← Chapters

တိုက်ပွဲရဲ့ ပုံဖော်မူ

Vol. 37 Ch. 547

တိုက်ပွဲရဲ့ ပုံဖော်မူ

Vol. 37 Ch. 547

ဆန်နီဟာ..သူ့ရဲ့ အသွေးအသားတွေ ကွဲအက်ပြီး သူ့ရဲ့ နှလုံးသားတွေ အေးစက်လာခဲ့တာကို ခံစားနေခဲ့ရတယ်..။သူက ခုခံဖို့ကြိုးစားနေပေမယ့်..ထိရောက်မူတော့ မရှိခဲ့ပါဘူး..။မော်ဂန်က သူ့ရဲ့ ခုခံမူတွေကို အလွယ်တကူ ထိုးဖောက်နေခဲ့ပြီး..နောက်ထပ် သေစေနိုင်လောက်တဲ့ တိုက်ခိုက်မူတွေ အဆက်မပြတ်ကျဆင်းနေစေခဲ့ပါတယ်..။သူမရဲ့ လှုပ်ရှားမူတွေက..သဘာဝကျစွာစီးဆင်းနေခဲ့တယ်..။ဒါက..လက်နက် ကိုင်ဆောင်တယ်ဆိုတာ သူမအတွက်တော့.အသက်ရူသလိုမျိုး သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ အတိုင်းပါပဲ..။

ငြိမ်းချမ်းတဲ့နေရာထက်..တိုက်ပွဲဆိုတာက သူမ မွှေးဖွားလာခဲ့တဲ့ နေရာလို့ ထင်မှတ်ရလောက်အောင်ကို သူမနဲ့ အသားကျနေခဲ့တာပါ..။

သူမရဲ့..ဓားသိုင်းက ဆန်နီ ခါတိုင်းမြင်ဖူးတာတွေ နဲ့ မတူခဲ့ပေ..။ဒါက..ဓားတစ်ချောင်းက..သူမရဲ့ လက်တစ်ဖက်အဖြစ် တာဝန်ထမ်းဆောင်နေတာနဲ့တောင် မတူတော့ပဲ..မော်ဂန် ကိုယ်တိုင်ကကို ဓားတစ်ချောင်း ဖြစ်နေတဲ့အလား ထင်မှတ်နေရတာပါ..။ဒီတော့..သူမပြုလုပ်တဲ့ လှုပ်ရှားမူတိုင်းက အသန့်စင်ဆုံး အေးစက်နေခဲ့ပြီး..အကြင်နာကင်းမဲ့တဲ့ သတ်ဖြတ်လိုစိတ်တွေကို ဖော်ပြနေခဲ့တယ်..။

သူက နစ်ဖီ ထက်ပိုပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားသမား တစ်ယောက်ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူး လို့တောင် ထင်ထားခဲ့တာပါ..။သို့ပေမယ့်..ဗာလာကလန်ရဲ့ သူရဲကောင်းနဲ့ နှိုင်းယှဉ်လိုက်မယ် ဆိုရင်တော့..အင်မော်တယ် မီးတောက် ကလန် ရဲ့ သမီးတော်က…အခြေခံအဆင့်ပဲ ရှိနေပါသေးတယ်..။

ဆန်နီက ချက်ချင်းဆိုသလို လွှမ်းမိုးခြင်းခံလိုက်ရပြီး ဆက်လက်ထိန်းထားနိုင်ဖို့အတွက် သူ ပြုလုပ်ထားနိုင်တဲ့အရာက ဘာတစ်ခုမှ ရှိမနေခဲ့ပေ..။အခြေအနေကတော့ လုံးဝကို မျှော်လင့်ချက်ကင်းမဲ့စရာပါပဲ..။ဒီခံစားချက်က လုံးဝကို..ခါးသက်တဲ့ ခွန်အားကင်းမဲ့မူ ပါ..။သူ ဒီလိုမျိုး မခံစားခဲ့ရတာတောင် အတော်လေး ကြာခဲ့ပါပြီ..။

