သားရဲနှင့် သားကောင် (၂)
Vol. 110 Ch. 1539
ယီယွင်မှာ မျက်နှာချင်းဆိုင် အရပ်မှ ထိုအရာကို မြင်တွေ့လိုက်ရလေရာ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ သူ သူမထံသို့ ဦးတည်၍ ဝိညာဉ် ဆက်သွယ်မှု တစ်ခု ပို့လွှတ်ရန် ကြိုးပမ်းလိုက်သော်လည်း လင်းမင်၏ ပြင်းထန်သည့် အော်ရာများက သူ၏ ကြိုးပမ်းမှု မှန်သမျှကို ဖျက်ဆီးပစ်ခဲ့သည်။ ကျောင်းရှုလင်းကို ကြည့်ရင်း သူ့နှလုံသားက စိုးရိမ်စွာ ခုန်လာခဲ့လေ၏။
ရုတ်တရက် တောက်ပသော အလင်းတန်းတစ်ခုမှာ ယီယွင်၏ စိတ်အတွင်း ပေါက်ကွဲသွားသည်။ ထိုအလင်းတန်းမှ တစ်ဆင့် သူ အလွန် စွဲဆောင်မှု ရှိသည့် ပုံရိပ်ကလေး တစ်ခုကို တွေ့လိုက်ရ၏။ သူမက နူးညံ့ သိမ်မွေ့ကာ နှစ်သိမ့်မှု ပေးနိုင်သည့် အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့သည်။
ကျောင်းရှုလင်း...
ဘုန်း...
ယီယွင် ကြည့်နေစဉ်မှာပင် ကျောင်းရှုလင်း၏ ပုံရိပ်မှာ အလင်းမှုန်များ အဖြစ် ပေါက်ကွဲ သွားခဲ့လေ၏။ ယီယွင်၏ နှလုံးသားက လည်ချောင်းအတွင်း တစ်ဆို့နေကာ ခံစားချက်များက ဝိညာဉ်အထိ ရိုက်ခတ် နေခဲ့၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ တုန်ခါ နေခဲ့သည်။
သတိပြန်လည် တင်လာသော အချိန်၌ သူ၏ လက်ဖဝါးနှင့် ကျောပြင်တို့တွင် ချွေးစေးများနှင့် စိုရွှဲ နေခဲ့သည်။ ခါးသီးမှု ပင်လယ်တစ်ဖက်၌ ရပ်နေသည့် ကျောင်းရှုလင်းကို ယီယွင် လှမ်းမြင်လိုက်ရ၏။ သူမက တင်ထားသည့် မြှားကိုပင် နောက်သို့ အနည်းငယ် ဆွဲနေခဲ့ပြီ ဖြစ်သည်။
"..."
ယီယွင်မှာ သူ၏ အလိုလိုသိစိတ်ကို အမြဲတမ်း လိုက်နာခဲ့သည်။ ယခု သူ၏ ထိုအသိစိတ်က အော်ဟစ် နေခဲ့ပြီ ဖြစ်သည်။
ဟူး... ဟူး...
လင်းမင်၏ ဝိညာဉ်အော်ရာမှာ ဖြည်းညင်းစွာပင် တည်ငြိမ်သွားခဲ့၏။ ပွက်ပွက်ဆူနေသည့် သမုဒ္ဒရာအတွင်း ဒေါသတကြီး တိုက်ခတ်နေသည့် မိုးကြိုးမုန်တိုင်းမှာ ရုတ်ချည်း တိတ်ဆိတ် ငြိမ်သက် သွားသကဲ့သို့ပင်။ ထိုအပြောင်းအလဲက သာမန်လူများကို ရူးသွပ်သွားစေဖို့ လုံလောက်ပေသည်။
သို့သော်လည်း... ထိုနေရာ၌ ရှိသူများမှာ သာမန်လူများ မဟုတ်ကြပါချေ။ အစွန်းရောက်ယင် နတ်မိမယ်၊ သတ္တမမြောက် မင်းသားနှင့် ဝေ့ဝူယင်၏ အစွယ်နှင့် လက်သည်းတို့ ကဲ့သို့သော လူများ ဖြစ်ကြပေသည်။
သို့သော်လည်း ဤပုဂ္ဂိုလ်များအတွက်မူ အစွန်းရောက် ယင်သူတော်စင်မ၊ သတ္တမ မင်းသား၊ တက်ကြွသော ဧကရာဇ်၏ လက်သည်းနှင့် စွယ်ပွားများ၊ နှင့် ရှေးဟောင်း ရွေးချယ်ခံတို့အတွက်မူ ဤသည်ပင် ဖြစ်သည်။
“ဝေါင်း...”
