← Chapters

ယဉ်ကျေးပြီး ၊ အကြောင်းကျိုး ဆီလျောတဲ့ အွန်လိုင်းဆွေးနွေးမူ

Vol. 37 Ch. 542

ယဉ်ကျေးပြီး ၊ အကြောင်းကျိုး ဆီလျောတဲ့ အွန်လိုင်းဆွေးနွေးမူ

Vol. 37 Ch. 542

ဆန်နီ ဟာ ဒီတိုက်ခိုက်မူ သုံးခုအတွက် ရက်ရက်ရောရောကို ပေးကမ်းခြင်းခံခဲ့ရပါတယ်..။ကောင်းပြီလေ..အနည်းဆုံးတော့ တိုက်ခိုက်မူ နှစ်ခု အတွက်ပေါ့..။

တစ်ခုကတော့..တက်ရောက်မူ ဒုတိယအဆင့် မှတ်သားမူ ဖြစ်တဲ့ မြားတစ်ချောင်းပါ..။ဒုတိယကတော့..တက်ရောက်မူ အဆင့် ၂ ဖြစ်တဲ့ ဒိုင်းကာ တစ်ခု ဖြစ်နေခဲ့တယ်..။ဒီနှစ်ခုလုံးက အတော်လေးကို ကောင်းမွန်တဲ့ တိုးမြှင့်မူတွေကို ပိုင်ဆိုင်ထားကြပါတယ်..။သို့ပေမယ့်..ဒီအရာတွေကို အသေးစိတ်ကြည့်ရူဖို့အတွက် သူ့မှာ အချိန် မရှိသေးပေ..။သူ ဆုံးဖြတ်နိုင်သေးတာ ဆိုလို့..ဒီမှတ်သားမူတွေက..သူတော်စင်ကို ကျွေးဖို့ မလိုအပ်တဲ့အထိတော့..ကောင်းမွန်ကြတယ် ဆိုတာပါပဲ..။

သို့ပေမယ့် တတိယ တစ်ခုကတော့..အနည်းငယ် စိတ်ပျက်စရာကောင်းနေခဲ့တယ်..။ဒါက တစ်ခြားတစ်စုံတစ်ယောက် အတွက်ဆိုရင်တော့ အတော်လေးကို အံ့ဩဖို့ကောင်းတဲ့ ဆုလာဒ်တစ်ခုပါ…။ဒီအရာကတော့..ဝိဉာဉ်အမြုတေ တစ်ရာထက် မနည်းတဲ့ ဆုလာဒ်တစ်ခုပါပဲ..။နိုးထခြင်းကမ္ဘာမှာတော့..ဒီအရာတွေက အဖိုးတန်လွန်းတဲ့ အရင်းအမြစ်တွေ ပါ..။သေးငယ်တဲ့ အမွေအနှစ်ကလန်တွေတောင်မှာ..ဒီပမာဏ ကို တတ်နိုင်ကြမှာ မဟုတ်ပေ..။

သို့ပေမယ့် ဆန်နီ က ဒီအရာတွေကို အသုံးမပြုနိုင်တာကြောင့် သူ့အတွက်က အသုံးမဝင်ပါဘူး..။

‘ချီးပဲ..’

သို့ပေမယ့် သူ့ရဲ့ စိတ်ပျက်မူက သိပ်ပြီး မကြာခဲ့ပေ..။အဆုံးမှာတော့ ဒါက သိပ်ပြီး ပြသနာ မရှိပါဘူး..။အမှန်တကယ် ကြီးမားတဲ့ ဆုလာဒ်တွေက ပထမ နဲ့ ဒုတိယ အဆင့်ကို ရရှိတဲ့ လူတွေ သာ ရရှိနိုင်ကြမှာ ဖြစ်ပြီး အခုဆိုရင် ဆန်နီက နောက်ဆုံး ဖိုင်နယ် တိုက်ပွဲကို ရောက်နေခဲ့ပါပြီ..။

