← Chapters

သူလျှိုသုံးယောက်ကို ဖမ်းစီးခြင်း

Vol. 23 Ch. 338

သူလျှိုသုံးယောက်ကို ဖမ်းစီးခြင်း

Vol. 23 Ch. 338

ရန်ရှစ်ခွမ်းက အရိုးများကျိုးနေသည့် ဒုတိယညီကို လျစ်လျူရှုလိုက်ပြီး ဒုတိယထပ်သို့ မော့ကြည့်လိုက်သည်။

စူးချင်းက သူ့၏ဒုတိယညီကို အောက်ထပ်သို့ ထပ်ပစ်ချလိုက်သည်ကို မြင်လိုက်ရသော အကြီးဆုံးအစ်ကိုက အလွန်ဒေါသထွက်သွားပြီး လုရှင်းကို ဘေးသို့ တွန်းကာ စူးချင်းဆီသို့ ပြေးဝင်သွားခဲ့သည်။

"မိန်းခလေး၊ သတိထား"

လုရှင်းက စူးချင်းကို အမြန် လှမ်းသတိပေးလိုက်သည်။ သူက သူ့ဓားကို မြှောက်ကာ စူးချင်းကို ကူညီရန် ပြေးသွားခဲ့သော်လည်း စူးချင်းက သူမထံသို့ ပြေးဝင်လာသည့်လက်နက်ကို ဘေးတစ်စောင်းရှောင်ထွက်လိုက်သည်အား သူ မြင်လိုက်ရသည်။ ထို့နောက် သူမက ‌ဘေးဘက်သို့ ချက်ချင်း ပြန်လှည့်လိုက်ပြီး အကြီးဆုံးအစ်ကို၏လက်ကောက်ဝတ်ကို ဖျက်ခနဲ ဆုပ်ကိုင်လိုက်သည်။ သူမ မည်သို့ တိုက်ခိုက်လိုက်သည်ကို မည်သူမျှ မမြင်လိုက်သော်လည်း သူမ တိုင်းတစ်ပါးသားအား အနိုင်ယူလိုက်သည်ကို သူ မြင်လိုက်ရသည်။

"အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မိန်းခလေး"

လုရှင်းက သူ့လက်သီးပေါ် လက်ဖဝါးအုပ်လိုက်ပြီး စူးချင်းကို အလျင်အမြန် ကျေးဇူးတင်လိုက်သည်။ ထို့နောက် သူက သူ့နဖူးမှ ချွေးအေးများကို မသိမသာ ခိုးသုတ်လိုက်သည်။

ဒီကောင်မလေး သေတော့မယ်လို့ သူ ထင်ထားခဲ့တာ။

“ကိစ္စ မရှိပါဘူး”

စူးချင်းက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်ပြီး အောက်ထပ်သို့ ငုံ့ကြည့်လိုက်ရာ ရန်ရှစ်ခွမ်း၏ နက်နဲပြီး အေးစက်သော မျက်လုံးများကို တွေ့လိုက်ရသည်။ စူးချင်းက လုံးဝ အမူအရာမပြောင်းဘဲ အဝေးသို့ ပြန်အကြည့်လွှဲကာ သူမ၏အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။

သူမ အစိုးရကိစ္စတွေမှာ ဝင်မစွက်ဖက်ချင်ဘူး။ သူမက အေးချမ်းတဲ့ ဘဝနဲ့ ဖြတ်သန်းဖို့ တွေးထားရုံလေးပဲ။ အခု သူမ လုရှင်းရဲ့ကျေးဇူးကို ပြန်ဆပ်ပြီးပြီ။ အခု သူတို့ရဲ့ စစ်သူကြီးလည်း ဒီကို ရောက်နေပြီဆိုတော့ သူမ ဝင်စွက်ဖက်စရာ မလိုတော့ဘူး။

ရန်ရှစ်ခွမ်းက ကြမ်းပြင်ပေါ်တွင် လဲကျနေပြီး မလှုပ်မရှားနိုင်ဖြစ်နေသည့် လောင်အာ့ကို ချုပ်နှောင်ထားရန် သူ့စစ်သည်များအား အမိန့်ပေးသည်။ ထို့နောက် သူက အပေါ်ထပ်သို့ လျင်မြန်ပြီး ပြတ်သားသော ခြေလှမ်းများဖြင့် လှမ်းသွားခဲ့သည်။

