← Chapters

ဗာလာ ကလန်ရဲ့ မော်ဂန်

Vol. 37 Ch. 546

ဗာလာ ကလန်ရဲ့ မော်ဂန်

Vol. 37 Ch. 546

ခမ်းနားထည်ဝါတဲ့ တိုက်ပွဲကွင်းပြင်တစ်ခုလုံးမှာ..တိတ်ဆိတ်မူက ကြီးစိုးသွားခဲ့တယ်..။ကြည့်ရူသူတွေအများကြီးက ဆန်နီကို မျက်လုံးပြူးကျယ်ပြီး ကြည့်နေခဲ့ကြပါတယ်..။သူတို့ ကြားမိရတဲ့ အရာကိုတောင် သူတို့ မယုံနိုင်ခဲ့ကြပါဘူး..။သူတော်စင်တောင်မှ အံ့ဩနေပုံရပြီး..ဘာလုပ်ရမလဲ ဆိုတာကို မသိရပေ..။

သေချာတာကတော့…ခွေးသား က..ကြီးမြတ်တဲ့ ဗာလာကလန် ရဲ့ မာစတာကို တိုက်ခိုက်ဖို့ စိန်ခေါ်ခဲ့တာတော့ မဟုတ်ဘူးမလား..။

တိတ်ဆိတ်မူတွေ ကြီးစိုးနေတဲ့ အချိန်မှာပဲ..ရုတ်တရက် တောက်ပတဲ့ ရယ်မောသံတစ်ခုက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါတယ်..။ဒါကတော့ မော်ဂန်ပါ..။သူမက သဘောကျတဲ့ မျက်နှာအမူအရာနဲ့ ရယ်မောနေခဲ့တယ်..။သူမက တောက်ပတဲ့မျက်လုံးတွေကလည်း..စိတ်ကျေနပ်မူတွေ ရှိနေခဲ့ပါတယ်..။

ခနအကြာမှာတော့..သူမက အောက်ကို ကြည့်ပြီး မေးလိုက်တယ်..။သူမရဲ့ အသံကတော့..သက်သောင့်သက်သာ ဖြစ်ပြီး တည်ငြိမ်နေခဲ့ပါတယ်..။

“အိုး တကယ်လား..။မင်းက ငါနဲ့ တိုက်ခိုက်ချင်တာပေါ့..”

ဆန်နီ သူမကို အောက်ကနေလှမ်းကြည့်လိုက်ပြီး..ခေါင်းညိမ့်လိုက်တယ်..။

“ဟုတ်တယ်..”

သို့ပေမယ့် ဒါပေါ့..သူက တကယ်မတိုက်ခိုက်ချင်ပါဘူး..။သူက အနည်းငယ် ရူးသွပ်ကောင်း ရူးသွပ်နိုင်ပေမယ့်..အုပ်စိုးသူ တစ်ယောက်ကို အမူထမ်းနေတဲ့..တက်ရောက်သူ တစ်ယောက်ကို တိုက်ခိုက်ချင်တဲ့ အထိတော့ မရူးသွပ်ပေ..။ချီး..ဆန်နီ သိသလောက် ဆိုရင်တော့..ဒီ မော်ဂန် မိန်းကလေးက..အန်ဗီရဲ့ သမီးတောင် ဖြစ်နေနိုင်ပါသေးတယ်..။

သို့ပေမယ့်..ဒီလို အရာကိုရှောင်ရှားချင်တာနဲ့ပဲ..မော်ဂန်နဲ့ တိုက်ခိုက်ရတာက သူ့အတွက် ဘာကောင်းကျိုးမှ မရှိဘူးလို့မဆိုလိုပေ..။အမှန်တော့ ဒီအရာက..သူ့ကို အရိပ်ကခုန်မူရဲ့ ဒုတိယအဆင့်ကို ပို့ဆောင်ပေးနိုင်တယ် လို့ ဆန်နီ ခံစားနေခဲ့ရပါတယ်..။ကြီးမြတ်တဲ့ ကလန်ရဲ့ အဖွဲ့ ဝင်တစ်ယောက် သူ့ကိုသင်ကြားပေးစရာတွေ အများကြီး ရှိနေမယ် ဆိုတာ အသေအချာပါပဲ..။

‘ထပ်ပြောရရင်..ဘယ်သူသိမှာလဲ..။တကယ်လို့ ငါ နိုင်သွားရင်..သူမက ငါ့ကို ဆုချနိုင်သေးတာပဲ..။ဘယ်အရာပဲဖြစ်ဖြစ် ဒါက အတော်လေးကို ကောင်းမွန်မှာပါ..’

