နတ်မိစ္ဆာနှစ်ကောင်ရဲ့ တိုက်ပွဲ
Vol. 37 Ch. 541
“အာ…အရှင် မွန်ဂရယ် ရဲ့ မယုံနိုင်စရာ နိုင်ပွဲတစ်ခုပဲ..”
တိုက်ပွဲကွင်းပြင်ထက်မှာ ထွက်ပေါ်နေတဲ့ သွေးမြူတွေကို ကြည့်ပြီးတော့..ဆိုင်းလပ် ဟာ သူ့ရဲ့ စိတ်အားထက်သန်မူတွေကို မထိန်းချုပ်နိုင်ခဲ့ပေ..။
လက်ရှိအချိန်မှာ ပြိုင်ပွဲဝင်က ၃၂ ယောက်သာ ကျန်ရှိတော့တာကြောင့်..တစ်ပြိုင်တည်း ဖြစ်ပေါ်နေတဲ့ တိုက်ပွဲဆိုတာ မရှိပါဘူး..။တိုက်ပွဲတစ်ခုချင်းစီက..ပြင်းထန်ပြီး စိတ်လှုပ်ရှားဖို့ကောင်းသလောက်..အစီစဉ်တင်ဆက်သူတွေကလည်း အပြည့်အဝ အာရုံစိုက်ထားနိုင်ကြပါတယ်..။
အားပေးနေကြတဲ့ ပရိတ်သတ်တွေကို ကြည့်လိုက်ပြီး..ဒီမီ ရယ်မောလိုက်တယ်..။
“အမှန်ပဲ…အမှန်ပဲ…မွန်ဂရယ်က..မဟုတ်ဘူး ခနလေး ကို တကယ်ပဲ အကောင်းဆုံး အနိုင်ယူနိုင်ခဲ့တာ..။သူ့ရဲ့ စွမ်းရည်ကတော့ တကယ်ကို လက်ဖျား ခါလောက်စရာပဲ..။ငါပြောတာကို ယုံလိုက်..။ငါ အဲဒီလို နောက်ဆုံး ပေါက်ကွဲမူမျိုးကို အကြိမ်အများကြီး ကြုံတွေ့ခဲ့ဖူးတယ်..”
ဒီမီ ဆိုတာက..အိပ်မက်ရူခင်း စတင်အောင်မြင်လာခဲ့တဲ့ လွန်ခဲ့နှစ် ဆယ်နှစ်ကျော် အချိန်တုန်းက ပထမဆုံးအောင်မြင်လာခဲ့တဲ့ တိုက်ခိုက်ရေးသမား တစ်ယောက်ပါ..။ဒီတော့..သူ ပြောနေတဲ့ စကားလုံးတွေက အတွေ့အကြုံတွေကနေ လာခဲ့တာပါပဲ..။
ကြည့်ရူသူတွေနဲ့ ဆွေးနွေးဖို့ အခုချိန်က အကောင်းဆုံးပဲ ဆိုတာကို သိနေတာကြောင့်..ဆိုင်းလပ်စ် ဟာ မှတ်ချက်တွေ ရှိတဲ့ နေရာကို ကြည့်လိုက်ပါတယ်..။တိုက်ဆိုင်စွာပဲ..ဒီထဲမှာ သူကိုယ်တိုင်တောင် သိချင်နေတဲ့ မေးခွန်းတစ်ခုက ရှိနေခဲ့တယ်..။
“ဟုတ်တယ်..အရမ်းကို လှည့်ဖျားနိုင်လွန်းတယ်..။ဒါပေမဲ့ ဒီမီ…ဒီနေ့မှာ မွန်ဂရယ်က နည်းနည်းတော့ ပုံမှန်အခြေအနေနဲ့ ကွဲပြားနေတာ မဟုတ်ဘူးလား..။ကျွန်တော် ပြောချင်တာက..သူက အိပ်မက်ရူခင်းကို ကိုယ်စားပြုတဲ့ တိုက်ခိုက်ရေး သမားကို အရူး လို့ ခေါ်ခဲ့တာလေ..။ဒီလို မြင့်မြတ် ၊ ဂုဏ်သရေ ရှိ ပြီး.. လှည်ဖျားတတ်တဲ့ မွန်ဂရယ်က…”
ဒီမီ ခနလောက် တွေးကြည့်ပြီးကာမှ ခေါင်းခါယမ်းလိုက်တယ်..။
“မင်း မြင်တဲ့ အတိုင်းပဲ ဆိုင်းလပ်..ငါ အရင်တုန်းက မွန်ဂရယ်ကို လေးစားခဲ့တာ..။ဒါပေမဲ့ အခုတော့. ငါ သူ့ကို တကယ်ကို အားကျသွားရပြီ..။တိုက်ပွဲဟန်ပန် တစ်ခုကို အလွန်အလျင်အမြန် မှတ်မိနိင်ဖို့ ဆိုတာက အရမ်းကို ကောင်းမွန်တဲ့ ပါရမီ စွမ်းအားပဲ..။မွန်ဂရယ်က.. ပါရမီ ရှိတယ်..ပြီးတော့..သူက ဉာဏ်ပညာလည်း ကြီးမားတယ်လေ..”
