အနိုင်ရသူ၏ ခမ်းနားမူ
Vol. 37 Ch. 544
ဒီတိုက်ခိုက်မူနဲ့ ပတ်သက်ပြီး တစ်ခုခုကတော့အ တော်လေးကို မှားယွင်းနေခဲ့ပါပြီ..။ သူက ဒီအရာကို ချက်ချင်း ဆိုသလိုပဲ..သတိထားမိလိုက်ပေမယ့်..တိုက်ခိုက်မူတစ်ခုလုံးကို လွဲချော်ထွက်မသွားအောင် တားဆီးဖို့အတွက် ဘာမှ မလုပ်နိုင်ခဲ့ပါဘူး..။တကယ်တော့..သူက သူ့ရဲံ ဓားကို ကိုင်ဆောင်ထားပြီး..တော်ဝင် ဘုရင်မကို ..အသာစီးကနေ တိုက်ခိုက်နေတယ် လို့ ထင်ရပေမယ့် ..အမှန်တကယ်တော့..ဆန်နီက စက္ကန့်တိုင်းမှာ သူ့ရဲ့ အသက်ကို ကယ်တင်ဖို့အတွက် ရုန်းကန်နေရတာပါ..။
ဒီ အမျိုးသမီးက အတော်လေးကို ထူးဆန်းတယ်..။
သူမရဲ့ အရိပ်နဲ့ ပတ်သက်ပြီး တစ်ခုခုကတော့ မှားယွင်းနေခဲ့ပါတယ်..။ဒါက အရင်တုန်းက သူ အိပ်မက်ကမ္ဘာထဲမှာ ခံစားခဲ့ဖူးတဲ့ ထိပ်လန့်စရာ ၊ သဘာဝမကျတဲ့..မှားယွင်းမူမျိုးလို မဟုတ်ပေ..။သို့ပေမယ့်..ဒါက သူ့ကို အဆုံးသတ်လိုက်နိုင်တဲ့ သာမန် မှားယွင်းမူမျိုး တစ်ခုပါ..။
ဒီအရာကတော့..အမျိုးသမီး ရဲ့ လှုပ်ရှားပုံတွေ နဲ့ သူမရဲ့ အရိပ် လှုပ်ရှားပုံတွေရဲ့ ကြားထဲမှာ အနည်းငယ် ကွာဟချက်လေးတွေ ရှိနေခဲ့တာပါ..။ထပ်ပြောရရင် ဆန်နီက..ပျားဘုရင်မရဲ့ လှုပ်ရှားမူတွေနဲ့ ခြေရွေ့ကွက်တွေကို သေချာဂရုတစိုက် လေ့လာပြီး..သူမရဲ့ နောက်ထပ်တိုက်ခိုက်မူတွေကို ခန့်မှန်းဖို့ကြိုးစားနေခဲ့သည့်တိုင်အောင် အကြိမ်းတိုင်းမှာ မှားယွင်းမူတွေနဲ့သာ ကြုံတွေ့နေခဲ့ရပါတယ်..။
ဒါက သူ့ရဲ့ ဓားကို စင်တီမီတာ အနည်းငယ်လောက် ကွာဟစေတယ် ဆိုရင်တောင် တိုက်ခိုက်မူတစ်ခုလုံးကို ကပြောင်းကပြန်ဖြစ်စေပြီး..ရန်သူအနေနဲ့ သူ့ရဲ့ ခုခံကာကွယ်မူကို ထိုးဖောက်စေနိုင်လောက်အောင် ဖြစ်သွားစေပါတယ်..။
‘သူမက ဒါကို ဘယ်လိုများ လုပ်နေနိုင်တာလဲ..’
