← Chapters

ဝိညာဉ်လမ်းစဉ် (၃)

Vol. 110 Ch. 1537

ဝိညာဉ်လမ်းစဉ် (၃)

Vol. 110 Ch. 1537

ဘုန်း...

လင်းမင်ထံမှ ပေါက်ကွဲထွက်လာသော အော်ရာမှာ ချန်ယန်ကျိကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ကာ ခန္ဓာကိုယ် အတွင်းရှိ အရိုးတိုင်းကို ကျိုးပဲ့သွားစေခဲ့လေ၏။

“အား...”

ချန်ယန်ကျိ တစ်ယောက် မြေပြင်ပေါ် အရုပ် ကြိုးပြတ်ပင် လဲကျသွားခဲ့ကာ ဒွါရပေါက်တိုင်းမှ သွေးများ အလွန်အကျွံ စီးထွက်လာခဲ့၏။ သူ၏ ကြယ်တာရာ အမြုတေတွင်လည်း အက်ကြောင်းများ ဖြစ်ပေါ်လာကာ ကွဲကြေလုနီးပါး အထိ ဖြစ်သွားခဲ့သည်။ တဒင်္ဂမျှ အတွင်းမှာပင် ချန်ယန်ကျိ တစ်ယောက် သတိလစ် သွားကာ ဒုက္ခိတ တစ်ပိုင်းဘဝကို ကျရောက်သွားခဲ့ရပြီ ဖြစ်လေသည်။

သို့သော်လည်း ကောင်းကင်၏ ကျေးဇူးတော်ကြောင့်ပင် သူ၏ နဖူးထက်၌ ခါးသီးမှတ် မရှိခဲ့ပါချေ။ တိုက်ခိုက် ခံခဲ့ရပြီးနောက် သူ၏ ကိုယ်ခန္ဓာကို ခါးသီးမှု ပင်လယ်၏ ထူးဆန်းသော စွမ်းအားတစ်ခုက ဖုံးလွှမ်းသွားခဲ့သည်။ ထို့နောက်တွင်တော့ သူ၏ ခန္ဓာကိုယ်မှာ သရဲတစ္ဆေ တစ်ကောင် အလား စကျင်ကျောက် ကြမ်းပြင်အောက်သို့ နစ်မြုပ်ဝင် သွားခဲ့တော့သည်။

သို့သော်လည်း အခြားသူများမှာမူ ထိုမျှ ကံမကောင်းခဲ့ကြပါချေ။

ဘုန်း...

ခါးသီးမှတ်ကို ပိုင်ဆိုင်ထားသည့် လူမှန်သမျှမှာ အော်ရာနှင့် ထိသည်နှင့် ပေါက်ကွဲထွက်သွားကြ၏။ သူတို့ အားလုံးမှာ ကျင့်ကြံမှု သွေဖီခြင်းကို ခံစားလိုက်ကြရပြီ ဖြစ်လေတော့သည်။

ဘုန်း... ဘုန်း... ဘုန်း...

ပေါက်ကွဲမှုများမှာ အဝေးမှ အသော့နှင့်လာသည့် ယီယွင်၊ ကျောင်းရှုလင်းနှင့် မင်ယုလင်တို့ထံကိုပါ ပြင်းထန်စွာ ရိုက်ခတ်လာလေရာ သူတို့အားလုံးကို ကိုယ့်ကိုယ်ကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစားလိုက်ရသည်။ မင်ယုလင်သည် ထိုစွမ်းအားက သူမ၏ အကန့်အသတ်ထက် ကျော်လွန်နေသည်ကို ချက်ချင်းပင် သိရှိလိုက်ကာ အဘွားဖြစ်သူ ပေးလိုက်သော အဆောင်ကို ထုတ်ယူ၍ အသက်သွင်းလိုက်၏။ ချက်ချင်းပင် ခရမ်းရောင် အလင်း တစ်ခုက သူမ၏ ခန္ဓာကိုယ်ကို ဝန်းရံ၍ ဖြစ်ပေါ်လာသည်။ မိန်းကလေးမှာ တုန့်ဆိုင်းခြင်း မရှိပဲ နောက်သို့ အလျှင်အမြန်ပင် ဆုတ်ခွာ သွားခဲ့လေ၏။

ယီယွင်နှင့် ကျောင်းရှုလင်းတို့ နှစ်ယောက်ကတော့ အခြေအနေများ ပိုမို ပြင်းထန်နေပြီဟု ကောက်ချက်ချကာ ရှေ့သို့သာ ဖိ၍ တက်လာကြသည်။ ကျောင်းရှုလင်းမှာ အံကို တင်းတင်းကြိတ်ထားခဲ့၏။ သူမ၏ နှလုံးသား အတွင်း ပွက်ပွက်ဆူနေသည့် စိုးရိမ် ပူပန်သည့် ခံစားချက်က ရှေ့သို့ အဆက်မပြတ် ရွေ့လျားရန် လှုံ့ဆော် နေခဲ့သည်။ လင်းမင် တစ်ခုခု ဖြစ်သွားမည်ကို သူမ အလွန်ပင် ကြောက်ရွံ့ နေခဲ့မိသည်။

