← Chapters

အားနည်းချက်

Vol. 25 Ch. 249

အားနည်းချက်

Vol. 25 Ch. 249

ဇုချန်းညှိုသည် ဇုမျိုးနွယ်၏ အငယ်ဆုံးသခင်မလေးဖြစ်သလို နောက်ဆုံး အမွေခံလည်း ဖြစ်သည်။ သူမကို အဆုံးရှုံးခံ၍မဖြစ်ပေ။

ဤအခြေအနေတွင် ဦးလေးဆယ့်တစ်အနေနှင့် တဖက်လူများ၏ ထိုးနှက်ချက်ကို ကြံ့ကြံ့ခံရန်မှအပ အခြားနည်းလမ်းမရှိတော့။

ပထမဆုံးအကြိမ်အနေနှင့် ဦးလေးဆယ့်တစ်၏ ကိုယ်ခန္ဓာပတ်ပတ်လည်တွင် စွမ်းအင်အကာအကွယ်တခု ပေါ်ပေါက်လာ၏။ တဆက်တည်းမှာပင် ရေလှိုင်းနီများသည်လည်း ပြန်လည် ထွက်ပေါ်လာပြီး ကျန်းတိန်ယွဲ့နှင့် တခြားလူများကို ပြင်းထန်စွာ ရိုက်ခတ်လိုက်တော့သည်။

ထိုအချိန်တွင် ကျန်းတိန်ယွဲ့ဘက်မှာ အစောင့်များကလည်း ဦးလေးဆယ့်တစ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေဆဲသာ ဖြစ်သည်။ ဒီရေလှိုင်းများကြောင့် အစောင့်နှစ်ယောက်သည် အချင်းချင်း ပြင်းထန်စွာ ဆောင့်မိကြပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြလေသည်။ ကျန်းတိန်ယွဲ့နှင့် တခြားလူများသည်လည်း ရှေးနည်းအတိုင်း နောက်ဘက်သို့ လွင့်စင်သွားကြပြန်၏။ ဤတကြိန်တွင်တော့ ဦးလေးဆယ့်တစ်၏ မျက်နှာသည် ထူးထူးခြားခြား ရဲပဒေါင်းခတ်လာကြောင်း သူတို့အားလုံး မြင်တွေ့လိုက်ရလေသည်။

ဦးလေဆယ့်တစ်အနေနှင့် တဖက်လူများ၏ ထိုးနှက်ချက်ကို အောင်မြင်စွာ ခုခံလိုက်နိုင်၏။ သို့သော် သူသည်လည်း ထိုအတွက် စွမ်းအင်အများအပြား ထုတ်သုံးလိုက်ရလေသည်။

အမှန်တော့ လှည့်ဖျားနှလုံးသား သွေးဗီဇသည် ကြမ်းတမ်ရက်စက်သော သူသေကိုယ်သေ တိုက်ပွဲများနှင့် မသင့်တော်လှ။ ၎င်း၏ နည်းစနစ်အများစုသည် လျင်မြန်မှုနှင့် ဖုံးကွယ်မှု၊ လှည့်စားမှုတို့အပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။ ၎င်းတို့တွင် ရန်သူကို အားကုန်သုံး၍ ဖိနှိပ်နိုင်သည့် နည်းစနစ်တချို့ ရှိသော်လည်း ထိုနည်းစနစ်တို့ကို အသုံးပြုရာတွင် စွမ်းအင်ကုန်ခန်းလှသောကြောင့် အမြဲတမ်းအသုံးပြု၍ မရပေ။

ထိုအချိန်မှာပင် ဦးလေးဆယ့်တစ်၏ နီရဲသော မျက်နှာကိုကြည့်ပြီး ကျန်းတိန်ယွဲ့က တစုံတခုကို နားလည်သဘောပေါက်သွားလေသည်။ ထို့နောက် သူက သူ့လူများကို အော်ဟစ်အမိန့်ပေးလိုက်၏။

"ကောင်မလေးကို ဝိုင်းတိုက်ကြဟေ့"

