← Chapters

ကျွန်တော် ဒီလို တပည့်မဟုတ်ဘူး

Vol. 24 Ch. 232

ကျွန်တော် ဒီလို တပည့်မဟုတ်ဘူး

Vol. 24 Ch. 232

"ရေပြင်ညီတောင် ဇုမျိူ းနွယ် ဟုတ်လား"

ရှီကိုင်းဟွမ်၏ အသံက ရုတ်တရက် ကျယ်လောင်လာ၏။ သူ့မျက်ခုံးအစုံမှာ ရုတ်တရက် တွန့်ကွေးသွားပြီး သူ့လေသံကလည်း သတိကြီးကြီးထားသော အရိပ်အယောင်များ ယှက်သန်းလာသည်။

"ဆရာက သူတို့မျိူ းနွယ်စုကို သိလို့လား"

စုချန်းက မူလစွမ်းအင်အဆောင်လက်ဖွဲ့ပုံစံကွက်ကြီး၏ အလယ်ဗဟိုတွင် ထိုင်ရင်း မေးလိုက်သည်။ သူ့ဦးခေါင်းပေါ်တွင်တော့ ကြယ်များ လင်းလက်လျက်ရှိလေသည်။

ရှီကိုင်းဟွမ်သည် စုချန်း၏ မေးခွန်းကို ချက်ချင်းမဖြေနိုင်သေးပဲ အတန်ကြာအောင် ငိုင်တွေလျက်ရှိသည်။ ပြီးမှ သူက ဖြေလိုက်၏။

"တော်ဝင်မျိူ းနွယ်စုတွေမှာ အဆင့်အမျိူ းမျိူ းရှိမှန်း မင်းသိထားသင့်တယ် တကယ်တော့ ရေပြင်ညီတောင် ဇုမျိူ းနွယ်စုဆိုတာ နတ်ဆိုးဧကရာဇ်အဆင့် သွေးဗီဇဆက်ခံသူတွေပဲကွ"

"နတ်ဆိုးဧကရာဇ်အဆင့် သွေးဗီဇ ဟုတ်လား ဆရာ"

စုချန်း အံ့သြသွား၏။

သူတို့နေထိုင်သော လူ့အဖွဲ့အစည်းသည် လူတန်းစားခွဲခြားလှသည့် လောကကြီးဖြစ်သည်။ ယုတ်စွအဆုံး တော်ဝင်မျိူ းနွယ်စုများကိုပင် အဆင့်အတန်းမျိူ းစုံ ခွဲခြားထားသေး၏။ ၎င်းတို့၏ အဆင့်သတ်မှတ်ချက်မှာ ၎င်းတို့ပိုင်ဆိုင်သည့် သွေးဗီဇအပေါ်တွင် မူတည်နေပေသည်။

နတ်ဆိုးသတ္တဝါများကို အဆင့်နိမ့်၊ အလယ်အလတ်နှင့် အဆင့်မြင့်ဟူ၍ သုံးမျိူ းခွဲခြားထား၏။ ၎င်းတို့၏ အပေါ်တွင် နတ်ဆိုးအရှင်သခင်များ၊ နတ်ဆိုးဘုရင်များ ရှိနေပြီး နောက်ဆုံးတွင်တော့ နတ်ဆိုးဧကရာဇ် ရှိနေသည်။ ၎င်းတို့ကိုလည်း သန့်စင်သော သွေးအုပ်စုနှင့် သွေးနှောများဟူ၍ အုပ်စုကြီးနှစ်စုအဖြစ် ထပ်မံ၍ ခွဲခြားထားလေသည်။

ဤနေရာတွင် သတိချပ်သင့်သည်မှာ တော်ဝင်မျိူ းနွယ်စု အများစုသည် အဆင့်မြင့်နတ်ဆိုးသတ္တဝါ သွေးဗီဇပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ အကြောင်းပြချက်မှာ ရိုးရှင်းလှသည်။ သူတို့အားလုံး ရည်မှန်းချက်ကြီးသောကြောင့်ပင်။ အဆင့်နိမ့်သားရဲသတ္တဝါဆိုးများ၏ သွေးဗီဇကို မည်သည့် တော်ဝင်မျိူ းနွယ်စုမှ မလိုချင်ကြပေ။

