ပြိုင်ပွဲဆုလာဒ်များ..
Vol. 37 Ch. 550
ဆန်နီ အသက်ကို အောင့်ထားပြီး..အချက်အလက်တွေကို..တောင့်တင်းစွာ စိုက်ကြည့်နေခဲ့ပါတယ်..။ဒီဟာ က ဘယ်လို မှတ်သားမူမျိုးလဲ ဆိုတာကို သူ သိထားပြီးသားပါ..။
နောက်ထပ် နတ်ဘုရားသွေးစက် တစ်စက်…
ပြီးတော့..အရိပ်အစေခံ စွမ်းရည်က ဘယ်ကနေ ရောက်လာခဲ့တာလဲ ဘယ်နတ်ဘုရားနဲ့ ဆက်နွယ်နေတာလဲ ဆိုတာကို သိနေခဲ့တာကြောင့် ဒီအရာက ဘယ်သူ့ရဲ့ သွေးစက်လဲဆိုတာကို ခန့်မှန်းဖို့အတွက် မခက်ခဲခဲ့ပါဘူး..။
အရိပ် နတ်ဘုရား…ဒီမှတ်သားမူက..အရိပ်နတ်ဘုရားရဲ့ သွေးရည်စက် တစ်ခုပါ..။
…ပြီးတော့ ဒီသွေးစက်ထဲမှာ သူ့ရဲ့ အမွေအနှစ်တွေလည်း ပါဝင်ပါသေးတယ်..။
“မဖြစ်နိုင်တာ..”
သို့ပေမယ့်..ဒါက ဖြစ်နေပြီပါပြီ..။ဆန်နီက အခုလေးတင်ပဲ..ဒုတိယ အမွေအနှစ် မှတ်သားမူ တစ်ခုကို ရရှိခဲ့ပြီး..အဲဒီအမွေအနှစ်ကလည်း..နစ်ဖီ နေနတ်ဘုရားဆီကနေ ရရှိထားခဲ့တဲ့.. မီး အမွေအနှစ်လိုမျိုး အပြည့်အစုံပါပဲ..။ဒါက ကံတရား ဒဲလ်မွန် ဖြစ်တဲ့ ဝီဗာ ဆီကနေ သူ ရရှိတဲ့ ကန့်သတ်ခံ တစ်ပိုင်းတစ်စ အမွေအနှစ်မျိုး မဟုတ်ပေ..။
ဆန်နီဟာ အချက်အလက်တွေကို အချိန်အတော်ကြာအောင် လေ့လာပြီး..ဖြည်းညှင်းစွာပဲ တစ်ဖက်ကို လှည့်သွားခဲ့တယ်..။
သူက ဆားငံရည်စက်ကို အခုချက်ချင်း ထုတ်ဖော်ဖို့ အတွက် အဆင်သင့် မဖြစ်သေးပါဘူး..။ဒါက အမွေအနှစ် မှတ်သားမူကို စုပ်ယူတဲ့ အခါမှာ ဖြစ်ပေါ်လာမယ့် နာကျင်မူကြောင့် မဟုတ်ပေ..။ဘယ်သူ သိမှာလဲ…ဒီတစ်ကြိမ်မှာ ဘာနာကျင်မူမှ မရှိတော့တာလည်း ဖြစ်နေနိုင်ပါတယ်..။ဘာပဲဖြစ်ဖြစ်..ဒီတစ်ခုက တားမြစ်ခံထားရတဲ့ အရာမဟုတ်ပါဘူး..။
သူက ရိုးရှင်းစွာပဲ စိတ်ကို ပြင်ဆင်ထားဖို့အတွက် လိုအပ်တာပါ..။
