ပရဟိတနှင့်ကိုယ်ကျိုး
Vol. 23 Ch. 228
စုချန်း၏ အမြင်အာရုံသည် တဖြည်းဖြည်း ရီဝေဝေဖြစ်လာပြီး အိပ်မက်နယ်ပယ်အတွင်းသို့ ဝင်ရောက်သွားပြန်သည်။ အိပ်မက်ရဲတိုက်သို့ ရောက်သွားသည်နှင့် ခါတိုင်းကဲ့သို့ပင် အိပ်မက်ဝိညာဉ်လုလုတယောက် စုချန်း၏ ဘေးနားသို့ ရောက်လာပြန်သည်။
သူမကခါးထောက်ရင်း ပြောလိုက်သည်။
"ဒါတွေက ဒီနေ့အတွက် ကော်မရှင်မေးခွန်းတွေပဲ"
သူမ၏ စကားဆုံးသည်နှင့် စုချန်း၏ ရှေ့မှောက်တွင် အလင်းမျက်နှာပြင်တခု ပေါ်လာသည်။ ထိုအပေါ်တွင် မေးခွန်းများ ရေးသားထား၏။ မေးခွန်းတိုင်းလိုလိုမှာ ဗဟုသုတနှင့်ဆိုင်သော မေးခွန်းများဖြစ်ပြီး သိပ်မခက်လှ။ စုချန်းတယောက် ထိုမေးခွန်းများကို အလွယ်တကူပင် ဖြေဆိုနိုင်လိုက်သည်။ မေးခွန်းများက လွယ်နေသော်လည်း ပြန်ရရှိသည့် ကော်မရှင်ခကျတော့ မဆိုးလှ။
အဖြေများကို လုလုအား ပေးပြီးသည်နှင့် သူမက တခစ်ခစ် ရယ်မောလိုက်သည်။
"ပြီးသွားပြီပေါ့"
စကားဆုံးသည်နှင့် သူမက လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ အလင်းရောင်တန်းတခုက စုချန်း၏ ကိုယ်ခန္ဓာကို ဖြတ်သန်းသွား၏။ ထို့နောက် စုချန်း၏ လက်ကောက်ဝတ်အနီးတွင် အနက်ရောင်အစင်းကြောင်းလေးကြောင်း အလိုအလျောက် ပေါ်ပေါက်လာလေသည်။ ထိုအစင်းကြောင်းများက စုချန်းတယောက် အဆင့်လေး အိပ်မက်ဧည့်သည် ဖြစ်သွားပြီဖြစ်ကြောင်း ပြောပြနေ၏။
အိပ်မက်နယ်ပယ်အတွင်း အထူးအခွင့်အရေး အဆင့်သတ်မှတ်ချက်များသည် လူသားများအကြား မူလကိရိယာသတ်မှတ်ချက်နှင့် ဆန့်ကျင်ဘက်ပင်။ လူသားမျိူ းနွယ်စုများအတွင်း မူလကိရိယာကို အဆင့်သတ်မှတ်ရာတွင် နံပါတ် သေးလေလေ ကိရိယာ၏ စွမ်းအားက မြင့်မားလေလေပင်။ သို့သော် အိပ်မက်နယ်ပယ်တွင်တော့ ထိုသူ၏ နံပါတ် ကြီးလာလေလေ အထူးအခွင့်အရေး ပိုမို ရရှိလာလေလေ ဖြစ်သည်။
