ဇာတ်ခြားသူနှင့် ထိမ်းမြားခြင်း
Vol. 24 Ch. 233
ဇုချန်းအနေနှင့် စုချန်းကို ဇုမျိူ းနွယ်စုအကြောင်း စုံစမ်းရန် အချိန်သုံးရက်ပေးထား၏။ ဇုမျိူ းနွယ်အကြောင်း ကိုယ်တိုင်ပြောပြနိုင်သော်လည်း ထိုနည်းလမ်းက စုချန်းကို ဖိအားပေးရာရောက်သဖြင့်် ဇုချန်းက မသုံးခဲ့ခြင်း ဖြစ်သည်။
စစ်မှန်သော ဂုဏ်ဒြပ်ဟူသည် ကြွားဝါ၍ရသည့်အရာမဟုတ်။ တခြားသူများက အသိအမှတ်ပြုပေးမှ ရနိုင်သည့်အရာ ဖြစ်သည်။
ထို့ပြင် ရေပြင်ညီတောင် ဇုမျိူ းနွယ်စုဟူသည် လောင်စန်းနိုင်ငံတော်မှ မဟုတ်၍ သူတို့၏ နာမည်သည် ဤနယ်မြေတွင် ထင်ပေါ်ကျော်ကြားခြင်း မရှိလှ။ မည်သို့ဆိုစေ စုချန်းက တတ်နိုင်သမျှ စုံစမ်းကြည့်၏။ ထိုအခါ အလယ်အလတ်အဆင့် လူမှုအဆင့်အတန်း ရှိကြသူများ သို့မဟုတ် ထိုထက် မြင့်မားသူ အများစုထဲတွင် ဇုမျိူ းနွယ်စုကို မကြားဖူးသူဟူ၍ မရှိကြောင်း တွေ့ရှိရ၏။
ဇုမျိူ းနွယ်စု၏ အင်အားကို ကျကျနနလေ့လာပြီးနောက် ၎င်းတို့ကို မကြောက်သူကို လူထူးလူဆန်းဟုသတ်မှတ်ရပေလိ့မ်မည်။ ဇုချန်း၏ စိတ်ထဲတွင် စုချန်းတယောက် သေချာပေါက် အရှုံးပေးရလိမ့်မည်ဟု တထစ်ချ တွက်ဆပြီးသားဖြစ်သည်။
ဤယနေ့တွင်လည်း စုချန်းသည် ခါတိုင်းကဲ့သို့ပင် စာသင်ခန်းဆီသို့ ဦးတည်ထွက်ခွာလာခဲ့၏။ အမှန်တော့ လေးနှစ်တာကာလအတွင်း နဂါးကျောင်းတော်၏ အခြေခံ သင်တန်း အတော်များများကို စုချန်း တက်ရောက်သင်ယူခဲ့ပြီးလေပြီ။ သူ့တွင် တက်ရောက်ရမည့် သင်တန်း သိပ်မကျန်တော့။ ထိုအခါ သုတေသနလုပ်ရန်၊ ကျင့်ကြံအားထုတ်ရန် အချိန်အတော်များများ ပိုလျံနေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် စုချန်းက စာသင်ခန်းထဲတွင် အချိန်သိပ်မဖြုန်းတော့။ တနာရီခန့် သင်ယူပြီးသည်နှင့် လမ်းသွယ်လေးအတိုင်း မူလစွမ်းအင်မျှော်စင်သို့ လမ်းလျှောက်ပြန်လာခဲ့လေသည်။ ထိုအခိုက်မှာပင် သူ့နောက်မှ ဝမ်တောက်ရှန်း၏ အသံကို စုချန်း ကြားလိုက်ရ၏။
"ဟေ့ စုချန်း"
ထိုအခါ စုချန်းက ရယ်မောရင်း ဝမ်တောက်ရှန်းကို ပြန်လည်နှုတ်ဆက်လိုက်သည်။
"ခင်ဗျားလည်း အတန်းလစ်လာတာလားဗျ"
"မူလစွမ်းအင်ဒြပ်စင်တွေအကြောင်း သင်နေတာကွ ပျင်းစရာကောင်းလွန်းလို့ ငါလည်းလစ်ထွက်လာတာပဲ"
ဝမ်တောက်ရှန်းက အကြောင်းပြလိုက်သည်။
"ဝိုး မင်းသားလေးဝမ်တောင် တခါတလေ အတန်းလစ်တတ်တာပဲကိုး"
စုချန်းက ဝမ်တောက်ရှန်းကို စနောက်လိုက်၏။
"ဟေ့ ဟေ့ ဘာလဲ မင်းက ကျူ ပ်ကို အထင်သေးနေတာလား တော်ဝင်မျိူ းနွယ်စုဝင်မို့လို့ အတန်းမလစ်ရဲဘူး ထင်နေတာလား"