ဆန်နီ ခနလောက် စဉ်းစားလိုက်ပြီးကာမှ..ထိုင်ချလိုက်ကာ..အချိန်တစ်ချို့ကြာအောင်..တရားထိုင်လိုက်တယ်..။
ပြီးတဲ့နောက်မှာတော့..သူ ပြိုင်ပွဲကနေ ရရှိလာတဲ့ မှတ်သားမူ တွေကို လေ့လာလိုက်ပါတယ်..။
သူက ရေခဲ မှတ်သားမူကို အသေးစိတ်လေ့လာပြီးသွားပြီ ဖြစ်တာကြောင့် နောက်ထပ် သုံးခုပဲ ကျန်ရစ်နေပါတော့တယ္..။
မြား ၊ ဒိုင်းကာ နဲ့ နောက်ဆုံး ဆုလာဒ်ကတော့..သူ မော်ဂန်ဆီကနေ ရရှိခဲ့တဲ့ အရာပါပဲ..။ဒီမှတ်သားမူက ကြီးမြတ်တဲ့ ဗာလာကလန်မှာ ကိုယ်တိုင်ထုလုပ်ထားခဲ့တဲ့ အရာပါ..။
အစတုန်းကတော့..သူ အိပ်မက်ပြိုင်ပွဲကို ဝင်ရောက်ခဲ့တာက ဒီအတွက်ကြောင့်ပါပဲ..။
ဆန်နီ ခနလောက် တွေဝေနေပြီးကာမှ သူ့ ရဲ့ မှတ်သားမူတွေကို လှမ်းကြည့်လိုက်တယ်..။
မှတ်သားမူများ - [ ငွေရောင်ခေါင်းလောင်း ] , [ ရုပ်သေးဆရာ ဝတ်ရုံတော် ] ၊ [ သန်းခေါင်ယံအမြုတေ ] ၊ [ သာမန်ကျောက်တုံး ] ၊ [ သုံးမြှောင့်ဆူးချွန် ] ၊[ အဆုံးမရှိစမ်းချောင်း ] ၊ [ သွေးပန်းပွင့် ] ၊[ အနက်ရောင်တောင်ပံ ] ၊ [ လအမြုတေ ] ၊ [ မြေအောက်ကမ္ဘာ ဝတ်ရုံတော် ] ၊ [ ဝိဗာ မျက်နှာဖုံး ] ၊ [ ကျိုးပျက်ကျိန်စာ ] ၊ [ အနက်ရောင်ဦးချို လေး ] ၊ [ ပြည့်နှက်သော ကျည်ထောက် ] ၊ [ ဆောင်းဦးသစ်ရွက် ] ၊ [ ရက်စက်သော မြင်ကွင်း ] ၊ [တပ်မက်ခြင်းသေတ္တာ ] ၊ [ မပြတ်နိုင်တဲ့ ချိန်း ] ၊ [ ကောင်းကင် ဖိအား ] ၊ [ မှတ်သားမူ မီးတောက် ] ၊[ ရေခဲ မှတ်သား မူ ] ၊ [ မိုးကြိုးတိုက်ခိုက်ခြင်း ] ၊ [ စိတ်ရှည်သော လက်စားချေသူ ]၊ [မော်ဂန်ရဲ့ စစ်ပွဲလေး ] ၊ [ ဆားငံရည်စက် ]
‘ဒီတော့..ဒါက လေးတစ်ချောင်းပေါ့…ဒါပေမဲ့ နာမည်က ဘာဖြစ်နေတာလဲ..’