အရိပ်ကခုန်မူရဲ့ ဒုတိယအဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့ အတွက်လား..။ဆန်နီ အနေနဲ့နောက်ထပ် စက္ကန့်အနည်းငယ်လောက်..အသက်ရှင်လျက်နေဖို့အတွက်တောင်..မသေချာခဲ့ပေ..။

…သူ တစ်ခုခုကို အလျင်အမြန် တွေးတောဖို့ လိုအပ်နေခဲ့ပါပြီ..။

သူ့ရဲ့ စိတ်ထဲက ညွှန်ကြားမူကြောင့်..မြေအောက်ကမ္ဘာဝတ်ရုံတော်က..သူ့ရဲ့ အဆောင်တွေထဲက တစ်ခုကို ရရှိသွားခဲ့တယ်..။ချက်ချင်းဆိုသလိုပဲ..ရင်းနှီးပေမယ့်..သေလောက်အောင်နာကျင်တဲ့ စိတ်ဝိဉာဉ် အက်ကွဲမူ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့ပါတယ်..။

ကျိုးပျက်ကျိန်စာ စွမ်းရည်က..မော်ဂန်ကို အနိုင်ရရှိဖို့အတွက် သူ့ကို ကူညီပေးလိမ့်မယ်လို့ ဆန်နီ မမျှော်လင့်ထားခဲ့ပါဘူး..။ဘာပဲဖြစ်ဖြစ် သူမက တက်ရောက်သူ တစ်ယောက်ပါ..။သူမဆီမှာ ပိုပြီး အားကောင်းတဲ့ စိတ်ဝိဉာဉ်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်..။သူ လိုချင်တာက..စက္ကန့်အနည်းငယ်လောက် ဖြစ်ဖြစ် အနားယူနိုင်ဖို့ပါပဲ..။

မော်ဂန်က ရုတ်တရက် နှေးကွေးသွားတာကြောင့်..သူ့အတွက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ဖို့အတွက် အခွင်းအရေး ရသွားခဲ့တယ်..။တစ်ခနလောက်ဖြစ်ဖြစ် သူမရဲ့ မျက်နှာက ရှုတ်မဲ့သွားခဲ့ပေမယ့်…လျှင်မြန်စွာပဲ..သက်သောင့်သက်သာ ဖြစ်တဲ့ အပြုံတစ်ခုက ပြန်ပြီး အစားထိုးသွားခဲ့ပါတယ်..။

“တကယ်ကောင်းတဲ့ လှည့်စားမူပဲ..”

ဆန်နီ အနည်းငယ် ကိုင်းညွှတ်သွားခဲ့ပြီး သွေးတစ်ပွက် အန်လိုက်ရတယ်..။ကြက်သွေးရောင် သွေးတွေက သူ့ရဲ့ မျက်နှာဖုံး အောက်ဖက်က အစွယ်တွေကနေ စီးကျလာခဲ့ပါတယ်..။မြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းသလို ..ရင်သတ်မူမောဖွယ်လည်း ဖြစ်နေခဲ့တယ်..။

သူ ပြန်ပြီး တည့်မတ်လိုက်တဲ့ အချိန်မှာတော့..တစ်ခုခုက ပြောင်းလဲသွားခဲ့ပါပြီ..။

..ကောင်းပြီလေ..ဒါပေါ့ အဲလိုဖြစ်ခဲ့တယ်..။သူက ဆောင်းဦးသစ်ရွက်ထဲမှာ အနားယူနေတဲ့ သူ့ရဲ့ အရိပ်နှစ်ခုကို သူ့ရဲ့ ခန္တာကိုယ်ကို အားဖြည့်ပေးဖို့ ညွှန်ကြားလိုက်တာပါ..။ချက်ချင်းသလိုပဲ..သူ့ရဲ့ ခွန်အား ၊ အလျင်နှုန်း နဲ့ ခုခံနိုင်စွမ်းတွေက တဟုန်ထိုး မြင့်တက်သွားခဲ့တယ်..။

