← Chapters

စေ့စပ်ပွဲ ဖျက်သိမ်းခြင်း

Vol. 23 Ch. 331

စေ့စပ်ပွဲ ဖျက်သိမ်းခြင်း

Vol. 23 Ch. 331

စူးချင်းက သူမ၏အလုပ်ကို ရပ်တန့်လိုက်ပြီး မနက်ခင်း၏ နေရောင်မှိန်ဖျော့ဖျော့ဖျော့အောက်တွင် တင့်တယ်နေသည့် သူမ၏ဖခင်ကို လှမ်းကြည့်လိုက်သည်။ သူမက သူမနှင့် စေ့စပ်ထိမ်းမြားထားသည့် ခင်ပွန်းလောင်း၏ အခြေအနေကို သိချင်နေပြီး အကယ်၍ ဤစေ့စပ်ပွဲကို ဖျက်သိမ်းနိုင်ပါက အချိန်မဖြုန်းဘဲ လုပ်ဆောင်သင့်သည်ကို မြန်မြန်လုပ်ဆောင်ရန် တွေးထားခဲ့သည်။

"အင်း... အဲ့ဒါ အမှန်ပဲ၊ အဖေလည်း သမီးကို ဒီအကြောင်း အမြဲပြောပြချင်နေခဲ့တာ၊ ဒါပေမယ့် သမီးနဲ့ ကျိ‌ရွှေရှန့်ကို တွေ့တော့... အဖေ ဘာပြောရမှန်း မသိတော့ဘူး။ သမီးရဲ့အနာဂတ် ယောက္ခမက အဖေ့ရဲ့ကယ်တင်ရှင်ပဲ။ အဖေက အဖေရဲ့ကတိစကားကို မဖောက်ဖျက်ချင်ပေမယ့် သမီးရဲ့အမြင်ကိုလည်း အမြဲတမ်း ဂရုစိုက်ပါတယ်"

စူးဟန်ရွှမ်က စိတ်ကသိကအောက် ဖြစ်နေပုံဖြင့် သူ့သမီးလေးကို ကြည့်နေခဲ့သည်။

သူမ တစ်ညလုံး မအိပ်ခဲ့ဘူးလား? သူမရဲ့ဆံပင်တွေမှာ နှင်းခဲတွေတောင် ဖုံးအုပ်နေပြီ။ ဒီကိစ္စက သူ့သမီးလေးကို စိတ်ဒုက္ခဖြစ်စေတာလား?

သူက စူးချင်းကို အတင်းမတိုက်တွန်းခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူတို့က သူတို့၏သမီးလေးကို ခက်ခက်ခဲခဲ ပြန်ရှာတွေ့ထားခြင်းဖြစ်ပြီး ယခုကိစ္စကြောင့် သူ့သမီးလေးကို ပြန်အဆုံးအရှုံး မခံနိုင်တော့ပေ။

“အဖေက သမီးရဲ့အမြင်ကို ဂရုစိုက်တယ်ဆိုရင် ဒီစေ့စပ်ပွဲကို ဖြတ်တောက်ဖို့ ကူညီပေးပါ”

စူးချင်းက သူမ၏ဖခင်ကို မော့ကြည့်နေခဲ့ပြီး သူမ၏အသံက တည်ငြိမ်နေသော်လည်း ခိုင်မာနေခဲ့သည်။

“ကောင်းပြီ၊ သမီး ဆုံးဖြတ်လို့ ရတယ်၊ အဖေက သမီးကို အတင်းအကြပ် လုပ်မှာ မဟုတ်ဘူး"

သူ့သမီးလေး မဆိုင်းမတွ ငြင်းဆိုလိုက်သည်ကို ကြားလိုက်ရချိန်တွင် စူးဟန်ရွှမ်က သက်ပြင်းသာချ လိုက်တော့သည်။

အဆုံးမှာတော့ သူက သူ့ကျေးဇူးရှင်အတွက် စိတ်မကောင်းဖြစ်နေမိသေးတယ်။

“အင်း”

စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး ပဲဆက်ကြိတ်နေတော့သည်။

စူးဟန်ရွှမ်က သူ့သမီး၏အနားတွင် ရှိနေခဲ့ပြီး သူက သူမကို ကူညီရန် အကြိမ်ကြိမ်ကြိုးစားနေသော်လည်း စူးချင်းက အကြိမ်တိုင်း ငြင်းပယ်နေလေသည်။ ထို့ကြောင့် သူ ဘေးကနေ ကြည့်နေရုံသာ တက်နိုင်တော့သည်။