ကောင်းပြီလေ…အမှန်တော့ ဒါက အဓိပ္ပာယ် ရှိပါတယ်..။ဒါက သီးသန့် အသုံးပြုသူ အတွက် ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ အရာဆိုရင်..သူ့ရဲ့ နာမည်တွေကိုလည်း စိတ်ကြိုက်ပေးလို့ ရတာပဲ..။
ဆန်နီ သူ့ရဲ့ မြားကို အရင်ဆုံး အာရုံစိုက်ထားလိုက်တယ်..။
မှတ်သားမူ -[ မိုးကြိုးတိုက်ခိုက်ခြင်း ]
မှတ်သားမူ အဆင့် - တက်ရောက်မူ
မှတ်သားမူ သတ်မှတ်ချက် - ၂
မှတ်သားမူ အမျိုးအစား - လက်နက်
မှတ်သားမူ ဖော်ပြချက် - တစ်ချိန်တုန်းက အားကောင်းတဲ့ စိတ်ဝိဉာဉ်တစ်ခုဟား ဖန်ပုလင်းထဲမှာ နှစ်ပေါင်းတစ်ထောင်ခန့် ပိတ်မိနေခဲ့သည်..။ဒီ လျှပ်စီးများက သူ၏ ဒေါသဖြင့် ဖန်တီး ပြုလုပ်ထားခြင်း ဖြစ်၏။
မှတ်သားမူ တိုးမြင့်ချက် - လျှပ်စီး သိုလှောင်မူ
တိုးမြင့်မူ ဖော်ပြချက် - ဒီမြားချက်များသည် မိုးကြိုးလျှပ်စီး ကဲ့သို့ပင် မြန်ဆန်မူများ ရှိပြီး..သူ၏ ဖျက်စီးနိုင်စွမ်းအားသည် အနီးအနား ရှိ သတ္တဝါများကိုပါ ထိခိုက်နိုင်သည် ။
‘ ဒီတော့…ဖန်ပုလင်းထဲက မိုးကြိုးပေါ့..ဟင်..’
ဒီမြားမှာ..အသက်သွင်းစရာ တိုးမြင့်ချက် တစ်ခုတည်းရှိနေခဲ့ပြီး..အဆီအနှစ်တွေ အများအပြားကုန်ဆုံးနိုင်တာကြောင့် အကြိမ်အများကြီး အသုံးပြုလို့ မရဘူးလို့ ဆိုလိုတာပါ..။သို့ပေမယ့် သက်ရောက်မူကတော့ အတော်လေးကို ကောင်းမွန်ပါတယ်..။ဒါက ရန်သူတွေ အဖွဲ့လိုက်ကို ထိခိုက်အောင် လုပ်နိုင်မှာဖြစ်ပြီး..အခြေအနေအတော်များများမှာ အသုံးဝင်လာပါလိမ့်မယ်..။
သူက ကျေနပ်စွာပဲ ဒိုင်းကာ ဖက်ကို လှမ်းကြည့်လိုက်တယ်..။
မှတ်သားမူ -[ စိတ်ရှည်သော လက်စားချေသူ ]
မှတ်သားမူ အဆင့် - တက်ရောက်မူ
မှတ်သားမူ သတ်မှတ်ချက် - ၃
မှတ်သားမူ အမျိုးအစား - လက်နက်
မှတ်သားမူ ဖော်ပြချက် - သူမက အမုန်းမီးလျှံ တွေနဲ့အတူပဲ စောင့်ကြည့်နေခဲ့တယ်..။အချိန်ကျလာတဲ့ အခါမှတော့..သူမရဲ့ အာဃာတ တရားတွေက ရေခဲထက်တောင် အေးစက်သွားခဲ့ပြီလေ…။
မှတ်သားမူ တိုးမြင့်ချက် - ဇွဲကြီးခြင်း ၊ လောင်ကျွမ်းနေတဲ့ နှလုံးသား ၊ အေးစက်သော သံမဏိ
[ ဇွဲကြီးခြင်း ] တိုးမြင့်မူ ဖော်ပြချက် - အထူးသ◌ဖြင့် ဒီ ဒိုင်းကာက အတော်လေး ခံနိုင်ရည် ရှိသည်
[လောင်ကျွမ်းနေသော နှလုံးသား] တိုးမြှင့်မူ ဖော်ပြချက် - ဒီ ဒိုင်းကာသည်..ပိုင်ရှင်၏ တစ်ခြားလက်နက်များကို အားဖြည့်ပေးရန် သို့မဟုတ် ဖျက်ဆီးနိုင်တဲ့ လှိုင်းတစ်ခု ဖန်တီးရန်..သူ လက်ခံရရှိသော မီး တိုက်ခိုက်မူများ၏ အစိတ်အပိုင်း တစ်ချို့ကို သိုလှောင်တားဆီး နိုင်သည် ။
[အေးစက်သော သံမဏိ] တိုးမြင့်မူ ဖော်ပြချက် - ဒီဒိုင်းကာသည် သူရရှိသော ထိခိုက်မူများကို သိုလှောင်ထားပြီး..ပိုင်ရှင်၏ လက်နက်များကို ဖြန့်ဝေတာ ဒါမှမဟုတ်..မီးလှိုင်းတစ်ခု ဖန်တီးတာ မျိုးတွေကို ပြုလုပ်နိုင်သည် ။
“ဟင်..”
