အိမ်ပြောင်းခြင်း
Vol. 23 Ch. 340
"ကျွန်မ အိမ်ပြောင်းပြီးရင် ကျွန်မအိမ်မှာ ထမင်းစားဖို့ ရှင့်ကို ဖိတ်ပါ့မယ်"
စူးချင်းက အပြန်အလှန် တုံ့ပြန်မှု မရှိလျှင် မယဉ်ကျေးဘူးဟု ခံစားရသူဖြစ်သည်။ ချူကျင်းဖုန်း၏အကူအညီ မပါလျှင် သူမ သဘောကျနေသည့် ဤအိမ်ကို ယခုလောက် မြန်မြန်ဆန်ဆန် ဝယ်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူ့ကို ထမင်းတစ်နပ် ကျွေးရန် ဖိတ်ခေါ်ခြင်းက သင့်လျော်သော ကိစ္စသာ ဖြစ်သည်။
သို့သော်လည်း သူမက ယခု မော့ချန်သို့ ပြန်သွားရန် အလျင်လိုနေပြီး သူမ၏မိဘများကို သွားခေါ်ချင်နေပြီ ဖြစ်သည်။ သူမက ကျိရွှေရှန့် ပြန်မရောက်လာခင် မော့ချန်မှ ထွက်ခွာချင်နေသောကြောင့် အချိန်မဖြုန်းနိုင်တော့ပေ။
"ကောင်းပြီလေ၊ ငါ မင်းကို စောင့်နေပါ့မယ်။ မင်း စိတ်မပူပါနဲ့၊ မင်း မိဘတွေကို အမြန်ဆုံး သွားခေါ်လိုက်ပါ။ ပြီးတော့ ငါ ဒီအိမ်ကို စောင့်ရှောက်ဖို့ တစ်ယောက်ယောက် ရှာနိုင်အောင် ကူညီပေးထားပါ့မယ်"
ချူကျင်းဖုန်းက သူ့၏ပျော်ရွှင်မှုကို ဖုံးကွယ်မထားဘဲ စူးချင်းအတွက် အိမ်တော်ကို စီမံခန့်ခွဲမည့်သူ ကူရှာပေးရန် ကမ်းလှမ်းလာခဲ့သည်။
စူးချင်းက ခေါင်းညိတ်လိုက်ပြီး "ကျေးဇူးတင်ပါသည်"
သူမ အချိန်မဖြုန်းဘဲ ငွေရှင်းရန် တည်းခိုဆောင်သို့ ပြန်သွားခဲ့သည်။ သူမက သူမ၏အပြန်ခရီးအတွက် အဆင်သင့် ဖြစ်နေပြီး တာ့ဟေးကို ပြန်ခေါ်လာပေးမည့် စားပွဲထိုးအား စောင့်ဆိုင်းနေခဲ့သည်။
သူမ စားပွဲထိုးအား စောင့်နေချိန်မှာပင် ချူကျင်းဖုန်း ပြေးလာသည်ကို တွေ့လိုက်ရပြန်သည်။ သူ ပြေးလာရသောကြောင့် သူ၏ကျောက်စိမ်းဖြူရောင်ပါးပြင်များက အနီရောင်ဆေးဆိုးထားသလို ဖြစ်နေပြီး မိန်းခလေးများ၏ပါးပြင်များထက် ပန်းနုရောင်သန်းနေကာ နူးညံ့နေပုံရသည်။
"သခင်မလေးစူး၊ မင်း လမ်းမှာ စားဖို့ စားစရာနဲ့ ရေကို ငါ ပြင်ဆင်လာခဲ့တယ်"