သူ မကြာခင်မှာပဲ အဖြေကိုရှာဖွေဖို့ လိုအပ်နေပါပြီ..။ဘာလို့လဲ ဆိုတော့ တစ်စက္ကန့်စီတိုင်းမှာပဲ သူက အရှုံးကို ရောက်ဖို့ ဦးတည်နေခဲ့တာကြောင့်ပါ..။
ဆန်နီဟာ သူ့ဆီကို ဝင်ရောက်လာတဲ့ တိုက်ခိုက်မူကို ဘေးကို တွန်းပို့ဖို့့ ကြိုးစားလိုက်ပေမယ့် နောက်ထပ် တစ်ကြိမ် ဆိုသလိုပဲ..စင်တီမီတာ အနည်းငယလောက် လွဲချော်သွားခဲ့ပြန်ပါတယ်..။ရလာဒ်အနေနဲ့..ဓားရှည်က ဝိဉာဉ်မြွေရဲ့ ဓားသွားကို ဖြတ်ကျော်ပြီးတော့..သူ့ရဲံ ရင်ဘတ်ကို ထိမှန်သွားးခဲ့ပြီး ခန္တာကိုယ် တစ်ခုလုံးကို တုန်ရီသွားခဲ့စေပါတယ်..။မြေအောက်ကမ္ဘာ ဝတ်ရုံတော်က..ဒီတိုက်ခိုက်မူကို ကာကွယ်ထားလိုက်နိုင်ပေမယ့်..ဆန်နီကေတော့ လှည့်စား မခံရပေေ..။
ပျားဘုရင်မက..သူ သူမကို လေ့လာနေသလိုမျိုး..သူ့ရဲ့ တိုက်ခိုက်မူ ပုံစံကို လေ့လာနေခဲ့တာပါ..။သူမရဲ့ နားလည်မူတွေက လုံလောက်တဲ့ အဆင့်တစ်ခု အထိအောင်မြင်သွားပြီဆိုရင်..နောက်ထပ် တိုက်ခိုက်မူက..အကာအကွယ် အကျ်ီအစား..သူ့ရဲ့ လည်ပင်းကို ဖြတ်တောက်သွားပါလိမ့်မယ်..။
‘ ငရဲလိုပဲ..’
သူ အံကိုကြိတ်ထားရင်း ..ရုတ်တရက် သူ့ရဲ့ ဟန်ပန်ကို ပြောင်းလဲလိုက်တယ်..။ပြီးတာနဲ့..မဟာယန် ကလန် က ဒါ ရဲ့ လွှမ်းမိုးနိုင်တဲ့ တိုက်ခိုက်မူ ဟန်ပန်ကို..အိုဒါချီ ဓားဆီကို အသက်သွင်းလိုက်ပါတယ်..။သူက ပြိုင်ဖက်ရဲ့ ဓားရှည်ကို အမြန်နှုန်း မှာ ရှုံးနိမ့်နေခဲ့ပြီ ဖြစ်တာကြောင့်..ဝိဉာမြွေကို..လေးလံတဲ့ တင်းပုတ်တစ်ချောင်း အသွင် ပြောင်းလဲတာက..ကောင်းမွန်တဲ့ ရွေးချယ်မူတစ်ခုတော့ မဟုတ်ပါဘူး..။ဒီတော့..ဆန်နီက တိုက်ပွဲဟန်ပန်ကို တိုက်ခိုက်နေတုန်းမှာပဲ ချိန်ညှိနေခဲ့ရပါတယ်..။
သို့ပေမယ့်..သူ နောက်ထပ် ဟန်ပန်တစ်ခုကို ပြောင်းလဲနေတုန်းမှာပဲ..ပျား ဘုရင်မကလည်း တူညီတဲ့ ပုံစံအတိုင်း လုပ်လာခဲ့တယ္..။သူမက ရုတ်တရက် ဆိုသလိုပဲ သူမရဲ့ ဟန်ပန်ကို လုံးဝ အသစ်တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့တာပါ..။
‘ချီးပဲ..’