အခြားတစ်ဖက်တွင်တော့ နက်ရှိုင်းကာ နားလည်ရန် ခက်ခဲသည့် အပြောင်းအလဲ များစွာမှာ စိတ်ကူးပင် မယဉ်နိုင်သော အရှိန်ဖြင့် ဖြစ်ပေါ်နေခဲ့သည်။ ပေါက်ကွဲမှု၏ ဗဟိုချက်တွင်တော့ ငယ်ရွယ် ခန့်ညားသည့် လူငယ် တစ်ဦး ရှိနေခဲ့၏။ သူ၏ မီးခိုးရောင်များမှာ မူလဒြပ်စင်၏ အမတေများနှင့် စီးဆင်းမှုတို့ကို သယ်ဆောင်ထားသည့်ပုံ ရသည်။ သူ၏ ခန္ဓာကိုယ်မှာ ပြီးပြည့်စုံစွာပင် ဆက်လက် တည်ရှိနေ၏။ သို့သော်လည်း... သူ ဝတ်ဆင်ထားသည့် ဝတ်ရုံကတော့ ရှေ့နောက် နှစ်ခု စလုံးတွင် အပေါက်ကြီးများ ဖြစ်ပေါ်နေကာ တောင့်တင်း ခိုင်မာသည့် ကြွက်သားများကို ထုတ်ဖော် ပြသနေခဲ့သည်။

ထျန်းရီဝူနှင့် နာ့ရှင်းရီတို့ နှစ်ယောက်စလုံး၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပလာခဲ့၏။ တစ်ချိန်တည်း၌ လင်းကျိရန်၏ မျက်လုံးများမှာလည်း လင်းမင်ကို စောင့်ကြည့်ရင်း ပြူးကျယ်လာခဲ့သည်။

ထိုလူငယ်မှာ ယခင်ကနှင့် လုံးဝကွဲပြားနေသလို သူမ ခံစားရသည်။ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးကို အဖြူရောင် မြူခိုးလိုမျိုး အလွှာတစ်ခုက ဝန်းရံထား၏။ သူက မည်သည့် မန်နာ လွှမ်းမိုးနိုင်စွမ်းကိုမှ ထုတ်ဖော်ခြင်း မပြုပဲ ကောင်းကင်ယံတွင် ရပ်နေခဲ့သည်။ သူ၏ လိုအင်ဆန္ဒများအား လိုက်နာရန် မန်နာကို အမိန့်ပေးဖို့ မလိုအပ်သကဲ့သို့ပင်...။ သူ၏ ဆံပင်များကတော့ မူလ ဒြပ်စင်၏ အကြွင်းမဲ့ စွမ်းအင်များ စီးဆင်းနေသည့် အလား အဖြူရောင် အဆင်းဖြင့် တည်ရှိနေခဲ့သည်။

သူ့ခန္ဓာကိုယ် ပတ်လည်ရှိ အော်ရာကတော့ ကမ္ဘာလောကကို တောက်ပသည့် ဝိညာဉ်အလင်းများဖြင့် ဖုံးလွှမ်းထားခဲ့၏။

"ဒါက..."

လင်းမင်မှာ သေလုနီးပါး ဖြစ်နေရာမှ ခန္ဓာကိုယ်တွင် အသက်ဓာတ်ကို ခံစားလိုက်ရလေရာ လုံးဝ အံ့အားသင့်သွားခဲ့သည်။ သူ လက်များကို လှုပ်ရှားလိုက်သောအခါ သိမ်မွေ့သည့် ဝိညာဉ် သင်္ကေတများ၏ အလင်းရောင်မှာ သူ့ အရေပြားတစ်လျှောက်တွင် လင်းလက်သွားခဲ့သည်။ ၎င်းတို့မှာ သူ၏ သွေးပြန်ကြောများ၊ သွေးလွှတ်ကြောများနှင့် အရိုးများမှတစ်ဆင့် ဖောက်ထွင်းမြင်နိုင်သော မြင်ကွင်းတစ်ခုကို ပြသနေခဲ့၏။ ထိုနေရာများတွင်လည်း ဝိညာဉ် သင်္ကေတများနှင့် ပြည့်နှက်နေသည်ကို တွေ့မြင်ရသည်။ လင်းမင် စူးစမ်းလိုစိတ် ပြင်းထန်စွာ ဖြစ်ပေါ်လာကာ ခန္ဓာကိုယ်ကို စစ်ဆေးဖို့ အတွက် လက်ဖြင့် ထိလိုက်သည်။

ဟူး... ဟူး...

