ကြီးမားသော အရောင်းအဝယ်
Vol. 23 Ch. 229
မင်လန်းသည် စုချန်းအား ငေးကြည့်လျက်ရှိသည်။ သူမ၏ မျက်လုံးထဲတွင်တော့ စုချန်း၏ စကားကို လက်ခံသဘောတူသော အရိပ်အယောင်များ ယှက်သန်းနေ၏။
ဤလူငယ်သည်ကား ကိုယ့်ဟာကိုယ် ဘာလုပ်နေသည်၊ ဘာအတွက်ကြောင့် လုပ်နေရသည်ကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ထားချေသည်တကား။ သူ့တွင် လူသားမျိူ းနွယ်စုတခုလုံး အကျူံ းဝင်သည့် ရည်မှန်းချက်မျိူ း ရှိနေသော်လည်း မာန်တက်ခြင်းမရှိ။ တည်ငြိမ်အေးဆေးလှချေသည်တကား။
ဤကဲ့သို့သော လူစားမျိူ းတွင် မွေးရာပါ ဆွဲဆောင်မှုတမျိူ းကို ပိုင်ဆိုင်ထားတတ်ကြပေသည်။ သူတို့နှစ်ဦးသည် မျိူ းစိတ်တခုတည်းမှ ဆင်းသက်လာကြသည်မဟုတ်သော်လည်း စုချန်းကို ကြည့်နေရင်း မင်လန်း၏ ရင်မှာ နိမ့်ချည်မြင့်ချည်နှင့် တလှပ်လှပ်တုန်ရင်နေတော့သည်။
သို့သော်ငြားလည်း သူမက ခံစားချက်များကို ချက်ချင်းထိန်းချူ ပ်ပြီး ပြုံးကာရယ်ကာနှင့် ပြောလိုက်သည်။
"ရှင် ဆိုလိုတာကို ကျွန်မ နားလည်ပြီ ကျွန်မ ရှင့်ကို ကူညီမယ် အက်ဒမန်တင်းစစ်ပွဲသုံးကိုယ်ခန္ဓာနည်းစနစ်ကို အဓိက မျက်နှာစာပေါ်မှာ ကြယ်ကိုးပွင့််အဆင့် အကဲဖြတ်မှုနဲ့ သုံးရက်တိတိ ကြော်ငြာပေးထားမယ်"
ဗဟုသုတခန်းမရှိ ကြော်ငြာများမှာ အဆင့်အတန်းသတ်မှတ်ချက် အမျိူ းမျိူ း ရှိကြလေသည်။ တခါတရံတွင် ရဲတိုက်သခင်နှင့်် သခင်မများသည် အထဲတွင် ပါဝင်သည့် အကြောင်းအရာများအပေါ် မူတည်ပြီး အဆင့်အတန်းကို သတ်မှတ်ပေးလေ့ရှိသည်။ တန်ဖိုးကိုကား ကြယ်များနှင့် သတ်မှတ်လေ့ရှိသည်။ ကြယ်များလာလေလေ ထိုကြော်ငြာ၏ တန်ဖိုး များလာလေလေပင်။
ထိုကြော်ငြာများတွင် ရဲတိုက်သခင် သို့မဟုတ် သခင်မများ၏ မှတ်ချက်တို့ကို ထည့်သွင်းဖော်ပြထားလေ့ရှိသည်။ လူအများကလည်း ထိုမှတ်ချက်မျိူ းပါဝင်သည့် မူလစွမ်းရည်ကိုသာ စိတ်ချယုံကြည်စွာ ဝယ်ယူလေ့ရှိကြ၏။
ယခု မင်လန်း ပြောလိုက်သည့် ကြယ်ကိုးပွင့်အဆင့်လအကဲဖြတ်မှုမှာ အများဆုံး ရရှိနိုင်ဖွယ်ရာ အကဲဖြတ်မှု ဖြစ်သည်။