ကျူးဟိုင်၏ ဟိန်းဟောက်သံက ရိုင်းစိုင်း အစွန်းရောက်စွာ ထွက်ပေါ်လာခဲ့သည်။ စကြဝဠာ ထိပ်တန်း သားရဲ တစ်ကောင်၏ ဗီဇက သူ့ အသွေးအသားများ အတွင်း စီးဆင်း နေခဲ့ပြီ ဖြစ်လေရာ လူသားဆန်မှု လက္ခဏာ မြူမှုန်တစ်စမျှပင် မရှိပါတော့ချေ။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ မျက်တောင် တစ်ခပ်စာမျှ အချိန် အတွင်းမှာပင် သူ၏ ငွေရောင် ဆံပင်များမှာ နှစ်ဆမျှ အထိ ရှည်လာခဲ့၏။ သူ့ ခန္ဓာကိုယ် အတွင်း လောင်ကြွမ်းနေသည့် ဆန္ဒများက ပိုမို၍ ပြင်းထန်လာကာ လောကကိုပင် ကိုက်ဖြတ်လာသည်။
သားကောင် ရှာဖွေမှု လောက နှလုံးသား ရည်ရွယ်ချက်...
၎င်းမှာ လောက တစ်ခွင်လုံးရှိ အကြီးကျယ်ဆုံးသော သားရဲများသာ ထုတ်လွှတ်နိုင်သည့် ဂုဏ်သိက္ခာကို ရည်ညွှန်းေပေသည်။ ထို့အပြင် ၎င်းမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ကြောက်မက်ဖွယ် ကောင်းသည်။
ကျူးဟိုင်၏ နီမြန်းသော မျက်လုံးများက အပြောကျယ်လှသော လောက တစ်ခွင်လုံးတွင် ပုံရိပ် တစ်ခုတည်းကိုသာ ရောင်ပြန်ဟပ် နေခဲ့သည်။ သူကတော့ လင်းမင်ပင်။
သားကောင်...
သားရဲတစ်ကောင် အတွက် သားကောင်ကို သတ်မှတ်ပြီးသည်နှင့် သူ၏ တည်ရှိမှု တစ်ခုလုံးက ထိုသားကောင် အတွက် ဖြစ်သွားခဲ့သည်။
လင်းမင်၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ကွေးသွားခဲ့၏။ ထိုအခိုက်၌ တစ်လောကလုံးက သူ့ကို အရသာ ရှိသည့် စားစရာ တစ်ခု အဖြစ် စားသုံးရန် အလိုရှိနေသကဲ့သို့ သူ ခံစားနေရသည်။ သူတို့က ကိုယ်ပိုင် မွတ်သိပ်မှု ဆန္ဒနှင့် အတ္တ အတွက် သူ့ တည်ရှိမှုကို ဖျောက်ဖျက်ပစ်လို နေကြသည်။ ထိုခံစားချက်က စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းလှသော်လည်း အသစ် ရရှိထားသည့် ဝိညာဉ် လမ်းစဉ်နှင့် အတူ သူ မည်သည်ကိုမှ ကြောက်ရွံ့ခြင်း မရှိပါချေ။ ထို့အစား... လှောင်ပြုံးပင် ပြုံးလိုက်၏။
ဝှစ်...
လင်းမင် စတင်ကာ လှုပ်ရှားလိုက်သည်။ သူ၏ ကိုယ်ခန္ဓာက လျှပ်စီးထက်ပင် ပိုမို လျှင်မြန်ကာ သေမျိုးအဆင့်၏ ကန့်သတ်ချက်များစွာ ကျော်လွန်သွား၏။
ဝှစ်...
