← Chapters

ဝိဉာဉ် သားရဲ

Vol. 37 Ch. 549

ဝိဉာဉ် သားရဲ

Vol. 37 Ch. 549

ဆန်နီ တစ်ခနလောက် စောင့်ဆိုင်းပြီးကာမှ..အလျင်အမြန်မတ်တတ်ထရပ်လိုက်ပြီး..အချက်အလက်ဇယားကို ထုတ်ဖော်လိုက်ပါတယ်..။ဒီအရာက..သူ စောင့်ဆိုင်းနေတဲ့ အခိုက်အတန့်ပါပဲ..။အချိန်အတော်ကြာပြီးနောက်မှာတော့..သူ့ရဲ့ သွေးတွေ ၊ ချွေးတွေ နဲ့ ကြိုးးစားအားထုတ်မူတွေ အားလုံးက အကျိုးရလာဒ်တွေအဖြစ် ပြန်လည်ထွက်ပေါ်လာခဲ့ပါပြီ..။သူက စစ်မှန်တဲ့ တိုက်ပွဲမာစတာ တစ်ယောက်ဖြစ်လာဖို့အတွက် နောက်ထပ်ခြေတစ်လှမ်းကို လှမ်းနိုင်ခဲ့တာပါ..။

လိုအပ်တာကတော့…

ဆန်နီ ခနလောက် စဉ်းစားလိုက်ပြီးကာမှ..မြေအောက်ကမ္ဘာဝတ်ရုံတော်နဲ့ ပတ်သက်တဲ့ အချက်အလက်ဇယားကို အရင်ဆုံး ကြည့်လိုက်ပါတယ်..။တိုးမြင့်မူ မြေအောက်ကမ္ဘာမင်းသား ရဲ့ ဖော်ပြချက်အောက်မှာတော့..ရူးနစ် ရေတွက်မူ တစ်ခုက တောက်ပနေခဲ့ပါတယ်..။

အနိုင်ယူခဲ့သော ရန်သူများ - [ ၂၃၃၂ / ၆၀၀၀ ]

သူလုပ်ဖို့လိုအပ်ခဲ့တာကတော့..သူက ရန်သူ နှစ်ရာခန့်ကို သူ့ရဲ့ လက်နှစ်ဖက်တည်းနဲ့ သတ်ဖြတ်ခဲ့တာ နဲ့ မာစတာ တစ်ယောက်ရဲ့ လက်ထဲမှာ သေအံ့ဆဲဆဲ ဖြစ်ခဲ့ရတာပါ..။

ဒီအရာတွေထဲက သတ်ဖြတ်မူ ကိုးရာကျော်လောက်က အိပ်မက်ရူခင်းထဲမှာ ဖြစ်ပျက်ခဲ့ပြီး တစ်ခုကတော့ အစစ်အမှန်ကမ္ဘာမှာ ဖြစ်ပျက်ခဲ့တာပါ..။ပြီးတော့ ကျန်တာတွေကတော့..ချိန်းကျွန်းစုမှာ ဖြစ်ပျက်ခဲ့ပါတယ်..။စိတ်မကောင်းစရာ အချက်ကတော့ သူတော်စင် သတ်ဖြတ်လိုက်တဲ့ သတ္တဝါတွေကိုတော့ ဒီအတွက် လိုအပ်ချက်မှာ ထည့်သွင်းသတ်မှတ်ခြင်းမရှိပါဘူး..။အဲ့လိုမှမဟုတ်ရင် သူ ရရှိတဲ့ အရေအတွက်က အတော်လေးကို မြင့်တက်သွားမှာပါ..။

ဆန်နီ တစ်ဖက်ကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ သူ အမြင်ချင်ဆုံး အချက်အလက် ဇယားကို တွေ့လိုက်ရတယ်..။

အရိပ်များ -[ မာဗယ် သူတော်စင် ] ၊ [ ဝိဉာဉ်မြွေ ]

ဆန်နီ စာပေါ်မှာ အာရုံစိုက်ပြီး ဖတ်လိုက်တယ်..။

အရိပ် - [ ဝိဉာဉ် မြွေ ]

အရိပ် အဆင့် - [ နိုးထမူ ]

