← Chapters

စတင်ခြင်း

Vol. 110 Ch. 1527

စတင်ခြင်း

Vol. 110 Ch. 1527

ဤသို့နှင့် အာဏာရှင် အဖွဲ့ဝင်များမှာ မသိမသာပင် စတင် ယှဉ်ပြိုင် လာခဲ့ကြ၏။ သူတို့အားလုံးမှာ ကိုယ်ပိုင် အတ္တများရှိသည့် ကျင့်ကြံသူများ ဖြစ်ကြဆဲ ဖြစ်သည်။ နံရံ တစ်ခုချင်းစီကို ဖြတ်ကျော်ရန် ကိုယ့်ကိုယ်ကို တွန်အားပေးရင်း မည်သူက အလျင်အမြန်ဆုံး ချိုးဖျက်သွားနိုင်သည်ကို မြင်တွေ့လာရသောအခါ ယှဉ်ပြိုင်လိုစိတ်များက သူတို့၏ နှလုံးသားများ အတွင်း ပွင့်ထွက်လာခဲ့သည်။

လိမ္မော်ရောင် ခါးသီးမှု လမ်းကြောင်း အတွင်း သူ့ထက်ငါခေါင်း ဝင်သွားသည့် အရိပ်များကို ကြည့်ရင်း များလှစွာသော ရွေးချယ်ခံများမှာ ပါးစပ်အဟောင်းသားနှင့် မျက်လုံးများ ပြူးကျယ်လျက် ကျန်ရစ်ခဲ့ကြလေ၏။

“ငါ… ငါ…”

အရပ်ရှည်ကာ သန်မာထွားကြိုင်းသည့် ရွေးချယ်ခံမှာ ဘာပြောရမှန်း မသိပဲ ထစ်ငေါ့ နေခဲ့သည်။ ဤသည်မှာ သူ၏ တတိယအကြိမ်မြောက် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ဖြစ်ပြီး နောက်ဆုံး အကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့စဉ်က လိမ္မော်ရောင် ခါးသီးမှု လမ်းကြောင်းတွင်ပင် ရပ်တန့် ခဲ့ရသည်။ ပိုမို အစွမ်းထက်သည့် ရွေးချယ်ခံ တစ်ဦးမှာ သူ၏ ခါးသီးမှု အမှတ်များကို ဓားပြတိုက်ခဲ့ကာ သေလုမြောပါး ဖြစ်သည် အထိ ရိုက်နှက်ခဲ့သည်။ သို့သော်လည်း... ထိုပုဂ္ဂိုလ်က သူ့ကို ဂရုဏာစိတ် ထားကာ အသက်ချမ်းသာပေးခဲ့သည်။ နောက်ပိုင်းတွင်တော့ သူ ထိုပုဂ္ဂိုလ်ကို တစ်ခါမှ ထပ်မတွေ့ရတော့ချေ။

ကြည့်ရသည်က ထိုရွေးချယ်ခံမှာ နောက်ထပ် လမ်းကြောင်း တစ်ခုတွင် သေဆုံးသွားခဲ့ဟန် ရလေသည်။ ထာဝရလမ်းစဉ် ခရီးလမ်း၏ ကြမ်းတမ်းမှုမှာ စိတ်ဓာတ် ပျော့ညံ့သူများ အတွက် မဟုတ်ပါချေ။

၈၃ စက္ကန့် ကြာပြီးနောက်...

“ငါ ပထမဆုံး... ငါ ပထမဆုံးဟေ့...”

ထိပ်ပြောင် နတ်ဆိုး ကျူးကျွမ်းမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း ရှေ့ဆုံးမှ ပြေးထွက် လာခဲ့သည်။ သူ၏ ထွက်ပေါ်လာမှုက ရွေးချယ်ခံ များစွာ၏ နှလုံးသားများကို တုန်လှုပ် သွားစေခဲ့၏။ သူတို့က ယှဉ်ပြိုင်နေကြသည်လား။

သူတို့ ထိုအကြောင်းအရာကို အတည်မပြနိုင်ခင်မှာပင် အခြား ရာပေါင်းများစွာသော လူများမှာလည်း ထွက်ပေါ်လာခဲ့ကြသည်။ သူတို့က ကျူးကျွင်းကို မကျေနပ်မှု၊ မနှစ်မြို့မှုဖြင့် လှမ်းကာ ကြည့်လိုက်ကြသော်လည်း မလှုပ်ရှားကြပါချေ။

