← Chapters

နောက်ဆုံး

Vol. 37 Ch. 543

နောက်ဆုံး

Vol. 37 Ch. 543

ဆန်နီဟာ ကျယ်လောင်လွန်းလှတဲ့ အားပေးသံတွေကို ကြားလိုက်ရတဲ့ အချိန်မှာ တုန်လှုပ်သွားခဲ့တယ်..။

ပြိုင်ပွဲရဲ့ နောက်ဆုံးတိုက်ပွဲက…အနည်းငယ်ပြောင်းလဲထားခဲ့ပြီး..တစ်နည်းအားဖြင့် ပိုမို ခမ်းနားနေခဲ့ပါတယ်..။ပွဲကြည့်စင်တွေကိုလည်း တိုးချဲ့ထားပြီး..ထောင်နဲ့ချီတဲ့ ကြည့်ရူသူတွေက..ကျောက်တုံးထိုင်ခုံတွေမှာ ကြည့်ရူနေခဲ့ကြပါတယ်..။သူတို့ရဲ့ နားကျိန်ဖွယ် အားပေးမူ တွေ ၊ စိတ်လှုပ်ရှားစွာ အော်ဟစ်မူတွေ..က ..ပင်လယ်ကြီးထဲက လှိုင်းသံတွေလိုပါပဲ..။

နှင်းဆီပန်း ပွင့်ဖတ်တွေက ကောင်းကင်ကနေ..မိုးရွာသလို ကျလာနေခဲ့ပြီး..ပြိုင်ပွဲကွင်းပြင်တစ်ခုလုံးကို လှပတဲ့ ကော်ဇောအဖြစ် ဖန်တီးထားပေးခဲ့ပါတယ်..။

…ဆန်နီ အနေနဲ့ ဒီ အပြင်အဆင်တွေ အားလုံးကို ဘယ်လောက်ပဲ သံသယတွေနဲ့ ကြည့်နေပါစေ..မြင်ကွင်းတစ်ခုလုံးက သူ့ရဲ့ သွေးတွေကို ဆူပွက်လာစေဖို့အတွက် အရမ်းကို လွယ်ကူနေခဲ့ပါတယ်..။

သူ ခေါင်းကို အနည်းငယ်လှည့်လိုက်ပြီး..အော်ဟစ်အားပေးနေကြတဲ့ နေရာကို လှမ်းကြည့်လိုက်တယ်..။ပြီးတော့ သူက ပြိုင်ပွဲကွင့်ပြင်ရဲ့ အထကိမှာ..ကြီးမြတ်တဲ့ ဗာလာကလန်ဆိုတဲ့ စာသားတွေနဲ့ အထူးအလှဆင်ထားတဲ့နေရာကို ကြည့်လိုက်ပါတယ်..။ဒါက နောက်ဆုံးပြိုင်ပွဲဖြစ်နေခဲ့တာကြောင့်..ထူးခြားတဲ့သူတွေ ကလည်း..ပြိုင်ပွဲကို ကိုယ်တိုင်လာရောက် ကြည့်ရူကြပါလိမ့်မယ်..။

ဆန်နီက..ရယ်စရာ အရောင်အသွေးစုံတဲ့ သိုးမွှေးဝတ်ရုံကို ဝတ်ဆင်ထားတဲ့..အိပ်မက်ရူခင်း တည်ထောင်သူကို ချက်ချင်း မှတ်မိလိုက်တယ်..။သူ့ပုံစံက..မျက်နှာလိမ်းတဲ့ ပေါင်ဒါမှုန့် အိုးထဲကို ပြုတ်ကျသွားတဲ့ ကြက်တူရွေး တစ်ကောင်နဲ့တောင် တူနေခဲ့ပါသေးတယ်..။ဒီ ရယ်စရာကောင်းတဲ့ လူပျက်က အမှန်တကယ်ပဲ..သူတော်စင် တစ်ယောက်ဖြစ်တယ် ဆိုတာကို ဆန်နီ အခုချိန်အထိ မယုံကြည်နိုင်သေးပါဘူး..။

