ဇုချန်းညှို
Vol. 24 Ch. 237
စုချန်းအတွက် အတော်လေး အလုပ်များသည့် ရက်သတ္တပါတ်ဖြစ်သည်။
နှစ်ရက်အကြာ ဇုချန်းက စုချန်းအား ထပ်မံလာရှာပြန်၏။ လာတော့လည်း ဆရာသမားက တယောက်တည်းမဟုတ်။ နောက်ထပ် လူပိုတယောက် ပါလာသေးသည်။
ပို၍ ထူးခြားနေသည်က ဇုချန်းနှင့်အတူ ပါလာသည့်လူက ယောကျာ်းလေးမဟုတ်။ မိန်းမပျိူ တယောက် ဖြစ်နေ၏။
မိန်းမပျိူ မှ သာမာန် မိန်းမပျိူ မဟုတ်။ အလွန် လှပသည့် မိန်းမပျိူ ။
ခရီးရောက်မဆိုက်မှာပင် ဇုချန်းက စုချန်းကိုကြည့်ရင်း မေးလိုက်သည်။
"သခင်လေးစု ကျူ ပ်ပြောခဲ့တာကို ဘယ်လိုသဘောရသလဲ"
ထိုအခါ စုချန်းက ဇုချန်းဘေးနားရှိ မိန်းမပျိူ ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
"တကယ်လို့ မစဉ်းစားရသေးဘူးဆိုရင် ခင်ဗျား ဘေးနားက မိန်းကလေးက ကျူ ပ်ကို ထိန်းချူ ပ်ပြီး ကြော်ငြာကို ဖြု တ်ချပေးဖို့ ပြောမလို့လား"
စုချန်း၏ စကားကြောင့် ဇုချန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွား၏။ သူ့မျက်နှာတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းလာလေသည်။ ထိုအခိုက်မှာပင် ဇုချန်း ဘေးနားရှိ မိန်းမပျိူ က ရယ်မောရင်း ဝင်ပြောလိုက်သည်။
"သခင်လေးစုက ရယ်စရာတွေ သိပ်ပြီးပြောတတ်တာကိုး ကျွန်မတို့က နဂါးကျောင်းတော်ထဲ ရောက်နေတာလေ ဒီလိုလုပ်ရပ်မျိူ းတွေ ဘယ်လုပ်ရဲပါ့မလဲ ပြီးတော့ ကျွန်မတို့ ဇုမျိူ းနွယ်ဟာ လူတိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားချင်တယ် တချိူ့ကိစ္စတွေမှာ အပေးအယူလုပ်လို့ရသားနဲ့ ဘာကြောင့် အတင်းအကျပ် လုပ်နေမှာလဲရှင့်"
မိန်းမပျိူ ၏ စကားကြောင့် စုချန်း ပြုံးလိုက်သည်။
"အဲဒီလိုလား ကျူ ပ်တော့ စိတ်သက်သာရသွားပြီဗျိူ့ အဲဒီလိုဆိုရင် ခင်ဗျားတို့ လာရာလမ်းအတိုင်း ပြန်လှည့်ကြပေတော့ ဒီကိစ္စမျိူ းက အချိန်သုံးရက်လောက်နဲ့ စဉ်းစားလို့မရဘူးဗျ နောက်ထပ် အချိန်သုံးရက် ထပ်တိုးပေးပါ"
"စုချန်း မင်း ကျူ ပ်တို့ကို အရူးလုပ်ဖို့ မကြိုးစား....."
