← Chapters

ရှင်းလင်းရန် လာရောက်ခြင်း

Vol. 37 Ch. 554

ရှင်းလင်းရန် လာရောက်ခြင်း

Vol. 37 Ch. 554

ခံတပ်ဆီကို ပြန်တဲ့ လမ်းတစ်လျောက်မှာတော့..ဆန်နီက ကိုင်နဲ့ အယ်ဖီ တို့ကို..ချိန်းကျွန်းစု အကြောင်း အသိပညာတွေ အားလုံးကို တတ်နိုင်သလောက် ရှင်းပြနေခဲ့ပါတယ်..။

အထူးသဖြင့် လေးသည်တော်ကတော့..လိုက်လျောညီထွေ ဖြစ်ဖို့အတွက် ခက်ခဲနေခဲ့တယ်..။သူ့ရဲ အဓိက စွမ်းဆောင်ရည်က လေပေါ်ကို ပျံသန်းနိုင်တာ ဖြစ်ပေမယ့်..သိသာစွာပဲ ဒီထူးဆန်းတဲ့ နယ်မြေမှာတော့ ကန့်သတ်ခံထားရပါတယ်..။

တုန်လှုပ်ဖွယ်ကောင်းလောက်အောင် ကြည်လင်နေတဲ့ ကောင်းကင်ပြာကို ကြည့်ရင်း ကိုင်က မေးလိုက်တယ်..။

“ဒီတော့..အဲတာက ဖိနိပ်မူပေါ့..။အဲတာက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ..”

ဆန်နီ မျက်နှာရှုံ့မဲ့ သွားခဲ့တယ်..။

“သူတော်စင်တစ်ယောက်ကိုတောင် သတ်ဖို့လုံလောက်တဲ့ အထိ ကြောက်ဖို့ကောင်းတယ်..။ဒါပေမဲ့ အဲတာကလည်း အခြေအနေပေါ်ကို မူတည်သေးတယ်လေ..။နည်းနည်းကြာလာရင်တော့ မင်းရပ်နေတဲ့ ကျွန်းက ဘယ်လောက်နိမ့်နေလဲ..မြင့်နေလဲ ဆိုတာကို မင်းအနေနဲ့ ခံစားမိလာလိမ့်မယ်..။အဲတာက အခုချိန်လိုမျိုး အနိမ့်ဆုံးအခြေအနေကို ရောက်နေပြီဆိုရင်..မင်းက ဖိနိပ်မူကို မခံစားရပဲ မီတာ တစ်ရာလောက်အထိ ကောင်းကင်ပေါ်ကို ပျံသန်းလို့ ရနိုင်သေးတယ်..။အတိအကျဆိုရင်တော့..ကျွန်းနဲ့ ဆက်သွယ်ထားတဲ့ ချိန်းကြိုးတွေက ဘယ်လောက်အထိ ရှည်လျားလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်လေ..”

သူ ရပ်တန့်လိုက်ပြီးကာမှ ထပ်ပြောလိုက်တယ်..။

“ဒါပေမဲ့ အဲတာက..တက်ရောက်မူ ဒါမှမဟုတ်..ကျဆင်းမူ အချိန်ကို ရောက်နေပြီဆိုရင်..မင်းက မြေပေါ်မှာပဲရှိနေတာ ဒါမှမဟုတ် မီတာ ဒါဇင်ထက်ပိုပြီး မပျံသန်းတာက ပိုကောင်းလိမ့်မယ်..။ပြီးတော့..ကျွန်းက အမြင့်ဆုံး အနေအထားကို ရောက်သွားပြီဆိုရင်တော့ မင်းက နောက်ထပ် ကျွန်းတစ်ကျွန်းပေါ်ကို ရောက်နေလောက်ပါပြီ..။ဒါပေမဲ့ မင်းနောက်ထပ် တစ်ကျွန်းကို သွားဖို့အတွက် ကျရှုံးခဲ့ပြီဆိုရင်တော့..မြေကြီးပေါ်မှာ လှဲပြီးသာ ဆုတောင်းနေပေတော့..။တကယ်လို့ ချိန်းကြိုးတွေကသာ လုံလောက်အောင်တိုမယ် ဆိုရင် မင်းအသက်ရှင်နိုင်လိမ့်မယ်..”