ဒီတော့..တကယ်လို့ ဆန်နီက ဒီ အကြံဉာဏ်ကို သဘောမကျဘူးဆိုရင်တောင်..ဒီတစ်ခုက အဆိုးတွေထဲက အကောင်းဆုံး အကြံဉာဏ်တစ်ခုပါပဲ..။

သူက မာစတာတစ်ယောက်ကို ဘယ်လို အနိုင်ယူနိုင်မလဲ ဆိုတာကတော့..မော်ဂန်အပေါ်မှာပဲ မူတည်ပါတယ်.။တကယ်လို့ ဆန်နီ သာ မှန်ကန်မယ် ဆိုရင် သူမက သူ့အပေါ်မှာာ အစွမ်းကုန်ထုတ်သုံးမှာ မဟုတ်ပေ..။သူမက ဂုဏ်သိက္ခာ ၊ တရားမျှတမူ ဒါမှမဟုတ် ရိုးရှင်းစွာပဲ မျက်နှာပျက်အောင် လုပ်မှာ မဟုတ်ပါဘူး..။

အဲ့အချိန်မှာတော့ မိန်းမငယ်လေးက သူ့ကို အပေါ်ကနေ ကြည့်နေတုန်းပါပဲ..။သူမရဲ့ နီရဲနေတဲ့ နှုတ်ခမ်းတွေကတော့ ပြုံးယောင်သန်းနေခဲ့ပါတယ်..။

“ …ဒီလို ရဲတင်းတဲ့ လိုအင်ဆန္ဒမျိုး..”

သူမ နောက်ကို မှီလိုက်ပြီး..ခနအကြာမှာတော့..ပရိတ်သတ်က အသက်ရူမှားလောက်အောင် ဖြစ်နေခဲ့ကြပါတယ်..။

ဗာလာကလန်ရဲ့ မော်ဂန်ဟာ..လှေကားထစ်တွေကို အလွယ်တကူခုန်ဆင်းလိုက်ကာ..မီတာ ဒါဇင်လောက်ကျယ်ဝန်းတဲ့ အောက်ဘက်က တိုက်ပွဲကွင်းပြင်ဆီကို ရောက်သွားခဲ့တယ်..။သက်ရောက်လာတဲ့ အားကြောင့်..နှင်းဆီပွင့်ဖတ်လေးတွေတောင်..လေထဲကို..လွင့်ပျံလာခဲ့ကြပါတယ်..။သိုပေမယ့်…ငယ်ရွယ်တဲ့ အမျိုးသမီးကတော့..အေးအေးဆေးဆေး ပါပဲ..။သူမကက ရိုးရှင်းစွာပဲ..တူညီတဲ့ အပြုံးနဲ့ အတူ ဆန်နီ ဆီကို‌ေ လျာက်လှမ်းလာခဲ့တယ်..။

သူ ချက်ချင်းဆိုသလို..စိတ်တွေ တင်းကြပ်သွားခဲ့ပါပြီ..။

‘ချီးပဲ..သူမက တကယ် လက်ခံလိုက်တာလား..’