အစကတော့..ဆန်နီက သူ့ကိုယ်သူ ဒီလို တိုးမြင့်ဖို့အတွက် စိတ်ကူးမရှိခဲ့ပါဘူး..။သိုပေမယ့်..ဒီလို သေစေနိုင်လောက်အောင် ကြမ်းတမ်းတဲ့ တိုက်ပွဲမာစတာ နဲံတွေ့တဲ့ အချိန်မှာတော့ သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ..။ဒီတိုက်ပွဲကနေ သူတစ်ခုခု သင်ယူချင်တယ ဆိုရင်..အနည်းငယ်ဆုံးတော့ စက္ကန့်အနည်းငယ်ထက်ကြာအောင် တောင့်ခံထားနိုင်ဖို့ လိုအပ်ပါတယ်..။

မော်ဂန်က သူ့ရဲ့ ပြောင်းလဲမူတွေကို သတိထားမိလိုက်တာကြောင့် စိတ်ဝင်စားသွားခဲ့တယ်..။သူမရဲ့ အပြုံးတွေက ရုတ်တရက် ပိုပြီး ကြီးမားလာခဲ့ပါတယ်..။

“..ကောင်းတယ်..။ဒါက ကောင်းတယ်..။ဒီလောက်မှ ပိုကောင်းသွားတာ..”

ဆန်နီ ကျိုးပျက်ကျိန်စာကို ပြန်ပြီး ဖယ်ထုတ်လိုက်တယ်..။သို့ပေမယ့်..အဆောင်က လုံးဝ ပျောက်ကွယ်မသွားခင်မှာပဲ ငယ်ရွယ်တဲ့ အမျိုးသမီးက သူ့ရဲ့ အပေါ်ကို နောက်ထပ်တစ်ကြိမ် ရောက်နေခဲ့ပြန်ပါပြီ..။သို့ပေမယ့် ဒီတစ်ကြိမ်တော့ ကွာခြားနေခဲ့တယ်..။

ဒါမှမဟုတ်…အနည်းငယ်လောက် ကွာခြားနေခဲ့တာပါ..။

‘ဘာလဲ…ဘယ်လို ငရဲမျိုးလဲ..’

ဆန်နီက အခုချိန်ထိအောင်..မျှော်လင့်ချက်ကင်းမဲ့တဲ့ တိုက်ပွဲတစ်ခုနဲ့ ကြုံတွေ့နေရဆဲဖြစ်ပြီး..လျှပ်စီးလို မြန်ဆန်တဲ့ ရက်ရက်စက်စက် တိုက်ခိုက်မူတွေ အောက်မှာ အသက်ရှင်သန်ဖို့ ရုန်းကန်နေရဆဲပါပဲ..။

အစကတော့..သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအား အထွတ်အထိပ်က အခုမှ ရောက်ရှိသွားတဲ့ တက်ရောက်သူ မာစတာ နဲ့ တန်းတူအနေအထားမှာ ရှိလောက်တယ်လို့ သူက ထင်ထားခဲ့တာပါ..။ဆန်နီက လတ်တလောမှာ တတိယ အရိပ်ကို အသုံးမပြုထားသေးပေမယ့်လည်း..သူ့ရဲ့ လျို့ဝှက်ချက်ကို ထိန်းသိမ်းဖို့အတွက် ဒီတစ်ခုကတော့ မြေကြီးပေါ်မှာ ရှိနေမှ ရပါလိမ့်မယ်..။မော်ဂန် နဲ့ သူ့ရဲ့ ကြားထဲက ကွာဟချက်က အရမ်းကြီး ကျယ်ပြန့်နေတာ မျိုးတော့ မဟုတ်တော့ပါဘူး..။