သို့သော်လည်း သူ မထိရသေးခင်မှာပင် တောက်ပသည့် ဝိညာဉ်အလင်းများမှာ နှလုံးသားဆီမှ စီးထွက် လာခဲ့သည်။ ထိုနေရာ၌ နေကြယ် သဏ္ဍာန် တောက်ပသည့် အဖြူရောင် စက်လုံးတစ်ခု အဖြစ် တည်ရှိနေကာ ၎င်းမှာ သူ၏ နှလုံးသားကို အစားထိုးလိုက်ပုံရသည်။ ယင်းက ကြယ်တာရာ အမြုတေ မဟုတ်ချေ။

"ဒါက ငါ့ရဲ့ ကြယ်တာရာ ဝိညာဉ်နဲ့ တူတယ်"

လင်းမင်က ညင်သာစွာ ရေရွတ်လိုက်၏။ ထို့နောက်... သူ၏ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးကို ရုပ်ခန္ဓာတွင် ခံစား၍ မရနိုင်တော့ကြောင်း သူ သဘောပေါက်သွားခဲ့သည်။

"လင်းမင်..."

တိုးလျကာ အားနည်းသည့် အသံတစ်ခု သူ၏ အသိစိတ် ပင်လယ်ထဲတွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။

"အကြီးအကဲလား"

လင်းမင်မှာ ထိုအသံကို မှတ်မိလိုက်၏။ သူ၏ မီးခိုးရောင် မျက်လုံးများက ပျော်ရွှင်သည့် အငွေ့အသက်များနှင့် ပြည့်နှက် လာခဲ့သည်။

"မင်း သဘောက်မသား... အမှိုက်ကောင်... အသုံးမကျတဲ့ကောင်...”

အသံမှာ အလွန်ပင် အားနည်းနေသော်လည်း မည်သည်ကိုမှ ထိန်းချုပ်ထားခြင်း မပြုတော့ပဲ အဆုံးမရှိ အော်ဆဲ တော့၏။

ပုံမှန်ဆိုလျှင် လင်းမင် ဒေါသထွက်လိမ့်မည် ဖြစ်သော်လည်း ယခုအခါတွင်တော့ ထိုဆဲသံများကို နားထောင်ရင်း နွားပြာကြီး အောက်သွားမရှိသလို ပြုံးဖြီး နေခဲ့သည်။ မည်သို့ပင် ဆိုစေ... သူ အသက်ရှင်ခဲ့ပြီ ဖြစ်သည်။ ထိုအကြီးအကဲသာ မရှိပါ သူ သေဆုံးသွားလောက်ချေပြီ။

"ခွေးစုတ်လေး... ပြုံးမနေနဲ့တော့...”

အသံက ဒေါသတကြီး အော်ဟစ်လိုက်၏။ နောက်ဆုံး၌ သူက လေးလံစွာ သက်ပြင်း တစ်ချက် ချလိုက်သည်။ သူ၏ အသံသည်လည်း ပိုမို၍ အားနည်းလာခဲ့၏။

"မင်း အန္တရာယ်ကနေ လုံးဝ လွတ်သွားတာ မဟုတ်သေးဘူး..."

သူက လေးနက်သည့် လေသံဖြင့် သတိပေးလိုက်၏။

“...”

လင်းမင်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်း သွားခဲ့သည်။ အသံက ဆက်လက်၍ ပြောလိုက်သည်။

"မင်းရဲ့ ဝိညာဉ် အမြုတေက မတည်ငြိမ်သေးဘူး... နောက်ပြီး မင်းရဲ့ အော်ရာကလည်း အရမ်းကို ဆူပွက်နေတယ်..."

"ဝိညာဉ် အမြုတေ"

လင်းမင် အံ့အားသင့်သွားခဲ့၏။ ထို့နောက် သူက ကောင်းကင်ယံတွင် ရပ်တည်နေသည့် နာ့ရှင်းရီနှင့် ထျန်းရီဝူကို တစ်ချက် လှည့်ကြည့်လိုက်သည်။ သူတို့မှာ အဝေးမှနေ၍ သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ အစွန်းရောက် ယင်နတ်မိမယ်မှာ တစ်ဦးမှာ ထန်ရှင်းယွင်နှင့် အခြား မိန်းကလေး တစ်ဦးကို သူမ၏ စွမ်းအားဖြင့် ကာကွယ်ပေးထားသည်ကို တွေ့ရသည်။