အခုချိန်အထိတော့..ဆန်နီက မော်ဂန်ဟာ သူ့ရဲ့ တောင်းဆိုမူကို ငြင်းလိမ့်မယ် ဆိုပြီး မျှော်လင့်ချက်ရှိနေတုန်းပါပဲ..။

သို့ပေမယ့်..အဲဒီအစား သူမက ဒီတောင်းဆိုမူအတွက်ကိုတောင် ပျော်ရွှင်နေပုံ ရနေခဲ့ပါတယ်..။ငယ်ရွယ်တဲ့ အမျိုးသမီးလေးက ဆန်နီ နဲ့ ဆန့်ကျင်ဖက်မှာ ရပ်လိုက်ပြီး..သူ့ကို သေချာလေ့လာနေခဲ့တယ်..။ပြီးကာမှ သူက ပွဲကြည့်စင်ပေါ်ကို ပြန်ကြည့်လိုက်ပြီး..

“လေးစားရတဲ့ ခေါင်းဆောင်…တကယ်လို့ ခွင့်ပြုပေးမယ်ဆိုရင်…”

အံ့ဩသင့်နေတဲ့ သူတော်စင်ကတော့..ခနလောက် တိတ်ဆိတ်နေပြီးကာမှ လည်ချောင်းရှင်းကာ ပြန်ဖြေလိုက်ပါတယ်..။

“အဟမ်း…အင်း…ဒါပေါ့..”

ချက်ချင်းဆိုသလိုပဲ..သာယာတဲ့ ကြေညာသံက ထွက်ပေါ်လာခဲ့ပါတယ်..။

“ယှဉ်ပြိုင်သူ မော်ဂန် ..တိုက်ပွဲကွင်းပြင်ထဲကို ရောက်ရှိလာခဲ့ပါပြီ..”

“….မော်ဂန်က မွန်ဂရယ်ကို စိန်ခေါ်ခဲ့ပါတယ်..”

သူမက ပြုံးလိုက်ပြီး..ဆန်နီ ဖက်ကို ပြန်လှည့်လိုက်တယ်.။

“..ဒါက ပိုကောင်းးသွားပြီ..”

မော်ဂန်က သူ့ကို ခနလောက် ထပ်လေ့လာလိုက်ပြီး မှ ခေါင်းခါယမ်းလိုက်ပါတယ်..။

“မဟုတ်ဘူး..ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး..။တက်ရောက်သူ တစ်ယောက်အနေနဲ့…တကယ်လို့ ကျွမ်းကျင်မူတွေ..ထူးချွန်မူတွေ ရှိနေမယ်ဆိုရင်တောင်..နိုးထသူတစ်ယောက်က ငါ့ကို အနိုင်ယူဖို့အတွက် အခွင့်အရေး ရှိမယ်လို့ မမျှော်လင့်ထားဘူး..။အင်း..ငါတို့ ဘာလုပ်ကြမလဲ..”

သူမ ခနလောက်ပြုံးပြီးကာမှ..နောက်ထပ်တစ်ခါထပ်မံ ပြုံးလိုက်တယ်..။

“အာ..ငါ အကြံရပြီ..”

ဒီလိုပြောပြီးတာနဲ့..သူမရဲ့ အနက်ရောင်အကာအကွယ်နဲ့..အနီရောင် ဝတ်ရုံက ရုတ်တရက်ဆိုသလိုပဲ အလင်းစက်ကလေး တွေ အဖြစ်ပျောက်ကွယ်သွားခဲ့ကြပါတယ်..။ငယ်ရွယ်တဲ့ အမျိုးသမီးလေးက..ရိုးရှင်းထည် အနက်ရောင် ဖျင်ကြမ်းအက်ျီကိုသာ ဝတ်ဆင်ထားခဲ့ပြီး..ဖိနပ်တောင် မရှိခဲ့ပေ..။သူမက လက်တစ်ဖက်ကိူ အနောက်ကို ပို့ထားတဲ့ ဟန်ပန်ကို လုပ်လိုက်ပြီး..ကျန်တဲ့ လက်တစ်ဖက်နဲ့ ပုံမှန် ဓားတစ်ချောင်းကို ထုတ်ယူလိုက်ပါတယ်..။

“ငါက လက်တစ်ဖက်နဲ့ အသွင်ပြောင်း လက်နက်တစ်ခုကိုပဲ အသုံးပြုမယ်..။တစ်မိနစ်..တကယ်လို့ မင်းက ငါနဲ့တိုက်ခိုက်ပြီး တစ်မိနစ် ရှင်သန်နိုင်မယ်ဆိုရင်တော့..အနိုင်ရလာဒ်က မင်းအတွက်ပဲ..။ဒါက မျှတလောက်မှာပါ..”