ချူကျင်းဖုန်းက အမောတကော ဖြစ်နေပြီး စူးချင်းအတွက် ရေအိတ်နှင့် အထုပ်တစ်ထုပ်ကို လှမ်းပေးနေခဲ့သည်။ ထိုအထုပ်ထဲတွင် အဆာပြေမုန့်မျိုးစုံ ရှိနေလေသည်။
“ရှင်က အရမ်းစဉ်းစားပေးတတ်တယ်၊ ကျေးဇူးတင်ပါတယ်”
စူးချင်းက အထုပ်နှင့် ရေအိတ်ကို လှမ်းယူကာ ချူကျင်းဖုန်းကို ကျေးဇူးတင်စကား ပြောလိုက်သည်။ ချူကျင်းဖုန်းက ကလေးတစ်ယောက်လို ရွှင်မြူးနေပြီး အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ဒါက ဘာမှ မဟုတ်ပါဘူး"
သူ၏တောက်ပသော မျက်လုံးများက ကျောက်မျက်များ မြှုပ်ထားသလိုမျိုး အမှန်တကယ် တောက်ပနေပြီး စူးချင်းက အဝေးသို့ အကြည့်ပြန် လွှဲလိုက်သည်။ သို့သော်လည်း သူမက တူညီသော အတွေးတစ်ခုကို တွေးနေသေးသည်။
ဒီယောက်ျားက ဘာလို့ ဒီလောက်တောင် လှနေနိုင်တာလဲ?
စားပွဲထိုးက ရှောင်ဟေးကို ဆွဲခေါ်ကာ ပြန်ရောက်လာခဲ့ပြီး မြင်းဇက်ကြိုးကို စူးချင်းထံသို့ ဂရုတစိုက် လှမ်းပေးလိုက်သည်။
ဒီနတ်ဆိုးကြယ်ပွင့်လေးကို သူ ကောင်းကောင်း ဝန်ဆောင်မှု မပေးနိုင်ရင် ဒီနတ်ဆိုးကြယ်ပွင့်လေးက သူ့အတွက် ခက်ခဲစေမှာကို သူ စိုးရိမ်မိတယ်လေ။ အဲ့တော့ သူ အလေးအနက် တရိုတသေ ဂရုစိုက်နေရတာပေါ့။
စူးချင်းက ရေအိတ်ကို မြင်းကျောပေါ်တွင် ချည်ပြီး သူမ၏အိတ်ကို ကျောပေါ်တင်ကာ မြင်းပေါ်ကို ခုန်တက်လိုက်သည်။ သူမ၏ သူရဲကောင်းဆန်သော အသွင်အပြင်ကို မြင်လိုက်ရချိန်တွင် ချူကျင်းဖုန်း၏မျက်လုံးများက တောက်ပလာပြန်သည်။
စူးချင်းက သူ့ကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“နှုတ်ဆက်ပါတယ်”
ချူကျင်းဖုန်း ဘာမှ ပြန်မပြောနိုင်သေးခင်မှာပင် စူးချင်းက ကြာပွတ်ကို ဝှေ့ယမ်းလိုက်ပြီး တာ့ဟေးက မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားခဲ့သည်။ ချူကျင်းဖုန်းက လေနှင့်အတူ ထွက်ခွာသွားသော မိန်းခလေးကို ကြည့်နေပြီး သူ့မျက်လုံးများက ပို ပို တောက်ပလာခဲ့သည်။
သူမက အရမ်းထူးခြားလွန်းတယ်။