စုချန်း၏ ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်သည် ထိုကဲ့သို့ အကဲဖြတ်မှုမျိူ း ရရှိခဲ့ခြင်းမရှိပေ။ အကြောင်းမှာ ထိုအချိန်က စုချန်းနှင့် မင်လန်းတို့ မတွေ့ဆုံရသေးသောကြောင့် ဖြစ်သည်။ ထို့ပြင် အိပ်မက်အမှုန် ၁၀၀မျှသာ ကျသင့်မည့် နည်းစနစ်အတွက် မည်သည့် အကဲဖြတ်မှုမှ မလို။ မဖြစ်မနေ ရောင်းချရမည်သာ။ တနည်းအားဖြင့် ရောင်းချမည့် ပစ္စည်းတခုသည် သူခိုးဈေး ပေါက်နေသောအခါ မည်သည့် အကဲဖြတ်မှုမျိူ းမှ မလိုအပ်တော့။
မည်သို့ဆိုစေ အဓိကခန်းမဆောင်၏ မျက်နှာပြင်ပေါ်တွင် သုံးရက်တိုင်တိုင် ကြော်ငြာထားခြင်းအားဖြင့် ထိုကုန်ပစ္စည်း၏ ရောင်းအားသည် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာပေလိမ့်မည်။
သောင်းနှင့်ချီသော ကြော်ငြာများသည် ဗဟုသုတခန်းမ၏ အဓိက ခန်းမဆောင်ကို နေ့စဉ်နေ့တိုင်း ဖြတ်သန်းလျက်ရှိသည်။ တချိူ ့ကြော်ငြာများဆိုလျင် စက္ကန့်ပိုင်းမျှသာ ကြာမြင့်လိုက်ကြသည်။ သို့သော် စုချန်း၏ အက်ဒမန်တင်း စစ်ပွဲသုံး ကိုယ်ခန္ဓာ ကြော်ငြာကတော့ အဓိကခန်းမတွင် သုံးရက်တိုင်တိုင် တည်ရှိနေပေတော့မည်။ ထို့ကြောင့် ၎င်းသည် တခြားကြော်ငြာများနှင့် များစွာ ကွဲပြာခြားနားသွားမည် ဖြစ်သည်။
အိပ်မက်နန်းတော်တွင် ထိုကြော်ငြာမျိူ း ထည့်သွင်းလိုလျင် အိပ်မက်အမှုန်း များစွာ ကုန်ကျခံရလေ့ရှိသည်။ သို့သော် စုချန်း၏ ကြော်ငြာကတော့ တပြားတချပ်မှ ကုန်ကျစရာမလို။ မင်လန်းက အလကား လုပ်ပေးလိုက်ခြင်းပင်။ ၎င်းမှာ မင်လန်းက စုချန်းအား အထူးအခွင့်အရေးတရပထ ပေးအပ်လိုက်ခြင်းနှင့် အတူတူသာ။ သူမအနေနှင့် စည်းမျဉ်းများကြောင့်် စုချန်း၏ အိပ်မက်အခွင့်အရေး အဆင့်မြင့်တက်လာအောင် တိုက်ရိုက်မကူညီနိုင်။ ထို့ကြောင့် တဖက်လှည့်နှင့် ကူညီလိုက်ခြင်း မည်၏။
သို့သော် ကြောင်းကျိူ းမညီညွတ်စရာလေး တချက်တော့ ရှိနေပြန်၏။ ၎င်းမှာ အက်ဒမန်တင်း နည်းစနစ်သည် အလွန်ကောင်းမွန်သော်လည်း အဆင့် ၉အကဲဖြတ်မှု ပေးထားခြင်းက လိုသည်ထက် ပို၍ အကဲဖြတ်ထားသလို ဖြစ်နေသောကြောင့်ပင်တည်း။ မည်သို့ဆိုစေ သုံးရက်တိုင်တိုင် အခမဲ့ကြော်ငြာခွင့်နှင့် ကြယ်၉ပွင့် အကဲဖြတ်မှုမှာ မန်လန်း ပေးနိုင်သမျှသော အကူအညီ အကုန်လုံးပင်ဖြစ်သည်။