ဒါဆိုရင်တော့ သူ့ရဲ့ အနီးအနားမှာ ရှိနေကြတဲ့ သူတွေက ..ဗာလာကလန်ကို ကိုယ်စားပြုတဲ့သူတွေ ဖြစ်ကြပါလိမ့်မယ်..။ဆန်နီ သေချာတော့ မမြင်ရပေမယ့်..ဒါက..အနက်ရောင်ဆံပင် ၊ တောက်ပတဲ့ အသားအရည်နဲ့ ငယ်ရွယ်တဲ့ အမျိုးသမီး တစ်ယောက် ဆိုတာကိုတော့..သူ သတိထားမိလိုက်ပါတယ်..။သူမက..အရောင်မတောက်ပတဲ့ ချပ်ဝတ်အက်ျီ နဲ့..ကလန် ခေါင်စည်းစာသား နဲ့ အရောင်တူတူပဲဖြစ်တဲ့ အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားခဲ့တယ်..။သူမရဲ့ ထက်မြက်ပြီး..ရိုးရှင်းတဲ့ အသွင်အပြင်က..အိပ်မက်ရူခင်းရဲ့ သူတော်စင်နဲ့ လုံးဝကို ကွာခြားနေခဲ့ပါတယ်..။

အသေးစိတ်မြင်ရဖို့အတွက် အကွာအဝေးက အတော်လေးကို ဝေးကွာနေခဲ့ပေမယ့်..ဆန်နီကိုယ်တိုင်ကလည်း..ကြီးမြတ်တဲ့ ကလန်တစ်ခုက ဆက်ခံသူတစ်ယောက်ကို စိုက်မကြည့်ရဲခဲ့ပါဘူး..။သူမက သူတိုက်ခိုက်နေတာကို စောင့်ကြည့်နေမယ် ဆိုတာကို သိရတာနဲ့တောင် သူ့အတွက် အတော်လေး..မသက်မသာဖြစ်နေစေခဲ့ပါပြီ..။

တစ်ဖက်မှာတော့…

‘ငါ ပိုပြီးကောင်းကောင် ဖျော်ဖြေရမယ်..။ဘယ်သူသိမှာလဲ…ဒီ မိန်းကလေးက ငါ့ကို သဘောကျသွားပြီး..မှတ်သားမူ ကောင်းတာလေးတွေ အပိုထပ်ပေးနိုင်တာပဲလေ..’

ဆန်နီ သူ့စိတ်ထဲက အတွေးတွေကို မောင်းထုတ်လိုက်ပြီး..နောက်ဆုံးမှာတော့..အကြည့်ကို အောက်ချကာ ပြိုင်ဖက်ကို လေ့လာလိုက်ပါတယ်..။

သူက လက်ရှိမျိုးဆက်ရဲ့ အကောင်းဆုံးတိုက်ခိုက်သူ တစ်ချို့ကို သိထားတာကြောင့် ပျားဘုရင်မကို အိပ်မက်ရူခင်းရဲ့ အပြင်ဖက်မှာ တွေ့ထားလောက်ပြီးပြီ လို့တောင် တွေးမိခဲ့ပါသေးတယ်..။သို့ပေမယ့် မဟုတ်ပေ..သူမက လုံးဝကို မရင်းနှီးနေခဲ့ပါဘူး..။

ဒီ အမျိုးသမီးက သူမရဲ့ မျက်နှာတစ်ဝက်ကို ထည်ဝါလှတဲ့ မျက်နှာဖုံးနောက်မှာ ဖုံးအုပ်ထားပေမယ့်..သူမကို ကြည့်ရတာတော့..အသက်သုံးဆယ် ဝန်းကျင်မှာ ရှိလောက်မှာပါ..။သူမကို သူ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး ဆိုတာ သေချာပါတယ်..။သူမက အားပေးနေကြတဲ့ ပရိတ်သတ်တွေ နဲ့..ဂုဏ်သရေကြီး ဧည့်သည်တွေကြောင့်..လုံးဝသက်ရောက်မူ မရှိတဲ့အလား..ပြိုင်ပွဲရဲ့ ကွင်းပြင်ရဲ့ အလယ်မှာ တည်ငြိမ်စွာ မတ်တတ်ရပ်နေခဲ့ပါတယ်..။

တစ်ချက်ကြည့်လိုက်တာနဲ့ သူက စစ်မှန်တဲ့ကိုယ်ခံပညာ မာစတာ တစ်ယောက်ကို မြင်နေရတယ် ဆိုတာကို ဆန်နီ သိထားပြီးသားပါ..။ဒီ ဘုရင်မတစ်ယောက်လို အမျိုးသမီးရဲ့ အရာအားလုံးက..ကျွမ်းကျင်မူ ၊ ထည်ဝါမူ နဲ့ စိတ်ဓာတ်တွေကို ဖော်ပြနေကြပါတယ်..။သူမက ပေါ့ပါးတဲ့ အကာအကွယ်ကို ဝတ်ဆင်ထားခဲ့ပြီး..ရှည်လျားထက်မြက်တဲ့ ဓားကိုု ကိုင်ဆောင်ထားခဲ့တယ်..။သူမ ရဲ့ အနီးနား ဝန်းကျင်မှာတော့..ထူးဆန်းတဲ့ ငြိမ်သက်မူတစ်ခု ရှိနေပြီး..ဒီအရာက တစ်နည်းအားဖြင့် သူနဲ့ စိမ်းနေသလိုလို ၊ ရင်းနှီးနေသလိုလို ခံစားနေခဲ့ရပါတယ်..။