သူတို့က ဆက်လက်တိုက်ခိုက်ပြီး..တိုက်ပွဲကွင်း ပြင် တစ်ခုလုံးကို ရွေ့လျားနေခဲ့တယ်..။သူတို့ရဲ့ ဓားတွေကတော့ တစ်ဖက်နဲ့ တစ်ဖက် ထိမှန်နေခဲ့ပါတယ်..။ဆန်နီကတော့..အောက်ဖက်ကနေ ခုခံ တိုက်ခိုက်နေရဆဲ ဖြစ်ပြီး တစ်စက္ကန့်တိုင်းစီမှာလည်း ကွာဟမူတွေက ဆက်တိုက်ဆိုသလို ကြီးမားလာခဲ့ပါတယ်..။တိုက်ခိုက်ရေးသမား နှစ်ယောက်စလုံးက များပြားလှတဲ့ တိုက်ခိုက်ရေး ဟန်ပန်တွေကိုကျွမ်းကျင်ပိုင်နိုင်ကြတာကြောင့်..မကြာခနဆိုသလို ဟန်ပန် တစ်ခုကနေ တစ်ခုကို ပြောင်းလဲနေတာကလည်း..အထူးသဖြင့် ဒီတိုက်ပွဲကို..ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖြစ်စေပါတယ်..။
ပရိတ်သတ်တွေကလည်း..ရူးသွပ်နေခဲ့ကြတယ်..။
ဆန်နီကလည်း မတူညီတဲ့ အကြောင်းပြချက်တစ်ခုကြောင့် ရူးသွပ်ချင်သလို ဖြစ်နေခဲ့ပါပြီ..။
‘စဉ်းစား..စဉ်းစား..’
ဒီလို ရန်သူမျိုးကို ကြုံတွေ့ခွင့်ရတာက သူ့ရဲ့ အရိပ်ခြေလှမ်းအပေါ် နားလည်သဘောပေါက်နိုင်စွမ်းကို နောက်ထပ် အဆင့်တစ်ခုထိ ရောက်အောင်..မြင့်တင်ဖို့အတွက်..ရွှေရောင် အခွင့်အရေး တစ်ခုပါပဲ..။သို့ပေမယ့် ဒီလို လုပ်ဖို့အတွက်ဆိုရင်..ပျား ဘုရင်မ ဘာလုပ်နေတာလဲ ဆိုတာကို အရင်ဆုံး အတိအကျ နားလည်ဖို့ လိုအပ်ပါတယ်..။
သူမရဲ့ အရိပ်က ဘာလို့ ထူးဆန်းနေတာလဲ..။သူမရဲ့ တိုက်ခိုက်မူတွေကို တိကျအောင် ခန့်မှန်းတဲ့အချိန်မှာ သူက ဘာလို့ အမြဲတမ်း မှားယွင်းနေရတာလဲ..။
အချိန်တစ်ခုမှာတော့..ဆန်နီက တိုက်ခိုက်ရေး ကွင်းပြင်ထဲမှာ ကြဲချထားတဲ့..နှင်းဆီ ပွင့်ဖတ်တွေပေါ်ကို နင်းရင်း ချော်လဲမလို ဖြစ်သွားခဲ့ပါတယ်..။သူက ဟန်ချက်ကို မနည်းပြန်ထိန်းပြီး..သူ့ရဲ့ ရင်ဘတ်ဆီကို ဦးတည်လာတဲ့ဓားဦးကို နောက်ဆုံး အချိန်လေး ရောက်မှ ရှောင်တိမ်းလိုက်နိုင်လိုက်ပါတယ်..။
‘ချီးပဲ..သောက်ကျိုးနဲ အရာတွေ..။ဒီ တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို အမှိုက်တွေနဲ့ ပြည့်အောင် လုပ်ထားဖို့က ဘယ် ဉာဏ်ကြီးရှင်ရဲ့ အကြံဉာဏ်လဲ..’