ကြီးမားတဲ့ အပြုံးတစ်ခုက သူ့ရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်..။ဆန်နီ မျက်လုံးကို မှိတ်လိုက်ပြီး သူ့ ဝိဉာဉ်ရဲ့ ပြောင်းလဲမူတွေကို ခံစားကြည့်လိုက်တယ်..။ပြီးတာနဲ့ အရိပ်အဆီအနှစ်တွေကို ဝိဉာဉ်မြွေကနေ တဆင့် လှည့်ပတ်စေလိုက်ပါတယ်..။သူ့ရဲ့ စီးဆင်းမူတွေက အရင်ကထက်တောင် ပိုပြီး မြန်ဆန်နေတာကို သူခံစားမိလိုက်တယ်..။အဆီအနှစ် အသုံးပြုမူနဲ့ ပြန်လည်ဖြည့်တင်းမူ နှုန်းကလည်း အတော်လေးကို ကောင်းမွန်လာခဲ့ပါတယ်..။

‘ပြီးပြည့်စုံတယ်..’

မေ့ပျောက်ကုန်းမြေပေါ်မှာ သူတော်စင်ဖြစ်ခဲ့သလိုမျိုး..ဆင့်ကဲပြောင်းလဲမူဖြစ်စဉ်က အချိန်အတော်ကြာမယ်လို့ သူက ထင်ထားခဲ့တာပါ..။သို့‌ေပေမယ့်..သူ့ရဲ့ အရိပ်ကခုန်မူက ဒုတိယအဆင့်ကို ကျွမ်းကျင်တတ်မြောက်သွားတဲ့ အချိန်မှာပဲ ဝိဉာဉ်မြွေက နိုးထမူ အဆင့်ကို ချက်ချင်းခုန်တက်သွားခဲ့ပါတယ်..။ဒါကတော့..ဆက်ခံသူ အမွေ့အနှစ်ရဲ့ ပြိုင်ဖက်ကင်း သဘောသဘာဝ ကြောင့်ဖြစ်နေနိုင်တာပါပဲ..။

‘ဘာတွေများ ထပ်ပြီး ပြောင်းလဲသွားသေးလဲ ငါတကယ်သိချင်မိတယ်..’

ဆန်နီ မျက်လုံးကို ဖွင့်လိုက်ပြီး အချက်အလက်ဇယားကို ပြန်ဖွင့်ကြည့်လိုက်တယ်..။အရိပ်ရဲ့ ဖော်ပြချက်မှာ အသစ်တစ်ခု ရောက်နေခဲ့တယ် ဆိုတာကို သူ အစောကတည်းက သတိထားမိပြီးသားပါ..။

အရိပ် စွမ်းရည်များ - [ အရိပ်လမ်းညွှန်မူ ] ၊ [ ဝိဉာဉ်လက်နက် ] ၊ [ ဝိဉာဉ် သားရဲ ]

သူက အသစ်ရောက်လာတဲ့ စွမ်းရည်ကို အာရုံစူးစိုက်လိုက်ပြီး ဖတ်လိုက်တယ်..။

စွမ်းရည် ဖော်ပြချက် - “ ဝိဉာဉ်မြွေသည်..သားရဲတစ်ကောင်ရဲ့ အသွင်အပြင် အဖြစ် ပြောင်းလဲနိုင်သည်”

ဆန်နီ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်တယ်..။

‘ဘာ..’

သူက ဘာမှဝတ်မထားတဲ့ သူ့ရဲ့ ရင်ဘတ်ကို ငုံ့ကြည့်လိုက်ပြီး ခန္တာကိုယ်နဲ့ လက်မောင်းရဲ့ အပေါ်မှာ ရစ်ပတ်နေတဲ့ အနက်ရောင် မြွေပုံစံ တက်တူးကို စိုက်ကြည့်လိုက်ပါတယ်..။ယင်းနောက်..ဆန်နီ ဂရုတစိုက်ဆိုသလိုပဲ..အရိပ်ကို စိတ်နဲ့ အမိန့်ပေးကြည့်လိုက်တယ်..။

ချက်ချင်းဆိုသလိုပဲ တက်တူးက ရွေ့လျားလာခဲ့ပြီး..သူ့ရဲ့ လက်ဝါးထဲကို ဝင်က လက်ချောင်းတွေကနေ တဆင့် အောက်ကို ဆင်းသွားခဲ့ပါတယ်..။

သူ့ပေမယ့် ဒီအရာက ထက်ရှတဲ့ ဓားတစ်ချောင်းရဲ့ ထိပ်ဖျား ဖြစ်ရမယ့် အစား..ကြီးမားတဲ့ မြွေကြီးတစ်ကောင်ရဲ့ တြိဂံပုံစံ ဦးခေါင်းက လေထဲမှာ ထွက်ပေါ်လာခဲ့ပါတယ်..။

