစ်ဆိုင်ဝယ်ဖို့ ဘယ်လို အတွေ့အကြုံရှိမှာလဲ? မင်း ဘာလို့ ကိုယ်တိုင် သွားမကြည့်တာလဲ?"

“ကျွန်မအဖေက စီးပွားရေးသမားဟောင်းကြီးပါ။ အဖေက ကျွန်မထက် ပိုအမြင်ရှိတယ်”

စူးချင်းက ချူကျင်းဖုန်းအား လေးလေးနက်နက် ရှင်းပြလိုက်ပြီး သူ စကားထပ်ပြောလာမည်ကို မစောင့်တော့ဘဲ ဖခင်ဖြစ်သူကို တောင်းဆိုလိုက်သည်။ “အဖေ၊ သခင်လေးချူကို ဧည့်ခံပေးပါဦး။ သမီး သွားတော့မယ်"

ထိုစကားကို ပြောပြီးနောက် သူမက အချိန်မဆွဲဘဲ ထွက်ခွာသွားတော့သည်။ အနီရောင်အရိပ်ကလေးက နှင်းထဲတွင် လွင့်မျောနေပြီး အနီရောင်ပျိုနီပန်းလေးနှင့် ဆင်တူနေခဲ့သည်။

ချူကျင်းဖုန်းက သူမကိ လိုက်ကြည့်နေပြီး မျက်တောင်တဖျပ်ဖျပ် ခပ်နေခဲ့သည်။

သူမရဲ့ ကိုယ်ရည်ကိုယ်သွေးက ဘာကြောင့် လေနဲ့တူနေရတာလဲ?

"သခင်လေးချု... သခင်လေးချူ"

စူးဟန်ရွှမ်က ချူကျင်းဖုန်းကို မနက်စာစားရန် ထမင်းစားခန်းသို့ ဖိတ်ခေါ်ချင်သော်လည်း သူ နှစ်ကြိမ်ခန့် ခေါ်ပြီးမှ ချူကျင်းဖုန်းက သတိပြန်ဝင်လာခဲ့သည်။

ချူကျင်းဖုန်းက ယဉ်ကျေးစွာ လက်သီးအုပ်လိုက်ပြီး စူးဟန်ရွှမ်ကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ဦးလေး၊ စိတ်အနှောင့်အယှက် ဖြစ်စေမိလို့ တောင်းပန်ပါတယ်”

သူကတော့ သူ နစ်နာသွားသလို ခံစားနေရတယ်။ စူးချင်းသာ သူနဲ့အတူ မနက်စာ အတူစားရင် အရမ်းကောင်းမှာပဲ။

စူးဟန်ရွှမ်က ချူကျင်းဖုန်းကို ထမင်းစားခန်းထဲသို့ ခေါ်သွားခဲ့သည်။ သူတို့က ချမ်းသာသော မိသားစုမှ ဖြစ်ကြပြီး သူတို့၏ စားဝတ်နေရေးနှင့်ပတ်သတ်ပြီး အထူး အလေးထား ကြသည်။ မော့ချန်တွင် အခြေအနေ မပေးသောကြောင့် လိုက်လျောညီထွေ ဖြစ်စေရန် ညှိနှိုင်းနေထိုင်ခဲ့ကြသည်။ သို့သော်လည်း ကျင့်ရှီလျိုမြောင်တွင် ငွေကြေး သို့မဟုတ် ထောက်ပံ့ရေးပစ္စည်းများ ပြတ်တောက်ခြင်းမရှိသဖြင့် သူတို့၏အစားအစာများအတွက် ပြန်အာရုံစိုက်လာနိုင်ခဲ့သည်။

အဓိကဟင်းလျာပင်လျှင် ခြောက်မျိုး၊ ခုနစ်မျိုးခန့် ရှိပြီး ရိုးရိုးမုန့်ပေါင်း၊ ကြက်ဥအစာသွပ်မုန့်ပေါင်း၊ ဖက်ထုပ်ကြော် နှင့် ဝမ်တန် စသည်များကိုလည်း ပြင်ဆင်ထားသည်။ အရံဟင်းများကလည်း အလွန်ကောင်းမွန်ပုံရပြီး လှပသည့် ပန်းကန်ပြား ခြောက်ချပ်စာ အရံဟင်းများ ရှိနေကာ စားပွဲတစ်ခုလည်း ပြည့်လျှံနေလေသည်။

