← Chapters

သဘောတူပြီ

Vol. 24 Ch. 236

သဘောတူပြီ

Vol. 24 Ch. 236

ရှီကိုင်းဟွမ် ပြောသည့်အထဲတွင် တခုတော့မှန်၏။ ၎င်းမှာ စုချန်းသည် သူနှင့် ရှင်သန်ခြင်းကျောင်းတော်အကြား ပတ်သက်ဆက်နွယ်မှုကို တတ်နိုင်သမျှ လျှော့ချလိုနေခြင်းပင်။

ထိုစိတ်ကူးသည် ယွဲ့လောင်ရှနှင့် တွေ့ဆုံပြီး သိပ်မကြာမီ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယွဲ့ဝူချိအား လုပ်ကြံသတ်ဖြတ်ခဲ့သော ဖြစ်ရပ်ကြောင့် ရှင်သန်ခြင်းကျောင်းတော်သည် မည်သည့်အဖွဲ့အစည်းမျိူ းဖြစ်ကြောင်း စုချန်းကို သတိပေးလိုက်သလို ရှိသွားသည်။ အနှီအဖွဲ့အစည်းနှင့် ရှေ့ဆက် ပူးပေါင်းလိုစိတ်များကိုလည်း ကင်းမဲ့သွားစေ၏။

သို့သော် သူနှင့် ရှင်သန်ခြင်းကျောင်းတော်အကြား ပတ်သက်မှုက ခိုင်မြဲလှသည်။ ရှင်သန်ခြင်းကျောင်းတော်သည် သူ့အပေါ် များစွာ ရင်းနှီးမြှုပ်နှံထားခဲ့၏။ ဤအခြေအနေတွင် ၎င်းတို့နှင့် ဆက်ဆံရေးကို ရုတ်တရက် ဖြတ်တောက်လိုက်ပါက စုချန်းအဖို့ ကိုယ့်ဒုက္ခကိုယ်ဖိတ်ခေါ်သလို ဖြစ်နေပေလိမ့်မည်။

သို့သော် မာရန်းချီ ရုတ်တရက်ပေါ်လာပြီး သူ့အပေါ် အတင်းအကျပ် ဖိအားပေးခဲ့ခြင်းက စုချန်း၏ စိတ်မကျေနပ်မှုကို ဖောက်ခွဲပစ်လိုက်သလို ဖြစ်သွားပြီ။ ထိုအချိန်မှစ၍ စုချန်းအဖို့ ကိုယ့်စိတ်ကို ပြတ်သားစွာ ဆုံးဖြတ်သွားပြီးလေပြီ။

သူ ဘာကိုမှ ကြောက်မနေတော့။

အဘယ်ကြောင့် မကြောက်တော့သနည်း။ အမေးရှိက အဖြေရှိရပေမည်။ လွန်ခဲ့သော နှစ်များအတွင်း စုချန်းနှင့် ရှင်သန်ခြင်းကျောင်းတော်သည် အတော်လေးရင်းနှီးခဲ့သည်ဟု ဆိုနိုင်သော်လည်း ရှင်သန်ခြင်းကျောင်းတော်ကသာ စုချန်း လိုအပ်သမျှ ဖြည့်ဆည်းပေခဲ့ရသည်။ စုချန်းက ရှင်သန်ခြင်းကျောင်းတော်အတွက် အလုပ်လုပ်ပေးခဲ့ရသည်က မရှိသလောက်ပင်။

ထိုသဘောတရားနှစ်မျိူ းမှာ မျာစွာ ကွဲပြားခြားနားနေ၏။

စုချန်းသည် အကြမ်းဖက်အဖွဲ့အစည်းတခု၏ ထောက်ပံ့ငွေကို လက်ခံယူခြင်းအားဖြင့် ဒုစရိုက်မှုကို ကျူ းလွန်ခဲ့သည်မှာ မှန်သော်လည်း သေဒဏ်ကျခံရတော့ မထိုက်ချေ။ သူ့ပြစ်မှုကို သူ့လုပ်ရပ်အပေါ်တွင်သာ မူတည်၍ ဆုံးဖြတ်သင့်သည် မဟုတ်ပါလော။