ကိုင်က အထက်ဘက် ကောင်းကင်ကို အနည်းငယ် ထပ်လေ့လာလိုက်ပြီးမှ အောက်ဘက်ကို ကြည့်လိုက်တယ်..။

“ကျွန်းတွေရဲ့ အောက်ဘက်မှာကရော..။ငါက အဲဒီမှာ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်တာလား.”

ဆန်နီ ခေါင်းညိမ့်လိုက်တယ်..။

“သီအိုရီ အရဆိုရင်တော့ ဟုတ်တယ်..။အောက်ဘက်ကောင်းကင်က ယျေဘုယျအားဖြင့်တော့ လုံခြုံတယ်..။ဒါပေမဲ့ အဲတာက မင်းအနေနဲ့ အောက်ဘက် နက်ရှိုင်းတဲ့နေရာအထိကို သွားမှ လုံခြုံတာ ..။တကယ်တော့ ကျွန်းရဲ့ အောက်ဘက်မျက်နှာပြင်တွေက အပေါ်ဖက်ထက်တောင် ပိုပြီး အန္တရာယ် ရှိနေသေးတယ်လေ..။ဒီနေရာမှာတော့..အောက်ဘက်မှာရှိနေတဲ့ သားရဲတွေက တကယ်ကို စစ်မှန်တဲ့ ထိပ်လန့်မူတွေပဲ..။သူတို့ထဲက အမှောင်ထဲမှာပဲ ရွေ့လျား အမဲလိုက်ကြပြီး ကျွန်းတွေကြားထဲမှာ ရွေ့ပြောင်းကြတာတွေ ပြုလုပ်ကြတယ်..။ဒီတော့..အောက်ဘက်မှာ ပျံသန်းတာကလည်း သူ့ နည်းသူ့ဟန်နဲ့တော့ အန္တရာယ်များနေတာပဲ..”

အယ်ဖီကတော့..သူမရဲ့ ခွန်အားတွေက ဆန်နီ ဒါမှမဟုတ် မာစတာရွန်တို့နဲ့တောင် တန်းတူ အနေအထားလောက် ရှိနေခဲ့တာကြောင့် ဖိနိပ်မူနဲ့ ပတ်သက်ပြီး သိပ်စိတ်ဝင်စားခြင်းမရှိခဲ့ပါဘူးး.။သို့ပေမယ့် သူမက ဒီနေရာမှာ ရှိနေတဲ့ အိပ်မက်ဆိုးသားရဲ အကြောင်းတွေကိုသာ ပိုမို စိတ်ဝင်စားနေခဲ့တယ်..။မုဆိုးမိန်းကလေးက..သူတို့ စွန့်စားခန်း မထွက်ခင် ကျန်ရှိနေသေးတဲ့ တစ်လအတွင်းမှာ..သူမရဲ့ အမြုတေကို ပြည့်နှက်အောင် လုပ်ဖို့ ဆုံးဖြတ်ထားခဲ့တာပါ..။

ဆန်နီကတော့..ချိန်းကျွန်းးစုမှာ နေထိုင်ကြတဲ့ သတ္တဝါတွေအားလုံးနဲ့ ပတ်သက်တဲ့ အသိပညာတွေအားလုံးကို မျှဝေပေးခဲ့တယ်..။သူက ဒီဒေသက သတ္တဝါတွေနဲ့ လပေါင်းများးစွာ တိုက်ခိုက်ပြီး နေလာခဲ့တာကြောင့်..ဘယ်ကျွန်းတွေမှာ ဘယ်လိုသတ္တဝါတွေ နေတယ်..သူတို့ရဲ့ သားကောင်တွေကို ဘယ်လို တိုက်ခိုက်ကြတယ်..၊ သူတို့ရဲ့ အားနည်းချက်က ဘာတွေလဲ..ဆိုတာတွေကို သိထားပြီးသားပါ..။ဘယ်ကျွန်းတွေကို ရှောင်ရှားသင့်လဲ ဆိုတာကိုလည်း သူက သိထားပါသေးတယ်..။