“စစ်သူကြီး၊ ဒီသူလျှိုသုံးယောက်ကို ဖမ်းရပါမယ်”

လုရှင်းက စူးချင်း၏ ရိုက်နှက်မှုကို ခံထားရသည့် အကြီးဆုံးအစ်ကိုဖြစ်သူကို ရန်ရှစ်ခွမ်းထံသို့ ဆွဲခေါ်သွားခဲ့သည်။ တတိယညီက ဝံပုလွေကဲ့သို့ ညည်းညူနေကာ ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေသေးသည်။

သူ နာကျင်လွန်းလို့ သေချင်နေပြီ။ ဒီအဆုံးမရှိတဲ့ ယားယံမှုကို မရပ်တန့်နိုင်သရွေ့ သေခြင်းကပဲ သူ့အတွက် သက်သာရာရစေလိမ့်မယ်။

“ဒီလက်အောက်ငယ်သား သတိလက်လွတ်ဖြစ်သွားခဲ့လို့ သူ မြေပုံကို မျိုချနိုင်သွားခဲ့ပါတယ်”

လုရှင်းက သူ့၏တပ်မှူးအား ဖြစ်ပျက်ခဲ့သမျှ အတိုချုံးရှင်းပြလိုက်ပြီး သူ့အမှားကို ဝန်ခံရန် ဦးညွှတ်ထားခဲ့သည်။

ရန်ရှစ်ခွမ်းက သူ့ကို အေးစက်စွာကြည့်နေပြီး လုရှင်းကို အလွန်ကြောက်လန့်နေကာ ခေါင်းပင် ပြန်မမော့ဝံ့တော့ပေ။ လုရှင်းက သူ မှားမှန်းသိနေသောကြောင့် ရန်ရှစ်ခွမ်းက သူ့၏ပြင်းထန်သောအရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့၏စစ်သည်များကို အမိန့်ပေးလိုက်သည်။

"သူတို့ ပါးစပ်ကို ဖွင့်ပြီး အဆိပ်ရှိ မရှိ စစ်ကြည့်စမ်း"

စစ်သည်များက လူသုံးယောက်၏ပါးစပ်ကို ဖွင့်ပြီး သူတို့၏သွားကြားထဲမှ အဆိပ်များကို ထုတ်ယူလိုက်ကြသည်။

"တပ်မှူးကို သတင်းပို့ပါတယ်၊ အဆိပ်ကို ရှာတွေ့ပါပြီ"

အကြီးဆုံးအစ်ကို၏မျက်လုံးများထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။ သူ အဖမ်းခံရပြီးနောက် သူ့သွားကြားထဲမှ အဆိပ်ကို ကိုက်ရန်ကြိုးစားခဲ့သော်လည်း စူးချင်းက သူ့ကို ထိန်းချုပ်ထားပြီး သူ လုံးဝ မလှုပ်နိုင်ခဲ့ပေ။

သူ့နှလုံးသားထဲမှနေပြီး ထိုအဆိပ်ပြင်းသည့် မိန်းမကို ကျိန်ဆဲနေခဲ့သည်။

သူ့အကြံအစည်တွေ အားလုံးကို ပျက်ပြားစေတာက အဲ့မိန်းမရဲ့အပြစ်ပဲ။

စူးချင်း အခန်းထဲသို့ ဝင်လာခဲ့ပြီး ဘောပင်နှင့် စာရွက်ကို ထုတ်ယူလိုက်သည်။ သူမက မြေပုံကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် စိတ်ထဲမှာ မြဲမြံစွာ ရေးထွင်းထားပြီး ဖြစ်သည်။

၎င်းက သူမ၏ယခင်ဘဝမှ လေ့ကျင့်ရေးအစီအစဉ်တစ်ခု ဖြစ်ပြီး သူမက မြင်သမျှကို မှတ်မိနိုင်သည့် ဓာတ်ပုံမှတ်ဥာဏ်တစ်ခု ပိုင်ဆိုင်ခဲ့သည်။

စူးချင်းက သူမ၏မှတ်ဉာဏ်ထဲမှ မြေပုံကို ပြန်ဆွဲလိုက်သည်။ ထို့နောက် အရေးကြီးသောနေရာများကို ဘောပင်ဖြင့် အမှတ်အသားများ ထပ်ဖြည့်လိုက်သည်။ သူမ အားလုံးရေးဆွဲပြီးနောက်တွင် ထိုမြေပုံက မြို့ကာကွယ်ရေးမြေပုံဖြစ်ကြောင်း သူမ သိလိုက်သည်။