အမှောင်ထုစီးကြောင်းတွေ နဲ့ ရစ်ပတ်ထားတဲ့ မြွေက ရှေ့ကို တိုးဝင်လာပြီး..ဆန်နီ ရဲ့ အရည်ပြားကို ထားခဲ့ကာ..ကိုယ်ပိုင်တည်ရှိမူ အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။သူ့ရဲ့ အနက်ရောင် ကြေးခွံတွေက ကြမ်းပြင်ရဲ့ အကာအကွယ်အပြားတွေကို ဖြည်းညှင်းစွာပဲ ထိသွားခဲ့တယ်..။မကြာခင်မှာပဲ..ဆန်နီက ကြီးမားတဲ့ မြွေကြီးတစ်ကောင်ကို အံ့ဩတုန်လှုပ်စွာ ကြည့်နေခဲ့ရပါပြီ..။ဒီအရာက အနည်းဆုံး ခြောက်မီတာလောက် ရှည်ပြီး..သူ့ရဲ့ ခန္တာကိုယ်က..ကြီးမားတဲ့ လူကြီးတစ်ယောက်ရဲ့ လက်မောင်းလောက်ကျယ်ကာ.. အရမ်းမာကျောတဲ့ ကျောက်တုံးတွေကို ချေမွ နိုင်လောက်တဲ့ အထိအောင် သန်မာပါတယ်..။

ဒီနက်မှောင်နေတဲ့ သတ္တဝါက သူ့ရဲ့ ခန္တာကိုယ်ကို ဆန့်တန်းကာ လေထဲမှာ ဖြတ့်ကျတ်လိုက်တယ်..။သူ့ရဲ့ ဦးခေါင်းက ဖြည်းညှင်းစွာ မြင့်တက်နေပြီး မကြာခင်မှာပဲ..ဆန်နီ ရဲ့ အရပ်လောက်အထိကို မြင့်သွားခဲ့ပါတယ်..။သူ့ရဲ့ လျှာနှစ်ခွက တစ်ခနလောက် ထွက်ပေါ်လာခဲ့ပြီးနောက်..သူက ဆန်နီရဲ့ မျက်လုံးတည့်တည့်ကို ကြည့်နေခဲ့တယ်..။

…ယင်းနောက် သူက ပါးစပ်ကို ဟလိုက်ပြီး..တရွှီရွှီမြည်ကာ..ရှည်လျားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ မဟူရာ အရောင် အစွယ်တွေကို ဖော်ပြနေခဲ့တယ်..။

ဆန်နီ တံတွေးမြိုချလိုက်တယ်..။

ဝိဉာဉ်မြွေရဲ့ မျက်လုံးတွေက သူ့ရဲ့ ခန္တာကိုယ်လောက်ကို နက်မှောင်နေခဲ့ပြီး အနက်ရောင် အလင်းတန်းတွေနဲ့ တောက်ပနေသယောင် ထင်မှတ်ရပါတယ်..။သူတို့ကြည့်ရတာ ..အလင်းမရှိတဲ့ အရိပ်ပင်လယ်တစ်ခုလို ကျယ်ပြည့်နေပြီး..ထူးဆန်းမူတွေ ..ဉာဏ်ရည်ပြည့်ဝမူတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။

ကံကောင်းချင်တော့..သူ့ရဲ့ မျက်လုံးတွေထဲမှာ ရန်လိုမူ ဒါမှမဟုတ်..တိုက်ခိုက်လိုမူ‌ တွေ ရှိမနေခဲ့ပါဘူး..။အဲဒီအစား ရိုးရှင်းစွာပဲ ဒီအတိုင်း အသိအမှတ်ပြုမူတွေသာ ရှိနေခဲ့ပါတယ်..။