ဆန်နီ တစ်ခနလောက် စဉ်းစားလိုက်တယ်..။ဒီတော့ ဒီဒိုင်းကာက အပူကို စွမ်းအင်အဖြစ် ပြန်လည် ပြောင်းလဲနိုင်တာပေါ့..။သိုလှောင်ထားတဲ့ စွမ်းအင်တွေက တစ်ခြားလက်နက်တစ်ခုကို လွှဲပြောင်းပေးနိုင်သလို..အားလုံးကို တစ်ချိန်တည်း ထုတ်လွှတ်ပြီး အားကောင်းတဲ့ တိုက်ခိုက်မူ တစ်ခုလည်းဖန်တီးနိုင်ပါသေးတယ်..။ဆိုလိုတာကတော့..ဒီဒိုင်းကာက ထိခိုက်မူတွေကို ခံရလေလေ..ပိုပြီး ဖျက်ဆီးအားကောင်းတဲ့ တိုက်ခိုက်မူမျိုးကို ဖန်တီးနိုင်လေလေပါ..။
သူတော်စင်က..အရင်ကတည်းက ကောင်းမွန်တဲ့ ဒိုင်းကာ မှတ်သားမူမျိုးကို လိုအပ်နေခဲ့တာ ဖြစ်တာကြောင့် ဒီတစ်ခုက သူမနဲ့ ကျိန်းသေ လိုက်ဖက်ပါလိမ့်မယ်..။အားနည်းတဲ့ အပြုံးတစ်ခုက ဆန်နီရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်..။
‘ပြီးတော့..နောက်ဆုံး..အဓိက ဆုကတော့..
သူ သက်ပြင်းချလိုက်ပြီး..ဗာလာကလန်ရဲ့ တက်ရောက်သူ မော်ဂန် ဆီကနေ လက်ခံရရှိခဲ့တဲ့ လေးကို အာရုံစူးစိုက်လိုက်ပါတယ်..။သူက ဒါကို တစ်ခါတည်း ထုတ်ဖော်လိုက်တယ်..။
အနက်ရောင် ဦးချို နဲ့ နက်မှောင်နေတဲ့ သစ်သားကနေ ပြုလုပ်ထားတဲ့ လေးတစ်ခုက..ကြက်သွေးရောင် အလင်းစက်တွေ ကြားထဲမှာ ပေါ်ထွက်လာခဲ့တယ်..။လေးတစ်ခုလုံးက အနက်ရောင်ဖြစ်နေပေမယ့်..သူ့ရဲ့ ကြိုးတွေကတော့.. တောက်ပတဲ့ အနီရောင် ဖြစ်နေခဲ့ပါတယ်..။လေးရဲ့ အစွန်းတွေမှာ ထွင်းထုထားတဲ့ အမှတ်တံဆိပ်တွေ ရှိနေခဲ့ပြီး..သူ့ရဲ့ အနားသပ်အရောင်က လေးကြိုးအရောင်နဲ့ တစ်ထပ်တည်းဖြစ်နေခဲ့တယ်..။အဲ့နေရာမှာတော့..ဗာလာမိသားစုရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့..သံမဏိ ဓားရှည်တစ်ချောင်း ရှိနေခဲ့တာပါ..။
လေးက အတော်လေး လှပပေမယ့် ပိုပြီး အရေးကြီးတာက..သူ့အထဲကနေ စွမ်းအင်တွေ ပေါ်ထွက်နေတာကို ခံစားရတဲ့ အချက်ပါပဲ..။
ဆန်နီ ဒီလက်နက်ကို တစ်ခနလောက် အသိအမှတ်ပြုစွာ ကြည့်နေခဲ့ပြီးကာမှ အချက်အလက်တွေကို ဖတ်ကြည့်လိုက်တယ်..။
မှတ်သားမူ - [ မော်ဂန်ရဲ့ စစ်ပွဲ လေး ]
မှတ်သားမူ အဆင့် - တက်ရောက်မူ
မှတ်သားမူ သတ်မှတ်ချက် - ၄
မှတ်သားမူ အမျိုးအစား - လက်နက်
မှတ်သားမူ ဖော်ပြချက် - “ သေခြင်းတရားဆိုတာက ရှင်သန်နေရခြင်းအတွက် တန်ဖိုးရှိစေတယ်..။အချစ်က စောင့်ဆိုင်းနေရခြင်း အတွက် တန်ဖိုးရှိစေတယ်..။
‘ဘယ်လောက်တောင် ရိုမန်တစ် ဆန်လိုက်လဲ…ပြီးတော့ ဘယ်လောက် ကြောက်ဖို့ကောင်းလိုက်လဲ..’