ဆန်နီက မျက်နှာဖုံးနောက်ကနေ ပြုံးလိုက်တယ်..။

‘သူမက ကိုယ့်ကိုကို အရမ်း အထင်ကြီးနေတာ မဟုတ်ဘူးလား။ဘယ်လိုတောင်..မာနကြီး ပြီး..လှပတဲ့…ခနလေး မဟုတ်ဘူးလေ…။ဘယ်လိုတောင် မာနကြီးတဲ့ အမျိုးသမီးလဲ..”

သူက ဘယ်လိုပဲ ခံစားနေရပါစေ..မောဂန်ရဲ့ ကမ်းလှမ်းမူက အမှန်တကယ်ပဲ ဆန်နီ လိုချင်နေတဲ့ အတိုင်းပါပဲ..။ဒီနည်းလမ်းနဲ့ ဆိုရင် သူက အမှန်တကယ်ပဲ..ပိုကောင်းတဲ့ အခွင့်အရေး တစ်ခု ရှိနေခဲ့ပါတယ်..။သူက ကိုယ့်ကိုကို အရိပ်တွေနဲ့ ရစ်ပတ်ပြီး..သူ့ရဲ့ ခွန်အားတွေကို ပိုမိုဖော်ထုတ်ဖို့အတွက် မလိုအပ်တော့ပေ..။

သူက စက္ကန့်ခြောက်ဆယ်လောက် တိုက်ခိုက်ဖို့သာ လိုအပ်ပြီး..အချိန်တိုလေးအတွင်းမှာ..တတ်နိုုင်သလောက်သင်ယူသွား ရမှာပါ..။ပြီးတော့..တကယ်လို့သူသာ အနိုင်ရမယ် ဆိုရင်..ဆုလာဒ်တွေက သူ့အတွက် ဖြစ်နေဦးမှာပါ..။

..ဆန်နီ ဝိဉာဉ်မြွေကို အောက်ဘက်ကို ချလိုက်ရင်း..သူ့ရဲ့ တက်ရောက်မူအဆင့် ပြိုင်ဖက်ကို ကြည့်ကာ တည်ငြိမ်စွာမေးလိုက်တယ္..။

“ စလိုက်ကြတော့မလား..”

သူမရဲ့ အပြုံးက ပိုမိုကြီးမားလာခဲ့ပြီး..

“ဆန္ဒရှိတဲ့ အတိုင်းပါပဲ..အရှင် မွန်ဂရယ်…။ဒါပေမဲ့ အနာဂတ်အတွက်တော့..အကြံအနည်းငယ် ပေးလိုက်မယ်..မင်းက အနာဂတ်မှာ လိုအင်ဆန္ဒနဲ့ ပတ်သက်ပြီး ဂရုစိုက်သင့်တယ်..”

ခနကြာပြီးတဲ့ နောက်မှာတော့..စက္ကန့်ခြောက်ဆယ်ဆိုတဲ့အချိန် ပမာဏက..အဆုံးးမရှိလောက်အောင် ကြာညောင်းတယ် ဆိုတာကို ဆန်နီ သိလိုက်ရပါတယ်..။

‘ဘာလဲ…ဘယ်လိုငရဲလဲ…။သူမက လူသားရော….ခရက်..’