အနိုင်ရရှိသူနဲ့ ပြိုင်ဖက်က ..ဗာလာကလန် ရဲ့ လက်နက်တိုက်ထဲကနေ မှတ်သားမူတွေကို ရရှိကြပါလိမ့်မယ်..။ပြီးတော့..ကြီးမြတ်တဲ့ ကလန်တွေ ဆိုတာက စစ်သည်တော်တွေကြောင့်ပဲ နာမည်ကြီးနေကြတာ မဟုတ်တဲ့ အတွက်..ဒါက နိုးထသူတိုင်းရဲ့ အိပ်မ်ကဆိုးရင်လည်း မမှားပါဘူး..။

ဒီကလန်တွေက..သူတို့ရဲ့ ပန်းပဲပညာရှင်တွေကြောင့်လည်း ကျော်ကြားကြပါတယ်..။

ဗာလာ မိသားစု ရဲ့ အဖွဲ့ဝင်တွေဟာ..ပန်းပဲထုလုပ်တာ ၊ ဖန်တီးတာနဲ့ ချည်နှောင်နေတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြပါတယ်..။သူတို့ထဲက တစ်ချို့ဆိုရင်..အိပ်မက်ဆိုးသားရဲတွေကို ဖျက်ဆီးနိုင်ဖို့ နဲ့ အိပ်မက်ကမ္ဘာထဲက အန္တရာယ်တွေကို ကျော်လွှားနိုင်ဖို့ လက်လုပ် မှတ်သားမူတွေကိုတောင် ပြုလုပ်ခဲ့ကြပါတယ်..။သူတို့က အားလုံးဝင်ပြိုင်နိုင်တဲ့ ပြိုင်ပွဲတစ်ခုအတွက် ပြိုင်ဖက်ကင်းတဲ့ ဆုလာဒ်မျိုးကို ပေးဖို့ကိုတော့ ဆန်နီ သံဿယဖြစ်မိပေမယ့်…သူတို့ပေးအပ်တဲ့ ဘယ်အရာပဲ ဖြစ်ဖြစ် ..အတော်လေး တန်ဖိုးရှိမှာ သေချာပါတယ်..။

ထပ်ပြောရရင် သူက အရိပ်ကခုန်မူရဲ့ ဆန်းကျယ်မူတွေကိုတောင် အတော်လေး. သိချင်နေနိုင်ခဲ့ပါပြီ..။နောက်ဆုံးတိုက်ခိုက်မူ သုံးခုက သူ့ကို ဒုတိယအဆင့်ကို ဆုပ်ကိုင်နိုင်ခါနီး အဆင့်အထိ ရောက်အောင်တောင် တွန်းပို့ပေးနိုင်ခဲ့ပါတယ်..။အခုတော့..သူက နောက်တစ်ဆင့်ကို ရောက်ရှိလု နီးပါးအထိတောင် ခံစားနေခဲ့ရတယ်..။

ဒီတော့..ဘာပဲဖြစ်ဖြစ် ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာက တကယ်ကို ကောင်းမွန်တဲ့ အကြံဥာဏ်တစ်ခုပါပဲ..။

‘ငါ ရိမ်းကို ကျေးဇူးတင်သင့်တယ်..။မဟုတ်ဘူး…ခနလေး..သူမက ငါပါဝင်နေတယ် ဆိုတာကိုတောင် သိတာမဟုတ်ဘူး..။ငါက ပြိုင်ပွဲမှာဝင်ပြိုင်နေတာ မဟုတ်ဘူး..ခွေးသားက ပြိုင်နေတာ..။ချီး..ဘာလို့ အရာရာတိုင်းက ဒီလောက်အထိတောင်..ရှုပ်ထွေးနေရတာလဲ..ငါ နည်းနည်းလောက် အနားယူသင့်နေပြီထင်တယ်..’