သူ ပြုံးလိုက်ပြီး..
“ဘာလို့လဲဆိုတော့..အရူး တစ်ယောက်ကို အလျင်အမြန် မှတ်မိတယ် ဆိုတာက အတော်လေးကို ဉာဏ်ပညာ မြင့်မားတဲ့ အရာတစ်ခု မဟုတ်ဘူးလား..။ပြီးတော့..မမှားယွင်းဘူး ဆိုရင် ဒီငနဲက တကယ်ကို အရူးတစ်ယောက်ပဲ..။ငါ့ကို ယုံကြည်လိုက်..ငါ ဒီလူနဲ့ သိတာကိုက အတော် ကံဆိုးနေပြီ..။ငါ ဆိုလိုတာက..အရူးတစ်ယောက်ကပဲ…’ ဘာလဲ …မဟုတ်ဘူး..ခနလေး..’ ဆိုတဲ့ နာမည်ပြောင်ကို ယူကြလိမ့်မယ်လေ..ဟုတ်တယ်မလား..”
ချက်ချင်းဆိုသလိုပဲ..မှတ်ချက်တွေက..ပလူပျံသွားခဲ့တယ်..။
“အမှန်ပဲ မွန်ဂရယ်က အတော်လေး ဥာဏ်ပညာ မြင့်မားတယ်..”
“ဉာဏ်အမျှော်အမြင်ရှိတယ်..သေစေနိုင်တယ်..ပြီးတော့ ခန့်ညားတယ်..”
“အရူး..သူက ခန့်ညားတယ် ဆိုတာကို မင်းက ဘယ်လိုလုပ်ပြီး သိနေတာလဲ..။သူက သူ့ရဲ့ မျက်နှာဖုံးကို ဘယ်တုန်းကမှ ချွတ်တာလည်း မဟုတ်ပဲနဲ့..”
“ မင်းပြောတာက သူမက ခန့်ညားတယ်လို့ ပြောချင်တာမလား..။ခနလေး..ဒီဟာ ကြီးက နားထောင်လို့ မကောင်းဘူးနော် ..ဟုတ်တယ် မလား..”
“…တစ်ယောက်ယောက်က အဲ့ ငနဲကို..ဘမ်းလိုက်ကြစမ်းပါ..”
“ဒီမီ ပြောတာ မှန်တယ်..။အရူး တစ်ယောက်ပဲ ဒီလိုမျိုး နာမည်ပြောင်ကို ယူထားလိမ့်မယ်..။ဘာလို့ ဒီလို အရူးမျိုးက ဉာဏ်ပညာကြီးမားတဲ့ ငါတို့ အရှင်မွန်ဂရယ် နဲ့ တိုက်ခိုက်ချင်နေရသေးတာလဲ..”
……
‘အိုး..ငါ အဲဒီ ထူးဆန်းတဲ့ နာမည်ပြောင်ကို ဘယ်မှာ မြင်ဖူးထားလဲ ဆိုတာကို မှတ်မိပြီ..’
