ဖြုံလောက်စရာ ပြိုင်ဘက်
Vol. 23 Ch. 223
မမျှော်လင့်ပဲ အလွန်လှပသော မိန်းမပျိူ လေးတယောက်ကို တွေ့လိုက်ရ၍ စုချန်း နည်းနည်းတော့ အံ့သြသွား၏။
သူ့စိတ်ထဲတွင် ဤမျှ ကလိန်ကကျစ်နိုင်သော အကြံအစည်ကို ပြုလုပ်သူမှာ အဆိပ်ပြင်းသော၊ ကောက်ကျစ်သော အကြံသမားတဦးသာ ဖြစ်လိမ့်မည်ဟု ယူဆထားသည် မဟုတ်ပါလား။ ယခုတော့ လှိုဏ်ခေါင်းထဲမှ ထွက်လာသူမှာ ချောမောသည့် မိန်းမပျိူ လေးတဦး ဖြစ်နေ၏။ အထင်နှင့် အမြင် တခြားစီ ဖြစ်နေခဲ့လေပြီ။
အထက်ပါအကြောင်းကြောင့် သူသည် မဆိုစလောက်ကလေး တုံ့ဆိုင်းသွားလေသည်။ သာမာန်အားဖြင့် ကလိန်ကကျစ် အကြံအစည်ပိုင်ရှင် ထွက်လာသည်နှင့် သူက ရုတ်တရက် ဝင်တိုက်ရန်သာရှိသည်။ ယခုတော့ တုံ့ဆိုင်းနေသဖြင့် ဘာမှပင်မလုပ်လိုက်ရ။
သို့တိုင်အောင် သူမသည် စုချန်းအား ချက်ချင်းပင် အာရုံခံမိသွားပုံရသည်။ သူမက နောက်လှည့်ပြီး ချက်ချင်းလိုလို အော်ဟစ်မေးမြန်းလိုက်သည်။
"ဟေ့ ဘယ်သူလဲ"
စုချန်းအနေနှင့် နောက်ထပ် အချိန်ဖြုန်းစရာ ဘာအကြောင်းမှ မရှိတော့။ သူက မီးလျံစက်လုံးတလုံးကို ဖန်တီးလိုက်ပြီး အမျိူ းသမီးငယ်အား စတင်တိုက်ခိုက်လိုက်တော့သည်။
စုချန်းက မီးလျံသိမ်းငှက်ကို မသုံး။ ပြင်ဆင်မှုမရှိသော လူအများစုအတွက် မီးလျံစက်လုံးနှင့်ပင် လုံလောက်လေ့ရှိသည် မဟုတ်ပါလား။
သို့သော် အနှီ အမျိူ းသမီးငယ်သည် အထက်က ဆိုခဲ့သော လူအများစုထဲတွင် ပါပုံမရ။ မီးလျံစက်လုံး ပေါ်ပေါက်လာသည်နှင့် သူမ၏ ကိုယ်ခန္ဓာသည် ရုတ်တရက် ပျောက်ကွယ်သွား၏။ တစ္ဆေတကောင်ပမာ ရုတ်တရက် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
စုချန်း၏ မီးလျံစက်လုံးသည် သူမ ချန်ထားရစ်သည် ပုံရိပ်ကို ဖြတ်သန်းသွားပြီး အနီးအနားရှိ ကျောက်တုံးကို ထိမှန်သွားသည်။ ပေါက်ကွဲသံတချက် ထွက်ပေါ်လာပြီး မီးတောက်မီးလျံများ တောက်လောင်လာ၏။ အမျိူ းသမီးငယ်သည် မီးလျံစက်လုံးကိုသာ လွတ်အောင်ရှောင်လိုက်နိုင်သည်။ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် အားလှိုင်းများကိုတော့ မရှောင်နိုင်ရှာ။ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာပြီး သူမတကိုယ်လုံး လေထဲသို့ လွင့်စင်သွား၏။
ထိုအခိုက်မှာပင် စုချန်းက မိုးကြိုးဓားနှင့် ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။ တိုက်ပွဲကို စခဲ့ပြီဆိုမှတော့ စုချန်းအနေနှင့် သနားနေစရာ အကြောင်းမရှိတော့။ အထူးသဖြင့် အမျိူ းသမီးငယ်သည် သူ့တိုက်ခိုက်မှုများကို အံ့သြသင့်ဖွယ် တုံ့ပြန်နေသည် မဟုတ်ပါလော။
အမှန်တကယ်လည်း အံ့သြသင့်လောက်စရာ တုံ့ပြန်မှုဟု ဆိုနိုင်သည်။