ဒိုင်နစ်ဆာ နဲ့ တိုက်ပွဲပြီးတဲ့နောက်မှာတော့..သူ့ရဲ့ အခြေအနေက ပုံစံကောင်းမှာ ရှိမနေတော့ပါဘူး..။အဲဒီတိုက်ပွဲကတော့.. အတော်လေးကို လူမဆန်အောင် ကြမ်းတမ်းခဲ့ပါတယ်..။လူမဆန်အောင် လေ့ကျင့်ရေးတွေ ပြုလုပ်ခဲ့တဲ့ ဆန်နီ ကိုယ်တိုင်တောင်..ကြမ်းတမ်းတဲ့ အဆုံးသးတ်ကြောင့် အနည်းငယ် အံ့ဩသင့်ရပါတယ်..။သူ့ရဲ့ ဒဏ်ရာတွေက တိုက်ပွဲပြီးဆုံးသွားတာနဲ့ ပျောက်ကွယ်သွားပေမယ့် စိတ်ပင်ပန်းနွမ်းနယ်မူတွေကတော့ ကျန်နေတုန်းပါပဲ..။အိပ်မက်ရူခင်းရဲ့ ဖန်တီးထားတဲ့ ပုံစံကြောင့် သူ့ရဲ့ အဆီအနှစ်တွေကလည်း အမှန်တကယ်ကို ကုန်ဆုံးနေခဲ့ပါပြီ..။

ကံကောင်းချင်တော့.. ပြိုင်ပွဲကျင်းပသူတွေက နောက်ဆုံးတိုက်ပွဲကို ချက်ချင်းကြီး မကျင်းပပေးလောက်တဲ့ အထိတော့ ဥာဏ်ကောင်းကြပါသေးတယ်..။ပထမဆုံးအနေနဲ့..တတိယနဲ့ စတုတ္ထနေရာကို ရွေးချယ်မဲ့ ပြိုင်ပွဲနဲ့ ဖျော်ဖြေမူတစ်ချို့ကို ကျင်းပကြမှာပါ..။ဒါကြောင့်..သူက..ပြန်လည်အားဖြည့်ပြီး အနားယူဖို့အတွက်..အချိန်အနည်းငယ် ရနေပါသေးတယ်..။

ဆန်နီ ပင်ပန်းစွာ သက်ပြင်းချလိုက်ပြီး..အိပ်မက်ကမ္ဘာထဲက ထွက်ကာ..အိပ်စက်ခြင်းသေတ္တာထဲကနေ ထွက်လာခဲ့တယ်..။ပြီးတာနဲ့ သူ့အတွက် အရသာရှိတဲ့ ညစာကို ပြင်ဆင််ဖို့ လုပ်လိုက်ပါတယ်..။

…..

ညစာစားသုံးနေတုန်းမှာတော့..ဆန်နီက ပြိုင်ဖက်ကို လေ့လာနေခဲ့ပါတယ်..။

ဒီနှစ်မှာတော့..နောက်ဆုံးပြိုင်ပွဲက ခါတိုင်းနဲ့ မတူညီခဲ့ပါဘူး..။ဘာလို့လဲဆိုတော့ ယှဉ်ပြိုင်သူ နှစ်ယောက်စလုံးက..ပြိုင်ပွဲရဲ့ ဆုလာဒ်ကို စိတ်ဝင်စားလို့ အိပ်မက်ရူခင်းထဲကို ဝင်ရောက်လာတဲ့ လူတွေ မဟုတ်ကြပေ..။သူတို့တွေက..နဂိုကတည်းက ရှိနေကြတဲ့ တိုက်ခိုက်ရေးသမားတွေပါ..။ကောင်းပြီလေ..တကယ်လို့ မွန်ဂရယ် ကို နဂိုကတည်းက ရှိနေတဲ့ သူတစ်ယောက် အဖြစ်သတ်မှတ်မယ် ဆိုရင်ပေါ့..။

