← Chapters

အဆင့်မြင့် နည်းပညာ

Vol. 6 Ch. 588

အဆင့်မြင့် နည်းပညာ

Vol. 6 Ch. 588

ချန်းဖန်သည် တိုက်ခိုက်သူများကိုသာ ဒေါသ ထွက်နေခြင်း မဟုတ်ပေ။ သူ့ကိုယ်သူလည်း ဒေါသထွက် နေမိသည်။ သူသည် ထိုအရာ လာနေသည်ကို သိသည့်တိုင် အချိန်မီ မတားဆီး နိုင်လိုက်ချေ။

"အဇူရာ သက်ရှည် ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ရင် ငါ သေတောင် သေသွားနိုင်တယ် ..."

ချန်းဖန်၏ မျက်လုံးများကား ရေခဲအလား အေးစက် နေချေပြီ ဖြစ်လေသည်။

"ငါ့အနေနဲ့ ပထမလုံး လုပ်ရမှာက လျှပ်စစ်သံလိုက် အမြောက်ပိုင်ရှင်တွေကို သေချာရှာဖို့ပဲ ... ပြီးမှ ကျန်တဲ့သူ အားလုံးကို သတ်ပစ်မယ်"

ထို့နောက် ချန်းဖန်က အသံ၏ အမြန်နှုန်း အတိုင်းပင် ခေါင်းတုံးလူ ရှိရာသို့ ပြေးဝင်သည်။

"သောက်ချီးပဲ ..."

ချန်းဖန် အသက်ရှင်နေသည်ကို တွေ့သည်နှင့် ခေါင်းတုံးလူ၏ မျက်နှာက ပြောင်းလဲသွားသည်။ သူက လျင်မြန်စွာပင် လျှပ်စစ်သံလိုက် အမြောက်ကို ကောက်ယူကာ ပစ်ခတ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူကား နောက်ကျနေချေပြီ ဖြစ်သည်။

"သတ် ..."

ချန်းဖန်က ဓားချီလှိုင်းတစ်ခုကို ဖန်တီးကာ ခေါင်းတုံးလူအား ဖြတ်ပိုင်းလိုက်သည်။

"ဖွဲ့စည်းစမ်း ..."

ရုတ်တရက် ခေါင်းတုံးလူ၏ မျက်လုံးမှ အပြာရောင် အလင်းတစ်ခု ပေါ်လာ၏။ ထိုအလင်းက ဒိုင်းကာ တစ်ခု ပုံသဏ္ဌာန် ဖွဲ့စည်းကာ ချန်းဖန်၏ ဓားချီလှိုင်းအား တားဆီးသည်။

ထိုဒိုင်းကာသည် သန့်စင်သော ဝိညာဉ် စွမ်းအားဖြင့်အရာ ဖြစ်သော်လည်း စတီးထက်ပင် မာကျောကာ ဓားများထက်ပင် ထက်ရှသည်။

ထိုကဲ့သို့ ဝိညာဉ် စွမ်းအားကို အရာတစ်ခု ဖန်ဆင်း၍ တိုက်ခိုက်သူများကို ကျင့်ကြံခြင်း လောက၌ ကောင်းကင်ဝိညာဉ် သခင်များဟု ခေါ်ကြသည်။ ထိုလူများသည် သာမန် ဝိညာဉ်စွမ်းအား သခင်များထက် ပိုမြင့်သော အဆင့်အတန်း တစ်ခု၌ ရှိသည်။

ထိုခေါင်းတုံးလူသည် ကောင်းကင်ဝိညာဉ် သခင် တစ်ယောက် ဖြစ်ကြောင်း ချန်းဖန် သံသယ မရှိချေ။

ထိုလူသည် ဝိညာဉ်စွမ်းအား တစ်ခုတည်းဖြင့်ပင် သာမန် တန်ခိုးရှင် အဆင့်ကို သတ်နိုင်နေပြီ ဖြစ်သည်။

သို့သော်လည်း သူနှင့် ရင်ဆိုင်နေရသော လူကား သာမန်တန်ခိုးရှင် တစ်ယောက် မဟုတ်ချေ။ ချန်းဖန် ဖြစ်သည်။

"လာစမ်း ..."

