← Chapters

ရပ်စမ်း

Vol. 6 Ch. 591

ရပ်စမ်း

Vol. 6 Ch. 591

"မဖြစ်နိုင်ဘူး ... မဖြစ်နိုင်ဘူး ..."

မိုးကြိုးငါးခု အစီအရင် အတွင်းရှိ ကလာ့ခ် ကား မယုံကြည်နိုင်အောင် ဖြစ်နေတော့သည်။

လျှပ်စစ်သံလိုက် အမြောက်များ၊ နတ်ဘုရား တိုက်ခိုက်ရေး အဖွဲ့သားများနှင့် နတ်ဘုရားသတ် ဒုံးကျည် စသည်တို့ ပေါင်းစပ်ထားသော အင်အားသည် မြေကမ္ဘာ အဆင့် တစ်ယောက်ကိုပင် သတ်ဖြတ်ရန် လုံလောက်နေပြီ ဖြစ်သည်။

သို့သော်လည်း ချန်းပေ့ရွှမ်းကမူ ထိုအင်အားစုကို လွယ်ကူစွာပင် အနိုင်ယူခဲ့သည်။ သူက မည်မျှအထိ အစွမ်းထက် နေသနည်း။

"မင်းအလှည့် ရောက်ပြီ ..."

ချန်းဖန်က နတ်ဘုရား စိတ်အာရုံကို ပြန်လည် ရုပ်သိမ်း၍ ကလာ့ခ်အား ကြည့်လိုက်သည်။

တိုက်ခိုက်လာသူ အားလုံး အတွင်း၌ ကလာ့ခ်ကား ချန်းဖန် အတွက် ခေါင်းအကိုက်ရဆုံး ဖြစ်သည်။ သူ ဝတ်ဆင်ထားသော ငွေရောင် ဝတ်စုံ၏ ခံစစ်မှာ အလွန်ပင် သန်မာကာ ချိုးဖျက်ရန် ခက်ခဲလွန်းလှသည်။

"မိုးကြိုးငါးခုရဲ့ တိုက်ခိုက်မှုတွေကို မင်း ဘယ်လောက် ခုခံနိုင်မလဲ ကြည့်ရသေးတာပေါ့"

ချန်းဖန်က ရေရွတ်ရင်း မိုးကြိုးငါးခု ချိပ်တံဆိပ်ကို ထိန်းချုပ်လိုက်၏။

"တိုက်ခိုက်စမ်း ..."

"ဘုန်း ..."

ချန်းဖန်က အမိန့်ပေးသည်နှင့် မိုးကြိုးငါးခုက စတင် တိုက်ခိုက်သည်။

မိုးကြိုးငါးခု ချိပ်တံဆိပ်သည် ကျင့်ကြံခြင်း လောက၏ ထိပ်သီးဂိုဏ်းကြီး တစ်ခုဖြစ်သော ဒြပ်စင်ငါးမျိုး တန်ခိုးရှင်ဂိုဏ်း၏ လက်နက်ကို အခြေခံ၍ ပြုလုပ်ထားသော ဝိညာဉ် လက်နက် တစ်ခု ဖြစ်သည်။ ချန်းဖန်သာ ထိုလက်နက်၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်ပါက ကလာ့ခ် အနေဖြင့် တစ်ချက်ပင် ခုခံနိုင်မည် မဟုတ်ချေ။

"ဘုန်း ..."

ရုတ်တရက် ကလာ့ခ်၏ ဘယ်ဘက် လက်မောင်းက အရင်းမှ ပြုတ်ထွက်ကာ အဇူရာ မီးခိုးများ အဖြစ် ပေါက်ကွဲ၏။ ထို ပေါက်ကွဲမှု အရှိန်ကြောင့် အစီအရင်၏ ဘယ်ဘက် အခြမ်းက အနည်းငယ် အားနည်းသွားသည်။ ကလာ့ခ်က ရုတ်တရက်ပင် ကျန်ရှိသော အင်အားဖြင့် ထိုနေရာအား ထိုးဖောက်ကာ ထွက်ပြေးသည်။

"မင်းပြေးလို့ မလွတ်ပါဘူးကွာ ..."

