အစေခံရဲ့ အမွေအနှစ်
Vol. 37 Ch. 551
မြေအောက်လေ့ကျင့်ရေးခန်းမက အမှောင်ထုထဲမှာ တည်ရှိနေခဲ့တာပါ..။ဆန်နီက ဆားငန်ရည်စက်ကို အပြင်ဖက်ကို ထုတ်လိုက်တာနဲ့ တစ်ပြိုင်နက် ..အမှောင်ထုက ရုတ်တရက် အသက်ဝင်လာခဲ့တယ်..။မရေအတွက်နိုင်တဲ့ အရိပ်တွေက ရွေ့လျားလာခဲ့ကြပြီး..သူ့ ပတ်ဝန်းကျင်မှာ ကခုန်နေခဲ့ကြပါတယ်…။ဒါက မမြင်ရတဲ့ ဝဲဂယက်ကြီးတစ်ခုကို ဖန်တီးနေတဲ့ အတိုင်းပါပဲ..။သူတို့ရဲ့ လှုပ်ရှားမူ တွေက ထူးဆန်းမူ ၊ မမှန်ကန်မူ ၊ မျှော်လင့်ချက် ၊ စိတ်လှုပ်ရှားမူ ၊ တောင့်တမူတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။
ဖြည်းညှင်းစွာပဲ..ရွှေရောင်အလင်းစက်ကလေးတွေက သူ့ရှေ့က လေထဲမှာ ပေါ်ထွက်လာခဲ့ကြပါတယ်..။ပြီးတဲ့နောက်မှာတော့ တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားကြပြီး..သေးငယ် တောက်ပြောင်တဲ့ အစက်ကလေး အဖြစ်ကို ရောက်ရှိသွားခဲ့တယ်..။သို့ပေမယ့် မှတ်သားမူကတော့ အခုထိ ပေါ်ထွက်လာခြင်း မရှိသေးပါဘူး..။အဲဒီအစား နောက်ထပ် နောက်ထပ်အလင်းစက်တွေကသာ သူ့အထဲကို စီးဝင်နေခဲ့ကြပါတယ်..။ထောင်ပေါင်းများစွာသော အလင်းစက်တွေက ဒီအထဲကို စီးဝင်နေကြပြီး..ရွှေရောင်အလင်းတွေ စီးဆင်းနေတဲ့ ကျယ်ပြောတဲ့စမ်းချောင်းတစ်ခုနဲ့တောင် တူညီနေကြပါသေးတယ်..။
ဒီဖြစ်စဉ်က တစ်မိနစ်လောက် အထိကို ဆက်တိုက်ဖြစ်နေခဲ့တာပါ..။နောက်ဆုံးမှာ အလင်းစက်တွေ ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့..ဆန်နီရဲ့ ရှေ့က လေထုထဲမှာ ရွှေရောင်အရည်စက် တစ်စက်သာ ကျန်ရှိနေခဲ့တော့တယ်..။ဒီအရာက မျက်စိကျိန်းလောက်အောင်အထိ မဟုတ်ပေမယ့်..လှပတဲ့ အလင်းရောင်ကို ထုတ်လွှတ်ပေးနေခဲ့ပါတယ်..။သို့ပေမယ့်..ဒိအလင်းရောင်က လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးကို မြင်ရဖို့ တစ်နည်းနည်းနဲ့ လုံလောက်နေခဲ့တယ်..။
သို့ပေမယ့်..ဒီတောက်ပတဲ့ နတ်ဘုရား သွေးစက်မှာ..တစ်ခုခု နက်မှောင်စေတဲ့ အရာလည်း ရှိနေပါသေးတယ်..။သူ့ရဲ့ ရွှေရောင်အလင်းရောင်နဲ့ ဆန့်ကျင်စွာပဲ..ဆန်နီရဲ့ ဘေးနားမှာ ရှိနေတဲ့ အရိပ်တွေက..ပိုပို နက်ရှိုင်း ၊ နက်မှောင်ကာ..ပိုမိုထင်ရှားလာခဲ့ကြပါတယ်..။သူတို့ရဲ့ လှုပ်ရှားမူတွေကလည်း ကြောက်ရွံ့မူ ၊ ရိုသေလေးစားမူတွေကြောင့်..ရပ်တန့်သွားကြတဲ့ အတိုင်းပါပဲ..။
‘ဒါက အရိပ်နတ်ဘုရား ရဲ့ သွေးပဲ…ဟုတ်တယ်မလား..’