ထူးခြားမှု တစ်ခုက... အာဏာရှင်တိုင်းမှာ နောက်ထပ် လမ်းကြောင်း တစ်ခုကို သွားရောက်ခြင်း မပြုပေးပဲ ရပ်ကာ စောင့်နေကြခြင်း ဖြစ်သည်။ မှန်ပေ၏။ သူတို့ စောင့်နေကြသည်။ သို့သော်လည်း ကြာကြာ မစောင့်လိုက်ရ။ သောင်းနှင့်ချီသည့် ကျင့်ကြံသူများမှာ တစ်ခဏမျှ အတွင်းမှာပင် ပြန်လည် စုံလာကြသည်။ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ပျောက်ဆုံးခြင်း မရှိပါချေ။

“...”

“နောက်ဆုံးတော့ ရပြီဟေ့...”

လိပ် မျိုးနွယ်ဝင် ရှို့ရန် တစ်ဦးက အော်ဟစ်လိုက်ရင်း အစိမ်းရောင် ခါးသီးမှု လမ်းကြောင်းဆီသို့ ရှေ့ဆုံးမှ အရှိန်အဟုန်ပြင်းစွာ ပြေးဝင် သွားခဲ့တော့သည်။ အခြားသော အာဏာရှင်များမှာလညး တုန့်နှေးခြင်း မရှိပါချေ။ သူတို့က အမြင့်ဆုံးသော အမြန်နှုန်းဖြင့် ရွေးလျားကာ ဝင်ပေါက် အတွင်း ဝင်ရောက် ပျောက်ကွယ်သွားခဲ့ကြသည်။ ထိုအုပ်စုထံမှ ရိုက်ခတ်လာသော လေထု အရှိန်မှာ များလှစွာသော ရွေးချယ်ခံများ၏ ဝတ်ရုံနှင့် ဆံပင်များကိုပင် တဖျပ်ဖျပ် လွင့်စဉ် သွားစေခဲ့လေသည်။

“သူ… သူတို့တွေက…”

ကျောင်းရှုလင်း တစ်ယောက် ဆက်လက် တည်ငြိမ်နိုင်ခြင်း မရှိပါတော့ချေ။ လိမ္မော်ရောင် ခါးသီးမှု လမ်းကြောင်းမှာ အထွတ်အထိပ် အချိန်သခင် တစ်ယောက်၏ ခွန်အားကို လိုအပ်ပါက အဝါရောင် ခါးသီးမှု လမ်းကြောင်းကို ဖြတ်ကျော်ရန် အနည်းဆုံး ကြယ်တာရာ သခင် အဆင့် တစ်ယောက်၏ ခွန်အားကို လိုအပ်မည်ဖြစ်သည်။ နောက်ဆုံးအကြိမ်က ဆိုလျှင် သူမ ထိုနေရာ၌ ၈၁ ရက် တိုင်တိုင် သောင်တင် နေခဲ့သည်။

“အစိမ်းရောင် ခါးသီးမှု လမ်းကြောင်းရဲ့ ခွန်အား အဆင့်က ဘယ်လောက်လဲ”

ချန်ယန်ကျိက မေးလိုက်၏။ သူ၏ လေသံက ခုနစ်ရက် ခုနစ်လီ ရေငတ်နေခဲ့သည့် အလား ခြောက်ကပ် နေခဲ့သည်။

အခြားတစ်ဖက်၌ ယဲ့ကျီး၏ မျက်လုံးများ ပုံမှန်မဟုတ်စွာ တောက်ပနေခဲ့၏။ ဤသည်မှာ သူမ၏ ပထမဆုံးအကြိမ် ပြိုင်ပွဲ ဖြစ်သော်လည်း ဧကရီ ရှောင်ချွမ်း၏ ပရိသတ် တစ်ယောက် အနေဖြင့် လမ်းကြောင်း တစ်ခုချင်းစီကို အောင်နိုင်ရန် လိုအပ်သည့် ခန့်မှန်းခြေ ခွန်အားကို သိရှိထားခဲ့သည်။ ဥပမာအားဖြင့် အဝါရောင် ခါးသီးမှု လမ်းကြောင်းကို အောင်နိုင်ရန် အနည်းဆုံး ကြယ်တာရာ သခင် အဆင့်နိမ့် ခွန်အားကို လိုအပ်သော်လည်း ၎င်းက အကြွင်းမဲ့ သတ်မှတ်ချက်တော့ မဟုတ်ချေ။