သူမ၏ ကိုယ်ခန္ဓာတခုလုံး လေပေါ်တွင် ရောက်နေသည့်တိုင် အမျိူ းသမီးငယ်သည် တုံ့ပြန်မှု ပြုလုပ်နိုင်သေး၏။ သူမသည် လက်နှစ်ဖက်ကို နောက်ပြန်ဝေ့ယမ်းပြီး စုချန်း၏ မိုးကြိုးဓားကို ခံယူလိုက်သည်။ ထို့နောက် ထိုအရှိန်ကိုပင် အသုံးချကာ နောက်သို့ ခုန်ဆုတ်သွားလေသည်။
သို့သော် စုချန်းကား တိုက်ပွဲအတွေ့အကြုံ များစွာ ရင့်ကျက်နေခဲ့လေပြီ။ သူသည် မိုးကြိုးဓားနှင့် အမျိူ းသမီးငယ်ကို တိုက်ခိုက်ပြီးသည်နှင့် ဝိညာဉ်မျက်လုံးကို ဆက်တိုက် ဖော်ထုတ်လိုက်သည်။
ရှေးဟောင်းအာကင်နာ နည်းစနစ်များသည် မူလစွမ်းအင်ပုံစံကို မြန်မြန်ဆန်ဆန် ပြင်ဆင်နိုင်၍ သူတို့ကို အတူတကွ ဖော်ထုတ်နိုင်၏။ မူလစွမ်းရည်နှစ်မျိူ းသည် တခုပြီးမှ တခု ထွက်ပေါ်လာသည်ဆိုသော်ငြား သူတို့ကြား ကွာဟချက်မှာ အတော်ပင် တိုတောင်း၏။ တဖက်တွင်လည်း မူလစွမ်းအင် ပုံစံများကို ခပ်စောစောလေး မဖော်ထုတ်ထားလျင် နောက်ပိုင်းတွင် တွဲသုံးရန် ခက်သွားတတ်သည်။ အကြောင်းမှာ ၎င်းတို့အတွက် မူလစွမ်းအင်များကို စဉ်ဆက်မပြတ် အသုံးပြုရန် လိုအပ်သည် မဟုတ်ပါလား။ ထို့ကြောင့် စုချန်းက မူလစွမ်းအင်နှစ်မျိူ းကို တိုက်ပွဲစကတည်းက တွဲဖက်အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ဝိညာဉ်မျက်လုံးကို ဖော်ထုတ်လိုက်သည်နှင့် အမျိူ းသမီးငယ်သည် လေထဲမှာပင် အေးခဲသွားသလို ထင်ရသည်။ ထိုအချိန်တွင် စုချန်းက နောက်ထပ် မိုးကြို းဓားကို ထပ်မံအသုံးပြုလိုက်ပြန်သည်။ သူ့အနေနှင့် ဤမိန်းကလေးကို မသေစေလိုသေး။ ထို့ကြောင့် မိုးကြို းဓားကိုသာ အသုံးပြုလိုက်ခြင်း ဖြစ်သည်။
မိုးကြိုးဓားသည် သူ့ပစ်မှတ်ကို တည့်မတ်စွာ ထိမှန်သွား၏။ အမျိူ းသမီးငယ်သည် နာကျင်စွာ အော်ဟစ်လိုက်သည်။ သို့သော် သူမသည် ချက်ချင်းလိုလိုပင် ပြန်လည်သတိရလာပြီး မြေကြီးပေါ်သို့ ခုန်ဆင်းလိုက်၏။ သူမ မြေကြီးပေါ်ရောက်သည်နှင့် စုချန်းက ပုန်းအောင်းနေရာမှ တဟုန်ထိုး ခုန်ထွက်ပြီး မိုးကြိုးဓားနှစ်ချောင်းကို ဆက်တိုက်လိုလို ပစ်လွှတ်လိုက်သည်။ သူသည် ပြိုင်ဘက်ဖြစ်သူကို ဒဏ်ရာရစေရုံနှင့် ဆက်လက်တိုက်ပွဲမဝင်နိုင်ရုံသာ စနစ်တကျ တွက်ချက်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ တဖက်လူ အသက်ပျောက်မသွားစေရန် များစွာ သတိထား၏။
ထိုအချိန်တွင် အမျိူ းသမီးငယ်က ခေါင်းမော့ပြီး စုချန်းကို စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးအစုံသည် အရောင်များ ဝင်းလက်တောက်ပနေ၏။ သူမ၏ ထူးခြားလှသော အကြည့်ကြောင့် စုချန်း၏ စိတ်အာရုံတခုလုံး သွက်သွက်ခါအောင် တုန်လှုပ်သွားတော့သည်။
သေစမ်း...