ဆန်နီ ဆားငံရည်စက် ဆီကနေ အကြည့်ကို လွှဲလိုက်ပြီး..သူနဲ့ ပတ်သက်တဲ့ အချက်အလက် ဇယားတွေကို ထုတ်ဖော်လိုက်တယ်..။သူ ခန့်မှန်းတာက မှန်ကန်တယ် ဆိုတာကို သေချာအောင် လုပ်ရပါဦးမယ်..။
မျှော်လင့်ချက်တွေနဲ့ အတူပဲ..သူ ဖတ်လိုက်တယ်..။
မှတ်သားမူ - [ ဆားငံရည်စက် ]
မှတ်သားမူ အဆင့် - အမည်မသိ
မှတ်သားမူ သတ်မှတ်ချက် - အမည်မသိ
မှတ်သားမူ အမျိုးအစား - အမည်မသိ
‘ နောက်ဆုံးတစ်ခေါက်ကလိုပဲ..’
သိပ်မအံ့ဩစွာပဲ..သူက အကြည့်ကို အောက်ချလိုက်ပြီး သူ့ရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ အချက်အလက်တွေကို ဖတ်ကြည့်လိုက်ပါတယ်..။
မှတသ်ားမူ ဖော်ပြချက် - မူလပထမ အချိန်တုန်းက..အကန့်အသတ်မရှိတဲ့ ထာဝရ လေဟာနယ် ဟင်းလင်းပြင်ကြီးသာ ရှိနေခဲ့၏..။အဲဒီ အမှောင်ချောက်နက်ကြီးကနေ တဆင့်..အမည်မသိ တွေက မွေးဖွားလာခဲ့ကြသည်..။လေဟာနယ်ကြီးလိုပဲ..သူတို့က အဆုံးမရှိ ၊ ထာဝရ ၊ ကျယ်ပြန်ပြီး..အမြဲမပြတ် ပြောင်းလဲနေခဲ့ကြသည်..။သို့ပေမယ့်..အဲဒီနောက်မှာတော့..လိုအပ်ဆန္ဒတွေ ရှိလာခဲ့ပြီး..ယင်းနဲ့အတူ ဦးတည်ချက် ပန်းတိုင်တွေပါ ရှိလာခဲ့ကြသည်..။အဲဒီကနေတဆင့်..နတ်ဘုရားများက မွေးဖွားလာခဲ့ကြ၏။
နတ်ဘုရားများ ပေါ်ထွက်လာပြီးနောက်မှာတော့..လေဟာနယ်ဟင်းလင်းပြင်က..ထာဝရ မဟုတ်တော့ပေ..။
နတ်ဘုရားများပေါ်ထွက်လာပြီးနောက်မှာတော့..အမှောင်ထုက အရင်တုန်းကလို အဆုံးမရှိမဟုတ်တော့ပေ..။
နတ်ဘုရားများ ပေါ်ထွက်လာပြီးနောက်မှာတော့.. လေဟာနယ်ကြီးက အရင်ကလို အစီအစဉ် မကျ မဟုတ်တော့ပေ..။
နတ်ဘုရားတွေ ပေါ်ထွက်လာပြီးနောက်မှာ သူတို့အားလုံးကို စစ်ပွဲဆီကို ခေါ်ဆောင်သွားခဲ့ကြသည်..။ဒီ နတ်ဘုရားသွေးစက်သည်..အရိပ်တစ်ခုက တိုက်ပွဲအတွင်းမှာ ကျဆင်းခဲ့သည့် သွေးစက်တစ်ခုဖြစ်ပြီး..လေဟာနယ်နဲ့ မချည်နှောင် ခံရမှီ ဖြစ်သည်..။
ဆန်နီ အချက်အလက်တွေကို စိုက်ကြည့်ရင်း အံ့ဩသင့်နေမိခဲ့တယ်..။
ဒါက နားလည်နိုင်ဖို့ အတော်လေးကို ခက်ခဲနေခဲ့တာပါ..။
‘ဒီတော့..အခိုက်အတန့်ရဲ့ ‘ အမည်မသိ ‘ နဲ့ rတူစွာပဲ..ဒီ ‘ အမည်မသိ ‘ တွေက..အမှန်တကယ်ပဲ သတ္တဝါ အမျိုးအစားတွေပေါ့..။အဆုံးမရှိတဲ့ အနက်ရောင် လေဟာနယ်ကြီးထဲမှာ အချိန်၊ အာကာသ နဲ့ သေဆုံးမူတွေ မရှိခင် အချိန်ကတည်းက တည်ရှိခဲ့ကြတဲ့..ရှေးဦး နေထိုင်သူတွေ..။ပြီးတော့..နတ်ဘုရားတွေတောင် သူတို့နဲ့ ကွဲပြားကြတယ်..။ဒါပေမဲ့ နတ်ဘုရားတွေက သူတို့ရဲ့ ဆွေမျိုးတွေ ဖြစ်နေမလား..’