ဆန်နီဟာ နောက်ထပ် တိုက်ခိုက်မူတစ်ခု အတွက် ပြင်ဆင်နေတဲ့ အချိန်မှာပဲ..သူ အိပ်မက်ရူခင်းထဲကို ပထမဆုံး ဝင်ရောက်လာခဲ့တုန်းက အချိန်ကို ပြန်လည် အမှတ်ရသွားခဲ့ပါတယ်..။အဲ့တုန်းက ဆိုရင်လည်း သူက ဒီလို နာမည်မျိုးကို အကျယ်ကြီး အော်ပြောမိသွားခဲ့တာပါ..။ကံကောင်းချင်တော့ ဒီနာမည်က တစ်စုံတစ်ယောက် အသုံးပြုပြီးသား ဖြစ်နေခဲ့ပြီးပါပြီ..။မဟုတ်ရင်..ဆန်နီ ရဲ့ နာမည်ပြောင်ကလည်း..”ဘာလဲ ..မဟုတ်ဘူး ခနလေး ..’ ဖြစ်နေခဲ့မှာပါ..။
‘ ဒီတော့ အဲဒီ သနားစရာ ငနဲက ဒီတစ်ယောက်ပေါ့..’
…ခွေးသား လို့ အခေါ်ခံနေရတာကလည်း ကောင်းမွန်တဲ့ နာမည်ပြောင် တစ်ခု မဟုတ်ပါဘူး..။
အနည်းငယ် သဘောကျမူနဲ့ အတူပဲ..သူက ထိုင်ချလိုက်ပြီး..ဝိဉာဉ်မြွေကနေတဆင့် အဆီအနှစ်တွေကို..လှည့်ပတ်လိုက်ပါတယ်..။သူက နောက်ထပ် တိုက်ပွဲမတိုင်ခင်မှာ ကုန်ဆုံးသွားတာတွေကို ပြည်လည်ဖြည့်တင်းဖို့ ရည်ရွယ်ထားခဲ့တယ်..။
နောက်ထပ် တိုက်ပွဲက လွယ်ကူမှာ မဟုတ်ဘူး ဆိုတာကို သူ ခံစားချက်တွေ ရရှိနေခဲ့ပါတယ်..။
….
သူ မှန်ကန်ခဲ့တယ်..။မတူညီတဲ့ အကြောင်းပြချက်တွေကြောင့် သူ တွေ့ခဲ့ရတဲ့ ပြိုင်ဖက်သုံးယောက်စလုံးက မလွယ်ကူခဲ့ပါဘူး..။
ဒီနေ့ သူတွေ့ဆုံရတဲ့ ဒုတိယ ပြိုင်ဖက်ကတော့..လော့ဖ် လို့ ခေါ်တဲ လူတစ်ယောက်ပါ..။ဒါက ဆံပင် ပုခုံးလောက်ရှိတဲ့ လူငယ်လေး တစ်ယောက် ဖြစ်ပြီး..ဒိုင်းကာ အဝိုင်း တစ်ခုနဲ့ လှံရှည်တစ်ခုကို ကိုင်ဆောင်ထားခဲ့ပါတယ်..။သူ့ရဲ့ နည်းစနစ် တွေက လုံးဝ အပြစ်ပြောစရာ မရှိပေမယ့်..သူ့ကို အန္တရာယ်ရှိတဲ့ လူတစ်ယောက် ဖြစစေတာက..သူ့ရဲ့ အမြန်နှုန်းပါ..။
လော့ဖ် က မြန်ဆန်ပါတယ်..။အရမ်းကို မြန်ဆန်တယ်..။အရမ်းမြန်ဆန်လွန်းလို့ ဆန်နီတောင်မှ သူ့ရဲ့ လှုပ်ရှားမူတွေကို မြင်နိုင်တယ် ဆိုယုံလေးပါပဲ..။အဆိုးဆုံး အပိုင်းကတော့ ဒိအမြန်နှုန်းက သူ့ရဲ့ ကဏ္ဍစွမ်းရည်ကနေ ရောက်လာခဲ့တာ မဟုတ်ပေ..။ဒီက ရိုးရှင်းစွာပဲ ကျွမ်းကျင်မူ ၊ လေ့ကျင့်မူ နဲ့ မယုံနိုင်စရာ အဆီအနှစ်ကို တိကျစွာ ထိန်းချုပ်နိုင်မူတွေကနေ ရလာခဲ့တာပါ..။