ချန်းဖန်က ထွက်ပြေးသွားသော ကလာ့ခ်၏ နောက်သို့ ချက်ချင်း မလိုက်ခဲ့ချေ။ သူက အကောင်းပကတိ ကျန်နေသေးသော လျှပ်စစ်သံလိုက် အမြောက်များကို လိုက်လံ ကောက်ယူ၍ ဓားအားဖြည့် ကျောက်မျက် အတွင်း ထည့်လိုက်သည်။

ထို့နောက်တွင်မှ သူ၏ခန္ဓာကိုယ်က အလင်းတစ်ခု အသွင် ပြောင်းလဲကာ ကလာ့ခ် ရှိရာဘက်သို့ ပျံသန်း သွားတော့သည်။

"ဟူး ... ဟူး ..."

ကလာ့ခ်သည် အစွမ်းကုန် ပြေးလွှားနေ၏။ သူသည် အမြန်နှုန်းကို အနည်းငယ်မျှပင် မနှေးရဲချေ။

သူသည် မြေပြင်နှင့် သိပ်မကွာဝေးသော လေထုကို နင်းကန်ကာ အသံ၏ နှစ်ဆ နှုန်းဖြင့် ပြေးလွှားနေခဲ့သည်။ သူသည် စက္ကန့်ပိုင်း အတွင်းမှာပင် တောင်းတန်းများ၊ သစ်ပင်များ၊ အဆောက်အဦများကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း ချန်းဖန်က သူ့ထက် ပို၍ လျင်မြန်ပေသည်။ ချန်းဖန်၏ ပုံစံက သိပ် အားစိုက်ထုတ်ပုံ မရသည့်တိုင် တစ်စထက် တစ်စ ကလာ့ခ်နှင့် ပိုမို နီးကပ်လာခဲ့၏။

"နှစ်ဆယ် ကီလိုမီတာ ..."

"ဆယ့်ငါးကီလိုမီတာ ..."

"တစ်ဆယ် ကီလိုမီတာ ..."

ကလာ့ခ်မှာ ချန်းဖန် တဖြည်းဖြည်း နီးကပ်လာကြောင်း ခံစားမိသည်နှင့် သူ၏ အမြန်နှုန်းကို ထိပ်မံ မြှင့်တင်ရန် ကြိုးစားသည်။ သို့သော်လည်း ကံမကောင်းစွာပင် သူသည် သူ၏ အမြန်နှုန်း ကန့်သတ်ချက်သို့ ရောက်နေခဲ့ပြီး ဖြစ်သည်။

"သူက သမုဒ္ဒရာဘက်ကို သွားနေတာပဲ"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း အဝေးသို့ လှမ်းမျှော် ကြည့်လိုက်သည်။ မကြာခင်မှာပင် အဆုံးမဲ့သော ရေနယ်နိမိတ်ကား မိုးကုပ်စက်ဝိုင်း၏ တစ်ဖက်၌ ပေါ်လာခဲ့၏။

ပင်လယ်သို့ ရောက်သည်နှင့် ကလာ့ခ်က သူကိုယ်သူ ငွေရောင် အလင်းတန်း တစ်ခု အသွင်ပြောင်းကာ ရေထဲသို့ ခုန်ဆင်းသွားသည်။ ထို့နောက် သူက ရေအောက်သို့ ငုပ်၍ ကျွမ်းကျင်စွာ ကူးခပ်သွား၏။

"ရေထဲဆင်းပြေးတာနဲ့ လွတ်မယ်များ ထင်နေတာလား ..."

ချန်းဖန်က ရေမျက်နှာပြင် အပေါ်မှပင် ကလာ့ခ် ရှိရာသို့ ဆက်လိုက်သည်။

"ငါးကီလိုမီတာ ..."

"လေးကီလိုမီတာ ..."

"သုံးကီလိုမီတာ ..."

တိုက်ခိုက်နိုင်သည့် အကွာအဝေး တစ်ခုသို့ အရောက်၌ ကလာ့ခ်က ကြီးမားသော စစ်သင်္ဘောကြီး အတွင်း တိုးဝင်သွားသည်။

ထိုစဉ်မှာပင် ချန်းဖန် ရှိရာသို့ ဦးတည်ပြီး အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာ၏။

"ငါတို့က အမေရိကန် ဒုတိယမြောက် အတ္တလန္တိတ် ရေတပ်ရဲ့ ၁၇ ခုမြောက် တပ်ဖွဲ့ကပဲ ... အမေရိကန် ရေတပ်မတော်ရဲ့ နာမည်နဲ့ မင်းကို ခုချက်ချင်း ရပ်လိုက်ဖို့ အမိန့်ပေးတယ် ..."