သူ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်ရှိ မူလလှံတံမှာ လင်းလက် သွားကာ သူ့လက်အတွင်း ကျဆင်းလာခဲ့သည်။ လင်းမင် လှံရိုးကို လက်ချောင်းများနှင့် တင်းတင်းဆုပ် ထားလိုက်၏။ တစ်ခဏအတွင်းမှာပင် သူ ကျူးဟိုင်နှင့် ပေပေါင်း အနည်းငယ် အကွာအဝေးသို့ ရောက်ရှိသွားခဲ့သည်။
လင်းမင်၏ ကိုယ်ဟန် အနေအထားက နှိုင်းယှဉ်၍မရနိုင်လောက်အောင် တည်ငြိမ်ကာ သူ၏ အာရုံစူးစိုက်မှုများက တစ်နေရာတည်းတွင် စုစည်းနေသည်။ သူ၏ လှုပ်ရှားမှုတိုင်းက အလွန်ပင် ချောမွေ့လှ၏။ လင်းမင် နှလုံးသားကို ပစ်မှတ်ထားကာ လှံသွားကို ကျူးဟိုင်၏ ရင်ဘတ်ဆီသို့ ဦးတည် ထိုးသွင်းလိုက်သည်။ လင်းမင် မည်သည့်အရာကိုမှ ထိန်းချုပ်ထားခြင်း မရှိချေ။ သူ၏ တိုက်ခိုက်မှုက လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်ကိုပင် သုတ်သင်ပစ်ဖို့ လုံလောက်ပေသည်။
"အရူး..."
အလွန်အမင်း အေးစက်ကာ ထီမထင်မှုများနှင့် ပြည့်နှက်နေသည့် အသံတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။ သို့သော်လည်း ထိုအသံမှာ လင်းမင်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရပ်တန့်သွားအောင် မပြုလုပ်နိုင်ခဲ့ပါချေ။ အမှန်တကယ် ရပ်တန့်သွားအောင် လုပ်ခဲ့သည်က ကြမ်းတမ်းကာ လက်သည်းရှည်များ ပြည့်နှက်နေသည့် လက်တစ်ဖက်ပင်။
လေထုက သူ့အလိုလို ပြိုကျသွားသကဲ့သို့ ထင်ရကာ လောက၏ ဆွဲင်အားများမှာ ပုံပျက်သွားခဲ့၏။ အလင်းကလည်း တွန့်လိမ်သွားကာ ဖော်ပြရန် ခက်ခဲသည့် အသံတစ်ခု ပဲ့တင်ထပ်လာခဲ့၏။
လင်းမင်၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။ ထိုလက်မှာ သူ၏ မူလလှံတံကို လွယ်ကူစွာ၊ တိကျစွာနှင့် ပြီးပြည့်စုံစွာ ဆုပ်ကိုင်ထားသည်။ သူ၏ တိုက်ခိုက်မှုမှာ လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်ကိုပင် တစ်ချက် အတွင်း သတ်ဖြတ်နိုင်သည် အထိ အစွမ်းထက်ပေသည်။ သို့သော်လည်း ၎င်းမှာ တဒင်္ဂ အတွင်းမှာပင် ရပ်တန့်ခံလိုက်ရပြီ ဖြစ်သည်။
ရွှစ်... ရွှစ်...
ပတ်ဝန်းကျင်ရှိ အာကာသ၊ အချိန်၊ အလင်း၊ ဆွဲငင်အား၊ အမတေနှင့် မန်နာ စွမ်းအင်များ အားလုံးမှာ တိုက်စား ချေဖျက် ခံလိုက်ရ၏။ ချွန်မြထက်မြိနေသည့် လက်သည်းများ ပါရှိသော နောက်ထပ် လက်တစ်ဖက်မှာ လင်းမင်ထံသို့ ဦးတည်ကာ ထက်ခြမ်း ခြမ်းလိုက်သည်။ ထိုလက်သည်း အတွင်း ပါဝင်နေသည့် စွမ်းအင်များမှာ နေကြယ်များကို ငြိမ်းသတ်ပစ်ရန်နှင့် ကြယ်တာရာ နယ်မြေများကိုပင် ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။
ဝှစ်...