ဤသို့ဆိုလျင် ရှင်သန်ခြင်းကျောင်းတော်အတွက် စုချန်း ဘာတွေ လုပ်ပေးခဲ့သနည်း။

ဤနှစ်များအတွင်း ရှင်သန်ခြင်းကျောင်းတော်အတွက် စုချန်း လုပ်ပေးခဲ့သည်မှာ တခုတည်းသာ။ ၎င်းမှာ ကြိုတင်သဘောတူညီချက်အတိုင်း ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်အတွင်း ဝင်ရောက်ပြီး အထဲတွင် ရှိနေသည့် ပစ္စည်းများကို ယူပေးခဲ့ခြင်း ဖြစ်သည်။ သို့တိုင်အောင် အလောင်းကောင်ဝိညာဉ်ပန်းများသည် ယခုတိုင် စုချန်း၏ လက်ဝယ်တွင်သာ ရှိနေသေး၏။

တဖန် သူ့အနေနှင့် ရှင်သန်ခြင်းကျောင်းတော်၏ အကျိူ းအတွက် ဘာအလုပ်မှ မလုပ်ပေးခဲ့ကြောင်း၊ ၎င်းတို့ကို သူ့ကိုယ်ကျိူ းအတွက် အသုံးချခဲ့ခြင်းသာ ဖြစ်ကြောင်း ငြင်းပယ်လိုက ငြင်းပယ်နိုင်သေးသည်။ တနည်းအားဖြင့် စုချန်း၏ လုပ်ရပ်သည် ဥပဒေကို ဖောက်ဖျက်သည့် လုပ်ရပ်မျိူ းမဟုတ်ကြောင်း ငြင်းဆိုခွင့်ရှိနေလေသည်။

ထို့ကြောင့် သူနှင့် ရှင်သန်ခြင်းကျောင်းတော်အကြား ပတ်သက်ဆက်နွယ်မှုကို တခြားလူများ ရှာဖွေတွေ့ရှိသွားမည်ကို စုချန်း အနည်းငယ်မျ ကြောက်ရွံ့ခြင်းမရှိ။ ထို့ကြောင့် ဤကနေ့တွင် မာရန်းချီကို သူ ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး သူနှင့် ရှင်သန်ခြင်းကျောင်းတော်အကြား ဆက်နွယ်မှုကို ဆရာများရှေ့တွင် တစွန်းတစ ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။

ရှင်သန်ခြင်းကျောင်းတော်နှင့် သူ့အကြား ပတ်သက်ဆက်နွယ်မှု ပေါ်ပေါက်သွားသည့်တိုင် ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်ခဲ့ခြင်းမရှိ၍ စုချန်းအဖို့ အဆိုးဆုံးကြုံတွေ့ရမည်မှာ သင့်တော်သော ပြစ်ဒဏ်မျှလောက်သာ ဖြစ်သည်။ သို့သော် အလောင်းကောင်ဝိညာဉ်ပန်းများအားလုံးကို လက်လွတ်ဆုံးရှုံးလိုက်ရမည်ဖြစ်သောကြောင့် ရှင်သန်ခြင်းကျောင်းတော်အဖို့ကား စုချန်းကို ရာသက်ပန်ရန်သူဟူ၍ သတ်မှတ်လိုက်ပေလိမ့်မည်။

အလယ်အလတ်ရလဒ်အနေနှင့် ဖြစ်နိုင်သည်မှာ စုံစမ်းစစ်ဆေးမှုပြီးနောက် စုချန်းနှင့် ရှင်သန်ခြင်းကျောင်းတော်အကြား ပတ်သက်ဆက်နွယ်မှုသာ ပေါ်ပေါက်သွားပြီး ဝိညာဉ်မြှုု ပ်နှံခြင်းဆိုင်ရာ တံခါးပေါက်နှင့် ပတ်သက်သည့်ကိစ္စကို မည်သူမှ သတိမထားလိုက်မိသည်မျိူ းလည်း ဖြစ်သွားနိုင်သည်။ ဤသို့ဆိုလျင် စုချန်းအဖို့ အဆိုးဆုံး နှုတ်ဖြင့်ပြောဆိုဆုံးမရုံလောက်နှင့် ပြီးသွားနိုင်၏။ သို့သော် ထိုအခြေအနေကြောင့် ရှင်သန်ခြင်းကျောင်းတော်အဖို့ စုချန်းနှင့်ဆက်သွယ်ရန် အလွန်ခက်သွားပေလိမ့်မည်။ စုချန်းအနေနှင့်လည်း ရှင်သန်ခြင်းကျောင်းတော်အပေါ် အလောင်းကောင်ဝိညာဉ်ပန်းများ အကြွေးတင်နေပေလိမ့်မည်။