ထိုအတွက်ကြောင့်ပင် စုချန်းအနေနှင့် အဆင့်မြင့် နတ်ဆိုးသတ္တဝါသွေးဗီဇပိုင်ရှင် တော်ဝင်မျိူ းနွယ်စုဝင်များနှင့်သာ ထပ်ခါထပ်ခါ တွေ့ကြုံနေရခြင်း ဖြစ်သည်။ တနည်းအားဖြင့် ၎င်းသည် တော်ဝင်မျိူ းနွယ်စုဝင်အားလုံး၏ အခြေခံလည်း ဖြစ်နေ၏။ အဆင့်မြင့်နတ်ဆိုးသတ္တဝါသွေးဗီဇများ၏ အထက်တွင်ကား နတ်ဆိုးအရှင်သခင် သွေးဗီဇများ ရှိနေ၏။ အားလုံး၏ အပေါ်တွင်တော့ နတ်ဆိုးဘုရင်သွေးဗီဇများ အသီးသီး ရှိကြလေသည်။

သွေးဗီဇမျိူ းနွယ်စုများအနက် နတ်ဆိုးဘုရင်သွေးဗီဇပိုင်ရှင် တော်ဝင်မျိူ းနွယ်စုများကို အထူး တော်ဝင်နန်းထိုက်သည်ဟု သတ်မှတ်နိုင်၏။ ၎င်းတို့သည် တခြား တော်ဝင်မျိူ းနွယ်စုများထက် ပို၍ အာဏာရှိပြီး အထူးတလည် အရေးပေး လေးးစားခံရသူများ ဖြစ်ကြသည်။ စုချန်းအနေနှင့် ထိုမျိူ းနွယ်စုဝင်တဦးဦးနှင့် တခါမှ မရင်ဆိုင်ဖူး။ သို့သော် အနည်းဆုံး ဂျီဟန်းယင်၏ အင်အားမျိူ းတော့ အောက်ထစ်ရှိလိမ့်မည်ဟု ယူဆနိုင်သည်။

နတ်ဆိုးဘုရင်များသည် သားရဲသတ္တဝါမျိူ းစိတ်များအနက် အရှင်သခင်၊ အမိန့်ပေးသူများ ဖြစ်ကြသည်။ ရှေးအတီတေကာလမှ ယခုတိုင်အောင် နတ်ဆိုးဘုရင် ၁၃၄၂ကောင်အထိ ရှိသည်ဟု မှတ်တမ်းများတွင် ဖော်ပြထား၏။ အာကင်နာနိုင်ငံတော်ကြီး ကောင်းစားစဉ်ကတည်းက သူတို့၏ သွေးဗီဇများအား အစဉ်တစိုက် ထုတ်ယူခံခဲ့ရသော်လည်း သွေးဗီဇ ၃၁၂မျိူ းထက်ကား မပိုခဲ့ချေ။

နှစ်ပေါင်း သောင်းနှင့်ချီ ကြာမြင့်ပြီးနောက် နောက်ဆုံးတွင် နတ်ဆိုးဘုရင်သွေးဗီဇ ၁၀၈မျိူ းသာ ကျန်ရှိတော့သည်။ ကျန်သွေးဗီဇများမှ မရေမတွက်နိုင်သော တိုက်ပွဲများကြောင့် ပျောက်ဆုံးသွားခဲ့လေပြီ။ ရေပြင်ညီတောင် ဇုမျိူ းနွယ်သည် အနှီကျန်ရစ်သော မျိူ းနွယ်စုများအနက်မှ တစုဖြစ်သည်။

စုချန်းကား အနှီ မျိူ းနွယ်စုနှင့်မှ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်တွေ့နေခဲ့ရချေပြီတကား။ ထိုသို့ ရင်ဆိုင်ရလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထား။ သို့သော် လက်တွေ့ဘဝဟူသည် ဂိမ်းတခုမဟုတ်။ ရန်သူများသည်လည်း ဂိမ်းထဲမှာကဲ့သို့ တဆင့်ပြီးမှ တဆင့် ပေါ်လာတတ်သည်မဟုတ်။

