← Chapters

ထွက်သွားလိုက်ပါ

Vol. 23 Ch. 226

ထွက်သွားလိုက်ပါ

Vol. 23 Ch. 226

တစုံတယောက်က ကျောက်တုံးကြီးနှင့် ဖိချလာသကဲ့သို့ စုချန်း၏ စိတ်ခံစားချက်သည် ရုတ်တရက် လေးလံထိုင်းမှိုင်းလာ၏။ သူ့နားထဲတွင်လည်း တောအုပ်အတွင်း လူနှစ်ယောက် လျှိူ့ဝှက်စွာ ဆွေးနွေးနေသည့် စကားသံများကို ပြန်လည်ကြားယောင်မိလာလေသည်။

နောက်ဆုံးတော့ သူတို့ တကယ်ပဲ ယွဲ့ဝူချိကို သတ်ပစ်ကြတာကိုး။

သူတို့၏ အကြံအစည် အထမြောက်စေရန် ရှင်သန်ခြင်းကျောင်းတော်သည် ယွဲ့ဝူချိကား တကယ်ပင် သတ်ပစ်ပုံရသည်။

လူတိုင်းလူတိုင်းသည် သူတို့ ရှင်သန်နေထိုင်ရသည့် ပတ်ဝန်းကျင် အခြေအနေပေါ်တွင်သာ မူတည်ပြီး မြင်တတ် ကြည့်တတ်သည် ဖြစ်လေရာ ထိုအမြင်သည် ကန့်သတ်ချက်ရှိသည်ကတော့ အမှန်ပင်။ စုချန်းသည် ရှင်သန်ခြင်းကျောင်းတော်နှင့် ပတ်သက်ဆက်ဆံခဲ့သည့် ကာလတလျှောက်လုံး ၎င်းတို့၏ လူသားဆန်ပြီး ပေါင်းသင်းဆက်ဆံရလွယ်ကူသည့် အခြမ်းဘက်ကိုသာ ထိတွေ့ခဲ့ရသည်။ ၎င်းတို့၏ အမှောင်ဘက်အခြမ်းကို မမြင်ခဲ့ရ။ ထို့ကြောင့် သူ့အနေနှင့် ရှင်သန်ခြင်းကျောင်းတော်ကို အန္တရာယ်မရှိသည့် အဖွဲ့အစည်းတခုအဖြစ်သာ သတ်မှတ်ထားခြင်း ဖြစ်သည်။ သို့သော် ယွဲ့လောင်ရှအတွက်တော့ ရှင်သန်ခြင်းကျောင်းတော်ဟူသည် သူတို့လိုချင်သည့်အရာအတွက် လူတယောက်ကို သတ်ပစ်ရန် လက်မတွန့်သည့် အဖွဲ့တခုသာ ဖြစ်နေ၏။ အမှန်တကယ်လည်း ရှင်သန်ခြင်းကျောင်းတော်သည် လျှိူ့ဝှက်အထူးတပ်ဖွဲ့၏ ခေါင်းဆောင် ယွဲ့ဝူချိကိုပင် လုပ်ကြံသတ်ဖြတ်ရဲသည်အထိ အတင့်ရဲပြီး ကြောက်စရာ အဖွဲ့အစည်း ဖြစ်နေသည် မဟုတ်ပါလား။

အမှန်တော့ သူတို့နှစ်ယောက်လုံးလိုလိုသည် ရှင်သန်ခြင်းကျောင်းတော်၏ စစ်မှန်သော စရိုက်လက္ခဏာကို မြင်တွေ့လိုက်ရခြင်းပင်တည်း။

ရှင်သန်ခြင်းကျေုာင်းတော်သည် လျှို့ဝှက်စွာ ကြံစည်သည်။ အပေးအယူလုပ်သည်။ လိုအပ်ပါက လိုက်လျောပေးသည်။ ထိုမျှသာမက သူတို့လမ်းတွင် လာရောက်ပိတ်ဆို့နေသူ မည်သူကိုမဆိုကို ရက်ရက်စက်စက်ပင် ကွပ်မျက်ပစ်တတ်ချေသည်တကား။

စုချန်း၏ ပုံစံကိုကြည့်ပြီး ယွဲ့လောင်ရှ တစုံတခုကို ချက်ချင်းပင် နားလည်သဘောပေါက်သွားသည်။ ထို့နောက် သူမက မေးလိုက်၏။

