သတိပေးခြင်း
Vol. 24 Ch. 234
ချင်းလင်အာနှင့် ပြောဆိုပြီးသည်နှင့် စုချန်း ပြန်လာခဲ့၏။ သူ့ခြေလှမ်းများမှာကား လေးလံနှေးကွေးလှသည်။
သွေဗီဇသန့်စင်ခြင်းကို ထိမ်းသိမ်းရန် သတ်ပစ်ကြသတဲ့လား...
ဤအတိုင်းဆိုလျင် ကုချိန်းလွှာ သူ့ကို ငြင်းပယ်လိုက်ခြင်းမှာ သူ့အသက်ကို ကာကွယ်ရန်အတွက်ပေလော။ သို့မဟုတ် စုချန်းကိုယ်တိုင်ကပင် လိုရာ ဆွဲတွေးမိနေသလော မပြောတတ်။ မည်သို့ဆိုစေ ဤကိစ္စကို အတည်ပြုနိုင်မည့် အခွင့်အရေးတခုခု ရှာဖွေရန်တော့ လိုအပ်လာခဲ့လေပြီ။
စုချန်းသည် ဖြစ်စဉ်တခုလုံးကို အပြန်အလှန် သုံးသပ်ကြည့်၏။ မဖြစ်နိုင်။ ကုချိန်းလွှာ သူ့ကို မနှစ်သက်၍ ငြင်းပယ်ခြင်းမှာ လုံးဝမဖြစ်နိုင်။ သေချာပေါက် သူ့အသက်ကို ကာကွယ်ရန် သစ်စိမ်းချိူ း ချိူ းလိုက်ခြင်းသာ ဖြစ်ရမည်။ ထိုအခါ စုချန်း၏ နှလုံးခုန်နှုန်းသည် တဖြည်းဖြည်း မြန်ဆန်လာ၏။ သူ အလွန် စိတ်လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။
ထိုညနေခင်းက ကုချိန်းလွှာ သူ့ကို ကြည့်နေခဲ့သည့် ပုံစံကို စုချန်း ပြန်လည်မြင်ယောင်လာ၏။
ဝမ်းနည်းပြီး စိတ်အားငယ်နေသည့် အကြည့်။
သူကား အလွန်မိုက်မဲသူသာ ဖြစ်နေခဲ့ချေသည်တကား။ တကြိမ်တခါ ငြင်းပယ်ခံလိုက်ရရုံနှင့် နောက်ထပ် ကြိုးစားမကြည့်တော့ပဲ စိတ်ဓာတ်ကျသွားခဲ့၏။ ဒါကို အချစ်ဟု မည်သို့ ခေါ်နိုင်မည်နည်း။
စုချန်း...မင်းဟာ လူမိုက်...တကယ့် ငမိုက်သား...ဦးနှောက်မရှိတဲ့ကောင်
ဖြစ်နိုင်ချေကို ယခုမှ ပြန်စဉ်းစားမိပြီး စုချန်းတယောက် ကိုယ့်ကိုယ်ကို ကျိန်ဆဲမိ၏။ ယခု အဖြေကို သိသွားပြီဖြစ်လေရာ ကိုယ့်ကိုယ်ကို ဘာလုပ်သင့်မှန်း စုချန်း သဘောပေါက်သွားလေပြီ။ ထိုအခါ မုန်တိုင်းလွန်သည်နှင့် ကုချိန်းလွှာကိုခေါ်ပြီး အေးအေးဆေးဆေး လမ်းလျှောက်စကားပြောရန် သူ ဆုံးဖြတ်လိုက်၏။
ကိုယ့်အတွေးနှင့်ကိုယ် နစ်မြောနေလေရာ မိမိဆီသို့ ကျောင်းသားတဦး ချည်းကပ်လာမှန်း စုချန်း သတိမထားမိ။ ထိုကျောင်းသားသည် ခေါင်းကို ငုံ့ထား၏။ သူ့လှုပ်ရှားမှုမှာကား လျင်မြန်လှသည်။ စုချန်း၏ နောက်တည့်တည့်သို့ ရောက်သည်နှင့် ထိုကျောင်းသားက စုချန်းကို ဖမ်းဆုပ်လာတော့သည်။