သူတို့ရဲ့ ခရီးစဉ်အဆုံးမှာတော့..အယ်ဖီက သူ မျှဝေပေးတဲ့ အသိပညာ အချက်အလက်တွေကြောင့် အတော်လေးကို လေးစားသွားခဲ့တယ်..။

“ငါ..အာ…အကယ်ဒမီက နင့်ကို အလကား ပိုက်ဆံပေးထားတာ မဟုတ်ဘူးပဲ..။နင်က စူးစမ်းရှာဖွေမူတွေ အတော်လေး လုပ်ထားပုံရတယ်..”

ဆန်နီ ပြုံးလိုက်ပြီး..

“ငါ အိပ်မက်ဆိုးသားရဲတွေကို အမဲလိုက်တဲ့ အချိန်ကြရင်..သူတို့ရဲ့ အမြုတေတွေကို ရောင်းချလို့ရသလို..၊ စူးစမ်းရှာဖွေမူတွေအတွက်လည်း ပိုက်ဆံက ရသေးတယ်လေ..။အရမ်းကို များပြားတဲ့ ပိုက်ဆံတွေပဲ..။ဒါက အိပ်မက်တစ်ခုလို ဖြစ်မနေဘူးလား..”

သူမ တခစ်ခစ် ရယ်မောလိုက်တယ်..။

“နင့်ရဲ့ အံ့ဩစရာ အချက်ကတော့ နင်က အတော်ကို တင်းတိမ်ရောင့်ရဲ တတ်တဲ့ လူပဲ ဆန်နီ..”

‘အာ…ဒါက ဘာကို ဆိုလိုတာလဲ..”

အဲ့အချိန်မှာတော့..အယ်ဖီက အရှေ့ဘက်ကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်တယ်..။

“ဒီ နေရာကို အုပ်ချုပ်တဲ့ သူတော်စင်ကရော ဘယ်လိုလဲ..။နင် သူမကို ဘယ်လိုမြင်လဲ..”

ဆန်နီ ခနလောက် တွေးတောပြီးကာမှ မသေချာစွာ ပြောလိုက်တယ်..။

“ကောင်းကင်ဒီရေ….သူမက နည်းနည်းတော့ တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်နဲ့တူတယ်..။ငါ သေချာတော့ မသိဘူး..။ဒါပေမဲ့ သူမရဲ့ ယောက်ျားကတော့ တကယ်ကို လူကောင်းတစ်ယောက်ပဲ..။ဒီတော့..ငါ့ရဲ့ စာအုပ်ထဲမှာသူမကို အမှတ်တွေ တိုးပေးနေမိတယ်လေ..”

အယ်ဖီ ပြုံးလိုက်ပြီး..ဆက်လက်ပြောဆိုခြင်း မရှိတော့ပါဘူး..။

…တတိယမြောက်နေ့မှာတော့..သူတို့က နောက်ဆုံးမှာ ခံတပ်နေရာကို ရောက်လာခဲ့ကြတယ်..။

ဝံပုလွေ စောင့်ရှောက်သူ နဲ့ နိုက်တင်ဂေး တို့ရဲ့မြင့်မားတဲ့ အဆင့်အတန်းကြောင့် ထွက်ပေါက်ကို မလည်ပတ်ခင်မှာ သူတို့သုံးယောက်ကို သူတော်စင် တိုင်းရစ် နဲ့အတူ စားသောက်ဖို့ ဖိတ်ခေါ်ခြင်း ခံခဲ့ရပါတယ်..။

ညစာက လုံလောက်အောင် ကောင်းမွန်ပေမယ့်လည်း..အစားအသောက်တွေကုန်သွားပြီ ဆိုတာနဲ့..စစ်မှန်တဲ စကားပြောဆိုမူက စတင်လာခဲ့တယ်..။

သူတော်စင် တိုင်းရစ်က အယ်ဖီနဲ့ ကိုင်တို့ကို ခါတိုင်းလိုပဲ..ခံစားချက်မဲ့တဲ့ အမူအရာနဲ့ ကြည့်ကာ မေးလိုက်ပါတယ်..။