“အဖေ၊ သမီး အဖေနဲ့ ဆွေးနွေးချင်တာ တစ်ခု ရှိနေသေးတယ်။ မော့ချန်က အရမ်း မလုံခြုံဘူး။ ကျင့်ရှီလျိုမြောင်ကို ပြောင်းကြရအောင်"

ပဲပိစပ်အားလုံးကို ကြိတ်ပြီးသွားချိန်တွင် စူးချင်းက သူမ၏ဖခင်ကို မော့ကြည့်ကာ ပြောင်းရွေ့ရန် တိုင်ပင်လိုက်သည်။

"ပြောင်းကြမှာလား? အရက်ချက်ရုံကို ဘယ်လိုလုပ်မှာလဲ? ကျင့်ရှီလျိုမြောင်မှာရော သိတဲ့သူ ရှိလို့လား?"

စူးဟန်ရွှမ်က မော့ချန်မှ ထွက်ခွာရန် အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။

သူတို့ အခုမှ ဒီမှာ အခြေချစ ဖြစ်ပြီး သူ့သမီးလေးရဲ့ အရက်ချက်ရုံကလည်း ဒီမှာ ရှိနေသေးတယ်။ အထူးသဖြင့် တာ့ထန်နဲ့ လုပ်နေတဲ့ စီးပွားရေးမှာ အရက်ရောင်းချတာက အမြတ်အစွန်း ပိုများတာကို သူ နားလည်နိုင်သေးတယ်။ ဒါက သူ အရင် လုပ်ခဲ့ဖူးတဲ့ လုပ်ငန်းတွေအားလုံးထက် ပိုအကျိုးရှိတယ်။

“အဲ့ဒါက ကိစ္စမရှိပါဘူး၊ သိပ်မကြာခင် အဆင်ပြေသွားလိမ့်မယ်။ သမီးတို့ တစ်ယောက်နဲ့ တစ်ယောက် ဖြည်းဖြည်းချင်း သိလာနိုင်တာပဲ"

စူးချင်းက ပဲနို့အပြည့် ရှိနေသည့် ဇလုံကို ကောက်ယူပြီး နောက်တစ်ဆင့်အတွက် စတင်ပြင်ဆင်နေခဲ့သည်။ သူမက သူမ၏ခံစားချက်များအားလုံးကို ဖုံးကွယ်ရန် သူမ၏မျက်လုံးကို အောက်စိုက်ထားလိုက်သည်။

ကျင့်ရှီလျိုမြောင်?

အရင်တုန်းက သူမတို့ အဲဒီနေရာကို သွားမယ်လို့ အမြဲတမ်း ပြောခဲ့ဖူးတယ်။ အဲ့နေရာမှာ ကျယ်ပြောလှတဲ့ အနက်ရောင်နယ်မြေ‌တွေ အများကြီး ရှိနေကြောင်း ရွှေရှန့်နဲ့ ရှောင်ယင့်ဆီကနေ သူမ ကြားခဲ့ဖူးတယ်။ သူမက အဲ့မြေပေါ်တွင် လယ်ယာလုပ်ပြီး ကောက်နှံတွေ စိုက်ပျိုးချင်ခဲ့ဖူးတယ်။

"ကောင်းပြီလေ၊ သမီး ဘယ်သွားသွား အဖေနဲ့ သမီးအမေက သမီး နောက်ကို လိုက်မယ်"

သမီးအတွက် ချစ်ခြင်းမေတ္တာများ ပြည့်နေပုံရသည့် ဖခင်ဖြစ်သူ၏နူးညံ့သိမ်မွေ့သော အသံက သူမနောက်မှ ထွက်ပေါ်လာသည်။ စူးချင်းက ပဲနို့အင်တုံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏မျက်လုံးများက နီရဲလာကာ နှာခေါင်းများလည်း ချဉ်လာ‌တော့သည်။

သူမ ဒီမိသားစုရဲ့ ချစ်ခြင်းမေတ္တာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားချင်သေးတယ်။