ကြောက်ဖို့အကောင်းဆုံး အသေးစိတ်အချက်အလက်ကတော့..ရှေးဦး လေဟာနယ်ကြီးက ဖျက်ဆီးခံလိုက်ရပြီလို့ ဘယ်တုန်းကမှ မပြောထားတာ ပါပဲ..။သူက ချည်နှောင်ခြင်းပဲ ခံခဲ့ရတာပါ..။
….အခုချိန်မှာ နတ်ဘုရားတွေအားလုံး သေဆုံးသွားကြပြီးတာတောင် အဲတာက..ချည်နှောင်ထားခံရတုန်းပဲလား..။
ဆန်နီ ကြက်သီးမွှေးညှင်းထသွားခဲ့ပြီး ခေါင်းကိုခါယမ်းလိုက်တယ်..။တိုတောင်းတဲ့ ဖော်ပြချက်လေးတစ်ခုတည်းမှာတင် အချက်အလက်တွေက အများကြီး ပါဝင်နေခဲ့တာပါ..။သူက ဒီအရာတွေ အားလုံးကို အချိန်တိုလေးအတွင်းမှာ နားလည်နိုင်ဖို့ဆိုတာက မဖြစ်နိုင်ပေ..။
‘ ဆားငံရည်စက်ကို သောက်ပြီးသွားတဲ့ အချိန်ကြရင်တော့…ငါ ပိုပြီး လေ့လာနိုင်တာလည်း ဖြစ်နိုင်တယ်..’
သူ တွေဝေနေခဲ့ပြီးကာမှ..ရွှေရောင် အရည်လေးကို နောက်တစ်ကြိမ် ထပ်ပြီး ကြည့်လိုက်တယ်..။
ချက်ချင်းဆိုသလိုပဲ..အခိုက်အတန့်က စကား ပြောလာခဲ့ပါတယ်..။သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့..သူ့ရဲ့ အသံက စိတ်လှုပ်ရှားနေတဲ့ ပုံစံ မပေါက်တော့ပါဘူး..။
‘ ထူးဆန်းတယ်..’
[ သင်က ဆားငံရည်စက်ကို ရရှိခဲ့ပါပြီ..။သောက်သုံးဖို့အတွက် ဆန္ဒရှိပါသလား…]
ဆန်နီဟာ..သူ အရင်တုန်းက နတ်ဘုရားရဲ့ အစိတ်အပိုင်းတွေကို ယူဖို့ ကြိုးစားခဲ့တုန်းက နှစ်ကြိမ်တိုင်တိုင် နာကျင်ခဲ့ရတာတွေကို ပြန်စဉ်းစားလိုက်တယ်..။ယင်းနောက် သူ အံ့ကိုကြိတ်ထားပြီး ပြောလိုက်ပါတယ်..။
“ ရက်စ်..”