ထိုအခါ စုချန်းသည် ခေါင်းကို တချက်လှုပ်လိုက်ပြီး ညာခြေကို ခြေသို့တလှမ်းတက်လိုက်သည်။ တဆက်တည်းမှာပင် သူ့လက်တဖက်က တဖက်လူ၏ ခါးလည်ကို ဖမ်းထောက်ထားလိုက်၏။ ထိုကျောင်းသားကလည်း လက်ကိုမြောက်ကာ စုချန်း၏ တံတောင်ကို ဖမ်းဆုပ်ပြီး ကျန်လက်တဖက်ဖြင့် မျက်နှာကို လှမ်းကုတ်လိုက်၏။ ဤတကွက်ကို စုချန်းက ခေါင်းကိုငဲ့ကာ ရှောင်တိမ်းလိုက်ပြီး တဖက်လူကို ဒူးနှင့်လှမ်းတိုက်လိုက်သည်။ ထိုကျောင်းသားကလည်း မခေ။ ဒူးပျံကို ရှောင်တိမ်းပြီး စုချန်းကို ပုခုံးနှင့် ဝင်ဆောင့်လိုက်လေသည်။
ထို့နောက် မျက်စေ့တမှိတိအတွင်း သူတို့နှစ်ယောက် အကွက်ပေါင်းများစွာ တိုက်ခိုက်မိကြသည်။ သူတို့၏ တုံ့ပြန်မှုများမှာ မြန်မြန်လွန်း၍ လှုပ်ရှားမှုများကို ကွဲကွဲပြားပြားမြင်နိုင်ရန် ခက်လှသည်။ သူတို့နှစ်ဦးလုံးလိုလိုပင် မူလစွမ်းအင်ကို ထုတ်မသုံးပဲ လက်ချည်းသက်သက် တိုက်ခိုက်နေကြခြင်းဖြစ်သည်။ အတန်ကြာသော် နှစ်ယောက်သား လူချင်းကွဲသွား၏။
စုချန်းက မီးလျံသိမ်းငှက်တကောင်ကို လျင်မြန်စွာ နှိုးဆွလိုက်ပြီး မိမိအား ဆိုင်းမဆင့်ဗုံမဆင့် ဝင်တိုက်သူကို မေးမြန်းလိုက်သည်။
"မင်းဘယ်သူလဲ နဂါးကျောင်းတော်ထဲ ဘာကိစ္စနဲ့ ဝင်လာတာလဲ"
ထိုကျောင်းသားက အောက်ကလိအာနိုင်သော အသံနှင့် ရယ်မောလိုက်သည်။
"မင်း မဆိုးဘူး စုချန်း ဒါပေမဲ့ ငါက မင်းထင်နေသလို သူလျှိူ တော့ မဟုတ်ဘူးကွ"
ပြောပြောဆိုဆို ထိုကျောင်းသားက ခေါင်းကို မော့လိုက်၏။ စုချန်း မျက်လုံးပြူ းသွားသည်။
"ဟေစီးဟုန် လက်စသတ်တော့ ခင်ဗျားကိုး"
ဟေစီးဟုန်သည် စုချန်းထက် တနှစ်ကြီးသော ကျောင်းသားဖြစ်သည်။ ဤမတိုင်ခင်က နှစ်ကြိမ်ခန့် မြင်တွေ့ဖူးလေရာ တယောက်နှင့်တယောက် မျက်မှန်းတန်းမိနေသည်ဟုတော့ ဆိုနိုင်သည်။ သို့သော် သူတို့နှစ်ယောက်သည် သူငယ်ချင်းများတော့ မဟုတ်။ ယခုလည်း ဟေစီးဟုန်တယောက် သူ့ကို ဘာအတွက်လာရှာမှန်း စုချန်းတယေယာက် သဘောမပေါက်နိုင်ပဲ ဖြစ်နေ၏။
"တစုံတယောက်က မင်းနဲ့ တွေ့ချင်နေတယ် မင်းကို သူတို့ဆီ ခေါ်လာပေးနိုင်မလားလို့ မေးတယ် အစတုန်းကတော့ ကျူ ပ်က မင်းကို ဖမ်းချူ ပ်ပြီး ခေါ်သွားမလို့ပဲ ဒါပေမဲ့ မင်းက ကျူ ပ်ထင်ထားတာထက် ပိုတော်နေတယ် ဒီတော့ ကျူ ပ်အနေနဲ့ မင်း လိုက်တွေ့နိုင်မလား မေးရုံပဲရှိတော့တာပေါ့"