သို့ပေမယ့် သူ့ရဲ့ ဆင်ခြင်သုံးသပ်မူတွေမှာ အမှားတစ်ခု ရှိနေခဲ့တယ်..။သူက သူ့ကိုယ်သူ သာမန် မာစတာ တစ်ယောက်နဲ့ နှိုင်းယှဉ်နေခဲ့တာပါ..။သိုပေမယ့်..ဗာလာကလန်ရဲ့ မာစတာက သာမန် လူတစ်ယောက် မဟုတ်ပါဘူး..။သူမက ကြီးမြတ်တဲ့ ကလန်သုံးခုထဲက တစ်ခုကနေ ဆင်းသက်လာခဲ့တဲ့သူဖြစ်ပြီး..သူမက ကလန်ရဲ့ အဓိက မိသားစုဝင်တောင် ဖြစ်နိုင်ချေ ရှိပါတယ်..။

နိုးထသူတွေ ကြားထဲမှာတော့..သူမက လုံးဝကို ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လူတစ်ယော်ကပါပဲ..။

‘ လုပ် စမ်းပါ..’

ဒါတောင်မှ သူက အခုချိန်မှာ တစ်ခုခု တော့ ပြန်လုပ်ပြနိုင်နေခဲ့တယ်..။မောဂန်က တိုက်ပွဲကို အသားစီး ယူထားဆဲဖြစ်ပြီး..သေစေနိုင်တဲ့ ထိုးနှက်မူတွေကိုတစ်ခုပြီး တစ်ခု လုပ်နေခဲ့တယ် ဆိုပေမယ့်..ဆန်နီက သူမရဲ့ လှုပ်ရှားမူတိုင်းကို ကြိုတင်ခန့်မှန်းမိပြီး တုန့်ပြန်နိုင်နေခဲ့ပါပြီ..။

သူက တိုက်ခိုက်မူ တစ်ခုကို တိမ်းရှောင်ပြီး..နောက်ထပ်တစ်ခုကို တိမ်းရှောင်နိုင်လိုက်တယ်..။တတိယ တိုက်ခိုက်မူကတော့..သူ့ရဲ့ တံတောင်ဆစ်ကို ထိမှန်သွားကာ..နာကျင်မူက ခန္တာကိုယ်ထဲကို ထိုးတက်လာခဲ့ပါတယ်..။သို့ပေမယ့် ဒီအရာကတင် မယုံနိုင်စရာကောင်းတဲ့ တိုးတက်မူတစ်ခု ဖြစ်နေခဲ့ပါပြီ..။

မော်ဂန်ကတော့..တိုးတက်လာတဲ့ အခြေအနေကြောင့် သဘောကျနေတဲ့ ပုံပါပဲ..။သူ့မရဲ့ ပန်းဆီရောင် နှုတ်ခမ်းလေးတွေက ပြုံးယောင်သန်းနေပြီး..ပုလဲလုံးလေးတွေလို ဖြူဆွတ်နေတဲ့ သွားတွေကို ဖော်ပြထားခဲ့တယ်..။

“ဟုတ်တယ်..နောက်ဆုံးတော့…။မင်းက ဂျီးနီးယပ် တစ်ယောက်ပဲ မဟုတ်ဘူးလား..။ပြစမ်းပါဦး..တိုက်ခိုက်လိုက်စမ်းပါ..”

ဆန်နီ အံကိုကြိတ်ထားပြီး အသက်ရှင်တယ် ဆိုယုံမျှလေး တိုက်ခိုက်နေခဲ့တယ်..။သူ ကိုယ့်ကိုကို ဘယ်လောက်ပဲ တွန်းအားပေးနေပါစေ..၊ အကြောက်အလန့်ကင်းတဲ့ မာစတာကို လိုက်မှီဖို့ ဘယ်လောက်ပဲ ရုန်းကန်နေပါစေ..သူ လုပ်နိုင်တာ ဆိုလို့ ချက်ချင် အရှုံးမပေးလိုက်ဖိုါပါပဲ..။