အိမ်တော်ထိန်းကလည်း မော့ချန်မှ ကျင့်ရှီလျိုမြောင်သို့ လိုက်ပါလာခဲ့သည်။ သူက ထိုကိစ္စများကို တာဝန်ယူနိုင်သူ ဖြစ်သောကြောင့် ယန်ရူရွှယ်နှင့် ယန်ရုပင်းတို့က ဤအသေးအဖွဲကိစ္စများအတွက် စိတ်ပူစရာမလိုတော့ပေ။

စူးဟန်ရွှမ်က ချောမောသောသခင်လေးတစ်ယောက် ရုတ်တရက် ခေါ်လာသည်ကို တွေ့လိုက်ရသဖြင့် ယန်ရူရွှယ်က သူမ၏ခင်ပွန်းကို မေးလိုက်သည်။

"ဒီလူငယ်လေးက ဘယ်သူလဲ?"

"သူက သခင်လေးချူပါ၊ ချင်းအာရဲ့မိတ်ဆွေ။ သူက ဒီအိမ်ဝယ်ဖို့ ကူညီပေးခဲ့တာလေ”

စူးဟန်ရွှမ်က ရိုးရှင်းသော မိတ်ဆက်မှုတစ်ခု ပြူလုပ်လိုက်သည်။ သူတို့အိမ်က ယခင်ကလောက်တော့ မတင်းကျပ်တော့ပေ။ ပုံမှန်အားဖြင့် ယောက်ျားလေး ဧည့်သည်တစ်ယောက် သူတို့အိမ်သို့ ရောက်ရှိလာပါက အမျိုးသမီးများက ထိုဧည့်သည်ကို ရှောင်ရှားရမည် ဖြစ်သည်။

သို့သော် သူတို့ သေဘေးမှ ထွက်ပြေးလာကြပြီးနောက် ဤစိုးရိမ်မှုများကို မလိုအပ်တော့ပေ။ လွမ်ဟုန်ကလည်း အများအားဖြင့် ပြေးလွှားနေလေ့ရှိပြီး သူမ၏မျက်နှာကို လူရှေ့သူရှေ့တွင် ပြသထားပြီး ဖြစ်သောကြောင့် နောက်ထပ် စည်းမျဥ်းစည်းကမ်းများ သတ်မှတ်ရန် မလိုအပ်တော့ပေ။

"သခင်လေးရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ သခင်လေးချူ"

ယန်ရူရွှယ်က ချူကျင်းဖုန်းအား အဆောတလျင် ပြန်နှုတ်ဆက်လိုက်ပြီး သူ့ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။

“အဒေါ်၊ အရမ်းကြီး ယဉ်ကျေးမနေပါနဲ့။ ဒါက အသေးအမွှားကိစ္စတစ်ခုပါပဲ"

လွမ်ဟုန်က သူ့အသံကို ကြားသွားပြီး စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူမ၏ လှပသော ဖီးနစ်မျက်လုံးများက သူမ၏ရှေ့မှ ချောမောသော သခင်လေးကို လှမ်းကြည့်လိုက်သည်။

သူ့အသွင်အပြင်ကို သူမ မမှတ်မိပေမယ့် နားမလည်နိုင်တဲ့ ရင်းနှီးမှုကို ဘာကြောင့် ခံစားနေရတာလဲ?

"ကျွန်မတို့ အချင်းချင်း တွေ့ဖူးကြလား?"

လွမ်ဟုန်က ပွင့်လင်းသော စရိုက်ရှိပြီး စိတ်ရှုပ်မခံချင်သောကြောင့် အသံကျယ်ကျယ်ဖြင့် လှမ်းမေးလိုက်သည်။

ချူကျင်းဖုန်းက သူမကို ပြုံးပြ လိုက်ပြီး "ငါတို့ အချင်းချင်း ဘယ်လို တွေးဖူးမှာလဲ?!"

ဒီအသံက ရင်းနှီးလွန်းနေတာ မဟုတ်ဘူးလား?

လွမ်ဟုန်က သူ့ကို စူးစူးစိုက်စိုက် ကြည့်နေပြီး သူမက အနည်းငယ် စိတ်လှုပ်ရှားနေကာ တောက်ပသော မျက်လုံးများဖြင့် ချူကျင်းဖုန်းကို လှမ်းကြည့်နေခဲ့သည်။

"လွန်ခဲ့တဲ့ ဆယ်ရက်လောက်က သခင်လေး တာ့ထန်ကို သွားခဲ့သေးလား?"

