← Chapters

ရှည်လျားတဲ့ လမ်းကြောင်း

Vol. 37 Ch. 548

ရှည်လျားတဲ့ လမ်းကြောင်း

Vol. 37 Ch. 548

ဆန်နီ ပုံရိပ်ယောင်တွေကို ပိတ်လိုက်တယ်..။မြေအောက်ဒိုဂျိုက တိတ်ဆိတ်ပြီး အမှောင်ထုက ကြီးစိုးသွားခဲ့ပါတယ်..။ဒါက သူ့ရဲ့ ဝိဉာဉ်ပင်လယ်ထဲက အလင်းမရှိတဲ့ နေရာလွတ်တစ်ခုလိုပါပဲ..။

သူက အိပ်မက်ရူခင်း သေတ္တာထဲကနေ အပေါ်ကို တက်လိုက်ပြီး..တစ်ချက်ပြန်ကြည့်လိုက်တယ်..။ပြီးကာမှ..ခန်းမကြီးရဲ့ အလယ်ကို လျောက်သွားလိုက်ပါတယ်..။အဲဒီမှာတော့..သူက အေးစက်တဲ့ ကြွေထည်ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး..တပ္ပလင်ခွေ ထိုင်ကာ..မျက်လုံးတွေကို ပိတ်ထားလိုက်ပါတယ်..။

ထူးဆန်းတဲ့ သူတော်စင်က ပြုလုပ်ထားတဲ့ ပုံရိပ်ယောင်ကမ္ဘာမှာတော့…ပြိုင်ပွဲက အဆုံးသတ်အချိန်ကို ရောက်ရှိနေခဲ့ပါပြီ..။အဲဒီမှာတော့..ပျော်ပွဲရွှင်ပွဲတွေ..၊ ကခုန်မူတွေနဲ့ အနိုင်ရသူတွေကို ချီးကျူးဂုဏ်ပြုမူတွေ ရှိနေခဲ့ကြတယ်..။သို့ပေမယ့် သူ ဂရုမစိုက်ခဲ့ပါဘူး..။

သူက မွန်ဂရယ် နဲ့ပတ်သက်တဲ့ ဒဏ္ဉာရီ အကြောင်းကို လည်း ဂရုမစိုက်ပေ..။သူက နောက်ဆုံးဆုလာဒ်ကို ငြင်းဆန်ပြီး..စိန်ခေါ်ရဲခဲ့တာက အုတ်အော်သောင်းနင်း ဖြစ်စေလိမ့်မယ်..ဆိုတာကို ဆန်နီ ကျိန်းသေသိထားပါတယ်..။လူတွေက မွန်ဂရယ်ရဲ့ စိတ်ဆန္ဒပြင်းပြ မူတွေအတွက် ချီးကျူးနေကြမှာလား..။ဒါမှမဟုတ်..သူ့ရဲ့ ရှုံးနိမ့်မူ အပေါ်မှာ လှောင်ပြောင်ပြီး အရူးလို့ ခေါ်ဆိုနေကြမှာလား..။ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာဆိုရင် အင်တာနက်က အတော်လေးကို ပွလောရိုက်နေလောက်ပါပြီ..။

ဆန်နီကတော့ ဒီအရာတွေကို စစ်ဆေးဖို့ အတွက်တောင် စိတ်မဝင်စားခဲ့ပေ..။

သူ့ဆီမှာ ပိုပြီး အရေးကြီးတဲ့အရာတွေ ရှိနေပါသေးတယ်..။

ဗာလာကလန်ရဲ့ မော်ဂန်ကို ရှုံးနိမ့်ခဲ့ပေမယ့်..သူ့ကို ပေးအပ်လိုက်တဲ့ နောက်ဆုံးဆုလာဒ်က ရှိနေပါသေးတယ်..။အလားတူးစွာပဲ..သူ သေချာ မလေ့လာရသေးတဲ့ ဆုလာဒ်တွေ အများကြီးပါပဲ..။