"ရှင် ခုနကပြောလိုက်တဲ့ လျှို့ဝှက်ချက်ဆိုတာ ကျွန်မအဖေနဲ့များ သက်ဆိုင်နေသလား"

စုချန်းက ခေါင်းကို လေးတွဲ့စွာ ညိတ်ပြလိုက်သည်။

"ကျူ ပ်ဟာ အစကတည်းက ခင်ဗျားအဖေကို သတိပေးခဲ့လို့ ရတယ် ဒါပေမဲ့ သူဟာ လျှိူ့ဝှက်အထူးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်မှန်း သိလိုက်ရတော့ သတိပေးဖို့ မလိုဘူးလို့ ယူဆမိတယ်လေ ဒီလို ရန်ရှာတဲ့လူစားမျိူ းတွေကို နေ့တိုင်း ကြုံတွေ့နေရတော့ သူ့မှာ ကြိုတင်ကာကွယ်ထားတဲ့ အစီအမံတွေ ရှိမှာပဲလို့ ထင်မိတယ် ဒါကြောင့်..."

"ဒါ... ဒါဆိုရင်... ကြိုပြီး သတင်းရထားတာတောင် လစ်လျှူ ရှုခဲ့တယ် ကျွန်မအဖေကို သူ့တို့သတ်မှာ ရှင် ခွင့်ပြုခဲ့တယ်ပေါ့ ဟုတ်လား"

ယွဲ့လောင်ရှ၏ အသံမှာ တုန်ယင်နေရှာ၏။

"ကျူ ပ်....."

စုချန်း၏ စိတ်ထဲတွင် ထိုသို့ လစ်လျှူ ရှုခဲ့ခြင်း မဟုတ်ကြောင်း၊ ရှင်သန်ခြင်းကျောင်းတော်အနေနှင့် ယွဲ့ဝူချိကို အမှန်တကယ် သတ်လိမ့်မည်ဟု မထင်၍သာဖြစ်ကြောင်း ရှင်းပြချင်နေ၏။ သို့သော် ဘာကြောင့်မှန်းမသိ သူ့ပါးစပ်မှ စကားတလုံးမှပင် ထွက်မလာခဲ့ချေ။

ရှင်းပြနေတော့ကော ဘာထူးတော့မည်နည်း။ သူမ ပြောခဲ့သည်မှာ အမှန်တရားပင် မဟုတ်ပါလော။

စုချန်းသည် ကိုယ့်ကိုယ်ကို ကာကွယ်ရန်နှင့် ရှင်သန်ခြင်းကျောင်းတော်ကို ကိုယ်ကျိူ းအတွက် အသုံးချရန် ထိုသတင်းကို လစ်လျှူ ရှုခဲ့သည်မှာ အမှန်ပင်။ ထို့ကြောင့် ယွဲ့လောင်ရှ၏ ဒေါသနှင့် နာကျင်မှုများ ပြည့်နှက်နေသော အကြည့်ကို ရင်ဆိုင်ရသောအခါ စုချန်းတယောက် စကားလုံးများ ပျောက်ဆုံးကုန်တော့သည်။

ထိုအချိန်တွင် ယွဲ့လောင်ရှကား ရှိုက်ကြီးတငင် ငိုယိုလျက်ရှိလေပြီ။ သူမ၏ မျက်ဝန်းအစုံမှ မျက်ရည်များ စီးကျလျက်ရှိသည်။ သူမအနေနှင့် စုချန်းကို ကျိန်စာတိုက်လိုလှသည်။ အပြစ်တင်လိုလှသည်။ သို့သော် သူမ ထိုသို့ ပြုလုပ်နိုင်စွန်းမရှိပဲ ဖြစ်နေရှာသည်။

ယွဲ့လောင်ရှသည် အကျိူ းသင့်အကြောင်းသင့် မတွေးတတ်သော မိန်းကလေးမဟုတ်။ စုချန်း၏ အနေအထားကို သူမ ကောင်းကောင်း နားလည်ထား၏။ ထိုအခြေအနေတွင် စုချန်းအနေနှင့် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းမှာ ဘာမှမမှား။