ရွှေရှန့်ရဲ့အချစ်ကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက်မှာ သူမရဲ့မိသားစုက သူမအတွက် တစ်ခုတည်းသောကမ္ဘာဖြစ်လာခဲ့ပြီ။

သူမ ထွက်သွားရန် အတည်ပြုပြီးနောက်တွင် စူးချင်းက သူမ၏နှလုံးသားထဲမှ ဧရာမကျောက်တုံးကြီး ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး သူမ၏အတွေးများက ရုတ်တရက် တောက်ပလာခဲ့သည်။

စူးချင်းက လူတိုင်းအတွက် ပန်ကိတ်နှင့် မုန့်စိမ်းချောင်း(အီကြာကွေး)အချို့ ကြော်ပေးခဲ့သည်။ သူမက လတ်လတ်ဆတ်ဆတ်ပြုတ်ထားသော တို့ဟူးဖြင့် တိုဟူးပူတင်းအချို့လည်း ပြုလုပ်ခဲ့သေးသည်။ သူမက သူမ၏မိဘများအတွက် ပဲနို့ကျိုပေးခဲ့ပြီး အချိုအရသာအတွက် သကြားထပ်ထည်းပေးလိုက်သည်။ သူမ၏အမေ၊ အဒေါ်နှင့် ဝမ်းကွဲညီမက ထိုအရာအားလုံးကို ကြိုက်နှစ်သက်ကြပြီး သူမ၏အဖေနှင့် ဦးလေးကတော့ တို့ဟူးပူတင်းကို အထူး နှစ်သက်ကြသည်။

ရှောင်ချန်က မွှေးကြိုင်သော ပန်ကိတ်ကို ယူကာ အလယ်မှ ဖောက်စားနေလေသည်။ သူက သူ့၏ဆိုးသွမ်းသော အပြုံးမျက်နှာလေးကို ထုတ်ဖော်ထားပြီး သူ့အစ်မကို မျက်နှာချိုသွေးနေခဲ့သည်။

ရှောင်ချီက သူမ၏သခင် ယနေ့ စိတ်အခြေအနေကောင်းနေကြောင်း ခံစားနေမိပြီး သူမ၏ အစာစားချင်စိတ်ကလည်း တိုးလာခဲ့သည်။ ဤအကောင်ငယ်လေးက လူကြီးသုံးယောက်စာကို သူမတစ်ယောက်တည်း စားနေသောကြောင့် ယန်ရူရွှယ်က ရှောင်ချီပေါက်ကွဲသွားမည်ကို စိုးရိမ်နေလေသည်။

မနက်စာစားချိန်တွင် စူးဟန်ရွှမ်က သူ့သမီးပြောသမျှကို လူတိုင်းအား ပြောပြလိုက်သည်။

သူတို့ ထွက်သွားတော့မည်ဟု ကြားလိုက်ရချိန်တွင် ယန်ရူရွှယ်နှင့် ယန်ရုပင်းတို့က ထွက်မသွားချင် ဖြစ်နေကြပြန်သည်။

သူမတို့က မော့ချန်နှင့် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သောကြောင့် ယခုအချိန်တွင် မရင်းနှီးသောမြို့တစ်မြို့သို့ သွားရန် အနည်းငယ် ဝန်လေးနေကြသည်။

"ချင်းအာ ပြောတာ မှန်တယ်။ မော့ချန်မှာ နေဖို့က အန္တရာယ်များလွန်းတယ်”

စူးဟန်ရွှမ်က ယန်ရူရွှယ်ကို နှစ်သိမ့်ပေးလိုက်သည်။ ထိုနေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ပြန်တွေးတောရင်း သူလည်း ကြောက်ရွံ့ထိတ်လန့်နေခဲ့သည်။ အကယ်၍ ကျိ‌ရွှေရှန့်သာ အချိန်မီ ပြန်မလှည့်လာပါက သို့မဟုတ် ရှင်းရူဟိုင်က ဝမ်မိသားစုစစ်တပ်ကို အဝေးသို့ သွေးဆောင်ခေါ်သွားရန် အလုံအလောက် ဉာဏ်မမီခဲ့ပါက သူတို့မိသားစု ဖော်ထုတ်ခံလိုက်ရမည် ဖြစ်သည်။

“ဒါပေမယ့် ငါတို့မှာ အိမ်ထောင်စုစာရင်း ဒါမှမဟုတ် ခရီးသွားလက်မှတ်တွေ မရှိဘူး။ ငါတို့ ဘယ်လို သွားရမှာလဲ?"