အမှန်တကယ်တော့..တိုက်ခိုက်ရေးသမား နှစ်ယောက်စလုံးက သူတို့ရဲ့ ခြေရွေ့ကွက် ဟန်ပန်တွေကြောင့် ဒုက္ခမရောက်ကြသေးတာနဲ့တင် အတော်ကို အံ့ဩစရာကောင်းနေခဲ့ပါပြီ..။
‘ဆန်းကျယ်မူ…ခနလေး..ဆန်းကျယ်မူတစ်ခုလား..’
နောက်ထပ်သေစေနိုင်တဲ့ တိုက်ခိုက်မူတစ်ခုကို ရှောင်ရှားရင်း..သူ့ရဲ့ နည်းစနစ်ကိုခုခံကာကွယ်မူ အသွင်ပြောင်းလဲလိုက်ကာ..ပျား ဘုရင်မရဲ့ ခြေထောက်ကို ထပ်မံကြည့်ရူလိုက်ပါတယ်..။
အစကနေ အဆုံးအထိ..သူမက နှင်းဆီးပန်းပွင့်ဖတ် တွေကို လုံးဝ ဂရုစိုက်ခြင်း မရှိခဲ့ပါဘူး..။
ပြီးတော့..သူ သေချာ အာရုံထပ်စိုက်လိုက်တဲ့ အချိန်မှာ..
သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါပြီ..။
‘..ငါ အမြင်များ မှားနေတာလား..’
မဟုတ်ဘူး..သူ အမြင်မမှားပေ..။
သူ့ရဲ့ ထည်ဝါတဲ့ ပြိုင်ဖက်က..ခြေရွေ့ကွက်တွေ အတွင်းမှာ နှင်းဆီပွင့်ဖတ်တွေပေါ်မှာ ချော်လဲမှာကို ရှောင်တိမ်းနေနိုင်ရုံတင်မကပဲ…ဒီပွင့်ဖတ်တွေက သူမရဲ့ အကာအကွယ် ဖိနပ်ကိုတောင် မထိနိုင်ကြပါဘူး..။
ဒါက သူမက မြေကြီးကို အမှန်တကယ် ထိမနေပဲ..စင်တီမီတာ အနည်းငယ်လောက် လေပေါ်မှာမြောက်တက်နေသလောက် နီးပါး ဖြစ်နေခဲ့ပါတယ်..။
‘မဟုတ်ဘူး..လုနီးပါး မဟုတ်ဘူး..အဲတာက..တကယ်ကြီး ဖြစ်ပျက်နေခဲ့တာ..’
ဒီလို သေးငယ်တဲ့ ခြားနားချက်ကလေးက..သတိထားမိဖို့ ခက်ခဲတယ် ဆိုပေမယ့်..ပျား ဘုရင်မရဲ့ အရိပ်က ဘာလို့ အနည်းငယ် မှားယွင်းနေရတာလဲ ဆိုတဲ့ အချက်ကိုတော့ ရှင်းပြပေးနိုင်ခဲ့ပါတယ်..။ပြီးတော့..ဆန်နီက ဘာလို့ တိုက်ခိုက်မူတစ်ခုချင်းစီတိုင်းကို တွက်ချက်ဖို့မှားယွင်းနေရတာလဲ ဆိုတာကိုရောပါပဲ..။
မီလီမီတာ အနည်းငယ် ဆိုတာက အရမ်းကိုနည်းပါးတဲ့ ပမာဏတစ်ခုဖြစ်ပေမယ့်..တိကျမူတွေ ၊ တွက်ချက်မူတွေကို အသားပေးထားတဲ့ သူတို့ရဲ့ တိုက်ပွဲအတွင်းမှာတော့..ဒါက အတော်လေးကိုကြီးမားတဲ့ ကွာဟချက်တစ်ခုပါ..။
‘ငရဲလိုပဲ..’