ဇုချန်းက ဒေါသတကြီးနှင့် ကြိမ်းမောင်းရန် ဟန်ပြင်လိုက်သည်။ သို့သော် မိန်းမပျိူ က ဝင်ရောက်တားမြစ်လိုက်၏။
"သခင်လေးစု ရှင့်ကိုတွေ့ဖို့ ကျွန်မတို့ဟာ အဝေးကြီးက လာရတာ ဘာလို့ ဒီလို ငြင်းပယ်နေရတာလဲ ဇုမျိူ းနွယ်စုရဲ့ အနေအထားဟာ သိပ်မကောင်းဘူးလို့ ယူဆရင်တောင် နည်းနည်းပါးပါး ဆွေးနွေးကြည့်ပါအုံးလား ဒါမှမဟုတ် ရှင့်အတွက် ကျွန်မတို့ ပြင်ဆင်ထားတဲ့သူနဲ့ နည်းနည်းပါးပါး တွေ့ကြည့်ပါအုံးလား"
ငါ့အတွက် လူတယောက် စီစဉ်ထားတယ်ဆိုပါကလား...
စုချန်း အံ့သြသွား၏။
ထိုအခိုက်မှာပင် မိန်းမပျိူ က လက်ခုပ်တချက်တီးလိုက်ရာ တောအုပ်အတွင်းမှ နောက်ထပ် မိန်းမပျိူ တယောက် ထွက်လာ၏။ သူမသည် အသက် ၁၆နှစ်အရွယ်ခန့်ရှိပြီး ရှည်လျားသော အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ မျက်နှာတွင်တော့ ဇာပဝါတထည်ကို လွှမ်းခြုံထား၏။ သူမသည် ရှေ့ကို တလှမ်းချင်းလျှောက်လာ၏။ သူမ၏ လှုပ်ရှားမှုတိုင်းမှာ ဆွဲဆောင်အားကောင်းလှသည်။
သူမသည် စုချန်း၏ ရှေ့သို့ရောက်သည်နှင့် လေးစားစွာ ဦးညွတ်လိုက်သည်။ သူမ၏ အသံမှာ အလွန်ကြည်လင်ပြီး စိတ်ဝိညာဉ်ကို လှုံ့ဆော်နေသလိုရှိ၏။
"ကျွန်မ ဇုချန်းညှို သခင်လေးစုကို နှုတ်ခွန်းဆက်သပါတယ်ရှင်"
ထို့နောက် သူမက ဇာပဝါကို ဖြေးညှင်းစွာ လှန်လိုက်ရာ ရွှန်းရွှန်းစိုနေသော အသားအရေနှင့် အလွန်လှပသော မျက်နှာတခု ပေါ်ပေါက်လာ၏။ သူမ၏ မျက်လုံးများသည် ပြုံးယောင်သန်းနေပြီး စုချန်း၏ နှလုံးသားကို ကတုန်ကယင်ဖြစ်အောင် ပြုစားနေသလိုရှိသည်။
စုချန်းသည် သူမကို မျက်လုံးကြီးပြူ းကာ စိုက်ကြည့်လျက်ရှိသည်။ သူ့စိတ်အာရုံတခုလုံးမှာလည်း ဟာလာဟင်းလင်း ဖြစ်လျက်ရှိသည်။
၎င်းကို မြင်တွေ့သောအခါ ပထမမိန်းမပျိူ က ရယ်မောရင်း ပြောလိုက်သည်။
"ကြည့်ရတာ သခင်လေးစုဟာ ကျွန်မတို့ရဲ့ ချန်းညှိုကို စိတ်ဝင်စားနေပုံပေါ်တယ် ဒီတော့ ဘာကြောင့် လမ်းလေးဘာလေးလျှောက်ပြီး အချင်းချင်း စကားစမြည် မပြောကြသေးတာလဲ"
ထိုအခါ ဇုချန်းညှိုက စုချန်းဆီသို့ နှေးကွေးစွာ လျှောက်လာပြီး သူမ၏ နူးညံ့သော လက်ကလေးနှင့် စုချန်းကို ဆွဲယူကာ နီးစပ်ရာ အခန်းတခုထဲသို့ ဆွဲခေါ်သွားလေသည်။
စုချန်းသည် ကယောင်ကတန်းနှင့် သူမနောက်သို့ လိုက်ပါသွားမိ၏။ အခန်းတွင်းသို့ ရောက်သည်နှင့် ဇုချန်းညှိုသည် စုချန်းသည် အိပ်ယာဆီသို့ ခေါ်ဆောင်သွားပြီး အိပ်ယာပေါ်တွင် သက်တောင့်သက်သာ လဲလျောင်းနေစေရန် ပြုပြင်ပေးပြန်၏။ ထို့နောက် သူမက စုချန်း၏ နားရွက်အနီး တိုးကပ်ကာ ငြင်သာသော လေသံနှင့် ပြောလိုက်သည်။
"သခင်လေးစု ကျွန်မကို နှစ်သက်တယ်မလား ဒီလိုဆိုရင် ဘာကြောင့် ဇုမျိူ းနွယ်စုရဲ့ ကမ်းလှမ်းချက်ကို သဘောမတူသေးတာလဲ အိပ်မက်ရဲတိုက်က ကြော်ငြာကို ဖြုတ်ချလိုက်တာနဲ့ ကျွန်မတို့ တသက်လုံး အတူနေနိုင်တော့မှာပဲလေ သွားပါ အိပ်မက်ရဲတိုက်က ကြော်ငြာကို ဖြု တ်ချလိုက်ပါ..."