သို့ပေမယ့်..အဲလောက်ပဲ တတ်နိုင်တာပါ..။

အရိပ်နှစ်ခုက သူ့ရဲ့ ခန္တာကိုယ်ကို ပေါင်းစပ်ထားခဲ့တာတောင်..ဆန်နီအတွက်တော့ အနိုင်ရဖို့ မျှော်လင့်ချက် ရှိမနေခဲ့ပါဘူး..။ဒါတောင်မှ မော်ဂန်က သူမရဲ့ ခွန်အားတွေကို ထိန်ချန်ထားခဲ့ပေးထားတာပါ..။သူမက တကယ်ကို မွန်းစတား တစ်ကောင်ပါပဲ..။မဟုတ်ဘူး..သူမက ပိုပြီး ကြောက်ဖို့ကောင်းတဲ့ အရာတစ်ခု..။သူက..များပြားလှတဲ့ မွန်းစတားတွေ ၊ နတ်မိစ္ဆာတွေ နဲ့ နတ်ဆိုး တွေကို..ရင်ဆိုင် သတ်ဖြတ်ဖူးခဲ့ပါတယ်..။သိုပေမယ့်..သူတို့ထဲက ဘယ်အရာကမှ ဒီ လှပပြီး..ငယ်ရွယ်တဲ့ အမျိုးသမီးကို နှိုင်းယှဉ်နိုင်မှာ မဟုတ်ပေ..။

သိုပေမယ့်..သူက ရှုံးနိမ့်သွားခဲ့မယ် ဆိုရင်တောင်..ဒါက အကျိုးယုတ်စေမယ့် အရာတစ်ခုတော့ မဟုတ်ပါဘူး..။

သူက ထိုးနှက်မူတိုင်းကို ခံစားနေရတယ် ဆိုရင်တောင်..တစ်နည်းအားဖြင့် သူခုခံနိုင်တဲ့ တိုက်ခိုက်မူတိုင်းကနေ သင်ယူမူတွေ ပြုလုပ်နိုင်ခဲ့ပါတယ်..။မော်ဂန်ရဲ့ တိုက်ပွဲဟန်ပန်က..သူ ဆုပ်ကိုင်နိုင်ဖို့အတွက် အတော်လေး ကျယ်ပြန့်လွန်းလှပါတာပါ..။သိုပေမယ့် သူ့တွေ့မြင်လိုက်ရတဲ့ တစ်စုံတစ်ခုတိုင်းက သူ့ရဲ့ ခန္တာကိုယ်ထဲမှာ အားဖြည့်ပေးထားသလိုပါပဲ..။

ဒါက သူ စုပ်ယူထားတဲ့ တိုက်ပွဲဟန်ပန်အမျိုးမျိုးက ခိုင်မာတဲ့ အခြေခံအဖြစ်တည်ဆောက်ထားပြီးပြီ ဖြစ်တာကြောင့်..အခုချိန်မှာ မွန်းစတားလို ကြောက်မက်ဖွယ်ကောင်းတဲ့ မာစတာနဲ ရင်ဆိုင်နေရတဲ့ ဖိအားကြောာင့် သူတို့က မတူညီတဲ့အရာတစ်ခုခုကို ထုလုပ်နေကြသလိုပါပဲ..။

သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံးက စုပ်ပြဲထွက်သွားတော့ မလို ခံစားနေခဲ့ရတယ်..။ပြီးတော့ သူ့ရဲ့ အမြင်အာရုံတွေကလည်း ဝေဝါးလာခဲ့ပါတယ်..။သို့ပေမယ့် ဆန်နီက တစ်ခုခုကို သိမြင်နိုင်လုနီးပါး ဖြစ်နေပြီလို့ ခံစားနေခဲ့ရပါပြီ..။

အဲ့ဒီလို သိမြင်လိုက်တဲ့ အချိန်မှာတော့..သူ့ရဲ့ စိတ်ထဲမှာ ရေတံခါးကြီး တစ်ချပ်ပွင့်ထွက်သွားသလို ဖြစ်သွားခဲ့ပါတယ်..။