အသံ၏ အဆုံး၌ သင်္ဘောပေါ်တွင် အမြောက်များ အစီအရီ ပေါ်လာကာ ချန်းဖန်ရှိရာ အရပ်သို့ ထိုးချိန်လိုက်သည်။

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ကြည့်လိုက်၏။ သူ၏ အရှေ့ ကီလိုမီတာ အနည်းငယ်ခန့် အကွာတွင်မူ ရေတပ်တစ်ခု ရှိနေသည်။

ထိုရေတပ်၌ ဖျက်သင်္ဘော သုံးစင်း၊ စစ်သင်္ဘော ခြောက်စင်း ပါဝင်၏။ သင်္ဘာများ အပြင် လက်နက်တပ်ဆင်ထားသော ဟယ်လီကော်ပတာ ခုနစ်စင်းသည်လည်း  ကောင်းကင်၌ လှည့်ပတ်ကာ ပျံသန်းနေ၏။

"ဟင်း ..."

ကလာ့ခ်မှာ အမှတ် ၁၇ တပ်ဖွဲ့၏ လက်သို့ ရောက်မှ သက်ပြင်းတစ်ချက် ချနိုင်တော့သည်။

"ဆရာ ... ကျွန်တော်က အမှတ် ၁၇ တပ်ဖွဲ့ရဲ့ ကွန်မန်ဒါပါ ... ဆရာတို့ကို ဒီနေရာမှာ လာစောင့်ဖို့ ကျွန်တော်တို့ အမိန့်ရထားပါတယ် ... ဒါနဲ့ အခြားလူတွေရော ဘယ်မှာလဲ"

ရေတပ် ဝတ်စုံဝတ် ဗိုလ်ချုပ်က ကလာ့ခ်အား ရိုသေစွာ မေးလိုက်သည်။

ယခု အော်ပရေးရှင်းမှာ CIA နှင့် ဥရောပ အမြင့်ပိုင်းမှလူများ ပူးပေါင်း စီစဉ်သည့် စစ်ဆင်ရေး ဖြစ်သည်။ ဝန်ကြီးသံလက်သီးနှင့် ပင်တဂွန် တို့က ထိုစစ်ဆင်ရေးအား ဖြစ်မြောက်ရန် အဓိက ဆောင်ရွက်ခဲ့ကြ၏။ ဗိုလ်ချုပ် ကော်စတာမှာ သာမန် ရေတပ် ဗိုလ်ချုပ် တစ်ယောက်သာ ဖြစ်ရာ ထိုဆုံးဖြတ်ချက်ကို မဆန့်ကျင်ရဲခဲ့ပေ။

"အားလုံးသေကုန်ကြပြီ ..."

ကလာ့ခ်က တုန်ရီစွာ အဖြေပေးလိုက်သည်။

"ဘယ်လို ..."

ဗိုလ်ချုပ် ကော်စတာက အံ့ဩတကြီးဖြင့် ပြန်မေးလိုက်၏။

"သူတို့ အားလုံးကို ဟိုအပြင်မှာရှိတဲ့ လူက သတ်လိုက်တာလား ..."

ကော်စတာမှာ အပြင်ဘက်သို့ လှမ်းကြည့်ရင်း ကြက်သီးများပင် ထလာမိသည်။ အမှတ် ၁၇ တပ်မနှင့် သုံးကီလိုမီတာ အကွာ၌ ထိုမိစ္ဆာ ရှိနေသည် မဟုတ်ပါလား။

"ဥရောပ အကြီးအကဲတွေကို ဆက်သွယ် ... F-22 တွေနဲ့ လေယာဉ်တင် သင်္ဘောတွေပါ စစ်ကူ ပို့ပေးဖို့ပြော ... နောက်ပြီး နျူကလိယ လက်နက်ကိုပါ အသုံးပြုဖို့ ခွင့်တောင်းထား ... ရန်သူက သူတို့ ထင်တားထာထက် ပိုကြောက်ဖို့ ကောင်းတယ်"