တဖန် စုံစမ်းစစ်ဆေးမှုက မည်သည့်ပတ်သက်ဆက်နွယ်မှုကိုမှ သက်သေမပြနိုင်သည်မျိူ းလည်း ဖြစ်သွားနိုင်၏။ ဤရလဒ်ကတော့ အကောင်းဆုံးဖြစ်သည်။ သို့သော် ကောင်းလွန်းအားကြီး၍ မဖြစ်နိုင်ဟု စုချန်းက ယူဆထားလေသည်။

နောက်ဆုံးတွင်တော့ မည်သည့်စုံစမ်းစစ်ဆေးမှုမှ ပေါ်ပေါက်မလာခဲ့။ စုံစမ်းစစ်ဆေးမှု မရှိရုံမက ဟေစီးဟုန်နှင့် ရှင်သန်ခြင်းကျောင်းတော်အကြား ပတ်သက်ဆက်နွယ်မှုကို ဖော်ထုတ်နိုင်ခဲ့သည့်အတွက် ဆုကြေးငွေအဖြစ် ထောက်ပံ့ကြေးအမှတ် ၃၀၀ကိုပင် စုချန်း လက်ခံရရှိခဲ့သေးသည်။

၎င်းမှာ ရှီကိုင်းဟွမ်၏ ကျေးဇူးကြောင့်သာဖြစ်ကြောင်း စုချန်းက သိရှိထားပြီးဖြစ်သည်။

သူ့ဆရာသည် သာမာန်အချိန်များတွင် စုချန်းအပေါ် မှန်တန်းသာ ဆက်ဆံတတ်သော်လည်း သေရေးရှင်ရေးကိစ္စများတွင် ဘယ်သောအခါမှ ပစ်မထားကြောင်း စုချန်း နားလည်လိုက်၏။

မည်သို့ဆိုစေ အခြေအနေက ပြောင်းလဲသွားသည့်အတွက် စုချန်း ထိုနေ့က ဖြတ်တောက်ခဲ့သည့် ရှင်သန်ခြင်းကျောင်းတော်နှင့် ဆက်နွယ်မှုကို ခေတ္တဆိုင်းငံ့ထားရန် လိုအပ်လာပြန်၏။

__________×××___________×××___________

ညရောက်ခဲ့ပေပြီ။ စုချန်းသည် ရုပ်ဖျက်ဆေးနှင့် ကိုယ့်ကိုယ်ကို ရုပ်ဖျက်လိုက်သည်။ ထို့နောက် အဝါရောင်ကျောင်းသားတဦးပမာ ဝတ်ဆင်လိုက်၏။

ရှီကိုင်းဟွမ်သည် ခါတိုင်းကဲ့သို့ပင် မူလစွမ်းအင်အဆောင်လက်ဖွဲ့ပုံစံကွက်ကြီး၏ အောက်တွင်ထိုင်ရင်း နက်နက်နဲနဲ စဉ်းစားလျက်ရှိသည်။ ယခုဆိုလျင် သူတို့သည် သွေးဗီဇမပါပဲ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့် နည်းလမ်းကို ရှာဖွေနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် အဖိုးအိုကား စိတ်ကျေနပ်သေးပုံမရ။ သွေးဗီဇမပါပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့် နည်းလမ်းကို ဆက်လက်ရှာဖွေလျက်ရှိလေသည်။