အမိန့်သံအဆုံးတွင် ကျန်းတိန်ယွဲ့၏ အစိမ်းရောင်ကျော့ကွင်း ဆူလက်ချောင်းများ ထပ်မံပေါ်ထွက်လာ၏။ မြေပြင်တခုလုံး အစိမ်းရောင်သမ်းလာပြီး မြေကြီးအတွင်းမှ နွယ်ပင်နွယ်ခက်များ ချက်ချင်းလိုလို ရှင်သန်ကြီးထွားလာကာ ဇုချန်းညှိုအား နေရာမှာပင် ဝိုင်းဝန်းပိတ်ဆို့ထားလိုက်လေသည်။

ကျန်လူများမှာလည်း အတွေ့အကြုံရင့်ကျက်သူများသာ ဖြစ်ကြလေရာ အခြေအနေကို ချက်ချင်းပင် နားလည်သဘောပေါက်သွားကြ၏။ ထို့နောက် သူတို့အားလုံးသည် ဇုချန်းညှိုအား ဦးတည်တိုက်ခိုက်လိုက်ကြလေသည်။ ကျုံးချီစိကလည်း သူ၏ သွေးပုံတူသုံးကောင်ကို ဇုချန်းညှိုအား တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

ဦးလေးဆယ့်တစ် အကြီးအကျယ် စိတ်ဆိုးသွား၏။ သူက လက်ဝါးကိုမြောက်ပြီး သွေးပုံတူသုံးကောင်ကို ရိုက်ချလိုက်လေသည်။ သို့သော် ထိုအချိန်တွင် သူက ကျုံးချီစိကို မေ့လျော့ထားသလို ဖြစ်သွားလေရာ လမ်းခုလတ်မှာပင် နောက်ထပ် ပြင်းထန်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရပြန်သည်။

အမှန်ဆိုလျင် ဦးလေးဆယ့်တစ်အနေနှင့် တိုက်ခိုက်မှုအများစုကို အလွယ်တကူ ရှောင်တိမ်းနိုင်သည့်အပြင် ကျန်တိုက်ခိုက်မှု သုံးဆယ်ရာခိုင်နှုန်းလောက်ကိုလည်း အလွယ်တကူပင် ခုခံကာကွယ်နိုင်၏။

ယခုတော့ တဖက်လူများ၏ တိုက်ခိုက်မှု ၉၀ရာခိုင်နှုန်းလောက်က ဇုချန်းညှိုထံသို့သာ ဦးတည်လျက်ရှိလေရာ ဦးလေးဆယ့်တစ်အနေနှင့် ရှောင်တိမ်း၍မနေနိုင်တော့ပင် ကြားဝင်ခံပေးရပြန်သည်။

အနီရောင်ရေလှိုင်းများသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွား၏။ ဤတကြိမ်တွင်တော့ ဦးလေးဆယ့်တစ်သည် လူနှစ်ဆယ်ကျော်၏ တပြိုင်နက်တည်း တိုက်ခိုက်မှုကို ကြားဝင်ခံပေးလိုက်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကျန့်ပါ့ရှန်းသည် ချိန်သားကိုက်ပြန်ပေါ်လာ၏။ သူတို့အုပ်စုအနက် ကျုံးချီစိမှအပ ကျန့်ပါ့ရှန်းသည် တိုက်စစ်စွမ်းရည် အကောင်းဆုံးဟု ဆိုနိုင်သူဖြစ်သည်။ ဤတကြိမ်တွင်တော့ သူမ၏ ပြင်းထန်အားပါလှသော လက်သီးသည် ဦလေးဆယ့်တစ်၏ ကျောပြင်ပေါ်သို့ တည့်မတ်စွာ ထိမှန်သွား၏။

ဘုန်းခနဲမြည်သံနှင့်အတူ အကာအကွယ်တခုလုံး ပျက်စီးသွားပြီး ဦးလေးဆယ့်တစ်၏ ကိုယ်ခန္ဓာသည် ရှေ့တိုးနောက်ငင်နှင့် ယိမ်းထိုးလျက်ရှိသည်။ သူ့နှုတ်ခမ်းထောင့်မှလည်း သွေးများယိုစီးကျနေ၏။

"ဦးလေဆယ့်တစ်"