ချန်းဖန်က လက်နှစ်ဖက်ကို မြှောက်ရင်း အခြား ဓားအလင်း တစ်ခုအား ဆင့်ခေါ် လိုက်ပြန်၏။ ထိုဓားမှာ ပုစဉ်း အတောင်ပံကဲ့သို့ ပါးလွှာသော်လည်း  အလွန်အမင်း ထက်ရှဟန် ရသည်။

"ဘုန်း ..."

ဓားက အပြာရောင် ဒိုင်းကာကို ထက်ဝက်ပိုင်းကာ ခေါင်းတုံးလူထံ တိုးဝင်၏။

"အား ..."

ခေါင်းတုံးလူက မျက်လုံးအတွင်း၌ အပြာရောင် အလင်းများက အကန့်အသတ် အထိ ရောက်အောင် ပေါက်ကွဲထွက်လာသည်။ တစ်ခဏအတွင်းမှာပင် ထိုအလင်းများက အပြာရောင် လှိုင်းများကို ထုတ်လွှင့်ကာ ချန်းဖန်၏ စိတ်ကို ထိန်းချုပ်ရန် ကြိုးစားသည်။

"ဟီးဟီး ... ဒီလောက် လှည့်ကွက်လေးနဲ့ မင်းက ငါ့ကို စိန်ခေါ်ချင်တာလား"

ချန်းဖန်က ဓားကို ပြန်လည် ရုပ်သိမ်းကာ လှောင်ပြုံးပြုံးလိုက်၏။

ရုတ်တရက်ပင် အဇူရာ အလင်းနှစ်ခုက သူ၏ မျက်လုံးများမှ ထွက်ပေါ်လာကာ ခေါင်းတုံးလူဆီသို့ ဦးတည်၍ တိုးဝင်သည်။

"ဟူး ..."

အဇူရာ အလင်းနှစ်ခုက ခေါင်းတုံးလူ ပစ်လွှတ်လိုက်သော အပြာရောင် လှိုင်းများကို ဖျက်ဆီးကာ ခေါင်းတုံးလူ၏ အပေါ်သို့ တိုက်ရိုက်ကျသည်။ ရုတ်တရက် ကတုံးလူမှာ သွေးများ အန်လိုက်ရ၏။

"ပထမ တစ်ယောက် ..."

ချန်းဖန်က သူ၏ တိုက်ခိုက်မှုကို နှစ်ဆ အထိ မြှင့်တင်လိုက်၏။

ထို့နောက် သူသည် ဝိညာဉ် စွမ်းအား သက်သက်ဖြင့် ခေါင်းတုံးလူ၏ ခန္ဓာကိုယ်အား ထက်ဝက် ပိုင်းဖြတ်လိုက်တော့သည်။

***

"တတိယမြောက် ပညာရှိတော့ အသက် အန္တရာယ် ရှိနေပြီ ..."

တောင်ကုန်းပေါ်ရှိ လူနှစ်ယောက်၏ မျက်နှာများကား မည်းမှောင်၍ နေသည်။

"နစ် ... ငါ သူ့ကို သွားပြီး တားလိုက်မယ် ... မင်းက နတ်ဘုရား သတ်ဖြတ်ရေး အဖွဲ့ကို ဆက်သွယ်ပြီး စစ်ကူ ခေါ်လိုက်"

ရွှေဝါရောင် ဆံပင် ပိုင်ရှင် လူက ပြောလိုက်သည်။

ထိုခဏတွင်ပင် သူ၏ ခန္ဓာကိုယ်မှ သတ္တု အရည်များ ထွက်ပေါ်လာကာ ငွေရောင် ဝတ်စုံ တစ်ခု ဖြစ်သွား၏။

"ဟူး ..."