ဇုချန်းညှိုသည် ထိုစကားလုံးများကို ထပ်ခါထပ်ခါနှင့် ရေရွတ်နေ၏။ သူမကြည့်နေစဉ်မှာပင် စုချန်းသည် တဖြည်းဖြည်း အိပ်ပျော်သွားလေသည်။ သူမ၏ မျက်နှာပေါ်တွင်တော့ အလင်းရောင်တမျိူ း တောက်ပနေ၏။
ထိုအချိန်မှာပင် အသံတသံ ထွက်ပေါ်လာ၏။
"ဒီတော့ ကျူ ပ်ကို ထိန်းချူ ပ်မဲ့နည်းလမ်းက ဒါပဲပေါ့ ကျူ ပ်ဖြင့် မျက်လုံးတောင် ပိုကျယ်လာသလိုပဲ"
စုချန်း၏ အသံပင် ဖြစ်သည်။
"ရှင် ဘာမှမဖြစ်ဘူးလား"
ဇုချန်းညှို၏ နှလုံးသားသည် ဖြတ်ခနဲ တုန်လှုပ်သွား၏။ ထိုအချိန်မှာပင် ပြင်းထန်သော စွမ်းအင်လှိုင်းတခုက သူမစိတ်အာရုံအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာ၏။ ထိုစွမ်းအင်လှိုင်းကြောင့် သူမ မူးဝေသွားပြီး ကျယ်လောင်စွာ အော်ဟစ်မိတော့သည်။
ထိုအခါ စုချန်းသည် အိပ်ယာမှ ဖြတ်ခနဲ ထထိုင်ပြီး ဇုချန်းညှို၏ လက်ကို ဖမ်းဆွဲကာ နောက်သို့ဆုတ်လိုက်၏။
အခန်းပြင်တွင် ရှိနေသည့် ဇုချန်းနှင့် လှပသော မိန်းမပျိူ သည် ထိုအော်သံကို ကောင်းစွာကြားလိုက်ရသည်။ သူတို့နှစ်ယောက်သည် အော်သံထွက်ပေါ်လာသည်နှင့် အခန်းတွင်းသို့လျင်မြန်စွာ ပြေးဝင်လာကြ၏။ ထိုအခါ စုချန်းက ဇုချန်းညှို၏ လည်မျိူ ကို ညှစ်ထားကြောင်း သူတို့ ထိတ်လန့်စဖွယ် မြင်တွေ့လိုက်ရသည်။
စုချန်းက ပြောလိုက်၏။
"ဒီမိန်းကလေးကို မသေစေချင်ဘူးဆိုရင် မင်းတို့ ငြိမ်ငြိမ်နေကြ"
"စုချန်း မင်း တော်တော် သတ္တိကောင်းနေပါလား"
ဇုချန်းက ဒေါသတကြီးနှင့် အော်ငေါက်လိုက်သည်။
"ဘာလုပ်လုပ် ကျူ ပ်က နဂါးကျောင်းတော်ထဲမှာရောက်နေတာ သတ္တိ အများကြီး ကောင်းနေစရာ မလိုဘူး ခင်ဗျားတို့ကော ဘယ်လိုလဲ"
စုချန်းက အေးစက်သော လေသံနှင့် ပြောလိုက်၏။