"တွေ့ချင်တာကို ရိုးရိုးတန်းတန်း မခေါ်ပဲ တိုက်ခိုက်ပြီးမှ ခေါ်လာရအောင် ခင်ဗျားကို ခိုင်းလိုက်တာ ဘယ်သူတွေမို့လို့လဲ"
စုချန်းက မေးလိုက်သည်။
"သူ့ကို မြင်ရင် မင်းဟာမင်း အလိုလို သိသွားပါလိမ့်မယ်ကွာ"
"ကျူ ပ်က မလိုက်ဘူးဆိုရင်ကော ဘာဆက်ဖြစ်မလဲ"
စုချန်း၏ စကားကို ကြားရသောအခါ ဟေစီးဟုန်က သက်ပြင်းချရင်း သူ့အိတ်ထဲမှ ပစ္စည်းတခုကိုဆွဲထုတ်ကာ သူ့ရှေ့တွင် ဝေ့ယမ်းပြလိုက်သည်။ သူ့လုပ်ရပ်မှာ မြန်ဆန်လှသော်လည်း ထိုပစ္စည်းကို စုချန်း သေသေချာချာ မြင်တွေ့လိုက်ရ၏။
စုချန်း၏ အမူအရာသည် မသိမသာ ပြောင်းလဲသွားလေသည်။
"ဒီတော့ ကျူ ပ်ကိုတွေ့ချင်တာ သူတို့ပဲပေါ့ ခင်ဗျားကရော သူတို့လူပဲလား"
"အချိန်မဖြုန်းစမ်းနဲ့ကွာ ကျူ ပ်နောက်ကိုသာ လိုက်ခဲ့စမ်းပါ"
ပြောပြောဆိုဆို ဟေစီးဟုန်က နေရာမှ ချာခနဲလှည့်ကာ ထွက်ခွာသွားတော့သည်။ စုချန်းလည်း ဟေစီးဟုန်နောက် လိုက်သွားရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူတို့နှစ်ယောက်သည် ရှည်လျားပြီး အကွေ့အကောက်များသော လမ်းအတိုင်း လျှောက်လာခဲ့ကြ၏။ အတန်ကြာသော် လူသူအရောက်အပေါက် ကင်းမဲ့သော တောအုပ် တနေရာသို့ ရောက်ရှိလာကြလေသည်။
ထိုနေရာတွင် အနက်ရောင်ဝတ်ဆင်ထားသော လူတယောက် ကျောခိုင်းပြီး မတ်တပ်ရပ်လျက်ရှိသည်။ ဟေစီးဟုန်က ထိုလူဆီသို့လျှောက်သွားပြီး ငြင်သာသောလေသံနှင့် သတင်းပို့လိုက်သည်။
"ကျွန်တော် သူ့ကို ခေါ်လာပါပြီ"
ထိုလူက နောက်ကို ဖြေးညှင်းစွာ လှည့်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်ကိုကြည့်ပြီး စုချန်း၏ စိတ်ထဲတွင် ရယ်မောလိုစိတ်များ ပေါ်ပေါက်လာ၏။ တစုံတယောက်ကို စောင့်ဆိုင်းနေသည်မှာ မှန်ကန်လျက်နှင့် အဘယ်ကြောင့် ဤသို့ ဟန်ဆောင်နေရသနည်း။
သို့သော် ထိုလူကို မြင်တွေ့လိုက်ရသောအခါ စုချန်း ကြက်သေသေသွား၏။ အကြောင်းမှာ သူ့ရှေ့တွင် ရပ်နေသော လူစိမ်းသည် မြင်းတကောင်၏ မျက်နှာကဲ့သို့ အလွန်ရှည်လျားသော မျက်နှာမျိူ းကို ပိုင်ဆိုင်ထားသောကြောင့်ပေတည်း။ အထူးသဖြင့် ထိုလူ၏ နှာခေါင်းသည် သိသိသာသာပင် ရှည်လျားလှပြီး မျက်နှာကို အလယ်မှ ပိုင်းခြားထားသကဲ့သို့ ထင်ရသည်။ ထိုလူ၏ မျက်နှာကို မြင်လိုက်သည်နှင့် စုချန်း ပထမဆုံး သတိရလာသည်မှာ ကျဆုံးခြင်းသိမ်းငှက်တောင်တွင် သူရင်ဆိုင်ခဲ့ရသည့် တောင်နတ်ဆိုးများပင်ဖြစ်သည်။ အမှန်တကယ်လည်း ထိုလူ၏ မျက်နှာသည် တောင်နတ်ဆိုးနှင့် အတော်ပင် နီးနီးစပ်စပ် တူနေ၏။