"ငါ မသွားပါဘူး"

ချူကျင်းဖုန်းက ပြုံးပြီး ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။ လွမ်ဟုန်က စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

သူမတို့အချင်းချင်း မတွေ့ဖူးဘူးလား? ဘာကြောင့် သူ့အသံကို ဒီလောက်အထိ ရင်းနှီးနေရတာလဲ?

သူမ ထွက်သွားပြီးနောက် လွမ်ဟုန်နှင့် ချူကျင်းဖုန်းတို့ တွေ့ဆုံနေကြောင်း စူးချင်းကတော့ မသိနိုင်ခဲ့ပေ။ သူမက ရထားလုံးမောင်းသည့် အစေခံကို စိတ်တိုင်းမကျ ဖြစ်နေခဲ့ပြီး သူ ကြာပွတ်ကို အကြိမ်ကြိမ် ဝှေ့ယမ်းနေသည့်တိုင် တာ့ဟေးက သူ့ကို မကြောက်ဘဲ နှေးကွေးလွန်းနေသည်ဟု သူမ ခံစားနေရသည်။ နောက်ဆုံးတွင် စူးချင်းက လုံးဝ သည်းမခံနိုင်တော့ဘဲ ရထားလုံးမောင်းနေသည့်အစေခံကို ရထားလုံးထဲသို့ ဝင်စေပြီး ရထားလုံးကို သူမကိုယ်တိုင် မောင်းလာခဲ့သည်။

အစေခံလည်း ​ အလွန်​ကြောက်လန့်နေပြီး အသိလွတ်လုနီးပါး ဖြစ်နေခဲ့သည်​။ သူ ငြင်းချင်နေသော်လည်း စူးချင်း၏အေးစက်စက်မျက်နှာကို မြင်လိုက်ချိန်တွင် ကြောက်လန့်သွားပြီး ရထားလုံးထဲသို့ နာနာခံခံ ဝင်သွားလိုက်ရသည်။ ရထားလုံးထဲတွင် ပူနွေးနေပြီး လက်နွေးမီးဖိုကို ကိုင်ထားလိုက်ချိန်တွင် သူ၏အေးခဲနေသော လက်များပင် ခဏတာအတွင်း ပူနွေးလာရသည်။

သူတို့အိမ်တော်က သခင်မလေးက ဘာလို့ သူနဲ့ပြိုင်ပြီး ရထားလုံးမောင်းတဲ့ အလုပ်ကို လုယူချင်နေတာလဲ? သူ တကယ်ကို နားမလည်နိုင်တော့ဘူး။ သခင်မလေးက အအေးဒဏ်ကို မကြောက်ဘူးလား?

စူးချင်းက မြင်း၏ဇက်ကြိုးကိုသာ အသာလှုပ်ခါလိုက်ရာ တာ့ဟေးက ရှေ့သို့ အရှိန်အပြည့်ဖြင့် ချက်ချင်း ပြေးထွက်သွားတော့သည်။ နံနက်ခင်းကတည်းက ကျဆင်းနေခဲ့သော ဆီးနှင်းများက လမ်းမပေါ်တွင် ထူထပ်သော နှင်းလွှာတစ်ခု ဖြစ်နေစေပြီး ရထားလုံး၏ဘီးများက နှင်းဖြူဖြူများပေါ်တွင် နက်ရှိုင်းသော အစင်းကြောင်းရာနှစ်ခု ချန်ထားရစ်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် နှင်းများ ကျနေသော်လည်း လမ်းက မချောသေးပေ။ ထိုသို့မဟုတ်လျင် သူမ မြန်မြန်မောင်းနေခြင်းက အန္တရာယ် ဖြစ်စေလိမ့်မည်။

စူးချင်းက မော့ချန်သို့ အရှိန်အပြည့်ဖြင့် ခရီးနှင်နေခဲ့သည်။ သူမက ပုံမှန်ထက် ပိုအရှိန်မြှင့်ထားခဲ့သော်လည်း နှင်းများက သူမ၏ခရီးကို နှောင့်နှေးနေစေသေးသည်။ ထို့ကြောင့် ညနေစောင်းမှသာ မော့ချန်သို့ ရောက်လာနိုင်ခဲ့သည်။