စုချန်း၏ ပုံစံကို မြင်သောအခါ ရှီကိုင်းဟွမ်က မေးလိုက်သည်။

"တယောက်ယောက်နဲ့ သွားတွေ့မလို့လား"

စုချန်းက

"ဟုတ်ပါတယ်ဆရာ"

ရှီကိုင်းဟွမ် သက်ပြင်းချလိုက်၏။

"ကိုယ့်ဟာကိုယ် ဘာလုပ်နေမှန်းတော့ မင်း သိပါတယ်နော်"

"ကျေးဇူးပြု ပြီး တပည့်ကို ယုံကြည်ပေးပါ ဆရာ တပည့်ဟာ လူသားမျိူ းနွယ်ကို သစ္စာဖောက်တဲ့အလုပ်မျိူ း ဘယ်တော့မှမလုပ်ပါဘူးခင်ဗျာ"

ရှီကိုင်းဟွမ်က ခေါင်းညိတ်ပြလိုက်ပြီး ယခင်အတိုင်း ပြန်လည်တိတ်ဆိတ်သွားပြန်၏။ စုချန်းသည် မူလစွမ်းအင်မျှော်စင်မှထွက်ပြီး ကျောင်းထွက်ပေါက်ဆီသို့ ဦးတည်လျှောက်လာခဲ့လေသည်။ နဂါးကျောင်းတော်မှ ထွက်ခွာခဲ့ပြီး စုချန်းသည် လမ်းသွယ်လေးတခု၏ ရှေ့သို့ ရောက်ရှိလာသည်။ လမ်းကို ထောင့်ဖြတ်လျှောက်လိုက်ပြီး ရှေ့တည့်တည့်ရှိ တံခါးပေါက်အတွင်းသို့ စုချန်း လှမ်းဝင်လိုက်သည်။

ခြံဝင်းအတွင်းဝယ် အကြီးအကဲစန်းတယောက် ထိုင်လျက်သားရှိသည်။ စုချန်းကို မြင်သည်နှင့် အကြီးအကဲစန်းက သက်ပြင်းချရင်း ပြောလိုက်သည်။

"တော်သေးတာပေါ့ကွာ အခြေအနေက ဒီထက် ဆိုးဆိုးဝါးဝါး ဖြစ်မသွားတာ... နဂါးကျောင်းတော်က မင်းကို ဘာလုပ်သေးလဲ"

"ခုတော့ ဘာမှမလုပ်သေးဘူး ဒါပေမဲ့ နောက်နောင်ကျရင်တော့ ဘာတွေဖြစ်လာမလဲမသိဘူး ခင်ဗျားတို့လူ မာရန်းချီဟာ ပြောရဆိုရ တော်တော်ခက်တဲ့လူပဲဗျ"

"မင်းကောဘာထူးသလဲ ပြောရဆိုရ လက်ပေါက်ကပ်ပြီး တဖြည်းဖြည်း ရန်လိုလာသလိုပဲ"

အကြီးအကဲစန်းက ခါးသီးသောလေသံနှင့် ရယ်မောရင်း ပြောလိုက်သည်။

"သူပြောသမျှ ခေါင်းငုံ့ခံနေရင် မာရန်းချီက ကျူ ပ်ကို သူတွန်းအားပေးသမျှ လိုက်လုပ်မဲ့သူလို့ ယူဆသွားလိမ့်မယ် နောင်ဆက်ဆံရတဲ့အခါ ကျူ ပ် ဘယ်လိုလူစားမျိူ းလည်းဆိုတာ သူ သိထားဖို့လိုတယ်ဗျ"

"မင်းပြောတာမှန်ပါတယ် ဒါပေမဲ့ မာရန်းချီရဲ့ အကျင့်ကို ကျူ ပ်သိထားသလောက် မင်းဒီလိုလုပ်လိုက်လို့ သူကြောက်သွားမှ မဟုတ်ဘူး မကြောက်တဲ့အပြင် ပိုတောင်မုန်းသွားအုံးမယ်"

