နှစ်ပေါက်တစ်ပေါက်ရိုက်ခြင်း
Vol. 24 Ch. 231
"ဒီနည်းစနစ်ကို အိပ်မက်အမှုန် တရာနဲ့ ချရောင်းတယ် မိတ္တူ စောင်ရေ တထောင်ရောင်းရတယ်ပဲ ထားအုံး ဝိညာဉ်ကျောက်တုံး တသန်းထက်တော့ ပိုလာစရာအကြောင်းမရှိဘူး အိပ်မက်နယ်ပယ်ထဲက လူဘယ်နှစ်ယောက်လောက်များ ခင်ဗျားရဲ့ နည်းစနစ်ကို ဝယ်မှာမို့လို့လဲ တဖြည်းဖြည်း ပျံ့နှ့ံ့လာတာနဲ့အမျှ ခင်ဗျားရဲ့ နည်းစနစ်ဟာ နောက်ဆုံးမှာ မိတ္တူစောင်ရေ တသိန်းထက် ပိုရောင်းရစရာ အကြောင်းမရှိတော့ဘူး အဲဒီအတွက် ခင်ဗျား ပြန်ရနိုင်တဲ့ အများဆုံးပမာဏက အိပ်မက်အမှုန် ၁၀သန်းပဲ အဲဒီထက်တော့ ပိုစရာ အကြောင်းမရှိဘူး ဒါတောင် ကျူ ပ်က အများကြီး ပိုပိုသာသာ တွက်ပြထားတာ ပုံမှန်ဆိုရင် မိတ္တူ စောင်ရေ တသောင်းထွက်အောင်တောင် မနည်းရောင်းရမှာ ခု ခင်ဗျားရဲ့ အက်ဒမန်တင်းနည်းစနစ်ကိုပဲကြည့်လေ မရေမတွက်နိုင်လောက်တဲ့ လူတွေဟာ ဒီနည်းစနစ်ကို လေ့ကျင့်နေကြတယ် ဒါပေမဲ့ ဒီအတွက် ပိုက်ဆံပေးချင်တဲ့လူကတော့ အနည်းစုပဲ ရှိတယ် ဒါ အမှန်တရားပဲဗျ ဒါကြောင့် အိပ်မက်နယ်ပယ်ထဲမှာ ကိုယ့်ကံကြမ္မာကို ဖန်တီးမယ်လို့ တွေးနေလို့ရှိရင် ဒါဟာ လက်တွေ့မကျဘူးလို့ပဲ ကျူ ပ်ကပြောပါရစေ"
လဖက်ရည်ဆိုင်အတွင်းဝယ် ဇုချန်းကား ယခုတိုင် စုချန်းကို ဆက်လက်ဆွဲဆောင်သိမ်းသွင်းရန် ကြိုးစားနေ၏။ သူ့စကားကို ကြားလိုက်ရသောအခါ စုချန်းက ပြန်ပြောလိုက်သည်။
"ခင်ဗျားကိုကြည့်ရတာ ကျူ ပ်ကို နားလည်မှုလွဲမှားနေဟန်တူတယ် ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို ရောင်းလိုက်တယ်ဆိုတာ ကျူ ပ်က ငွေမက်လို့မဟုတ်ဘူးဗျ ကျူ ပ်ရဲ့ ရည်ရွယ်ချက်က ဒီနည်းစနစ်ကို လူတိုင်း လေ့လာသင်ယူနိုင်ပြီး လူသားမျိူ းနွယ်စုကြီးတခုလုံး အားကောင်းသန်မာလာစေဖို့ပဲ"
"လူသားမျိူ းစိတ်ကို အတိတ်ကာလက ထင်ပေါ်ကျော်စောမှုတွေဆီကို ပြန်လည်ပို့ဆောင်ပေးဖို့ပေါ့ ဟုတ်လား"
ဇုချန်းက ရယ်မောရင်း ပြောလိုက်သည်။ ထို့နောက် သူက ခေါင်းခါယမ်းကာ စကားဆက်ပြန်၏။
"ခင်ဗျားဆီမလာခင် ဒီကိစ္စကို ကျူ ပ်အရင် စဉ်းစားခဲ့သေးတယ် ခင်ဗျားအနေနှင့် ဒီလိုဈေးနှုန်းမျိူ းနဲ့ ကိုင်းဟွမ်ကောင်းကင်ဘုံကို ဘာလို့ ထုတ်ရောင်းသလဲပေါ့ နောက်ဆုံးတော့ အခု ခင်ဗျားပြောနေတဲ့အတိုင်းပဲ ကျူ ပ်တွေးမိလာတယ် ဒါပေမဲ့ သခင်လေးစု ခင်ဗျားအနေနဲ့ နည်းနည်းတော့ နုံချာနေတယ်လို့ မခံစားရဘူးလား"
"နုံချာတယ် ဟုတ်လား"
စုချန်းက ပြန်မေးလိုက်သည်။
"ဟုတ်တယ် နုံချာတယ်"
ဇုချန်းက ပြောလိုက်၏။