အရိပ်မြွေက သူ့ရဲ့ မာစတာကို နှုတ်ဆက်နေခဲ့တာပါ..။

ဆန်နီ ရိုးရှင်းစွာပဲ..အကြည့်ကိုလွှဲလိုက်ကာ..အနက်ရောင် သတ္တဝါရဲ့ ခန္တာကိုယ်ကို ကြည့်လိုက်တယ်..။ယင်းနောက်..သူက ကျောချမ်းဖွယ်အရိပ်ကို..ရှေ့ကိုပို့ကာ..မြွေရဲ့ ခန္တာကိုယ်ပေါ်မှာ ရစ်ပတ်စေလိုက်ပါတယ်..။ချက်ချင်းဆိုသလိုပဲ နက်မှောင်နေတဲ့ မီးတောင်ကျောက် ကြေးခွံတွေထက် ..စီးဆင်းနေတဲ့ ပုံစံခွက်တွေက ပိုပြီး နက်မှောင်သွားခဲ့ပြီး..အရိပ်သားရဲ ဆီက ထုတ်လွှတ်နေတဲ့ ဖိအားကလည်း..ပိုပို ပြီးကို ကြောက်မက်ဖွယ် ကောင်းလာခဲ့ပါတယ်..။

သူ့ရဲ့ တစ်ခနလောက် တွေဝေပြီးနောက်မှ..ပြုးလိုက်တယ်..။

“…မင်းတို့က တကယ်ကို ထိုက်တန်တဲ့ အရာတွေပဲ..”

အရမ်းကျေနပ်စွာပဲ..သူက ကြီးမားတဲ့ မြွေကြီးကို တစ်ချက်ကြည့်လိုက်ပြီး..ကျေနပ်တဲ့ အမူအရာနဲ့ပဲ..သူ့ရဲ့ ဦးခေါင်းကို လှမ်းပုတ်လိုက်ပါတယ်..။

အခုတော့ ဒီ သန်မာတဲ့ သားရဲက မျက်တောင်ခတ်ရမယ့် အလှည့်ရောက်သွားခဲ့ပါပြီ..။တကယ်လို့ သူ့မှာ မျက်တောင်ရှိမယ် ဆိုရင်ပေါ့..။ဆန်နီကပဲ..ထင်ယောင်ထင်မှား ဖြစ်နေတာလား..ဒါမှမဟုတ်..မီးတောင်ကျောက် မြွေကပဲ ဒီလိုဆက်ဆံခံရလိမ့်မယ်လို့ မထင်ထားခဲ့တာလား ဆိုတာကို မသိတော့ပါဘူး..။

သူ ပုခံးတွန့်လိုက်ပြီး..အချက်အလက်ဇယား ဆီကို ပြန်ကြည့်လိုက်ကာ..အကြည့်တွေကို အောက်ချလိုက်တယ်..။သူ့အတွက် နောက်ထပ် အံ့ဩစရာ တစ်ခုက စောင့်ကြိုနေပါသေးတယ်..။

အရိပ်အရည်အသွေး - [ မြွေနဲ့တူသော သံမဏိ ] [ ဝိဉာဉ် ရိတ်သိမ်းသူ ]

ဝိဉာဉ်ရိတ်သိမ်းသူ စွမ်းရည်ဖော်ပြချက် - “ အရိပ်မြွေမှ..သူ့၏ လက်နက်အသွင်ဖြင့် ဖြစ်စေ ၊ သားရဲအသွင်ဖြင့်ဖြစ်စေ သတ်ဖြတ်လိုက်သူများထံမှ..ဝိဉာဉ်အဆီအနှစ် အပိုင်းအစများကို..သခင်ထံသို့ လွှဲပြောင်းပေးသွားမည် ဖြစ်သည် “

ဆန်နီ ရဲ့ အပြုံးတွေက ပိုမိုကြီးမားလာခဲ့တယ်..။

‘အကောင်းဆုံးပဲ..။ဒီအရာက ဝိဉာဉ်မြွေက ငါ့ရဲ့ ခန္တာကိုယ်မှာ ရှိမနေတဲ့ အချိန်ဆိုရင် အဆီအနှစ်တွေ အမြန်မထုတ်လုပ်ပေးနိုင်တဲ့ အချက်ကို ကူညီပေးလိမ့်မယ်..။အမှန်တော့..သူက တစ်စုံတစ်ခုကို သတ်ဖြတ်နေသ၍ ငါ့ရဲ့ အဆီအနှစ်တွေက ဘယ်တော့မှ ကုန်ခမ်းသွားမှာ မဟုတ်ဘူး..’

သူက အရိပ်ကို ကျေနပ်အားရနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်..။

“မင်းနဲ့ငါ အတူလက်တွဲပြီး ကောင်းမွန်တဲ့ အရာတွေ လုပ်လိုက်ကြတာပေါ့ ကောင်လေး..။မင်းက အရသာရှိတဲ့ ဝိဉာဉ် တွေ အများကြီး စားရမှာပါ..စိတ်မပူနဲ့..”