“မျိုးဆက်သစ် တွေထဲက အထင်ရှား အကျော်ကြားဆုံးသော နိုးထသူနှစ်ယောက်က..ငါ့ရဲ့ မထင်မရှား ခံတပ်နေရာ ဆီကို ရောက်လာတာကိုကြားရတဲ့ အတွက် အတော်လေးကို အံ့ဩသင့်ရပါတယ်..။မသိနားမလည်မူကို ခွင့်လွှတ်ပေးပါ.. ဒီနေရာကို ဘာများလိုအပ်တဲ့ အတွက် ရောက်လာကြတာ များလဲ..”

သူတို့သုံးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်..။ သူတို့က ဘယ်လို ပြန်ဖြေရမလဲ ဆိုတာကို အစောကတည်းက တိုင်ပင်ပြီးသားပါ..။အခုအချိန်ရောက်လာမှာတော့..သူတို့ရဲ့ ရည်ရွယ်ချက်ကို ဖုံးကွယ်ထားလို့လည်း ထူးခြားမှာ မဟုတ်ပါဘူး..။ဒီတော့..အားလုံးကို ပြောပြလိုက်တာက ပိုပြီး လွယ်ကူသွားပါလိမ့်မယ်..။

ကိုင်က ယဉ်ကျေးစွာ ပြုံးလိုက်ပြီး ပြန်ဖြေလိုက်တယ်..။

…ဒီအပြုံးက သာမန် အမျိုးသမီးတွေ အုပ်လိုက်ကြီးကို မေ့မျောသွားစေဖို့အတွက် လုံလောက်အောင် ဆွဲဆောင်နိုင်စွမ်းတွေ ရှိနေပေမယ့်..ကောင်းကင်ဒီရေကတော့ မျက်တောင်တောင် မခတ်ခဲ့ပေ..။

“ကျွန်တော်တို့က ဒီနေရာကို အိပ်မက်ဆိုး မျိုးစေ့ကို စိန်ခေါ်ဖို့အတွက် ရောက်လာခဲ့ကြတာပါ..။နိုးထသူ ဆန်းလပ်စ် က သိပ်မကြာခင်က မျိုးစေ့ တစ်ခုကို တွေ့ရှိထားပါတယ်..။မျိုးစေ့က ပွင့်လန်းလာဖို့အတွက် နှစ်အတော်ကြာအောင် လိုအပ်သေးပြီး..နိုးထခြင်းကမ္ဘာကို အန္တရာယ်မပေးနိုင်သေးတာကြောင့်..သူက အသိမပေးထားခဲ့တာပါ..။ကျေးဇူးပြုပြီး..သူ့ရဲ့ သေးငယ်တဲ့ အမှားလေးကို ခွင့်လွှတ်ပေးပါ..”

မာစတာ ရွန် မျက်မှောင်ကျုတ်လိုက်တယ်..။

“ချိန်းကျွန်းစု ပေါ်မှာ မျိုးစေ့ တစ်ခု ရှိနေတာလား..။ဘယ်နေရာမှာလဲ..”

အယ်ဖီ အောက်ကို လက်ညိုးထိုးပြလိုက်ပြီး..

“အဲဒီကို ရောက်ဖို့ဆိုရင် ကျွန်မတို့က အောက်ဘက် ကောင်းကင်ရဲ့ အနက်ရှိုင်းဆုံးနေရာအထိ ဆင်းဖို့ လိုအပ်တယ်လေ..။ကျရှုံးမူ သံစဉ်ကလည်း ကျွန်မတို့နဲ့ အတူ လိုက်ခဲ့မှာပါ..။ကျွန်မတို့က မီးစောင့်ရှောက်သူတွေ ပြင်ဆင်နေကြတဲ့ ရှေးဟောင်းသဘော်ကို အသုံးပြုကြဖို့ စီစဉ်ထားကြပါတယ်..”

ရွန်က မျက်တောင် အကြိမ်အနည်းငယ် ခတ်လိုက်ပြီး..