ဒီ ဖော်ပြချက်ကို ဘယ်သူက ဖန်တီးခဲ့တာလဲ ဆိုတာကိုတော့ ဆန်နီလည်း မသိပါဘူး..။အခိုက်အတန့်လား ဒါမှမဟုတ် လေးကို ဖန်တီးခဲ့တဲ့ လူကိုယ်တိုင်ပဲလား ဆိုတာကို သူ မသိနိုင်ပေ..။တကယ်လို့..ဒါကသာ စာတစ်ကြောင်း ဆိုရင် ဒါက မော်ဂန်အတွက် မက်ဆေ့တစ်ခု ဒါမှမဟုတ်..သင်ကြားလိုတဲ့ သင်ခန်းစာတစ်ခု ဖြစ်နိုင်ပါတယ်..။
ဒါပေမဲ့ ဒါက ဘယ်လို သင်ခန်းစာမျိုး ဖြစ်နေနိုင်မလဲ..။
ဆန်နီ သိချင်စိတ်ပြင်းပြစွာပဲ..အနက်ရောင်လေးရဲ့ အောက်ဖက်မှာ ရှိနေတဲ့ မှော်စွမ်းအင်လှိုင်းတွေကို ကြည့်လိုက်ပြီး ဒီအရာကို အခိုက်အတန့်က ပြုလုပ်ထားတာနဲ့ လူသားတစ်ယောက် ပြုလုပ်ထားတာ ကွာခြားမူရှိလား ဆိုတာကို ကြည့်လိုက်ပါတယ်..။သို့ပေမယ့် ဒါက အတူတူပဲဖြစ်နေခဲ့ကြီး..ကျယ်ပြန့် ၊ ရှုပ်ထွေး ၊ လှပမူတွေ ရှိနေခဲ့ပါတယ်..။
ဘယ်လိုပဲဖြစ်ဖြစ်..ဒီ မှတ်သားမူက အဆင့်လေး အထိ ရှိနေခဲ့တာကိုသူ စိတ်လှုပ်ရှားနေခဲ့တယ်..။ဒါက အမှန်တကယ်ကို အားကောင်းမှာဖြစ်ပြီး..ရက်စက်သော မြင်ကွင်းထက်လည်း..အောက်မကျလောက်ပါဘူး..။စိတ်အားထက်သန်စွာပဲ သူ နောက်ထပ် စာသားတွေကို ဖတ်လိုက်တယ်..။
မှတ်သားမူ တိုးမြင့်ချက် -[ ဝိဉာဉ်မြား ]၊[ ခိုင်မာသော ]၊[ ငြိမ်းချမ်းခြင်းတာဝန် ] ၊ [ သေခြင်းတရား ဖြေရှင်းသူ ] ၊
‘တိုးမြင့်မူ လေးခု..ပထမ နှစ်ခုက..ခုခံမူ ကျန်တဲ့ နှစ်ခုက တိုက်ခိုက်မူ …မဆိုးပါဘူး..