"ခင်ဗျားက ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို ဘာထင်နေတာတုန်း နောက်ဆုံးမှာတော့ ဒီနည်းစနစ်ဟာ သွေးဆူးပွက်ခြင်းနယ်ပယ်ကို ပို့ဆောင်ပေးနိုင်တဲ့ သာမာန်နည်းစနစ်တခုပဲ ဖြစ်သွားတော့မှာ ဒီနည်းစနစ်ကို အခြေခံပြီး လူသားမျိူ းနွယ်စုတခုလုံးရဲ့ အနေအထားကို ပြောင်းလဲသွားစေနိုင်မဲ့ စိန်ခေါ်မျိူ းကို လုပ်နိုင်မယ်လို့ ခင်ဗျားက ထင်နေတာလား မရူးစမ်းပါနဲ့ဗျာ ဒါဘယ်လိုမှမဖြစ်နိုင်ဘူးဗျ"
"ဒါကို ကျူ ပ်သိထားပြီးသားပါ ဒါပေမဲ့ အနည်းဆုံးတော့ တိုးတက်လာတယ်မလား ဒီနေ့မှာ ကျူ ပ် ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို တီထွင်နိုင်ခဲ့တယ် နက်ဖြန်မှာ သွေးဗီဇမပါပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ဒါမှမဟုတ် အလင်းတုန်ခါခြင်းနယ်ပယ် ဒီထက်မက မြင့်တဲ့ နယ်မြေတွေကို ဝင်ရောက်နိုင်မဲ့ နည်းလမ်းတွေကို မဖော်ထုတ်နိုင်ဘူးလို့ ခင်ဗျား ပြောနိုင်လို့လား"
"မိုက်မဲလိုက်တာ"
ဇုချန်းက ချက်ချင်းပြောလိုက်သည်။
"ဒီလျှိူ့ဝှက်နည်းစနစ်တွေသာ ဒီလောက်လွယ်လွယ်ကူကူနဲ့ ဖန်တီးနိင်ခဲ့ရင် လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက လူသားမျိူ းနွယ်ဟာ ထိပ်ဆုံးကို ရောက်ခဲ့ရောပေါ့ဗျာ ကဲ တကယ်လို့ ဖန်တီးနိုင်ပြီပဲ ထားအုံး ခင်ဗျား ဘာလုပ်မှာလဲ ခင်ဗျား လူသားမျိူ းနွယ်တခုလုံးကို တကယ်ပဲ ပြောင်းလဲနိုင်မယ်လို့ ထင်နေတာလား ခင်ဗျား ဘာမှ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူးဗျာ ပြောင်းလဲနိုင်တယ်ပဲ ထားအုံး ခင်ဗျားဟာ ကျူ ပ်တို့အတွက် ဘေးဒုက္ခတွေပဲ သယ်ဆောင်လာလိမ့်မယ်"
"ဘေးဒုက္ခတွေ ဟုတ်လား"
"ဟုတ်တယ် ဘေးဒုက္ခတွေ ခင်ဗျားတို့လို သွေးဗီဇမပါတဲ့လူတွေရဲ့ စိတ်ကူးစိတ်သန်း အတွေးအခေါ်တွေကို ကျူ ပ်တို့ နားမလည်ဘူးလို့ ခင်ဗျား တကယ်ပဲ ထင်နေတာလား ခင်ဗျားတို့တတွေ နေ့တိုင်းလုပ်ဆောင်နေသမျှဟာ သွေးဗီဇကန့်သတ်ချက်တွေကို ကျေုာ်လွှားနိုင်ဖို့ပဲဆိုတာ ကျူ ပ်တို့ ကောင်းကောင်းသိတာပေါ့ တနေ့နေ့မှာ လူသားတွေကို ထိပ်ဆုံးရောက်အောင်ပို့ဆောင်ပေးနိုင်မယ်လို့ ခင်ဗျား တကယ်ပဲ ထင်နေတာလား ရယ်စရာကောင်းလိုက်လေဗျာ ဒီအတိုင်းနေတာကမှ လူသားတွေဟာ အသက်ရှင်သန်ခွင့် ရှိအုံးမယ် တကယ်လို့ ခင်ဗျားရဲ့ ရည်ရွယ်ချက်တွေ အထမြောက်သွားရင်တော့ လူသားမျိူ းနွယ်တခုလုံး ကပ်ဆိုက်ပြီလို့သာ မှတ်ပေတော့"