‘…ကြည်လင်ပြတ်သားမူလား..။ဒါက တစ်ခါတစ်လေ နစ်ဖီ ဆီကနေ ရတတ်တဲ့ ခံစားချက်မျိုးပဲ..’

အမှန်တကယ်ပဲ ဒီအရာက နစ်ဖီ နဲ့ ဆန်နီ တို့ ပိုင်ဆိုင်ထားကြတဲ့ ကြည်လင်ပြတ်သားမူမျိုးနဲ့ တစ်ပုံစံတည်းပါပဲ..။သို့ပေမယ့်..ပြောင်းလဲနေတဲ့ကြယ်ပွင့် က ထက်ရှပြီး..တိုက်ခိုက်မူဓားတစ်ချောင်းလို ရှောင်လွဲမရနိုင်တဲ့ အခြေအနေမှာ…ပျားဘုရင်မကတော့ ဒီလိုမဟုတ်ပေ..။ပြောင်းပြန်အနေနဲ့ သူမက လှည့်ဖျားနိုင်စွမ်းရှိလောက်အောင်ကို တည်ငြိမ်နိုင်နေခဲ့ပါတယ်..။

‘ဘယ်လို ထူးဆန်းလောက်တောင် ဆန့်ကျင်ဖက်ဖြစ်မူလဲ..’

အမျိုးသမီးကလည်း..သူ့ကိုလေ့လာနေခဲ့တာကြောင့်..ဆန်နီအနေနဲ့ သူမရဲ့ မျက်လုံးတွေကို ကြည့်ခွင့်ရနေခဲ့ပါတယ်..။သူမရဲ့ မျက်လုံးတွေက..အပြာရောင် ၊ မီးခိုးရောင် ၊ အစိမ်းရောင် ဒါမှမဟုတ်..ခရမ်းရောင်တွေ တစ်ခုမှ မဟုတ်ပါဘူး.။အဲဒီအစား သူတို့က သူမရဲ့ ခံစားချက်တွေကို ရောင်ပြန်ဟပ်နေသလိုပဲ တစ်ရောင်ကနေ တစ်ရောင်ကို ကို ပြောင်းလဲနေခဲ့ကြတယ်..။အထူးဆန်းဆုံးအချက်ကတော့..သူမရဲ့ မျက်လုံးတွေက လူသတ်သမားတစ်ယောက်ရဲ့ မျက်လုံးတွေနဲ့ လုံးဝကို မတူညီခဲ့ပါဘူး..။

သူကိုယ်တိုင်ကလည်း..သတ်ဖြတ်သူ တစ်ယောက်ဖြစ်နေတာကြောင့်..ဒီလိုမျက်လုံးတွေကို ဆန်နီ အနေနဲ့‌ေ ကာင်းကောင်းမှတ်မိပါတယ်..။

သူက သူ့ရဲ့ ခေါင်းကို ကုတ်ချင်စိတ်ကို မနည်းထိန်းထားရတယ်..။

‘အာ..တိုက်ခိုက်ရေး မာစတာ တစ်ယောက်..ဒါပေမယ့်..လူသတ်သမားတစ်ယောက်တော့ မဟုတ်ဘူး..။ဒါက တကယ်ပဲ သူမရဲ့ ဝါသနာ တစ်ခုလို့တော့ ငါ့ကို မပြောနဲ့နော်..’

ဒါက ဘယ်လိုမျိုး ဝါသနာ မျိုးလဲ…

ဘာပဲဖြစ်ဖြစ် ဒီအချက်က သူ့အတွက်တော့ အနည်းငယ် လွယ်ကူသွားစေမှာပါ..။သေချာတာပေါ့..ပျားဘုရင်မကလည်း..အရမ်းကို ထူးချွန်တဲ့ တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်နိုင်ပါတယ်..။မဟုတ်ရင် သူမက နောက်ဆုံး တိုက်ပွဲဆီကို ရောက်လာနိုင်မှာ မဟုတ်ပေ..။သို့ပေမယ့်..သတ်ဖြတ်လိုစိတ် မရှိပဲနဲ့ ဆန်နီလို လူတစ်ယောက်ကို အနိုင်ယူဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး..။