ရုတ်တရက် လှပသည့် သေသပ်သည့် အလင်းတစ်ခုမှာ သူတို့၏ ရှေ့နားတွင် လင်းလက် လာခဲ့၏။ လက်သီးတစ်ခုက သူတို့ နှစ်ယောက်ကြား၌ ပေါ်လာကာ လင်းမင်၏ ရင်ဘတ်ဆီသို့ ဦးတည်လိုက်သည်။ လက်သီးက အလွန်တရာပင် လျှင်မြန်လွန်းလှလေရာ ရှေးဟောင်း ရွေးချယ်မှာ အလွန်ပင် အံ့ဩသွားခဲ့သည်။ ၎င်းက သူ့နံရိုးများကို တိုက်ရိုက်ပင် ထိမှန်လေရာ မိုးကြိုးပေါင်း တစ်သောင်း ပစ်ခတ် သကဲ့သို့ ခံစားလိုက်ရလေသည်။
ဘုန်း...
လင်းမင်၏ ခန္ဓာကိုယ်မှာ ခါးသီး ပင်လယ် တစ်လျှောက် လွင့်စဉ် သွားခဲ့သည်။ နာ့ရှင်းရီ ခန္ဓာကိုယ်ကို တစ်ပတ် လှည့်လိုက်ရင်း တိုးဝင်လာသည့် ကျူးဟိုင်၏ လက်သီးကို လက်ဝါးဖြင့် ကာလိုက်သည်။ ချက်ချင်းပင် လက်သည်း အတွင်းရှိ စွမ်းအင်များမှာ ပျောက်ကွယ်သွားကာ မနှိုင်းယှဉ်သာလောက်အောင် နူးညံ့ သိမ်မွေ့ သွားခဲ့၏။
သို့သော်လည်း မိန်းကလေး၏ မျက်နှာ အမူအရာက အလွန်ပင် ဖြူရော် သွားခဲ့သည်။
ကျူးဟိုင်၏ မျက်လုံးများမှာ လင်းမင်၏ ခန္ဓာကိုယ် ရွေ့လျားသွားသည့် နေရာကို အတိအကျပင် လိုက်ကြည့် နေခဲ့၏။ သူက နာ့ရှင်းရီ သူရှေ့တွင် မရှိနေသကဲ့သို့ တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ချေ။ ထို့နောက် သူ၏ ခြေထောက်များမှာ ကွေးညွှတ်သွားလေ၏။
နာ့ရှင်းရီမှာ ကျူးဟိုင်အပေါ်တွင် ဆက်လက်၍ အာရုံမစိုက်နိုင်ပါချေ။ သူမက ယင်ဓားကို ဖန်တီးကာ နောက်ဘက်ကို အရှိန်အဟုန်နှင့် လွှဲခုတ်လိုက်၏။
ဘုန်း...