သို့သော် ထိုအချက်ကြောင့်ပင် သူမနှလုံးသားအတွင်းရှိ နာကျင်မှုမှာ ပို၍ ကြီးမားလာ၏။

သူမအနေနှင့် စုချန်းကို မုန်းတီးရန် အကြောင်းမရှိလေရာ သူမရင်ထဲရှိ ဒေါသမှာ ထွက်ပေါက်မရှိပဲ ဖြစ်လာ၏။ နှလုံးသားအတွင်းရှိ နာကျင်မှုမှာလည်း ပို၍ ဆိုးဝါးလာ၏။ လက်ရှိအချိန်တွင် သူမ လုပ်နိုင်သည့်အရာဟူ၍ ပေါက်ကွဲလုဆဲဆဲ ဒေါသအား နိုင်နင်းအောင် ဖိနှိပ်ချူ ပ်ချယ်ထားရန်သာ ဖြစ်လေတော့သည်။

ပြင်းထန်လွန်းသော စိတ်ခံစားမှုကြောင့် ယွဲ့လောင်ရှ၏ ပါးစပ်မှ သွေးများကို ပွက်ခနဲ အန်ထုတ်လိုက်သည်။

စုချန်း မျက်လုံးပြူ းသွား၏။ သူက ကပျာကယာ ယွဲ့လောင်ရှကို ဖေးမလိုက်သည်။ သို့သော် သူမက သူ့အား ဘေးသို့ တွန်းထုတ်လိုက်လေသည်။

စုချန်း ဘာမှမတတ်နိုင်။ သူက အသံတိုးတိုးနှင့် ပြောလိုက်သည်။

"ကျူ ပ်စိတ်မကောင်းပါဘူးကွာ"

ယွဲ့လောင်ရှက ခေါင်းခါရင်း စုချန်းကို မကြည့်ချင်ဟန်ဖြင့် မျက်နှာလွှဲထား၏။

သူမ၏ ဖြူ ဖျော့သော မျက်နှာကိုကြည့်ရင်း စုချန်း၏ စိတ်ထဲတွင် ပို၍ အပြစ်မကင်းသလို ခံစားလာမိ၏။ ထို့နောက် သူက ခေတ္တစဉ်းစားပြီး လက်စွပ်တကွင်းနှင့် ဆေးပုလင်းတပုလင်းကို ဆွဲထုတ်ပြီး ယွဲ့လောင်ရှ၏ ရှေ့တွင် ချထားပေးလိုက်သည်။

"ဒီလက်စွပ်က မင်းဟာပဲ အထဲမှာရှိတဲ့ ပစ္စည်းတွေကို ကျူ ပ် ဘာမှမယူပဲ ထားပစ်ခဲ့တယ် ဒီဆေးကတော့ ချီပိတ်ဆို့ခြင်းဆေးမှုန့်ရဲ့ အာနိသင်ကို ပျက်ပြယ်သွားအောင် စွမ်းဆောင်ပေးနိုင်တယ် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ မင်းအဖေနဲ့ ပတ်သက်ပြီး ကျူ ပ်တကယ်ပဲ စိတ်မကောင်းပါဘူး ဖြစ်နိုင်ရင် နောင်အနာဂတ်မှာ သူတို့နဲ့ ဘာအပေးအယူမှ မလုပ်မိဖို့ ကျူ ပ် ဆန္ဒရှိတယ်"

ပြောစရာရှိသည်ကို ပြောပြီးသည်နှင့် စုချန်းသည် ထိုနေရာမှ ချာခနဲ လှည့်ထွက်လာခဲ့လေသည်။

ယွဲ့လောင်ရှသည် စုချန်း၏ ကျောပြင်ကို ငေးကြည့်လျက် ကျန်နေခဲ့ရှာသည်။ သူမ၏ မျက်နှာပေါ်တွင်တော့ စိတ်ရှုပ်ထွေးဟန်များ အတိုင်းသား ပေါ်လွင်နေ၏။

___________×××____________×××__________

ယွဲ့လောင်ရှကို ထားခဲ့ပြီးနောက် စုချန်းသည် အလင်းပြန်ကျောက်ဆောင်သို့ ပြန်လာခဲ့၏။ စုချန်း ရောက်သည့်အချိန်မှာ ညနေပင် စောင်းခဲ့လေပြီ။ ကျောင်းသားအများစုမှာ ထိုနေရာမှ ထွက်ခွာသွားကြပြီဖြစ်သည်။ အနည်းစုသာလျင် ဆက်လက်စောင့်ဆိုင်းလျက် ရှိကြကုန်၏။