နဂါးကျောင်းတော်၏ ပရဝုဏ်အတွင်းမှာပင် သူ့ကို အကောက်ကြံရန် ကြိုးစားဝံ့သော ဇုမျိူ းနွယ်စု၏ လုပ်ရပ်ကို စုချန်း အံ့သြသင့်နေသည်ကတော့ အမှန်ပင်။ သို့သော် ဇုမျိူ းနွယ်အနေနှင့် ထိုကဲ့သို့ လုပ်ရဲခြင်းမှာ သူတို့၏ အင်အားက နဂါးကျောင်းတော်ကို ယှဉ်ပြိုင်နိုင်၍ မဟုတ်ပေ။ သူတိုအသုံးပြုသော ဝိညာဉ်တိုက်ခိုက်မှုမှာ နူးညံ့သိမ်မွေ့လွန်း၍ နဂါးကျောင်းတော်မှ ဆရာများပင် သတိပြုမိရန်ခက်မည်ကို ကောင်းကောင်းကြီး သဘောပေါက်နေသောကြောင့်ပင်။
ပို၍ထူးခြားသည်မှာ စုချန်းကို တိုက်ခိုက်သူသည် ဇုချန်းမဟုတ်သလို လှပသော မိန်းကလေးလည်း မဟုတ်ပေ။ စုချန်းထက်ပင် ငယ်ရွယ်မည့်ပုံစံ ပေါက်နေသော မိန်းမပျိူ လေး ဖြစ်နေ၏။ ဇုမျိူ းနွယ်စု၏ ဤတကွက်ကတော့ ရဲတင်းသလောက် ပြတ်သားလှချေသည်တကား။ စုချန်းသာ ကြိုတင်ပြင်ဆင်မှုမရှိလျင် ဤတကွက်တည်းနှင့် ကားခနဲ ဖြစ်သွားပေလိမ့်မည်။
ကြိုတင်ပြင်ဆင်မှုလုပ်ထားသည့်တိုင် အစောပိုင်းတွင် စုချန်း ဖမ်းစားခံလိုက်ရသေး၏။ နတ်ဆိုးဧကရာဇ်များ၏ သွေးဗီဇသည် အလွန်တရာ အင်အားကြီးမားလှပေ၏။ ဇုမျိူ းနွယ်၏ လှည့်ဖျားနှလုံးသားနည်းစနစ်ကို ချင်းလင်အာ၏ ညှို့ငင်လိပ်ပြာနည်းစနစ်နှင့် နှိုင်းယှဉ်လိုက်လျင် ချင်းလင်အာ၏ နည်းစနစ်က သိသိသာသာပင် နိမ့်ကျနေကြောင်း မြင်သာနေခဲ့လေပြီ။
မြင်ကွင်းကိုကြည့်ရင်း လှပသောမိန်းမပျိူ က အံ့သြတုန်လှုပ်စွာ ပြောလိုက်သည်။
"ရှင်ဘယ်လိုဖြစ်လို့ ဒီလောက် မြန်မြန်ဆန်ဆန် နိုးလာတာလဲ"
စုချန်းက ဇုချန်းညှို၏ ချောမွတ်သောလည်တိုင်လေးကို ခပ်ကြမ်းကြမ်း ဖြစ်ညှစ်ရင်း အေးစက်သောလေသံနှင့် ပြောလိုက်၏။
"ကြည့်ရတာ ဇုမျိူ းနွယ်စုက ကျူ ပ်နဲ့ စေ့စပ်ညှိုူနှိုင်းဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ဘူးထင်တယ် ခင်ဗျားတို့ ကျူ ပ်ကို သေစေချင်နေတာပဲဗျ ဟုတ်တယ်မလား"
"သခင်လေးစု နားလည်မှုလွဲနေပြီရှင့်"
လှပသောမိန်းမပျိူ က အလျင်စလိုပင် ပြောလိုက်သည်။