တဖက်တွင်လည်း မင်လန်းက ထိုနည်းစနစ်ကို ရောင်းချ၍ ရသမျှသော အိပ်မက်အမှုန်များအားလုံးကို အထူးအခွင့်အရေး အဆင့်အတန်း မြှင့်တင်ရာတွင် ပြန်လည်အသုံးချရန် စုချန်းအား တောင်းဆိုလိုက်သည်။ စုချန်းအနေနှင့် ထိုတောင်းဆိုချက်ကိုတော့ သိပ်သဘောမတူချင်။ သုတေသနလုပ်ငန်းဟူသည် ငွေအလွန်ကုန်၏။ ရရှိလာသမျှသော ငွေကြေးများအားလုံးကို အထူးအခွင့်အရေး မြှင့်တင်ရာတွင် အသုံးပြုလိုက်ရင် နောင်လာမည့် သုတေသနများအား မည်သည့်ငွေနှင့် ပြုလုပ်မည်နည်း။
သူတို့နှစ်ယောက်သည် ထိုကိစ္စနှင့်ပတ်သက်၍ အကြိတ်အနယ် ဆွေးနွေးကြ၏။ နောက်ဆုံးတွင်တော့ ပထမဆယ်ရက်အတွက် ရောင်းရငွေ၏ ၉၀ရာခိုင်နှုန်းကို စုချန်း၏ အထူးအခွင့်အရေး မြှင့်တင်ရာတွင် သုံးမည်ဟူ၍ သဘောတူညီချက် ယူလိုက်ကြသည်။ ဆယ်ရက်နောက်ပိုင်း ရောင်းရငွေများကတော့ စုချန်း၏ ကိုယ်ပိုင်ဥစ္စာ ဖြစ်လာပေလိမ့်မည်။
တခြားပစ္စည်းများနှင့် မတူသည်မှာ ဗဟုသုတများနှင့် သတင်းအချက်အလက်များဟူသည် ပျံ့နှံ့ရန် လွယ်ကူ၏။ အချိန်ကြာလာသည်နှင့်အမျှ ပို၍ ရောင်းရခက်လာတတ်သည်။ ဥပမာအားဖြင့် တစုံတယောက်သည် အိပ်မက်နယ်ပယ်အတွင်းဝင်ကာ အက်ဒမန်တင်းနည်းစနစ်ကို ဝယ်ယူပြီး ပြင်ပကမ္ဘာကြီးတွင် ဈေးနှုန်းသက်သာစွာနှင့် ပြန်လည်ရောင်းချပါက စုချန်း ဘာမှ မတတ်နိုင်။
ထို့ကြောင့် သတင်းတခုကို အိပ်မက်နယ်ပယ်အတွင်း ဖော်ပြပြီးသည်နှင့် ထိုသတင်းသည် ပြင်ပကမ္ဘာတွင် ၁၀ပုံလျင် ၁ပုံသာ ဈေးပေါက်တော့သည်။
တဖန် ဈေးနှုန်းအလွန်မြင့်သော မူလစွမ်းရည်များဆိုလျင် မူရင်းထက် ဈေးပေါသော မိတ္တူသားများသာ ပို၍ ရောင်းကောင်းသော သဘောသဘာဝတွင် ရှိသည်။ ထို့ကြောင့် ယေဘုယျအားဖြင့် မူလစွမ်းရည်တမျိူ း ဈေးကွက်အတွင်းသို့ ရောက်ပြီး ဆယ်ရက်ခန့်အတွင်း၌သာ ရောင်းအားကောင်းလေ့ရှိသည်။ နောက်ပိုင်းတွင် ဈေးကျလာသလို ရောင်းအားလည်း မကောင်းတော့။