ကတ်စတာ နဲ့ မတူတဲ့ အချက်က ဒီလူငယ်လေးက အစပိုင်းမှာတော့ လှည့်ဖျားစွာပဲ နှေးကွေးနေခဲ့ပြီး..သူ တိုက်ခိုက်တဲ့ အချိန်မှသာ မြန်ဆန်လာခဲ့တာပါ..။အဲ့အချိန်မှာတော့..သူ့ရဲ့ လက်နက်တွေက တစ်နေရာကနေ တစ်နေရာကို ရုတ်တရက် ရောက်သွားတာလား လို့တောင် ထင်မှတ်ရပါတယ်..။ဆန်နီ ခုခံနေနိုင်တဲ့ အချက်က ရန်သူရဲ့ တိုက်ခိုက်မူတွေက သူ့ရဲ့ ခန္တာကိုယ်ကိုသာ ဝန်းရံထားခဲ့ပြီး..သူ့အရိပ်ရဲ့ လှုပ်ရှားမူတွေကို ပိတ်ဆို့ဖို့ မကြိုးစား လို့ပါပဲ..။
အခုချိန်မှာ ဉာဏ်အကောင်းဆုံးလုပ်ရပ်က ဒီလို အန္တရာယ်များတဲ့ ရန်သူကို တတ်နိုင်သမျှ အမြန်သတ်ဖြတ်တာ ဖြစ်ပေမယ့်လည်း..ဆန်နီဟာ သူ့ရဲ့ အဆီအနှစ်ထိန်းချုပ်မူကို အတော်လေး သဘောကျနေတာကြောင့် တွေဝေနေခဲ့ပါတယ်..။သူက လူငယ်လေးနဲ့ တိုက်ခိုက်နေရင်းကနေ ဒီအရာကို လေ့လာဖို့ ကြိုးစားနေခဲ့တယ်..။
ဒါကြောင့်ပဲ..လော့ဖ် က မွန်ဂရယ်ကို သွေးထွက်အောင် လုပ်နိုင်ခဲ့တဲ့ ပထမဆုံး လူတစ်ယောက် ဖြစ်လာခဲ့ပါတယ်..။
တစ်နေရာ အရောက်မှာတော့..သူ့ရဲ့ လှံသွဦးက..ဝတ်ရုုံတော်ရဲ့ ချပ်ဝတ်နဲ့ လက်မောင်းအကာအရံ ကြားထဲကို တိုးဝင်သွားခဲ့ပြီး..ဆန်နီရဲ့ လက်မောင်းထဲကို ထိုးဖောက်ဝင်ရောက်သွားခဲ့တယ်..။နာကျင်မူကတော့ မျက်စိကျိန်းလောက်အောင်ပါပဲ..။
လော့ဖ်ကတော့.. လှံသွားကို လှည့်လိုက်ပြီး နောက်ထပ်ကျရောက်လာမယ့် တန်ပြန်တိုက်ခိုက်မူကို ရှောင်တိမ်းဖို့အတွက် နောက်ကို ဆုတ်သွားခဲ့ပါတယ်..။ပြီးတာနဲ့ သူ့ရဲ့ လှံသွားမှာ ရှိနေတဲ့ သွေးတွေကို ကြည့်ပြီး..ပြုုံးလိုက်တယ်..။
“..ဒီတော့..နောက်ဆုံးတော့ မင်းလဲ လူသားတစ်ယောက်ပဲပေါ့..”
ဆန်နီ နာကျင်မူကို တောင့်ခံပြီဂ..အနည်းငယ် စိတ်ဝင်စားဟန်ပြလိုက်တယ္..။
“ငါကလား..”