သူမ ထိုအရာကို တွေးနေချိန်မှာပင် တစ်ယောက်ယောက် တံခါးလာခေါက်သည့်အသံကို သူမ ကြားလိုက်ရသည်။

တံခါးမဖွင့်ခင် စူးချင်းက မြေပုံကို စနစ်ထဲသို့ အရင်ပစ်ထည့်လိုက်သည်။ သူမ တံခါးဖွင့်လိုက်ချိန်တွင် ရန်ရှစ်ခွမ်းက တံခါးအပြင်တွင် ရပ်နေပြီး သူက အရပ်ရှည်ပြီး ဂုဏ်သိက္ခာရှိသော ရုပ်ရည် ရှိသောကြောင့် ခန့်ညားသည်ဟု ထင်နေရသည်။ သူ စကားမပြောဘဲ ဒီအတိုင်း မတ်တပ်ရပ်နေလျှင်ပင် သူ တစ်ဖက်လူကို ပေးနေသည့် ရောင်ဝါက တပါးသူအား ဖိနှိပ်ခံရသည့်စိတ်ခံစားမှုကို အပြည့်အဝ ပေးစွမ်းနိုင်နေပြီ ဖြစ်သည်။

သို့သော် စူးချင်းကတော့ ဂရုမစိုက်ပေ။ သူမက တံခါးဝကို ပိတ်ဆို့ထားခဲ့ပြီး ရန်ရှစ်ခွမ်းကို အထဲဝင်ခွင့်မပြုဘဲ ခပ်ပေါ့ပေါ့ မေးခွန်းထုတ်လိုက်သည်။

“ဘာအမိန့်ရှိလို့ပါလဲ၊ စစ်သူကြီးမင်း”

"အကူအညီပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်"

ရန်ရှစ်ခွမ်းက သူ့ရှေ့မှ မိန်းခလေးကို ကြည့်နေခဲ့ပြီး သူမ၏မျက်လုံးများက အောက်ခြေမရှိသောပင်လယ်တစ်ခုနှင့်တူနေသယောင် သူ ခံစားလိုက်ရသည်။

အစိုးရအရာရှိတစ်ဦးနဲ့ တွေ့ဆုံနေရတာတောင် သူမက မကြောက်သလိုပုံနဲ့ သူ့ကို ပေါ့ပေါ့ပါးပါး ပြန်ကြည့်နိုင်တယ်ပေါ့။

“ရပါတယ်၊ စစ်သူကြီးမင်းအနေနဲ့ ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ ဒါက တာ့ရှားရဲ့ပြည်သူပြည်သားတိုင်း လုပ်သင့်တဲ့အရာပဲ”

စူးချင်းက ခေါင်းယမ်းရင်း တုံ့ပြန်လိုက်သည်။ သူမ၏ စကားများက အလွန်ခန်းနားပြီး ဆောင်ပုဒ်တစ်ခုကို ကြွေးကြော်နေသလို ဖြစ်နေခဲ့သည်။

“ကောင်းပါပြီ၊ မိန်းခလေးက အားလုံးကို ကောင်းကောင်းသိနေတာပဲ”

ရန်ရှစ်ခွမ်းက ခေါင်းညိတ်လိုက်ပြီး သူမကို ချီးကျူးလိုက်သည်။ ထို့နောက် သူက ခေါင်းစဉ်ပြောင်းကာ သူမကို မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။

“မိန်းခလေးက သူတို့ သူလျှိုတွေဆိုတာကို ဘယ်လိုသိတာလဲ?”