စကားဆုံးသည်နှင့် ဇုချန်းက ရယ်မောလိုက်သည်။ သူ့ရယ်မောသံမှာ အေးစက်လှ၏။ သူ့အသံမှာ အတော်လေး ကျယ်လောင်နေရာ ဘေးနားရှိလူများက စိတ်ဝင်တစားနှင့် လှမ်းကြည့်ကုန်ကြ၏။ ထိုအခါ စုချန်းက စိတ်ဝင်စားသော အမူအရာနှင့် ပြန်လည်မေးမြန်းလိုက်သည်။
"လုပ်စမ်းပါအုံး ဆရာဇုရဲ့ ဘာကြောင့် ဒီလိုပြောရတာလဲ"
ထိုအခါ ဇုချန်းက ပြန်မေးလိုက်သည်။
"သခင်လေးစုဟာ သမိုင်းစာအုပ်တွေ သေချာပေါက် ဖတ်ဖူးလိမ့်မယ်လို့ ကျူ ပ်ယူဆတယ် အာကင်နာနိုင်ငံတော်ကြီး ဘယ်လိုပြိုကွဲသွားတယ်ဆိုတာ မှတ်မိရဲ့လား"
စုချန်းက ခေတ္တစဉ်းစားဟန်ပြု ပြီး ပြောလိုက်သည်။
"ကျူ ပ်အထင်အရ ဒါဟာ မူလသတ္တဝါဆိုးတွေကြောင့် ဖြစ်လိမ့်မယ် ဟုတ်ရဲ့လား"
"မှန်တယ် အာကင်နာတွေဟာ တဖြည်းဖြည်းနဲ့ အထွတ်အထိပ်ကို ရောက်လာတော့ သူတို့ရဲ့ စိတ်ထဲမှာ မူလကမ္ဘာကြီးတခုလုံးကို သိမ်းပိုက်စိုးမိုးဖို့ ကြံစည်လာခဲ့တယ် နောက်တော့ သူတို့တတွေဟာ သားရဲသတ္တဝါဆိုးတွေနောက်ကို သဲကြီးမဲကြီး အမဲလိုက်ကြတော့တာပဲ ဒီတော့ သားရဲသတ္တဝါမျိူ းစိတ်တွေ ဘာပြန်လုပ်သလဲ သိလား သူတို့ တခုပဲ ပြန်လုပ်တယ် အဲဒါက မူလသတ္တဝါဆိုးကြီးကို နှိုးဆွလိုက်တာပဲ ဒီလိုနဲ့ အာကင်နာနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးသွားခဲ့တယ်"
ထို့နောက် သူက လက်နှစ်ဖက်ကို တစုံတခု ပေါက်ကွဲသွားသည့် ပုံစံမျိူ း လုပ်ပြပြီး စကားကို အဆုံးသတ်လိုက်သည်။
"အင်မတန် ကြီးကျယ်တဲ့ နိုင်ငံတော်ကြီးဟာ ဒီလိုမျိူ း ပြိုကွဲပျက်စီးသွားခဲ့တယ်ဗျ"
စုချန်းကား ဘာမှပြန်မပြောပဲ သူ့ကို ငေးမောစိုက်ကြည့်လျက်ရှိသည်။ ဇုချန်းက စကားဆက်ပြန်သည်။
"မူလသတ္တဝါဆိုးကြီးတကောင်ထဲနဲ့ အာကင်နာမျိူ းစိတ်တစိတ်လုံး မွမွကြေသွားတယ် ဒါတောင်မှ အာကင်နာတွေဆိုတာ နှယ်နှယ်ရရတွေ မဟုတ်ဘူးနော် သွေးဗီဇညှို့ငင်ထုတ်ယူကိရိယာ ဝိညာဉ်အသွင်ပြောင်းကိရိယာတို့လို အံ့သြလောက်စရာ တီထွင်မှု အများအပြား တီထွင်နိုင်ခဲ့တဲ့ မျိူ းစိတ်တွေ ဒီလောက် အင်အားကြီးမားတဲ့ နိုင်ငံတော်ဟာ မျက်စေ့တမှိတ်အတွင်းမှာပဲ အစိတ်စိတ်အမွှာမွှာပြိုကွဲသွားပြီး သမိုင်းထဲကို ပုံပြင်တပုဒ်သာသာ အဆင့်ကို ရောက်သွားရတယ်"
စုချန်း၏ ပုံစံမှာ စိတ်ရှုပ်ထွေးဟန် ပေါ်လာသည်။ ထို့နောက် သူက မေးလိုက်၏။
"ဒါတွေ ကျူ ပ်သိထားပြီးသားပါ ခင်ဗျား ဘာပြောဖို့ကြို းစားနေတာလဲဗျ"
ထိုအခါ ဇုချန်းက သူ့အနီးသို့ တိုးကပ်ပြီး ငြင်သာစွာ ရယ်မောရင်း ပြောလိုက်သည်။