ရုတ်တရက် ဆိုသလိုပဲ သူ သင်ယူခဲ့တဲ့ အသိပညာ အပိုင်းအစတွေအားလုံးက..ဆန်းကျယ်တဲ့ ပန်းချီကား တစ်ချပ်အသွင်ကို ပြောင်းလဲသွားခဲ့ကြပြီး..သူ သင်ယူခဲ့တဲ့ တိုက်ပွဲဟန်ပန်အားလုံးရဲ့ တူညီတဲ့ သဘောသဘာဝ တွေက မြင်နိုင်စွမ်းရှိလာခဲ့ပါတယ်..။သူက ဒီဟန်ပန် တွေကို ရူ့ထောင့်အသစ်တွေကနေ မြင်နိုင်ခဲ့တယ်..။သူတို့ရဲ့ ရည်ရွယ်ချက်ကို နားလည်နိုင်ယုံတင်မကပဲ..နည်းစနစ် နဲ့ လှုပ်ရှားမူတစ်ခုချင်းစီတိုင်းရဲ့ နောက်ကွယ်က နက်ရှိုင်းတဲ့ အကြောင်းပြချက်တွေကိုပါ နားလည်နိုင်ခဲ့ပါတယ်..။

‘ဟုတ်တယ်..အဲတာပဲ..’

..သူ့ရဲ့ မြင်နိုင်စွမ်းအားတွေက နောက်ထပ်တစ်ဆင့်ကို ရောက်ရှိသွားခဲ့တာကြောင့်..ဆန်နီက မော်ဂန်ရဲ့ တိုက်ခိုက်မူတွေကနေ အားနည်းချက် တစ်ခုကိုပါ မြင်နိုင်ခဲ့ပါတယ်..။သူမရဲ့ တစ်ခုတည်းသော အားနည်းချက်..။

ဟုတ်ပါတယ်..ငယ်ရွယ်တဲ့ အမျိုးသမီးက သူအနိုင်ယူနိုင်ဖို့အတွက်တော့ အရမ်းကို အားကောင်းပြီး ကျွမ်းကျင်မူတွေ ရှိနေခဲ့ပါတယ်..။သို့ပေမယ့် သူ့မရဲ့ ဓားကတော့ မတူညီတဲ့ အရာတစ်ခုပါပဲ..။ဘာပဲဖြစ်ဖြစ် သူမက ဒီတိုင်း အသွင်ပြောင်းအဆင့် မှတ်သားမူ တစ်ခုကို ကိုင်ဆောင်ထားခဲ့တာပါ..။

ချက်ချင်း ဆိုသလိုပဲ သူ့ရဲ့ စိတ်ထဲမှာ အစီအစဉ်တစ်ခု ပေါ်လာခဲ့တယ်..။

အချိန်တွေက ရုတ်တရက် နှေးကွေးသွားသလိုပဲ..ဆန်နီက နောက်ထပ် တိုက်ခိုက်မူတစ်ခုကို ကာကွယ်လိုက်ပြီး သူ့ရဲ့ ခန္တာကိုယ်ကို ရွေ့လျားလိုက်ပါတယ်..။ပြီးတဲ့နောက်မှာတော့ ရုတ်တရက် ဆိုသလိုပဲ.လှုပ်ရှားနေတဲ့ ဓားဆီကို ခြေတစ်လှမ်းတိုးလိုက်တယ်..။ပြီးတဲ့နောက်မှာ ဓားသွားကို သူ့ရဲ့ လက်မောင်းနဲ့ ခန္တာကိုယ် ကြားထဲမှာ ညှပ်ပြီး ဖမ်းထားလိုက်ပါတယ်..။ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ ညာဘက်လက်သီးနဲ့ တိုက်ခိုက်လိုက်တယ်..။