တဖက်လူသည်လည်း စိတ်ဝိညာဉ်အမျိူ းအစား မူလစွမ်းရည် တမျိူ းမျိူ းကို တတ်ကျွမ်းနေပုံရချေသည်တကား။ ပို၍ စိတ်တိုစရာကောင်းသည်မှာကား သူမ၏ နောက်ထပ် တုံ့ပြန်မှုဖြစ်သည်။ သာမာန်လူ မည်သူမဆို ဤအခြေအနေမျိူ းတွင် စုချန်း၏ မိုးကြိုးဓားနှစ်ချောင်းနှင့်ရင်ဆိုင်ရပါက ရှောင်တိမ်းရန် ကြိုးစားမည်သာ။ သို့သော် သူမကား အနည်းငယ်မျှပင် ရှောင်တိမ်းခြင်းမပြု။ မိုးကြိုးဓားနှစ်ချောင်းကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
စုချန်း၏ မိုးကြိုးဓားများကို ခုခံပြီးသည်နှင့် သူမသည် လက်တဖက်ကို မြောက်လိုက်၏။ ထိုအခါ အလွန်တောက်ပသော အလင်းကွေးတခုသည် လေထုကို ဖြတ်သန်းကာ စုချန်းဆီသို့ ပြေးဝင်လာတော့သည်။ စုချန်းအဖို့ စတင်တိုက်ခိုက်ကတည်းက မက်ခ်အကာအကွယ်ကို နှိုးဆွထား၍သာ တော်တော့သည်။ သို့တိုင်အောင် တိုက်ခိုက်မှုတွင် ပါဝင်လာသည့် ကြောက်စရာအင်အားကြောင့် စုချန်း လေထဲသို့ လွင့်စင်သွား၏။ သူ၏ မက်ခ်အကာအကွယ်မှာလည်း နှစ်လွှာတိတိ ပျက်စီးသွားလေသည်။
အမှန်တော့ အမျိူ းသမီးငယ် ကိုယ်တိုင်လည်း မသက်သာလှ။ စုချန်း၏ မိုးကြိုးဓားကြောင့် သူမ ဒဏ်ရာရသွားလေသည်။ သို့သော် ပို၍ အရေးကြီးသည်မှာ တိုက်ပွဲ၏ ချိန်ခွင်လျှာကို ပြောင်းလဲလိုက်နိုင်ခြင်းပင်။ သူမ အပေါ်စီးရသွားလေပြီ။ စုချန်း လွင့်စင်သွားသည်နှင့် သူမသည် ပစ္စည်းတခုကို ဆွဲထုတ်ပြီး လေထဲသို့ ပစ်လွှတ်လိုက်၏။
မူလက မှောင်မဲနေသော ရွှံ့ဘီလူး၏ သားရဲတွင်းတခုလုံး နေ့အခါကဲ့သို့ လင်းထိန်သွားသည်။ အစတုန်းကတော့ ထိုပစ္စည်းကို ပြင်းထန်အားကောင်းသော တိုက်ခိုက်ရေးကိရိာတမျိူ းဟု စုချန်းက ထင်လိုက်သေးသည်။ နောက်တော့မှ ထိုပစ္စည်းသည် လမင်းအလင်းရောင်ကျောက်တုံးမှန်း သူ သဘောပေါက်လိုက်၏။
လှိုဏ်ခေါင်းတခုလုံးကို လမင်းအလင်းရောက်ကျောက်တုံးနှင့် လင်းထိန်စေပြီး သူမ ဘာလုပ်ချင်နေသနည်း။ စုချန်း နားမလည်နိုင်တော့။