ဆန်နီ ဒီလိုပြောပြီးတာနဲ့..သူ့ရဲ့ လက်ကို ဖြန့်လိုက်ပြီး..ဝိဉာဉ်မြွေကို သူ့ရဲ့ အရည်ပြားဆီကို ပြန်လာဖို့အတွက် ညွှန်ကြားလိုက်ပါတယ်..။စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့..အရိပ်က တက်တူးအဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့ပြီး သူ့ရဲ့ ခန္တာကိုယ်ပေါ်မှာ ရစ်ခွေနေခဲ့တယ်..။သူက အစကတည်းက မြေအောက်ဒိုဂျိုထဲက ကြောက်မက်ဖွယ်သတ္တဝါကြီးတစ်ကောင် မဖြစ်ပွားခဲ့တဲ့ ပုံပါပဲ..။

“အခုတော့..အမွေအနှစ်ကို ကြည့်ကြတာပေါ့..”

ဆန်နီ အချက်အလက်ဇယားတွေကို ကြည့်ပြီး..မှန်ကန်တဲ့ အရာကို ရှာဖွေလိုက်တယ်..။

ကဏ္ဏ ဆက်ခံမူ - [ အရိပ်ကခုန်မူ ]

အရိပ်ကခုန်မူ ကျွမ်းကျင်မူအဆင့် - [ ၂ / ၇ ]

ပထမဆုံး အမွေအနှစ် - [ ရယူပြီး..။ ]

ဒုတိယ အမွေအနှစ် - [ ရယူပါ.. ]

တတိယ အမွေအနှစ် - [ မရရှိသေး ]

ဆန်နီ ဒုတိယ အမွေအနှစ်ပေါ်ကို အာရုံစိုက်ထားရင်း ယုံကြည်မူ ရှိစွာ ပြောလိုက်ပါတယ်..။

“ရယူမယ်..”

တစ်စက္ကန့်လောက် ဘာမှ ဖြစ်မလာခဲ့ပေ..။ဆန်နီကတော့ မျှော်လင့်ချက်တွေ အပြည့်နဲ့ စောင့်ဆိုင်းနေဆဲပါပဲ..။

‘ဘာများဖြစ်နိုင်မလဲ..။နောက်ထပ် အရိပ်တစ်ခုလား..။လက်နက်တစ်ခုလား..။အကာအကွယ်တစ်ခုလား..။ဖြစ်နိုင်တာက အဆောင်တစ်ခု ဒါမှမဟုတ် ..လက်နက်တစ်ခုလား..။ဒါမှမဟုတ် မထင်မှတ်ထားတဲ့ အရာတစ်ခုခုလား..။စွမ်းရည်အသစ်များ ဖြစ်နေနိုင်မလား..’

ပြီးတဲ့နောက်မှာတော့..သူ့ရဲ့ မေးခွန်းတွေကို ဖြေဆိုလိုက်တဲ့အလား..အခိုက်အတန့်က အမှောင်ထုထဲကနေ ပြောလာခဲ့ပါတယ်..။

[ သင်က ကဏ္ဏစွမ်းရည် အမွေအနှစ်ကို ရရှိခဲ့ပါပြီ ]

[ သင်က မှတ်သားမူတစ်ခုကို ရရှိပါသည် ]

ဆန်နီ ချက်ချင်းဆိုသလိုပဲ..သူ့ မှတ်သားမူတွေထဲက အချက်အလက် ဇယားတွေကိုကြည့်ပြီး အလျင်အမြန်ဆိုသလိုပဲ အသစ်တစ်ခုကို ရှာဖွေလိုက်ပါတယ်..။

..တစ်ခနအကြာမှာတော့..သူက ဒီအရာကို မြင်လိုက်ရတယ်..။သူက နှလုံးခုန်မြန်ဆန်သွားခဲ့ပြီး..ဘယ်လို အသက်ရူရမလဲ ဆိုတာကို တောင် ခနတာ မေ့ပျောက်သွားခဲ့ပါတယ်..။

မြေအောက် လေ့ကျင့်ရေးခန်းမထဲက အမှောင်ထုထဲမှာတော့..များပြားလှတဲ့ အချက်အလက် ဇယား တွေက နူးညံ့တဲ့ အလင်းရောင်တွေနဲ့ အတူ တောက်ပနေခဲ့ကြတယ်..။

မှတ်သားမူ - [ ဆားငံရည်စက် ]

အပိုင်း ( ၅၄၉ ) ပြီး၏။

All Chapters