သူတို့နှစ်ယောက်သည် တယောက်နှင့်တယောက် ရင်းရင်းနှီးနှီး ပြန်လည်စနောက်နေကြ၏။ ထိုအခိုက်မှာပင် ဝမ်တောက်ရှန်းက ပတ်ဝန်းကျင်ကို ဟိုကြည့်သည်ကြည့် ကြည့်ပြီး အသံတိုးတိုးနှင့် မေးလိုက်သည်။
"သူတို့ နက်ဖြန် ပြန်လာမှာလား"
"မျိူ းနွယ်စု ခြောက်စုလား"
"ဟုတ်တယ်"
"ထူးထူးခြားခြား လှုပ်ရှားတာမျိူ း တွေ့ရလို့လား"
"မသိဘူးကွ ဒါပေမဲ့ မုန်တိုင်းက သိပ်မကြာခင် လာလိမ့်မယ်လို့ ကျူ ပ်ထင်နေတယ် သတိထားဟေ့"
"ထားပါတယ်ဗျ"
စုချန်းက ပြန်ပြောလိုက်သည်။
"ကောင်းတယ် ဒါဆို ကျူ ပ်အရင် ပြန်နှင့်တော့မယ်"
ဝမ်တောက်ရှန်းသည် သူတို့စကားကို မည်သူမှ မကြားမှန်း သေချာစေရန် ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် အကဲခတ်ပြီးမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
ထိုစဉ်...
"တောက်ရှန်း"
စုချန်းက လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။
"ဘာလဲကွ"
ဝမ်တောက်ရှန်းက ပြန်မေးလိုက်သည်။ ထိုအခါ စုချန်းက ဝမ်တောက်ရှန်းဆီသို့ လျှောက်သွားပြီး နားရွက်အနီးကပ်ကာ အသံတိုးတိုးနှင့် ပြောလိုက်သည်။ စုချန်း၏ စကားကို ကြားလိုက်ရသည်နှင့် ဝမ်တောက်ရှန်း၏ အမူအရာသည် ချက်ချင်းပြောင်းလဲသွား၏။
"မင်း ဘာတွေလျှောက်ပြောနေတာလဲ ကျူ ပ်ကို နောက်နေတာမလား"
စုချန်းက ဝမ်တောက်ရှန်းကို ရိုးသားသော မျက်လုံးအစုံနှင့် စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ဒီလိုကိစ္စမျိူ းကို ကျူ ပ်က နောက်စရာလားဗျ"
"မဖြစ်ဘူး ကျူ ပ် လုံးဝသဘောမတူဘူးကွ"
"ခင်ဗျား သေချာလို့လား"
စုချန်းက မေးလိုက်သည်။
"သေချာတယ်ကွ သေချာတယ်"
ဝမ်တောက်ရှန်းက အံကိုကြိတ် မျက်လုံးပြူ းကာ စုချန်း၏ မေးခွန်းကို ဒေါနှင့်မာန်နှင့် ဖြေလိုက်သည်။ ထိုအခါ စုချန်းက ဝမ်တောက်ရှန်း၏ ပုခုံးကို ငြင်သာစွာ ပုတ်ရင်း ပြောလိုက်သည်။
"ကောင်းပြီ ခင်ဗျား သဘောမတူဘူးဆိုရင်လည်း ထားလိုက်ပါ ဒါပေမဲ့ ကျူ ပ် ဘာပြောခဲ့တယ်ဆိုတာတော့ မမေ့ပါနဲ့ တနေ့နေ့မှာ ကျူ ပ်ပြောခဲ့တာကို သဘောပေါက်လာရင် ဒါမှမဟုတ် အခွင့်အရေးတခုခု ပေါ်လာရင် ကျူ ပ်ပြောသလို လုပ်ပါ"
ထိုမျှသာ ပြောပြီး စုချန်းသည် ထိုနေရာမှ ချာခနဲ လှည့်ထွက်သွားလေသည်။
ဝမ်တောက်ရှန်းကား နဝေတိမ်တောင်နှင့် ကျန်ရစ်ခဲ့ရှာ၏။ နောက်ဆုံးတွင် သူက စိတ်မထိန်းနိုင်ပဲ အော်ဟစ်မေးမြန်းလိုက်တော့သည်။