သူ မှန်တယ်မလား…။
ဒါက အဖြေကိုရှာဖွေဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပါ..။
ဆန်နီ..သေချာတွေးတောပြီး စက္ကန့်အနည်းငယ်လောက်..ဆက်လက်တိုက်ခိုက်လိုက်တယ်..။သူက သူ့ရဲ့ မှားယွင်းမူကို ချက်ချင်း မပြင်ဆင်ခဲ့ပေ..။တကယ်လို့ ဒီအရာကသာ ပျား ဘုရင်မ ရဲ့ စွမ်းရည်တစ်ခု ဆိုရင်..သူမရဲ့ ကဏ္ဉစွမ်းရည်ကို သူ နားလည်နေပြီ ဆိုတာကို ဖော်ပြလိုက်တာက မှားယွင်းတဲ့ ဖော်ပြမူတစ်ခုပါ..။
အဲဒီအစား..သူက ထောင်ခြောက်တစ်ခုဆင်ပြီး ဒီတိုက်ပွဲကို..အဆုံးသတ်ဖို့ လိုအပ်ပါတယ်..။
…သို့ပေမယ့်..ဒီလို ကျွမ်းကျင်ပြီး. ၊ ပါရမီ ရှိတဲ့ လက်ရှိပြိုင်ဖက်မျိုးကို..ထောင်ခြောက်ဆင်ဖို့ ဆိုတာက မလွယ်ကူပါဘူး..။အမှန်တော့..ကြည်လင်ပြတ်သားမူ ရှိတဲ့လူတစ်ယောက်..ကို..လှည့်ဖျားဖို့ ဆိုတာ အတော်ကို ခက်ခဲတဲ့ အရာတစ်ခုပါ..။
ကံကောင်းချင်တော့..ဆန်နီ ကိုယ်တိုင်ကလည်း ကျွမ်းကျင်တဲ့ တိုက်ခိုက်ရေးသမားကောင်းတစ်ယောက် ဖြစ်နေခဲ့တယ်..။သို့ပေမယ့် ပိုပြီး ကောင်းမွန်တဲ့အရာက..သူက လှည့်ဖျားတဲ့ နေရာမှာ..ထူးချွန်နေခဲ့တာပါ..။ဒီတော့..သူက ဆက်လက်ဟန်ဆောင်ကာ..ချောင်းမြောင်းတိုက်ခိုက်ဖို့ အတွက်ပြင်ဆင်နေခဲ့တယ်..။တစ်ချိန်တည်းမှာပဲ..သူက ရန်သူရဲ့ နည်းစနစ်တွေကို စုပ်ယူနေခဲ့ပါသေးတယ်..။အခု သူက လျို့ဝှက်ချက်ကို သိထားပြီးပြီ ဖြစ်တာကြောင့်..သူက ဒါကို ပိုပြီး ရှင်းရှင်းလင်းလင်း..သိမြင်နေရပါပြီ..။
တိုက်ခိုက်နေရင်း တစ်နေရာ အရောက်မှာတော့..မွန်ဂရယ်က နောက်ဆုံးမှာ အမှားတစ်ခု လုပ်မိသွားတဲ့ ပုံစံဖြစ်သွားခဲ့ပါတယ်..။သူက ပျားဘုရင်မ ရဲ့ လုပ်ရပ်တွေကို တွက်ချက်တဲ့အချိန်မှာ..နောက်ထပ်တစ်ကြိမ်မှားယွင်းသွား ခဲ့ကာ..သူ့ရဲ့ဓားကို အောက်ဘက်ကို နိမ့်ချလိုက်မိတယ်..။ဒီကနေတဆင့်..ဓားရှည်က..အပေါ်ပိုင်းကနေ ဖြတ်သန်းလာပြီး သူ့ရဲ့ လည်ချောင်းကို ဦးတည်လာခဲ့ပါတယ်..။