စုချန်းသည် ယခင်က အဆင့်တစ် အိပ်မက်ဧည့်သည် အဆင့်သာ ရှိသည်။ ယခုတောာ သူသည် အဆင့်လေး အိပ်မက်ဧည့်သည် ဖြစ်လာခဲ့ပေပြီ။ လေးဆင့်မျှသော တိုးတက်မှုကို နည်းလှသည်ဟု အထင်သေး၍ မရပေ။ အကြောင်းမှာ အိပ်မက်နယ်ပယ်အတွင်း အဆင့်တဆင့်လောက် တိုးမြှင့်ရန်အတွက်ပင် ငွေကုန်ကျေးကြ အလွန်များသောကြောင့်ဖြစ်သည်။
ရက်ပိုင်းအတွင်း ယခုကဲ့သို့ အဆင့်လေး မြန်မြန်ဆန်ဆန် ရောက်လာသည်မှာ စုချန်း၏ ကြိုးစားအားထုတ်မှုတခုတည်းကြောင့်မဟုတ်ပေ။ မင်လန်း၏ အကူအညီလည်း များစွာပါဝင်၏။ ဤသည်မှာလည်း စုချန်းနှင့် မင်လန်းအကြား သဘောတူညီမှု၏ တစိတ်တပိုင်းပင် ဖြစ်သည်။
မင်လန်းအနေနှင့် ကိုင်းဟွမ်၏ ကောင်းကင်ဘုံနည်းစနစ်ကို တစုံတယောက် ကြားဝင်ဖုံးအုပ်ထားခြင်းကိ အနည်းငယ်မျှ မနှစ်သက်။ ထိုသို့ ဖုံးအုပ်ထားခြင်းကြောင့် ဤနည်းစနစ်မှ ရရှိလာမည့် အကျိူ းအမြတ်များကို တားဆီးပိတ်ပင်ထားသလို ဖြစ်နေသည်မဟုတ်ပါလား။
သို့သော် စည်းမျဉ်းစည်းကမ်းများကြောင့် သူမအနေနှင့် ကြားဝင်၍ မရ။ ထို့ကြောင့် စုချန်းကို အထူးအခွင့်အရေး အဆင့်အတန်း မြှင့်တင်ရန် တောင်းပန်နေရခြင်းပင်။ စုချန်း၏ အထူးအခွင့်အရေး အဆင့်အတန်း မြင့်မားလာလေလေ နည်းစနစ်အား ဖုံးအုပ်ထားသူသည် ငွေကုန်ကြေးကျ ပို၍ များလာတော့မည် ဖြစ်သည်။ စုချန်းအနေနှင့် အိပ်မက်ဘုရင်အဆင့်အတန်းသို့ ရောက်ရှိလာသောအခါတွက်တော့ ထိုသူအနေနှင့် စုချန်း၏ ကြော်ငြာကို မည်သို့မှ ဖုံးအုပ်၍ ရတော့မည်မဟုတ်။
ထိုအနေအထားတွင် သူတို့နှစ်ယောက်သည် မဟာမိတ်များ ဖြစ်လာခြင်းပင်။ ထိုနေ့မှစ၍ စုချန်းသည် အိပ်မက်နယ်ပယ်သို့ နေ့တိုင်း သွား၏။ အိပ်မက်ရဲတိုက်သို့ ရောက်သွားသည့်အချိန်တိုင်း အလွယ်တကူ ဖြေဆိုနိုင်မည့် ကော်မရှင်မေးခွန်းများက သူ့အား စောင့်ကြိုလျက်ရှိမြဲ။ ထိုကော်မရှင်မေးခွန်းများအား မင်လန်းက စုချန်းအတွက် ပေးလိုက်ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် စုချန်းသည် အိပ်မက်အမှုန် များများစားစား ရှာဖွေနိုင်ခဲ့လေသည်။ သို့သော် ထိုအိပ်မက်အမှုန်များသည် စုချန်း၏ ကိုယ်ပိုင်ဥစ္စာတော့ ဖြစ်မလာခဲ့။ သူ၏ အထူးအခွင့်အရေး အဆင့်အတန်းကို မြှင့်တင်ရန် မင်လန်းက ပြန်လည်ယူငင်လိုက်သည်သာ။