ဇုချန်းညှို အထိတ်တလန့်နှင့် အော်ဟစ်လိုက်၏။

တိုက်ပွဲတလျှောက်လုံး ဦးလေးဆယ့်တစ်အနေနှင့် အပေါ်စီးက တိုက်ခိုက်နေရာမှ ပထမဆုံးအကြိမ် ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။

သို့တိုင်အောင် ဦးလေးဆယ့်တစ်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ကျန့်ပါ့ရှန်းတယောက် အဝေးသို့ လွင့်စင်သွား၏။ မည်သို့ဆိုစေ ဦးလေးဆယ့်တစ်၏ နှုတ်ခမ်းထောင့်မှ စီးကျနေသော သွေးများကိုကြည့်ရင်း ကျန်းတိန်ယွဲ့တို့လူစု အထူးတလည် စိတ်ဓာတ်တက်ကြွလာတော့သည်။ သူတို့အတွက် အောင်ပွဲရရန် မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့လေပြီ။

ထိုအခါ သူတို့၏ တိုက်ခိုက်မှုသည် ပို၍ ပြင်းထန်လာ၏။ ပို၍ ရက်စက်ကြမ်းကြုတ်လာ၏။

သူတို့သည် ဦးလေးဆယ့်တစ်ဆီသို့ တယောက်ပြီးတယောက် ခုန်ဝင်တိုက်ခိုက်ကြ၏။ တယောက်ပြီးတယောက် နောက်ဘက်သို့ ပြန်လည်လွင့််စင်လာကြသော်လည်း သူတို့ကား အနည်းငယ်မျှ နောက်ဆုတ်သွားခြင်းမရှိ။ ရှေ့သို့သာ တဟုန်ထိုး ခုန်ဝင်တိုက်ခိုက်နေကြလေသည်။ ကြည့်ရသည်မှာ သူတို့၏ တိုက်ခိုက်မှုသည် အသက်သေဆုံးသွားတော့မှ ရပ်တန့်သွားမည့်ပုံပင်။

ရန်သူသည် သူတို့အားလုံးကို တယောက်မကျန် သတ်ပစ်ရန် ဆုံးဖြတ်ထားကြောင်း ကျန်းတိန်ယွဲ့တို့အားလုံး ကောင်းစွာနားလည်ထားကြ၏။ ယခုအချိန် မတိုက်ခိုက်လျင် သူတို့အားလုံး တမလွန်သို့ မြန်းရမည်မှာ သေချာနေသည် မဟုတ်ပါလား။

တိုက်ပွဲအစတုန်းကတော့ ဦးလေးဆယ့်တစ်၏ အမူအရာက အေးဆေးတည်ငြိမ်ခဲ့၏။ စိန်ပြေနပြေနိုင်ခဲ့၏။

တကယ်လည်း ဦးလေးဆယ့်တစ်အတွက် ဤတိုက်ပွဲသည် ဘာမှမဟုတ်။ ကျန်းတိန်ယွဲ့၊ ကျုံးချီစိနှင့် ကျန့်ပါ့ရှန်းတို့ကို သုတ်သင်ရန် အင်အားအနည်းငယ် ပိုမိုစိုက်ထုတ်ရမည်မှအပ ကျန်လူများမှာ တယောက်မှ အဆင့်မမီ။ ထို့ကြောင့်် သူမျက်လုံးထဲတွင် ဤတိုက်ပွဲသည် ကစားပွဲတခုထက်မပိုချေ။ သူ့အနေနှင့် ထောပတ်အား ခြစ်ခြစ်တောက်ပူနေသော ဓားနှင့် လှီးချလိုက်သလို ရန်သူများအားလုံးကို အလွယ်တကူ သတ်ပစ်နိုင်၏။

သို့သော် တိုက်ခိုက်မှုများအားလုံး ဇုချန်းညှိုထံသို့ ဦးတည်လာကတည်းက အရာအားလုံး ပြောင်းလဲသွားခြင်းဖြစ်သည်။

ယခုတော့ ဦလေးဆယ့်တစ်သည် ဇုချန်းညှိုကို ကာကွယ်ရင်း တိုက်ပွဲကို မရှုံးနိမ့်စေရန် အသည်းအသန် ရုန်းကန်နေရတော့သည်။