ယင်းနောက် သူ ရှေ့ကို ပြေးတက်သွားပြီး..ရန်သူကို အလျင်အမြန်အ ဆုံးသတ်ဖို့ ပြင်ဆင်လိုက်ပါတယ်..။ဒါက လော့ဖ် ရဲ့ နည်းစနစ်ကို လေ့လာပြီးသွားလို့ မဟုတ်ပါဘူး..။ဘာလို့လဲဆိုတော့ ဝီဗာသွေး ရှိနေတာတောင် အခု ရရှိထားတဲ့ ဒဏ်ရာကို အကြာကြီး တောင့်ခံနိုင်မယ် ဆိုတာ မသေချာလို့ပါ..။
ကတ်စတာ နဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရတဲ့ ကျေးဇူးကြောင့်..ဆန်နီက မြန်ဆန်တဲ့ ရန်သူတွေနဲ့ဘယ်လိုမျိုး ရင်ဆိုင်ရမလဲ ဆိုတာကို သိရှိထားပြီးသားပါ..။ဒီတော့ အဆုံးသတ်မှာ..မြန်ဆန်မူရော ၊ မယုံနိုင်စရာ အဆီအနှစ်ထိန်းချုပ်နိုင်စွမ်းတွေကရော…လူငယ်လေး ကို သူ့ရဲ့ ဓားချက်ကနေ မကယ်တင်နိုင်ခဲ့ပေ..။
အနက်ရောင် လေဟာနယ်ထဲကို ပြန်ရောက်သွားတာနဲ့ ဆန်နီ မှာရှိနေတဲ့ ဒဏ်ရာက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ပါတယ်..။
‘စိတ်ဝင်စားစရာပဲ…တကယ်ကို စိတ်ဝင်စားစရာပဲ..။ကြည့်ရတာတော့..အဆီအနှစ် ထိန်းချုပ်မူနဲ့ ပတ်သက်ပြီး..ငါ့မှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတဲ့ ပုံပဲ..’
နောက်ထပ် တိုက်ပွဲတစ်ခုက အတော်..အတော်လေး ခက်ခဲမယ် လို့ ထင်ထားခဲ့ပေမယ့် အနည်းငယ် အပင်ပန်းခံလိုက်တာနဲ့တင် ပြီးဆုံးသွားခဲ့ပါတယ်..။ဒီတစ်ကြိမ်မှာတော့..သူ့ရဲ့ ရန်သူက အဲဗားရိမ်း လို့ ခေါ်တဲ့ လူတစ်ယောက်ဖြစ်ပြီး..ကမ္ဘာမြေဆွဲအားကို ထိန်းချုပ်နိုင်တဲ အားကောင်းတဲ့ စွမ်းရည်တစ်ခုကို..ပိုင်ဆိုင်ထားခဲ့ပါတယ်..။
တိုက်ခိုက်မူ စတင်လာတာနဲ့..တောင်ကြီးတစ်လုံးက သူ့ရဲ့ ပုခုံးပေါ်ကို ကျရောက်သွားသလို ခံစားလိုက်ရတယ်..။ဆန်နီ မနည်းလှုပ်ရှားနေရတဲ့ အချိန်မှာတောင့်..သူ့ရဲ့ ရန်သူက..ကဏ္ဍစွမ်းရည် နဲ့ ကိုယ်ခံပညာ နည်းးစနစ်ကို ပြီးပြည့်စုံစွာ ပေါင်းစပ်ပြီး..အကောင်းဆုံး တိုက်ခိုက်ခဲ့ပါတယ်..။
ကံကောင်းချင်တော့.. ဆန်နီမှာ အမှန်တရား တောင်ပံ ရှိနေတာကြောင့် ဒီဖိအားကို အနည်းငယ် ဖယ်ရှားထားနိုင်ခဲ့တယ်..။ပိုပြီး အရေးကြီးတဲ့ အချက်က သူ့အနေနဲ့ ဖိနိပ်မူအားကို..ရင်ဆိုင်တဲ့ေနရာမှာ အတွေ့အကြုံတွေ အများကြီး ရှိနေခဲ့တာပါ..။အဲဗားရိမ်း က..မြေဆွဲအားနဲ သူ့ကို ချွေးထွက်အောင် လုပ်နိုင်ပေမယ့်..အဆုံးမှာတော့..သူကပဲ အနိုင်ရလာဒ်ကို ရယူနိုင်ခဲ့ပါတယ်..။