ဤအနေအထားတွင် စုချန်းအဖို့ ဘာမှ နစ်နာစရာမရှိ။ ဤနည်းအားဖြင့် သူ၏ အိပ်မက်နယ်ပယ် အထူးအခွင့်အရေး အဆင့်အတန်းမှာ မှန်မှန်ကြီး တိုးတက်နေခဲ့လေသည်။
ကံမကောင်းသည်က ဤနည်းလမ်းကို လိုအပ်သည်ထက် ပိုသုံးလိုက်ပါက တစုံတယောက်က မသင်္ကာဖြစ်လာပြီး ပိပ်မက်သခင်ထံ အကြောင်းကြားနိုင်ဖွယ်ရာ ရှိသည်။ ထို့ကြောင့် မင်လန်းအနေနှင့် ဤနည်းလမ်းကို ရဲရဲတင်းတင်း အသုံးမပြုရဲ။ ထို့ကြောင့်် စုချန်း၏ အထူးအခွင့်အရေး အဆင့်အတန်းမှာလည်း ဖြည်းဖြည်းချင်းသာ တိုးတက်နေခဲ့လေသည်။
"သိပ်ကောင်းတယ်"
စုချန်း၏ အိပ်မက်အခွင့်အရေး အဆင့်အတန်း ထပ်မံတိုးတက်လာသည်ကို မြင်ရသောအခါ လုလုက တခစ်ခစ်နှင့် ရယ်မောလိုက်သည်။
"ဒီအတိုင်းဆိုရင် မင်းရဲ့ကြော်ငြာကို ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့လူဟာ ငွေကုန်ကြေးကျ ပိုများတော့မှာပဲ ဒီလူ မြန်မြန်ဆန်ဆန် အရှုူံပေးသွားဖို့ မျှော်လင့်ရတာပဲ"
"ဒီလူ လက်လျှော့အရှုံးပေးတဲ့အထိ ဖိအားပေးနိုင်ဖို့ ငါ့အနေနဲ့ အိပ်မက်နယ်ပယ်အထူးအခွင့်အရေး ဘယ်အဆင့်ထိ လိုမယ်လို့ မင်းထင်သလဲ"
"ဒါကတော့ ပြောဖို့ခက်တယ်"
လုလုက မေးစေ့ကို ပွတ်ကာ ပြောလိုက်သည်။
"ရဲတိုက်သခင်မလေးရဲ့ စကားအရဆိုရင် ဒါက တဖက်လူရဲ့ အင်အားအပေါ်မှာ မူတည်နေသတဲ့ တကယ်လို့ သူတို့သာ အရမ်းအားကောင်းနေရင် မင်းအနေနဲ့ အိပ်မက်အရာရှိအဆင့် ရောက်ရင်တော့ သူက မင်းကို ဖိနှိပ်ထားနိုင်အုံးမှာပဲ ဒါကြောင့်မို့လို့လည်း ရှင် နောက်ဆုံးမှာ အိပ်မက်ဘုရင်အဆင့်ကို ရောက်သွားအောင် သခင်မလေးက စီစဉ်ထားတာပေါ့ ဘာပဲပြောပြော ရှင့်ရဲ့ အိပ်မက်အထူးအခွင့်အရေး အဆင့်မြင့်လာတာနဲ့အမျှ ဟိုလူ ငွေပိုသုံးနေရပြီ ဒီတော့ သခင်မလေးလည်း စပြီး အကျိူ းခံစားနေရပြီပေါ့"