သူသည် ပြန်တိုက်ဖို့ဝေးစွ၊ ရန်သူများ၏ တိုက်ခိုက်မှုကို အဆက်မပြတ် ရှောင်တိမ်းပေးနေရ၏။ တချက်တချက်တွင် ဇုချန်းညှိုထံသို့ ဦးတည်လာသည့် တိုက်ခိုက်မှုများကို ကြားဝင်ခံပေးနေရသေးသည်။ ထိုတိုက်ခိုက်မှုများသည် သူ့အတွက် ပြင်ပဒဏ်ရာလောက်သာ ရစေသော်လည်း ဇုချန်းညှိုကိုတော့ အသက်ပျောက်သွားစေနိုင်လောက်သည် မဟုတ်ပါလား။

ထိုအခါ တိုက်ပွဲ၏ ချိန်ခွင်လျှာသည် တဖြည်းဖြည်း ပြောင်းလဲလာ၏။ ဦးလေးဆယ့်တစ်တို့ဘက်မှ ယခင် အသာစီးရနေရာမှ အရှုံးပေါ်စပြုလာတော့သည်။

ဇုယွဲ့ညှန်နှင့် တခြားလူများသည် အခြေအနေကို သတိပြုမိကြ၏။ ဇုချန်းညှိုသည် သူတို့အားလုံး၏ အားနည်းချက်ပင် မဟုတ်ပါလား။ ထိုအခါ သူတို့အားလုံး တိုက်ပွဲစည်းဝိုင်းအတွင်းသို့ ဝင်ရောက်လာကြတော့သည်။

သို့သော်ငြားလည်း ဇုချန်းနှင့် ဇုယွဲ့ညှောင်တို့သည် မျိုးနွယ်စုနာမည်ကသာ ဇုဖြစ်နေသော်လည်း သန့်စင်သော နတ်ဆိုးဧကရာဇ်သွေးဗီဇကို ပိုင်ဆိုင်ထားကြသည်မဟုတ်။ အမှန်တော့ သူတို့နှစ်ယောက်သည် ဇုမျိုးနွယ်စု အစေခံများမှ မွေးဖွားလာသူများသာ ဖြစ်ကြသည်။ တနည်းအားဖြင့် သူတို့သည် သွေးနှောများသာ ဖြစ်ကြလေရာ အင်အားအရာတွင်လည်း အတော်လေး နိမ့်ကျလှသည်။ ထပ်ပြောရလျင် သူတို့နှစ်ယောက်၏ အခြေအနေမှာလည်း ဦးလေးဆယ့်တစ်နှင့် ထပ်တူပင်။ အကြောင်းမှာ ဇုချန်းညှိုသည် ဦးလေးဆယ့််တစ်၏ အာနည်းချက်သာမဟုတ်ပဲ ဇုမျိုးနွယ်စုတခုလုံး၏ အားနည်းချက် ဖြစ်နေသောကြောင့်ပင်တည်း။

ထိုအချိန်တွင် ကျန်းမျိုးနွယ် အစေခံတယောက်သည် ဇုချန်းညှိုထံသို့ ခုန်ဝင်လာပြန်သည်။ သို့သော် ၎င်းသည် ဦးလေးဆယ့်တစ်၏ လက်ချက်ကြောင့် လွင့်စင်သွား၏။ သို့သော် ထိုအတွက် ဦးလေးဆယ့်တစ်၏ တံတောင်ဆစ်တွင် ကျုံးချီစိ၏ ဓားတချက် ထိမှန်သွားလေသည်။

ပြင်းထန်အားကောင်းသော ချီအားလှိုင်းတခုသည် ဦးလေးဆယ့်တစ်၏ ကိုယ်ခန္ဓာအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ သူ့အား မြွေတကောင်သဖွယ် ရစ်ပတ်လာ၏။ ပုံမှန်အခြေအနေဆိုလျင် ဦးလေးဆယ့်တစ်အနေနှင့် သူ့ကိုယ်တွင်းရှိ မူလစွမ်းအင်များကို လည်ပတ်စေပြီး ထိုအားလှိုင်းကို အလွယ်တကူ ဖယ်ထုတ်ပစ်၍ ရသည်။ ယခုတော့ ထိုသို့ ပြုလုပ်နေရန် အချိန်မရတော့။