စုချန်းက အေးစက်သောလေသံနှင့် ရယ်မောလိုက်သည်။

"ဒါပိုပြီး စိတ်ဝင်စားဖို့မကောင်းဘူးလား ကြည့်ရတာ ကျူ ပ်တို့နှစ်ယောက်ကြား ရန်ညိုးက ပိုပြီးကြီးမားလာပြီထင်တယ် ဒါပေမဲ့ ကျူ ပ်ဂရုမစိုက်ပါဘူး သူက တိုက်မယ်ဆိုတော့လည်း တိုက်ရုံပေါ့ အနည်းဆုံးတော့ ကျူ ပ်ဘက်မှာ ခင်ဗျားတို့ရှိနေမှတော့ ဘာစိတ်ပူနေစရာလိုသလဲ မဟုတ်ဘူးလား နောက်ဆုံး သူသတ်လို့ ကျူ ပ်သေသွားမယ်ဆိုရင်တောင် ဝိညာဉ်တည်ငြိမ်ခြင်းဆေးဟာ ကျူ ပ်နဲ့အတူ ပျောက်ကွယ်သွားမှာပဲဗျ"

"ဘာလို့ ဒီလိုတွေပြောနေတာတုန်း ရှင်သန်ခြင်းကျောင်းတော်က မင်းကို ဒီလိုမဆက်ဆံဘူးဆိုတာ ယုံစမ်းပါ ဘာဖြစ်ဖြစ် ဝိညာဉ်တည်ငြိမ်ခြင်းဆေးကိုသာ မြန်မြန်ဖော်စမ်းပါကွာ"

"ခင်ဗျားတို့ ဝိညာဉ်တည်ငြိမ်ခြင်းဆေးကို လိုချင်တယ်ဆိုရင် မာရန်းချီကို ထွက်သွားခိုင်းလိုက်ပါ ကျူ ပ် ခင်ဗျားနဲ့ပဲ အလုပ်လုပ်မယ်"

အကြီးအကဲစန်းက ခေါင်းခါလိုက်သည်။

"စိတ်မကောင်းပါဘူးကွာ ကျူ ပ်မှာ ဒီလိုဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာ မရှိဘူး ကျူ ပ်ကို နယ်ပြောင်းလိုက်ပြီး တောင်သုံးလုံးနယ်မြေကို ပြန်ရတော့မယ် ညတစ္ဆေတို့လည်း ကျူ ပ်နဲ့အတူ ပြန်လိုက်ရလိမ့်မယ်"

"ဘာကြောင့်ဒီလိုဖြစ်ရတာလဲ"

စုချန်း နားမလည်နိုင်ပဲ ဖြစ်နေ၏။ အကြီးအကဲစန်းက ရှင်းပြလိုက်သည်။

"ကြီးမားတဲ့ အဖွဲ့အစည်းတိုင်းဟာ မူဝါဒတခုတည်းအပေါ် လက်ကိုင်ထားကြတာမဟုတ်ဘူးဆိုတာ မင်းသိထားသင့်တယ် တခါတလေ အရှေ့လေက အနောက်ကို တိုက်တယ် တခါတလေ အနောက်လေက အရှေ့ဘက်ကို ပြန်တိုက်တတ်တယ် "

အကြီးအကဲစန်း၏ ဆိုလိုရင်းကို စုချန်း ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။

"ဒီတော့ ခင်ဗျားဆိုလိုတာ ဖိအားပေးမဲ့အုပ်စုက စေ့စပ်ညှိုနှိုင်းမဲ့အုပ်စုကို အသာရသွားပြီပေါ့ ဟုတ်လား"

အကြီးအကဲစန်းက ခေါင်းညိတ်လိုက်သည်။

"တချိူ့လူတွေက စေ့စပ်ညှိုနှိုင်းနေတာထက် ဖိအားပေးခြင်း၊ သတ်ဖြတ်ခြင်းကမှ ရှင်သန်ခြင်းကျောင်းတော်ရဲ့ပုံစံလို့ ယူဆနေကြတယ်"

"ဒီလိုဆိုတော့ ကျူ ပ်ဖက်ကလည်း ပြောစရာရှိလာပြီ သူတို့ဘယ်လိုတွေးတွေး ကျူ ပ်ရဲ့ဆုံးဖြတ်ချက်ကိုတော့ မပြောင်းလဲနိုင်ဘူးဗျ"