[ ဝိဉာဉ်မြား ]- ဒီလေးက ကိုင်ဆောင်သူ၏ ဝိဉာဉ်နှင့် ဆက်နွယ်နိုင်ပြီး..ဒီလို ဆက်နွယ်မူမှတဆင့် မြားများကို ဖန်တီးနိုင်သည်..။
[ ခိုင်မာသော] - ဒီ ခိုင်မာသော လေးကို ကွေးညွတ်သွားစေရန်အတွက် အရမ်းကို သန်မာတဲ့ အားအင်တစ်ခုကို တောင်းဆိုထားသည်..။ဒီအတွက်ကြောင့် မြား၏ သွားနိုင်မူသည်..မျက်လုံးနှင့်မြင်နိုင်သည့် အကွာအဝေးအထိ ရောက်ရှိနိုင်ပြီး..ကြောက်မက်ဖွယ် ခွန်အားဖြင့်..အကာအကွယ်တွေ ၊ အသွေးအသားတွေကို ဖောက်ထွင်းနိုင်သည်..။
အနည်းဆုံးတော့ ဒီ စွမ်းရည်တိုးမြှင့်မူ တွေက သိပ် မဆိုးလှပါဘူး..။သူ့ရဲ့ ဝိဉာဉ်နဲ့ ဆက်နွယ်နေတဲ့ မြားက ဘယ်လိုအရာတွေကို လုပ်ဆောင်နိုင်မလဲ ဆိုတာကို ဆန်နီ သေချာမသိပေ..။သိုပေမယ့် ဒီမြားကိုယ်တိုင်ကတင် မရေတွက်နိုင်လောက်အောင် များပြားတဲ့ မြားတွေကို ဖန်တီးနိုင်တယ် ဆိုတဲ့ အချက်နဲ့တင် အတော်လေးကို အံ့ဩသင့်ဖို့ ကောင်းနေခဲ့ပါပြီ..။ဒါက..အခြေခံအားဖြင့်..ပထမမှတ်သားမူ ဖြစ်တဲ့ မြားကျည်ထောက်အပြည့် ကို ကျော်လွန်သွားခဲ့ပြီး..မယှဉ်နိုင်အောင် ဖြစ်စေခဲ့ပါတယ်..။
ဝိဉာဉ်မြားတစ်စင်းစီ တိုင်းက စစ်ပွဲလေး ရဲ့ အဆင့်နဲ့ သတ်မှတ်ချက်တွေ အတိုင်း ဖြစ်တည်လာမှာ ဖြစ်တာကြောင့်..ရလာဒ်က တကယ်ကို မယုံနိုင်စရာပါပဲ..။
ဒါ့ကို စမ်းကြည့်ဖို့အတွက်..ဆန်နီ ကြိုးကို ဆုပ်ကိုင်လိုက်ပြီး..လေးကို ဆွဲဖို့ကြိုးစားလိုက်တယ်..။သူ အားကုန်ဆွဲနေခဲ့တာတောင်..သူ့ရဲ့ အရိပ်နှစ်ခုကို ပေါင်းစပ်စေပြီးကာမှ လေးကြိုးကို ဆွဲနိုင်ခဲ့ပါတယ်..။လေးကြိုး ရွေ့လျားသွားတာနဲ့ တစ်ပြိုင်နက်..အရိပ်တွေနဲ့ ပြုလုပ်ထားတဲ့ အနက်ရောင်မြားတစ်စင်းက..ရုတ်တရက်ေပါ်လာခဲ့ပါတယ်..။
ဆန်နီ ကြိုးကို လွှတ်လိုက်ပြီး တစ်ခနအကြာမှာတော့..ဆန့်ကျင်ဖက်နံရံမှာရှိနေတဲ့ အကာအကွယ်ပြားတွေရဲ့ တစ်ချပ်က ပေါက်ကွဲထွက်သွားခဲ့တယ်..။
‘ ဘန်း..’