အကြောင်းမှာ ကျန်းတောက်က ဇုချန်းညှိုကို တိုက်ခိုက်လိုက်သောကြောင့်ပင်။ ကျန်းတောက်သည် ဇုချန်းညှိုဘေးရှိ အစောင့်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး တချိန်တည်းမှာပင် ဇုချန်းညှို၏ ရင်ဝကို ကျန်လက်ဝါးတဖက်ဖြင့် ရိုက်ချလိုက်၏။

ဦးလေးဆယ့်တစ်သည် လေထဲတွင် နတ်ဆိုးတကောင်ပမာ လှစ်ခနဲ ပျောက်ကွယ်သွားပြီး ကျန်းတောက်၏ နောက်ကျောသို့ ရောက်ရှိလာ၏။ ထို့နောက် သူက ကျန်းတောက်၏ ကျောပြင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

"အား"

ပြင်းထန်သော နာကျင်မှုကြောင့်် ကျန်းတောက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့ပါးစပ်မှလည်း သွေးများ ပွက်ခနဲ အန်ထွက်လာ၏။ ဇုချန်းညှို၏ မျက်နှာတခုလုံးမှာလည်း ကျန်းတောက် အန်ထုတ်လိုက်သည့် သွေးများကြောင့် ရွှဲရွှဲစိုသွားလေသည်။

ကျန်းတောက်ကား မာန်မလျှော့သေး။ သူက နောက်ကိုလှည့်ပြီး ဦးလေးဆယ့်တစ်ကို လက်ဝါးနှင့် ရိုက်ရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် ဦးလေးဆယ့်တစ်၏ ကိုယ်ခန္ဓာမှာ အနီရောင်ရေလှိုင်းများ ထပ်မံထွက်ပေါ်လာပြီး ကျန်းတောက်၏ လက်ဝါးရိုက်ချက်ကို ပိတ်ဆို့လိုက်၏။ ဦးလေးဆယ့်တစ်၏ တန်ပြန်လက်ဝါးရိုက်ချက်ကား ကျန်းတောက်၏ ရင်ဘတ်ကို တည့်မတ်စွာ ထိမှန်သွားလေသည်။ ကျန်းတောက်၏ ရင်ဘတ်တွင် အပေါက်ကြီးတပေါက် ပေါ်ပေါက်လာပြီး သူ့နှလုံးသားမှာလည်း ကွဲကြေသွား၏။

သို့သော်ငြားလည်း ကျန်းတောက်ကို သတ်ဖြတ်ရန် ကြိုးစားလိုက်ရခြင်းကြောင့် သူ့နောက်ကျောရှိ ဟွမ်းမင်နှင့် ကျန့်ပါ့ရှန်းတို့၏ တိုက်ခိုက်မှုကိုကား ဦးလေးဆယ့်တစ် ရှောင်တိမ်းရန် အခြေအနေမပေးတော့။

ထိုခနမှပင် ဦးလေးဆယ့်တစ်သည် ခေါင်းကိုမော့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ မြေခွေးနီသည် နောက်တကြိမ် ထပ်မံပေါ်ပေါက်လာပြန်၏။ ၎င်းသည့် တကယ့် သားရဲသတ္တဝါတကောင်ပမာ ကျန့်ပါ့ရှန်းဆီသို့ ခုန်ဝင်သွားပြီး သူမ၏ တံတောင်ဆစ်ရှိ အသားစိုင်တို့ကို ကိုက်ခဲဆွဲဖြဲလိုက်ပြီး လက်ကို မလွတ်တမ်းခဲထားလေသည်။ ဤသည်မှာ ဦးလေးဆယ့်တစ်အနေနှင့် ကျန့်ပါ့ရှန်း၏ လက်သီးထက် ဟွန်းမင်၏ ဓားချက်ကိုသာ ခံဆောင်တော့မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ကျန့်ပါ့ရှင်း၏ ကိုယ်ခန္ဓာစွမ်းအင်သည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် အထွတ်အထိပ်တွင် ရှိနေသော်လည်း သူမ၏ တကယ့်အင်အားမှာကား ပျမ်းမျှအားဖြင့် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်အဆင့်ခန့်ပင် ရှိနေ၏။ မည်သို့ဆိုစေ ဤအမျိုးသမီးသည် တိုက်ခိုက်သည့်နေရာတွင် ပါရမီရှင်တဦးဟု ဆိုနိုင်ပေသည်။