ရန်ရှစ်ခွမ်းက စူးချင်းကို စူးစူးစိုက်စိုက် ကြည့်နေရင်း ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။

“သူတို့က သူလျှိုတွေဆိုတာ ကျွန်မ မသိခဲ့ဘူး။ အဲဒီလူက ကျွန်မကို မလေးမစားလုပ်ခဲ့တဲ့အတွက် သူ့ကို နည်းနည်းလေး ပြစ်ဒဏ်ပေးချင်ခဲ့တာ။ ဒါပေမယ့် သူ့အဖော်နှစ်ယောက် ထပ်ရောက်လာပြီး ပြဿနာရှာမယ်လို့တော့ ကျွန်မလည်း မမျှော်လင့်ထားခဲ့ဘူး၊ အဲ့တာကြောင့် သူတို့အားလုံးကို သာတူညီမျှ ဆက်ဆံပေးခဲ့တာ”

စူးချင်းက အရေးမပါသည့် ပိုးတုံးလုံးလေးသုံးကောင်ကို ကိုင်တွယ်ဖြေရှင်းခဲ့သလို ပေါ့ပေါ့တန်တန် ပြောနေခဲ့သည်။

လုရှင်းနဲ့ သူ့ရဲ့စစ်သည် နှစ်ယောက်က အဲ့လူနှစ်ယောက်နဲ့ ရင်ဘောင်တန်းပြီး တိုက်ခိုက်နိုင်တာမျိုး မရှိဘူးဆိုတာကို မသိရသေးရင် သူမလို ပျော့ညံ့တဲ့မိန်းမတစ်ယောက်က ဒီလိုတွေ ပြောနေတာ အရမ်းမောက်မာတာလို့ ဝေဖန်လို့ ရတယ်။ ဒါပေမယ့် အခုတော့ ဒါတွေက သူမရဲ့တကယ့်စွမ်းရည်ဖြစ်နေပြီး သူမ ကြွားလုံးထုတ်နေတာ မဟုတ်ဘူး။

ရန်ရှစ်ခွမ်းကတော့ စူးချင်း၏စကားများကို ကြားလိုက်ရပြီး မျက်ခုံးပင့်လိုက်မိသည်။

ဒါက သေးငယ်တဲ့ ပြစ်ဒဏ်ပဲ ရှိသေးတာလား? အဲဒီလူက သူ့ကိုယ်သူ အရေခွံ ခွာမိလုနီးပါးဖြစ်နေပြီလေ။

တကယ်လို့ ဒီမိန်းခလေးနဲ့ ရန်သူတွေ ဖြစ်လာခဲ့ရင် သူမက သူတို့အတွက် အပြင်းထန်ဆုံးပြိုင်ဘက် ဖြစ်လာနိုင်မလား?

ရန်ရှစ်ခွမ်းက ထပ်မမေးခင် ခဏလောက်စဉ်းစားနေပြီးမှ "မိန်းခလေး၊ မင်း ကျင့်ရှီလျိုမြောင်ကို ဘာလာလုပ်တာလဲ?"

"အခြေချ နေထိုင်ချင်လို့"

စူးချင်းက ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။

“ကျင့်ရှီလျိုမြောင်က ခါးခါးသီးသီး အေးစက်တဲ့နေရာတစ်ခုပဲ။ ဆောင်းရာသီက ရှည်လျားပြီး အေးစက်တဲ့လေက လူတွေရဲ့အရိုးထဲကို ဖောက်ဝင်လာသလို ခံစားရစေတယ်။ မိန်းကလေးက အခြေချနေထိုင်ဖို့ လှပတဲ့ တောင်တန်းတွေနဲ့ မြစ်တွေရှိတဲ့နေရာကို ဘာကြောင့် သွားမရှာရတာလဲ?”

ရန်ရှစ်ခွမ်းက စူးချင်းကို သိသိသာသာ စိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်ပြန်သည်။

“စစ်သူကြီးမင်း ပြောနေတဲ့ လှပတဲ့ တောင်တန်းတွေနဲ့ မြစ်တွေမှာ မိုးခေါင်ရေရှားမှုတွေ၊ မြေကြီးအတွင်းက လှုပ်ရှားမှုတွေ၊ ဒုက္ခသည်တွေရဲ့ ပုန်ကန်မှုတွေ၊ တိုင်းတစ်ပါးရန်သူတွေရဲ့ ကျူးကျော်မှုတွေ ရှိနေပြီး နေ့စဉ်နဲ့အမျှ ကြောက်လန့်နေကြရတယ်။ ဒီလိုမျိုး နေရာတွေက ကောင်းတယ်လို့ ထင်နေသေးတာလား?”