သူ့အတွက်တော့..ကိုယ်ခံပညာ ဆိုတာက..စိတ်ဝင်စားစရာ ဒါမှမဟုတ်..သဘောကျစရာ အရာတစ်ခု မဟုတ်ပေ..။သူက ဒီအရာကို အပျော်သဘောနဲ့ ဒါမှမဟုတ်..အသက်မွေးဝမ်းကြောင်း တစ်ခု အနေနဲ့ ရွေးချယ်ထားခဲ့တာ မဟုတ်ပါဘူး..။ဒါက ရိုးရှင်းစွာပဲ သူ့ရဲ့ ဘဝအတွက်ပါ..။

စစ်ပွဲနတ်ဘုရား ကို…ဘဝတွေရဲ့ နတ်ဘုရားလို့ ခေါ်တာက အလကား မဟုတ်ပေ..။ဘဝ ဆိုတာက ကြမ်းတမ်းတဲ့ ရုန်းကန်မူတွေကို အဆက်မပြတ်ခံစားနေရတဲ့ အရာတစ်ခု ဖြစ်ပြီး..ဒီအရာကို ဆန်နီက တစ်ခြားလူတွေထက် ပိုသိထားပါတယ်..။ဒါကြောင့်ပဲ သူက အခုလို ရက်စက်ပြီး.ကြမ်းတမ်းတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက်ဖြစ်ကာ..သူ့ရဲ့ ရန်သူကို ဖျက်ဆီးဖို့အတွက် ဘယ်လို အခွင့်အရေးမျိုးကိုမှ လက်လွတ်မခံနိုင်တာပါ..။

…ဒီလိုနဲ့ပဲ..အခုတိုက်ပွဲက လွယ်ကူမယ်လို့ ဆိုလိုတာ မဟုတ်ပေ..။လူသတ်သမား ဟုတ်ဟုတ် မဟုတ်ဟုတ် ပျားဘုရင်မက အကြောက်အလန့်ကင်းတဲ့ ပြိုင်ဖက်တစ်ယောက် ဖြစ်နေတုန်းပါပဲ..။

သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး..အနက်ရောင် အိုဒါချီ ဓားကို ထုတ်ယူလိုက်ကာ ပုခုံးပေါ်တင်ပြီး..လမ်းလျောက်သွားလိုက်ပါတယ်..။

…..

အိပ်မက်ရူခင်း ရဲ့ ကျယ်လောင်တဲ့ အသံနဲ့ သီဆိုမူတွေကနေ..တိုက်ခိုက်ရေးသမား တွေရဲ့ နာမည်သံတွေကို ကြေညာတာကို ကြားလိုက်ရတယ်..။ဆန်နီကတော့ ဒီအရာကို နားမထောင်နေပဲ ရိုးရှင်းစွာနဲ့ တိုက်ပွဲကွင်းပြင်ရဲ့ အလယ်ကိုသာ ချီတက်သွားခဲ့ပါတယ်..။ပြီးတာနဲ့ ခနလောက်တွေဝေလိုက်ပြီး..ထည်ဝါတဲ့ အမျိုးသမီးကို ကြည့်ကာ အနည်းငယ်..၊ ရှက်ရွံ့တဲ့ အရိုအသေ ပေးမူ တစ်ခုကို ပြုလုပ်လိုက်တယ်..။

သူက ယဉ်ကျေးလိမ္မာတဲ့ လူတစ်ယောက်တော့ မဟုတ်ပေမယ့်..ဒီအခြေအနေမှာတော့..အရိုအသေပေးတာက အတော်လေးကို သင့်တော်တယ်လို့ ခံစားနေရပါတယ်..။

ပျား ဘုရင်မက သူ့ကို တည်ငြိမ်စွာ ကြည့်နေခဲ့ပြီးကာမှ ခေါင်းအနည်းငယ် ငြိမ့်လိုက်တယ်..။ယင်နောက် သူမရဲ့ ဓားကို အသင့်အနေအထား ပြင်ထားလိုက်ပါတယ်..။

‘ဒါက တကယ်ကို ခက်ခဲတော့မယ်..’