အမှန်တော့ စုချန်းတွင် ထိုကိစ္စကို စဉ်းစားနေရန်လည်း အချိန်မရှိချေ။ အမျိူ းသမီးငယ်၏ ခွန်အားနှင့်် တုံ့ပြန်မှုသည် သူမျှော်လင့်ထားသည်ထက် များစွာ သာလွန်နေသည် မဟုတ်ပါလား။ သူမ၏ တန်ပြန်တိုက်ခိုက်မှုကို ကြုံတွေ့လိုက်ကတည်းက စုချန်း သဘောပေါက်လိုက်သည်မှာ သူ့အနေနှင့် မီးလျံငှက်ကို မသုံး၍မရတော့။
ပေါက်ကွဲနေသော မီးလျံငှက်သည် ကျယ်လောင်စွာ အော်ငြီးကာ အတောင်များကို ဆန့်တန်း ပျံသန်းသွား၏။ နောက်ဆုံးတော့ စုချန်းတယောက် ဝှက်ဖဲပါမကျန် ထုတ်သုံးရလေပြီ။ မီးလျံငှက်ကို မြင်သည်နှင့် အမျိူ းသမီးငယ်သည် အံသြသင့်ဟန် ပေါ်လာ၏။ ထို့နောက် သူမက အေးစက်သောလေသံနှင့် ပြောလိုက်သည်။
"လက်စသတ်တော့ ရှင်ကိုး"
ပြောပြောဆိုဆို အမျိူ းသမီးငယ်သည် လေထဲသို့ ခုန်ထွက်လိုက်သည်။ ထို့နောက် သူမ၏ ကိုယ်ခန္ဓာသည် လမင်းအလင်းရောင်များနှင့် တဖြည်းဖြည်း ရောနှောပေါင်းစပ်သွား၏။ တနည်းအားဖြင့် သူမ၏ ပကတိကိုယ်ခန္ဓာသည်ပင် မရှိတော့ပဲ လမင်းအလင်းရောင်များသာ ကျန်ရှိတော့သည်ဟု ထင်မှတ်ရလေသည်။ မီးလျံငှက်သည် အလင်းရောင်များကို ဖြတ်သန်းကာ ပျံသန်းသွားလေသည်။ မည်သည့်အရာကိုမှ ထိခိုက်မိခြင်းမရှိ။ ပကတိ လေထုကိုသာ ဖြတ်သန်းသွားခြင်းဖြစ်သည်။
"လက်စသတ်တော့ မင်းကိုး"
အမျိူ းသမီးငယ်၏ အထက်ပါလှုပ်ရှားမှုနှင့် တထပ်တည်းတူညီသော လှုပ်ရှားမှုကို စုချန်း တခါက မြင်ဖူးခဲ့သည်။ ညတစ္ဆေအား လူသတ်သမားတယောက် လုပ်ကြံစဉ်က မြင်တွေ့ခဲ့ဖူးခြင်း ဖြစ်သည်။ လူသတ်သမားသည် ညတစ္ဆအား တိုက်ခတ်သတ်ဖြတ်ရန် ထိုလှုပ်ရှားမှုမျိူ းကို အသုံးပြုခဲ့၏။
ယခုတော့ သူတို့နှစ်ယောက်လုံး တယောက်၏ ဇစ်မြစ်ကို တယောက်က အသီးသီး သိရှိသွားကြလေပြီ။
"ဒီတော့ ရှင်ဟာ ရှင်သန်ခြင်းကျောင်းတော်ရဲ့ ကြွင်းကျန်သူပေါ့ ဟုတ်လား"
အမျိူ းသမီးငယ်၏ လေသံတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လွှမ်းမိုးနေ၏။ ထိုအခိုက်မှာပင် သူမသည် ဝုန်းခနဲ ပြန်ပေါ်လာပြီး လေထဲသို့ လက်သည်းများဖြင့် ကုပ်ချလိုက်သည်။ ချွန်ထက်သော လက်သည်းအရိပ်ကြီးသည် စုချန်း၏ ခေါင်းပေါ်သို့ ကြောက်မက်ဖွယ်ရာအရှိန်အဟုန်ဖြင့် ကျဆင်းလာ၏။