မင်လန်းအတွက်မှာမူကား ကိုင်းဟွမ်ကောင်းကင်ဘုံ နည်းစနစ်ကို ဖုံးကွယ်နေသူ ငွေကုန်ကြေးကျ ပိုများလာစေရန် စုချန်း၏ အထူးအခွင့်အရေး အဆင့်အတန်းကို မဖြစ်မနေ မြှင့်တင်ဖို့ လိုအပ်လျက်ရှိသည်။ စုချန်းအတွက်ကျတော့ မင်လန်း၏ အကူအညီဖြင့် သူ၏ အက်ဒမန်တင်းနည်းစနစ်ကို အများအပြား ရောင်းချနိုင်ပေလိမ့်မည်။ ဆယ်ရက်နောက်ပိုင်း ရောင်းအား နည်းသွားသည်ဆိုစေကာမူ အမြတ်အစွန်းကတော့ ပုံမှန် ရရှိနေအုံးမည်သာ။
နှစ်ဦးနှစ်ဖက် အကျိူ းရှိသော ကိစ္စဖြစ်သည်။ ထိုအခါ ဆုံးဖြတ်ချက်သည် မြန်မြန်ဆန်ဆန်ပင် အကောင်အထည် ပေါ်လာခဲ့လေသည်။
သိပ်မကြာမီ ဗဟုသုတခန်းမ၏ အဓိကမျက်နှာပြင်တွင် အက်ဒမန်တင်း စစ်ပွဲသုံး ကိုယ်ခန္ဓာနည်းစနစ်ကြော်ငြာသည် အခန့်သား ပေါ်ပေါက်လာ၏။
ကြယ်၉ပွငမ့အဆင့် အကဲဖြတ်မှုကို ရရှိထားသည် ကြော်ငြာဖြစ်၍ လူအများ သတိပြုမိရန် လွယ်ကူလှသည်။ အက်ဒမန်တင်း စစ်ပွဲသုံး ကိုယ်ခန္ဓာနည်းစနစ်သည် ဝက်ဝံရှစ်ကောင်၏ ခွန်အားနှင့် ညီမျှသော တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်ဟု ကြော်ငြာတွင် ရေးသားထား၏။ ဤနည်းအားဖြင့် နည်းစနစ်၏ စွမ်းရည်ကို တွက်ဆနိုင်ပေသည်။
ကြော်ငြာတွင် ပါဝင်သည့် ဝက်ဝံဟူသည်မှာ တောင်ရိုးဝက်ဝံများကို ဆိုလိုခြင်း ဖြစ်သည်။ တောင်ရိုးဝက်ဝံများဟူသည် ၎င်းတို့၏ အပြင်အားကိုသာ သုံး၍ တိုက်ခိုက်တတ်သော အဆင့်နိမ့် သားရဲသတ္တဝါဆိုးများ ဖြစ်ကြသည်။ မူလစွမ်းရည်တမျိူ းမျိူ း၏ အင်အားကို တိုင်းတာရန် တောင်ရိုးဝက်ဝံများ၏ အရေအတွက်ကို အသုံးပြုလေ့ရှိပြီး ၎င်းသည် သာမာန်သိုင်းပညာရှင်တယောက်၏ အင်အားကို မြင်းကောင်ရေအသုံးပြု၍ တိုင်းတာသည်နှင့် အတူတူပင်။
အဆင့်အနိမ့်ဆုံး ချီစုဆောင်းခြင်းနယ်ပယ် မူလစွမ်းရည်များကို ဝက်ဝံတကောင်ဟု သတ်မှတ်ထားပြီး ထိုနယ်ပယ်၏ အမြင့်ဆုံးအဆင့်မှာ ဝက်ဝံသုံးကောင် ဖြစ်သည်။ သွေးဗီဇ မူလစွမ်းရည်များအတွက် စံသတ်မှတ်ချက်မှာကား ဝက်ဝံကောင်ရေ ၅ကောင်ဖြစ်သည်။
ထိုကြောင့် မူလကမ္ဘာကြီးတွင် တိုက်ခိုက်ရေးအင်အား ၅ရှိသည်ဟု ဆိုပါက ၎င်းသည် ဝက်ဝံကောင်ရေ ငါးကောင်နှင့် ရှိမျှသော အင်အားကို ပိုင်ဆိုင်ထားသည်ဟု ဆိုလိုခြင်းပင်။ စုချန်း၏ ပေါက်ကွဲနေသော မီးလျံငှက်ကို ၎င်း၏ တိုက်စစ်စွမ်းရည်ကြောင့် ဝက်ဝံကောင်ရေ ၁၂ကောင်ဟု သတ်မှတ်ထားသည်။ အက်ဒမန်တင်း စွမ်းရည်မှာကား မီးလျံငှက်လောက် မကောင်း။ သို့သော် ၎င်း၏ ခံနိုင်ရည်စွမ်းရည်မှာ ဝက်ဝံ၈ကောင် အဆင့်ရှိ၍ တွဲဖက်ဆေးရည် မပါသည့်တိုင် အတော်လေး အထင်ကြီးစရာ ကောင်းနေခဲ့လေပြီ။
