← Chapters

သတ်ဖြတ်ခြင်း

Vol. 6 Ch. 592

သတ်ဖြတ်ခြင်း

Vol. 6 Ch. 592

"ဘုန်း ... ဘုန်း ... ဘုန်း ..."

များစွာသော အမြောက်များက ချန်းဖန်အား တစ်ပြိုက်နက်တည်း ပစ်ခတ် လိုက်ကြ၏။

"ကလန့် ..."

ချန်းဖန်၏ ခန္ဓာကိုယ်မှ ရွှေရောင် ဝတ်စုံ တစ်ခု ပေါ်လာကာ အမြောက်ဆန်များ အားလုံးကို တားဆီးသည်။ ချန်းဖန် အနေဖြင့် ထိုအမြောက်များလောက်ကို ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်တွင် ရှိကတည်းက မှုစရာ မလိုခဲ့ချေ။ ဤကမ္ဘာ၌ သူ သတိထားရမည့် တစ်ခုတည်းသော အရာက နျူကလိယသာ ဖြစ်သည်။

"ဟူး ..."

ချန်းဖန်၏ ခန္ဓာကိုယ်က မူလနေရာမှ ရုတ်တရက် ပျောက်ကွယ်ကာ စစ်သင်္ဘော တစ်စင်း၏ ရှေ့၌ ပြန်ပေါ်လာ၏။ တစ်ချိန်တည်းတွင်ပင် ချန်းဖန်၏ လက်၌ အဇူရာ ဓားအလင်းတစ်ခု ပေါ်လာကာ သင်္ဘောအား ခုတ်ပိုင်းသည်။

"ဘုန်း ..."

ချန်းဖန်၏ ဓားချက်အောက်၌ စစ်သင်္ဘောကြီးက နှစ်ပိုင်းပြတ်ကာ နစ်မြုပ်သည်။

"ဒုတိယ သင်္ဘော ..."

ချန်းဖနိက ရေရွတ်ရင်း မီတာရာချီ အကွာအဝေးမှ သင်္ဘော တစ်စင်းထံ တိုးဝင်သွားပြန်၏။

"သူ့ကိုတား ... သူ့ကို ရအောင်တား"

ဗိုလ်ချုပ် ကော်စတာ၏ မျက်နှာက ဒေါသဖြင့် နီရဲ နေခဲ့ပြီ ဖြစ်သည်။

"မရတော့ဘူး ... နတ်ဘုရားသတ် ဒုံးကျည်တောင် သူ့ကို မတားနိုင်တာ ... အဲဒီ အမြောက်တွေက ဘာအသုံးကျလို့လဲ"

ကလာ့ခ်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။

"ဘာပဲ ဖြစ်ဖြစ် ပစ်ကွာ ... သူ့ကို ရအောင်သတ်..."

ဗိုလ်ချုပ် ကော်စတာကား အရူးတစ်ပိုင်းလိုပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ဘုန်း ... ဘုန်း ... ဘုန်း ..."

သူ၏ အမိန့်ပေးမှု အောက်၌ ဖျက်သင်္ဘောများက စတင်ကာ ပစ်ခတ်လိုက်သည်။

သို့သော်လည်း ထို အမြောက်ဆန်များကား ချန်းဖန်၏ ကိုယ်ပေါ်မှ ရွှေရောင် အင်္ကျီကိုပင် ထိုးဖောက်နိုင်စွမ်း မရှိခဲ့ချေ။ ချန်းဖန်ကသာ သင်္ဘာများကို တစ်စီးပြီး တစ်စီး လိုက်လံ ဖျက်ဆီးနေခဲ့သည်။

အချို့ စစ်သင်္ဘောများမှာ ကပ္ပတိန်၏ အမိန့်ကို မလွန်ဆန်ရဲ၍ ချန်းဖန်ကို ခုခံ တိုက်ခိုက်နေဆဲ ဖြစ်သော်လည်း အချို့ စစ်သင်္ဘောများမှာမူ အလံဖြူများကို လွှင့်တင်၍ အညံ့ခံ နေကြပြီ ဖြစ်သည်။

"ပြီးသွားပြီ ... အားလုံး ပြီးသွားပြီ"

ဆိုးရွားသော ရှုံးနိမ့်မှုကြောင့် ဗိုလ်ချုပ် ကော်စတာမှာ ကြမ်းပြင် ပေါ်သို့ပင် ခြေပစ်၊ လက်ပစ် ပြုတ်ကျ သွားတော့သည်။

"ဘယ်လို ဖြစ်နိုင်မှာလဲ ... သူက ဘယ်လို သတ္တိနဲ့ အမေရိကန်ကို စိန်ခေါ်ရဲတာလဲ ..."