"စုချန်း မင်း ဘာတွေကြံစည်နေပြန်တာလဲကွာ"
စုချန်းက လှည့်မကြည့်ပဲ လက်သာ ထောင်ပြလိုက်သည်။ သူ့အကျီ ၤလက်သည် လေတိုက်ခတ်မှုကြောင့် တဖြတ်ဖြတ် လှုပ်ယမ်းနေ၏။
_____________×××____________×××_________
တနာရီခန့် အကြာတွင် ဖြစ်သည်။
နဂါးကျောင်းတော်၏ တောင်ဘက်တောအုပ်အတွင်း ချင်းလင်အာသည် စုချန်းအား မျက်လုံးပြူ းမျက်ဆန်ပြူ းနှင့် စိုက်ကြည့်လျက်ရှိသည်။
"စုချန်း ရှင်ဘာတွေ ပြောနေတာလဲ"
"ခင်ဗျား ခုနက ကြားလိုက်တဲ့အတိုင်းပဲ"
စုချန်းက တည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။
"ဒီလိုအခြေအနေမှာ ဒီနည်းလမ်းထက် ပိုကောင်းတာ ခင်ဗျား စဉ်းစားမိလို့လား"
ချင်းလင်အာသည် စုချန်းကို ငေးကာ တွေဝေနေ၏။ အတန်ကြာမှ သူမက မေးလိုက်သည်။
"ရှင့်ရဲ့ ဒီဆုံးဖြတ်ချက်ကို တခြားလူတွေ သိသွားကြပြီလား"
စုချန်း ခေါင်းခါလိုက်သည်။
"မသိသေးဘူး ဒီအကြောင်းကို ခေတ္တခနလောက် ဖုံးကွယ်ထားတာ ပိုကောင်းမယ်လို့ ကျူ ပ် တွေးမိတယ်လေ ပြီးတော့ ခင်ဗျား ခနတော့ အမှားကျူ းလွန်မိသလို ဖြစ်သွားမယ် ဒီအတွက် ကျူ ပ် စိတ်မကောင်းပါဘူးဗျာ"
ချင်းလင်အာ ခေါင်းငုံ့လိုက်သည်။ အတန်ကြာမှ သူမက ပြောလိုက်၏။
"ရှင် ဘာမှ စိတ်မကောင်းဖြစ်စရာ မလိုပါဘူးရှင် ဘယ်လိုပဲဖြစ်ဖြစ် ဒါ ကျွန်မ လုပ်သင့်တဲ့ ကိစ္စပါ"
သူမ၏ လေသံမှာ တိုးလှ၏။ သူမ၏ အမူအရာမှာ ဝမ်းနည်းပူဆွေးဟန်၊ တစုံတရာကို ခါးခါးသီးသီး ခံစားနေရဟန် အတိုင်းသား ပေါ်လွင်နေလေသည်။
ချင်လင်အာကိုကြည့်ရင်း စုချန်း ငြင်သာစွာ ပြုံးလိုက်သည်။
"ခင်ဗျား အရင်လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် ဘာမှ နောက်တရနေစရာ မလိုဘူး ဒီအတွက် ခင်ဗျားကို ကျူ ပ် ဘယ်တုန်းကမှ အပြစ်မတင်ဘူးဆိုတာ ခင်ဗျား သိပါတယ်နော်"
ထိုစကားကြောင့် ချင်းလင်အာက စုချန်းကို ဖြတ်ခနဲ စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးအစုံမှာ အရည်လဲ့နေ၏။
"စုချန်း ရှင် ကျွန်မကို အပြစ်မတင်ဘူးဆိုတာ တကယ်လားဟင် ကျွန်မကြောင့် ရှင်တို့ရဲ့ အက်ဒမန်တင်းမျောက်ဝံကို ဆုံးရှုံးခဲ့ရတာလေ တကယ်လို့ အဲဒီလို မဖြစ်ခဲ့ဘူးဆိုရင်တောင် ဖြစ်ပျက်ခဲ့တာတွေက ပျော်စရာမကောင်းတာတော့ အမှန်ပဲရှင့်"
"မဟုတ်သေးဘူး"
စုချန်းက ခေါင်းခါလိုက်သည်။