ရှီကိုင်းဟွမ်က စကားဆက်ပြန်၏။

"ဟုတ်တယ်ကွ ရေပြင်ညီတောင် ဇုမျိူ းနွယ်စုကို လှည့်ဖျားနှလုံးသားဇုမျိူ းနွယ်လို့လည်း ခေါ်ကြတယ် ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့သွေးဗီဇဟာ လှည့်ဖျားနှလုံးသား နတ်ဆိုး ဧကရာဇ်ဆီက ဆင်းသက်လာတဲ့ သွေးဗီဇဖြစ်နေလို့ပဲ လှည့်ဖျားနှလုံးသားနတ်ဆိုးဆိုတာက လူတွေကို ကစားစရာလိုမျိူ း ညှို့ယူဖမ်းစားနိုင်ပြီး အင်မတန် ကောက်ကျစ်ပြီး ညဏ်များတဲ့ သတ္တဝါ သူတို့ရဲ့ လှည့်စားနိုင်စွမ်းကလည်း အင်မတန် အားကောင်းတယ် တခုတော့ရှိတယ် သူတို့ရဲ့နည်းလမ်းက ချင်းလင်အာနဲ့တော့ မတူဘူး စိတ်ဓာတ်အင်အား နည်းတဲ့ လူတွေအပေါ်မှာပဲ တိတိကျကျ လွှမ်းမိုးနိုင်တယ် တနည်းအားဖြင့် အင်အားနည်းတဲ့လူတွေကို အနိုင်ကျင့်တဲ့နေရာမှာပဲ သုံးလို့ရတယ်လို့လည်း ဆိုနိုင်တာပေါ့"

"အဲဒီလိုလား ဒီတော့ ဒီလူတွေဟာ ပြိုင်ဘက်ကင်းတွေတော့ မဟုတ်သေးဘူးပေါ့ဆရာ"

"ဒီလောကကြီးမှာ ပြိုင်ဘက်ကင်းတယ်ဆိုတာ မရှိဘူးကွ လှည့်ဖျားနှလုံးသား ဇုမျိူ းနွယ်ဟာ အင်အားကြီးမားတယ်ဆိုပေမဲ့ သူတို့မှာလည်း အားနည်းချက်တွေ ကန့်သတ်ချက်တွေ ရှိတာပေါ့ သူတို့ရဲ့ နည်းစနစ်ဟာ နှိုးဆွဖို့ အချိန်ယူရတယ် ဒီတော့ မြန်မြန်ဆန်ဆန် ပြောင်းလဲပြီး လိုအပ်သလို အခြေအနေကြည့် တိုက်ခိုက်ရတဲ့ တိုက်ပွဲတွေမှာ အသုံးမဝင်ဘူး သူတို့ရဲ့ နည်းစနစ်ဟာ ခြုံခိုက်တိုက်ပွဲတွေမှာပဲ အသုံးဝင်တယ် ဒီတော့ နည်းစနစ်ချင်းသာ ယှဉ်စတမ်းဆိုရင် သူတို့နည်းစနစ်ဟာ တိုက်ပွဲအတွင်းကော အပြင်ကော သုံးနိုင်တဲ့ နည်းစနစ်မျိူ း ပိုင်ဆိုင်ထားတဲ့ ညှို့ငင်လိပ်ပြာမျိူ းနွယ်စုထက်တောင် နိမ့်ကျတယ်လို့ ဆိုနိုင်တယ် ဒုတိယအချက်က ညှို့ငင်နည်းစနစ်တွေကို ကိုယ်ခန္ဓာစွမ်းအင်အဆင့်မြင့်တဲ့ လူအပေါ်မှာ သွားသုံးမိရင် အသုံးမဝင်တာမျိူ း ကိုယ့်ကို ပြန်ထိတာမျိူ းတွေ ဖြစ်တတ်တယ် တတိယအချက်ကတော့ သူတို့ရဲ့ ညှို့ငင်နည်းစနစ်ကို သူတို့မျိူ းနွယ်စုထဲက သွေးသန့်စင်သူ မိန်းကလေးတွေသာ လေ့ကျင့်လို့ရတယ် ပြီးတော့ နည်းစနစ်ဟာလည်း ယောကျာ်းတွေအပေါ်မှာပဲ အသုံးဝင်တယ်ကွ ဒါကောင့် ဇုမျိူ းနွယ်မှာ ခေါင်းဆောင်ဟာ အမျိူ းသမီးတွေပဲ ဖြစ်နေတတ်တယ် ယောကျာ်းတွေကတော့ သူတို့ရဲ့ လက်အောက်ငယ်သားတွေပေါ့ ဒီတော့ ဇုမျိူ းနွယ်စုက မိန်းမတယောက်နဲ့ မင်းကို ဆွဲဆောင်ဖို့ကြိုးစားတာ သဘောရိုးဟုတ်မဟုတ် တွေ့ကြည့်ရုံနဲ့ သိသာနေပြီ"