……

မောဂန် က ဘယ်လောက်တောင် အားကောင်းလဲဆိုတာကို ဖော်ပြဖို့အတွက် ဆန်နီမှာ စကားလုံးတွေတောင် ရှိမနေခဲ့ပေ..။သူမက အနည်းငယ်ထိန်းချုပ်ထားပြီး.. ခွန်အား အကုန်လုံးကို အသုံးမပြုဘူး ဆိုတာကို တော့ သူ သေချာသိပါတယ်..။သို့ပေမယ့် ဒီလိုဆိုရင်တောင်မှ..သူက ချက်ချင်းဆိုသလိုပဲ လွှမ်းမိုးခြင်းခံလိုက်ရတာပါ..။

ရိုးရှင်းတဲ့ အနက်ရောင် အက်ျီကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးက အတော်လေး လျင်မြန်ပြီး ကျွမ်းကျင်မူရှိနေခဲ့ပါတယ်..။သူမက သူ့ရဲ့ လှုပ်ရှားမူတွေကို စာအုပ်တစ်အုပ်လို ဖတ်နိုင်ခဲ့ပြီး သူ့ရဲ့ ခုခံကာကွယ်မူကို အလွယ်တကူ ထိုးဖောက်နိုင်ခဲ့ပါတယ်..။ပြီးတာနဲ့..မြေအောက်ကမ္ဘာဝတ်ရုံတော်ပေါ်ကို ဓားချက်တွေ ဆက်တိုက်ရွာသွန်းစေခဲ့တယ်..။

သူမရဲ့ ဓားက..သူ့ရဲ့ အကာအကွယ်ကို ထိုးဖောက်ဖို့အတွက် အားနည်းလွန်းတယ် ဆိူပေမယ့် တိုက်ခိုက်မူတစ်ခုချင်းစီတိုင်းရဲ့ နောက်ကွယ်မှာ ခွန်းအားတွေ အများကြီး ပါဝင်လာခဲ့ပါတယ်..။ဒါက ဆန်နီကို တုန်လှုပ်စေပြီး..နာကျင်မူက သူ့ရဲ့..ခန္တာကိုယ်တစ်ခုလုံးထဲကိုတောင် ထိုးဖောက်တင်လာနိုင်နေခဲ့တယ်..။ဝိဗာအရိုးကြောင့်သာ မဟုတ်ရင်..သူ့ရဲ့ အရိုးတွေက အက်ကွဲပြီးနေလောက်ပြီ ဆိုတာကို ဆန်နီ ကျိန်းသေသိပါတယ်..။

သူ သွေးရဲ့ အရသာကို ခံစားမိလိုက်တယ်..။

ပိုပြီး ဆိုးဝါးတာက..ဗာလာကလန်ရဲ့ စိတ်ပိုင်းဆိုင်ရာထဲမှာ..မဟာယနကလန်ရဲ့ ဒါ..ဒါမှမဟုတ် ပျားဘုရင်မ တို့တွေလိုမျိုး..အပြစ်အနာအဆာ တွေ ရှိမနေခဲပါဘူး..။သူမက..သူ့လောက်ကို ကြမ်းတမ်းရက်စက်ပြီး..ဒီထက်ပိုရင်တောင် ပိုနိုင်ပါသေးတယ်..။

မွေးဖွားလာတဲ့ သတ်ဖြတ်သူတစ်ယောက်..။

ပြီးတော့..ဆန်နီက တိုက်ပွဲအတွေ့အကြုံ နှစ်အနည်းငယ်လောက် ရှိနေတဲ့ အချိန်မှာ..သူမကတော့ အသက်ပိုကြီးပြီး..ပိုမို ကြောက်ဖို့ကောင်းတဲ့ သားရဲတစ်ကောင်ပါ..။သူမက ဒေါသထွက်နေခဲ့ပြီး..သူမရဲ့ ကျွမ်းကျင်မူတွေကတော့..ထောင်ပေါင်းများစွာသော သွေးထွက်သန်ယိုတိုက်ပွဲတွေနဲ့ထုဆစ်ထားတဲ့အလား အတော်လေးကို ထက်ရှနေခဲ့ပါတယ်..။ဒါက ပိုပြီးတောင်..သိသာနေခဲ့တယ်..။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့..သူက အသက်ရှင်နေတယ် ဆိုယုံမျှသာ ရှိနေပါတော့တယ်..။

‘ချီးတဲ့မှပဲ..ငါက ဒီပုံစံနဲ့ ဘယ်လိုရှင်သန်ရတော့မှာလဲ..’

အပိုင်း ( ၅၄၆ ) ပြီး၏။

All Chapters