"တကယ်လို့ အက်ဒမန်တင်းမျောက်ဝံကိစ္စ မရှိခဲ့ရင်လည်း ကျန်းချန်းအန်ဆိုတဲ့ကောင်က တခုခုတော့ လုပ်အုံးမှာပဲ ဒီကောင်ဟာ အဲဒီလိုလူစားမျိူ းဆိုတာ ကျူ ပ် ကောင်းကောင်းသိတယ် သူ့လိုလူမျိူ းတွေဟာ တခြားလူတွေ သွေးထွက်သံယိုဖြစ်တာကို ကြည့်ပြီး ပျော်ရွှင်နေတတ်တဲ့ ကောင်စားမျိူ းတွေ ကျူံ းတင်ရဲ့ လုပ်ရပ်ကိုပဲ ပြန်တွေးကြည့် သူနဲ့ကျူ ပ်ဟာ ဘာရန်ညိုးမှ မရှိဘူး ဒါပေမဲ့ ကျူ ပ်တို့ကို ဒုက္ခပေးဖို့ သူကြို းစားခဲ့တယ် သူတို့အားလုံးဟာ ဒီလိုလူစားမျိူ းတွေကွ ဒါကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်နေစရာ မလိုဘူး ခင်ဗျားကို ကျူ ပ်က အပြစ်မတင်ဘူးလို့ ပြောပြီးပြီပဲ တကယ်လည်း အပြစ်မတင်ပါဘူးကွာ"
စုချန်း၏ စကားဆုံးသည်နှင့် ချင်းလင်အာ၏ မျက်ဝန်းမှ မျက်ရည်များ တသွင်သွင် စီးကျလာ၏။ လွန်ခဲ့သော ရက်ပိုင်းအတွင်း သူမ အလွန်တရာ စိတ်ဖိစီးနေခဲ့သည် မဟုတ်ပါလား။ ကျဆုံးခြင်းသိမ်းငှက်တောင်မှ အဖြစ်အပျက်ကို ပြန်တွေးမိတိုင်း အမှားကျူ းလွန်ခဲ့မိသလို သူမ ခံစားနေရ၏။ တိုက်ပွဲသည် သူမကြောင့် စတင်ခဲ့ရခြင်းဖြစ်သည်ဟု သူမ တထစ်ချ ယုံကြည်ထားလေသည်။ ပြင်းထန်သော ခံစားချက်က သူမကို စိတ်ဓာတ်ကျစေ၏။ ယခု စုချန်း၏ စကားကို ကြားလိုက်ရမှ သူမ အတော်လေး စိတ်သက်သာရသွားလေသည်။
အကယ်၍ အက်ဒမန်တင်းမျောက်ဝံနှင့် ချင်းလင်အာတို့သာ မရှိလျင် ကျန်းချန်းအန်က စုချန်းတို့ကို ဒုက္ခပေးမပေး မည်သူမှ မသိနိုင်။ ကြိုတင်ဖြစ်ပျက်လာမည့်အရာများကို သိရှိနေရအောင် သူတို့သည် တန်ခိုးရှင်မဟုတ်။ သို့သော် သူတို့တထစ်ချ ယုံကြည်ထားသည်မှာ ကျဆုံးခြင်းသိမ်းငှက်တောင် တိုက်ပွဲ၏ အဓိက တရားခံမှာ ကျန်းချန်းအန် ဟူသည်ကိုပင်။ ထိုသို့ ယုံကြည်ထားခြင်းကပင်လျင် သူတို့၏ နှလုံးသားအတွင်းရှိ ဒဏ်ရာများကို ကုသရန် အကောင်းဆုံးနည်းလမ်း မဟုတ်ပါလော။
ထိုအခိုက်မှာပင် ပြင်းထန်သော စိတ်ခံစားချက်များ ရုတ်တရက် လျော့ပါးသွား၍ ချင်းလင်အာတယောက် တောင့်မခံနိုင်တော့ပဲ စုချန်း၏ပုခုံးဆီသို့ ခေါင်းမှီပြီး အားရပါးရ ငိုချလိုက်တော့သည်။ စုချန်း အံ့သြသင့်သွားသည်။ သို့သော် ချင်းလင်အာ၏ လုပ်ရပ်သည် အချစ်မဟုတ်မှန်း သူက ချက်ချင်းပင် သဘောပေါက်လိုက်၏။ ပင်ပန်းနွမ်းနယ်နေသည့် မိန်းကလေးက ရုတ်တရက် မှီတွယ်စရာ ရှာလိုက်သည့် သဘောသာ။
အချိန်အတော်ကြာအောင် အားရပါးရ ငိုချလိုက်ပြီးနောက် ချင်းလင်အာတယောက် မျက်ရည်စဲစပြုလာ၏။ ထိုအခါ သူမက နေသားတကျဖြစ်အောင် ပြန်ထိုင်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင်တော့ လှပသောပြုံးပန်းတပွင့် ပေါ်ပေါက်နေ၏။