သို့ပေမယ့် တတိယ တစ်ယောက်ကတော့ ဆန်နီကို စဉ်းစားစရာတွေ အများကြီး ပေးစွမ်းနိုင်ခဲ့တယ်..။
ဒီတစ်ကြိမ်မှာတော့..သ့ရဲ့ ရန်သူက အတော်လေးကို ခင်မင်ပုံရပြီး ရယ်စရာနာမည်တစ်ခုဖြစ်တဲ့ ဒိုင်နစ်ဆာ ဆိုတဲ့ နာမည်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်..။ထူးဆန်းစွာပဲ..သူက အကာအကွယ်အစား ရိုးရှင်းတဲ့ ဖျင်အက်ျီကိုသာ ဝတ်ဆင်ထားခဲ့တယ်..။လက်နက်တွေလည်း ကိုင်ဆောင်ထားခြင်း မရှိပါဘူး..။အစကတော့..ဆန်နီက ဒီတစ်ယောက်ကိုလညး်..နောက်ထပ် မှော်ဆရာ တစ်ယောက်လို့ပဲ ထင်ထားခဲ့တယ်..။သို့ပေမယ့်..သူက မှားယွင်းသွားခဲ့ပါတယ်..။
အိပ်မက်ရူခင်းက တိုက်ခိုက်မူ အတွက် ကြေညာလိုက်ပြီ ဆိုတာနဲ့ သူ့ရဲ့ ပြိုင်ဖက်က ချက်ချင်း ပြောင်းလဲသွားခဲ့ပါတယ်..။သူ့ရဲ့ ကြွက်သားတွေက ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့တယ်..။ပြီးတော့ အဝတ်အစားတွေ စုတ်ပြဲထွက်လောက်အောင် ကြီးထွားလာခဲ့ပါတယ်..။သူ့ရဲ့ အရည်ပြားတွေက တောက်ပလာခဲ့ပြီး ကြေးခွံတွေနဲ့ ဖုံးအုပ်သွားခဲ့ပါတယ်..။သူ့ရဲ့ လက်သည်းတွေက လည်း ကြောက်မက်ဖွယ် အသွင်ကို ပြောင်းလဲသွားခဲ့တယ်..။သူ့ရဲ့ သွားတွေက ချွန်ထက်တဲ့ အစွယ်တွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။
တစ်ခနလေး အတွင်းမှာပဲ ဆန်နီ မြင်တွေ့နေရတာက လူတစ်ယောက် မဟုတ်တော့ပါဘူး..။ဒါက ကြောက်စရာ လူသားတစ်ပိုင်း သားရဲတစ်ပိုင်းနဲ့ ဆင်တူတဲ့ သတ္တဝါတစ်ကောင် ဖြစ်နေခဲ့ပါပြီ..။တစ်စက္ကန့်ကြာပြီးတဲ့ နောက်မှာတော့..သတ္တဝါက သူ့ရဲ့ အပေါ်ကို ရောက်ရှိနေခဲ့ပါတယ်..။
သို့ပေမယ့်..သူ့ရဲ့ ခန္တာကိုယ် ပုံစံက အိပ်မက်ဆိုး သတ္တဝါတစ်ကောင်နဲ့ ဆင်တူနေတယ် ဆိုရင်တောင် သူ့ရဲ့ တိုက်ခိုက်မူ နည်းစနစ်တွေက လူသားတစ်ယောက်လို အတွေ့အကြံတွေ ရှိတာ ၊ တွက်ချက်တာ မျိုးတွေ လုပ်နိုင်နေဆဲပါ..။သက်ရောက်မူကတော့ တကယ်ကို ကြောက်စရာ ပါပဲ..။