ထိုအချိန်တွင် သူ၏ လက်ထောက် တစ်ယောက်က ရေဒီယို ဆက်သွယ်ရေး ကိရိယာ တစ်ခုကို ကိုင်၍ အပြေး ရောက်လာ၏။

"ဗိုလ်ချုပ် ... ဂျာမနီက F-22 လေတပ်တွေ စစ်ကူလာနေပြီ လို့ ပြောပါတယ် ... သူတို့မှာ နျူထရွန် ဗုံးတွေနဲ့ အက်တမ်ဗုံးတွေ ပါလာတယ်တဲ့ ... ကျွန်တော်တို့ အနေနဲ့ နောက်ထပ် ဆယ်မိနစ်ပဲ အချိန်ဆွဲထားဖို့ လိုတယ်"

"ဆယ်မိနစ် ဟုတ်လား ... ငါတို့ သုံးမိနစ်ထက် ပိုပြီး တားနိုင်မှာ မဟုတ်ဘူး"

ဗိုလ်ချုပ် ကော်စတာက ဖြူရော်စွာ ရေရွတ်လိုက်သည်။

"ဘုန်း ..."

ထိုခဏတွင်ပင် စစ်သင်္ဘော တစ်စင်းမှာ ချန်းဖန်၏ တိုက်ခိုက်မှု၌ ပျက်စီးသွားပြန်၏။

"သင်္ဘော ခြောက်စင်း ..."

ချန်းဖန်က ရေရွတ်ရင်း ကျန်ရစ်နေသော ဖျက်သင်္ဘော သုံးစင်းကို လှမ်းကြည့်လိုက်သည်။

ထို့နောက် သူ၏ခန္ဓာကိုယ်က မူလ နေရာမှ ပျောက်ကွယ်ကာ ကလာ့ခ် ရှိနေသည့် ဖျက်သင်္ဘော ရှေ့သို့ ရောက်သည်။

"ငါပြောသားပဲ ... မင်းပြေးလို့ မလွတ်ပါဘူးလို့"

ကလာ့ခ်မှာ ငွေရောင် ဝတ်စုံကိုသာ ဝတ်ဆင်ထားဆဲ ဖြစ်သည်။ သူ၏ ပြတ်သွားသော လက်တစ်ဖက်မှာမူ ပြန်ပေါက်နေပြီ ဖြစ်၏။

ကလာ့ခ်သည် အမေရိကန် စစ်တပ်၏ အထူး စစ်သား တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ၏ ခွန်အားမှာ သမန်းဝံပုလွေများ၊ သွေးမျိုးဆက် စစ်သည်များထက် လျော့ကျခြင်း မရှိချေ။ လက်မောင်း တစ်ဖက် ပြန်လည် ပေါက်လာခြင်းက သူ့အတွက် ကြီးမားသော ကိစ္စမျိုး မဟုတ်ချေ။

"မင်း အဲဒီ ဝတ်စုံကို ဘယ်ကရလဲ ဆိုတာ ပြောရင် မင်းအသက်ကို ချမ်းသာပေးမယ်"

ချန်းဖန်၏ ပုံစံက ငွေရောင်ဝတ်စုံကို စိတ်ဝင်စားနေပုံ ပေါ်သည်။

"မင်းက နတ်ဘုရား တိုက်ခိုက်ရေး ဝတ်စုံကို လိုချင်နေတာလား ... လာယူလှည့်လေ"

ကလာ့ခ်က ဖျက်သင်္ဘောမှ ကောင်းကင်သို့ ပျံတက်ကာ သူ၏ လက်နှစ်ဖက်အား ဓားများ အသွင် ပြောင်းလဲလိုက်၏။

"စိတ်ဝင်စား စရာပဲ ..."

ချန်းဖန်က ပြုံးလိုက်သည်။

ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ကလာ့ခ်၏ ရင်ဘတ်အား လက်သီးဖြင့် ထိုးလိုက်၏။

"ဘုန်း ..."

ကလာ့ခ်မှာ ခုခံရန် အချိန်ပင် မရပဲ နောက်သို့ လွင့်စဉ် သွားခဲ့သည်။

"အညံ့ခံလိုက်တော့ ... မင်းမှာ အဲဒီ ဝတ်စုံ ရှိရင်တောင် ငါ့ကို ခုခံနိုင်မှာ မဟုတ်ဘူး"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ကလာ့ခ်အား အေးဆေးစွာ ကြည့်လိုက်သည်။

ကလာ့ခ်၏ ကိုယ်ပိုင် အင်အားမှာ နှင်းဝံပုလွေ ဘုရင်၏ အဆင့်လောက်သာ ရှိသည်။ ငွေရောင် ဝတ်စုံ၏ အကူအညီကြောင့်သာ သူ၏ ခွန်အားက မြေကမ္ဘာ အဆင့်နှင့် ယှဉ်နိုင်နေခြင်း ဖြစ်သည်။

သို့သော်လည်း ကလာ့ခ်က ချန်းဖန်၏ စကားကို နားဝင်ပုံ မရပဲ ငွေရောင် အရိပ် တစ်ခု အသွင် ပြောင်းလဲကာ ပြေးဝင် တိုက်ခိုက်သည်။ သို့သော်လည်း ချန်းဖန်၏ လက်သီးချက်တိုင်း၌ သူသာ ပင်လယ်သို့ အကြိမ်ကြိမ် လွင့်စဉ်ရ၏။

ကလာ့ခ်ကမူ ထိုအရာကို ဂရုစိုက်ဟန် မရချေ။ လဲကျနေရာမှ ချက်ချင်းပင် ပြန်ထာလာကာ ချန်းဖန်အား တိုက်ခိုက် စမြဲ ဖြစ်သည်။

"မင်းက အချိန်ဆွဲချင် နေတာလား ..."