လျှပ်စစ်သံလိုက် အမြောက်များပင် ချန်းဖန်ကို ထိခိုက်အောင် မလုပ်နိုင်ရာ နျူကလိယ လက်နက် တစ်ခုသာ ရွေးချယ်စရာ ကျန်တော့သည်။ နျူကလိယ လက်နက်ကလည်း ချန်းဖန်အား သတ်နိုင်မည်ဟု ကလာ့ခ် ယုံကြည်သည်။

"စိတ်မပူပါနဲ့ ဆရာ ... ကျွန်တော်တို့ အခုရှိနေတာက အတ္တလန္တိတ် သမုဒ္ဒရာပါ ... ဒီနေရာက အမေရိကန်ရဲ့ ရေပိုင်နက်ပါ ... ဘယ်နိုင်ငံ ဘယ်လူမျိုးကမှ ဒီနေရာကို မကျူးကျော်ရဲပါဘူး"

ဗိုလ်ချုပ် ကော်စတာက ယုံကြည်ချက် ရှိစွာ ဆိုလိုက်၏။

"ဗိုလ်ချုပ် ... ခင်ဗျားက ချန်းပေ့ရွှမ်းကို အထင်သေးနေပြီ"

ကလာ့ခ်က ခေါင်းကို ခါယမ်းလိုက်သည်။

"ကျွန်တော် ပြေတာကို ယုံကြည်ပါ ဆရာ ... သူ မလုပ်ရဲ"

ကော်စတာ၏ စကားမဆုံးခင်မှာပင် ချန်းဖန်က အဇူရာ အလင်း အသွင်ပြောင်းကာ အမှတ် ၁၇ ရေတပ် ရှိရာဆီသို့ တိုးဝင်လာတော့သည်။

"ဘာလဲ ... သူက ဘာလို့ အမေရိကန်ကို တိုက်ခိုက်ရဲတာလဲ ..."

ဗိုလ်ချုပ် ကော်စတာမှာ ဆွံ့အနေစဉ်မှာပင် သူ၏ လက်ထောက်က အော်ဟစ်ကာ အမိန့်ပေးလိုက်သည်။

"ပစ်ကြဟေ့ ... သူ့ကို အနားကပ် မခံနဲ့ ..."

"ဘုန်း ... ဘုန်း ..."

သင်္ဘောများရှိ အမြောက်များ အားလုံးက ချန်းဖန် ရှိရာသို့ ထိုးချိန်ကာ တစ်ချိန်တည်း လိုလိုပင် ပစ်ခတ်လိုက်သည်။

သို့သော်လည်း နောက်ကျနေချေပြီ ဖြစ်သည်။ ချန်းဖန်ကား သုံးကီလိုမီတာ အကွာအဝေးကို တစ်ဆယ် စက္ကန့် အတွင်း ဖြတ်သန်းကာ ရေတပ် ရှိရာသို့ ရောက်ရှိလာခဲ့သည်။

"ပျက်စီးစမ်း ..."

ချန်းဖန်၏ အစစ်အမှန်ချီများက ဆယ်ပေရှည်သော နဂါးတစ်ကောင် အသွင် ပြောင်းလဲသွား၏။ ထို နဂါးက အကြေးခွံ၊ အစွယ်၊ မုတ်ဆိတ်မှ အစ အဇူရာ အရောင် ရှိ၏။

"ခရက် ..."

နဂါးက အနီးရှိ စစ်သင်္ဘော တစ်စင်းထံသို့ တိုးဝင်ကာ နှစ်ပိုင်း ပိုင်းဖြတ်လိုက်၏။ ထို စစ်သင်္ဘောကြီးမှာ သံမဏိဖြင့် ပြုလုပ်ထားသော်လည်း အဇူရာ နဂါး၏ ပိုင်းဖြတ်မှုတွင် စက္ကူ တစ်ချပ် အလား ပျက်စီးရသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ကလာ့ခ်နှင့် ဗိုလ်ချုပ် ကော်စတာတို့ နှစ်ယောက်စလုံး ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။

"သူ ... သူက အမေရိကန်ကို စိန်ခေါ်နေတာလား"

***

All Chapters