အခြေအနေမှာ မကောင်းတော့မှန်း စုချန်း သိလိုက်သည်။ ထို့နောက် သူက နောက်ကို လျင်မြန်စွာ ခုန်ဆုတ်လိုက်၏။ မြန်နိုင်သမျှ မြန်အောင် နောက်ဆုတ်လိုက်ခြင်း ဖြစ်သည်။ တဆက်တည်းမှာပင် သူ့လက်ဖဝါးများထဲမှ မီးလျံသိမ်းငှက်တကောင် ထွက်ပေါ်ပျံသန်းလာ၏။
မီးလျံသိမ်းငှက်သည် ကျောက်စိမ်းလက်သည်းများနှင့် ပြင်းထန်စွာ ဆုံတွေ့မိလေသည်။ ကျောက်စိမ်းလက်သည်းများသည် မီးလျံသိမ်းငှက်ကို ဖောက်ထွင်းသွားလေရာ မီးတောက်မီးလံျများက သူမ၏ လက်ဖဝါးပေါ်သို့ လာရောက်ရိုက်ခတ်မိလေသည်။ ထိုအခိုက်မှာပင် သူမ၏ လက်ဖဝါးသည် ဖောက်ထွင်းမြင်နိုင်သည်အထိ ကြည်လင်လာပြီး မီးလုံးကြီးများသည် ထိုလက်ဖဝါးကို အတိုင်းသာ ဖောက်ထွင်းသွား၏။ သို့သော် သူမ၏ လက်ဖဝါးကိုတော့ အနည်းငယ်မှ ဒဏ်ရာရစေခဲ့ပုံမရ။ တဆက်တည်းမှာပင် သူမ၏ လက်ချောင်းများသည် ကျောက်စိမ်းလက်သည်းများအဖြစ် အလိုအလျောက် ပြန်လည်ပြောင်းလဲသွားပြန်၏။ ထိုလက်သည်းများမှာ လရောင်ကဲ့သို့ ဖြူ ဖွေးသောအလင်းရောင်များ ထွက်ပေါ်နေလေသည်။
နောက်ဆုံးတွင်တော့ သူ့ပြိုင်ဘက် လမင်းအလင်းရောင်ကျောက်တုံးကို အဘယ်ကြောင့် အသုံးပြုနေကြောင်း စုချန်း နားလည်သဘောပေါက်လာ၏။ အမျိူ းသမီးငယ်သည် လမင်းအလင်းရောင်ကို ပုံဖျက်ဖုံးကွယ်ရန်သာ အသုံးပြုသည်မဟုတ်။ တိုက်ခိုက်ရာတွင်လည်း အသုံးပြုနေသည် မဟုတ်ပါလား။
သူမ၏ တိုက်ခိုက်မှု အင်အားဘယ်လောက်ရှိမှန်း စုချန်း မသိ။ ထိုကိစ္စကို သူ့အနေနှင့် စူစမ်းလိုစိတိလည်းမရှိ။ အမျိူ းသမီးငယ်၏ ကျောက်စိမ်းလက်ချောင်းများ သူ့အနီးသို့ ရောက်လာသည်နှင့် စုချန်း၏ ကိုယ်ခန္ဓာသည် လေထဲတွင် လှစ်ခနဲ ပျောက်ကွယ်သွား၏။
အဖြူ ရောင်မျှော်စင်ပို့ဆောင်ခြင်း နည်းစနစ်ပေတည်း။း
စုချန်း၏ ကိုယ်ခန္ဓာသည် မျက်စေ့တမှိတ်အတွင်း အမျိူ းသမီးငယ်၏ နောက်ကျောတွင်ပြန်ပေါ်လာ၏။ ထို့နောက် သူက များပြားလှသော မူလစွမ်းအင်အလင်းမြားများကို ထုတ်ဖော်ကာ သူမအား တိုက်ခိုက်လိုက်တော့သည်။