"ရှင့်ပုခုံးကို မှီပြီးငိုခွင့်ပြုတာ ကျေးဇူးတင်ပါတယ်"
စုချန်း ပုခုံးတွန့်ပြလိုက်သည်။
"ခင်ဗျား အလိုရှိသလောက် သုံးနိုင်ပါတယ်ဗျာ"
စုချန်း၏ အမူအရာကြောင့် ချင်းလင်အာ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
"ရှင်ဟာ တကယ်ထူးခြားတဲ့လူပဲ စုချန်း ညဏ်ကောင်းတယ် ရဲရင့်တယ် လိုက်လျောညီထွေရှိတယ် ကျွန်မတို့ကြားက သွေးဗီဇခြားနားချက်သာ မရှိဘူးဆိုရင် ဘာဖြစ်ဖြစ် ကျွန်မက ရှင့်ကို လက်ထပ်လိုက်မှာပဲ"
"လက်ထပ်မယ် ဟုတ်လား"
စုချန်းက ရယ်မောရင်း ပြောလိုက်သည်။
"လက်ထပ်မယ်သာပြောတာ ခင်ဗျားက ကျူပ်ကို ချစ်တယ်လို့လည်း မခံစားရပါလားဗျ"
"ချစ်နေစရာလိုလို့လားရှင့်"
ချင်းလင်အာက ချက်ချင်းပင် ပြန်ပြောလိုက်သည်။
"အချစ်ဆိုတာ ဘာမှန်းတောင် ကျွန်မ မသိဘူး ပြီးတော့ ကျွန်မရဲ့ အခြေအနေအရ ချစ်ခွင့်လည်းမရှိဘူးလေ အမျိူ းသမီးတယောက်အနေနဲ့ ကျွန်မဟာ ကျွန်မတို့မျိူ းနွယ်ရဲ့ သွေးဗီဇကို နောင်လာနောက်သားတွေဆီ လက်ဆင့်ကမ်းပေးရမယ် ဒီလိုလက်ဆင့်ကမ်းတဲ့နေရာမှာ အချစ်ရှိနေစရာ မလိုပါဘူးရှင် လူတယောက်က ကြည့်ကောင်းတယ် အရည်အချင်းရှိတယ် ကျွန်မအပေါ် ကောင်းကောင်းဆက်ဆံတယ်ဆိုရင်ပဲ လုံလောက်နေပါပြီလေ ရှင့်လိုလူစားမျိူ းဆိုရင် ကျွန်မ သတ်မှတ်ထားတဲ့ အရည်အချင်းထက်တောင် အများကြီး ပိုနေသေးတယ်"
"သွေးဗီဇမရှိတာက လွဲလို့ပေါ့လေ"
စုချန်းက ပြန်ပြောလိုက်သည်။
"ဟုတ်တယ် သွေးဗီဇမရှိတာက လွဲလို့ပေါ့"
ချင်းလင်အာက ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ရှင်သာ တော်ဝင်မျိူ းနွယ်စုဝင် သွေးဗဇပိုင်ရှင်တယောက် ဖြစ်နေခဲ့ရင် ရှင့်အရည်အချင်းနဲ့ ဘယ်မိန်းကလေးကိုမဆို ခေါင်းခေါက်ယူနိုင်တယ် ခက်တာက ရှင့်မှာ သွေးဗီဇမရှိဘူး ဒီတော့ တယောက်ယောက်က ရှင့်ကို လက်ထပ်ချင်စိတ်ရှိရင်တောင် ရှင့်မှာ သွေးဗီဇမရှိတဲ့အတွက် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေမှာပဲရှင့်"
"ကိုယ့်သေတွင်း ကိုယ်တူးသလို ဟုတ်လား"
စုချန်း မျက်လုံးပြူ းသွားသည်။
"ခင်ဗျား ဘာကို ဆိုလိုတာလဲ"
"ဟင် ဒါကို ရှင် မသိဘူးလား တော်ဝင်မျိူ းနွယ်စုတွေရဲ့ အဆင့်အတန်းနဲ့ သွေးဆက်ကို ထိန်းသိမ်းဖို့ တော်ဝင်မျိူ းနွယ်စုတွေနဲ့ သာမာန်လူတွေအကြား လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်ပိတ်ပင်ထားတယ် ဒီစည်းမျဉ်းကို ချိူ းဖောက်တဲ့ ဘယ်သူမဆို ကိုယ့်ကိုယ်ကို သတ်သေရတယ်ရှင့်"