အချိန်သခင် အဆင့် တစ်ယောက်သည်လည်း အစွမ်းထက် ကျင့်စဉ် များ၊ အထူးသဖြင့် ဝိညာဉ် ကျင့်စဉ်များနှင့် ထူးခြား ကောင်းမွန်သော လက်နက်များကို အသုံးပြု၍ နံရံများကို ချေဖျက်နိုင်ပေသည်။ အဓိက အကြောင်းအချက်က ခါးသီးမှု ပင်လယ်၏ ဖိအားများကို ခံနိုင်ရည် ရှိရန်နှင့် ထွက်ပေါ်လာသည့် စွမ်းအင်များကို စုပ်ယူရန် လိုအပ်သည့် ကြာချိန် ဖြစ်သည်။ ကြယ်တာရာ စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရသည်မှာ အလွန်ပင် အချိန်ကြာမြင့် လှပေသည်။ ရှစ်ဆယ့်တစ်ရက် ဆိုသည့် အချိန်မှာ အလွန်ပင် တိုတောင်းသည်ဟု ဆိုနိုင်ပေသည်။

ချန်ယန်ကျိ၏ မေးခွန်းကို ယဲ့ကျီးက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်၏။

“ကြယ်တာရာ သခင် အထွတ်အထိပ် အဆင့်....”

ဧကရီ ရှောင်ချွမ်းသည် ၇၁ ခုမြောက် နံရံ အထိ ရောက်ရှိခဲ့သည်။ ၎င်းမှာ အပြာရောင် ခါးသီးမှု လမ်းကြောင်း၏ နောက်ဆုံးနံရံ ဖြစ်သည်။ အပြာရောင် ခါးသီးမှု လမ်းကြောင်းမှာ ပုံမှန်မဟုတ်ဘဲ အလွန် ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သေမျိုး အဆင့်များကို ကျော်လွန်၍ လျှို့ဝှက် ကြယ်တာရာ အဆင့်ကိုပင် ဝင်ရောက်သွားသောကြောင့် ဖြစ်၏။

ဧကရီ ရှောင်းချန်မှာ ထိုအချိန်က ကြယ်တာရာ သခင် အဆင့်ကို လောလောလတ်လတ် တက်လှမ်းထားသူ တစ်ယောက် ဖြစ်သော်လည်း ၇၁ ခုမြောက် နံရံ အထိ ရောက်ရှိခဲ့သည်။ သူမ၏ အောင်မြင်မှုမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ သမိုင်းတွင် ဒဏ္ဍာရီဆန်လှသည်။

“လောကသခင် အဆင့်တွေကတော့ ဒီလမ်းကြောင်းကို အနိုင်ရစရာ လမ်းမရှိဘူး...”

ရွေးချယ်ခံ တစ်ဦးက ယုံကြည်မှုရှိစွာ မှတ်ချက်ချလိုက်၏။

၄၉ စက္ကန့်ကြာပြီးနောက်...

ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူက ခန္ဓာကိုယ် တစ်ခုလုံး မီးတောက်များဖြင့် ဖုံးလွှမ်းနေသည့် မီးနီရောင် ဆံပင်ပိုင်ရှင် လူငယ်တစ်ဦး ဖြစ်သည်။ သူ၏ တည်ရှိမှုက ဘေးပတ်လည်ရှိ လေထု၊ မန်နာ နှင့် အာကာသတို့ကို ပုံပျက် သွားစေခဲ့၏။ ၎င်း၏ ကိုယ်ခန္ဓာမှ ကြောက်မက်ဖွယ်ကောင်းသော မီးစွမ်းအင်များ ယိုစိမ့်ထွက်နေခဲ့သည်။

သူ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီး တစ်ခုလုံး ချက်ချင်းပင် ငြိမ်သက်သွားခဲ့၏။ အားလုံး၏ နှလုံးသားများက ပြင်းထန်စွာပင် တုန်ရီ နေခဲံသည်။ အဘယ်ကြောင့်နည်း။ သူ၏ ကျင့်ကြံခြင်း အခြေခံ ကြောင့်ပင်။

လောကသခင် အဆင့်...

