← Chapters

မွန်ဂရယ်ရဲ့ အောင်မြင်မူများ..

Vol. 37 Ch. 545

မွန်ဂရယ်ရဲ့ အောင်မြင်မူများ..

Vol. 37 Ch. 545

ဆန်နီ အနည်းငယ် ယိုင်နဲ့သွားခဲ့ပြီး..ဝိဉာဉ်မြွေကို မြေကြီးထဲထိုးစိုက်လိုက်ကာ..ခန္တာကိုယ်ကို မှီထားခဲ့ရပါတယ်..။သူ့ရဲ့ အသက်ရူသံတွေက..ကြမ်းတမ်းပြီး..မြန်ဆန်နေခဲ့တယ်..။သူ့လည်ပင်းမှာ ရှိနေတဲ့ ဒဏ်ရာကတော့..အစောကတည်းက ပျောက်ကွယ်သွားခဲ့ပါပြီ..။သို့ပေမယ့်..ကြက်သွေးရောင် သွေးစက်တွေကတော့..သူ့ရဲ့ အကာအကွယ်ပေါ်မှာ ထင်ကျန်ရစ်နေတုန်းပါပဲ..။

သူ့ ပတ်ဝန်းကျင်မှာတော့..လူအုပ်ကြီးက ရူးသွပ်နေခဲ့ကြတယ်..။

“မွန်ဂရယ် မွန်ဂရယ် မွန်ဂရယ်..”

ပျား ဘုရင်နဲ့ တိုက်ခိုက်ခဲ့ရတဲ့ တိုက်ပွဲက အရင်တိုက်ပွဲတွေတုန်းကလို..သွေးသံတရဲရဲနဲ့ ကြောက်မက်ဖွယ်ကောင်းတာမျိုးတွေ ရှိမနေခဲ့ပါဘူး..။သို့ပေမယ့် ဒါက မထင်မှတ်ထားလောက်အောင်ကို ခက်ခဲခဲ့ပါတယ်..။တိုက်ခိုက်ရေးသမား တစ်ယောက်စီတိုင်းက..သူ့ကို တစ်ချက်လောက်သာ ထိခိုက်ခံရပေမယ့်..ဒီတိုက်ပွဲအတွက် သူ ကုန်ဆုံးခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အားကုန်မူတွေက အတော်လေးကို ကြီးမားပါတယ်..။စစ်မှန်တဲ့ တိုက်ပွဲ မာစတာ တစ်ယောက်ကို..ရင်ဆိုင်တွေရတာက..အတော်လေးကို ခက်ခဲတဲ့ တိုက်ပွဲတစ်ခုပါ..။

ဆန်နီက လုံးဝကို..အားအင်ကုန်ခမ်းနေခဲ့တယ်..။သို့ပေမယ့် ထပ်ပြောရရင်..သူက ခါးသက်ပြီး ဒေါသထွက်နေခဲ့တယ်..။

‘ချီးတဲ့မှပဲ..ငါ ရမ်းနီးစပ်နေပြီးကာမှ..’

သူက အော်ဟစ်နေကြတဲ့ လူအုပ်ကြီးကို..လုံးဝအာရုံစိုက်မနေခဲ့ပဲ..မျက်လုံးတွေကို ပိတ်ထားခဲ့တယ်..။ပြီးတာနဲ့ အိပ်မက်ကမ္ဘာထဲက..မရှုံးနိမ့်သေးတဲ့ ချန်ပီယံနဲ့ တိုက်ခိုက်ရတဲ့ အချိန်တုန်းက နောက်ဆုံးအခိုက်အတန့်လေးမှာ ဖြစ်ပေါ်လာခဲ့တဲ့ ခံစားချက်ကလေးကို..ပြန်လည် အာရုံစူးစိုက်ဖို့ကြိုးစားနေခဲ့ပါတယ်..။