လွမ်ချင်းရှန်က ထိုကိစ္စကို စိတ်ပူနေပြီး သူ့ယောက်ဖကို ဝင်ပြောလိုက်သည်။ သူက စီရင်စုအမတ်ဖြစ်ခဲ့ပြီး အကြောင်းအရာ တော်တော်များများကို သိထားခဲ့သည်။

“ဦးလေး၊ အဲ့အတွက် စိတ်ပူစရာ မလိုပါဘူး။ မော့ချန်ရဲ့တရားဝင်တံဆိပ်တုံးက ရှိနေတာပဲ၊ အိမ်ထောင်စုစာရင်းက ဦးလေး လိုချင်သလောက်တောင် ရနိုင်သေးတယ်။ ခရီးသွားလက်မှတ်ကတော့ ပိုတောင် လွယ်သေးတယ်၊ ဦးလေးယန်ရဲ့ လုပ်ငန်းအတွက် ခွင့်ပြုမိန့်စာရွက်စာတမ်းတွေလည်း လိုသေးတယ်”

စူးချင်းက ထိုအရာများအတွက် ရှင်းရှင်းလင်းလင်း တွေးထားပြီး ဖြစ်သည်။ သူမက ယန်ကျစ်ကိုပါ သူမတို့နှင့်အတူ ခေါ်သွားမည် ဖြစ်သည်။ သူတို့က သူမ၏ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးရမည့်အပြင် သူမ၏မိဘများကို အကာအကွယ်ပေးရန် လိုအပ်သည်။ ထို့ကြောင့် သူမက သူတို့အတွက် ထွက်လမ်းကိုပင် စဉ်းစားပေးထားခဲ့သည်။

"ချင်းအာက အဲဒါတွေကို သေချာစဉ်းစားထားပြီးပြီပေါ့။ ဒါဆို ဦးလေးတို့ သမီးပြောတဲ့အတိုင်း လုပ်ကြမယ်!"

လွမ်ချင်းရှန်၏အမူအရာက သူ အနည်းငယ် စိတ်မကောင်းဖြစ်နေပုံရသည်။

တာ့ရှားပြည်ထောင်က ဘာတွေဖြစ်နေပြီလဲ? အရာရှိတစ်ယောက် တံဆိပ်တုံးကို ထားပြီး ထွက်ပြေးသွားတာက အိမ်ထောင်စုစာရင်းအတုတွေ၊ စာရွက်စာတမ်းအတုတွေနဲ့ ခွင့်ပြုမိန့်စာရွက်စာတမ်းအတုတွေကို အလွယ်တကူ လုပ်နိုင်စေခဲ့တယ်။ ဒီအတိုင်း ဆက်သွားနေရင် မကြာခင် တာ့ရှားပြည်ထောင်က ပရမ်းပတာဖြစ်လာလိမ့်မယ်။

“ဦးလေး၊ ဒီကိစ္စက ဦးလေးရဲ့အကူအညီ လိုအပ်နေသေးတယ်၊ ကျွန်မတို့က လမ်းခရီးအတွက် ခရီးသွားလက်မှတ်တွေ တစ်ခါမှ မရေးဖူးသေးဘူး၊ ခွင့်ပြုမိန့်လည်း မထုတ်ပေးဖူးဘူး”

စူးချင်းက သူမ၏ဦးလေးကို လှမ်းကြည့်ရင်း ထိုစကားကို ပြောလိုက်သည်။ ဤနေရာတွင် ရှိနေသည့်လူအားလုံးတွင် သူမ၏ဦးလေးကသာ အရာရှိဖြစ်ဖူးခဲ့သဖြင့် သူမ သူ့ကို အကူအညီတောင်းရုံသာ ရှိတော့သည်။

"ကောင်းပြီလေ၊ ငါ လုပ်ပေးမယ်"

လွမ်ချင်းရှန်က သူ၏ကျွမ်းကျင်မှုကို အသုံးချရန် နေရာတစ်ခု ရှာတွေ့သွားခဲ့ပြီး သူ့၏ခန္ဓာကိုယ်ကို ဖြောင့်တန်းနိုင်သွားခဲ့သည်။