လူသားတွေက တတိယ အိပ်မက်ဆိုးကို ကျော်ဖြတ်ပြီး အထွတ်အထိပ် အဆင့်ကို ရောက်လာတဲ့ အချိန်မှာ ရရှိကြတဲ့ စွမ်းရည်ကို ပြောင်းလဲခြင်း စွမ်းရည်လို့ ခေါ်ကြပါတယ်..။သို့ပေမယ့် ပြောင်းလဲခြင်း စွမ်းရည်အားလုံးကတော့ သူတော်စင်တွေ အတွက်ပဲ မဟုတ်ပါဘူး..။ဆောင်ဆိုင်ရှန် ဆိုရင်လည်း ဒီလို စွမ်းရည်တွေထဲက တစ်ခုကို ပိုင်ဆိုင်ထားခဲ့ပါသေးတယ်..။
သို့ပေမယ့် ဒီလို နိုးထသူတွေ တည်ရှိတယ် ဆိုတာကို ဆန်နီ သိရှိထားခဲ့တယ် ဆိုရင်တော့..တိုက်ပွဲထဲမှာ မျက်နှာချင်းဆိုငိ်တွေ့ဖူးတာကတော့ ဒါက သူ့ရဲ့ ပထမဆုံး အကြိမ်ပါပဲ..။
ဒီတိုက်ပွဲက အမှန်တကယ်ပဲ ပြိုင်ပွဲတစ်ခုလုံးရဲ့ နောက်ဆုံးတိုက်ပွဲမရောက်ခင် တိုက်ပွဲ ဖြစ်ဖို့အတွက် ထိုက်တန်လွန်းပါတယ်..။
ဒီတိုက်ပွဲက ဆန်နီ အနေနဲ့ သူရှုံးသွားနိုင်တယ် ဆိုတာကို စတင်ပြီး ခံစားလိုက်ရတဲ့ တိုက်ပွဲပါပဲ..။ရန်သူက အရမ်းကို သန်မာ ၊ ကြမ်းတမ်း ပြီး လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်..။သူက ကျွမ်းကျင်မူ နဲ့ ဉာဏ်ရည်လည်း ရှိနေပါသေးတယ်..။သူ့ကို တိုက်ခိုက်နေရတာက..နတ်ဆိုး ဒါမှမဟုတ် နတ်မိစ္ဆာတစ်ကောင်ကို တိုက်ခိုက်နေရသလိုပါပဲ..။
အမှန်တော့ ဆန်နီ မသိပေမယ့် အင်တာနက်ပေါ်မှာတော့..သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကို.. နတ်မိစ္ဆာနှစ်ကောင်ရဲ့ တိုက်ပွဲလို့ ခေါ်နေခဲ့ကြတာပါ..။
ပြီးတော့ ဒီနေ့မှာ နှစ်ကောင်ထဲက တစ်ကောင်က ကျရှုံးရပါလိမ့်မယ်..။
များပြားလှတဲ့ ကြည့်ရူသူတွေရဲ့ အကြည့်အောက်မှာပဲ..ခွေးသားက ဒေါသတကြီး ဖြစ်နေတဲ့ မွန်းစတားကြောင့်..နောက်ကို ဆုတ်ပေးနေရပါတယ်..။သူ့ရဲ့ အနက်ရောင် အိုဒါချီ ဓားနဲ့ အဆက်မပြတ်တိုက်ခိုက်နေပေမယ့်..ရန်သူရဲ့ ခန္တာကိုယ်ပေါ်ကို ခြစ်ရာတောင် မထင်နိုင်ခဲ့ပါဘူး..။
သို့ပေမယ့် အဲ့အချိန်မှာပဲ တစ်ခုခုက ပြောင်းလဲသွားခဲ့တယ်..။တစ်နေရာအရောက်မှာတော့ နတ်ဆိုး ဓားသမားက သူ့ရဲ့ ကြီးမားတဲ့ ဓားကို ပြန်သိမ်းလိုက်ပြီး သတ္တဝါကြီးနဲ့ လက်ချင်းတိုက်ခိုက်ဖို့ ရွေးချယ်လိုက်တာပါ..။ဒါက အတော်လေး ကြောက်မက်ဖွယ်ကောင်းပြီး..လူမဆန်လောက်အောင် ကြမ်းတမ်းနေခဲ့တယ်..။သူက ခန္တာကိုယ်တွေ လက်တွေကို အသုံးပြုနေခဲ့သလို ..ဉီးချိုတွေကတောင်..ရန်သူတွေကို တိုက်ခိုက်နေသယောင် ထင်နေရပါတယ်..။