ဤနေရာတွင် အရေးတကြီး နားလည်ထားရန်မှာ ဤစွမ်းရည်သည် တိုက်စစ် စွမ်းရည်မဟုတ်။ ခံစစ်စွမ်းရည် ဟူသည်ကိုပင်။ ခံစစ်နှင့် တိုက်စစ် စွမ်းရည်နှစ်မျိူ းသည် အဆင့်တူညီနေပါက ခံစစ်စွမ်းရည်က ပို၍ တန်ဖိုးကြီးမား၏။ အက်ဒမန်တင်းနည်းစနစ်သည် ဝက်ဝံရှစ်ကောင်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်ဟု ဆိုထားလေရာ ထိုအင်အားထက် နည်းသော တိုက်စစ်စွမ်းရည်များမှာ ၎င်းနှင့်တွေ့လျင် အသုံးမဝင်တော့။ ဝက်ဝံရှစ်ကောင်ထက် ပိုသည့် တိုက်စစ်စွမ်းရည်ဆိုပါကလည်း အက်ဒမန်တင်း ကိုယ်ခန္ဓာနှင့်သာ ရင်ဆိုင်ရပါက ၎င်း၏ ထိရောက်မှု များစွာ လျော့နည်းသွားတော့မည် ဖြစ်သည်။
ဤမူလစွမ်ရည်၏ တခုတည်းသော အားနည်းချက်မှာ အလေးချိန်တိုးလာခြင်းကြောင့် လျင်မြန်မှု လျော့ကျသွားခြင်းပင် ဖြစ်သည်။ မည်သို့ဆိုစေ ချီစုဆောင်းခြင်းနယ်ပယ်ရှိ မူလချီစွမ်းအားပညာရှင်များအတွက်မူ ဤနည်းစနစ်သည် များစွာ အဖိုးတန်နေ၏။
ရဲတိုက်သခင်မ၏ ကြယ်၉ပွင့်အဆင့် အကဲဖြတ်မှုကြောင့် စုချန်းသည် စတင်ကြော်ငြာပြီး နာရီဝက်အတွင်းမှာပင် မိတ္တူစောင်ရေ ၃၀၀တိတိ ရောင်းချနိုင်ခဲ့၏။ မိတ္တူတစောင်လျက် အိပ်မက်အမှုန် ၁၀၀၀ ကျသင့်သည်ဖြစ်လေရာ မျက်စေ့တမှိတ်အတွင်း အိပ်မက်အမှု ၃၀၀၀၀၀အထိ စုချန်းတယောက် သပိတ်ဝင်အိတ်ဝင် ရရှိခဲ့လေသည်။ ကုသိုလ်ကံ အလွန်ကောင်းနေသောကြောင့် စုချန်း ကိုယ့်ကိုယ်ကိုပင် မယုံကြည်နိုင် ဖြစ်လာ၏။
မည်သို့ဆိုစေ ဤမျှ ရောင်းအားကောင်းရခြင်းမှာ မင်လန်း၏ ကြယ်၉ပွင့်အဆင့်သတ်မှတ်ချက်နှင့် အခမဲ့ ကြော်ငြာကြောင့် ဖြစ်မှန်း စုချန်း ကောင်းကောင်းသိ၏။ ပထမတချက်သည် ဝယ်ယူသူများကို မူလစွမ်းအင်၏ အရည်အသွေးအတွက် အာမခံချက်ပေးထားပြီး ဒုတိယအချက်ကြောင့် လူတန်းစားမရွေး ဝင်ရောက်ကြည့်ရှုနိုင်ခွင့် ရှိလာ၏။။