သို့သော် ထိုလူ၏ မျက်နှာ ဘာနှင့်တူတူ ပို၍ အရေးကြီးသည်က စုချန်းဆိုသော လူငယ်သည် ထိုကိစ္စမျိူ းကို အရေးတယူလုပ်၍ စဉ်းစားနေမည့် လူမျိူ းမဟုတ်။
ထိုအခါ သူက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
"ခင်ဗျား ဘယ်သူလဲ ကျူ ပ်ကို ဘာကြောင့်တွေ့ချင်တာလဲ"
မြင်းမျက်နှာနှင့် လူက ပြန်ဖြေလိုက်သည်။
"ကျူ ပ်နာမည် မာရန်းချီလို့ ခေါ်တယ် ရှည်လျားရစ်ခွေမြို့တော် ရှည်သန်ခြင်းကျောင်းတော်ရဲ့ အကြီးအကဲပဲ ဆိုပါတော့"
ထင်သည့်အတိုင်း ရှင်သန်ခြင်းကျောင်းတော်သည် သူနှင့်တွေ့ဆုံရန် တစုံတယောက်ကို စေလွှတ်လိုက်ချေပြီတကား။ အမှန်တော့ ဟေစီးဟုန် ပြလိုက်သည့် သုံးမြောင့်ပုံ တံဆိပ်ပြားမှာ ရှင်သန်ခြင်းကျောင်းတော်ကို ကိုယ်စားပြုသည့် တံဆိပ်ဖြစ်သည်။ စုချန်း အစက ထင်နေသည်မှာ အကြီးအကဲစန်း ကိုယ်တိုင်လာသည်ဟု။ ယခုလို သူတခါမှ မမြင်ဖူးသည့် မာရန်းချီကို လွှတ်လိုက်လိမ့်မည်ဟုတော့ သူ ထင်မထားချေ။
သို့သော် လူကို မမြင်ဖူးရုံနှင့် နာမည်ကို မကြားဖူးဟုတော့ ပြော၍မရပေ။ အကြောင်းမှာ အကြီးအကဲစန်းနှင့် တခြားလူများ အလွန်လျှိူ့ဝှက်သလောက် မာရန်းချီ၏ အမည်သည်ကား ရှည်လျားရစ်ခွေမြို့တော်တွင် မကြားဖူးသူမရှိလောက်အောင် နာမည်ကြီးသောကြောင့်ပင်တည်း။
မာရန်းချီသည် လောင်စန်းနိုင်ငံတော်၏ အလိုရှိဆုံးလူများထဲတွင် တယောက် အပါအဝင်ဖြစ်ပြီး သူ့နာမည်သည် နိုင်ငံတော်၏ ဆုငွေထုတ်ခံရသူများ စာရင်း အမှတ် ၉၆ နေရာတွင် ရှိနေ၏။
သူ၏ ကိုယ်ခန္ဓာစွမ်းအင်မှာ အလင်းတုန်ခါခြင်းနယ်ပယ်တွင် ရှိနေပြီး သူကိုယ်တိုင်မှာလည်း အတွေ့အကြုံရင့် လူသတ်သမားတဦး ဖြစ်သည်။ ထိုမျှသာမကသေး စိတ်နေစိတ်ထားမှာ ရက်စက်လှပြီး သူ့နည်းလမ်းများကလည်း ကြမ်းတမ်းလှသည်။ အကြီးအကဲစန်းနှင့် တခြားလူများသည် အကြမ်းဖက်သမားဟု ကင်းပွန်းတပ်ခံရသော်လည်း နာမည်သာရှိပြီး မာရန်းချီကတော့ ထိုနေရာမျိူ းတွင် ပါရမီရှင်ဟု ဆိုနိုင်သည်။