ထိုအချိန်မှာပင် ဟွမ်းမင်၏ဓားက ဦးလေးဆယ့်တစ်၏ ကျောပြင်ကို ကျကျနနပင် ထိမှန်သွားလေသည်။ ဓားချက် အသားထဲသို့ နစ်ဝင်သွားသည့်အချိန်တွင် ရွှေဝါရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး အားကောင်းသော ချီအားလှိုင်းများကြောင့် ဒဏ်ရာမှ သွေးများပန်းထွက်လာ၏။

"အား"

ဦးလေးဆယ့်တစ် ခါးသီးနာကျင်စွာ အော်ဟစ်လိုက်ပြီး ဟွမ်းမင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ထိုအချိန်တွင် အနီရောင်ရေလှိုင်းက ထပ်မံပေါ်ထွက်လာလေရာ ဟွမ်းမင် နောက်ဘက်သို့ လွင့်စင်သွား၏။

မည်သို့ဆိုစေ ဟွမ်းမင်၏ လက်ချက်ကြောင့် ဦးလေးဆယ့်တစ် အတော်လေး အထိနာသွားသည်ကတော့ အမှန်ပင်။ သူ့နောက်ကျောတွင် ကြောက်စရာ အပေါက်ကြီးတပေါက် ဖြစ်ပေါ်နေပြီး ထိုအပေါက်မှ သွေးများ ယိုစီးကျလျက်ရှိ၏။

ဟွမ်းမင်အနေနှင့် ဤမျှ အားပါလှသည့် တိုက်ခိုက်မှုမျိုးကို ပြုလုပ်နိုင်လိမ့်မည်ဟု ဦးလေးဆယ့်တစ် လုံးဝထင်မထား။ ထိုအခါ သူသည် အံ့သြသင့်သွားသလို ဒေါသလည်း ပိုထွက်လာ၏။

ဟွမ်းမင်က ပါးစပ်ထဲမှသွေးများကို ထွေးထုတ်ပြီး အားရပါးရ ရယ်မောလိုက်၏။

"မှတ်ပြီလားကွ ကျုပ်ကို အထင်သေးအုံးမလား"

တော်ဝင်မျိုးနွယ်စုဝင်တယောက်အနေနှင့် ဟွမ်းမင်တွင်လည်း ဝှက်ဖဲရှိနေသည်သာ။ ယခုတော့ တဖက်လူကို အထင်သေးမိ၍ ဦးလေးဆယ့်တစ်တယောက် ထိုက်တန်သော တန်ဖိုးကို ပေးဆပ်လိုက်ရပြီဖြစ်သည်။

ဦးလေးဆယ့်တစ်ကို ထိခိုက်ဒဏ်ရာရစေပြီးနောက် ဟွမ်းမင်ခမျာ သူ့ခြေထောက်ပေါ်တွင် မားမားမတ်မတ်ပင် မရပ်တည်နိုင်တော့ရှာ။ သို့သော် ကျန့်ပါ့ရှန်းကား ဘာမှပင် ထိခိုက်လိုက်ပုံမရ။ မြေခွေးနီ ကိုက်ခဲခြင်းခံလိုက်ရသည့် လက်သည် ယခင်အတိုင်း ပြန်လည်ကောင်းမွန်နေခဲ့ပြန်လေပြီ။ သူမကိုကြည့်ရသည်မှာ သတ်၍မသေနိုင်သည့် ပိုးဟပ်တကောင်နှင့်ပင် တူနေသေးသည်။ သို့သော် ဤတဒင်္ဂအတွင်း ကျန့်ပါ့ရှန်း၏ ပုံစံသည် အတော်လေး ကျုံလှီသွားဟန် ပေါ်နေ၏။