ဝမ်တောက်ရှန်း၊ တိမ်တိုက်ကျားသစ်နှင့် တခြားလူများကို အလင်းပြန်ကျောက်ဆောင်တွင် ဆိုက်ဆိုက်မြိုက်မြိုက်ပင် စုချန်း တွေ့ရသည်။ သို့သော် ကျန်းရှနှင့် ယန်ဖုချင်းတို့၏ အရိပ်အယောင်ကိုကား မတွေ့ရ။

၎င်းကို မြင်လိုက်ရသောအခါ စုချန်း၏ ရင်ထဲတွင် ထိတ်ခနဲ တုန်လှုပ်သွားသည်။ ထိုအချိန်တွင် ဝမ်တောက်ရှန်းက စုချန်းဆီသို့ လျှောက်လာပြီး မေးလိုက်သည်။

"ကျန်းချန်းအန်ကို ရှင်းခဲ့ပြီးပြီလား"

စုချန်းက ခေါင်းညိတ်ပြရင်း ပြန်မေးလိုက်သည်။

"ဒါနဲ့ ကျန်းရှနဲ့ ယန်ဖုချင်း......"

ဝမ်တောက်ရှန်းက သက်ပြင်းချရင်း ပြောလိုက်၏။

"သူတို့ သေကုန်ကြပြီကွ"

"ဘယ်လိုသေကုန်တာလဲ ရွှံ့ဘီလူး လက်ချက်မိသွားတာလား"

"မဟုတ်ဘူးကွ ခွန်ရှန်းယန်နဲ့ ကျန်းယင်...."

ဟု အစချီကာ ဝမ်တောက်ရှန်းက အဖြစ်အပျက်ကို စုချန်းအား အကြမ်းဖျင်း ရှင်းပြလိုက်၏။

ဖြစ်ကြောင်းကုန်စင်ကို ကြားလိုက်ရသောအခါ စုချန်း အတော်လေး အံ့သြသွား၏။ ထိုအခါ သူက မေးလိုက်ပြန်သည်။

"ဒီတော့ အစ်ကိုကြီးဝမ် ခင်ဗျား ပြောနေပုံအရ ပျံသန်းခြင်းအဖွဲ့မှာ ချင်းလင်အာကလွဲပြီး အကုန်သေကုန်ပြီပေါ့ ဟုတ်လား"

ချင်းလင်အာကား ဘာမှ မဖြစ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမအနေနှင့် တိုက်ပွဲမဝင်ခဲ့ခြင်းကြောင့်ပင်။ သံမဏိသည် ချင်းလင်အာနှင့် ရင်ဆိုင်တိုးခဲ့၏။ သို့သော် သူတို့နှစ်ယောက်သည် တိုက်ခိုက်ခြင်းမရှိပဲ တယောက်နှင့်တယောက် အပြန်အလှန် စိုက်ကြည့်ရုံသာ ကြည့်ခဲ့ကြသည်။ အမှန်တော့ ချင်းလင်အာအနေနှင့် အက်ဒမန်တင်းမျောက်ဝံဘီလူးကို ဆုံးရှုူံးခဲ့ရသည့်တိုင် သံမဏိသည် သူမ၏ ပြိုင်ဘက် မဟုတ်သေး။ ကျေးဇူးတင်စရာကောင်းသည်က ချင်းလင်အာသည် သံမဏိနှင့် တိုက်ခိုက်လိုစိတ်မရှိ။ သို့မဟုတ်ပါက တောက်ပခြင်းအဖွဲ့ဝင် နှစ်ဦးထက်ပို၍ ဆုံးရှုံးသွားနိုင်စရာ ရှိနေသည်။

"အင်း"

ဝမ်တောက်ရှန်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"ဘာပြောပြော လက်ရှိမှာ အရေးအကြီးဆုံးက ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်သင့်သလဲဆိုတာ ကျူ ပ်တို့ ကြိုတွေးထားဖို့ပဲကွ"

တော်ဝင်မျိူ းနွယ်စုဝင် ခြောက်ယောက်တိတိ တပြိုင်နက်တည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဤကိစ္စသည် ကြီးမားသော ပြသနာများကို ဖြစ်ပေါ်လာနိုင်စေ၏။

"ခင်ဗျား ဆိုလိုတာက...."