ပြီးတော့..အဲဒီမှာ အရိပ်ကခုန်မူလည်း ရှိနေခဲ့တယ်..။ဒါက သူ အခု အာရုံစိုက်ထားရမယ့် အရာပါပဲ..။

ဆန်နီဟာ အမှောင်ထုထဲမှာ မျက်လုံးမှိတ်ထိုင်ရင်း..အားကောင်းလွန်းတဲ့ မာစတာ နဲ့ တိုက်ပွဲမှာ ရရှိခဲ့တဲ့ အောင်မြင်မူတွေကို ပြန်လည်ပြီး တွေးတောနေခဲ့တယ်..။ပြီးတာနဲ့ ဖြည်းညှင်းစွာပဲ ဒီအစားကို နားလည်ဖို့ ကြိုးစားနေခဲ့ပါတယ်..။အခုဆိုရင် သူ့လက်ထဲမှာ သော့က ရှိနေခဲ့ပါပြီ..။ကျန်ရှိနေတာဆိုလို့..ဒီအရာကို စုပ်ယူပြီး..တစ်ခနလောက် ခံစားချက်ကနေ…သူ့ရဲ့ စိတ် ၊ ခန္တာကိုယ် နဲ့ ဝိဉာဉ်တွေမှာ တသားတည်းဖြစ်နေအောင် ပြောင်းလဲပစ်ဖို့ပါပဲ..။

ဒါက အချိန်တစ်ချို့တော့ ယူရပါလိမ့်မယ်..။

မောဂန် နဲ့တိုက်ပွဲရဲ့ အပိုင်းအစတွေက..သူ စုပ်ယူထားတဲ့ မတူညီတဲ့ တိုက်ပွဲဟန်ပန်တွေကို ပေါင်းစည်းပေးနိုင်ဖို့အတွက်က ကူညီပေးပါလိမ့်မယ်..။သူ့ရဲ့ အခြေခံနားလည်နိုင်စွမ်း ၊ တိုက်ပွဲအပေါ်လွှမ်းမိုးတဲ့ စည်းမျည်းတွေက ကျယ်ပြန့်စွာပဲ တိုးမြှင့်လာခဲ့တာကြောင့်..သူက ဒီအရာတွေအပေါ်မှာ နက်ရှိုင်းတဲ့ အဆင့်တစ်ခုနဲ့ နားလည်နိုင်လာခဲ့ပါတယ်..။

ဒီ ဉာဏ်အလင်းပွင့်မူက ဆန်နီကို များပြားလှတဲ့ တိုက်ပွဲဟန်ပန်တွေကို ပိုမိုမြန်ဆန်စွာ ဆုပ်ကိုင်နိုင်ဖို့ အတွက် ကူညီပေးနိုင်မှာြဖစ်ပြီး..အလားတူစွာပဲ..ပိုမို ရှုပ်ထွေးပြီး ဆန်းပြားတဲ့ တိုက်ပွဲဟန်ပန်တွေကိုပါ ကူးယူနိုင်ပါလိမ့်မယ်..။ဒီအဆင့်မှာတော့..သူက ရန်သူရဲ့ လှုပ်ရှားမူတွေ၊ အသက်ရူမူတွေ ၊ တိုက်ခိုက်မူတွေ ကနေ တဆင့် သူတို့ရဲ့ အဆီအနှစ်တွေ အသုံးပြုတဲ့ ပုံစံကို သိရှိနိုင်မှာပါ..။နားလည်နိုင်စွမ်းအသစ်ကလည်း ဒီလိုနားလည်နိုင်ဖိုု့အတွက် ကူညီးပေးပါလိမ့်မယ်..။

သူက ဒီအရာကို စိတ်ထဲမှာ မှတ်သားထားဖို့အတွက်ပဲ လိုအပ်တာပါ..။

အချိန်တွေ ကုန်ဆုံးသွားခဲ့တယ်..။ဆန်နီကတော့ ဆက်လက်တရားထိုင်နေပြီး..သူ့ရဲ့ ပန်းတိုင်ဆီကို ဖြည်းညှင်းစွာ ချည်းကပ်နေခဲ့ပါတယ်..။အတော်ကြာပြီးတဲ့နောက်မှဦတော့..သူ့ရဲ့ အတွေးတွေက စတင်ပြောင်းလဲလာခဲ့ပါပြီ..။