တိုက်ပွဲအတွင်း..ပျား ဘုရင်မရဲ့ လျို့ဝှက်ချက်ကို..သိရှိပြီးတဲ့ နောက်မှာ အရိပ်ကခုန်မူကို ကျွမ်းကျင်ပြီး နောက်တစ်ဆင့်ကို ချိုးဖျက်နိုင်တော့မယ် ဆိုတဲ့ ခံစားချက်ကို သူ ခံစားခဲ့ရပါတယ်..။ဒါက ဆန်နီ ကိုယ်တိုင်မြင်နိုင်လောက်အောင်ကို နီးကပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့..နောက်ထပ်ခြေလှမ်းကို လှမ်းဖို့အတွက် သူ ကျရှုံးခဲ့ရတယ်..။သူ့ရဲ့ လမ်းကြောင်းတစ်လျောက်မှာ မမြင်ရတဲ့ အတားအဆီးတစ်ခုက..နောက်ကို ပြန်တွန်းပို့နေခဲ့ပြီး..ဒီတစ်ခုကို..သူက ဘယ်လို ကျော်ဖြတ်ရမလဲ ဆိုတာကို မသိပါဘူး..။

တစ်စုံတစ်ခုကတော့..ချွတ်ယွင်းနေတုန်းပါပဲ..။သူ စုပ်ယူထားတဲ့ အရာတွေအားလုံးက ကျယ်ပြန့်ပြီး..ခိုင်မာတဲ့ အခြေခံအုတ်မြစ်ဖြစ်ပေါ်နေခဲ့ပေမယ့်..ဒါက မလုံလောက်သေးပါဘူး..။အခုချိန်မှာတော့..ပြသနာရဲ့ အရင်းအမြစ်က..အရေအတွက်မဟုတ်ဘူး ဆိုတာကို..သိလိုက်ပါပြီ..။သူက အခြေခံအုတ်မြစ်ကို သေချာချထားပြီးသားပါ..။ပြီးရင် ဘာြဖစ်လဲ..။အရိပ်ကခုန်မူရဲ့ ဒီအဆင့်ကို ပြည့်မြောက်အောင် လုပ်ဖို့အတွက် သူ ဘာတွေ လိုအပ်နေခဲ့သေးတာလဲ..။အားလုံးကို ပေါင်းစည်းနိုင်တဲ့ အရာကို ရှာဖွေရမှာလား..။ပိုပြီး ကြောက်လန့်ဖို့ကောင်းတဲ့ ပြိုင်ဖက်တစ်ယောက် ကို ရှာဖွေရမှာလား..။

ဘယ်အရာကို လုပ်ရမှာလဲ ဆိုတာကို မသိတာကလည်း..အရမ်း စိတ်ရှုပ်ထွေးစေပါတယ်..။

သို့ပေမယ့် သူက ဒီစိတ်ရှုပ်ထွေးမူတွေကို ဖြေရှင်းဖို့..၊ ပြသနာကို နက်နက်ရှိုင်းရှိုင်း တွေးတော ဆင်ခြင်ဖို့အတွက် အချိန်မရခဲ့ပေ..။ဘာလို့လဲဆိုတော့..အော်ဟစ်နေတဲ့ လူအုပ်ကြီးရဲ့ ကြားထဲကနေ..အသံတစ်ခုက ထွက်ပေါ်လာခဲ့လို့ပါ..။

အာလုံးရဲ့ အလယ်မှာတော့..အိပ်မက်ရူခင်းရဲ့ သူတော်စင်က ထိုင်ခုံကနေ ထလာခဲ့တယ်..။ပြီးတာနဲ့ တောက်ပတဲ့ အပြုံးတစ်ခုနဲ့အတူ အောက်ကို ကြည့်လိုက်ပြီး..စိတ်လှုပ်ရှားစွာ မိန့်ခွန်းပြောလာခဲ့ပါတယ်..။

‘အမှန်ပဲ…ငါ နိုင်သွားပြီ..။ငါ ဆုလာဘ်ကို ရတော့မယ်..’

ဆန်နီကတော့ မျက်နှာဖုံးနောက်ဖက်မှာပြုံးနေခဲ့ပြီး..အိုဒါချီ ဓားကို မြှောက်ကာ ပုခုံးပေါ်ကို တင်လိုက်ပါတယ်..။

ဆုလာဘ်..ဒါက သူ ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တဲ့ တစ်ခုတည်းသော ရည်ရွယ်ချက် မဟုတ်ဘူးလား..။ပြီးတော့..အခုချိန်မှာ ဒါက ရိတ်သိမ်းရမယ့် အချိန်ကို ရောက်လာခဲ့ပါပြီ..။

သူတော်စင်ကတော့..အဆက်မပြတ် ဆိုသလိုပဲ…ဆန်နီကို ချီးမြှောက်မူတွေ ပြုလုပ်နေခဲ့တယ်..။

“..ခမ်းနားမူ…အံ့ဩဖို့ကောင်းမူ…နိုးထသူတစ်ယောက်ရဲ့ တာဝန်…စစ်မှန်တဲ့ စစ်သည်တော်…ရဲရင့်မူ…သတ္တိ…လူသားမျိုးနွယ်ရဲ့ အနာဂတ်..”