စူးချင်းက မော့ချန်သို့ အရှိန်အဟုန်ဖြင့် ခရီးနှင်လာခဲ့ပြီး သူမ မော့ချန်သို့ ပြန်ရောက်လာချိန်တွင် သန်းခေါင်ကျော်ပြီဖြစ်ကာ မြို့တံခါးများ ပိတ်ထားပြီးပြီ ဖြစ်သည်။
စူးချင်းက မြို့ရိုးကို မော့ကြည့်လိုက်ပြီး အော်ဟစ်လိုက်ရာ တိတ်ဆိတ်သောညတွင် သူမ၏ အသံက ထူးထူးခြားခြား ကြည်ကြည်လင်လင် ထွက်ပေါ်လာခဲ့သည်။
"ငါ စူးချင်းပါ။ ငါ့အတွက် တံခါးဖွင့်ပေးဖို့ မြို့စောင့်တပ်က ညီအစ်ကိုတွေကို အနှောင့်အယှက် ပေးပါရစေ”
စူးချင်း၏အသံကို ကြားလိုက်ချိန်တွင် မြို့စောင့်တပ်များက အောက်သို့ ချက်ချင်း ငုံ့ကြည့်လိုက်ကြသည်။ လရောင်အောက်တွင် အစိမ်းရောင်အဝတ်အစား ၀တ်ထားသည့် စူးချင်းက မြင်းပေါ်တွင် ထိုင်နေလေသည်။ သူမ၏ ပြေပြစ်သောအသွင်အပြင်နှင့် အေးစက်သောအမူအရာတို့က လူတိုင်းအတွက် ရင်းနှီးပြီးသားဖြစ်သည်။
စူးချင်းက ထိုစစ်သည်များ၏နှလုံးသားထဲရှိ နတ်ဘုရားတစ်ဆူ ဖြစ်သည်။ သူမက အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း သူမကို လူတိုင်းလေးစားကြပြီး သူတို့၏ သူမအပေါ်ထားသည့် လေးစားမှုက စစ်သူကြီးရှောင်းဟမ်အပေါ်ထားသည့် သူတို့၏လေးစားမှုထက် မလျော့နည်းလှပေ။
မြို့ရိုးပေါ်မှ စစ်သည်တစ်ယောက်က မြို့တံခါးမှ အစောင့်တပ်သားကို စူးချင်း လှမ်းအော်လိုက်သည်။
“တံခါးဖွင့်ပေးလိုက်ပါ”
စူးချင်းက သူမရှေ့မှ ပွင့်လာသည့်ကို မြို့တံခါး ကြည့်နေချိန်တွင် ကြိုးတံတားပါ ကျလာခဲ့သည်။ ထိုအခိုက်အတန့်တွင် သူမ မော့ချန်မှ ထွက်ခွာရန် အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။
“ကျေးဇူးတင်ပါတယ် ညီအကိုတို့”
သူမက မြို့စောင့်တပ်သားများကို လက်သီးအုပ် ကျေးဇူးတင်လိုက်ပြီး ကြာပွတ်ကို မြှောက်လိုက်ရာ တာ့ဟေးက မြှားတစ်စင်းပမာ မြို့ထဲသို့ ပြေးဝင်သွားတော့သည်။
စီရင်စုရုံးတော်နှင့် ပိုနီးလေလေ စူးချင်း၏နှလုံးသားက ပိုလေးလံလာလေလေ ဖြစ်နေခဲ့သည်။ သူမနှင့် အကျွမ်းတဝင်ရှိသော ဤလမ်းမကြီးများနှင့် လမ်းသွယ်များက သူမ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့သည့် ပထမဆုံးနေရာဖြစ်သည်။