အိပ်မက်ပြိုင်ပွဲ…က ဆန်နီကို ထင်ထားတာထက် ပိုပြီး ပေးစွမ်းနိုင်ခဲ့ပါတယ်..။

ဟုတ်ပါတယ်…အဲဒီကနေ အားကောင်းတဲ့ မှတ်သားမူတွေနဲ့…အရိပ်ကခုန်မူကို နောက်တစ်ဆင့်ကို နားလည်သဘောပေါက်နိုင်စွမ်းအပြင်..နောက်ထပ်တစ်ခုလည်း ရှိနေပါသေးတယ်..။ဒါက ကွဲပြားပေမယ့်..တန်ဖိုးမရှိတဲ့ အရာတော့ မဟုတ်ပါဘူး..။

အိပ်မက်ရူခင်းထဲက အတော်ဆုံးတွေနဲ့ တိုက်ခိုက်ပြီးတဲ့ နောက်မှာတော့..ဒါက သူရဲ့ ကိုယ်ပိုင် စွမ်းအားနဲ့ အရည်အချင်းတွေက ဘယ်လောက်ရှိလဲဆိုတာကို သိအောင် ကူညီပေးခဲ့ပါတယ်..။သန်မာလှတဲ့ ချန်ပီယံတွေကို တစ်ယောက်ပြီးတစ်ယောက် ရင်ဆိုင်ပြီးနောက်မှာတော့..ဆန်နီက ဒီလူတွေထက် ပိုသန်မာပြီး..ပိုအတွေ့အကြုံရှိတယ် ဆိုတာကို ဖော်ပြနေခဲ့တယ်..။

ဆန်နီက အမြဲတမ်းလိုလိုပဲ သူ့ကိုယ်သူ နစ်ဖီနဲ့ နှိုင်းယှဉ်နေခဲ့ပြီး..နောက်ကျကျန်ခဲ့မှာကို စိုးရိမ်နေခဲ့တာပါ..။သူက သူမကို အမှီလိုက်ဖို့ ကြိုးစားနေခဲ့ပေမယ့် ဘယ်တော့မှ လိုက်မမှီခဲ့ပါဘူး..။မွန်ဂရယ်က တစ်ကြိမ်တည်းသာ ရှုံးနိမ့်ခဲ့ဖူးပေမယ့် ဆန်နီကတော့ အကြိမ်များစွာ ရှုံးနိမ့်ခဲ့ဖူးပါတယ်..။သူက အဆက်မပြတ်ရှုံးနိမ့်မူတွေရဲ့ အရိပ်အောက်မှာ တည်ရှိနေခဲ့ရတာပါ..။

သို့ပေမယ့်..သူက နစ်ဖီရဲ့ နောက်ကို အဆက်အပြတ်လိုက်နေတဲ့ အတွက်ကြောင့်ပဲ တစ်ခြားလူတွေရဲ့ တည်ရှိမူကို သတိမထားမိပဲ ဖြစ်နေခဲ့တယ်..။အခု သူ နောက်ကို ပြန်လှည့်ကြည့်ခွင့် ရလိုက်တဲ့ အချိန်မှာတော့..သူနဲ့ ကျန်တဲ့ နိုးထသူတွေ ကြားထဲမှာ ဘယ်လောက်တောင် ကွာဟပြီး ကျန်ခဲ့ပြီလဲ ဆိုတာကို သိလိုက်ရပါတယ်..။

ကွာဟမူက အရမ်းကို ကြီးမားလွန်းတာကြောင့် သူ့ရဲ့ ခွန်အား လေးပုံတစ်ပုံလောက်အသုံးပြုနေတဲ့ အချိန်မှာတော့..သူတို့ထဲက အကောင်းဆုံးတွေကို ရိုက်ချနိုင်စွမ်းရှိနေခဲ့ပါတယ်..။