"ကျူ ပ်က လူသားမျိူ းနွယ်တွေ ထိပ်ဆုံးရောက်အောင် ကြို းစားမယ်ဆိုတဲ့ ခင်ဗျားရဲ့အိပ်မက်ကို လက်လျှော့သင့်တယ်လို့ ပြောချင်နေတာကွ တကယ်တော့ ခင်ဗျားမှာ ဒီကိစ္စကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့ စွမ်းရည်မျိူ း မရှိပါဘူး တကယ်လို့ ဒီအိပ်မက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီဆိုရင်တော့ မင်းဟာ လူသားမျိူ းနွယ်တွေကို ကပ်ဆိုက်စေခဲ့ပြီဆိုတာ တဖြည်းဖြည်းနဲ့ သဘောပေါက်လာလိမ့်မယ် တချိန်က အာကင်နာတွေ ကြုံတွေ့ခဲ့ရတဲ့ ကပ်မျိူ းပေါ့ကွာ"
နောက်ဆုံးတော့ ဇုချန်း၏ ဆိုလိုရင်းကို စုချန်း နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။
"လက်စသတ်တော့ ဒီအိပ်မက်ဟာ မူလသတ္တဝါတွေကို ဆွဲဆောင်မိသလိုဖြစ်ပြီး ကျူ ပ်တို့အားလုံးကို ပျက်စီးစေမှာမို့လို့ လူသားတွေအနေနဲ့ အင်အားကြီးမားလာတာ မကောင်းဘူးလို့ ခင်ဗျားက ထင်နေတာကိုး"
"ဒါဟာ ကျူ ပ်တယောက်တည်းရဲ့ ထင်မြင်ယူဆချက်မဟုတ်ဘူး တော်ဝင်မျိူ းနွယ်စုတိုင်းလိုလိုကလည်း ဒီအတိုင်းပဲ လက်ခံထားတယ် ကျူ ပ်တို့ဟာ မူလသတ္တဝါတွေကို ဘယ်လိုမှ မနိုင်ဘူး မူလကမ္ဘာကြီးမှာ လူသားမျိူ းနွယ်တွေ နေရာတခု ရနေခြင်းဟာ အင်အားကြီးမားလို့ မဟုတ်ဘူး လုံလုံလောက်လောက် အင်အားမရှိလို့ပဲ"
ထိုစကားကို ကြားလိုက်ရသောအခါ စုချန်း အတော်လေး အံ့သြသွား၏။ လူသားများ၏ အနာဂတ်နှင့်ပတ်သက်၍ ရှုထောင့်အသစ်မှ အမြင်ကို ပထမဆုံးအနေနှင့် သူ ကြားလိုက်ရခြင်း ဖြစ်သည်။ ဤအတွေးအမြင်သည် သူတို့၏ လိုလားချက်နှင့် လိုက်လျောညီထွေဖြစ်အောင် ဆင်ခြေပေးထားခြင်း ဖြစ်နိုင်သော်လည်း ၎င်း၏ နောက်ကွယ်တွင် ဆန်းသစ်သော ယုတ္တိဗေဒတမျိူ း ရှိနေကြောင်းကိုတော့ စုချန်း မဖြစ်မနေ ဝန်ခံရပေလိမ့်မည်။
သူ့စကားကိုနားထောင်ပြီး မျက်လုံးပြူ းနေသော စုချန်းကိုကြည့်ပြီး ဇုချန်း သဘောကျဟန်ဖြင့် ရယ်မောလိုက်သည်။ ထို့နောက် သူက ပြောလိုက်ပြန်သည်။
"ခုလောက်ဆိုရင် ခင်ဗျားလည်း နားလည်သွားလောက်ပြီ လက်ရှိအနေအထားအတိုင်း ပိုနေမြဲကျားနေမြဲ နေတာဟာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲကွ လူတွေဟာ ဒီအတိုင်းလည်း အဆင်ပြေနေသားပဲ ခင်ဗျား ဘာမှ ကူညီနေစရာ မလိုပါဘူးဗျာ ခင်ဗျားအနေနဲ့ သူတို့ကို ကူညီဖို့ ကြိုးစားလေလေ သူတို့ကို ဒုက္ခပေးလေလေပဲဆိုတာ သတိချပ်ပါ ဒါကြောင့် သူများအတွက် မစဉ်းစားပဲ ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားစမ်းပါ သခင်လေးစု"