သူက ပျက်စီးသွားတဲ့ အကာအကွယ်ပြားကို စိတ်ပျက်စွာကြည့်ကာ..စာသားတွေကို ပြန်ဖတ်လိုက်တယ်..။
[ ငြိမ်းချမ်းရေး ဖိအား ] - ဝိဉာဉ်မြားတွေက ရန်သူရဲ့ အသွေးအသားကို ထိုးဖောက်ဝင်သွားပြီးနောက်တွင်..သူတို့ရဲ့ အလေးချိန်က ချက်ချင်းဆိုသလို မြင့်တက်လာပေလိမ့်မည်..။
‘စိတ်ဝင်စားစရာပဲ…’
ဆန်နီ ဟာ..ဒီ တိုးမြင့်မူကို အသုံးပြုဖို့အတွက် နည်းလမ်းတွေ အများကြီးကို စဉ်းစားပြီးထားခဲ့ပါပြီ..။သူက ဒီအရာနဲ့ ရန်သူတွေကို ဒဏ်ရာရအောင် လုပ်ပြီး သူတို့ရဲ့ လှုပ်ရှားမူကို နှေးကွေးစေပါလိမ့်မယ်..။
နောက်ဆုံး စာသားတစ်ကြောင်းပဲ ကျန်ရှိတော့တယ်..။
သေခြင်းတရား ဖြေရှင်းသူ တိုးမြင့်မူ ဖော်ပြချက် - ဒီလေးသည် ဖျက်စီးနိုင်စွမ်းရှိသော..တိုက်ခိုက်မူတစ်ခုကို ဖန်တီးရန်အတွက်..ဝိဉာဉ်အဆီအနှစ် အများကြီးကို စားသုံးနိုင်စွမ်းရှိသည်..။
ဒါက တကယ်ကို နိမိတ်မကောင်းတဲ့ အသံပဲ…
ဒီတိုက်ခိုက်မူက ဘယ်လောက်တောင်..ပြင်းထန်နိုင်မလဲဆိုတာကို ဆန်နီ သိချင်ပေမယ့်..သူ့ရဲ့ ဒိုဂျိုမှာ စမ်းသပ်ကြည့်ဖို့ အတွက်တော့ အစီစဉ် မရှိသေးပါဘူး..။အစောတုန်းကနဲ့တင် သူခံစားရတာက လုံလောက်နေပါပြီ..။
မော်ဂန်ရဲ့ စစ်ပွဲလေးက..ကြီးမြတ်တဲ့ ကလန်ရဲ့ တက်ရောက်သူတစ်ယောက် ကိုင်ဆောင်ဖို့အတွက် တကယ်ကို ထိုက်တန်မူ ရှိပါပေတယ်..။ဒါက အမှန်တကယ်ပဲကြောက်မက်ဖွယ်ကောင်းပြီး အသုံးဝင်တဲ့ လက်နက်တစ်ခုပါ..။တစ်ခြားဘယ်အခြေအနေမှာပဲဖြစ်ဖြစ်..ဒီလိုလက်နက်မျိုးကို ရရှိမယ်ဆိုရင် ဆန်နီက ပျော်ရွှင်မူကြောင့် ရူးသွပ်သွားနိုုင်ပါတယ်..။
ပြီးတော့..ဒါက…အတော်လေး…
သို့ပေမေယ့်..သူ ဖြေရှင်းရမယ့် မှတ်သားမူ တစ်ခုကတော့ ကျန်ရှိနေဆဲပါ..။
အခုတော့ အချိန်ကျပြီ..။သူက ဒါကို ထပ်ပြီး ရွေ့ဆိုင်းနေမှာ မဟုတ်တော့ပါဘူး..။
ဆန်နီဟာ လှပတဲ့ လေးကို နောက်ဆုံးတစ်ကြိမ်ကြည့်လိုက်ပြီး..သက်ပြင်းချကာ..ပြန်သိမ်းလိုက်တယ်..။
တောက်ပတဲ့ အလင်းရောင် အစက်အပျောက်ကလေးတွေ..ပျောက်ကွယ်သွားတာနဲ့တစ်ပြိုင်နက်..သူက ဆားငံရည်စက် ကို ထုတ်ဖော်လိုက်ပါတယ်..။
အပိုင်း ( ၅၅၀ ) ပြီး၏။