“ငါ ပထမဆုံးလားဟ”

လူငယ်က ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်၏။ အနီးအနား၌ အခြား အာဏာရှင်များကို မတွေ့လိုက်ရသော အခါ သူ့ မျက်လုံးများက အကြွင်းမဲ့ ပျော်ရွှင်မှုများနှင့် ပြည့်နှက် လာခဲ့တော့သည်။

“ဟား ဟား... ငါ ရွှေဖုန်းပေါင်က တကယ်ပဲ ပထမဆုံးလား...”

သူ၏ မျက်နှာထက်၌ တောက်ပ ရိုးရှင်းသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ မည်သူမဆို သူ့အပေါ် မကောင်းသော စိတ်ခံစားမှုများ ခံစားရရန် အလွန်ခက်ခဲစေခဲ့သည်။

ရိုးရှင်းသော အပြုံးတစ်ခု...

ထိုမျှသာ ဖြစ်သည်။ သို့သော်လည်း ရွှေဖုန်းပေါက်၏ ထိုအပြုံးမှာ မရေမတွက်နိုင်သည့် ရွေးချယ်ခံ များ၏ နှလုံးသားများကို ဖော်ပြမရနိုင်သည့် အတိုင်းအတာ တစ်ခုအထိ တုန်လှုပ် သွားစေခဲ့သည်။ မျိုးဆက်ပေါင်း များစွာမှ ရွေးချယ်ခံ များမှာ စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းခြင်း၊ မနာလို ဝန်တိုဖြစ်ခြင်းများကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရ၏။

ထိုလောကသခင်မှာ အစိမ်းရောင် ခါးသီးမှု လမ်းကြောင်းကို စက္ကန့် လေးဆယ့်ကိုးစက္ကန့် အတွင်း ကျော်ဖြတ်နိုင်ခဲ့သည်လား။

“ဟား ဟား...”

ရွှေဖုန်းပေါင်က ပျော်ရွှင်စွာ ရယ်မောလိုက်ရင်း ခေါင်းကို အပြစ်ကင်းစွာ ကုတ်လိုက်၏။ သူ၏ ထိုလုပ်ရပ်က အခြား ရွေးချယ်ခံများစွာ၏ ကျင့်ကြံခြင်း နှလုံးသားများကို အနည်းငယ် သွေဖီစေခဲ့ကြောင်းကိုတော့ လူငယ်လေးမှာ သတိ မထားမိခဲ့ပါချေ။

စက္ကန့် အနည်းငယ် ကြာပြီးနောက်... လေထုက ပုံပျက်သွားကာ အခြား ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့၏။ ရွှေဖုန်းပေါင် သူမကို တောက်ပသော အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။

မွှေးပျံ့သည့် ရနံ့များ သင်းကြိုင်နေသည့် ဓားသမား မိန်းကလေးမှာ အမူအရာ မပျက်ပါချေ။ သူက ရွှေဖုန်းပေါင်ကို တစ်ချက်မျှသာ ကြည့်၏။ ထို့နောက် မည်သည့် မှတ်ချက်မှ မပေးပဲ တည်ငြိမ်စွာ ရပ်စောင့် နေခဲ့တော့သည်။

ကိုးဆယ့်ရှစ် စက္ကန့်...

ကိုးကဆယ့်ရှစ် စက္ကန့် အတွင်းမှာပင် သောင်းနှင့်ချီသည့် ကျင့်ကြံသူများမှာ ပြန်လည်၍ စုံလင် လာခဲ့ကြသည်။ သူတို့မှာ ကျင့်ကြံခြင်း အခြေခံများအားဖြင့် အမျိုးမျိုး ကွဲပြားကြကာ လောကနယ်မြေ အဆင့်မှ ကြယ်တာရာ နယ်မြေ အဆင့် အထိ ရှိကြသည်။

ထိုမြင်ကွင်းမှာ တိတ်ဆိတ်စွာ စောင့်ကြည့်နေသည့် ကျင့်ကြံသူတိုင်း၏ နှလုံးခုန်သံများကိုပင် ရပ်တန့်လုမတတ် ဖြစ်သွားစေခဲ့၏။ စကားလုံး တစ်လုံးတည်းသာလျှင် ၎င်းတို့၏ နှလုံးသားနှင့် စိတ်ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

အာဏာရှင်များ...