စကားဆုံးသည်နှင့် လုလုက ခေါင်းကို တဆတ်ဆတ် ညိတ်နေ၏။ ထိုစကားကို စုချန်း မအံ့သြပေ။ သူ့အတွက် အကျိူ းမရှိလျင် မင်လန်းက စုချန်းကို အဘယ်ကြောင့် ကူညီမည်နည်း။ ထိုအခါ သူက မေးလိုက်ပြန်၏။
"ဒီတော့ အိပ်မက်အရာရှိအဆင့်ကို မြန်မြန်ရောက်လာအောင် ငါ ဘာလုပ်ရမှာလဲ"
လုလု ခေါင်းခါလိုက်သည်။
"သခင်မလေးအနေနဲ့ လုပ်ပိုင်ခွင့်ထက်ကျော်လွန်ပြီး မင်းကို မကူညီနိုင်ဘူးကွ"
"ငါက ငါ့ကိုယ်ငါ အားကိုးကြည့်မလို့ ပြောနေတာပါကွ"
"မင်းကိုမင်း အားကိုးကြည့်မလို့ ဟုတ်လား"
လုလု ခေါင်းကို သွက်သွက်ခါအောင် ယမ်းလိုက်သည်။
"ဒါ သိပ်ခက်တယ်"
"မဖြစ်နိင်ဘူး ဟုတ်လား"
စုချန်းက ရယ်မောလိုက်ပြီး ခေါင်းကို ဆတ်ခနဲ ရှေ့သို့ငိုက်လိုက်ရာ အဖြူ ရောင်အလင်းတန်းတခုက လုလု၏ ကိုယ်ခန္ဓာကို ဖောက်ထွက်သွား၏။ ထိုအလင်းတန်း ဝင်ရောက်သွားသည်နှင့် လုလုသည် မလှုပ်ရှားနိုင်တော့ပဲ အေးခဲသွားတော့သည်။
တခနအကြာ စုချန်း၏ ပတ်ပတ်လည်ရှိ မြင်ကွင်းတခုလုံး ချာချာလည်လာပြီး သူသည်လည်း မင်လန်း၏ ဟောခန်းမအတွင်းသို့ ရောက်ရှိသွားကြောင်း စုချန်း မြင်တွေ့လိုက်ရ၏။
မင်လန်းသည် ထုံးစံအတိုင်း ဟောခန်းမ၏ ထိပ်ရှိ သလွန်ပေါ်တွင် ထိုင်လျက်ရှိသည်။
"စုချန်းက ရဲတိုက်သခင်မလေးကို ဂါရဝပြုပါတယ်ခင်ဗျ"
စုချန်းက မင်လန်းကို အရိုအသေ ပြုလိုက်၏။
"ဒီလောက်လည်း အရိုအသေပြုနေစရာ မလိုပါဘူးရှင်"
စကားဆုံးသည်နှင့် သူမက လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ သူမ၏ ရှေ့တွင် အလင်းမျက်နှာပြင်တခု ပေါ်ပေါက်လာ၏။ အလင်းမျက်နှာပြင်၏ ထိပ်တွင်တော့ ကြီးမားလှသော စာလုံးကြီးများနှင့် ရေးသားထားသည်ကတော့ အက်ဒမန်တင်း စစ်ပွဲသုံး ကိုယ်ခန္ဓာနည်းစနစ်ပင် ဖြစ်လေသတည်း။
မင်လန်းက စတင်မေးခွန်းထုတ်လိုက်သည်။
"ဒီနည်းစနစ်ကို ရှင် တီထွင်ထားတာလား"
"ဟုတ်တယ်"
စုချန်းက လုလုအား ထိုနည်းစနစ်ကို ပေးလိုက်ခြင်း ဖြစ်သည်။