‘ဘုရားရေ..ခင်ဗျားက..ဒီတိုင်း လိုရင်းကို ပြောလို့ မရဘူးလား..’

ဆန်နီကတော့ ဒီအဓိပ္ပာယ်မရှိတာတွေ အားလုံးကို...ဂရုမစိုက်ခဲ့ပေ..။သူက ဒီတိုင်းပဲ..ဆုယူပြီး ပျောက်ကွယ်သွားချင်ခဲ့တာပါ..။သို့ပေမယ့်..သူက ကမ္ဘာပေါ်က အကြမ်းတမ်းဆုံး တိုက်ပွဲကွင်းပြင်တစ်ခုရဲ့ အလယ်မှာ မတ်တတ်ရပ်ရင်း သူတော်စင်ရဲ့ ပါးစပ်ကနေ အဆက်မပြတ်ထွက်လာနေတဲ့ စကားလုံးတွေကို အတော်ကြာအောင် သည်းခံပြီး..နားထောင်နေခဲ့ပါတယ်..။

‘ဒီငနဲက..အာ…မိန်းကလေးလား..။…ဒီလူက သူ့ရဲ့ အသံကို တကယ်ပဲ ကြိုက်နှစ်သက်နေတဲ့ ပုံပဲ..အာ..’

အနည်းဆုံးတော့..ဒါက သူ့ကို စိတ်သက်သာရစေပါတယ်..။

အဆုံးမရှိအောင် ကြာမြင့်တဲ့ အချိန်တစ်ချို့ ကြာမြင့်ပြီးတဲ့နောက်မှာတော့..သူတော်စင်က နောက်ဆုံးမှာ သူ့ရဲ့ ရှည်လျားတဲ့ မိန့်ခွန်းကို ပြီးဆုံးသွားခဲ့ပြီး..ဗာလာကလန် ရဲ့ ကိုယ်စားပြုသူကို ..ခြေဟန်လက်ဟန် ပြလိုက်ပါတယ်..။

“….အနိုင်ရရှိသူကို ကိုယ်တိုင် ဆုချပါလိမ့်မယ်..”

လူအုပ်ကြီးက လက်ခုပ်တီးနေတုန်းမှာပဲ..အနက်ရောင်အကာအကွယ်နဲ့ အမျိုးသမီးက မတ်တတ်ထရပ်လာခဲ့တယ်..။ပြီးတော့..စင်မြင့်ရဲ့ အလယ်ဆီကို ချီးကပ်လာခဲ့ပါတယ်..။ယင်းနောက်..လူအုပ်ကြီးကို ကြည့်ကာ ပြုံးပြလိုက်ပြီး ဆန်နီကို ငုံ့ကြည့်လိုက်တယ်..။

ရုတ်တရက် ဆိုသလိုပဲ..သူက ကျောချမ်းသလို..ခံစားလိုက်ရပါတယ်..။

ငယ်ရွယ်တဲ့ အမျိုးသမီးက ချစ်ခင်တဲ့ အမူအရာနဲ့ ပြုံးနေခဲ့တယ်..။သို့ပေမယ့်..သူမရဲ့ မျက်လုံးတွေက..ထက်ရှတဲ့ဓားသွားတွေလို အေးစက်နေခဲ့ပါတယ်..။မျက်လုံးတွေက ထူးဆန်း တောက်ပတဲ့ အနီရောင် တွေလိုဖြစ်နေခဲ့ပြီး..သူမရဲ့ နှုမ်ခမ်းအရောင်..သူမရဲ့ ဝတ်ရုံအရောင်နဲ့ တစ်ထပ်တည်းပါပဲ..။သူမရဲ့ တောက်ပတဲ့ အသားအရည်နဲ့..အနက်ရောင်ဆံပင်တွေ ကြောင့်..သူမက ဓားတစ်ချောင်းလို လှပပြီး တင့်တယ်နေခဲ့ပါတယ်..။

သူမဆီကနေ ပေါ်ထွက်နေတဲ့ ဖိအားက..ဆန်နီ ရပ်နေတဲ့ နေရာတိုင်းကို ကျရောက်နေခဲ့တာပါ..။

‘…မာစတာ တစ်ယောက်..’