အာဏာရှင်များ...

အာဏာရှင်များ...

ပိုမို၍ ထူးခြားတာ တစ်ခုက ထိုကျင့်ကြံသူများ အားလုံးမှာ လူပုဂ္ဂိုလ် တစ်ယောက်တည်း၏ အရိပ် အာဝါသအောက်တွင် ရှိနေကြခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်မှာ မကြာသေးခင်ကမှ လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကို တက်လှမ်းခဲ့သည့် ဝေ့ဝူယင် ဖြစ်လေရာ သူတို့ ယုတ္တိဗေဒကို တစ်ခဏမျှ ဘေးဖယ်ထားရမည် ဖြစ်သည်။ မည်သို့ပင် ဆိုစေ ထိုအရာမှာ ယုံကြည်ရန် ခက်ခဲလွန်းလှသည်။

အင်ပါယာ ကလန်၏ ဆဋ္ဌမ မင်းသား ထျန်းပိုင်ယန်မှာ နောက်လိုက် အပေါင်းအသင်းများစွာ ဝန်းရံကာ သောင်းနှင့်ချီသည့် အာဏာရှင်များကို တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့သည်။

“ငါတို့လည်း ခေတ်သစ်ရဲ့ အစိတ်အပိုင်းပဲ... ခေတ်ဟောင်းမှာ ကျန်နေခဲ့လို့ မရဘူး...”

ဆဋ္ဌမ မင်းသားက ကျိတ်မနိုင်ခဲမရ ရေရွတ်လိုက်၏။ သူ၏ မျက်လုံးများက ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်များနှင့် ပြည့်နှက်နေသည်။

သူ၏ စကားလုံးများမှာ ရွေးချယ်ခံများစွာ အပေါ် လေးနက်သည့် သက်ရောက်မှုများ ရှိခဲ့၏။ သူတို့၏ စိတ်ဓာတ်များမှာ ပြိုလဲနေသည့် ဆန္ဒ စွမ်းအားများကြားမှ အားပျော့စွာ ပြန်လည် တောက်ပလာခဲ့သည်။ မကြာမီ စွန့်ပစ်ခံရတော့မည့် ခေတ်ဟောင်း၏ အစိတ်အပိုင်း အဖြစ် ကျန်ရစ်ခဲ့ရမည်ဟူသော အတွေးမှာ သူတို့၏ စိတ်ဓာတ်ကို အလွန်အမင်း ကျဆင်းစေသည်။

အထူးသဖြင့်... ယခင် မျိုးဆက် ရွေးချယ်ခံ များမှာ စိတ်ဓာတ်များ ဆူပွက်လာကြ၏။ ပြိုင်ဘက်များသည်လည်း တစ်ဦးကိုတစ်ဦး ယှဉ်ပြိုင်လိုသည့် အကြည့်များဖြင့် ကြည့်လာကြသည်။ ဤမြင်ကွင်းမှာ အလွန်ပင် စိတ်ဓာတ်တက်ကြွစေကာ ပတ်ဝန်းကျင် တစ်ခုလုံးရှိ တိုက်ခိုက်လိုစိတ်ကို လှုပ်နှိုး နေသကဲ့သို့ ရှိ၏။ ဤသို့နှင့် လေထုမှာ မျှော်လင့်ချက်နှင့် တဖြည်းဖြည်း ပြန်လည် ပြည့်နှက် လာခဲ့၏။

“သွားကြမယ်ဟေ့...”

ထျန်းပိုင်ယန်က ပြောလိုက်ရင်း ယုံကြည်ချက် အပြည့်ဖြင့် အနက်ရောင် ခါးသီးမှု လမ်းကြောင်းဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ သူ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကပင် အခြား ရွေးချယ်ခံ များစွာကို သူ့နောက်၌ စုရုံးစေခဲ့၏။ သူတို့ အားလုံးမှာ ကျင့်ကြံခြင်းနှင့် ပြန်လည် နာလန်ထူရေး ကြိုးပမ်း အားထုတ်မှုများကို လုပ်ရပ်များကို ခါးသီးမှု လမ်းကြောင်းများကို စိန်ခေါ်ရန် စတင်ခဲ့ကြတော့သည်။

***

All Chapters