သူက ဝိဉာဉ်မြွေရဲ့ လက်ကိုင်ကို ဆုပ်ကိုင်ရင်း..လျှပ်စီးလို လျင်မြန်တဲ့ အရှိန်နဲ့ ရှေ့ကို တက်သွားခဲ့လိုက်ပါတယ်..။

အချိန်ဖြုန်းနေလို့ရော ဘာများထူးတော့မှာလဲ…

ဆန်နီက သူ့ရဲ ပြိုင်ဖက်ကို တစ်ချက်တည်းနဲ့ လွှမ်းမိုးနိုင်ဖို့အတွက် ကြိုးစားခဲ့တာပါ..။သို့ပေမယ့် ဒါပေါ့..သူ ကျရှုံးသွားခဲ့တယ်..။သွယ်လျတဲ့ ဓားရှည် တစ်ချောင်းက မယုံနိုင်တဲ့ အရှိန်တစ်ခုနဲ့ ပျံသန်းလာခဲ့ပြီး..သူ့အနေနဲ့ ပျား ဘုရင်မ အနားကို ကပ်သွားပြီး တိုက်ခိုက်နိုင်မယ့် အရေးကနေ တားဆီးခြင်း ခံလိုက်ရပါတယ်..။စက္ကန့်အနည်းငယ်လောက် ပြိုင်ပွဲကွင်းပြင်တစ်ခုလုံးမှာ သံမဏိချင်း ထိမှန်တဲ့ အသံတွေက နားကျိန်းလုမတတ် ထွက်ပေါ်လာခဲ့တယ်..။

ကြည့်ရူသူတွေတောင်မှ တိတ်ဆိတ်သွားခဲ့ကြပြီး..မယုံနိုင်စရာ တိုက်ပွဲကို အသက်မရူပဲ ကြည့်နေခဲ့ကြတယ်..။

အရင်တိုက်ပွဲတွေနဲ့ မတူတဲ့ အချက်က..ဒီတိုက်ပွဲမှာ..စွဲမက်ဖွဲကောင်းတဲ့အရာ ဒါမှမဟုတ် ထူးခြားတဲ့ အရာတွေ တစ်ခုမှ ရှိမနေခဲ့ပါဘူး..။ဒါက မွန်ဂရယ် နဲ့ အသွင်ပြောင်း ဒိုင်နစ်ဆာ တို့ တိုက်ပွဲတုန်းကလိုလည်း..ပြင်းထန်ရက်စက်မူတွေ ရှိမနေခဲ့ပေ..။အလားတူစွာပဲ..ကမ္ဘာမြေ ဆွဲအားကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့ အဲဗားရိမ်းနဲ့ တိုက်ပွဲလိုလည်း..ကြးမ်းတမ်းမူ တွေ မရှိပါဘူး..။ပတ်ဝန်းကျင်မှာလည်း ရင်သတ်ရူမောဖွယ် ကဏ္ဉစွမ်းရည်တွေ အသုံးပြုနေခြင်း မရှိပေ..။အဲဒီအစား..အရာအားလုံးက..ကျွမ်းကျင်မူ …သံမဏိ နဲ့ နည်းစနစ်တွေ အပေါ်မှာပဲ မူတည်နေခဲ့ပါတယ်..။

သို့ပေမယ့်..ကိုယ်ခံပညာအကြောင်း အနည်းငယ်လောက်သာ သိထားတဲ့ သူတွေတောင်မှ ဒီတိုက်ပွဲကနေ မျက်လုံးတွေ မခွာနိုင်ခဲ့ကြပါဘူး..။တိုက်ခိုက်မူတိုင်း ၊ တားဆီးမူတိုင်း ၊ တိုက်ခိုက်သူတွေ ရဲ့ ခြေလှမ်းတိုင်းက..အပြစ်ကင်းစင်တဲ့ တိကျမူတွေ ၊ အမြင်အာရုံ တွေ ၊ နဲ့ ရှင်းလင်းမူတွေ ပြည့်နှက်နေခဲ့တယ်..။ဒါက မာစတာ နှစ်ယောက်ရဲ့ တိုက်ပွဲတစ်ခု ဖြစ်တာကြောင့်…သူတို့မြင်ခဲ့ဖူးတဲ့ ပြိုင်ပွဲတွေထက် ရင်သပ်ရူမောဖွယ်ကောင်းပြီး..အသက်ရူမှားလောက် အောင် ကောင်းမွန်ပါတယ်..။

…သို့ပေမယ့်..ဆန်နီကတော့ ပရိတ်သတ်တွေလိုမျိုး မပျော်ရွှင်နိုင်ခဲ့ပေ..။

အမှန်တကယ်တော့..သူက လုံးဝကို မပျော်ရွှင်နိုင်ခဲ့တာပါ..။

‘သောက်ကျိုးနဲ…ဘာတွေဖြစ်နေတာလဲ..’

အပိုင်း ( ၅၄၃ ) ပြီး၏။

All Chapters