ယွဲ့ဝူချိ လုပ်ကြံခံရခြင်းမှာလည်း ဤပုဂ္ဂိုလ်၏ လက်ချက်ပင်။ ကျဆုံးခြင်းသိမ်းငှက်တောင်မှ ပြန်လာပြီး ယွဲ့ဝူချိအမှုကို စုံစမ်းထား၍ ထိုကိစ္စကို စုချန်းက သိရှိထားပြီး ဖြစ်သည်။ သို့တိုင်အောင် စုချန်း၏ အမူအရာမှာ အေးဆေးတည်ငြိမ်လှသည်။ သူ့ပုံစံမှာ မာရန်းချီ၏ နာမည်ကို တခါမှ မကြားဖူးသလို ထင်ရသည်။
"ခင်ဗျားကို ကျူ ပ်မသိဘူး အကြီးအကဲစန်း ဘယ်မှာလဲ"
မာရန်းချီက ပြန်ဖြေလိုက်သည်။
"သူက မင်းအတွက် တာဝန်ခံပေးတော့မှာ မဟုတ်ဘူး ဒါကြောင့် နောင်အနာဂတ်မှာ မင်း ဘာပဲလုပ်လုပ် ကျူ ပ်နဲ့ပဲ ဆက်သွယ်ပြီး အလုပ်လုပ်ရလိမ့်မယ်"
"ခင်ဗျားနဲ့ ဟုတ်လား"
စုချန်း အတော်လေး ဘဝင်မကျ ဖြစ်သွား၏။
"ဒီလိုဆုံးဖြတ်ချက်မျိူ း ချပြီးတော့ ခင်ဗျား ကျူ ပ်ကို ဘာအသိမှတောင်မပေးခဲ့ဘူး ထပ်ပြောရရင် ခင်ဗျားအနေနဲ့ ကျူ ပ်ကို အသိပေးစရာ တခုခုရှိရင် ကျောင်းပြင်မှာ တွေ့လို့ရသားပဲ ဘာကြောင့်မတွေ့သလဲ ဒီနေရာဟာ ဘယ်လောက် အန္တရာယ်ကြီးတယ်ဆိုတာ ခင်ဗျား မသိဘူးလား တကယ်လို့ ဆရာတယောက်တလေများ တွေ့သွားခဲ့ရင်...."
သို့သော် စုချန်းက စကားကို ဆုံးအောင်မပြောလိုက်ရပေ။ မာရန်းချီက စကားဖြတ်ပြောလိုက်၏။
"ပထမအနေနဲ့ မင်းကို အကြောင်းကြားနေစရာမလိုဘူး ဒီကိစ္စမှာ မင်းရဲ့ ထင်မြင်ယူဆချက်က အသုံးမဝင်ဘူး ဒုတိယအနေနဲ့က ဘယ်နေရာ အန္တရာယ်ကြီးတယ် မကြီးဘူးဆိုတာ မင်းထက် ကျူ ပ်က ပိုသိတယ် ဟိုအသုံးမကျတဲ့ စန်းကျင်းသာ ဒီကျောင်းထဲကို မဝင်နိုင်တာ ကျူ ပ်ကတော့ ဝင်နိုင်တယ် ဝင်လဲဝင်ရဲတယ် ဒီနေရာမှာလည်း မင်းနဲ့ စကားပြောရဲတယ် မင်းတို့ကျောင်းက ဆရာတွေ တွေ့တော့ကော ဘာဖြစ်သလဲ ကျူ ပ်က ကြောက်နေရမှာလား နောက်ဆုံးအနေနဲ့ ပြောချင်တာက နဂါးကျောင်းတော်ဟာ မင်း အားကိုးလို့ရမဲ့ အရာမဟုတ်ဘူးဆိုတာ မြဲမြဲသာ မှတ်ထားပေတော့"
မာရန်းချီကတော့ တွေတွေ့ချင်း ဆောက်နှင့်ထွင်းလိုက်ပေပြီ။
ထိုအခါ စုချန်းက
"အားကိုးရမယ်ဟုတ်လား ကျူ ပ်က ဘာအတွက် နဂါးကျောင်းတော်ကို အားကိုးရမှာလဲ"
"အားမကိုးဘူး ဟုတ်လား အားမကိုးရင် ဘာဖြစ်လို့ မင်းဆရာရဲ့ မျှော်စင်ထဲမှာ မိန်းကလေးတယောက်လို နေ့တိုင်း ပုန်းနေတာလဲ မင်းဟာ စိတ်ပျက်စရာကောင်းတဲ့လိပ်လိုကောင်စားမျိူ းပဲကွ ရှင်သန်ခြင်းကျောင်းတော်က မင်းနဲ့ တွေ့ချင်လို့ လာရှာတယ် ဒါပေမဲ့ မင်းကတော့ အပြင်ထွက်မလာတဲ့အတွက် တွေ့ခွင့်မရဘူး ဒါပေမဲ့ ခုတော့ ကျူ ပ်ရောက်လာပြီ မင်းအနေနဲ့ တာဝန်တွေကနေ ရှောင်လွှဲပြီး ကျောင်းထဲမှာပဲ လိပ်တကောင်လို ဆက်ပြီးပုန်းနေမယ်ဆိုရင် ကျူ ပ်ကို အဆိုးမဆိုနဲ့"
