ယဉ်ကျေးဖော်ရွေသော အိမ်ရှင်
Vol. 37 Ch. 553
ကိုင် နဲ့ အယ်ဖီတို့ဟာ ပျက်စီးနေတဲ့ ဂိတ်ပေါက်ရဲ့ အုတ်ကျိုးအုတ်ပဲ့ တွေကြားထဲကနေ ကျော်ဖြတ်ပြီး ပျက်ဆီးနေတဲ့ ခံတပ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြတယ်.။သူတို့ နှစ်ယောက်စလုံးက ပင်ပန်းနေခဲ့ကြပြီး..ဖုန်အလိမ်းလိမ်း ဖြစ်နေခဲ့ကြပါတယ်..။သူတို့ရဲ့ အကာအကွယ်တွေက..ချိုင့်ခွက်တွေ ရှိနေခဲ့ကြပပြီး..လက်နက်တွေကလည်း ထိခိုက်မူတွေရှိနေခဲ့ကြတယ်..။စူးစမ်းရှာဖွေထာတဲ့ ကုန်းမြေတွေရဲ့ အစွန်ဆုံးနေရာကို လာရတယ် ဆိုတာက လွယ်ကူတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး..။
သူတို့က လမ်းတစ်လျောက်မှာရှိတဲ့ လူသား ခံတပ်တွေမှာ ဝင်ရောက်နားခိုခဲ့ကြတယ် ဆိုပေမယ့်..ချိန်းကျွန်းစုကို အသက်ရှင်လျက်ရောက်လာဖို့ ဆိုတာက..အားစိုက်ထုတ်မူ ၊ စိတ်ရှည်သည်းခံနိုင်မူ ၊ စိတ်ဓာတ်ခိုင်မာမူ နဲ့ ကံကောင်းမူ အနည်းငယ်လည်း လိုအပ်ပါသေးတယ်..။
သို့ပေမယ့်..ဝံပုလွေ စောင့်ရှောက်သူရော..နိုက်တင်ဂေးရော နှစ်ယောက်စလုံးက..အေးဆေး တည်ငြိမ်စွာ ရှိနေခဲ့ကြတယ်..။သူတို့ရဲ့ မျက်လုံးတွေက ထက်ရှပြီး သူတို့ရဲ့ လက်တွေက..မြဲမြံနေခဲ့ကြပါတယ်..။သူတို့က ဘယ်လို ရန်သူကိုမဆို ရင်ဆိုင်ဖို့အတွက် အဆင်သင့်ရှိနေခဲ့ကြပြီးသားပါ..။ကံကောင်းချင်တော့ အပျက်အဆီးတွေကြားထဲမှာ ဘာရန်သူမှ ရှိမနေခဲ့ပါဘူး..။
အဲဒီအစား..သေဆုံးနေတဲ့ အိပ်မက်ဆိုးသားရြ တစ်ချို့က မြေကြီးပေါ်မှာ ရှိနေခဲ့ကြတယ်..။တစ်ချို့က အပိုင်းပိုင်း အစစ ဖြစ်နေကြပြီး တစ်ချို့ကတော့..ထူးဆန်းစွာပဲ ဘာဒဏ်ရာမှ ရှိမနေခဲ့ကြပါဘူး..။သို့ပေမယ့် ဒီသတ္တဝါတွေက..အက်ကွဲနေခဲ့ကြတယ်..။ဒါက ကြောက်မက်ဖွယ်ရာ အင်အားတစ်ခုက သူတို့ရဲ့ ခန္တာကိုယ်ကို လူမဆန်တဲ့ ခွန်အားနဲ့ ထိခိုက်သွားခဲ့သလိုပါပဲ..။
အရိပ်တွေက ရုတ်တရက် လှုပ်ရှားသွားခဲ့ပြီး..တစ်စက္ကန့်လောက်အကြာမှာတော့..ကိုင်က သူ့ရဲ့ လေးကြိုးကို ဆွဲတင်ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။သို့ပေမယ့်..အယ်ဖီက သူ့ကို ပြန်ချထားဖို့ လက်ဟန်ပြလိုက်တယ်..။
အရိပ်တွေထဲကနေပြီး အရပ်ရှည်ကာ ထည်ဝါတဲ့ ပုံရိပ်တစ်ခုက ထွက်လာခဲ့တယ်..။သူမက အနက်ရောင်အကာအကွယ်ကို ဝတ်ဆင်ထားခဲ့ပြီး..ပတ္တမြားရောင် မျက်လုံးနှစ်လုံးက သူမရဲ့ ခေါင်းစွပ်မျက်နှာဖုံးရဲ့ အောက်ဖက်မှာ တောက်ပနေခဲ့ပါတယ်..။သူမရဲ့ လက်တစ်ဖက်မှာတော့..သံမဏိနဲ့ ပြုလုပ်ထားတဲ့ စွန်ပုံသဏ္ဌာန် ဒိုင်းကာ တစ်ခုကို ကိုင်ဆောင်ထားခဲ့ပြီး တစ်ဖက်မှာတော့..သတ်ဖြတ်ထားတဲ့ သတ္တဝါတွေရဲ့ သွေးတွေ တစ်စက်စက်ကျနေတဲ့ ဓားတစ်ချောင်းကို ကိုင်ဆောင်ထားခဲ့ပါတယ်..။
ကိုင်က ကြောက်မက်ဖွယ်သတ္တဝါကို သတိထားပြီး လေ့လာလိုက်တယ်..။
“အဲတာက ဆန်နီ ရဲ့ ထပ်တူညီမူလား..။သူမ..ကြည့်ရတာ..မတူတော့ သလိုပဲ..”