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ကလာ့ခ်အား ရှစ်ကြိမ်မြောက် လက်သီးဖြင့် ထိုးလိုက်၏။

ယခု နေရာကား ဥရောပနှင့် သိပ်ကွာဝေးသော နေရာ မဟုတ်ချေ။ ထို့ကြောင့် ဥရောပ အခြေစိုက် အမေရိကန် အင်အားစုများ မိနစ်ပိုင်း အတွင်း ရောက်လာနိုင်သည်။ သူတို့က နျူကလိယ လက်နက်ကိုပင် သယ်ဆောင် လာနိုင်ပေသည်။

ချန်းဖန် အတွေးများနေသည့် ပုံကို မြင်သည်နှင့် ကလာ့ခ်က ချက်ချင်းပင် ပြန်လည် ထလိုက်၏။ ထို့နောက် သူက ထူးဆန်းစွာ ဆိုလိုက်သည်။

"ငါတို့ ဒါကို အတူတူ ခံစားကြည့်ကြတာပေါ့"

"ဟမ် ..."

ချန်းဖန်မှာ ရုတ်တရက် တစ်ခုခု လွဲချော်နေကြောင်း သတိပြုမိလိုက်သည်။ ထို့ကြောင့် သူက ကောင်းကင်သို့ ပျံတက်ကာ ဝေးနိုင်သမျှ ဝေးအောင် ထွက်ပြေးလိုက်သည်။

"ဘုန်း ..."

ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာ၏။

ထိုအသံနှင့် အတူ ကလာ့ခ်ကို ဗဟိုပြု၍ မီတာရာချီ ကျယ်ဝန်းသော အနက်ရောင် အလုံးကြီး တစ်ခု ဖြစ်ပေါ်လာသည်။

ထိုအနက်ရောင် အလုံးကြီး အတွင်းရှိ သက်ရှိ၊ သက်မဲ့ အရာ အားလုံးကား စွမ်းအင် တစ်ခု၏ ပွတ်တိုကိ ဖျက်ဆီးခံရ၏။ ပင်လယ်ရေများ ပင်လျှင် အငွေ့ပျံကာ ပျောက်ကွယ်ရသည်။

"စွမ်းအင်ဗုံး ..."

ချန်းဖန်သည် ကောင်းကင် တစ်နေရာတွင် ရပ်ရင်း တဖြည်းဖြည်း ပျောက်ကွယ်သွားသော အနက်ရောင် အလုံးကြီးအား ငေးကြည့်လိုက်မိ၏။

"သူက စွမ်းအင်ဗုံးကို တစ်ချိန်လုံး သယ်ထားတာလား"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း စဉ်းစားလိုက်သည်။

"လျှပ်စစ်သံလိုက် အမြောက် ငွေရောင် ဝတ်စုံ စွမ်းအင်ဗုံး ... အမေရိကန်ရဲ့ နည်းပညာက အဆင့်တစ်ခု အထိ ရောက်နေပြီပဲ ... အဇူရာ နဂါးက အမေရိကန်ကို ရှောင်ဖို့ ငါ့ကို သတိပေးတာ မထူးဆန်းဘူး"

အနက်ရောင် အလုံး ပျောက်ကွယ်သွားသည်နှင့် ကောင်းကင်၌ မျောလွင့်နေသော ငွေရောင် အလင်း တစ်ခုကို ချန်းဖန် ရုတ်တရက် သတိထားမိလိုက်၏။

"ဟမ် ... ငွေရောင် ဝတ်စုံက စွမ်းအင်ဗုံးကြောင့် ပျက်စီး မသွားဘူးလား ... ဒီ ဝတ်စုံရဲ့ ခံနိုင်ရည်ကို ငါလျှော့တွက်မိတာပဲ"

ချန်းဖန်က ငွေရောင် ဝတ်စုံကို ကောက်ယူလိုက်၏။ ထို့နောက် စွမ်းအင်ဗုံး တိုက်ခိုက်မှုနှင့်  ကင်းလွတ်ရာ နေရာ၌ ကျန်ရှိနေသည့် ဖျက်သင်္ဘော သုံးစင်းကိုပါ သွားရောက် ထက်ပိုင်းပိုင်းလိုက်သည်။ ထို့နောက် သူက ထိုနေရာမှ ပျံသန်း ထွက်ခွာကာ မိုးကုပ်စက်ဝိုင်းတွင် ပျောက်ကွယ် သွားတော့သည်။

အက်တမ်ဗုံး သယ်ဆောင်လာသော တိုက်လေယာဉ်များ ရောက်လာချိန်တွင်မူ နစ်မြုပ်နေသော စစ်သင်္ဘောများ၏ မြင်ကွင်းကသာ သူတို့အား ဆီးကြို နေခဲ့တော့သည်။

***

All Chapters