ထိုစကားကို ကြားလိုက်ရမှ မာရန်းချီ၏ လာရင်းကိစ္စကို စုချန်း သဘောပေါက်သွား၏။
"လက်စသတ်တော့ ခင်ဗျားက ကျူ ပ်ကို ဆေးဖော်ဖို့ လာပြီး ဖိအားပေးနေတာကိုး"
မှန်၏။ မာရန်းချီ ဤနေရာသို့ ရောက်လာခြင်းမှာ စုချန်းကို ဆေးဖော်ခိုင်းရန်ဖြစ်သည်။ တိတိကျကျပြောရလျင် ဝိညာဉ်တည်ငြိမ်ခြင်းဆေးများ ဖော်စပ်ခိုင်းရန် ဖြစ်သည်။
စုချန်းတယောက် နဂါးကျောင်းတော်တွင် ပညာသင်ကြားလာခဲ့သည်မှာ လေးနှစ်ကျော်လာခဲ့ပေပြီ။ ထိုအခါ ရှင်သန်ခြင်းကျောင်းတော်အနေနှင့် ဤမျှ အချိန်အကြာကြီး စောင်းဆိုင်းနေရသည်ကို စိတ်မရှည်တော့ပဲ ဆေးဖော်ပေးရန် စုချန်းကို စတင်လောဆော်လာတော့သည်။ သူတို့ ဤသို့ လောလာသည်မှာ ယခုမှမဟုတ်။ လွန်ခဲ့သော တနှစ်ခွဲကတည်းက ဖြစ်သည်။ သို့သော် စုချန်းက လက်မခံပဲ ငြင်းပယ်ခဲ့၏။ အမှန်တော့ ဤသို့ ငြင်းပယ်ခဲ့သည်မှာ ထိုဆေးကို စုချန်း မဖော်စပ်နိုင်၍ မဟုတ်။ သူသည် အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်တယောက် ဖြစ်နေခဲ့ပြီ ဖြစ်လေရာ ဝိညာဉ်တည်ငြိမ်ခြင်းဆေးကို ဖော်စပ်နိုင်စွမ်းရှိ၏။
ထိုသို့ ငြင်းပယ်ခဲ့ရခြင်း၏ တခုတည်းသော အကြောင်းပြချက်မှာ ဝိညာဉ်တည်ငြိမ်ခြင်းဆေးကို ဖော်နိုင်သော်လည်း အောင်မြင်နိုင်ချေ နည်းနေသေးသောကြောင့် ဖြစ်သည်။
တဖက်တွင်လည်း စုချန်းနှင့် ရှင်သန်ခြင်းကျောင်းတော်အကြားတွင် ထူးခြားသော သဘောတူညီချက်တခု ရှိထားပြန်၏။ ၎င်းမှာ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်အတွင်း အလောင်းကောင်ဝိညာဉ်ပန်းများ ဘယ်လောက်ပင် တွေ့တွေ့ စုချန်းက ရှင်သန်ခြင်းကျောင်းတော်အတွက် ဝိညာဉ်တည်ငြိမ်ခြင်းဆေးပုလင်း ၃၀၀၀သာ ဖော်စပ်ပေးရန် ဖြစ်သည်။ မဖော်စပ်နိုင်ခဲ့ပါက စုချန်းသည် ရှင်သန်းခြင်းကျောင်းတော်၏ အဖွဲ့ဝင်တယောက်အဖြစ် ကမ်းလှမ်းခြင်းကို လက်ခံရပေလိမ့်မည်။ ထို့ကြောင့် ပါရမီရှင်လူငယ်တယောက်ကို အဖွဲ့ဝင်အဖြစ် စည်းရုံးသိမ်းသွင်းနိုင်မည်ဖြစ်ရာ ဝိညာဉ်တည်ငြိမ်ခြင်းဆေးဝါးများ မရပါကလည်း ရှင်သန်ခြင်းကျောင်းတော်အတွက် အရှုံးမရှိဟု ဆိုနိုင်သည်။