ယင်လှိုင်းလုံးတစ်ခုမှာ အာကာသနှင့် အချိန်ကို ဖြတ်ကျော်ကာ ထန်ရှင်းယွင် ရှေ့သို့ ရောက်ရှိသွား၏။ ထိုအခိုက်၌ ရွှေရောင်အလင်းတန်းတစ်ခုမှာ သူမ၏ လည်ပင်းအတွင်း ထိုးဝင် ဖြတ်တောက်ရန် နှစ်စင်တီမီတာခန့် အကွာအဝေးသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ အချိန်ကိုက်ပင် ယင်ဓားအလင်းမှာ ၎င်းကို ရိုက်ခတ်လိုက်၏။ ယန်ကို ယင်နှင့် ချေဖျက်ကာ ရန်သူ၏ တိုက်ခိုက်မှု အားလုံးကို ပယ်ဖျက် ပစ်လိုက်သည်။
ထန်ရှင်းယွင်မှာ မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း နားလည်နိုင်ခြင်း မရှိပါချေ။ သူမ၏ စိတ်အာရုံ တစ်ခုလုံးက အလွန်အမင်း ထိတ်လန့် ချောက်ချားခြင်း ဖြစ်စဉ် အတွင်း ဆက်လက် ကျရောက်နေဆဲ ဖြစ်သည်။ သူမ တစ်စွန်းတစ်စ မြင်လိုက်ရသည်က ရွှေရောင်နှင့် မီးခိုးရောင် အလင်းများ ဖျပ်ခနဲ လင်းလက် သွားခဲ့ခြင်းသာ ဖြစ်ပေသည်။ မျက်တောင်တစ်ခပ်စာမျှ အတွင်းမှာပင် သူမ၏ အသက်ရှင်သန်မှုများက အလှည့်အပြောင်း ဖြစ်သွားခဲ့ကြောင်း လုံးဝ နားမလည်နိုင်ပါချေ။
"..."
ထျန်းရီဝူမှာ ရွှေရောင် တလက်လက် တောက်ပနေသည့် လက်ချောင်းများနှင့် ထန်ရှင်းယွင်ထံ ထိုးချိန်ထားဆဲ ဖြစ်သည်။ သူက နာ့ရှင်းရီကို ချီးကျူးဟန်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်၏။ သို့သော်လည်း ထိုမျှသာ ဖြစ်ပေသည်
သူ၏ မျက်လုံးများက ထန်ရှင်းယွင်ဘက်သို့ ပြန်လည် ရွေ့လျား သွားကာ တဖျပ်ဖျပ် တောက်ပလာခဲ့၏။ သူက လက်ချောင်းများကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ကာ ရွှေရောင် ဓားအလင်းလှိုင်း တစ်ခုကို ထပ်မံ ထုတ်လွှတ် လိုက်ပြန်သည်။
ကလန့်...
ဓားအလင်းမှာ နှိုင်းယှဉ်၍ မရနိုင်သည့် စွမ်းအားနှင့် ဓားဟိန်းဟောက်သံ တစ်ခုကို သယ်ဆောင်ကာ အာကာသကို ဖောက်ထွင်းသွားခဲ့သည်။
ဓားရည်ရွယ်ချက်...
ဝှစ်...
နာ့ရှင်းရီမှာ မူလ နေရာမှ ပျောက်ကွယ်သွားကာ ထန်ရှင်းယွင်၏ အရှေ့ဘက်တွင် ပြန်လည် ပေါ်လာခဲ့၏။ သူမက ဓားကို ဝှေ့ယမ်းရင်း မြူခိုးများ ဝေ့သီနေသည့် ယင်အလင်းလှိုင်း တစ်ခုကို ပစ်လွှတ်လိုက်သည်။
ဝှစ်... ဝှစ်...
စွမ်းအင် နှစ်ခု ထိပ်တိုက် ထိတွေ့သွားရာ ပြင်းထန်သည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာခြင်း မရှိပါချေ။ ထို့အစား.. ရွှေရောင် ဓားအလင်းမှာ ဝါဂွမ်းပုံထဲ တိုးဝင်သွားသည့် အလား ထူးဆန်းစွာ ပျက်ပြယ်သွားခဲ့၏။
ဘုန်း...
ထိုအခိုက်တွင်ပင် ကျူးဟိုင်မှာ စတင် ရွေ့လျားလိုက်ပြီ ဖြစ်သည်။ သူက ကွေးညွှတ်ထားသော ဒူးများကို မိုးခြိမ်းသည့် အလား ပေါက်ကွဲသံမျိုးနှင့် ပြန်လည် ဆန့်တန်းလိုက်၏။
အောက်ခြေရှိ စကျင်ကျောက်သား ကြမ်းပြင် တစ်ခုလုံးက တုန်ခါသွားကာ လှိုင်းများ ရိုက်ခတ်သွားသလို အရပ် ရှစ်မျက်နှာထံ ပျံ့လွင့် သွားခဲ့လေတော့သည်။
***