"အထဲမှာ ပါတာတွေကို ကျွန်မ သေသေချာချာ လေ့လာပြီးပြီ အတော်လေး အထင်ကြီးစရာကောင်းတဲ့ နည်းစနစ်ပဲ အဆင့်နိမ့် ချီစွမ်းအားပညာရှင်တွေအနေနဲ့ ဒီနည်းစနစ်ကို မူပိုင်နည်းစနစ်အဖြစ်ထားပြီးတောင် အသုံးပြုနိုင်တယ် ဒီနည်းစနစ်ကို လူတွေကြားထဲ ချပြချင်တာ သေကောသေချာရဲ့လား"
မင်လန်း၏ အသံမှာ စုချန်းအား အထင်ကြီးဟန်၊ အံ့သြလေးစားဟန်များ အတိုင်းသား ပေါ်လွင်နေ၏။
"ဘယ်လောက်ပဲ မူပိုင်နည်းစနစ် ဖြစ်နေပါစေ ကိုင်းဟွမ်နည်းစနစ်နဲ့ နှိုင်းလို့ရပါ့မလား"
စုချန်းက မေးမြန်းလိုက်သည်။
"သိပ်မှန်တာပေါ့"
မင်လန်းက တခစ်ခစ် ရယ်မောလိုက်သည်။
"ရှင်ဟာ ကိုင်းဟွမ်ကောင်းကင်ဘုံလို နည်းစနစ်ကိုတောင် ချရောင်းပစ်မှတော့ အက်ဒမန်တင်းနည်းစနစ်ကို ရောင်းတာ ကျွန်မအနေနဲ့ အံ့သြနေဖို့ မသင့်တော့ပါဘူးလေ ဒါပေမဲ့ ဈေးနှုန်းကျတော့ ရှင် ဘယ်လောက် စဉ်းစားထားသလဲ"
စုချန်းက ခေတ္တ စဉ်းစားရင်း ပြောလိုက်သည်။
"အိပ်မက်အမှုန် ၁၀၀၀ဆိုရင် ဘယ်လိုလဲ"
မင်လန်း မျက်လုံးပြူ းသွား၏။
"ဘာဖြစ်လို့လဲ ဈေးက များနေလို့လား"
"အဲဒီလိုတော့လည်း မဟုတ်ပါဘူးလေ"
မင်လန်းက ရယ်မောရင်း ပြောလိုက်သည်။
"ရှင်ဟာ ကိုင်းဟွမ်ကောင်းကင်ဘုံလို နည်းစနစ်ကိုတောင် အိပ်မက်အမှုန် ၁၀၀နဲ့ရောင်းပြီး အက်ဒမန်တင်းနည်းစနစ်ကိုကျမှ ဘာလို့ အိပ်မက်အမှုန် ၁၀၀၀နဲ့ရောင်းသလဲဆိုတာကို နားမလည်နိုင်ဖြစ်နေတာပါ"
အမှန်တော့ အက်ဒမန်တင်းစစ်ပွဲသုံးကိုယ်ခန္ဓာအတွက် အိပ်မက်အမှုန် ၁၀၀၀မှာ များသည်ဟု မဆိုသာ။ မင်လန်း အမှန်တကယ် အံ့သြနေခြင်းမှာ ကိုင်းဟွမ်းကောင်းကင်ဘုံကို အိပ်မက်အမှုန် ၁၀၀နှင့် ရောင်းလိုက်သည့် ကိစ္စကိုသာ ဖြစ်သည်။
သွေးဗီဇမပါသူတယောက်ကို သွေးဆူပွက်ခြင်းနယ်ပယ်သို့ ပို့ဆောင်ပေးနိုင်မည့် ကိုင်းဟွမ်ကောင်းကင်ဘုံလို နည်းစနစ်ကို မည်သူမဆို အိပ်မက်အမှုန် သန်းနှင့်ချီစေကာမူ ပေးဝယ်မည်သာ။ ဤမျှ တန်ဖိုးကြီးမားသော နည်းစနစ်ကိုကျတော့ စုချန်းက အိပ်မက်အမှုန် ၁၀၀တည်းနှင့် ရောင်းလိုက်သတဲ့။