ရွှေဝါရောင် ဆံပင် ပိုင်ရှင်က မြေပြင်ကို ဆောင့်နင်းရင်း ချန်းဖန် ရှိရာ အရပ်သို့ ဦးတည်လိုက်၏။

ရုတ်ခြည်းပင် သူ၏ ခန္ဓာကိုယ်က အသံ၏ အမြန်နှုန်းကို ချိုးဖောက်ကာ ငွေရောင် အလင်းတန်း အသွင် ပြေးထွက် သွားတော့သည်။

"အိုကေ ကလာ့ခ် ဂရုစိုက်ဦး"

လူမည်းက လှမ်းအော်လိုက်၏။ ထို့နောက် သူ၏ အနားရှိ သေတ္တာ အတွင်းမှ အနက်ရောင် ဝတ်စုံကို ထုတ်ယူကာ ဝတ်ဆင်လိုက်သည်။

သိပ်မကြာခင်မှာပင် တစ်ဒါဇင်ခန့် အရေအတွက်ရှိသော အနက်ရောင် ဝတ်စုံဝတ် လူများက အလွန် လျှင်မြန်သော အမြန်နှုန်းများနှင့် သူ၏ အနီးသို့ ရောက်ရှိလာကြ၏။

***

"ဟူး ..."

ချန်းဖန်မှာ ပျံသန်းရင်း ဒုတိယမြောက် လျှပ်စစ်သံလိုက် အမြောက် ပိုင်ရှင် ရှိရာသို့ ရောက်လာခဲ့၏။

ထိုလူသည်လည်း ခေါင်းတုံးပင် ဖြစ်ကာ ငွေရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက ချန်းဖန်အား တွေ့သည်နှင့် လျှပ်စစ်သံလိုက် အမြောက်နှင့် ပစ်ခတ် တိုက်ခိုက်ရန် ကြိုးစားသည်။

သို့သော်လည်း ချန်းဖန်က လျှပ်တစ်ပြက် အတွင်းမှာပင် ထိုလူကို သတ်ဖြတ်ကာ လျှပ်စစ်သံလိုက် အမြောက်ကိုပါ ထက်ဝက် ပိုင်းဖြတ်လိုက်သည်။

"နှစ်ယောက် ..."

ချန်းဖန်က မြေပြင်အား ဆောင့်နင်းကာ ကောင်းကင်သို့ ပျံတက် လိုက်ပြန်၏။

ရုတ်တရက် ငွေရောင် ဝတ်စုံဝတ် လူတစ်ဦးက ချန်းဖန်ဆီသို့ တိုးဝင်လာသည်။

"ဘာလဲ ..."

ချန်းဖန်က ထိုလူအား လက်သီးဖြင့် ဆီးကြိုကာ ထိုးရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း အံ့အားသင့်စွာပင် ထိုလူက ချန်းဖန်၏ လက်သီးကို ရှောင်တိမ်း ခုခံရန် မကြိုးစားပဲ လက်ဖြင့်သာ တိုက်ရိုက် ဖမ်းယူရန် ဟန်ပြင်လိုက်၏။

"သေလိုက်ကွာ ..."

ချန်းဖန်က မည်းမှောင်သော မျက်နှာဖြင့် လက်သီး၏ စွမ်းအားကို နှစ်ဆ အထိ တိုးလိုက်သည်။

"ဘုန်း ..."

ချန်းဖန်၏ လက်သီးက မခန့်မှန်းနိုင်သော အမြန်နှုန်းဖြင့် ငွေရောင် ဝတ်စုံဝတ် လူ၏ ခန္ဓာကိုယ် အပေါ်သို့ ကျသည်။ သို့သော်လည်း အံအားသင့်စွာပင် ထိုအရာက ဝတ်စုံနက်ဝတ် လူအား ထိခိုက်စေပုံ မရချေ။

ချန်းဖန်က အသံ၏ အမြန်နှုန်းကို ချိုးဖောက်ကာ လက်သီးချက် ကိုးချက် ထပ်မံထိုးလိုက်၏။

"ဘုန်း ..."

ဝတ်စုံနက်ဝတ်လူက အနီးရှိ တောင်ကုန်း တစ်ခုဆီသို့ လွင့်စဉ် သွားသော်လည်း ချက်ချင်းပင် ပြန်လည် ထလာ၏။

"သူ့ရဲ့ ခန္ဓာကိုယ်က ဘာလဲ ..."