သူမသည် ယခုတိုင် ဝတုတ်ပြဲလျက်ရှိနေသေးသော်လည်း ယခင်ကဲ့သို့ လူသားမဆန်သည့် ဝတုတ်နေပုံမျိုး မဟုတ်တော့။

ထိုအချိန်တွင် ကျန့်ပါ့ရှန်းသည် လေထဲသို့ ကျားတကောင်ကဲ့သို့ ခုန်တက်လိုက်ပြီး နောက်ထပ် ရေပြင်ညီဆိုက်ရောက်လက်သီးကွက်ကို ထပ်မံဖော်ထုတ်လိုက်ပြန်သည်။

ဤတကြိမ်တွင်လည်း ဦးလေးဆယ့်တစ်သည် သူမ၏ လက်သီးချက်ကို ယခင်နည်းအတိုင်း အနာခံ၍ ခုခံမည်ဟု ထင်မှတ်ရလေသည်။ သို့သော် ထိုအချိန်မှာပင် မမျှော်လင့်သော အဖြစ်အပျက်တခု ဖြစ်ပေါ်လာ၏။ ၎င်းမှာ ဇုချန်းညှို၏ အမိန့်ကြောင့် တိုက်ပွဲစည်းဝိုင်း၏ လေးဘက်လေးတန်တွင် စောင့်ကြပ်နေသော အနက်ရောင်ဝတ်ဆင်ထားသည့် စစ်သည်တော်တယောက်သည် ကျန်းပါ့ရှန်းဆီသို့ ရုတ်တရက် ခုန်ဝင်လာပြီး တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်ခြင်းပင် ဖြစ်သည်။

ကျန့်ပါ့ရှန်း အကြီးအကျယ် ဒေါသထွက်သွား၏။ သူမက စစ်သည်တော်၏ ကျောပြင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ စစ်သည်တော်၏ ပါးစပ်မှ သွေးများပန်းထွက်လာ၏။ သို့သော် လက်ကိုကား မလွှတ်ပဲ ဖက်မြဲဖက်ထားလေသည်။

ကျန့်ပါ့ရှန်းသည် ပို၍ ဒေါသထွက်လာကာ ထိုစစ်သည်တော်ကို ခြေနှင့်ကန်၏။ လက်ဖြင့််ရိုက်၏။ နောက်ဆုံးတွင် သူမက စစ်သည်တော်၏ ဦးခေါင်းကို လက်သီးဖြင့် ထိုးခွဲလိုက်လေသည်။ သို့သော် ထိုစစ်သည်တော်သည် သံမဏိဦးခေါင်းဟူသော နည်းစနစ်တရပ်ကို လေ့ကျင့်ထားလေရာ ဦးခေါင်းခွံ ပွင့်ထွက်သွားသည်အထိတော့ ဖြစ်မသွား။ သို့သော သူ့ဦးခေါင်းမှ သွေးများ တလဟော ယိုစီးကျလာပြီး ကျန့်ပါ့ရှန်းကို ပြူးကျယ်သော မျက်လုံးအစုံဖြင့်် စိုက်ကြည့်ကာ အသက်ပျောက်သွားရှာသည်။ သို့တိုင်အောင် ကျန့်ပါ့ရှန်းကို ပွေ့ဖက်ထားသည့် လက်များကတော့ ပြုတ်မသွား။ နောက်ဆုံးတွင် ခြေထောက်နှင့် အကြိမ်ကြိမ် ကန်ထုတ်တော့မှ စစ်သည်တော်၏ အသက်ဝိညာဉ်ကင်းမဲ့နေသော ကိုယ်ခန္ဓာကြီးသည် အဝေးသို့ လွင့်စင်သွားတော့သည်။

မည်သို့ဆိုစေ ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ဇုမျိုးနွယ်စုဘက်မှ အစောင့်များက ဇုချန်းညှိုကို ကာရံထားလိုက်၏။

ဦးလေးဆယ့်တစ် တန်ပြန်တိုက်စစ် စတင်ရန် အခွင့်အရေး ပေါ်ပေါက်လာလေပြီ။

ဤအခွင့််အရေးသည် သူ့အတွက် နောက်ဆုံးအခွင့်အရေးဟုလည်း ဆိုနိုင်၏။

All Chapters