သူက သူနဲ့ယှဉ်ပြိုင်ရမယ့်..အမျိုးသမီး အကြောင်းကို ကြားဖူးထားတယ် ဆိုပေမယ့် အများကြီးတော့ မဟုတ်ပါဘူး..။

သူမရဲ့ နာမည်ပြောင်က ပျားဘုရင်မ ပါ..။ပြီးတော့..သူမကလည်း ဆန်နီလောက်နီးပါးကို နားလည်ရခက်ခဲတဲ့ သူတစ်ယောက်ပါ..။တစ်ခြားတိုက်ခိုက်ရေးသမားတွေနဲ့ မတူညီတဲ့ အချက်က သူမရဲ့ တိုက်ခိုက်မူတွေကို တိုက်ရိုက်ထုတ်လွင့်တာတွေ ကြော်ငြာတာမျိုးတွေ လုံးဝမရှိခဲ့ပေ..။သူမက ဒီတိုင်း ဘယ်သူကမှ မသိပဲ နေရာတာကို နှစ်သစ်တဲ့ ပုံပါပဲ..။ကြည့်ရတာတော့..သူက တိုက်ခိုက်ဖို့တစ်ခုတည်းကိုပဲ စိတ်ဝင်စားပြီး..ကျန်တာတွေကို စိတ်ဝင်စားပုံမရပါဘူး..။ပျားဘုရင်မက တိုက်ပွဲတစ်ပွဲမှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိပေ..။သူမက ပြိုင်ပွဲရဲ့ မရှုံးနိမ့်နိုင်တဲ့ ချန်ပီယံ တစ်ဦးပါ..။

သူမလို သန်မာတဲ့ လူတစ်ယောက်က ဘာလို့ ပုံရိပ်ယောက် ဂိမ်းတွေကို လာပြီး ယှဉ်ပြိုင်နေရတာလဲ..။ဒါကို သူ မသိပေ..။သို့ပေမယ့်..သူကိုယ်တိုင်ကလည်း ပိုမို ကောင်းမွန်တဲ့ အရာတွေ လုပ်စရာရှိနေသည့် တိုင်အောင် ဒီနေရာမှာ လာပြီး အခိန်ဖြုန်းနေခဲ့တာကြောင့်..ဆန်နီက ဒါကို ခန့်မှန်းနေမှာ မဟုတ်ပါဘူး..။သူ့မှာ သူ့အကြောင်းပြချက်ရှိသလို ..သူမမှာလည်း သူမရဲ့ ကိုယ်ပိုင်အကြောင်းပြချက် ရှိလောက်မှာပါ..။

ဒါမှမဟုတ် ဒါက ပျော်ရွှင်ဖွယ် ဝါသနာတစ်ခုလည်း ဖြစ်နေနိုင်တာပါပဲ..။

ဘာပဲဖြစ်ဖြစ် အင်တာနက် ပေါ်မှာကတော့ ပျားဘုရင်က ဘယ်သူဖြစ်နိုင်လဲ ဆိုတာနဲ့ပတ်သက်ပြီး သီအိုရီတွေ အများကြီး ရှိနေခဲ့တယ်..။သူမက လူတစ်ယောက် မဟုတ်ဘူးဆိုတဲ့ ကောလဟာလတွေတောင် ရှိနေခဲ့ပါသေးတယ်..။လူတွေက သူမက တစ်ခြားကစားသမားတွေကို ထိပ်ဆုံးထိမရောက်နိုင်အောင် တားဆီးဖို့နဲ့..ပိုမိုကျွမ်းကျင်မူတွေ အတွက် အစဉ်အပြတ်ကြိုးစားအောင် သတိပေးနေဖို့ ဖန်တီးထားတဲ့ အတုအယောင်တစ်ခုလို့တောင် ထင်မှတ်နေခဲ့ကြပါတယ်..။ဒါပေါ့ ဒီအရာကတော့ လုံးဝကို အဓိပ္ပာယ် မရှိပါဘူး..။အိပ်မက်ရူခင်းက..အမှတ်တကယ် ဉာဏ်ရည်ရှိတဲ့ အတုအယောင်တွေကို ဖန်တီးနိုင်ခြင်း မရှိသေးပေ..။