စူးဟန်ရွှမ်နှင့် အခြားသူများက အိပ်ပျော်နေကြပြီး စူးချင်းက သူမ၏မိဘများကို မနှိုးချင်သောကြောင့် တာ့ဟေးကို ဆုပ်ကိုင်ထားရင်း ခြံဝင်း၏နံရံကြီးကို မော့ကြည့်လိုက်သည်။ ထို့နောက် သူမက တာ့ဟေးကို ဆွဲကာ အရက်ချက်ရုံသို့ ဦးတည်လိုက်သည်။
အရက်ချက်ရုံတွင် ညောင်စောင်းရှည် တစ်လုံး ရှိပြီး အများအားဖြင့် သူမ အလုပ်ပင်ပန်းလာသည့်အခါ ထိုအပေါ်မှာ အိပ်ပြီး အနားယူလေ့ရှိသည်။ သူမက ထိုနေရာတွင် တစ်ညတာ အနားယူပြီး မနက်ဖြန်မနက်မှ အိမ်ပြန်ရန် ဆုံးဖြတ်လိုက်သည်။
အရက်ချက်ရုံက မည်းမှောင်နေပြီး ဝင်းတံခါးကို အတွင်းဘက်မှ မင်းတုန်းထိုးထားသည်။ ထို့ကြောင့် တစ်စုံတစ်ယောက် ဤနေရာတွင် ရှိနေပုံရသည်ဟု ခန့်မှန်းရသည်။
စူးချင်းက ဤအရက်ချက်ရုံတွင် အလုပ်သောလူများ နှင့် သူ့တို့၏မိသားစုများအကြောင်းကို ချက်ချင်း တွေးလိုက်သည်။ သူတို့ နေ့ဘက်တွင် အလုပ်လုပ်ပြီး ညဘက်တွင် အရက်ချက်ရုံ၌ အိပ်နေခြင်းလည်း ဖြစ်နိုင်သေးသည်။
စူးချင်းက တံခါးကို မခေါက်တော့ဘဲ တာ့ဟေး၏လည်ပင်းကို ခပ်ဖွဖွ ပုတ်ပေးလိုက်ရင်း "ငါ့ကို ခဏစောင့်"
တာ့ဟေးက နှာမှုတ်လိုက်ပြီး လူသားတစ်ယောက်လို သူ့သခင်ကို ခေါင်းညိတ်ပြလိုက်သည်။ ၎င်း၏ အနက်ရောင်မျက်လုံးကြီးများက ၎င်း၏သခင်ထွက်ခွာသွားသည်ကို ကြည့်နေပြီး မယုံနိုင်လောက်အောင် နာခံမှုရှိနေခဲ့သည်။
စူးချင်းက နံရံပေါ်သို့ ခုန်တက်သွားခဲ့သည်။ အရက်ချက်ရုံ၏နံရံများအားလုံးတွင် ချွန်ထက်သော ဝါးများ ထိုးစိုက်ထားသည်။ သာမာန်လူများ ခုန်တက်သွားပါက ဝါးချွန်များတွင် ထိုးစိုက်မိပြီး နံရံတွင် တံစို့ထိုးခံရမည်ဖြစ်သော်လည်း စူးချင်းကတော့ မြေပြန့်ပေါ်တွင် ရပ်နေသကဲ့သို့ ဝါးချွန်၏ထိပ်ဖျားတွင် ရပ်နေခဲ့သည်။