အခု သူက ဝန်ထုပ်ဝန်ပိုး မဟုတ်တော့ဘူး။ ခုနက သူ ခံစားနေရတဲ့ ခံစားချက်တွေကို သူ့စိတ်ထဲ ပြန်ထည့်လိုက်ပြီ။

"ဦးလေး၊ အရက်ချက်ရုံအတွက် ခွင့်ပြုမိန့်လည်း လိုသေးတယ်"

စူးချင်းက ကျင့်ရှီလျိုမြောင်တွင် အရက်ချက်အလုပ်ရုံ ဖွင့်ရန် ခွင့်ပြုမိန့်မရမည်ကို စိုးရိမ်နေပြီး ကြိုတင်ပြင်ဆင်ပြင်ဆင်ထားလိုက်သည်။ ၎င်းက မော့ချန်မှ ခွင့်ပြုမိန့် ဖြစ်သော်လည်း မော့ချန်တွင် သူမ၏ပင်မအလုပ်ရုံ ရှိနေသရွေ့ တခြာနေရာတွင် အလုပ်ရုံခွဲဖွင့်လှစ်ရန် ခက်ခဲမည်မဟုတ်ပေ။

“ကောင်းပြီလေ”

လွမ်ချင်းရှန်က သဘောတူလိုက်သော်လည်း အရေးကြီးသည့်အရာတစ်ခုကို ချက်ချင်း စဉ်းစားမိသွားခဲ့သည်။

"အဲ့ဒီကလေးတွေကကော"

"ကျွန်မတို့ အခြေချပြီး တည်ငြိမ်သွားရင် သူတို့ကိုပါ ခေါ်သွားမယ်"

စူးချင်းက ထိုကလေးများအတွက် ခဏလောက် စဉ်းစားလိုက်သည်။

သူမတို့ မိသားစုကတောင် ကြီးမားလွန်းပြီး သိသာလွန်းနေပြီ။ ကလေးတွေကို တစ်ခါတည်း အတူခေါ်သွားရင် သံသယဖြစ်ဖို့ ကောင်းနေလိမ့်မယ်။ ဒါကြောင့် သူမတို ခြေကုပ်ယူဖို့ အရင် ကြိုးစားရလိမ့်မယ်။

သူမ အဲ့ကလေးတွေကို ကျားနဲ့ဝံပုလွေတွင်းကနေ ကယ်တင်လာဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့ပြီပြီး။ သူမက သူတို့အတွက် သူမမိသားစုရဲ့လုံခြုံရေးကိုတော့ အထိခိုက်ခံမှာ မဟုတ်ဘူး။

“ဟူး၊ ဒါက တစ်ခုတည်းသော နည်းလမ်းပဲ”

လွမ်ချင်းရှန်က အနည်းငယ် တွန့်ဆုတ်နေသေးသည်။ ဤရက်ပိုင်းတွင် သူက ကလေးများကို စာသင်ပေးနေခဲ့ပြီး သူက ယခုကဲ့သို့ သင်ကြားပေးရခြင်းနှင့် ပညာဖြန့်ဝေပေးရသည့်အလုပ်ကို သဘောကျနေပြီ ဖြစ်သည်။ ထိုအလုပ်က စီရင်စုအမတ် ဖြစ်ရခြင်းထက် ပို၍အဓိပ္ပါယ်ရှိသည်ဟု သူ ခံစားနေမိသည်။

လက်ရှိ တာ့ရှားပြည်ထောင်မှာ လူတွေနဲ့ ကင်းကင်းနေချင်လို့ မရနိုင်ဘူး။ မတရားမှုတွေကို မြင်နေပေမယ့် အဲ့ဒါကို ဂရုမစိုက်ဘဲ မျက်နှာလွှဲသွားရင် ပြည်သူတွေအတွက် အလုပ်မလုပ်တဲ့ အကျင့်ပျက်နေတဲ့ အရာရှိတွေနဲ့ ဘာကွာခြားချက်တော့မှာလဲ?

"ဝမ်းကွဲအစ်မ၊ ကျွန်မတို့ ထွက်သွားတော့မှာလား?"