"မာရန်းချီက ကျူ ပ်ကို ပြောလိုက်တယ် ဒီတကြိမ် မင်းနိုင်သွားပေမဲ့ ဘာမှပြောင်းလဲသွားမှမဟုတ်ဘူးတဲ့ မင်းအသက်ရှင်နေသမျှ ၊ ရှင်သန်ခြင်းကျောင်းတော်နဲ့ ပတ်သက်မှု မပေါ်ပေါက်သေးသမျှ ဝိညာဉ်တည်ငြိမ်ခြင်းဆေးကို ဖော်စပ်ပေးနေရမှာပဲတဲ့"

"ဘာမှ ညှိုနှိုင်းလို့မရတော့ဘူးဆိုတဲ့ သဘောလား"

"ကျူ ပ်တို့လုပ်နိုင်တာ ဘာမှမရှိတော့ဘူးကွ ရှင်သန်ခြင်းကျောင်းတော်ဟာ တခြားအဖွဲ့တဖွဲ့နဲ့ တိုက်ပွဲဖြစ်နေတယ် ဒါကြောင့် ဆေးတွေအများကြီးလိုအပ်နေတယ် ဝိညာဉ်တည်ငြိမ်ခြင်းဆေးဟာ ကျူ ပ်တို့ရဲ့အင်အားကို ကြီးမားလာစေရုံသာမကဘူး ပြိုင်ဘက်ရဲ့ ဝိညာဉ်တိုက်ခိုက်မှုတွေကိုပါ ဖိနှိပ်ပေးနိုင်တယ် ဒါကြောင့် မာရန်းချီက ဆေးဖော်ဖို့ မင်းကို လောနေရတာပဲ"

ဒီတော့ ဆုံးဖြတ်ချက်၏ နောက်ကွယ်တွင် အရေးကြီးသော အကြောင်းပြချက်တရပ် ရှိနေသည်ပေါ့။

စုချန်းက ခေတ္တစဉ်းစားဟန်ပြု ပြီး ပြောလိုက်သည်။

"ကောင်းပြီ ခင်ဗျားတို့အတွက် လိုနေတဲ့ဆေးကို ကျူ ပ်ဖော်ပေးမယ် ဒါပေမဲ့ ကျူ ပ်ရဲ့အဆက်အသွယ်အဖြစ် ညတစ္ဆေကို ထားချင်တယ် လက်ရှိအခြေအနေကို ပိုပြီး ဆိုးမသွားစေချင်ရင် မာရန်းချီအနေနဲ့ ဒီတချက်ကိုတော့ သဘောတူနိုင်မယ်ထင်တယ်"

အကြီးအကဲစန်း၏ မျက်လုံးများသည် အရောင်ဝင်းလက်သွား၏။ ထို့နောက် သူက ခေါင်းညိတ်ရင်း မေးလိုက်သည်။

"ဆေး ဘယ်လောက်များများ မင်းဖော်ပေးနိုင်မလဲ"

"ခင်ဗျားတို့ရဲ့ အရေးပေါ်အခြေအနေကို ဖြေရှင်းနိုင်ဖို့ ကျူ ပ် အတတ်နိုင်ဆုံး လုပ်ပေးမယ် အနည်းဆုံး ဆေးပုလင်း ၁၀၀တော့ရမှာပေါ့ ဒါပေမဲ့ ဒီကြားထဲ ခင်ဗျားကလည်း ကျူ ပ်ကို အတတ်နိုင်ဆုံး အထောက်အကူပေးဖို့လိုတယ် ဒီဆေးတွေ ဆုံးရှုံးသွားလို့ မဖြစ်ဘူးဗျ"

"ကောင်းပြီ ပြန်ရောက်တာနဲ့ ကျူ ပ် သူတို့ကို ချက်ချင်းသတင်းပို့လိုက်မယ်"

ပြောစရာကုန်သွားပြီဖြစ်၍ စုချန်း ထိုနေရာမှ လှည့်ပြန်လာခဲ့လေသည်။

All Chapters