တကယ်လို့ အဲဒီလို ရှိနေမယ်ဆိုရင်..နိးထသူတွေက အချင်းချင်း တိုက်ခိုက်ရင်း အချိန်ကုန်ခံမနေတော့ပဲ..အိပ်မက်ဆိုးသားရဲတွေနဲ့ပဲ တိုက်ခိုက်ကြတော့မှာပါ..။

သို့ပေမယ့်..လူတွေက သူတို့ယုံကြည်ချင်တဲ့ အရာကို ယုံကြည်ကြတာပါပဲ..။

‘ဘယ်လို ငရဲလဲ..’

ဆန်နီဟာ စကားပြောစက်ကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။

အံ့ဩစရာ မဟုတ်ပေမယ့်..ပျားဘုရင်မမှာလည်း သူ့မရဲ့ ကိုယ်ပိုင် ပရိတ်သတ်တွေ ရှိနေခဲ့ပါသေးတယ်..။သူမက ဒီလို ပရိတ်သတ်တွေကို မလိုချင်ဘူး ဆိုရင်တောင်မှပါ..။ပြီးတော့ လတ်တလောမှာတော့..သူတို့တွေက မွန်ဂရယ် ရဲ့ မလိုမရှိတဲ့ နောက်လိုက်တွေနဲ့ အငြင်းအခုန် ဖြစ်နေခဲ့ကြပါတယ်..။အင်တာနက် တစ်ခုလုံးက ဒီ ပရိတ်သတ် နှစ်ဖက်ရဲ့ ကျိန်ဆဲမူတွေ ၊ ငြင်းခုန်မူတွေနဲ့ ပြည့်နှက်နေခဲ့တဘ်..။

“အရှင် မွန်ဂရယ် လား..။အဲဒီ အရှုံးသမားကလေ..။ချီး…ဘုရင် မွန်ဂရယ် ဖြစ်မှ ပြန်လာခဲ့လို့ ပြောလိုက်..။အရေးမပါတဲ့ လူဖျင်းတွေ..”

“မင်းက အရူးပဲ..မွန်ဂရယ်က သူ့ကိုယ်သူ အရှင်သခင်လို့ ဘယ်တုနး်ကမှ မပြောခဲ့ဘူး..။မွန်ဂရယ်က ငါတို့လို သာမန်လူတွေ ထဲကပဲ..။မင်းက ဆိုးယုတ်တဲ့ မင်းနောက်ကို လိုက်ချင်တယ် ဆိုရင်လည်း သီးသန့်လုပ်လေ..သိုးကောင်ရဲ့..”

“မင်းက ဘယ်သူ့ကို သိုးကောင်လို့ ခေါ်နေတာလဲ..မင်းသာ သိုးကောင်..။အဲဒီ မွန်ဂရယ် ဆိုတဲ့ ငနဲမှာ ချိုတွေလည်း ပေါက်နေတာနော်..။ဒီတော့ မင်းတစ်ခုခုကို မယုံကြည်ခင်မှာစဉ်းစားဖို့ လိုတယ်..”

“ကောင်လေးတို့ စိတ်ကို အေးအေးထားကြ..။ဘာလို့ ငြင်းခုန်နေကြတာလဲ..။မွန်ဂရယ် ဆိုတာက ပျားဘုရင်မ ဆိုတာ သိသာနေတာပဲ မဟုတ်ဘူးလား.။။သူတို့က တစ်ယောက်တည်းပဲ..။ဒီတိုက်ပွဲက ဖြစ်လာမှာမဟုတ်ဘူး..”

“ဒီ ငနဲက ရူးနေပြီ..။မွန်ဂရယ်က ငါတို့ရဲ့ ဂုဏ်ယူရတဲ့ ဘုရင်မရဲ့ ပင်ကီလေး ကိုတောင် နှိုင်းယှဉ်နိုင်မှာ မဟုတ်ဘူး..”