ဇုချန်း၏ စကားကို နားထောင်ပြီး စုချန်းတယောက် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ ၎င်းကိုကြည့်ရင်း ဇုချန်း ဝမ်းသာသွား၏။
"ခင်ဗျား အခု နားလည်သွားပြီမလား"
ထိုအခါ စုချန်းက
"ခင်ဗျားက ဒီလောက် ရှင်းပြနေမှတော့ နားမလည်လို့ ရပါအုံးမလား နားလည်ရုံတင် မကဘူး ကျူ ပ် ထပ်ပြီး တွေးမိတာလေးတွေတောင် ရှိသေးတယ်"
သူက လဖက်ရည်ခွက်ကိုချပြီး ထိုင်ခုံပေါ်တွင် သက်တောက့်သက်သာရှိအောင် အနည်းငယ် ပြု ပြင်၍ ထိုင်လိုက်သည်။ ပြီးမှ သူက စကားစ၏။
"နှစ်ထောင်ချီတဲ့ ကာလတလျှောက်လုံး သွေးဆူပွက်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်တဲ့ နည်းလမ်းတခုတလေတောင် လူတွေကြားထဲ ရောက်မလာလို့ ကျူ ပ် အံ့သြနေတာ အတော်ကြာပြီ လူတွေဟာ ဒီလောက်တောင်မှ ရည်မှန်းချက်နည်းရသလားဆိုပြီး ကျူ ပ် မချင့်မရဲ ဖြစ်ခဲ့ရတယ် ဒီလိုနည်းလမ်းတွေ ရှိရဲ့သားနဲ့ ထုတ်မပြဘူးဆိုရင်လည်း ဒီလောက်တောင်မှ အတ္တကြီးရသလားလို့ တွေးမိပြီး ကျူ ပ်မှာ ဒေါသထွက်ရပြန်တယ် ဒါပေမဲ့ ခုတော့ ကျူ ပ် နားလည်သွားခဲ့ပြီ"
ဇုချန်းက ခေါင်းညိတ်လိုက်သည်။
"မှန်တယ် ဒီနည်းလမ်းတွေ ပြည်သူကြားထဲ ရောက်မလာဘူးဆိုတာ သူတို့အားလုံး တကိုယ်ကောင်းဆန်လို့ အတ္တကြီးလို့ မဟုတ်ဘူး ထုတ်ပြလိုက်လို့လည်း လူသားမျိူ းနွယ်ကြီးတခုလုံးကို ဘာမှပြောင်းလဲမသွားဘူးဆိုတာ သူတို့ သိနေလို့ပဲ ဒါပေမဲ့ ဒီကိစ္စကို ခင်ဗျား စိတ်မပူပါနဲ့ ဒီနည်းစနစ်ဟာ လူသားမျိူ းနွယ်ကြီးတခုလုံးကို ပြောင်းလဲသွားအောင် မစွမ်းဆောင်နိုင်ပေမဲ့ ကျူ ပ်တို့ တော်ဝင်မျိူ းနွယ်စုတွေအတွက်တော့ အများကြီး အကျိူ းရှိတယ် ခင်ဗျားရဲ့ နည်းစနစ်ကို ကျူ ပ်တို့ လေ့လာပြီးပြီး အရင့်အရင် နည်းစနစ်တွေနဲ့ မတူပဲ အင်မတန် ထူးခြားတဲ့ နည်းစနစ်ပဲဗျ ဒါကြောင့်မို့လို့လည်း ကျူ ပ်တို့က ခင်ဗျားနဲ့ ပူးပေါင်းဆောင်ရွက်ချင်တာပေါ့"
"လုပ်စမ်းပါအုံး ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမျိူ းလဲ"
စုချန်းက မေးလိုက်သည်။
ထိုအခါ ဇုချန်းကလည်း မကွယ်မဝှက်ပဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
"ကျူ ပ်တို့က ခင်ဗျားကို မူလကျောက်တုံးတွေ ပေးမယ်လို့ပြောလိုက်ရင် ခင်ဗျားကို အထင်သေးရာ ရောက်နေလိမ့်မယ် ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို အိပ်မက်အမှုန်တရာနဲ့ ဈေးချရောင်းနေတဲ့ လူစားမျိူ းက မူလကျောက်တုံး ဘယ်မက်ပါ့မလဲ ဟုတ်တယ်မလား တချိူ့အရာတွေကို ငွေပေးဝယ်လို့မရမှန်း ကျူ ပ်တို့ ကောင်းကောင်းသိတာပေါ့ဗျာ"