အမျိုးသမီးငယ်လေးက စတင်စကားပြောလာတဲ့ အချိန်မှာတော့..သူမရဲ့ အသံက ကွင်းပြင်တစ်ခုလုံးကို အလွယ်တကူပဲ ထိုးဖောက်သွားခဲ့ပါတယ်..။ဒီအသံက အတော်လေးကို ရင်းနှီးဖွယ်ဖြစ်နေပြီး..အလားတူစွာပဲ အကြောင်းပြချက်တစ်ခုကြောင့်..ထူးဆန်းစွာ ရင်းနှီးသလို ဖြစ်နေခဲ့ပါတယ်..။

“ကျွန်မကတော့..ဗာလာကလန်ရဲ့ တက်ရောက်သူ မော်ဂန် ပါ..။ဂုဏ်ယူပါတယ်…စစ်သည်တော်…အာ..ဒါက တကယ်ကို အံ့ဩဖွယ်ရာ တိုက်ပွဲတစ်ခုပဲ..။မင်းက တကယ်ကို ထိုက်တန်တဲ့ အနိုင်ရရှိသူ တစ်ယောက်ပါပဲ..”

ဆန်နီက သူမကို အတော်ကြာအောင် စိုက်ကြည့်ပြီးမှာ ခေါင်းကို အနည်းငယ် ဦးညွတ်ကာ အရိုအသေပေးတဲ့ ပုံစံကို ပြုလုပ်လိုက်ပါတယ်..။ကောင်းပြီလေ..ဒါက ဟန်ဆောင်နေခဲ့တာပါ..။

ဗာလာကလန်ရဲ့ မော်ဂန်ကတော့..ပြုံးပြီး တုန့်ပြန်လာခဲ့တယ်..။

“..ပြီးတော့.. မင်းက ကြီးမြတ်တဲ့ ဗာလာကလန်ရဲ့ လက်မူပညာရှင်တွေ ထုလုပ်ထားတဲ့ မှတ်သားမူကို ကိုင်ဆောင်ဖို့အတွက် ထိုက်တန်တယ်လေ..။တကယ်တော့..မင်းရဲ့ လေးစားဖွယ်ကျွမ်းကျင်မူတွေက ငါ့ကို အတော်လေး ပျော်ရွှင်စေခဲ့တယ်..။ဒါကြောင့်ပဲ ငါပိုင်ဆိုင်ထားတဲ့ လက်နက်တွေထဲက တစ်ခုကို မင်းကို ပေးဖို့ ဆုံးဖြတ်ထားလိုက်တယ်လေ..”

‘ ဆုကြီးပေါက်ပြီ..’

ဆန်နီ မျှော်လင့်ထားခဲ့တဲ့ အရာကတော့ အမှန်တကယ်ကို ဖြစ်ပေါ်လာခဲ့တာပါ..။တက်ရောက်သူ မော်ဂန်ကတော့..စိတ်ခံစားချက် ကောင်းမွန်နေတဲ့ ပုံပါပဲ..။ကြီးမြတ်တဲ့ ကလန်က မာစတာတစ်ယောက်ရဲ့ လက်နက်တိုက်ထဲမှာ ရှိနေတဲ အရာက တကယ်ကို ကောင်းမွန်တဲ့ အရာတစ်ခုပဲ ဖြစ်မှာပါ..။

အမျိုးသမီးငယ်လေးဟာ လူအုပ်ကြီးရဲ့ စိတ်လှုပ်ရှားစွာ အော်ဟစ်သံတွေ ငြိမ်သက်သွားအောင် စောင့်နေပြီးကာမှ..သိချင်တဲ့စိတ်နဲ့ သူ့ကို ပြုံးကာ ကြည့်လိုက်တယ်..။

“ပြောပါဦး..မင်းက ဘယ်လို အရာမျိုးကို လိုချင်တာလဲ..။လက်နက်တစ်ခုလား..”

‘ဟုတ်တယ်…လက်နက်တစ်ခုဆိုရင် တကယ်ကောင်းလိမ့်မယ်..’