စကားဆုံးသည်နှင့် ရှီကိုင်းဟွမ်က အားရပါးရ ရယ်မောလိုက်သည်။

"ရန်သူတွေက အိမ်ရှေ့တံခါးဝကို ရောက်နေပြီ ဆရာက ခုချိန်ထိ ရယ်နိုင်သေးတာကိုး"

ရှီကိုင်းဟွမ်ကိုကြည့်ရင်း စုချန်း စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။

"ငါ့တပည့်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အခိုက်အတန့်မှာ ဒီလိုပြသနာတွေ ကြုံလာရလိမ့်မယ်လို ကြိုမတွေးထားဘူးလားကွ"

ရှီကိုင်းဟွမ်က အေးဆေးတည်ငြိမ်သော အမူအရာနှင့် ပြောလိုက်သည်။

"ဆရာဘယ်လိုပဲ ပြောပြော ခုလောက် အေးဆေးတည်ငြိမ်နေတာကတော့ သိပ်သဘာဝမကျဘူးဗျ"

စုချန်းက မကျေမနပ်နှင့် တဖျစ်ဖျစ်တတောက်တောက် ပြောလိုက်သည်။

"ကိုင်းဟွမ်ကောင်းကင်ဘုံကို ကျွန်တော် ကြိုက်သလိုလုပ်နိုင်တယ်လို့ ဆရာခွင့်ပြုလိုက်တာ ဒီအတိုင်းဆိုရင် ဘာမှ အံ့သြစရာမရှိတော့ဘူး ခုဆိုရင် ကျွန်တော်ပဲ ဒုက္ခရောက်ရတယ် ဆရာကတော့ အေးဆေးပဲ"

"ဒီအတွက် မင်းက ငါ့ကို မကျေနပ်ဘူးပေါ့ ဟုတ်လား"

ပြောပြောဆိုဆို ရှီကိုင်းဟွမ်က အားရပါးရ ရယ်မောလိုက်ပြန်သည်။

"ဘယ်လိုလုပ်ပြီး ကျေနပ်မှာတုန်းဗျ"

စုချန်းက မျက်နှာကို ရှုံ့မဲ့ရင်း ပြောလိုက်သည်။

သူတို့သည် ဆရာတပည့်အဖြစ် သုံးနှစ်တိုင်တိုင် အတူတကွ နေထိုင်ခဲ့ပြီးလေရာ တယောက်နှင့်တယောက် အလွန်ရင်းနှီးနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် စကားပြောဆိုရာတွင်လည်း ပွင့်ပွင့်လင်းလင်း ရှိလှသည်။ အမှန်တော့ ရှီကိုင်းဟွမ်ကိုယ်တိုင်လည်း စုချန်းအတွက် စိတ်ပူနေသည်သာ။ သို့သော် ဤလမ်းကို ရွေးခဲ့ကတည်းက ဤပြသနာမျိူ း ကြုံတွေ့ရမည်မှန်း ကြိုတင်မှန်းဆထားပြီးဖြစ်၍ ပြင်ဆင်စရာရှိသည်တို့ကို သူ့အနေနှင့် ပြင်ဆင်ထားပြီးဖြစ်သည်။

ဤအခိုက်အတန့်အတွက် နှစ်ပေါင်းများစွာကတည်းက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်လျက်နှင့် ယခုအချိန်ထိ ထိတ်လန့်ကြောက်ရွံ့နေသေးလျင် ရှီကိုင်းဟွမ်သည် အသုံးမကျသော လူတယောက်ဟု သတ်မှတ်ရန်သာ ရှိတော့သည်မဟုတ်ပါလား။ ထို့ကြောင့် ဘာတွေပဲ ဖြစ်လာဖြစ်လာ ရှီကိုင်းဟွမ်အနေနှင့် ပွဲကြည့်ပရိသတ် လုပ်မည့်လူစားမျိူ း မဟုတ်။ ထို့ပြင် ဆရာတပည့်ဟူသည် အခြေခံအားဖြင့် အဖွဲ့တခုတည်းသာဖြစ်သည်။ စုချန်းတွင် ပြသနာတက်လျင် ထိုပြသနာသည် ရှီကိုင်းဟွမ်နှင့်လည်း သက်ဆိုင်သည်ဟု ဆိုနိုင်၏။