"ဒီတော့"
"တော်ဝင်မျိူ းနွယ်စုဝင်တယောက် ဖြစ်လာနိုင်မဲ့ အခွင့်အရေး ဒီအခွင့်အရေးကို ကျူ ပ်တို့က ခင်ဗျားကို ပေးမှာ"
ဇုချန်းက ချက်ချင်းပင် ဖြေလိုက်သည်။
"ခင်ဗျားသာ ဆန္ဒရှိမယ်ဆိုရင် ချက်ချင်းလိုလိုပဲ ဇုမျိူ းနွယ်စုရဲ့ သားမက် ဖြစ်လာနိုင်တယ် သာမာန်လူတယောက်ဟာ တော်ဝင်မျိူ းနွယ်စုဝင်တယောက်ဖြစ်ဖို့ ဘယ်လောက်ခက်တယ်ဆိုတာ ခင်ဗျား သိပါတယ် သာမာန်လူတွေနဲ့ တော်ဝင်မျိူ းနွယ်ဝင်တွေအကြား လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်ပိတ်ပင်ထားတယ်လေဗျာ ဒါပေမဲ့ ကျူ ပ်တို့ ဇုမျိူ းနွယ်စုကတော့ ဒီလိုမဟုတ်ဘူး ခင်ဗျားအနေနဲ့ ကျူ ပ်တို့ ဇုမျိူ းနွယ်စုက ကြိုက်နှစ်သက်ရာ မိန်းကလေးတယောက်ကို လက်ထပ်ယူနိုင်တယ် နောင်အနာဂတ်မှာ ခင်ဗျားဟာ ဇုမျိူ းနွယ်စုရဲ့ အကြီးအကဲတယောက် ဖြစ်လာလိမ့်မယ် ဇုမျိူ းနွယ်ဝင် အကြီးအကဲတယောက် ဖြစ်လာပြီဆိုမှတော့ ကျူ ပ်တို့မျိူ းနွယ်စုရဲ့ ဘယ်နည်းစနစ်ကိုမဆို ခင်ဗျားအနေနဲ့ ကျင့်ကြံအားထုတ်ခွင့်ရှိလာမယ် ကြိုက်နှစ်သက်ရာ သွေးဗီဇကို ဆက်ခံခွင့်ရှိလာမယ် ဒါတင်မကသေးဘူး ခင်ဗျားမှာ သားယောကျာ်းလေး မွေးဖွားလာရင် အဲဒီကလေးဟာ ခင်ဗျားရဲ့ အရိုက်အရာကို ဆက်ခံနိုင်ခွင့်ရှိတယ်"
ဇုချန်းသည် ပြောရင်းပြောရင်းနှင့် ပို၍ စိတ်လှုပ်ရှားလာ၏။ သို့သော် စုချန်းမှာကား အားရပါးရ ရယ်မောလိုစိတ်သာ တဖွားဖွား ပေါ်ပေါက်လာတော့သည်။ ထိုအခါ သူက ပြောလိုက်၏။
"ဒီတော့ ခင်ဗျား ဒီအထိ ကျူ ပ်ကိုလာရှာတာ မိန်းမတယောက်နဲ့ ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို လှဲလှယ်မယ်ဆိုတဲ့ ခင်ဗျားတို့ရဲ့ အကြံအစည်ကို ပြောမလို့ပေါ့ ဟုတ်လား"
ဇုချန်း ကြက်သေသေသွား၏။
"ဟမ် ဒီလိုအနေအထားမျိူ းကိုတောင် ခင်ဗျားက မကျေနပ်သေးဘူးလား ဒါပေမဲ့ စိတ်ပူစရာမလိုဘူး ခင်ဗျား လိုချင်တာမှန်သမျှ ကျူ ပ်ကို ပွင့်ပွင့်လင်းလင်း ပြောပြလို့ရတယ်"
"ထားလိုက်ပါတော့ဗျာ"
ပြောပြောဆိုဆို စုချန်းက ခေါင်းခါပြီး မတ်တပ်ရပ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ခင်ဗျားဟာ စကားပြောအတော်ကောင်းတယ်ဆိုတာတော့ ကျူ ပ် ဝန်ခံရမှာပဲ တချက်တချက်မှာ ကျူ ပ် စိတ်ပါသလိုတောင် ဖြစ်သွားတယ် ခင်ဗျားပြောတာ မှန်ပါတယ် လူသားတွေ အရင်ကထက် သန်မာအားကောင်းလာတော့ကော ဘာဖြစ်သလဲ နောက်ဆုံးမှာ ကျူ ပ်တို့က မူလသတ္တဝါတွေကို နိုင်မှမနိုင်ပဲဟာကို ဒါပေမဲ့..."