ရှိပါစေတော့…
‘ဒါက ဘာကိုဆိုလို…’
ရွှေရောက်အစက်ကလေးက..အစိတ်အပိုင်းသုံးခုအဖြစ် တူညီစွာ ခွဲထွက်သွားခဲ့ပြီး..သူ့ရဲ့ အရိပ်အမြုတေတွေ တည်ရှိရာ ဖြစ်တဲ့ ရင်ဘတ် ၊ ဝမ်းဗိုက် နဲ့ ဦးခေါင်းတွေဆီကို ဝင်ရောက်သွားခဲ့ကာ ပျောက်ကွယ်သွားခဲ့ပါတယ်..။
ဆန်နီ တုန်လှုပ်သွားခဲ့တယ်..။
‘ ဖြစ်နေပြီလား..’
သူ့ ဘေးနားမှာရှိနေတဲ့ အရိပ်တွေဟာ..ရှုတ်တရက် အလျင်အမြန်လှုပ်ရှားလာခဲ့ပြီး..တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ အတွင်းပိုင်းမှာ ရှိနေတဲ့ အမှောင်ထုတွေက ပိုပြီး နက်ရှိုင်းလာခဲ့ပါတယ်..။
တစ်စုံတစ်ခုက သူ့ရဲ့ သွေးစီးကြောင်းထဲကို ဝင်ရောက်လာခဲ့နေတာကို..ခံစားနေခဲ့ရတယ်..။ဒါက..နာကျင်မူ နဲ့ ပီတိဖြစ်မူ နှစ်ခုစလုံးကို သယ်ဆောင်ထားခဲ့တဲ့..အေးစက်ပြီး..မရင်းနှီးတဲ့ စွမ်းအင်တွေပါ..။
‘ဒါ…ဒါက စတောင် စနေပြီလား..’
သူ ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး..နိပ်စက်ညှင်းဆဲတဲ့ ပြောင်းလဲမူ ဖြစ်စဉ်အတွက်..ပြင်ဆင်ထားလိုက်ပါတယ်..။အေးစက်တဲ့ စွမ်းအင်တွေက သူ့ရဲ့ ခန္တာကိုယ်နေရာ အနှံ့ကို ပျံ့နှံ့သွားခဲ့ပြီး…နေရာအနှံ့ကို ရောက်ရှိသွားခဲ့တယ်..။ဒါက သူ့ရဲ့ အဆီအနှစ်တွေထဲကို တောင် စိမ့်ဝင်လုနီးပါး အထိ ဖြစ်လာခဲ့ပါတယ်..။
ယင်းနောက်တစ်ခုခု ထူးခြားတာက ဖြစ်ပျက်သွားခဲ့တယ်..။
ဆန်နီ အံ့ဩသင့်မူကြောင့် မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပြီး ထိပ်လန့်သွားခဲ့ပါတယ်..။
အရိပ်နတ်ဘုရားရဲ့ အမွေအနှစ်တွေက..သူ့ရဲ့ သွေးကြောတွေထဲမှာ စီးဆင်းနေတုန်းမှာပဲ..ဝိဗာရဲ့ သွေးက ရုတ်တရက် ထကြွလာခဲ့တယ်..။သို့ပေမယ့် သူ့ရဲ့ အပြုအမူတွေက သာမန်အတိုင်း ဖြစ်နေတာ မဟုတ်သလို..ဆန်နီက ညွှန်ကြားလိုက်လို့လည်း မဟုတ်ပါဘူး..။ဒါက သူ့ ရဲ့ ကိုယ်ပိုင် ဆန္ဒနဲ့အတူ လှုပ်ရှားနေခဲ့တာဖြစ်ပြီး..မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။
…ပြီးတော့ ဆာလောင်မူတွေ..။
‘ဘာလဲဟ..’
သူက မခံမရပ်နိုင်လောက်တဲ့ နာကျင်မူ အတွက် ပြင်ဆင်ထားခဲ့ပေမယ့် အဲဒီအရာက ဘယ်တုန်းကမှ ရောက်မလာခဲ့ပါဘူး..။အဲဒီအစား..အေးစက်တဲ့ စွမ်းအင်တွေက..ဆာလောင်ပြီး..ညှာတာမူကင်းမဲ့တဲ့..ဝီဗာသွေးရဲ့ ဝါးမြိုမူတွေကိုသာ ခံစားနေခဲ့ရပါတယ်..။သူက နှစ်ပေါင်း ထောင်သောင်းချီအောင် ဆာလောင်နေခဲ့တဲ့ အတိုင်းပါပဲ..။
‘ဘယ်လို သောက်ကျိုးနဲတွေ ဖြစ်ပျက်နေတာလဲ..’