အမှန်တော့ စုချန်းကလည်း ကိုယ့်ရည်ရွယ်ချက်နှင့် ကိုယ်သာ။ သူသည် ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို မြန်မြနိဆန် ပျံ့နှံ့လို၍ ကျသင့်ငွေကို လျှော့ချလိုက်ခြင်း ဖြစ်သည်။ ထို့ပြင် သူသည် ဤနည်းစနစ်မှ အမြတ်ငွေရှာရန် ကနဦးကတည်းက တွေးတောထားခြင်းမရှိ။ ထို့ကြောင့် မင်လန်း၏ အမြင်တွင် စုချန်းအား ကိုယ့်ကျိူ းမငဲ့တတ်သူ တယောက်ဟု ယူဆထား၏။ ယခုကျမှ အက်ဒမန်တင်းကိုယ်ခန္ဓာနည်းစနစ်ကို အိပ်မက်အမှုန် ၁၀၀၀နှင့် ဈေးတင်ရောင်းလိုက်သောအခါ သူမက အံ့သြသင့်သွားခြင်း ဖြစ်သည်။
စုချန်း ရယ်မောလိုက်၏။
"ခင်ဗျားရဲ့ စိတ်ရှုပ်ထွေးမှုကို ကျူ ပ်နားလည်ပါတယ် လူသားမျိူ းနွယ်စုတခုလုံး တိုးတက်ကြီးပွားရေးဆိုတဲ့ အိပ်မက်မျိူ းကို မက်နေတဲ့ လူတယောက်ဟာ လုံးဝကိုယ်ကျိူ းမငဲ့တတ်သူမှ ဖြစ်ရမယ်လို့ ခင်ဗျား ထင်နေတာ ကျူ ပ်ပြောတာ ဟုတ်ရဲ့လား"
"အဲဒီလိုမဟုတ်ဘူးလား"
မင်လန်းက မေးလိုက်သည်။
မတတ်သာတော့။ စုချန်း ရှင်းပြရပေပြီ။
"အဲဒီလိုလည်း မဟုတ်သေးဘူးဗျ ဒါက လူအများ ထင်နေတာ ကျူ ပ်မှာ လူသားမျိူ းနွယ် တိုးတက်ကြီးပွားရေးဆိုတဲ့ အိပ်မက် ရှိနေတာ အမှန်ပဲ ဒါပေမဲ့ ဒီအတွက်နဲ့ ကျူ ပ်ကိုကျူ ပ် လုံးဝ စတေးပစ်ရမယ် ဘာအမြတ်အစွန်းမှ ရှာခွင့်မရှိတော့ဘူးလို့ မဆိုလိုဘူးလေ"
သူသည် မင်လန်းကို စိုက်ကြည့်ပြီး ပွင့််ပွင့်လင်းလင်းပင် ရှင်းပြလိုက်သည်။
"ကိစ္စအတော်များများဟာ သူ့ဟာနဲ့သူ သီးခြားစီ ဖြစ်တည်နေတာ မဟုတ်ဘူးဗျ ကျူ ပ်ဟာ လူသားမျိူ းနွယ် ကောင်းစားရေးကို ဦးထိပ်ထားတယ် ဒါနဲ့ပဲ စီးပွားရေးလုပ်ပြီး အမြတ်အစွန်း မရှာရတော့ဘူးလား လူဆိုတာ အတ္တသမားတွေ ဖြစ်တဲ့အတွက် ကိုယ်ကျိူ းရှာစိတ်ကလေး နည်းနည်းစီတော့ ရှိကြတာချည်းပဲ ဘာကိုယ်ကျိူ းရှာစိတ်မှ မရှိတော့ဘူး ကိုယ့်ကိုယ်ကို ရာနှုန်းပြည့် စတေးပစ်လိုက်မယ်ဆိုရင် ဒီလိုလူစားမျိူ းကို လူသားရယ်လို့ သတ်မှတ်လို့ရနိုင်ပါအုံးမလား"
မင်လန်းက စုချန်းကို မေးခွန်းထုတ်လိုဟန်ဖြင့် ငေးကြည့်လျက်ရှိလေသည်။
"ရှင်ဆိုလိုတာ..."