သို့သော် တဖက်တွင်လည်း ရှီကိုင်းဟွမ်က သူ့တပည့်ကို စမ်းသပ်လိုသေး၏။ ပြသနာကို စုချန်း ကိုင်တွယ်နိုင်သရွေ့ သူဝင်ပါလိမ့်မည်မဟုတ်။ ဇုမျိူ းနွယ်စုသည်လည်း ထိုအတိုင်း စဉ်းစားပေလိမ့်မည်။ စုချန်းနှင့် မပြီးလျင် သူတို့သည် နောက်ဆုံး ရှီကိုင်းဟွမ်ကို လာတွေ့ပေလိမ့်မည်။ ဆရာတပည့်နှစ်ယောက်ကို တကြိမ်တည်းနှင့် လှည့်စားနိုင်ရန် ကြိုးစားလာပေလိမ့်မည်။

"ဒါဆိုလည်းဆရာ သူတို့ရဲ့ ကမ်းလှမ်းမှုကို ကျွန်တော် ငြင်းလိုက်ပြီဆိုတော့ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ကျွန်တော့ကို သတ်ဖို့ကြိုးစားလာနိုင်သလား"

စုချန်းက မေးလိုက်ပြန်သည်။

အင်အားကြီးမားသော ရန်သူနှင့် ယခုမှ နဖူးတွေ့ ဒူးတွေ့ ကြုံရသည်ဖြစ်၍ စုချန်းအနေနှင့် ရှီကိုင်းဟွမ်၏ အကြံညဏ်ကိုတော့ လိုအပ်နေသေးသည်မှာ အမှန်ပင်။

ရှီကိုင်းဟွမ်က ခေတ္တစဉ်းစားပြီး တပည့်ဖြစ်သူ၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။

"သူတို့ မင်းကို သတ်မှတ်မဟုတ်ဘူးကွ ဘာကြောင့်လဲဆိုတော့ မင်းကိုသတ်လိုက်ရင် အိပ်မက်ရဲတိုက်က ကိုင်းဟွမ်ကောင်းကင်ဘုံကြော်ငြာကို ဖြုတ်ချမဲ့နည်းလမ်း ပျေုာက်ဆုံးသွားမှာမို့လို့ပဲ ခုဆိုရင် မင်းဟာ အဆင့်ငါး အိက်မက်အရာရှိအဆင့်ကို ရောက်နေပြီ ဒီတော့ မင်းသေသွားရင်တောင် ဒီကြော်ငြာအပေါ် ဘာသက်ရောက်မှုမှမရှိဘူး မင်းရဲ့ နည်းစနစ်ကို ဆက်ပြီးရောင်းချလို့ ရနေအုံးမှာပဲ"

ရေပြင်ညီတောင်ဇုမျိူ းနွယ်စုသည် ထိုနည်းစနစ်ကို ဝယ်ယူထားပြီး ဖြစ်လေရာ သူတို့၏ အဓိကရည်ရွယ်ချက်မှာ နည်းစနစ်ကို ပိုင်ဆိုင်ရန် မဟုတ်တော့ပဲ အနှီနည်းစနစ် ပျံ့နှံ့သွားမည်ကို တားဆီးရန်ပင်ဖြစ်သည်။

စုချန်း နားလည်သွားပေပြီ။

"ဒါကြောင့်မို့လို့လဲ ကိုင်းဟွမ်ကောင်းကင်ဘုံကြော်ငြာကို ဖြုတ်ချပေးဖို့ ကျွန်တော့ကို လာပြီးစည်းရုံးနေတာကိုး မဟုတ်ရင် ကျွန်တော့ကို သတ်လိုက်ရင်တောင် ဒီနည်းစနစ်က အိပ်မက်နယ်ပယ်မှာ ဒီအတိုင်း ကျန်ရစ်ခဲ့မှာ ဒီတော့ သူတို့ ဒါကိုဖုံးကွယ်ဖို့ နေ့တိုင်းလိုလို ပိုက်ဆံအများကြီး ကုန်တော့မှာ တရက်နှစ်ရက်ဆိုရင် ပြသနာမဟုတ်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူတို့ ဒုက္ခရောက်လာလိမ့်မယ်"

"သိပ်မှန်တာပေါ့"