"ဘာဖြစ်ဖြစ် ဒီသတင်း ပေါက်ကြားသွားလို့ မရဘူးကွ"

ဝမ်တောက်ရှန်းက ပြောလိုက်၏။

"သူတို့ခြောက်ယောက်ကို သတ်ပစ်တာ ကျူ ပ်တို့ပါဆိုပါတာ သူတို့မျိူ းနွယ်စုတွေ သိသွားလို့မရဘူး သူတို့ဟာ ရွှံ့ဘီလူးလက်ချက်ကြောင့် သေဆုံးသွားတယ်ဆိုတာမျိူ းပဲ ဖြစ်စေရမယ်"

"ဒါပေမဲ့ ဒီလောက်နဲ့ သူတို့ လက်ခံမှာ မဟုတ်ဘူးဗျ"

ကျန်းချန်းအန်နှင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်လာခဲ့၍ ထိုခြောက်ယောက်တွင် ဝှက်ဖဲမည်မျှများကြောင်း စုချန်း သိထားပြီး ဖြစ်သည်။ ထို့ကြောင့် ရွှံ့ဘီလူးအနေနှင့် ကျန်ချန်းအန်တို့ခြောက်ယောက်ကို တကြိမ်တည်း သတ်ပစ်ရန်မှာ မဖြစ်နိုင်။ ထို့ပြင် ရွှံ့ဘီလူးသည် ခွန်ရှန်းယန်ကို မည်သို့မှ လိုက်မှီနိုင်စရာ အကြောင်းမရှိပေ။

ဝမ်တောက်ရှန်းက ဂရုမစိုက်သော အမူအရာနှင့် ပြောလိုက်သည်။

"လက်ခံခံ လက်မခံခံ ကျူ ပ်တို့ကိစ္စ မဟုတ်ဘူးကွ အနည်းဆုံး ကျူ ပ်တို့ကို အပြစ်တင်လို့မရဘူးဆိုရင် ပြီးတာပဲ"

စုချန်း ရယ်မောလိုက်သည်။

"ကျူ ပ်မရှိတုန်း ဒီကိစ္စကို ခင်ဗျား အတော်လေး စဉ်းစားထားဟန်တူတယ် အစ်ကိုကြီးဝမ်"

ဝမ်တောက်ရှန်း ညစ်တီးညစ်ပတ်နိုင်သော ပုံစံဖြင့် ရယ်မောလိုက်သည်။

"ကျူ ပ်က ဝသာ ဝတာ လူမိုက်မှမဟုတ်ပဲကိုးကွ ကံကောင်းတာက ရွှံ့ဘီဘူး ရူးသွပ်နေတာ လူအတော်များများက မြင်တွေ့လိုက်ရတာပဲ အလောင်းတွေကို ကျူ ပ် ဖွက်ထားပြီးပြီး သူတို့ကို ဘယ်သူမှ ရှာတွေ့တော့မှာ မဟုတ်ဘူး အနည်းဆုံးတော့ ဒီအလောင်းတွေကြောင့် လောလောဆယ် ကျူ ပ်တို့ ပြသနာမတက်နိုင်တော့ဘူးပေါ့ကွာ ဒါပေမဲ့ အချိန်ကြာလာရင်တော့...."

ဝမ်တောက်ရှန်းက ခေါင်းခါကာ စကားဆက်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်မှန် ပေါ်မလာပဲ အချိန်ကြာနိုင်သမျှ ကြာကြာနှောင့်နှေးနေအောင်တော့ ကျူ ပ်တို့ လုပ်ရမှာပဲကွ"

ဝမ်တောက်ရှန်း၏ လေသံမှာ သူ့စိတ်ကူးကို သူကိုယ်တိုင် ယုံကြည်မှုမရှိလှကြောင်း ပေါ်လွင်နေ၏။