ဆန်နီ အပြုံးကို ကြည့်နေရင်းကနေ ရုတ်တရက် သူ့ မျက်လုံးပြူးကျယ်သွားခဲ့ပါတယ်..။

‘ ချီး..’

..ပြီးတော့..သူက သင့်တော်တဲ့အလိမ်အညာ တစ်ခုကို မတွေးတောခင်မှာပဲ..အားနည်းချက်က သူ့ပါးစပ်ကနေ အလိုလျောက် ထွက်လာဖို့ တွန်းအားပေးလာခဲ့ပါတယ်..။

“မလိုချင်ဘူး..”

‘ချီး…ချီး…ချီး…ချီးပဲ..’

ဗာလာကလန် ရဲ့ မော်ဂန်က အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့တယ်..။

“ဒါဆိုရင်လည်း..အကာအကွယ်တစ်ခုလား..။ဒါမှမဟုတ် အားကောင်းတဲ့ အဆောင်တစ်ခုပေါ့..”

‘ဟုတ်တယ်..ဟုတ်တယ်..နှစ်ခုစလုံးက ကောင်းတယ်..’

ဆန်နီ အံ့ကို ကြိတ်ထားခဲ့ပေမယ့် ရလာဒ်ကတော့..ရှောင်ကွင်းလို့ မရနိုင်ခဲ့ပါဘူး..။သူက ရွေးချယ်စရာ မရှိတော့ပဲ..အက်ကွဲတဲ့ အသံတစ်ခုက သူ့အလိုလျောက် ထွက်ပေါ်လာခဲ့တယ်..။

“တစ်ခုမှ မလိုချင်ဘူး..”

မိန်းမငယ်လေးဟာ ရယ်မောလိုက်ပြီး..

“တကယ်လား..ဒါဆိုရင် မင်းက ထပ်တူညီမူတစ်ခုကို လိုချင်တာလား..”

‘အိုး…နိုး…’

မွန်ဂရယ်က စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေပြီးကာမှ ပြန်ဖြေလိုက်ပါတယ်..။

“ငါ မလိုချင်ဘူး..”

ဆန်နီကတော့ သွေးမျက်ရည် ကျလုနီးပါး ဖြစ်နေခဲ့ပါပြီ..။အရာအားလုံးက ဘာလို့ မြန်မြန်ဆန်ဆန် မှားယွင်းနေရတာလဲ..။

မာစတာမောဂန် ကတော့..သူ့ကို အနည်းငယ်လေ့လာလိုက်ပြီးမှ..သဘောကျတဲ့ လေသံနဲ့ မေးလိုက်တယ်..။

“တကယ်လား..။ဒါဆိုရင်..မင်းက ဘာလိုချင်တာလဲ..”

ဆန်နီ ထိပ်လန့်သွားခဲ့တယ်..။သိသာစွာပဲ..သူက..အစောက သူမပြောခဲ့တဲ့ အရာတွေထဲက တစ်ခုကို လိုချင်နေခဲ့တာပါ..။သို့ပေမယ့် အဖြေက တိကျနေခဲ့တာကြောင့်..ဝိဗာရဲ့ မျက်နှာဖုံးက..သူ့ကို ဒီအဖြေကို ပြောဖို့ ခွင့်မပြုခဲ့ပါဘူး..။သူက ဒီအခြေအနေကနေ ပြန်လည်ကယ်တင်ပြီး..ကပ်ဆိုးထဲကနေ အနည်းဆုံး တစ်ခုခုတော့ ရရှိအောင် ကြိုးစားရပါလိမ့်မယ်..။

ရုတ်တရက် ရူးသွပ်တဲ့ အကြံဉာဏ်တစ်ခုက သူ့ရဲ့ စိတ်ထဲမှာပေါ်လာခဲ့တယ်..။

ပြီးတဲ့နောက်မှာတော့..ထောင်နဲ့ချီတဲ့ ပရိတ်သတ်တွေရဲ့ အလယ်မှာပဲ..မွန်ဂရယ်က အံ့ဩစရာ ကိစ္စတစ်ခုကို..ပြောလာခဲ့ပါတယ်..။

“…မင်းပဲ..တက်ရောက်သူ မော်ဂန်..။ငါ မင်းနဲ့ တိုက်ခိုက်ချင်တယ်..”

အပိုင်း ( ၅၄၅ ) ပြီး၏။

All Chapters