အယ်ဖီပြုံးလိုက်ပြီး..
“ဟုတ်တယ်…သူမက တစ်ခါတစ်လေ အဲလိုပဲ..။ဟေး..အလှလေး…မင်းရဲ့ တိတ်တိတ်ပုန်း..ကောင်…အိုး..မင်းရဲ့ သခင်က ဘယ်မှာလဲ..”
တိတ်ဆိတ်တဲ့ နတ်မိစ္ဆာက သူမကို တစ်ခနလောက်ကြာအောင် စိုက်ကြည့်လိုက်ပြီးကာမှ တစ်ဖက်ကို လှည့်ကာ လျောက်သွားလိုက်ပါတယ်..။
“ငါတို့ နောက်ကနေ လိုက်သွားသင့်တယ်လို့ ထင်တာပဲ..”
သူတို့သုံးယောက်က ပျက်ဆီးနေတဲ့ ခံတပ်ကို ထားခဲ့ပြီး..ကျွန်းရဲ့ အစွန်းနေရာဆီကို လျောက်သွားလိုက်ကြတယ်..။မကြာခင်မှာပဲ..မွှေးကြိုင်လှတဲ့ အသားကင်နေတဲ့ ရနံ့တွေက သူတို့ရဲ့ နှာခေါင်းထဲကို ဝင်လာခဲ့ပါတယ္..။
စက္ကန့်အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့..အယ်ဖီနဲ့ ကိုင် တို့နှစ်ယောက်စလုံးက ပါးစပ်အဟောင်းသားနဲ့ အေးခဲသွားခဲ့ကြပါပြီ..။
ရှေးဟာင်းနံရံကြီးတစ်ခုရဲ့ အရိပ်အောက်မှာတော့..မီးပုံကြီးတစ်ခုကို ပြုလုပ်ထားပြီး..မီးစာပေါ်မှာတော့ အရည်ရွှမ်းပြီး..စားချင်စားဖွယ်ဖြစ်နေတဲ့ အသားတွေကို ကင်ထားခဲ့တယ်..။
သို့ပေမယ့် ဒါတင်ပဲ မဟုတ်သေးပါဘူး..။
အဲဒီမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ..၊ သစ်သီးတွေ ၊ မမှားနိုင်လောက်အောင်ပဲ လတ်ဆတ်တဲ့ ကော်ဖီရနံ့တွေထွက်ပေါ်နေတဲ့ ခွက်ကလေးတွေ နဲ့..အိပ်မက်ကမ္ဘာထဲမှာ လူတွေ မြင်တွေ့ဖို့ ရှားပါးလွန်းတဲ့ အရာတစ်ချို့လည်း ရှိနေပါသေးတယ်..။
ဒီလို ပျော်ရွှင်ဖွယ်ရာတွေ အားလုံးကို ဖန်တီးပေးထားတဲ့ လူကတော့..သက်သောင့်သက်သာ ရှိတဲ့ ခေါက်ကုလားထိုင် တစ်ခုပေါ်မှာထိုင်ပြီး..ဖရဲသီး တစ်စိတ်ကို အရသာရှိစွာ စားသောက်နေခဲ့ပါတယ်..။
သူက သူတို့ကို မြင်တဲ့ အချိန်မှာတော့..သူ့ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာခဲ့တယ်..။
“အိုး..ဟိုင်း ကောင်လေးတို့..။နောက်ဆုံးတော့ မင်းတို့ လုပ်နိုင်ခဲ့ပြီပေါ့..”