ဝမ်တောက်ရှန်းကိုကြည့်ရင်း စုချန်း ငြင်သာစွာ ပြုံးလိုက်သည်။

"ဘဝမှာ တချိူ့အရာတွေဟာ ကံကြမ္မာအပေါ်မှာ အများကြီး မူတည်နေတယ်ဗျ ဒီတော့ ဘာကြောင့်များ အဆိုးမြင်နေမတုန်း သူတို့ ဒီအလောင်းတွေကို ဘယ်တော့မှ ရှာမတွေ့တော့ဘူးဆိုရင်တော့ အကောင်းဆုံးပဲပေါ့ တကယ်လို့ တွေ့သွားရင်လည်း ကျူ ပ်တို့က တိုက်ပွဲအတွက် ပြင်ဆင်ထားရုံပဲပေါ့ ကြောက်နေလို့ ဘာထူးတော့မှာလဲ"

ဝမ်တောက်ရှန်း အံ့သြသွား၏။

"မင်းကိုကြည့်ရတာ ဒီကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းမှ စိတ်ပူပုံမရပါကလား"

စုချန်းက ပြန်ပြောလိုက်သည်။

"ကျန်းချန်းအန် ကျူ ပ်တို့ဆီ ရွှံ့ဘီလူးနဲ့အတူ ပြေးလာကတည်းက ကျူ ပ်စိတ်ထဲမှာ ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ပြီးသွားပြီ အစ်ကိုကြီးဝမ်ရဲ့...အဲဒီတုန်းက ကျူ ပ်တို့ ထွက်ပြေးမယ်ဆိုရင် ထွက်ပြေးလို့ရနိုင်စရာ အခွင့်အလမ်းတွေ အများကြီးရှိနေခဲ့တယ် ဒါပေမဲ့ ထွက်ပြေးခြင်းဟာ လမ်းဆုံးမှ မဟုတ်တာကလား တော်ဝင်မျိူ းနွယ်စုတွေဟာ ကျူ ပ်တို့ကိုဆိုရင် အမြဲတမ်း အထင်သေးတယ် နှိမ့်ချဆက်ဆံတယ် ဒီလိုအခြေအနေမှာ ထွက်ပြေးလိုက်ရင် သူတို့ ကျူ ပ်တို့ကို ပိုပြီး အထင်သေးသွားမှာပေါ့ ဒါကြောင့် ကျူ ပ်တို့ ကြောက်နေလို့မရဘူး ပြန်တိုက်သင့်တယ်"

ပြောရင်းဆိုရင်းနှင့်ပင် စုချန်းက ဝမ်တောက်ရှန်းကို လှည့်ကြည့်လိုက်သည်။

"ခင်ဗျားအနေနဲ့ ဒီအလောင်းတွေကို ဘယ်လိုပဲ ဖျောက်ဖျက်ဖျောက်ဖျက် အသုံးမဝင်ဘူးဆိုတာ သိရဲ့လား အစ်ကိုကြီးဝမ် တော်ဝင်မျိူ းနွယ်စုဝင်တွေဟာ သူတို့ရဲ့ အဖိုးတန်သားရတနာတွေ သေဆုံးမှုအတွက် အပြင်းအထန် စုံစမ်းထောက်လှမ်းကြလိမ့်မယ် တစုံတယောက်ကို လက်စားချေဖို့ ကြို းစားကြလိမ့်မယ် တကယ်လို့ လက်သည်ကို ရှာမတွေ့ဘူးဆိုရင်တော့ သူတို့က တစုံတယောက်ကို ဖန်တီးလိုက်ကြလိမ့်မယ်"

ဝမ်တောက်ရှန်း မျက်လုံးပြူ းသွား၏။

"မင်းပြောပုံအရ သူတို့ ကျူ ပ်တို့ကို သေချာပေါက် ပြသနာလာရှာမယ့်ပုံပေါက်နေပါလားကွ"

"ကျူ ပ်တို့ကိုပါ ခင်ဗျားတော့ မပါဘူး ဘာကြောင့်လဲဆိုတော့ ခင်ဗျားက တော်ဝင်မျိူ းနွယ်စုဝင်ကိုး ကျူ ပ်တို့နဲ့ အဆက်အဆံ မလုပ်တော့တာနဲ့ ခင်ဗျားအတွက် ထွက်ပြေးဖို့ အခွင့်အရေး ရလာလိမ့်မယ်"

All Chapters