အသံက သူ့ထံတွင် အချိန်များစွာ မကျန်ရှိတော့လေရာ ခပ်မြန်မြန်ပင် ရှင်းပြလိုက်၏။

"ကောင်းပြီ... ကောင်လေး... နားထောင်... ငါ မင်းအသက်ကို ကယ်ဖို့ အတွက် ငါ ကျင့်ကြံထားတဲ့ ဆန်းကြယ်မူလရဲ့ တစ်စိတ်တစ်ပိုင်းကို စတေးခဲ့ရတယ်... မင်း ရထားတဲ့ ဝိညာဉ်ချည်နှောင် ကြာပန်းကိုလည်း သုံးခဲ့ရတယ်... နောက်ပြီး ဝိညာဉ်လမ်းစဉ် အသွင်ပြောင်းခြင်း လုပ်ငန်းစဉ်ကို အတင်းအကြပ် စတင်ဖို့အတွက် ဒြပ်စင် အမှတ်အသားကိုပါ ဖျက်ဆီးခဲ့ရတယ်... အဲဒါတွေက အလုပ်ဖြစ်ခဲ့တာ ကံကောင်းတယ်လို့ ဆိုနိုင်တယ်... ဒါပေမဲ့ မပြီးသေးဘူး... မင်းက ခုထိ ဆန်းကြယ်မူလကို မကျင့်ကြံရသေးဘူး... ဒါကြောင့် မင်းရဲ့ အသိစိတ်ပင်လယ်၊ လောကချည်နှောင် ကြယ်တာရာ နယ်ပယ်နဲ့ ကြယ်တာရာ ကိုယ်ခန္ဓာတို့က အပြည့်အဝ မပေါင်းစည်းသေးဘူး”

"ဒါပေမဲ့ တအားကြီးလည်း စိတ်မပူနဲ့... ငါ ကျင့်ကြံထားတဲ့ ဆန်းကြယ်မူလ စွမ်းအင်တွေကို မင်းရဲ့ လက်ရှိ ဝိညာဉ်လမ်းစဉ်ကို ထိန်းသိမ်းဖို့ သုံးထားတယ်... ဒါကြောင့် ငါ့ရဲ့ ကျင့်ကြံထားတဲ့ စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းကို မင်း အနေနဲ့ ကိုယ့်ပိုင် စွမ်းအားလိုမျိုး အသုံးပြုနိုင်ခွင့်ရှိတယ်... ဒါပေမဲ့ ထာဝရ တည်မြဲမှာ မဟုတ်ဘူး... မင်း အတွက် အများဆုံး အချိန် ၃၂ မိနစ်ပဲ ရှိတယ်..."

အသံက ပိုမို၍ တိုးလာခဲ့၏။ ၎င်းအား ကြားနိုင်ရန် အတွက် လင်းမင် သူ၏ အာရုံများကို အစွမ်းကုန် နှိုးဆွ ထားရသည်။

"ကောင်လေး... ခုအချိန်မှာ မင်းရဲ့ ဝိညာဉ် အမြုတေက နှိုင်းယှဉ်လို့ မရနိုင်လောက်အောင် တန်ဖိုးရှိတဲ့ ရတနာတစ်ခုပဲ... ဘယ်သူပဲ ဖြစ်ဖြစ် အဲဒါကို ရလိုက်တာနဲ့ ဆန်းကြယ်မူလကို ပိုင်ဆိုင်နိုင်ဖို့ အတွက် မင်း တစ်သက်တာ ကျင့်ကြံထားတဲ့ ကျင့်ကြံခြင်း အခြေခံတွေကို သန့်စင်နိုင်လိမ့်မယ်... ငါ့ရဲ့ ဆန်းကြယ်မူလကိုရောပေါ့... ဒါကြောင့် မင်း လုံးဝ မရှုံးစေနဲ့... အဲဒါရဲ့ တန်ဖိုးနဲ့ နှိုင်းယှဉ်ရင် ကောင်းကင်ဓာတ်တော်တောင် အမှိုက်သာသာ ဖြစ်သွားလိမ့်မယ်... ဒါကြောင့် မလို့... မ... ဆုံး..."

အသံက ရုတ်တရက် ရပ်တန့်သွားကာ လုံးဝပျောက်ကွယ်သွားခဲ့သည်။ အသံပျောက်ကွယ်သွားသည်နှင့် ဖော်ပြ၍ မရနိုင်သည့် ခံစားချက်များကို လင်းမင် ခံစားလိုက်ရသည်။

သူ၏ အကြည့်များမှာ ထျန်းရီဝူနှင့် နာ့ရှင်းရီတို့ထံသို့ ရောက်ရှိ သွားခဲ့၏။ သူတို့မှာ အကြောင်း တစ်ခုခုကြောင့် မလှုပ်ရှားသေးခြင်း ဖြစ်ကြောင်း သူ ခံစားနိုင်ပေသည်‌။ သူတို့က သူ၏ ဝိညာဉ် အမြုတေ တည်ငြိမ်လာသည့် အချိန်အထိ စောင့်ဆိုင်း နေကြခြင်းပင်။

***

All Chapters