လွမ်ဟုန်က စူးချင်းကို အသံတိုးတိုးဖြင့် မေးလိုက်သည်။

သူမက အရက်ချက်ရုံမှာ အလုပ်လုပ်ရင်း ပျော်ရွှင်နေပြီ။ သူမ၊ ကျိရှောင်ယင်၊ ကျန်းယွိရန်နဲ့ လီရွှမ်းအာတို့က တကယ့်ညီအစ်မအရင်းတွေလို ပေါင်းသင်းမိနေကြပြီ။ ဒီနေရာကနေ ထွက်သွားပြီးရင် သူမရဲ့သူငယ်ချင်းတွေကို မတွေ့နိုင်တော့ဘူး။ အရက်ချက်စက်ရုံမှာလည်း အလုပ်လုပ်နိုင်မှာ မဟုတ်တော့ဘူး။

“ဟုတ်တယ်၊ ထုပ်ပိုးထားတော့။ ငါ အိမ်ဝယ်ဖို့ ကျင်းရှီလျိုမြောင်ကို အရင်သွားလိုက်ဦးမယ်၊ ပြီးမှ မင်းတို့ကို ပြန်လာခေါ်မယ်"

စူးချင်းက ခေါင်းညိတ်ပြရင်း ညွှန်ကြားစရာရှိသည်ကို ညွှန်ကြားလိုက်သည်။ သူမ အမြန်ထွက်ချင်နေသော်လည်း သူမ၏မိသားစုတစ်ခုလုံးကို ကျင့်ရှီလျိုမြောင်သို့ အလျင်စလို မခေါ်သွားနိုင်သေးပေ။

သူမက ထိုနေရာနှင့် မရင်းနှီးသလို အခြေချနေထိုင်ရန် နေစရာလည်း မရှိသေးပေ။ သူမက သူမ၏တစ်မိသားစုလုံးကို သူမနှင့်အတူ ဒုက္ခခံခိုင်းရန် မည်သို့မျှ မဖြစ်နိုင်ချေ။

သူမ ထွက်သွားမည့်အကြောင်း ကျိရှောင်ယင်ကို မပြောရသေးဘဲ ကျိရှောင်ယင်ကို မည်သို့ပြန်ပြောရမှန်း မသိ ဖြစ်နေခဲ့သည်။

အစပိုင်းမှာ သူမက ရှောင်ယင်ရဲ့ကြင်နာမှုကြောင့် ထောင်ဟွားဝူအဖွဲ့နဲ့ ချည်နှောင်ခဲ့မိတယ်။ အဲ့တာကပဲ ကျိ‌ရွှေရှန့်နဲ့ သူမကို ဆုံးစည်းစေခဲ့တာလည်း ဖြစ်နိုင်တယ်...

စူးချင်းက သူမ၏ခေါင်းကို ခါယမ်းလိုက်ပြီး ထိုအကြောင်းကို ထပ်စဉ်းစားမနေတော့ပေ။

သူမ ထွက်သွားတဲ့နေ့မှ ရှောင်ယင့်ကို ပြောပြလိုက်တော့မယ်။

"ဝမ်းကွဲအစ်မ၊ ကျွန်မကို အစ်မနဲ့အတူ ခေါ်သွားလို့ရမလား?"

စူးချင်းကို ကြည့်နေသည့် လွမ်ဟုန်၏မျက်လုံးများက တောက်ပနေခဲ့သည်။ သူမရဲ့ဝမ်းကွဲအစ်မနဲ့ အတူတူ ဖြတ်သန်းရတဲ့ နေ့ရက်တွေက ပေါ့ပေါ့ပါးပါးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးပဲ။

“မရဘူး”

စူးချင်းက ချက်ချင်း ငြင်းပယ်လိုက်သည်။ သူမ တစ်ယောက်တည်း မြင်းစီးသွားရန် ကျင့်ရှီလျိုမြောင်နဲ့ မော့ချန်ကြားက အကွာအဝေးကို နှစ်ရက်အတွင်း သွားလာနိုင်လိမ့်မယ်။ လွမ်ဟုန်ကို သူမနဲ့အတူ ခေါ်ဆောင်သွားတာက သူမရဲ့ခရီးကို နှောင့်နှေးစေလိမ့်မယ်။

စူးချင်းက သူမပြောသည့်အတိုင်း ချက်ခြင်း လုပ်တတ်သူဖြစ်သည်။ မနက်စာစားပြီးနောက် သူမက မြင်းနက်ကြီးကို စီးကာ ကျင့်ရှီလျိုမြောင်ဆီသို့ ဦးတည်လိုက်တော့သည်။

All Chapters