သူမ ခြံဝင်းထဲသို့ ဝင်ပြီးနောက် စူးချင်းက တံခါးကို ဖွင့်ပေးကာ တာ့ဟေးကို အထဲသို့ ဝင်စေပြီးမှ တံခါးကို ပြန်ပိတ်လိုက်သည်။ အရက်ချက်ရုံ၏တံခါးကို သော့ခတ်ထားသော်လည်း စူးချင်းထံတွင် သော့တစ်ချောင်းရှိနေသေးသည်။ သူမက အခြားသော့ကို လွမ်ဟုန်အား ပေးထားခဲ့ခြင်းဖြစ်သည်။
စူးချင်းက သော့ကို ထုတ်ကာ အရက်ချက်ရုံ၏တံခါးကို ဖွင့်လိုက်သည်။ သူမက တံခါးကို တွန်းဖွင့်ပြီး လရောင်အောက်မှ အခန်းထဲကို လှမ်းကြည့်လိုက်သည်။ သူမ ခရီးထွက်နေ့ခဲ့သည် နှစ်ရက်အတွင်းတွင် လွမ်ဟုန်က ဤအရက်ချက်ရုံ စနစ်တကျ စီမံထိန်းသိမ်းထားနိုင်ခဲ့သည်။
လွမ်ဟုန်ကို အရက်ချက်လုပ်ငန်း စီမံခန့်ခွဲမှု လွှဲပြောင်းပေးလိုက်တာ မမှားဘူး။ သူမရဲ့ ဒီဝမ်းကွဲက မိန်းကလေးဆိုတာထက် ယောက်ျားလေးတစ်ယောက်နဲ့ ပိုတူတယ်။ သူမက အရမ်းခေတ်မီပြီး ဒီခေတ်ရဲ့ပဒေသရာဇ် အယူအဆတွေနဲ့ ချည်နှောင်ခံထားရခြင်း မရှိဘူး။
စူးချင်းက တံခါးကို ပြန်ပိတ်ပြီး အထဲသို့ ၀င်လာခဲ့သည်။ သူမက သူမ အိပ်လေ့ရှိသော ညောင်စောင်းပေါ်တွင် လှဲလျောင်းလိုက်ပြီး လွန်ခဲ့သည့် နှစ်ရက်လုံးလုံး သူမ ပြေးလွှားသွားလာရင်း မောပန်းနွမ်းနယ်နေခဲ့သောကြောင့် သူမ အိပ်လိုက်သည်နှင့်တပြိုင်နက် သူမ အိပ်ပျော်နိုင်မည်ဟု ထင်ထားခဲ့သည်။ သို့သော်ငြားလည်း သူမ၏စိတ်ထဲတွင် အကြောင်းအရာမျိုးစုံ ပေါ်လာခဲ့ပြီး အတွေးများနေမိသည်။
သူမ မည်သည့်အချိန်တွင် အိပ်ပျော်သွားမှန်း စူးချင်း မသိသော်လည်း တံခါးခေါက်သံကြောင့် သူမ ပြန်နိုးလာရသည်။
လွမ်ဟုန်က နံနက်စောစော အရက်ချက်ရုံသို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူမ တံခါးသော့ကို ဖွင့်ရန် သူမ၏သော့ကို ထုတ်ယူခဲ့သော်လည်း တံခါးကို အတွင်းဘက်မှ ပိတ်ထားသည်ကို သူမ တွေ့လိုက်ရသည်။ သူမ တံခါးကို တွန်းဖွင့်ခဲ့သော်လည်း တံခါးက ပွင့်မလာခဲ့ပေ။ ထိုအချိန်တွင် သစ်ပင်အောက်မှ တာ့ဟေးက နှုာမှုတ်ပြီး သူမကို အသံပေးလိုက်သည်။ လွမ်ဟုန်က ချက်ချင်း ဝမ်းသာသွားပြီး တံခါးကို ခေါက်ရင်း အိမ်ထဲသို့ လှမ်းအော်လိုက်သည်။
"ဝမ်းကွဲအစ်မ၊ အစ်မ ပြန်လာပြီလား?"