ရှီကိုင်းဟွမ်က ခေါင်းညိတ်ရင်း ထောက်ခံလိုက်သည်။

"ဒါကြောင့် သူတို့ မင်းကို သတ်မှာမဟုတ်ဘူး အနုနည်းနဲ့ ဆွဲဆောင်သိမ်းသွင်းဖို့ပဲ ကြိုးစားလိမ့်မယ် ဒါနဲ့ပဲ ဒါကို ဝှက်ဖဲအဖြစ်သုံးမယ်လို့တော့ မတွေးလိုက်နဲ့ကွ လူတယောက်ရဲ့ အသိညဏ်ကို ထိန်းချူ ပ်နိုင်တဲ့ လျှိူ့ဝှက်နည်းစနစ်တွေ အများကြီးရှိနေတယ် မင်းသာ အဲဒီလိုနည်းလမ်းတမျိူ းမျိူ းနဲ့ ထိန်းချူ ပ်ခံလိုက်ရပြီဆိုတာနဲ့ သူတို့ လုပ်ချင်တာ လုပ်လို့ရသွားပြီ ဇုမျိူ းနွယ်စုဟာ ဒီလိုလုပ်တဲ့နေရာမှာ အကျွမ်းကျင်ဆုံးလူတွေပဲကွ"

"သူတို့အနေနဲ့ ကျွန်တော့ရဲ့ အသိညဏ်ကို ထိန်းချူ ပ်မယ် ပြီးတာနဲ့ ကိုင်းဟွမ်ကောင်းကင်ဘုံကြော်ငြာကို ဖြုတ်ချခိုင်းမယ်လို့ ဆရာပြောနေတာလား"

"မင်းကမှ သူတို့စကားကို နားမထောင်ဘူးဆိုရင်တော့ ဒီလိုလုပ်လာဖို့ပဲ ရှိတာပေါ့ ဒါပေမဲ့ သိပ်လည်းစိတ်ပူစရာမလိုပါဘူး အိပ်မက်နယ်ပယ်နဲ့ အပြင်လောကဟာ တခြားစီပဲကွ အကြီးမားဆုံး ခြားနားချက်ကတော့ အပြင်လောကမှာ လူတယောက်ဟာ မင်းရဲ့ကိုယ်ခန္ဓာကိုပဲ ဒုက္ခပေးလို့ရတယ် မင်းရဲ့ ဝိညာဉ်ကို ဒုက္ခပေးလို့မရဘူး အိပ်မက်နယ်ပယ်ထဲမှာတော့ ဒါနဲ့ပြောင်းပြန်ပဲကွ အဲဒီအထဲမှာဆိုရင် သူတို့က မင်းရဲ့ဝိညာဉ်ကိုပဲ ဒုက္ခပေးလို့ရမယ် ဆိုလိုတာက ဒါဟာ နောက်ဆက်တွဲဆိုးကျိူ း အများကြီးရှိတယ်ပေါ့ကွာ ပြီးတော့ အက်ဒမန်တင်းနည်းစနစ်ကြောင့် အိပ်မက်နယ်ပယ်ထဲမှာ မင်းရဲ့ အဆင့်က သိပ်မသေးတော့ဘူးလေ နည်းစနစ်မိတ္တူတွေလည်း အများကြီး ရောင်းလိုက်ရတယ် ဒါဟာ ဘာကြောင့်လည်းဆိုတော့...."

"ဒီလို ရောင်းနိုင်ခဲ့တာ မင်လန်းကြောင့်ပါ ဆရာ"

စုချန်းက စကားဖြတ်ပြောလိုက်သည်။

ဟုတ်တော့လည်းဟုတ်သည်။ မင်လန်းကြောင့်သာ မဟုတ်လျင် သူ့နည်းစနစ်က ဤမျှရောင်းကောင်းမည်မဟုတ်။ ထိုနည်းတူစွာ သူ၏ အထူးအခွင့်အရေး အဆင့်အတန်းမှာလည်း ဤမျှ မြန်မြန်ဆန်ဆန် မြင့်မားလာမည်မဟုတ်။

ရှီကိုင်းဟွမ်က စကားဆက်ပြန်သည်။

"မှန်တယ် ဒါကြောင့် သူတို့နည်းဗျူ ဟာကို အိပ်မက်သခင်မက သဘောမကျဘူးဆိုတာ သူတို့ သိမှာပဲကွ အဲဒီလိုအနေအထားမှာ မင်းကသာ ကိုင်းဟွမ်ကောင်းကင်ဘုံကြောငြာကို ဖြုတ်ချဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်ရင် သူက ရပ်ကြည့်နေမှာ မဟုတ်ဘူး"