"ဇုမျိူ းနွယ်ဟာ ရှင်နဲ့ မဟာမိတ်ဖြစ်ဖို့ တကယ်လိုလားနေတာပါ ဒါပေမဲ့ ရှင်က အတင်းကာရော ငြင်းဆန်နေတော့ ဒီလို လုပ်ရုံကလွဲပြီး တခြားနည်းမှ မရှိတော့တာကိုး ရှင့်အနေနဲ့ ကျွန်မတို့ မိသားစုထဲ မပူးပေါင်းခင် ကြော်ငြာကို ဖြု တ်ချရအောင်ပဲ ကျွန်မက ဇုချန်းညှိုကို ခိုင်းလိုက်တာပါ တခြားဘာမှ အကြံအစည် မရှိပါဘူးရှင် ဒါပေမဲ့ ရှင်က မြန်မြန်ဆန်ဆန် နိုးလာတော့ ကျွန်မတို့ရဲ့ ရိုးသားမှုကို ပြသဖို့ အခွင့်အရေး မရတော့ဘူးပေါ့"
သူမ၏ လေသံသည် နောင်တရခြင်း၊ မျှော်လင့်ချက်ကင်းမဲခြင်း စသည့် ခံစားချက်များနှင့် ပြည့်လျှမ်းနေ၏။ သူမ၏ ပုံစံမှာလည်း အလွန်ပင် သဘောထားကြီးမားဟန် ပေါက်နေသည်။ သို့သော် စုချန်းကတော့ ခံစားချက်မရှိသော ဟန်ပန်နှင့် ပြောလိုက်သည်။
"ဒီတော့ ခင်ဗျားက ကျူ ပ် စောစောစီးစီးနိုးလာတာကို အပြစ်တင်နေတာပေါ့လေ"
"ဘယ်ကလာဟုတ်ရမှာလဲရှင်"
လှပသော မိန်းမပျိူ က မျက်လုံးလေး ကလယ်ကလယ်နှင့် ငြီးငြူ လိုက်သည်။ အမှန်တော့ သူမသည် ဇုချန်းညှို၏ လုပ်ရပ်ကို အနည်းငယ်မှ ထည့်မပြောပဲ သူမတို့ဘက်မှ ရိုးသားကြောင်း အတင်းကာရော သက်သေပြရန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော် စုချန်း၏ အမူအရာကို တွေ့သောအခါ တစုံတရာကို သဘောပေါက်သွားဟန်ဖြင့် သူမ သက်ပြင်းချလိုက်သည်။
"ထားလိုက်တော့ ခုချိန်မှတော့ ကျွန်မတို့ဘာပြောပြော သခင်လေးစုက ယုံတော့မှာမဟုတ်ဘူး အဲဒီလိုဆိုရင်လည်း ကျွန်မတို့ရဲ့ ရိုးသားမှုကို သက်သေပြဖို့ အခွင့်အရေး နည်းနည်းပါးပါးလောက် ထပ်ပေးပါလားရှင်"
"အခွင့်အရေး နည်းနည်းပါးပါးလောက် ဟုတ်လား"
"သိပ်ဟုတ်တာပေါ့ ကျွန်မတို့ဟာ ကြော်ငြာကို ဖြု တ်ချရုံလောက် ကြိုးစားပြီးတာနဲ့ သခင်လေးစုကို သတ်ပစ်မယ်လို့ သခင်လေးစုက ထင်နေတာမလား ဒါမဟုတ်ကြောင်း ကျွန်မတို့ဘက်က ခုပဲ သက်သေပြပေးမယ်"
စကားဆုံးသည်နှင့် သူမနှင့်ဇုချန်းတို့နှစ်ယောက်သည် အခန်းပြင်သို့ ထွက်ခွာသွားကြ၏။
"သက်သေပြပေးမယ်ဆိုပါလား ဘာလဲဟ...