စူးချင်းက တံခါးထဖွင့်ပေးလိုက်သည်။ လွမ်ဟုန်က ပျော်ရွှင်နေသော စာငှက်ကလေးတစ်ကောင်ကဲ့သို့ အခန်းထဲသို့ ခုန်ဝင်လာကာ ပန်းပွင့်လေးကဲ့သို့ တောက်ပစွာ ပြုံးနေခဲ့သည်။
“မင်း အရက်ချက်ရုံကို ကောင်းကောင်း ထိန်းသိမ်းထားနိုင်တယ်၊ တော်တယ်”
စူးချင်းက သူမ၏ဝမ်းကွဲညီမကို ချီးကျူးလိုက်ပြီး လွမ်ဟုန်က ချက်ချင်း ပျော်ရွှင်သွားခဲ့သည်။
“ကျွန်မက ကျွန်မရဲ့နှလုံးသားတစ်ခုလုံးကို ဒီထဲမှာ နှစ်မြှုပ်ထားတာ၊ ထမင်းစာရင်တောင် ဒီမှာပဲ စားခဲ့တယ်။ ကျွန်မက ဝမ်းကွဲအစ်မကို ဆွဲချမိတာမျိုး ဖြစ်မှာကို ကြောက်တယ်"
"မဆိုးပါဘူး၊ မင်း တော်တယ်"
စူးချင်းက သူမ၏ဝမ်းကွဲကို ထပ်ပြီး ချီးမွမ်းလိုက်သော်လည်း သူမ၏စကား မဆုံးသေးခင်မှာပင် သူမ၏ဝမ်းကွဲက သူမကို အရက်သိုလှောင်ခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။
“အစ်မဝမ်းကွဲ၊ ဒီအရက်စည်ငါးစည်ကို ကြည့်ပေးပါဦး။ ဒါတွေကို ကျွန်မရောထားတာ၊ အဲဒါတွေကို မြည့်ကြည့်ပေးပါဦး”
လွမ်ဟုန်က အရက်ခပ်သည့် ဇွန်းတစ်ချောင်းဖြင့် အရက်များ ခပ်ယူလိုက်ပြီး ဝမ်းကွဲအစ်မဖြစ်သူ၏ပါးစပ်နားအထိ ကပ်ပေးလိုက်သည်။ သူမက စူးချင်းကို စိတ်အားထက်သန်စွာ ကြည့်နေပြီး စူးချင်းထံမှ ချီးမွှမ်းခံရရန် စောင့်မျှော်နေပုံရသည်။
စူးချင်းက အရက်ဇွန်း လှမ်းယူပြီး မြည်းကြည့်လိုက်သည်။ လွမ်ဟုန်၏ စိုးရိမ်ပူပန်နေသော အကြည့်များအောက်တွင် သူမက ခေါင်းညိတ်ပြလိုက်သည်။
"အရမ်း ကောင်းတယ်"
"အရမ်း ကောင်းတယ်လား? ကျွန်မက အစ်မ ရောထားတဲ့ အရက်နဲ့ အတူတူပဲလို့ ပြောပေမယ့် အစ်ကိုချိုးက မတူဘူးလို့ ပြောခဲ့တယ်။ သူ တစ်ခုခုကြောင့် စိတ်တိုနေတယ်လို့ အစ်မထင်လား?"
လွမ်ဟုန်က နှုတ်ခမ်းစူပြီး စူးချင်းကို တိုင်တန်းနေခဲ့သည်။
"ဒီနှစ်ရက်အတွင်းမှာ ချိုးယုံခန်းက ဒီနေရာကို ရောက်လာခဲ့တာလား??"
စူးချင်းက မျက်ခုံးပင့်လိုက်သည်။ သူ ဒီကို လာတာ အရမ်းရှားတယ် မဟုတ်ဘူးလား?
"အိုး! ဟုတ်တယ်၊ အစ်မ မရှိတဲ့အချိန် အလုပ်ရှုပ်နေမှာကို စိုးရိမ်လို့ သူက နေ့တိုင်းလာကူညီပေးနေတာပါ"
လွမ်ဟုန်က အားတက်သရော ခေါင်းညိတ်လိုက်သည်။ စူးချင်းက တစ်ခုခုမှားနေပြီဟု ခံစားနေမိသည်။
"မင်း မင်း အရက်ရောစပ်တဲ့အချိန်မှာ သူ့ကို ကြည့်ခွင့်ပေးလိုက်သေးလား?"