စုချန်းက စကားဆက်ပြန်သည်။
"ကျူ ပ်ဟာ လူသားမျိူ းနွယ်အတွက် ဘဝတခုလုံးကို နှစ်မြှုပ်ထားဖို့ ဆန္ဒရှိတာ အမှန်ပဲ ဒါပေမဲ့ ဒီအတွက်နဲ့ပဲ ကျူ ပ်မှာ ကိုယ်ပိုင်မျှော်လင့်ချက်တွေ အတ္တတွေ စိတ်ကူးစိတ်သန်းတွေ အတွေးအခေါ်တွေ မရှိတော့ဘူးလို့ ပြောလို့မရဘူးလေ ကိုင်းဟွမ်ရဲ့ ကောင်းကင်ဘုံဟာ သွေးဗီဇမပါတဲ့ လူသားတွေကို သွေးဆူပွက်ခြင်းနယ်ပယ်ထိရောက်အောင် ပို့ဆောင်ပေးနိုင်တယ် ဒီနည်းစနစ်ကြောင့် လူသားတွေရဲ့ ကျင့်ကြံခြင်းဆိုင်ရာ အခြေခံအုတ်မြစ်ကြီးတခုလုံး အဆင့်မြင့်သွားလိမ့်မယ် ဒါက သိပ်အရေးကြီးတဲ့ကိစ္စ ဒီလိုနေရာမှာတော့ ကျူ ပ်က အတ္တစိတ်ကို ဖယ်ထုတ်ထားလိုက်တယ် အိပ်မက်အမှုန် ၁၀၀ပဲ ကျသင့်တဲ့အတွက် လူအတော်များများက ဒီနည်းစနစ်ကို ဝယ်ယူသွားနိုင်လိမ့်မယ် ဒါပေမဲ့ အက်ဒမန်တင်းနည်းစနစ်ကျတော့ ကျုပ်ဖန်တီးထားတဲ့ မူလစွမ်းရည် ဒီစွမ်းရည်က လူသားမျိူ းနွယ်တခုလုံးအတွက်ဆိုရင် အရေးမပါပေမဲ့ ကျူ ပ်အတွက်တော့ တန်ဖိုးထားစရာ ဖြစ်နေတယ် ဒါတောင်မှ ဒီနေရာမှာ ကျူ ပ်က ဆရာစားချန်ထားသေးတယ် တကယ့် အက်ဒမန်တင်း စစ်ပွဲဝင် ကိုယ်ခန္ဓာနည်းစနစ်ကို တတ်ကျွမ်းချင်ရင် သီးခြားဆေးတမျိူ းနဲ့ ပေါင်းစပ်ပေးဖို့လိုတယ် ကျူ ပ် အခုရောင်းချနေတာ နည်းစနစ်သက်သက်ပဲ ဆေးမပါဘူး"
"အမြတ်အစွန်းအတွက်ရည်ရွယ်ပြီး တစုံတရာကို ဖန်တီးထားရင် ဒီအပေါ်မှာပဲ ကျူ ပ် အာရုံစိုက်ရလိမ့်မယ်"
"တကိုယ်ကောင်းဆန်ရမဲ့ ကိစ္စတခုကို ဆောင်ရွက်နေရင် ကိုယ့်အတွက် အကျိူ းအရှိဆုံး ဖြစ်နိုင်မဲ့လမ်းကို ကျူ ပ် ရွေးမှာပဲ"
"တခြားလူတွေ ဘာထင်ထင် ကျူ ပ် ဂရုမစိုက်ဘူး ကျူ ပ်အတွက် ပရဟိတနဲ့ကိုယ်ကျိူ းဟာ ပဋိပက္ခဖြစ်နေစရာ မလိုဘူး ကျူ ပ်ဟာ လူသားမျိူ းနွယ်အတွက် ရည်မှန်းချက်ကြီးကြီးမားမား ထားနိုင်တယ် တချိန်တည်းမှာပဲ ကျူ ပ်အတွက် ဘယ်အချိန်မှာ ဘာလုပ်ရမယ်မှန်းလည်း သိထားသင့်တယ်လေ"