စူးချင်းက ရန်ရှစ်ခွမ်းကို တည်တည်ငြိမ်ငြိမ် ပြန်ကြည့်နေပြီး မနှေးမမြန်လေသံဖြင့် ပြန်ဖြေလိုက်သည်။

သူမ၏ အေးဆေးတည်ငြိမ်မှုနှင့် စနစ်တကျ အဖြေများမှတဆင့် ဤမိန်းကလေးက သာမန်မဟုတ်ကြောင်း ပြသနေသည်။

“အကယ်လို့ မိန်းခလေးက လုံခြုံတဲ့နေရာကို ရှာချင်တယ်ဆိုရင်တော့ ကျင့်ရှီလျိုမြောင်ကလည်း အကောင်းဆုံးရွေးချယ်မှု မဟုတ်သေးဘူး။ ရှုံးနျိုတွေက ငါတို့ကို ဖျက်ဆီးပစ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ငါတို့ကို တိုက်ခိုက်ဖို့ ကြံစည်နေတုန်းပဲ၊ အနီးနားက တိုင်းပြည်ငယ်လေးတွေကလည်း ငါတို့နယ်မြေတွေကို လောဘတကြီး စောင့်ကြည့်နေကြတယ်။ စစ်ဖြစ်ရင် ဒီနေရာက အန္တရာယ်အရှိဆုံးနေရာ ဖြစ်လာလိမ့်မယ်”

ရန်ရှစ်ခွမ်းက စူးချင်းကို ခပ်တင်းတင်း စိုက်ကြည့်နေရင်း ကျင့်ရှီလျိုမြောင်၏ အန္တရာယ်များကို သတိပေးလိုက်သည်။

"အခုလို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ စစ်သူကြီးမင်း။ ဒါပေမယ့် ကျင့်ရှီလျိုမြောင်က ကျွန်မရဲ့စွဲလမ်းမှုပါ"

စူးချင်း ထိုသို့ပြောလိုက်ချိန်တွင် သူမ၏ ဘာကိုမှ ဂရုစိုက်တက်ပုံမရသည့် မျက်လုံးများတွင် အနည်းငယ် အပြောင်းအလဲများ ရှိလာခဲ့သည်။ သူမက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ရန်ရှစ်ခွမ်းကို ပြုံးပြလိုက်သည်။

"ကောင်းပါပြီ၊ ဒါဆို ငါ မိန်းခလေးကို မနှောင့်ယှက်တော့ဘူး"

ရန်ရှစ်ခွမ်းက စူးချင်း၏ မျက်လုံးများမှ တစ်စုံတစ်ခုကို တမ်းတနေပုံရသည့် ဝမ်းနည်းမှု အရိပ်အယောင်ကို မြင်သွားခဲ့သည်။

ဒီတော့ ကျင့်ရှီလျိုမြောင်က သူမအတွက် အထူးအဓိပ္ပါယ်ရှိနေတာပဲ ဖြစ်ရမယ်။

"စစ်သူကြီးမင်း၊ ဂရုစိုက်ပါ"

စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး ရန်ရှစ်ခွမ်း၏အကြည့်အောက်တွင် သူမ၏အခန်းတံခါးကို ပြန်ပိတ်လိုက်သည်။

သူမ မြို့ကာကွယ်ရေးမြေပုံကို လွှဲပြောင်းမပေးခဲ့သော်လည်း သူတို့က ထိုလူများကို စစ်ဆေးမေးမြန်းနိုင်လိမ့်မည်ဟု သူမ ယုံကြည်နေခဲ့သည်။ သူမ အနေဖြင့် မလိုအပ်သေ သံသယများကို မနှိုးဆွချင်တော့ပေ။

ထိုအချိန် သေလုမျောပါးဖြစ်နေသည့် တတိယညီက ရုတ်တရက် ခုန်ထကာ လှေကားထစ်များပေါ်မှ ခုန်ဆင်းလိုက်သည်ကို တွေ့လိုက်ရသောကြောင့် ရန်ရှစ်ခွမ်းက ထိုလူအား ဖမ်းရန် သူ့လူများကို အမိန့်ပေးလိုက်သည်။

"သူ့ကို ဖမ်းကြစမ်း"

အောက်ထပ်တွင် စောင့်နေသည့် စစ်သည်များလည်း ရှိနေသေးသောကြောင့် ထိုနံပါတ်သုံး ခုန်ဆင်းပြီးပြီးချင်း အဝိုင်းခံခဲ့ရသည်။ သို့သော် သူက လွတ်မြောက်ရန် ထွက်ပြေးခြင်းမဟုတ်ဘဲ သေခြင်းတရားကို တောင်းဆိုနေခြင်းဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်ရသည်။

ရန်ရှစ်ခွမ်းက စူးချင်း၏အခန်းတံခါးကို လှမ်းကြည့်လိုက်ပြန်သည်။

ဒီအဆိပ်က တကယ်ကို ကြောက်စရာကောင်းတယ်။ လူတွေကို သေချင်စိတ်တောင် ပေါ်လာစေတယ်။ သေတာထက်ပိုဆိုးတဲ့ဘဝနဲ့ ရှင်သန်နေရအောင် လုပ်နိုင်တာလား?