အမျိူ းသမီးငယ်၏ လမင်းအလင်းရောင်ပုံဖျက်ဖုံးကွယ်ခြင်းနည်းစနစ်သည် အချိန်တိုအတွင်း ဖော်ထုတ်နိုင်ပုံရသည်။ မူလစွမ်းအင်အလင်းမြားများ ပျံသန်းလာသည်နှင့် သူမသည် အလင်းရောင်ထဲ တိုးဝင်ပျောက်ကွယ်သွားပြန်၏။ အလင်းမြားများသည် သူမအား ဖောက်ထွင်းပျံသန်းသွား၏။ သို့သော် သူမကား မည်သည့် ဒဏ်ရာမှမရ။ ထို့နောက် သူမသည် အလင်းရောင်ထဲမှ ပြန်လည်ပေါ်ထွက်လာပြီး စုချန်းအား လက်သည်းများနှင့် ကုပ်လိုက်ပြန်သည်။
စုချန်းသည် မြွေခြေလှမ်းကိုသုံးကာ နောက်ဆုတ်လိုက်ပြီး ကိုယ်ပျောက်ပိုက်ကွန်တခုကို ပစ်လွှတ်လိုက်၏။ ကိုယ်ပျောက်ပိုက်ကွန်သည် သူမအား ဖြတ်သန်းသွားပြီး သူမ၏ လက်များကို ပြတ်ရှသွားစေ၏။ သို့သော် သူမကား အနည်းငယ်မှ ဂရုမစိုက်။ ကျောက်စိမ်းလက်သည်းကို ဖော်ထုတ်ကာ စုချန်းကား လှမ်းကုတ်လိုက်သည်။ ဤတကြိမ်တွင် ကျောက်စိမ်းလက်သည်း ငါးချောင်းတိတိ စုချန်းဆီသို့ ဦးတည်ပျံသန်းလာလေသည်။
မက်ခ် အကာအကွယ်ကား ကြာကြာ တောင့်ခံနိုင်ပုံမပေါ်။ လက်သည်းများသည် စုချန်း၏ ရင်ဘတ်နှင့် ဘယ်ဖက်လက်ကို ထိမှန်သွား၏။ တချိန်တည်းမှာပင် အမျိူ းသမီးငယ်၏ နောက်ကျောမှ မီးတောက်မီးလျံများ လှိုင်းလုံးကြီးသဖွယ် ပေါ်ပေါက်လာသည်။ မီးလျံများသည် ဆိုင်းမဆင့်ဘုံမဆင့်နှင့် ပေါ်ပေါက်လာခြင်းဖြစ်ရာ ဤတကြိမ်တွင်တော့ အမျိူ းသမီးငယ် အငိုက်မိသွား၏။ သူမ၏ ကိုယ်ခန္ဓာသည် စုချန်းဆီသို့ အရှိန်ပြင်းစွာ လွင့်စင်လာတော့သည်။
ဤတကြိမ်တွင် သူမအနေနှင့် လမင်းအလင်းရောင်ပုံဖျက်ဖုံးကွယ်ခြင်းနည်းစနစ်ကို အသုံးပြုနိုင်စွမ်း မရှိတော့။
ထိုအခါ စုချန်းသည် ရှေ့သို့တဟုန်ထိုး ပြေးထွက်ပြီး သူမကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။ လက်ဝါးရိုက်ချက်ကြောင့် သူမ၏ မူလစွမ်းအင်စီးဆင်းမှု ရုတ်တရက် တားဆီးခြင်း ခံလိုက်ရပြီး သူမ၏ ကိုယ်ခန္ဓာသည်လည်း စုချန်း၏ လက်ပေါ်သို့ ခွေခနဲ ပြုတ်ကျလာလေသည်။
စုချန်း၏ နောက်ထပ်လက်ဝါးက သူမ၏ ဇက်ပိုးကို ကျကျနနပင် ထိမှန်သွားပြန်၏။ စက္ကန့်ပိုင်းအတွင်း မျက်ဖြူ လန်ပြီး သူမ သတိမေ့သွားရှာသည်။