ချန်းဖန်က ကောင်းကင်တွင် ရပ်ရင်း အကဲခတ် လိုက်သည်။

ထိုဝတ်စုံနှင့် ပတ်သက်၍ တစ်ခုခု လွဲချော်နေကြောင်း သတိထားလိုက်မိ၏။

ထိုငွေရောင် ဝတ်စုံသည် ရိုးရိုး ဝတ်စုံ ဟုတ်ပုံ မရချေ။ အရည်သတ္တု တစ်မျိုး ဖြစ်နိုင်သည်။

"ဒီဟာက ကမ္ဘာပေါ်က နည်းပညာ အသစ်တစ်ခု ဖြစ်ရမယ် ... ကမ္ဘာပေါ်မှာ ဒီလို နည်းပညာမျိုး ရှိနေမယ်လို့ မထင်ထားမိဘူး"

ချန်းဖန်က မယုံကြည်နိုင်စွာဖြင့် တွေးလိုက်မိသည်။

ထိုအရာက သူ့အား စကြဝဠာ အတွင်းရှိ နည်းပညာမြင့် ဂြိုဟ်များမှ ဝတ်စုံများကို သတိရစေသည်။ သို့သော်လည်း ထိုဝတ်စုံမှာ ချန်းဖန် တွေ့ဖူးသည့် ဝတ်စုံများနှင့် ယှဉ်ပါက အလွန် နိမ့်ပါးပြီး အခြေခံ အဆင့်လောက်သာ ရှိသည်။

"သတ် ..."

ချန်းဖန်က ဓားအလင်းကို လက်ချောင်းများဖြင့် ဆင့်ခေါ်လိုက်၏။

သို့သော်လည်း ငွေရောင်ဝတ်စုံကား အလွန်ပင် မာကျောလွန်း၏။ ချန်းဖန်၏ ဓားအလင်းမှာ စစ်သင်္ဘောများကိုပင် ထက်ဝက် ပိုင်းဖြတ်နိုင်သည့်တိုင် ငွေရောင် ဝတ်စုံကိုမူ ယခုထိ မပိုင်းဖြတ် နိုင်သေးချေ။

"သူက ဘယ်လောက်တောင် အစွမ်းထက် နေတာလဲ ..."

သို့သော်လည်း ချန်းဖန်၏ တိုက်ခိုက်မှုများကြောင့် ငွေရောင် ဝတ်စုံဝတ် လူမှာ တုန်လှုပ်နေခဲ့ပြီ ဖြစ်သည်။

သူ ဝတ်ထားသော ဝတ်စုံကား ကမ္ဘာပေါ်၌ နှစ်ခုသာ ရှိသော ဝတ်စုံ ဖြစ်သည်။ ထို ဝတ်စုံမှာ လျှပ်စစ်သံလိုက် အမြောက်များ၊ လေဆာ အမြောက်များမှပင် ကာကွယ် ပေးနိုင်စွမ်း ရှိသည်။

အမေရိကန်သည် နျူကလိယကို အခြေခံ၍ နှစ်ပေါင်းများစွာ သုတေသနပြု စမ်းသပ်ခဲ့ပြီးမှ ထိုသို့သော ဝတ်စုံ နှစ်စုံကိုသာ ထုတ်လုပ် နိုင်ခဲ့သည်။ ထို့ကြောင့်ပင် သူ ဝတ်ထားသော ဝတ်စုံက အမေရိကန်၏ တန်ဖိုးကြီး ရတနာတစ်ခု ဟုပင် ဆိုနိုင်၏။

ချန်းဖန်ကို သတ်ရန် အတွက် မဟုတ်လျှင် သူတို့သည် ထိုမျှ တန်ဖိုးကြီးသော ဝတ်စုံကို ထုတ်သုံးလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယခုတွင်မူ ချန်းဖန်၏ အကြိမ်ကြိမ် ထိုးနှက်မှုများ အောက်၌ ငွေရောင် ဝတ်စုံကား အကန့်အသတ် အထိပင် ရောက်နေခဲ့ပြီ ဖြစ်သည်။