သို့ပေမယ့် ဓားက သူ့ရဲ့ ပစ်မှတ်ကို မထိခိုက်နိုင်ခဲ့ပေ..။ ပါး လွှာတဲ့ ဓားက မွန်ဂရယ် ရဲ့ လည်ပင်းကို ထိုးဖောက်ရမယ့်အစား.. သူ့ရဲ့ အရည်ပြားပေါ်မှာ ပြတ်ရှရာပဲ..ထင်ကျန်ရစ်ခဲ့ပါတယ်..။ဘာလို့လဲဆိုတော့ နတ်ဆိုးဓားက နောက်ဆုံးအခိုက်အတန့်လေးမှာပဲ..ဘေးဘက်ကို ရွေ့လျားသွားခဲ့ပြီး..အပေါ်ကို ရုတ်တရက် တက်လာခဲ့လို့ပါ..။
အနက်ရောင် အိုဒါချီ ဓားက လေထဲမှာ ရွေ့လျားသွားခဲ့တယ်..။ပြီးတော့..အနက်ရောင် အကာအကွယ်နဲ့ ပုံရိပ်တစ်ခုက ပေါ့ပါးတဲ့ အကာအကွယ်နဲ့ အမျိုးသမီးကို ဖြတ်ကျော်သွားခဲ့ပြီး..သူမရဲ့ နောက်ဖက် ခြေလှမ်းအနည်းငယ် အကွာမှာရပ်တန့်နေခဲ့ပါတယ်..။
ဆန်နီဟာ သူ့ရဲ့ လည်ပင်းကနေ ထွက်ပေါ်လာတဲ့ ပြတ်ရှမူ ဒဏ်ရာက နာကျင်မူကို ခံစားရင်း သက်ပြင်းချလိုက်ကာ..ဝိဉာဉ်မြွေကို အောက်ကို လွှဲချလိုက်တယ်..။
နောက်ဖက်မှာတော့..ပျား ဘုရင်မက အနည်းငယ် တုန်လှုပ်သွားခဲ့ပြီး..အဖြူရောင် အလင်းစက်တွေ အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။
စက္ကန့်အနည်းငယ်လောက်ကြာအောင် တိုက်ပွဲကွင်းပြင်တစ်ခုလုံးက တိတ်ဆိတ်သွားခဲ့ပါပြီ..။
ပြီးတဲ့နောက်မှာတော့..နေရာတစ်ခုလုံးမှာ လူအုပ်ကြီးရဲ့ နားစည်ကွဲထွက်လုမတတ် အားပေးသံတွေနဲ့ ဖုံးလွှမ်းသွားခဲ့တယ်..။
ဆန်နီဟာ..အောင်ပွဲခံနေတဲ့ ပွဲကြည့်သူတွေကို ကြည့်ရူရင်း အသက်ကို လေးလံစွာ ရူသွင်းလိုက်ပါတယ်..။
‘ငါ…ငါ တကယ်ပဲ လုပ်နိုင်ခဲ့တာလား..။ငါ… အနိုင်ရသွားတာလား..’
သူ့ အတွေးတွေကို ပြန်ပြီး အဖြေပေးလိုက်တဲ့ အလား…အိပ်မက်ရူခင်းရဲ့ ကြေညာသံက ထွက်ပေါ်လာခဲ့တယ်..။
“ယှဉ်ပြိုင်သူ ပျား ဘုရင်မ ထုတ်ပယ်ခံလိုက်ရပါပြီ..။ခမ်းနားတဲ့ အနိုင်ရရှိသူ..။နှစ်စဉ် အိပ်မက်ပြိုင်ပွဲရဲ့ ချန်ပီယံကတော့….ၑ
သို့ပေမယ့်..သာယာတဲ့ ကြေညာသံက..လူအုပ်ကြီးရဲ့ အားပေးသံတွေ အောက်မှာ တိုးဝင်ပျောက်ကွယ်သွားခဲ့ပါပြီ..။
“မွန်ဂရယ်…မွန်ဂရယ်….မွန်ဂရယ်….”
အပိုင်း ( ၅၄၄ ) ပြီး၏။