သူက သူ့ရဲ့ ခွန်အားအကုန်လုံးကို ထည့်ထားခဲ့ပြီး..လက်အိတ်ရဲ့ ခွန်အားကိုလည်း နောက်ဆုံးအချိန်ကြမှ..အလေးချိန်ကို အလေးဆုံးအနေအထားကို ထားထားလိုက်တယ်..။သူ့ရဲ့ ကြွက်သားတွေကတော့ တင်းမာလွန်းလို့ ပေါက်ကွဲထွက်မတတ် ဖြစ်နေကြပါပြီ..။

မြေအောက်ကမ္ဘာဝတ်ရုံတော်နဲ့ အဆက်အပြတ် ထိမှန်နေခဲ့တာကြောင့်..ဒီဓားက နဂိုကတည်းက အားနည်းနေခဲ့ပြီးသားပါ..။ဒီတော့ ဆန်နီရဲ့ လက်သီးနဲ့ ထိမှန်လိုက်တာနဲ့ ဓားသွားက ချက်ချင်းဆိုသလို အစိတ်စိတ်အမွာမွာကွဲကြေ သွားပြီး..တောက်ပတဲ့ အလင်းစက်တွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။

‘ မင်းကို မိပြီ..’

ဆန်နီ စိတ်လှုပ်ရှားစွာပဲ..ဆက်လက်လှုပ်ရှားလိုက်တယ်..။မော်ဂန်က လက်ရှိဖြစ်ပေါ်သွားတဲ့ အခြေအနေကို ပြန်လည်ပြီး မထိန်းညှိနိုင်ခဲ့မှာပဲ..သူက ဝိဉာဉ်မြွေကို အောက်ဘက်ကို ချလိုက်ပြီး.အကာအကွယ်မဲ့နေတဲ့ မော်ဂန်ကို ထိုးနှက်ဖို့ ကြိုးစားလိုက်ပါတယ်..။

..သို့ပေမယ့်..သူ ဒီလိုမလုပ်နိုင်ခင်မှာပဲ..ဆိုးဝါးတဲ့နာကျင်မူက သူ့ရဲ့ ရင်ဘတ်မှာ ပေါက်ကွဲထွက်လာခဲ့တယ်..။သူ့ရဲ့ လက်ထဲမှာ ရှိနေတဲ့ခွန်အားတွေအားလုံးကတော့ ထွက်ခွားသွားခဲ့ကြပါပြီ..။

သူ့ရဲ့ လက်ချောင်းတွေကြားထဲမှာ ရှိနေတဲ့ အိုဒါချီဓားက ချော်ထွက်သွားခဲ့ပြီး မြေကြီးပေါ်ကို တိတ်ဆိတ်စွာပဲကျဆင်းသွားခဲ့တယ်..။

ဆန်နီ တုန်လှုပ်သွားခဲ့ပြီး သူ့ရဲ့ အောက်ဘက်ကို ရှုပ်ထွေးးစွာနဲ့ ငုံ့ကြည့်လိုက်ပါတယ်..။

‘ဘာ..ဘာဖြစ်သွားတာလဲ..’

သူ မြင်တွေ့ရတဲ့ အရာကတော့ လုံးဝကို အဓိပ္ပာယ်မရှိပါဘူး..။

မော်ဂန်ရဲ့ ဖြူဖျော့ပြီး သေးငယ်တဲ့ လက်ကလေးက..သူ့ရဲ့ အကာအကွယ်ကို ထိုးဖောက်ဝင်နေခဲ့ပြီး..သွေးတွေကတော့.ချောမွေ့တဲ့ မဟူရာ မျက်နှာပြင်ပေါ်ကနေ စီးကျနေခဲ့ပါတယ်..။သူမက..သူမက မြေအောက်ကမ္ဘာဝတ်ရုံတော်ကို လက်ဗလာနဲ့တင် ထိုးဖောက်ထိုက်လာတာလား..။သူမရဲ့ လက်ချောင်းတွေကတော့..သူ့ရဲ့ အသွေးအသားနဲ့ အရိုးတွေကိုပါ ထိုးဖောက်ဝင်သွားပြီး သူ့ရဲ့ နှလုံးသားကို တစ်စစီ ချေမွသွားခဲ့ပါတယ်..။