မွန်ဂရယ်ကို အားပေးနေကြတဲ့ လူတွေဟာ..ဒီတိုက်ခိုက်ရေး ဟန်ပန်ကို မှတ်မိပြီး အံ့ဩသင့်ခဲ့ကြရတယ်..။ဒါက လတ်တလော ဂိတ်ပေါက်ပွင့်လာတဲ့ အချိန်မှာ..သချ်ိုင်း တစ္ဆေတွေ အသုံးပြုသွားတဲ့ ဖျက်စီးနိုင်တဲ့ ဟန်ပန်နဲ့ တစ်ထပ်တည်းပါပဲ..။
ဒီတော့..ခွေးသားက..အိပ်မက်ဆိုးသားရဲ တွေရဲ့ ဟန်ပန်ကိုလည်း သင်ယူနိုင်စွမ်း ရှိနေတာပေါ့…
ဒီ ရက်စက်ကြမ်းတမ်းက အတော်ကို ကြာရှည်လာခဲ့တယ်..။အဆုံးမှာတော့..တိုက်ခိုက်ရေး သမား နှစ်ယောက်စလုံးက ..သွေးတွေ စိုရွဲတာ ၊ ခန္တာကိုယ် ကျိုးပဲ့ တာတွေ ဖြစ်နေခဲ့ပါပြီ..။သို့ပေမယ့် သူ့တို့ရဲ့ စိတ်ဆန္ဒတွေက ခါတိုင်းလိုပဲ မတုန်မလှုပ် ထက်ရှနေတုန်းပါပဲ..။
ခွေးသားရဲ့ မဟူရာ အကာအကွယ်က တောက်ပတဲ့ လက်သည်းကုတ်ချက်တွေကြောင့်..အက်ကွဲရာတွေ အများကြီး ဖြစ်ပေါ်လာခဲ့ပါပြီ..။သို့ပေမယ့်..ရန်သူရဲ့ ကြေးခွံတွေကလည်း ကြွေမွနေခဲ့ပြီး သူ့ရဲ့ လှုပ်ရှားမူတွေကပါ တဖြည်းဖြည်း နှေးကွေးလာနေခဲ့ပါတယ်..။
ယင်းနောက် မထင်မှတ်ထားတဲ့အရာတစ်ခုက ဖြစ်ပေါ်လာခဲ့တယ်..။
မွန်ဂရယ်ဟာ ရန်သူကို ချုပ်ကွက်တစ်ခုနဲ့ မိသွားခဲ့ပြီး..ခွန်အားရှိသမျှအားကုန် ထုတ်ကာ..ညစ်လိုက်ပါတယ်..။ကျယ်လောက်တဲ့ အက်ကွဲသံတစ်ခုက တိတ်ဆိတ်နေတဲ့ တိုက်ပွဲကွင်းပြင်တစ်ခုလုံးမှာ ပေါ်ထွက်လာခဲ့ပြီး..သတ္တဝါရဲ့ လည်ပင်းက..ရုတ်တရက် သဘာဝမကျတဲ့ အနေအထားကို ပြောင်းလဲသွားခဲ့ပါတယ်..။
အစကတော့ လူတွေက သူတို့ရဲ့ မျက်လုံးတွေကိုတောင် မယုံကြည်နိုင်ခဲ့ပေ..။
သွေးနှော သတ္တဝါကြီးရဲ့ ကြီးမားတဲ့ ခန္တာကိုယ်ကြီးက အဖြူရောင်အလင်း အစက်အပျောက်တွေ အဖြစ်ပြောင်းလဲသွားတဲ့ အချိန်မှ..သူတို့ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပါတယ်..။ပြီးတဲ့နောက်မှာတော့..အံ့ဩမူ ၊ ပျော်ရွှင်မူ ၊ အားကျမူတွေ နဲ့အတူပဲ အော်ဟစ်ပြီး အားပေးလာခဲ့ကြတယ်..။
ဆန်နီ အနည်းငယ် ယိုင်နဲ့ သွားခဲ့ပြီး ပျောက်ကွယ်သွားတဲ့ အလင်းစက်တွေကို ပြုံးပြီး ကြည့်လိုက်ပါတယ်..။
‘…နောက်တစ်ယောက်က ကျန်နေသေးတယ်..။ဒီတစ်ကြိမ် ဘာရမလဲ ဆိုတာ သိချင်စရာပဲ..”
အပိုင်း ( ၅၄၁ ) ပြီး၏။