"နစ် ... မင်းတို့ မလာသေးဘူးလား ... အဲဒီ ခွေးမသားက ငါ့ကို သတ်တော့မယ်ကွ"

ကလာ့ခ်က စိတ်ထဲမှ ကျိတ်ကာ ကျိန်ဆဲလိုက်၏။

သိပ်မကြာခင်မှာပင် နစ်နှင့် အခြား စစ်ကူများ ရောက်ရှိလာသည်။

"တိုက် ..."

တစ်ဒါဇင်ခန့် ရှိသော ဝတ်စုံနက်ဝတ် လူများက ချန်းဖန်အား အဘက်ဘက်မှ ဝန်းရံလိုက်ကြ၏။ သူတို့၏ လက်ထဲတွင်မူ ဓားမြှောင်များ၊ ဓားရှည်များ၊ သေနတ်များ စသဖြင့် လက်နက် အမျိုးမျိုးကို ကိုင်ဆောင်ထား၏။

ထိုလူများ အပြင် တစ်ဆယ် ကီလိုမီတာခန့် အကွာ၌ လျှပ်စစ်သံလိုက် အမြောက် တစ်ခု ရှိနေသေးကြောင်း ချန်းဖန် သတိပြုမိလိုက်သည်။

"ဒါက ... နတ်ဘုရား သတ်ဖြတ်ရေး အဖွဲ့ ဖြစ်ရမယ်"

ချန်းဖန်က ထိုလူစုအား တစ်ချက် ဝှေ့ကြည့်လိုက်သည်။

သူတို့ ဝတ်ဆင်ထားသော ဝတ်စုံများမှာ ပြင်သစ် ပင်လယ်နတ်ဘုရား ဝတ်စုံများထက် တစ်ဆင့်မြင့်သော နည်းပညာ ရှိပုံ ရသည်။ ပြင်သစ် ပင်လယ် နတ်ဘုရား ဝတ်စုံများမှာ ချန်းဖန်၏ တိုက်ခိုက်မှု တစ်ခုကိုပင် တောင့်မခံနိုင်ခဲ့သော်လည်း ယခု ဝတ်စုံများကမူ အနည်းဆုံး သုံးကြိမ် အထိ ခံနိုင်ရည် ရှိမည့်ပုံ ရသည်။

ပို၍ အံ့ဩစရာ ကောင်းသည်က ထိုဝတ်စုံကို ဝတ်ဆင်ထားသည့် စစ်သားများမှာ ခန္ဓာကိုယ် သန့်စင်ခြင်းဖြင့် တန်ခိုးရှင် အဆင့်သို့ ရောက်နေကြခြင်းပင်။

"တန်ခိုးရှင် အဆင့် တစ်ဒါဇင်နဲ့ မူလဝိညာဉ် အဆင့် တစ်ယောက် ... နောက်ပြီး လျှပ်စစ်သံလိုက် အမြောက် သုံးခု ..."

ချန်းဖန်၏ မျက်လုံးများက အလွန်တရာပင် လေးနက်နေ၏။

"ဘုန်း ..."

ရုတ်တရက် အစိမ်းရောင် အလင်းတန်း တစ်ခု ချန်းဖန်ထံ တိုးဝင်လာ၏။ ထိုအရာကား နောက်ဆုံး ကျန်ရစ်သော လျှပ်စစ်သံလိုက် အမြောက်မှ လာသော အရာ ဖြစ်ကြောင်း ချန်းဖန် ချက်ချင်းပင် သိလိုက်သည်။

ချန်းဖန်က ထိုအရာအား ရှောင်တိမ်းမည့်ပုံ မရှိချေ။ သူက နေရာတွင်ပင် ရပ်ကာ ရောင်စုံ အလင်း တစ်ခုကို ဆင့်ခေါ်လိုက်သည်။

"မိုးကြိုးငါးခု ချိပ်တံဆိပ် ..."

***

All Chapters