ဒီလိုပြောပြီးတာနဲ့ လူငယ်လေးက ကုလားထိုင်ပေါ်ကနေ ထလိုက်ပြီး..ရေခဲတွေပြည့်နေတဲ့ အိုးတစ်လုံးဆီကို သွားလိုက်ကာ..အေးစက်ပြီး စေ◌ျးကြီးတဲ့ ဘီယာနှစ်ပုလင်းကို ထုတ်ယူလိုက်ကာ သူတို့နှစ်ယောက်ရဲ့ လက်ထဲကို ထည့်ပေးလိုက်ပါတယ်..။
ဆန်နီ ပြုံးလိုက်ပြီး..
“ချိန်း ကျွန်းစုက နေ ကြိုဆိုလိုက်ပါတယ်..။
….
အချိန်တစ်ချို့ ကြာပြီးနောက်မှာတော့..အယ်ဖီနဲ့ ကိုင်တို့ဟာ..ဆာလောင်မူကို ဖြေဖျောက်နိုင်ခဲ့ကြပြီး..အိပ်မက်ဆန်ဆန် အမူအရာတွေနဲ့ အနားယူနေခဲ့ကြပါတယ်..။ဆန်နီကတော့..သူ့ရဲ့ ခေါက်ကုလားထိုင် ပေါ်မှာ မထိုင်တော့ပဲ..မြေကြီးပေါ်မှာသာ ထိုင်နေခဲ့တယ်..။တပ်မက်ခြင်း သေတ္တာရဲ့ အတွင်းပိုင်းက..ဒီလို ကုလားထိုင် အနည်းငယ် ထည့်ဖို့ မဆန့်တဲ့ အပေါ်မှာ စိတ်မကောင်းဖြစ်နေမိခဲ့ပါတယ်..။အနည်းဆုံးတော့ အခုချိန်မှာ မဆန့်သေးပါဘူး..။သူ မာစတာ တစ်ယောက်ဖြစ်လာတဲ့ အချိန်ရောက်ရင်တော့ အခြေအနေတွေက ကွဲပြားသွားနိုင်ပါတယ်..။
ကိုင် က ဘီယာတစ်ငုံကို သောက်လိုက်ပြီး..သူ့လက်ထဲက စေ◌ျးကြီးတဲ့ ဘီယာကို ရယ်ချင်စရာ အမူအရာနဲ့ ပြန်ကြည့်လိုက်တယ်..။
“ဆန်နီ… မင်းဒီဟာတွေ အကုန်လုံးကို ဘယ်လိုများ ရထားတာလဲ..။မင်းက အဖြူရောင်တောင်ပံ ကလန် နဲ့ဒီလောက်တောင် ကောင်းတဲ့ ဆက်ဆံရေးတွေ ရှိနေတာလား..”
ဆန်နီ ရယ်မောလိုက်ပြီး..
“ဟင့်အင်…ငါ ဒီပစ္စည်းတွေ အကုန်လုံးကို ကိုယ့်ဟာကိုပဲ ပို့ခဲ့တာ..။ဘာလဲ မင်းက ငါ့ရဲ့ အံ့ဩစရာ ကုန်စည်ပြပွဲကို မေ့နေပြီလား..။ကြည့်ရတာတော့ အီကိုက မင်းကို ကြော်ညာခိုင်းဖို့ အရမ်းတွန်းအား မပေးခဲ့ဘူးထင်တယ်..။တကယ်တော့ မင်းကလည်း ပူးပေါင်းတည်ထောင်သူ တစ်ယောက်ပါပဲ။ငါ ပထမဆုံး အပေးအယူ စလုပ်တုန်းက မင်းရဲ့ အကူအညီနဲ့ပဲလေ..မှတ်မိသေးလား..”
ကိုင် ပြုံးလိုက်တယ်..။
“ရဲတိုက်မှာ မင်းအစား မှတ်သားမူ ဝယ်ပေးရတဲ့ ဆိုးဝါးတဲ့ မှတ်ဥာဏ်တွေလား..။အင်း မှတ်မိတာပေါ့..ဂ
ဆန်နီ စိတ်အားထက်သန်စွာ ခေါင်းညိမ့်လိုက်တယ်..။
“ငါ့ရဲ့ လုပ်ငန်းက ဘတ်ရှင်မှာ မင်းတို့ မြင်တွေ့ခဲ့ရတာတွေနဲ့ ယှဉ်ရင်တော့ သေးငယ်ကောင်း သေးငယ်လိမ့်မယ္..။ဒါပေမဲ့ ချိန်းကျွန်းစုလို နေရာမျိုးမှာတော့..ငါက အအောင်မြင်ဆုံး စီးပွားရေးသမား တစ်ယောက်ပဲ..။ငါကတော့..စီးပွားရေး အကြောင်း သူတို့ပြောနေကြတာတွေက မှန်တယ်လို့ ထင်တာပဲ..။သိတယ်မလား..မင်းက မှန်ကန်တဲ့ လူတွေကို မှန်ကန်တဲ့ နေရာမှာ ရှာဖွေဖို့ လိုအပ်တယ်ဆိုတာလေ..။ဒါမှမဟုတ် တစ်ခြားအရာတွေရောပေါ့..”