စုချန်းက စကားကိုဆုံးအောင်မပြောပဲ ရပ်တန့်လိုက်သည်။ ဇုချန်း၏ ရင်ထဲတွင် ထိတ်ခနဲ တုန်လှုပ်သွား၏။
စုချန်း စကားဆက်ပြန်သည်။
"ဒါပေမဲ့ ခင်ဗျားပြောသလိုသာဆိုရင် ဒီကိစ္စက ကျူ ပ်တို့လူသားတွေ သန်မာအားကောင်းလာမှ ဖြစ်လာမဲ့ ကိစ္စပဲ နောင်နှစ်ပေါင်းများစွာကြာမှ ဖြစ်လာမဲ့ပြသနာကို ခုကတည်းက ဘာကြောင့်စိတ်ပူနေရမှာလဲဗျ ခင်ဗျားကိုယ်တိုင်လည်း ပြောခဲ့တာပဲ ကိုင်းဟွမ်ကောင်းကင်ဘုံမှာ လူသားမျိူ းနွယ်စုတခုလုံးကို ပြောင်းလဲအောင် မစွမ်းဆောင်နိုင်ဘူး ဒီနည်းစနစ်ဟာ အဆင့်နိမ့် ချီစွမ်းအားပညာရှင်တွေကို အခြေခံအုတ်မြစ်ချပေးရုံ သက်သက်ပဲဆို"
"အဲဒီအတိုင်းဆိုရင်လည်း ဒီနည်းစနစ်ကို ဘာကြောင့် အလဟသ ဖြု န်းတီးပစ်မှာတုန်း ဒါကိုသုံးပြီး ကိုယ်ကျိူ းရှာတာက ပိုမဖြစ်သင့်ဘူးလား"
ဇုချန်းက မေးလိုက်ပြန်သည်။ စုချန်းက ချက်ချင်းပင် ပြန်ပြောလိုက်သည်။ သူ့အသံမှာကား ကြောက်စရာကောင်းလောက်အောင် အေးစက်မာကျောနေ၏။
"ဘာကြောင့် အလဟသ ဖြု န်းတီးပစ်သလဲဆိုတော့ ငါက မင်းတို့ကောင်တွေကို သိပ်ရွံလို့ပေါ့ကွာ မင်းတို့ တော်ဝင်မျိူ းနွယ်စုတွေဟာ တကယ့်အတ္တသမား ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ကြတဲ့ကောင်တွေ မင်းဟာ ခုနကတည်းက လူသားတွေ အင်အားကောင်းလာစရာ အကြောင်းမရှိဘူးလို့ တွင်တွင်ပြောနေတယ် တဖက်မှာလည်း ကိုင်းဟွမ်ကောင်းကင်ဘုံဟာ လူသားမျိူ းစိတ်ကြီးတခုလုံးကို ပြောင်းလဲပစ်နိုင်ဖို့ မလုံလောက်ဘူးလို့ ထပ်ပြောပြန်တယ် တကယ်တော့ မင်းဟာ စကားကို ဗလောင်းဗလဲပြောပြီး ငါ့စိတ်တွေ ထွေပြားသွားအောင် လုပ်နေတာပဲကွ ဟုတ်တယ် မင်းပြောသလိုပဲ ကိုင်းဟွမ်ကောင်းကင်ဘုံဟာ လူသားတွေကို အောင်မြင်မှုဆီ မပို့ဆောင်နိုင်ဘူး ဒါပေမဲ့ ဒီနည်းစနစ်ဟာ အဆင့်နိမ်ချီစွမ်းအားပညာရှင်တွေအတွက် မျှော်လင့်ချက်ကိုတော့ ယူဆောင်ပေးနိုင်တယ်ကွ ဒီနည်းစနစ်ဟာ သွေးဗီဇကန့်သတ်ချက်တွေကို ဖောက်ထွက်ဖို့ ပထမဆုံး ခြေလှမ်း ပထမဆုံး အုတ်မြစ် ဖြစ်လာလိမ့်မယ် ဘာအကျိူ းမှ မရှိဘူးဆိုပြီး ဒီနည်းစနစ်ကို သိမ်းဆည်းထားလိုက်ရင် နောက်ထပ် ဒီထက်ပိုပြီး အဆင့်မြင့်တဲ့နည်းလမ်းတွေ ထပ်ပေါ်လာပါအုံးမလား အုတ်မြစ်မခိုင်ပဲ အထပ်မြင့်အဆောက်အုံ ဆောက်လို့မရဘူးကွ"