ရင်းနှီးသောမြို့က သူမ၏မြင်ကွင်းအတွင်း ပို၍ ရှင်းလင်းပြတ်သားလာသည်ကို မြင်လိုက်ရချိန်တွင် စူးချင်းက သူမအိမ်ပြန်ရောက်လာသလို ခံစားလိုက်ရသည်။ သူမက တာ့ဟေးကိ ကြိမ်ဖန်များစွာ အော်ဟစ် မောင်းနှင်နေပြီး သူမ၏ရှင်းလင်းပြတ်သားသော အသံက နှင်းထဲတွင် အဝေးထိတိုင် လွင့်ပျံနေလေသည်။

မော့ချန်၏မြို့စောင့်တပ်များက အနွေးအင်္ကျီထူထူများကို ဝတ်ဆင်ကာ မြို့တံခါးကို စောင့်ကြပ်ရန် နှင်းမုန်တိုင်းထဲတွင် ရပ်နေခဲ့ကြသည်။ သူတို့က ကျိ‌ရွှေရှန့်နှင့် စူးချင်းတို့ကို အလွန်ကျေးဇူးတင်နေကြသည်။ သူတို့နှစ်ယောက်၏အားထုတ်မှု မရှိလျှင် မြို့ထဲမှ တပ်သားများအားလုံး ထိုပြင်းထန်သော နှင်းမုန်တိုင်းကို ခံနိုင်ရည်ရှိကြမည် မဟုတ်ပေ။

စူးချင်း၏အသံကို ကြားလိုက်ချိန်တွင် မြို့စောင့်တပ်သားများက မြို့တံတိုင်းအောက်သို့ ငုံ့ကြည့်လိုက်ကြသည်။ လွင့်မျောနေသော နှင်းပွင့်များကြားတွင် ရထားလုံးတစ်စင်း ရှိနေပြီး မော့ချန်၏မြို့တံခါးဆီသို့ အရှိန်ပြင်းစွာ ဦးတည်နေသည်ကို သူတို့ တွေ့လိုက်ရသည်။

ရထားလုံးရှေ့တွင် လှပသော မိန်းမပျိုလေးတစ်ယောက် ထိုင်နေပြီး သူမ၏အနီရောင်ဝတ်ရုံရှည်က မီးလုံးတစ်လုံးကဲ့သို့ တောက်ပနေသည်။ ထိုရထားလုံး ပိုနီးကပ်လာချိန်တွင် တပ်သားတစ်ယောက် အော်ဟစ်လိုက်သည်။

"စူးချင်း၊ အဲ့တာ စူးချင်းပဲ။ တံခါး ဖွင့်ပေးလိုက်ကြ”

စူးချင်း၏ရထားလုံး မော့ချန်၏မြို့တံခါးရှေ့သို့ ရောက်လာချိန်တွင် မြို့တံခါးက ပွင့်နေပြီဖြစ်ကာ သူမက သူမ၏ရထားလုံးကို မရပ်တော့ဘဲ မြို့ထဲသို့ တိုက်ရိုက်မောင်းဝင်လာခဲ့သည်။

"သခင်မလေးစူး"

မြို့တံခါး၏နှစ်ဘက်လုံးရှိ စစ်သည်များက သူမကို တက်တက်ကြွကြွ နှုတ်ဆက်နေကြပြီး စူးချင်းကလည်း သူတို့ကို ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။

"လူတိုင်း အလုပ်ကြိုးစားကြတယ်"

စကားသံများ မဆုံးမီပင် ရထားလုံးက မြို့ထဲသို့ ပြေးဝင်သွားပြီ ဖြစ်သည်။ စစ်သည်များက ထိုရထားလုံးကို ပျော်ပျော်ရွှင်ရွှင် ကြည့်နေကြပြီး မြို့တံခါးကို ပြန်ပိတ်လိုက်ကြသည်။

စူးချင်းက ရထားလုံးကို မရပ်မနား မောင်းလာခဲ့ပြီး စီရင်စုရုံးတော်သို့ ရောက်သွားခဲ့သည်။ သူမက မြင်းဇက်ကြိုးကို ရထားလုံးပေါ်သို့ ပစ်ချထားလိုက်ပြီး မူးဝေနေပြီဖြစ်သော အစေခံအား မြင်းကို အိမ်နောက်ဖေးသို့ ခေါ်ဆောင်ခိုင်းလိုက်သည်။ ထို့နောက် သူမက ရုံးတော်ထဲသို့ ပြေး၀င်သွား‌တော့သည်။

All Chapters