ရုတ်တရက် သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံးက တုန်ခါသွားခဲ့တာကြောင့်..ဆန်နီဟာ အသံအနည်းငယ်ထွက်ပြီး..အောက်ကို လဲကျသွားခဲ့တယ်…။
သူ့ရဲ့ အတွင်းပိုင်းထဲမှာတော့..အင်အားစု နှစ်ခုက သူ့ရဲ့ အရာရာတိုင်းကို ထိန်းချုပ်ခွင့်ရဖို့အတွက် တိုက်ခိုက်နေခဲ့ကြပါတယ်..။တစ်ခုက အရိပ်နတ်ဘုရားရဲ့ အမွေအနှစ်ဖြစ်ပြီး..နောက်ထပ်တစ်ခုကတော့ ဝီဗာ သွေး ပါ..။ပြီးတော့..တစ်ခုက ပြီးပြည့်စုံမူရှိတဲ့ အစစ်အမှန် နတ်ဘုရားတစ်ပါး ဆီကနေ နေလာပြီး..နောက်တစ်ခုက တားမြစ်ခံထားရတဲ့ ..မပြည့်မစုံ အပိုင်းအစတွေကနေ ရောက်လာခဲ့တယ် ဆိုရင်တောင်..တားမြစ်ခံ ဝီဗာရဲ့ အမွေအနှစ်တွေက အနိုင်ရရှိနေပါသေးတယ်..။
ဒီအရာက..ကြောက်မက်ဖွယ်သားရဲ တစ်ကောင်က..သားကောင်ရဲ့ နူးညံ့တဲ့ အသွေးအသားကို ကိုက်ခဲ ထားတဲ့ ပုံစံဖြစ်ပြီး..ပြန်လည်လွှတ်ပေးဖို့ကို ညှင်းဆန်ထားခဲ့ပါတယ်..။
‘ရပ်လိုက်…မင်းက ဘာလဲ..’
..ပြီးတော့ သူတောင် သေချာ မသိလိုက်ခင်မှာပဲ..ဒီအရာအားလုံးက ပြီးဆုံးသွားခဲ့ပါပြီ..။
အရိပ်နတ်ဘုရားရဲ့ အေးစက်တဲ့ စွမ်းအင်တွေက..ပျောက်ကွယ်သွားခဲ့ပြီး ဝီဗာသွေးကလည်း ခါတိုင်းလိုပဲ..အေးချမ်းတဲ့ အသွင်အတိုင်း ပြန်လည်နေထိုင်ခဲ့တယ်..။ဒါက ဘာမှတောင် မဖြစ်ခဲ့သလိုပါပဲ..။
အေးချမ်းတယ်…ဒါပေမယ့် ပိုပြီး သန်မာလာတယ်..။
ဆန်နီ အမှောင်ထုကို အံ့ဩသင့်စွာ ကြည့်နေခဲ့ပေမယ့်…သူ စွမ်းရည်အသစ်ရရှိတယ် ဆိုပြီး ကြေညာတဲ့ အသံက ထွက်မလာခဲ့ပါဘူး..။
အဲဒီအစား..အခိုက်အတန့်က သူ့ရဲ့အသံမှာ မကောင်းတဲ့ ကျေနပ်မူအရိပ်အယောင်တွေနဲ့ ပြောလာခဲ့ပါတယ်..။
[ ဝီဗာသွေးက အဆင့်မြင့်တင်ပြီးပါပြီ.. ]
[ ဝီဗာ အရိုးက အဆင့်မြင့်တင် ပြီးပါပြီ… ]
[ နတ်ဘုရား..မီးခဲက အဆင့်မြင့်တင် ပြီးပါပြီ.. ]
[…သင့်ရဲ့ မှတ်သားမူ က ဖျက်ဆီးခံလိုက်ရပါပြီ..]
ဆန်နီ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ…ဒေါသတကြီး အော်ဟစ်လိုက်မိပါတယ်..။
“ဝီဗာ…မင်း ခွေးသား..”
အပိုင်း ( ၅၅၁ ) ပြီး၏။