စူးချင်း ရုတ်တရက် လွမ်ဟုန်ကို မေးလိုက်သည်။ လွမ်ဟုန်က ခဏတာမျှ အံ့အားသင့်နေခဲ့ပြီး သူမ၏အကြည့်များက အနည်းငယ် လွဲချော်နေပုံရသည်။
"ဒါဆို မင်း သူ့ရှေ့မှာ အရက် ရောစပ်ခဲ့တယ်ပေါ့"
သူမ၏အမူအရာကို မြင်လိုက်သည်နှင့် စူးချင်းက သူမ မေးလိုက်သည့်မေးခွန်း၏အဖြေကို သိသွားပြီ ဖြစ်သည်။
နောက်ဆုံးတော့ လွမ်ဟုန်က ငယ်ရွယ်သေးတဲ့ အလိုလိုက်ခံ သခင်မငယ်လေးတစ်ယောက်ပဲလေ။ သူမက ကမ္ဘာကြီးရဲ့အန္တရာယ်တွေကို မသိခဲ့သလို စီးပွားရေးနဲ့ဆိုင်တဲ့ လျှို့ဝှက်ချက်တွေကိုလည်း နားမလည်သေးဘူး။
“အရက် ရောစပ်တဲ့အချိန်မှာ အပြင်လူတွေကို ရှောင်ဖို့ သတိထားရမဘ်။ ဒါက ငါတို့မိသားစုရဲ့ ထူးခြားတဲ့ အရက်ရောစပ်နည်းပဲ၊ ပေါက်ကြားသွားလို့ မရဘူး”
စူးချင်းက သူမ၏ဝမ်းကွဲကို တင်းမာသောအမူအရာဖြင့် သတိပေးလိုက်သည်။ သူမက သူမ၏ဝမ်းကွဲညီမလေးကို အလေးအနက်ထားတက်ရန်နှင့် ရည်ရွယ်ချက်မတူသည့် လူအများကြီး ရှိနေကြောင်း၊ လုပ်ငန်းလျှို့ဝှက်ချက်များကို မိမိလက်ထဲတွင် သိမ်းဆည်းထားရမည်ဖြစ်ကြောင်း အလေးအနက်ထား သတိပေးခဲ့သည်။
"ကျွန်မ နားလည်ပါပြီ"
လွမ်ဟုန်က အလောတကြီး ခေါင်းညိတ်ပြလိုက်ပြီး အပြစ်မကင်းဟန်ဖြင့် ခေါင်းပြန် ငုံ့ထားခဲ့သည်။ သူမက အမှားတစ်ခုခု လုပ်မိသည့် ကလေးတစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားနေပြီး သူမ၏ ကျောက်စိမ်းဖြူကဲ့သို့ လက်လေးနှစ်ဖက်ကို ယှက်ထားကာ ကျုံကျုံလေး မတ်တပ်ရပ်နေခဲ့သည်။
သူမက ၎င်းကို အခြားသူတစ်ဦးထံမှ ဖုံးကွယ်ရန် တွေးခဲ့မိသော်လည်း ချိုးယုံခန်းက သူမတို့ထဲမှ လူတစ်ဦးဖြစ်သည်ဟု သူမ ထင်နေခဲ့သည်။ သူက သူမတို့အပေါ် အစ်ကိုကြီးတစ်ယောက်ကဲ့သို့ ထောက်ထားစာနာပေးလေ့ရှိသောကြောင့် လွမ်ဟုန်က သူ့ကို အလွန်အကျူး ယုံကြည်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမက သူ့အပေါ် သတိဖြင့် မဆက်ဆံခဲ့ပေ။
စူးချင်းက ဝမ်းကွဲညီမလေး၏ သူမကိုယ်သူမ အပြစ်တင်နေပြီး စိတ်မသက်မသာဖြစ်နေသည့် အမူအရာကို မြင်သွားခဲ့ပြီး သူမ လွမ်ဟုန်အပေါ် အနည်းငယ် ကြမ်းတမ်းလွန်းသွားခဲ့သည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူမ တစ်ခုခု ပြောသင့်သည်ဟု တွေးကာ သူမ၏လေသံပြောင်းပြီး ထပ်မေးလိုက်သည်။
"ချိုးယုံခန်း ရှေ့မှာ မင်း ဘယ်အရက်အမျိုးအစားကို ရောစပ်ခဲ့တာလဲ?"