"ဆရာပြောတာ သိပ်မှန်ပါတယ်ခင်ဗျာ"

စုချန်းနှင့် မင်လန်း စတင်ဆုံခဲ့ခြင်းမှာလည်း စုချန်းက ကိုင်းဟွမ်ကောင်းကင်ဘုံကြေည်ငြာကို ဖြုတ်ချရန် ကြိုးစားခြင်းကြောင့်ပင် မဟုတ်ပါလား။ အကယ်၍ ဇုမျိူ းနွယ်စုကသာ စုချန်း၏ ဝိညာဉ်ကို ထိန်းချူပ်ပြီး ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို ဖျက်သိမ်းရန် ကြိုးစားပါက မင်လန်း သံသယဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ထိုအခါ သူမအနေနှင့် အဖြေရှာရန် ကြို းစားလာပေလိမ့်မည်။

"ဒါပေမဲ့ သူတို့အနေနဲ့ နည်းလမ်းတခုခုတော့ သေချာပေါက် တွေ့သွားမှာပဲကွ တန်ရာတန်ကြေးသာ ပေးမယ်ဆိုရင် တချိူ့ပြသနာတွေက ဖြေရှင်းလို့ရတယ်ဆိုတာ မင်းလည်းသိနေတာပဲဟာ"

"တပည့်နားလည်ပါတယ်ဆရာ"

မင်လန်းအနေနှင့် စုချန်းကို ကူညီခြင်းမှာ သူမ အကျိူ းရှိ၍သာ ဖြစ်သည်။ တဖက်လူများထံမှ အမြတ်အစွန်း များများသာရမည်ဆိုလျင် အချိန်မရွေး သူမ စိတ်ပြောင်းသွားနိုင်၏။

"ဒါကြောင့် သူတို့အနေနှင့် ကြမ်းကြမ်းတမ်းတမ်း နည်းလမ်းတွေကိုတော့ သုံးမှာမဟုတ်ဘူး ဒါပေမဲ့ မင်းကို ဘယ်လိုမှ စည်းရုံးသိမ်းသွင်းလို့ မရမှန်း သူတို့သိသွားတာနဲ့ နောက်ထပ်နည်းလမ်းတမျိူ းမျိူ းကို သေချာပေါက် ရှာဖွေကြလိမ့်မယ် လှည့်ဖျားနှလုံးသားဇုမျိူ းနွယ်စုဟာ သူများကို ညှို့ငင်ဖမ်းစားတဲ့နေရာမှာ ဆရာကြီးတွေဆိုပေမဲ့ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာလည်း မညံ့ဘူးဆိုတာတော့ မင်းခေါင်းထဲမှာ ထည့်ထားဖို့ လိုလိမ့်မယ် သူတို့ဟာ တိုက်ခိုက်တဲ့နေရာမှာ ဘယ်တော့မှ ရိုးရိုးရှင်းရှင်း မတိုက်တတ်သလို ညှို့ငင်ဖမ်းစားရာမှာလည်း တဖက်ကမ်းခတ်ပဲ အတိုချူ ပ်ပြောရရင် ဇုမျိူ းနွယ်စုမှာ မိန်းမတွေကို လှည့်စားဖို့အတွက် သုံးတယ် ယောကျာ်းတွေကတော့ တိုက်ခိုက်ဖို့အတွက်ပေါ့ကွာ"

စုချန်း သက်ပြင်းချလိုက်၏။

"နောက်ဆုံးတော့ ကျွန်တော့ကို စောင့်နေတာ အဆုံးမရှိတဲ့ တွင်းနက်ကြီးပေါ့နော် ဆရာ စိတ်ပျက်စရာပဲ"

သို့သော် ရှီကိုင်းဟွမ်၏ အမူအရာမှာကား အေးဆေးတည်ငြိမ်လှသည်။

"မင်းကို အစကတည်းက ငါပြောခဲ့ဖူးသားပဲ ကိုယ်သွားမဲ့လမ်းမှာ မရေမတွက်နိုင်လောက်တဲ့ လူတွေ ပိတ်ဆို့ထားရင်တောင် ရှေ့ဆက်တိုးရဲတဲ့ တပည့်မျူ ိးကိုပဲ ငါလိုချင်တယ်လို့ ကဲ ဒီတော့ ခုပြသနာကို မင်းတယောက်တည်း ဖြေရှင်းနိုင်မလား"