တစ်ဖန် စူးချင်းကသာ သူ့ရန်သူဖြစ်ခဲ့လျှင် သူမက ယှဥ်ပြိုင်ရန် အခက်ခဲဆုံးပြိုင်ဘက်ဖြစ်လာမည်ဟု သူ ခံစားလိုက်မိပြန်သည်။

ထို့အပြင် သူထံ၌ စစ်သည်များ ပိုများနေလျှင်ပင် သူမကို ဖမ်းနိုင်မည်ဟု သူ မထင်တော့ပေ။

ရန်ရှစ်ခွမ်းက ဤနေရာသို့ အချိန်မီရောက်လာရခြင်းမှာ သူက စားသောက်ဆိုင်မှ ထွက်ပြီး စခန်းသို့ ပြန်နေသည့် လမ်းပေါ်တွင် ရှိနေခဲ့သောကြောင့် ဖြစ်သည်။ သူ ဤတည်းခိုဆောင်ရှေ့မှ ဖြတ်သွားချိန်တွင် စားပွဲထိုးတစ်ယောက်က သူကို တားခဲ့ထားသောကြောင့် အမြန်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်သည်များ ပြန်ထွက်ခွာသွားပြီးနောက် ဧည့်သည်များအပါအဝင် တည်းခိုဆောင်၏ဆိုင်ရှင်နှင့် အလုပ်သမားများအားလုံး သက်ပြင်းချလိုက်ကြသည်။ သူတို့က စူးချင်း၏အခန်းကိုလည်း မော့ကြည့်နေကာ ကြောက်လန့်တကြား ငြိမ်ကုတ်နေကြသည်။ ထိုကလေးမလေးက အလွန်လှပပုံရသော်လည်း ရန်စရန် မဖြစ်နိုင်သော သူရဲကောင်းမလေးသာ ဖြစ်သည်။

“အဲဒီမိန်းကလေးအတွက် ရေနွေးကို သေသေချာချာ သွားပို့ပေးခဲ့”

ဆိုင်ရှင်က စားပွဲထိုးတစ်ယောက်ကို ခေါ်ကာ ညွှန်ကြားလိုက်သည်။

ဒီနတ်ဆိုးကြယ်လေးကို ကောင်းကောင်း မဧည့်ခံပေးနိုင်ရင် သူ အသက်ရှင်နိုင်ပါတော့မလား?

လူတိုင်းက သူမကို ကြောက်ရွံ့နေကြသော်လည်း စူးချင်းကတော့ လုံးဝ ဂရုမစိုက်ပေ။ သူမက ရေချိုးပြီး စောစောအိပ်ယာဝင်လိုက်သည်။ သူမ အလွန်အိပ်ချင်နေသည်မှာ သိသာနေသော်လည်း သူမ အိပ်မပျော်နိုင်သေးပေ။

"ရှောင်ချီ"

စူးချင်းက သူမ၏အကျင့်အတိုင်း ရှောင်ချီကို လှမ်းခေါ်လိုက်သော်လည်း သူမအတွက် တုံ့ပြန်မှု မရခဲ့ပေ။ ထိုမှသာ သူမက သူမ၏မိဘများကို ကာကွယ်ပေးရန် ရှောင်ချီကို မော့ချန်တွင် ထားရစ်ခဲ့မိကြောင်း သူမ ပြန်မှတ်မိသွားခဲ့သည်။

နောက်တစ်နေ့မနက်တွင် စူးချင်းက ရေချိုးပြီးသည်နှင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူမက သူမ သခင်ကြီးကျန်း၏ အိမ်သို့ မသွားမီ နံနက်စာစားရန် ‌တွေးထားခဲပြီး အောက်ထပ်သို့ဆင်းလာသည်နှင့်တပြိုင်နက် နတ်ဆိုးဆန်သောမျက်နှာကို တွေ့ရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

All Chapters