ဆန်နီက အမှားတစ်ခု လုပ်လိုက်မိတာပါ..။

‘ဒါက..ဒါက ဘယ်လိုလုပ်..ဖြစ်နိုင်မှာလဲ..။တက်ရောက်မူ အဆင့် မှတ်သားမူ….အဆင့် ၆ …’

သူ အပေါ်ကို မော့ကြည့်လိုက်တဲ့ အချိန်မှာတော့..အမှောင်ထုက သူ့ရဲ့ အမြင်အာရုံကို ဝန်းရံသွားခဲ့တယ်..။

‘ဒါက…ဒါက သေဆုံးတဲ့အချိန်မှာ ခံစားရတဲ့ ခံစားချက်မျိုးလား..’

အရာရာတိုင်းက မှောင်မိုက်လာနေခဲ့တယ်..။သူ မြင်နိုင်တာဆိုလို့..လှပတဲ့ ပြဒါးရောင် မျက်လုံးတစ်စုံက သူ့ကို နောင်တရမူတွေ၊ စိတ်ပျက်မူတွေနဲ့ စိုက်ကြည့်နေခဲ့တာကိုပါပဲ..။

မော်ဂန် သက်ပြင်းချလိုက်တယ်..။

“သုံးဆယ့်ခြောက်စက္ကန့်….ကောင်းပါတယ်..။မင်း ကောင်းကောင်းတိုက်ခိုက်ခဲ့တယ်..”

ဘာမှမရှိတော့တဲ့ ခံစားချက်မရောက်လာမှီ ဆန်နီ နောက်ဆုံးခံစားလိုက်ရတဲ့ အရာကတော့..စွမ်းအင်တွေက သူမရဲ့ လက်ထဲကနေ သူ့ရဲ့ ခန္တာကိုယ်ထဲကို စီးဝင်လာတာပါပဲ..။

ပြီးတဲ့နောက်မှာတော့..သူက အိပ်မက်ရူခင်းရဲ့ အနက်ရောင်လေဟာနယ်ထဲကို ရောက်နေတာကို တွေ့လိုက်ရတယ်..။သူ့ရဲ့ နာကျင်မူတွေနဲ့ ဒဏ်ရာတွေအားလုံးက ပျောက်ကွယ်သွားခဲ့ပါပြီ..။သူက ကျန်မာပြီး..ပုံမှန်အတိုင်းဖြစ်နေသလို ခံစားနေခဲ့ရတယ်..။

တိုက်ပွဲက ပြီးဆုံးသွားပြီ..။၊

သူ အမှောင်ထုထဲကို ကြည့်နေတုန်းမှာပဲ..အခိုက်အတန့်ရဲ့ အသံက တီးတိုး ထွက်ပေါ်လာခဲ့တယ်..။

[ သင်က မှတ်သားမူ တစ်ခုကို ရရှိခဲ့ပါပြီ ]

သို့ပေမယ့် သူက မတုန့်ပြန်ခဲ့ပေ..။သူက လေးလံတဲ့မျက်နှာအမူအရာနဲ့ လေဟာနယ်ထဲကို သာ စိုက်ကြည့်နေခဲ့ပါတယ်..။

…မတူညီတဲ့ တိုက်ပွဲယှဉ်ပြိုင်မူနေရာတွေကို ပြသထားတဲ့ ပုံရိပ်တွေရဲ့ အနားတစ်နေရာမှာတော့..စာသားတွေက လွင့်မျောနေခဲ့ပါတယ်..။

“မွန်ဂရယ်..”

“အောင်မြင်မူ - ၉၂၃ “

“ရှုံးနိမ့်မူ - ၁ “

အပိုင်း ( ၅၄၇ ) ပြီး၏။

All Chapters