စုချန်း၏ စကားသည် ဇုချန်းနှင့် တခြားလူများ၏ အားနည်းချက်ကို တည့်တည့်မတ်မတ်ပင် ထိမှန်သွားလေသည်။ နောက်ဆုံးတွင်တော့ ထိုလူများသည် တခြားလူများကို နှစ်ပေါက်တစ်ပေါက်ရိုက်ရန် ကြိုးစားနေကြတုန်းပါကလား။ သူတို့သည် တဖက်တွင် လူသားများအနေနှင့် မည်သို့မှ အားကောင်းသန်မာလာစရာ အကြောင်းမရှိဟု ပြောဆို၏။ ကျန်တဖက်တွင် သင်၏ နည်းစနစ်သည် လုံလုံလောက်လောက် အားကောင်းခြင်းမရှိဟု တွင်တွင်ကြီး ပြောဆိုနေပြန်သည်။ အမှန်တော့ ကိုင်းဟွမ်ကောင်းကင်ဘုံကဲ့သို့ နည်းစနစ်များသည် မျက်စေ့တမှိတ်အတွင်း မိုးပေါက်မှ ပြုတ်ကျသလို ပေါ်လာခြင်းမဟုတ်။ တဆင့်ချင်း တဆင့်ချင်း သုတေသနပေါင်း မြောက်များစွာ ပြုလုပ်ပြီးမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သွေးဗီဇမပါပဲ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့် နည်းလမ်းကိုပင် ရှာမတွေ့လျင် ထိုထက်အဆင့်မြင့်သည့် နယ်ပယ်များသို့ ဝင်ရောက်မည့် နည်းလမ်းတို့ကို အဘယ်မှာ ရှာတွေ့နိုင်ပါအံ့နည်း။
စုချန်း၏ စကားကိုကြားလိုက်သည်နှင့် သူ၏ အကြံအစည်း လုံးဝရှုံးနိမ့်သွားပြီမှန်း ဇုချန်း နားလည်သဘောပေါက်လိုက်သည်။ သူ့အမူအရာမှာလည်း တဖြည်းဖြည်း အေးစက်တင်းမာလာ၏။ ထို့နောက် သူက မေးလိုက်သည်။
"ဒီတော့ မင်းက ဇုမျိူ းနွယ်စုရဲ့ ကောင်းမွန်တဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တယ်ပေါ့ ဟုတ်လား"
"ဟုတ်တယ် မင်းတို့ရဲ့ ကမ်းလှမ်းချက်ကို ငါ ငြင်းပယ်လိုက်တာပဲ"
သို့သော် ဇုချန်းက ဒေါသမထွက်ပါ။ ထိုအစား သူက အေးစက်သော လေသံဖြင့် ရယ်မောလိုက်သည်။
"လူငယ်တွေမှာ ရည်ရွယ်ချက် မြင့်မြင့်မားမားထားတာဟာ ကောင်းတဲ့ကိစ္စပါ ဒါပေမဲ့ တခါတလေကျရင် သေသေချာချာ စဉ်းစားပြီးမှ ရှေ့ဆက်လုပ်တာ ပိုကောင်းတယ်ကွ ဒီတော့ ဆုံးဖြတ်ချက်ကို အလျင်စလို မချပါနဲ့ နည်းနည်းပါးပါး အချိန်ယူပြီး စဉ်းစားပါအုံး"
စုချန်း ရယ်မောလိုက်သည်။
"ဘာလဲ လာရင်းကိစ္စ ပျက်စီးသွားပြီဆိုတော့ မင်းကငါ့ကို ဖိအားပေးဖို့ စဉ်းစားနေတာလား"
ထိုအခါ ဇုချန်းက စကားကို တခွန်းချင်း ပြောလိုက်သည်။
"ခုလိုငြင်းရဲတယ်ဆိုတာ မင်းအနေနဲ့ ဇုမျိူ းနွယ်စုရဲ့အကြောင်းကို မကြားဖူးလို့ ဖြစ်ပါလိမ့်မယ် ဒါပေမဲ့ ပြသနာမရှိဘူး အချိန်ယူပြီး စုံစမ်းကြည့်လိုက်ပါအုံး အားရအောင်စုံစမ်းပြီးမှ ဆုံးဖြတ်ရင်လည်း နောက်မကျသေးပါဘူးကွာ"
စကားဆုံးသည်နှင့် ဇုချန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လဖက်ရည်ဆိုင်ထဲမှ ထွက်ခွာသွားလေသည်။