ထိုနှစ်ချက်ကြောင့်သာ မဟုတ်လျင် ယခုရောင်းချနေရသော ပမာဏ၏ ဆယ်ပုံတပုံပင် စုချန်း ရောင်းချနိုင်ဖွယ်ရာမရှိ။ ပထမတရက် ကုန်ဆုံးသည်နှင့် ရောင်းချနိုင်ခဲ့သည့် မိတ္တူများ အရေအတွက် ထွက်ပေါ်လာ၏။ အံ့သြစရာကောင်းလောက်အောင်ပင် ပထမတရက်တည်းနှင့် စုချန်းသည် အက်ဒမန်တင်းနည်းစနစ် မိတ္တူ စောင်ရေ ၂၂၁၃စောင်အထိ ရောင်းချနိုင်ခဲ့သည်။
စုချန်း၏ အထူးအခွင့်အရေး အဆင့်အတန်းသည် အိပ်မက်အရာရှိ အဆင့်တစ်သို့ တမုဟုတ်ချင်း ခုန်တက်လာခဲ့၏။
သို့သော် ၎င်းမှာ ပထမနေ့ ဝင်ငွေမျှသာ ရှိသေးသည်။ နောက်နှစ်ရက်အကြာတွင် နောက်ထပ် မိတ္တူ စောင်ရေ ၃၈၀၀အထိ ရောင်းချနိုင်ခဲ့ပြန်၏။ စုချန်း၏ အထူးအခွင့်အရေး အဆင့်မှာလည်း အဆင့်လေး အိပ်မက်အရာရှိ အဆင့်သို့တိုင် မြင့်တက်လာခဲ့လေပြီ။
သုံးရက်အတွင်း စုချန်း၏ ဝင်ငွေမှာ မူလကျောက်တုံး ၅၀၀၀၀၀အထိ ရှိနေ၏။ စုချန်းကား အိပ်မက်မက်နေသလို ခံစားနေရလေသည်။ မူလကျောက်တုံး ၅၀၀၀၀၀သည် စုချန်းအား အဆင့်လေး အိပ်မက်အရာရှိ အဆင့်သို့သာ ပို့ဆောငိပေးနိုင်၏။ သူ့အနေနှင့် အိပ်မက်ဘုင်အဆင့်သို့သွားလိုလျင် အနည်းဆုံး မူလကျောက်တုံး တသန်းခန့် လိုအပ်ပေသည်။
အထူးအခွင့်အရေး အဆင့်အတန်း မြင့်မားလာခြင်းသည် ကြွားဝါရန်မဟုတ်။ မည်သို့ဆိုစေ ထိုအတွက်ကြောင့် စုချန်းကိုယ်တိုင်လည်း အခွင့်အရေးများစွာ ရရှိလာခဲ့လေသည်။
အိပ်မက်ဘုရင် ဖြစ်လာပါက စုချန်းသည် သူ့ကြော်ငြာများကို အိပ်မက်ရဲတိုက်၏ အဓိကခန်းမတွင် အခကြေးငွေ နည်းနည်းဖြင့် အချိန်တခုကြာအောင် ကြော်ငြာခွင့် ရှိလာမည် ဖြစ်သည်။ အိပ်မက်သခင် သို့မဟုတ် သခင်မလေးတို့ ကြော်ငြာသလောက် သုံးရက်တာ မကြာမြင့်သော်လည်း ထိုအချိန်သည် လူအများ မြင်တွေ့နိုင်ရန်တော့ လုံလောက်၏။
အမှန်တော့ အိပ်မက်အရာရှိ အဆင့်ရောက်သည်နှင့်ပင် ထူးခြားသော အခွင့်အရေးတချိူ့ကို စုချန်း ရရှိပြီးဖြစ်သည်။
သူလုပ်ချင်သည့်အရာကို လုပ်ဆောင်နိုင်ရန် ဘေးခန်းတွင် သွားရောက်စောင့်ဆိုင်းနေစရာ မလိုတော့။
ဝန်ဆောင်မှုအတွက် အိပ်မက်ဝိညာဉ်တယောက်ကို ရွေးချယ်ထားနိုင်၏။
စုချန်းက လုလုကိုပင် ရွေးချယ်လိုက်လေသည်။