ဖြစ်ပျက်နေသော အခြေအနေ အရပ်ရပ်က်ို သုံးသပ်နိုင်ရန် စုချန်း ကြို းစားနေ၏။ ထိုအချိန်မှာပင် ဇုချန်းညှိုသည် စုချန်း၏ ရင်ခွင်ထဲကို နောက်ပြန်မှီချလိုက်ပြီး စုချန်း၏ မျက်လုံးအစုံကို မော့ကြည့်လိုက်သည်။ သူမ၏ မျက်လုံးအစုံမှာကား ကန်ရေပြင်ကဲ့သို့ ကြည်လင်လျက်ရှိသည်။
"သခင်လေးစု ချန်းညှိုကို အထင်လွဲနေပြီရှင့် ချန်းညှိုဟာ ဒီကိစ္စကို မြန်မြန် အဆုံးသတ်နိုင်အောင် ကြိုးစားလိုက်တာပါ ဒါမှသာ သခင်လေးစုနဲ့ ချန်းညှိုဟာ အမြန်ဆုံး နီးစပ်နိုင်မှာမလား သခင်လေးစု ချန်းညှိုကို မယုံဘူးဆိုရင် ဒီနေ့ပဲ လက်ထပ်ကြရအောင်လား ဒီလိုပြောလို့ ချန်းညှိုကို အထင်မသေးပါနဲ့ ချန်းညှိုဟာ ခုထက်ထိ အပျိူ စင်ဘဝကို ထိမ်းသိမ်းထား....."
စကားကို ဆုံးအောင်ပင် မပြောတော့ပဲ ဇုချန်းညှိုသည် သူမပုခုံးပေါ်ရှိ အဝတ်ကို အဝေးသို့ ဆုတ်ဖြဲလိုက်၏။ ထိုအခါ အဝတ်အောက်မှ ချောမွတ်နေသော အသားအရေသည် ဘွားခနဲ ပေါ်ထွက်လာ၏။ သူမ၏ လုပ်ရပ်က ဤမျှနှင့် ရပ်မသွားသေးပဲ ခေါင်းကိုငဲ့ကာ ပူနွေးသော နှုတ်ခမ်းအစုံနှင့် စုချန်းကို နမ်းရှိုက်လိုက်လေသည်။
စုချန်း မျက်လုံးပြူ းသွားပြီး ဇုချန်းညှိုကို အားကုန် တွန်းထုတ်မိတော့သည်။ သို့သော် မသိစိတ်ကြောင့် အလိုအလျောက် လုပ်လိုက်ပြီးမှ ကိုယ့်ဟာကိုယ် ဘာလုပ်မိမှန်း စုချန်း သဘောပေါက်သွား၏။ သူက ဇုချန်းညှိုကို ပြန်လည် ဖမ်းမိရန် ကြိုးစားလိုက်သည်။ သို့သော် နောက်ကျသွားလေပြီ။ ထိုအချိန်တွင် ဇုချန်းညှိုတယောက် တံခါးအပြင်သို့ ရောက်သွားပြီဖြစ်သည်။
သေစမ်း...နောက်ဆုံးတော့ ဒီမိန်းကလေး လှည့်စားတာ ငါခံလိုက်ရပြီ...
"ခစ် ခစ် ခစ် သခင်လေးစု ကျျွန်မကို ငြင်ငြင်သာသာ ဆက်ဆံတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင် ရှင်က အချိန်သုံးရက်လိုချင်တယ်ဆိုတော့ နောက်သုံးရက်နေမှ ကျွန်မတို့ ပြန်လာခဲ့ပါမယ် လောလောဆယ် ချန်းညှို အရန်ပြန်နှင့်ပါပြီရှင့်"
ထိုစကားပြောသံကိုကြားသည်နှင့် စုချန်းက အခန်းပြင်ကို လျင်မြန်စွာ ပြေးထွက်လိုက်သည်။ သို့သော် အပြင်တွင် လူတယောက်မှ မရှိတော့။
ထိုအခါ သူက ခေါင်းခါယမ်းပြီး ခါးသီးစွာ ရယ်မောလိုက်လေသတည်း။