စုချန်း စဉ်းစားရပြီ။

အရာအားလုံးသည် ရှီကိုင်းဟွမ် ပြောသကဲ့သို့ စတင်ဖြစ်ပျက်လာခဲ့ပြီ ဖြစ်သည်။

ဤတကြိမ်ကတော့ စုချန်း ပြန်ပြောရမည့် အလှည့်ပေတည်း။

ထို့နောက် သူက ခေတ္တ စဉ်းစားပြီး ရှီကိုင်းဟွမ်၏ မေးခွန်းကို ပြန်ဖြေလိုက်လေသည်။

"တချိန်က ဆရာ ကျွန်တော့ကို ဒီလို ပြောခဲ့ဖူးတာ ကျွန်တော် ကောင်းကောင်းမှတ်မိတယ် - ငါဟာ သိပ်ပြီးတော့ ညဏ်ကောင်းတဲ့ လူစားမျိုးတော့ မဟုတ်ဘူး...ဒါပေမဲ့ ငါအမြဲတမ်း ယုံကြည်ထားတာက တကဲ့ စစ်မြေပြင်တွေမှာ လှည့်ကွက်တွေလုပ်နေဖို့ အချိန်မရှိဘူးဆိုတာပဲ ဒါကြောင့် ငါအမြဲတမ်း လိုချင်နေခဲ့တဲ့ တပည့်မျိုးဟာ ရဲရင့်ရမယ် ပြတ်သားရမယ် ဘယ်လို အခက်အခဲမျိုးပဲ ကြုံကြုံ စိတ်ဓာတ်ခိုက်မာရမယ် တုံးတိုက်တိုက် ကျားကိုက်ကိုက် သေရဲသတ်ရဲတဲ့ လူစားမျိုး ဖြစ်ရမယ်လို့ တွေးထားခဲ့တယ်....ဒါပေမဲ့ မမျှော်လင့်ပဲ ငါ နောက်ဆုံးလက်ခံခိုက်တဲ့ ကျောင်းသားကတော့ ညဏ်ထက်တယ် လိမ္မာပါးနပ်တယ် ငြင်းတတ်ခုံတတ်တယ် စကားအရာမှာ ကျွမ်းကျင်စွာ ပြောဆိုတတ်တယ် ကိုယ်ပိုင်အတွေးအခေါ်ရှိတယ် ငါ့ရဲ့ ဆင်ကန်းတောတိုး အတွေးအခေါ်မျိုးကို လက်မခံတဲ့ လူစားမျိုးဖြစ်နေတယ် လို့ ဆရာပြောခဲ့တယ် မှန်ပါတယ် ဆရာ ကျွန်တော်ဟာ ဆရာလိုချင်တဲ့ တပည့်မျိူ း မဟုတ်ပါဘူး"

ရှီကိုင်းဟွမ်ကား တခွန်းမှ ပြန်မပြောပဲ တိတ်တိတ်ဆိတ်ဆိတ်ပင် နားထောင်နေ၏။

စုချန်းက စကားဆက်ပြန်သည်။

"ရန်သူတွေ ကျွန်တော့ကို သတ်ဖို့လာတဲ့အခါ ဆရာဖြစ်စေချင်သလို မတုန်မလှုပ်ပဲ ရဲရဲရင့်ရင့် ကျွန်တော် မရင်ဆိုင်ရဲဘူး အာဇာနည်တယောက်လိုလည်း ကျွန်တော် မသေချင်သေးပါဘူးခင်ဗျာ ကျွန်တော့မှာ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်..."

ထို့နောက် စုချန်းက ရှီကိုင်းဟွမ်ကို ကြည့်ပြီး ရယ်မောလိုက်သည်။

"ဒါကြောင့် သူတို့ကို ကျွန်တော် ပြန်သတ်မယ်"

"ဘယ်လိုနည်းလမ်း ဘယ်လိုအစီအစဉ်မျိူ းကိုပဲ သုံးရပါစေ ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် ကျွန်တော် ကြိုးစားမယ်"

"သူတို့အားလုံးကို သတ်ပစ်မယ်"

All Chapters