မေ့ပျောက်ကုန်းမြေပေါ်မှာတုန်းက ဆန်နီက ရိုးရှင်းတဲ့ အမှန်တရား တစ်ခုကို သင်ယူခဲ့ရပါတယ်..။တကယ်လို့ တစ်စုံတစ်ယောက်က ပိုပြီးကောင်းမွန်လာချင်တယ်ဆိုရင်..သူတို့က ..သူတို့ထက်ပိုပြီး သန်မာတဲ့ လူကို စိန်ခေါ်နဖို့ လိုအပ်ပါတယ်..။အရမ်းကို သန်မာလွန်းတဲ့ ပြိုင်ဖက်ကို..တိုက်ခိုက်နေတာထက် ပိုပြီး အကျိုးရှိတဲ့ အရာဆိုတာ မရှိတော့ပါဘူး..။ဒါကြောင့်ပဲ..သူက တစ်နှစ်ဆိုတဲ့ အချိန်အတော်အတွင်းလေးမှာတင် သူ့ကိုယ်သူ သတ်ဖြတ်တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ..။

ပြီးတော့..ဆန်နီက အစတုန်းက ဒီအရာကို နားမလည်ထားခဲ့ပေမယ့်..နစ်ဖီကို အောင်မြင်မူပန်းတိုင်အဖြစ် သတ်မှတ်ထားခဲ့တာကလည်းး တူညီတဲ့ ရလာဒ်ကို ရစေတဲ့အချကိပါ..။သူမကို ကျော်တက်ရမယ် ဆိုတဲ့ပန်းတိုင်က တစ်ခါတစ်လေမှာ ခါးသက်ပြီး မဖြစ်နိုင်တဲ့ အရာကြီး ဖြစ်နေခဲ့တယ်ဆိုရင်တော့..သူက အရာအားလုံးကို ဖြတ်ကျော််ပြီး အတော်ဝေးတဲ့နေရာအထိ ရုန်းကန်လာနိုင်ခဲ့ပါတယ်..။အရမ်း..အရမ်းကို ဝေးတဲ့နေရာအထိ..။

သူ အခုတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ပါပြီ..။

…သို့ပေမယ့် သူက ဘယ်လောက်အထိ ဆက်လျောက်ဖို့ လိုအပ်နေသေးလဲ ဆိုတာကိုပါ မြင်နေခဲ့ရတယ်..။

အိပ်မက်ရူခင်းက ပြိုင်ပွဲဝင်တွေနဲ့ တိုက်ခိုက်တာက သူ့ရဲ့ ခွန်အားကို ပြသပေးပြီး..မော်ဂန်နဲ့ တိုက်ခိုက်တာကတော့..သူ့ရဲ့ အားနည်းချက်ကို ပြသပေးခဲ့ပါတယ်..။

ဟုတ်ပါတယ်..ဆန်နီက သူ့ရဲံအသက်အရွယ်မှာ ဆိုရင် မယုံနိုင်လောက်အောင် သန်မာတဲ့ နိုးထသူ တစ်ယောက်ပါ..။သို့ပေမယ့်..သူ့ထက်မနိမ့်ကျလောက်အောင် သန်မာတဲ့ သူတွေက အပြင်ဖက်မှာ ရှိနေဆဲပါပဲ..။သူတို့က ပိုသန်မာ ၊ ပိုအသက်ကြီး ပြီး..နှစ်ပေါင်းများစွာသော အတွေ့အကြုံတွေနဲ့ သူ့မှာမရှိတဲ့ ကြီးမားတဲ့ အရင်းအမြစ်တွေကို ပိုင်ဆိုင်ထားကြတဲ့ သူတွေပါ..။သူတို့ရှေ့မှာတော့..ဆန်နီဆိုတာက ပုရွတ်ဆိတ် တစ်ကာင်လိုပါပဲ..။

သူ့မျက်နှာပေါ်မှာ ညှင်သာတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။

‘ဒါမှမဟုတ်..ပိုးဟပ်တစ်ကောင်လိုများ ဖြစ်နေမလား..’