“ဒီကောင်က အရူးပဲ…။အဲဒီ သနားစရာ မင်းသမီး ဖြစ်ချင်နေတဲ့တစ်ယောက်က ဂုဏ်သိက္ခာရှိတဲ့ အရှင် မွန်ဂရယ်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ..။ဟာသပဲ..”

“..ကောင်းပြီလေ..အနည်းဆုံးတော့..ပထမမှတ်ချက်က..အရူးတစ်ယောက်ပဲ ဆိုတာကို သဘောတူနေပြီ..”

“မင်းက အရူးတစ်ယောက်ပဲ..”

“..ငါတော့ အဲလို မထင်ဘူး..”

ဆန်နီ စခရင်ကို ကြည့်နေရင်း သူ့မျက်လုံးတွေ လှုပ်သွားခဲ့တယ်..။

အတော်ကြာပြီးတဲ့ နောက်မှာမှ တစ်ဖက်ကို လှည့်လိုက်ပါတယ်..။

‘လူတိုင်းက အမှားနဲ့ မကင်းကြဘူး..။ဒါက တစ်စုံတစ်ယောက်ကို အခွင့်အရေးပေးရမယ့် အချိန် ဖြစ်နိုင်တာပဲ…မှိုတွေက အတော်လေးကို အရသာရှိတယ်လို့ ငါကြားဖူးထားတယ်..’

ဆန်နီ ဆက်သွယ်ရေးစက်ကို ပြန်ိပတ်လိုက်ပြီး..အစာစားဖို့ကိုသာ..အာရုံစိုက်လိုက်ပါတယ်..။ဒီ အဓိပ္ပာယ်မရှိတာတွေ အားလုံးက..သူ့ရဲ့ အစားစားချင်စိတ်ကို ကုန်ဆုံးသွားလုနီးပါးကို ဖြစ်စေခဲ့တာပါ..။

သို့ပေမယ့် ဆန်နီရဲ့ အစာစားချင်စိတ်က …သူ့လိုပဲ အတော်လေး ခံနိုင်ရည်စွမ်းအား မြင့်မားပါတယ်..။ဒါက ပိုပြီးမြင့်မားတာတောင် ဖြစ်နေနိုင်တာပါ..။ဒါက အနည်းနဲ့အများတော့..ပျောက်ကွယ်သွားအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..။

….

နာရီအနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ဆန်နီက ပြိုင်ပွဲကွင်းပြင်ကို ပြန်လည်ရောက်ရှိလာခဲ့တယ်..။

အခုတော့ ဒီပြိုင်ပွဲကြီးကို အဆုံးသတ်ပြီး သူ့ရဲ့ ဆုလာဒ်ကို ရိတ်သိမ်းမယ့် အချိန်ကို ရောက်ရှိလာခဲ့ပါပြီ..။

သို့ပေမယ့်..ပထမဆုံးအနေနဲ့..သူက အသန်မာဆုံး ပြိုင်ဖက်ကို အဆုံးသတ်ပေးဖို့ လိုအပ်နေပါသေးတယ်..။

‘ဒါက အဆင်ပြေသွားမှာပါ…ဘယ်လိုပဲ ဖြစ်ဖြစ် ငါက ကောင်းမွန်တဲ့ မှတ်သားမူကို ရဦးမှာပဲ..’

သို့ပေမယ့် အနိုင်ရရှိမယ် ဆိုရင်တော့ ပိုပြီး ကောင်းပါတယ်..။

…သူပေါ်လာတာနဲ့ တစ်ပြိုင်နက်..လူအုပ်ကြီးရဲ့ အားပေးသံတွေ ထွက်ပေါ်လာခဲ့ပါပြီ..။

အပိုင်း ( ၅၄၂ ) ပြီး၏။

All Chapters