ခန့်ညားတဲ့ လေးသည်တော်က အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပေမယ့် ဘာမှတ်ချက်မှတော့ မပေးခဲ့ပါဘူး..။
တစ်ဖက်မှာတော့ အယ်ဖီက သူမရဲ့ ဘီယာကိုကုန်အောင် သောက်ပြီးတဲ့ နောက်မှာ ပြောလာခဲ့တယ်..။သူမက ဘာမှမရှိတော့တဲ့ ပုလင်းကို နောင်တရစွာကြည့်ကာ သက်ပြင်းချလိုက်ပြီး..
“ဆန်နီ ငါ့မှာလေးနက်တဲ့ မေးခွန်းတစ်ခု ရှိတယ်..။မဖြေခင်မှာ နင်ဒါကို သေချာစဉ်းစားဦး..အချိန်ယူလို့လည်း ရတယ်..။နင် ငါ့ကို လက်ထပ်နိုင်မလား..။မဟုတ်ဘူ..တကယ်အတည်..ငါ ပြန်ပြင်ပြောမယ္..။ငါ နင့်ကို ဘယ်တော့မှ မစတော့ဘူးလို့ ကျိန်ဆိုတယ်..။နင့်မှာ ကောင်မလေးတစ်ယောက် ရှိနေမယ် ဆိုရင်တောင် ငါ စိတ်ရှိမှာ မဟုတ်ဘူး..။ဒီတိုင်း ငါ့ကိုသာ ဒီအရာတွေ ဆက်တိုက် ထောက်ပံ့ပေးနေပါလား..”
သူ နှာခေါင်းရှုတ်လိုက်တယ်..။
“ဟင့်အင်..ငြင်းတယ်..။နင်က အရှက်မရှိတဲ့ ချူစားမယ့်သူပဲ..”
အယ်ဖီ က စိတ်ပျက်တဲ့ မျက်နှာအမူအရာနဲ့ ဖြစ်သွားခဲ့ပြီး..သူမရဲ့ ခေါင်းကို လှည့်ကားအားရပါးရ ရယ်မောပါတော့တယ်..။
“အိုး..ကောင်းပြီလေ..။ဟုတ်ပြီ..ဒါဆိုလည်း..”
ယင်းနောက် သူမက အနည်းငယ် လေးနက်သွားပြီး မေးလာခဲ့တယ်..။
“ဒီတော့..အစီအစဉ်က ဘာလဲ..။ငါတို့ ဒီနေရာကနေ ဘယ်လို ဆက်သွားကြမှာလဲ..”
ဆန်နီ သက်ပြင်းချလိုက်ပြီး..ချိန်းကျွန်းစုရဲ့ မြေပုံတစ်ခုကို ထုတ်ယူလိုက်ကာ..မြက်ခင်းပေါ်ကို ဖြန့်ခင်းလိုက်ပါတယ်..။
အယ်ဖီနဲ့ ကိုင် တို့က..ဒီအရာကို အနီးကပ် ကြည့်လိုက်ကြတယ်..။
သူက မြေပုံရဲ့တောင်ဘကိပိုင်းနေရာကို လက်ညိုးထိုးပြလိုက်ပြီး..
“ငါတိုက ဒီနေရာမှာ..။ပထမဆုံးလုပ်ရမှာက..ငါတို့က သုံးရက်လောက် ခရီးထွက်ရမယ့် နိုတစ် မြင့်မြတ်နယ်မြေကို အရင်သွားကြမယ်..။ပြီးတာနဲ့ နင်တို့က အဲဒီမှာ ချည်နှောင်ရလိမ့်မယ်လေ..။လမ်းကြောင်းတစ်လျောက်လုံးကို အဖြူရောင်တောင်ပံကလန် ရဲ့ ကင်းသမားတွေ လှည့်ပတ်နေတာ ဆိုတော့..ငါတို့က ဘာအန္တရာယ်မှ တွေ့ကြမှာ မဟုတ်ဘူး..”
ယင်းနောက် သူက ကျွန်းရဲ့ သီးခြားနေရာတစ်ခုဖြစ်တဲ့ လောင်ကျွမ်းနေတဲ့သစ်ပင်ကြီးရဲ့ ပုံကို လက်ညိုးညွှန်ပြလိုက်ပြီး..