ဝိညာဉ်တည်ငြိမ်ခြင်းဆေးအတွက် အဓိကလိုသော ကုန်ကြမ်းမှာ အလောင်းကောင် ဝိညာဉ်ပန်းများ ဖြစ်သည်။ ထိုအခြေအနေတွင် စုချန်းအနေနှင့် ဖော်စပ်သမျှ ဆေးတိုင်းကို အောင်မြင်လို၏။ မဟုတ်လျင် ကုန်ကြမ်းများ ကုန်ခန်းသွားနိုင်သည့် ပြသနာရှိသည် မဟုတ်ပါလား။ ကုန်ကြမ်း ပြတ်သွားပါက ဝိညာဉ်တည်ငြိမ်ခြင်းဆေးပုလင်း ၃၀၀၀ မပြည့်နိုင်တော့။ လိုအပ်သော ဆေးပုလင်းအရေအတွက် မပြည့်ပါက သူသည် ရှင်သန်ခြင်းကျောင်းတော်မှ ပေးအပ်လာသော ရာထူးကို လက်ခံပြီး ထိုအဖွဲ့အတွက် တာဝန်ထမ်းဆောင်ပေးရပေလိမ့်မည်။ ဤသည်မှာ စုချန်း၏ အတွေးဖြစ်သည်။ ထို့ကြောင့် သူက ဆေးမဖော်သေးပဲ ရှင်သန်ခြင်းကျောင်းတော်၏ တောင်းဆိုချက်ကို ငြင်းလွှတ်နေခြင်း ဖြစ်သည်။
သို့သော် ရှင်သန်ခြင်းကျောင်းတော်၏ အတွေးက တမျိူ းဖြစ်သည်။ အရေအတွက်က သတ်မှတ်ထားပြီးသား ဖြစ်လေရာ ထိုအရေအတွက်ကို စုချန်းဘက်က မြန်မြန်ပေးလိုက်လျင် ကိစ္စပြတ်ပြီ။ ကျန်ပြသနာများမှာ စုချန်းနှင့်သာ ဆိုင်သည်။ သူတို့နှင့်မဆိုင်။ ထိုအခါ သူတို့က သည်းမခံနိုင်တော့ပဲ မြန်မြန်ဆေးဖော်ပေးရန် စုချန်းအား မကြာခန လောဆော်နေတော့သည်။
သို့သော် စုချန်းကလည်း အကြောင်းအမျိူ းမျိူ းပြကာ ငြင်းဆန်မြဲ။ ထိုအတောအတွင်း စုချန်းနှင့် ထိတွေ့မှု အများဆုံးလူမှာ စန်းကျင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်က စုချန်းသည် ဆေးမဖော်ပေးချင်၍ မဟုတ်ပဲ သူ၏ အဂ္ဂိရတ်ပညာ အဆင့်တက်မည့်အချိန်ကို စောင့်နေခြင်းသာ ဖြစ်ကြောင်း သဘောပေါက်သည်။ ထို့ကြောင့် စုချန်းအပေါ် စိတ်ရှည်ရှည်ထားကာ ဆက်လက်စောင့်ဆိုင်းနေ၏။
စန်းကျင်းက စိတ်ရှည်သော်လည်း နောက်ဆုံးတွင် ရှင်သန်ခြင်းကျောင်းတော်က စိတ်မရှည်နိုင်တော့။ ထိုအခါ စန်းကျင်းအား တာဝန်မှ ရပ်စဲပြီး သူ့နေရာတွင် မာရန်းချီကို တာဝန်ပေးလိုက်၍ ယခုကဲ့သို့ စုချန်းနှင့် မာရန်းချီ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရမည့် အခြေအနေသို့ ဆိုက်ရောက်လာခြင်း ဖြစ်သည်။
ဤယနေ့ မာရန်းချီ၏ အမူအရာမှာ စုချန်းကို သတိပေးလိုဟန် ရှိနေသည်တကား။