မော်ဂန်ဆိုတာက ကြီးမြတ်တဲ့ ဗာလာကလန်ရဲ့ မာစတာ တစ်ယောက်ဖြစ်ပြီး သူတော်စင်တွေရဲ့ အောက်မှာ ပြိုင်ဖက်ကင်း အထွတ်အထိတ် စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့လူတစ်ယောက်ပါ..။သူမက အုပ်စိုးသူတွေထဲကတစ်ယောက်နဲ့ လည်း ဆွေမျိုးတော်ပါသေးတယ်..။ဒီတော့..သူက သူမကို ဉပမာထားပြီး ဘယ်လိုဆိုးဝါးတာတွေ ဖြစ်လာနိုင်လညး် ဆိုတာကို သင်ခန်းစာယူရမှာပါ..။နောက်ထပ် လိုက်ရမယ့် ပစ်မှတ်တစ်ခုဖြစ်ပြီး..သူ့ရဲ့ ဒေါသတွေထုတ်ဖော်နိုင်တဲ့..အားကောင်းတဲ့ ပြိုင်ဖက်တစ်ယောက်ပါပဲ..။

တစ်နေ့ကြရင်တော့..သူတို့ရဲ့ ဓားတွေက နောက်တစ်ကြိမ် ထိတွေ့ခွင့်ရကြဦးမှာပါ..။ပြီးတော့ အဲလိုဖြစ်လာတဲ့ အချိန်ကြရင် သူမရဲ့ ပြဒါးရောင် မျက်လုံးတွေမှာ..နောက်ထပ် အထင်သေးမူတွေ ရှိနေနိုင်တော့မှာ မဟုတ်ပါဘူး..။

အဲဒီအစား အကြောက်တရားတွေသာ ရှိနေပါလိမ့်မယ်..။

….ဒီအတွေးတွေ အားလုံး သူ့ရဲ့ အသိစိတ် အစွန်မှာ ဖြတ်သန်းသွားလာနေတုန်းမှာပဲ..သူ့ရဲ့ စိတ်အာရုံအများစုက တော့..အရိပ်ခြေလှမ်းရဲ့ ဒုတိယအဆင့်ကိုရောက်နိုင်မယ့် သော့ချက်အပေါ်မှာသာ စုပ်ယူနေခဲ့တယ်..။ပြီးတော့ နောက်ဆုံး အတွေးစလေး.ပျောက်ကွယ်သွားတဲ့ အချိန်မှာပဲ..သူက နောက်ဆုံးတော့..ဒီဖြစ်စဉ်ကြီးတစ်ခုလုံး ပြီးမြောက်သွားတာကို ခံစားလိုက်ရပါတယ်..။

တစ်ခနအကြာမှာတော့..မြေအောက် လေ့ကျင့်ရေးကွင်းရဲ့ တိတ်ဆိတ်မူက အခိုက်အတန့်ရဲ့ ကြေညာသံကြောင့် ကျိုးပျက်သွားခဲ့ပါတယ်..။ဆန်နီကတော့..လက်တွေ့ကမ္ဘာထဲက သူ့ရဲ့ အိမ်ထဲမှာ အခိုက်အတန့်ရဲ့ အသံကို ကြားရတာနဲ့ ပတ်သက်ပြီး ကျင့်သားမရခဲ့ပါဘူး..။

အခိုက်အတန့်က ပြောလာခဲ့တယ်..။

[ သင့်ရဲ့ ဆက်ခံသူ စွမ်းရည် ကျွမ်းကျင်မူ မြင့်တက်လာခဲ့ပါသည် ]

[သူက ဆက်ခံသူ အမွေအနှစ်တစ်ခုကို ရယူပိုင်ခွင့် ရှိသည်]

[ သင့်ရဲ့ အရိပ်က ဆင့်ကဲ့ပြောင်းလဲနေပါပြီ…]

အပိုင်း ( ၅၄၈ ) ပြီး၏။

All Chapters