“နင်တို့ အခြေကျသွားပြီဆိုရင်တော့..ငါတို့က မီးစောင့်ရှောက်သူတွေ သဘော်လုပ်နေတာရဲ့ တိုးတက်မူကို သွားပြီး စစ်ဆေးကြမယ်..။ငါ ကြားထားတဲ့ သတင်းအရတော့ သူတို့က အနည်းဆုံး အဲဒီအရာကို နောက်တစ်လလောက် အထိ ပြီးကြဦးမှာ မဟုတ်သေးဘူး..။ဒီတော့ ငါတို့က အဲဒီအချိန်ကို ကောင်းကောင်း အသုံးချဖို့ လိုအပ်တယ်..။အမဲလိုက် ၊ ငါတို့ရဲ့ အမြုတေကို တတ်နိုင်သလောက် ပြည့်ဝအောင် လုပ်ပြီး တိုက်ပွဲလက်နက်တွေကို ရှာဖွေကြတာပေါ့..”
အယ်ဖီ ခေါင်းညိမ့်လိုက်တယ်..။
“မင် နဲ့ ကတ်စီ ကရော..။မင်တို့ ကောင်းကောင်း ပြင်ဆင်ထားကြရဲ့လား..”
ဆန်နီ တွေဝေနေပြီးကာမှ ခေါင်းညိမ့်လိုက်တယ်..။
“ငါကတော့ လုံးဝကို ပြင်ဆင်ထားတယ်..။ကတ်စီ..ကတော့….ငါ လည်း မသိဘူး..။ဒါပေမဲ့ ငါတို့နှစ်ယောက်စလုံးက သဘော်ပျံသန်းဖို့ အဆင်သင့်မဖြစ်ခင် နောက်ထပ် လုပ်ရမယ့် အရာတစ်ခု ရှိနေသေးတယ်..။
သူက ချိန်းကျွန်းစုရဲ့မြောက်ဘက်အကျဆုံး ၊ ဟောလိုးတောင်တန်းရဲ့ အန္တရာယ်များတဲ့ နယ်နိမိတ်နဲ့ နီးကပ်နေတဲ့ ကျွန်းတစ်ကျွန်းကို ညွှန်ပြလိုက်ပြီး..
“ညဘုရားကျောင်းမှာ ငါတို့ ယူဖို့လိုတဲ့ အရာတစ်ခုခု ရှိနေသေးတယ်..။တကယ်လို့ အားလုံးသာ အဆင်ပြေမယ် ဆိုရင်..ငါတို့က မြောက်ပိုင်းကို သွားပြီး တစ်လအတွင်းမှာပဲ ပြန်လာနိုင်ကြလိမ့်မယ်..။တကယ်လို့ ပိုပြီး ကြာသွားမယ် ဆိုရင်တော့ ငါတို့က ဒီနေရာမှာ ပြန်ဆုံကြတာပေါ့..”
သူ့လက်ချောင်းတွေက သဘော်ပျက်ကျွန်းဆီကို ရောက်သွားခဲ့ပါတယ်..။
“..ပြီးတာနဲ့..မျိုးစေ့ကို စိန်ခေါ်ကြမယ်..။အကြမ်းဖျင်းအနေနဲ့ ကတော့ အဲဒါပါပဲ..။ဒါပေမဲ့ စိတ်မပူနဲ့..ကတ်စီ နဲ့ ငါ အဲဒီကို မသွားခင်မှာ ငါတို့က အသေးစိတ်ကို ထပ်ပြီး ဆွေးနွေးကြမယ်..”
အယ်ဖီနဲ့ ကိုင်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်..။
“အစီအစဉ်ကတော့ သဘောကျစရာပါပဲ..”
ဆန်နီ ခေါင်းညိမ့်လိုက်ပြီး..နေဝင်ဆည်းဆာကို လှမ်းကြည့်လိုက်ပါတယ်..။
“ကောင်းတယ်..။ဒါဆို ဒီညတော့ ကောင်းကောင်း အနားယူလိုက်ဦး..။ငါတို့ မနက်ကြရင် စပြီးထွက်ခွာကြမယ်..”
…ဆောင်းရာသီက ပိုပို ပြီးတော့ နီးကပ်လာနေပါပြီ..။
ပြီးတော့..ပိုပြီး နီးကပ်လာလေ..သူက ပိုပြီး ကြောက်ရွံ့လာလေ ပါပဲ..။
အပိုင်း ( ၅၅၃ ) ပြီး၏။