“ကောင်းပြီလေ..ဘယ်လောက်တဲ့ ခမ်းနားကြီးကျယ်တဲ့ အစီစဉ်လဲ..။အနည်းဆုံးတော့ ဒါက အနည်းငယ်ရှင်းလင်းသွားမယ် ထင်တာပဲ..”

သူတော်စင် တိုင်းရစ်က ခနလောက် ငြိမ်သက်နေပြီးကာမှ..ပုံမှန်ပဲ မေးလိုက်တယ်..။

“မင်းတို့က ဒုတိယအိပ်မက်ဆိုး ထဲကို ဝင်ရောက်ချင်တာ သေချာရဲ့လား..။မင်းတို့ လေးယောက်နိုးထသူတွေ ဖြစ်လာတာက တစ်နှစ်တောင် မရှိသေးဘူးလေ..။လူအများစုကတော့ အခိုက်အတန့်ရဲ့ စမ်းသပ်မူတွေကို ခံနိုင်ရည်ရှိဖို့အတွက် အချိန်တွေ အများကြီး ပိုယူကြတာ..။ပြီးတော့ အဲလိုလုပ်ရင်တောင်..လူအများကြီးက ရှင်သန်နိုင်ကြတာ မဟုတ်ဘူး..”

အယ်ဖီရဲ့ မျက်နှာပေါ်မှာ ကြီးမားတဲ့အပြုံးတစ်ခုက ပေါ်လာခဲ့တယ်..။

“သေချာတာပေါ့..ဟုတ်ပါတယ်..ကျွန်မတို့ကတော့ လူတိုင်းထက်ပိုပြီး အဆင်သင့်ဖြစ်နေပါပြီ..။မျိုးစေ့ကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာက အလျင်စလို ဆုံးဖြတ်တာ မဟုတ်သလို ၊ အစီအစဉ် မရှိပဲလုပ်ခဲ့တာ မျိုး မဟုတ်ဘူးလေ..။ဒါပေါ့ သူတော်စင် အရှင်မ ပြောတာလည်း မှန်ပါတယ်..။ဒါပေမယ့် ကျွန်မတို့က ပုံမှန်နည်းလမ်းနဲ့ နိုးထခဲ့ကြတဲ့ သူတွေ မဟုတ်ကြဘူးလေ..။နိုးထသူတွေ ဖြစ်လာတာ မကြာသေးဘူး ဆိုပေမယ့်လည်း..ကျွန်မတို့လေးယောက်ကြားထဲမှာက ဆယ်စုနှစ်စာလောက် ရှိတဲ့ တိုက်ပွဲအတွေ့အကြုံတွေကို မျှဝေထားပြီးသားပါ.။ပြီးတော့..ကျွန်မတို့ တိုက်ခိုက်ခဲ့ရတဲ့ တိုက်ပွဲတွေ ဆိုတာကလည်း သာမန် တိုက်ပွဲမျိုးတွေ မဟုတ်ဘူး..”

ကောင်းကင်ဒီရေက ချက်ချင်း ပြန်မဖြေခဲ့ပေ..။သူမရဲ့ အကြည့်တွေက..ချိန်းကျွန်းစုရဲ့ လှပတဲ့ ရူခင်းတွေ ဆီကိုသာ ရောက်သွားခဲ့ပါတယ်..။

ကိုင်က လည်ချောင်းကို ရှင်းလိုက်ပြီး..

“ကျွန်တော်တို့ကို မျိုးစေ့ထဲ့ မဝင်ရောက်ဖို့ အတွက် တားမြစ်မလို့လား..အရှင်မ..”

တိုင်းရစ်က အချိန်အတော်ကြာအောင်..တိတ်ဆိတ်နေပြီးကာမှ ခေါင်းခါယမ်းလိုက်တယ်..။

“..မဟုတ်ဘူး..။တကယ်လို့..SSA အဆင့်ရှိတဲ့ နိုးထသူ သုံးယောက်က..အိပ်မက်ဆိုး မျိုးစေ့ကို စိန်ခေါ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်..သူတို့က သူတို့ ဘာလုပ်နေကြတယ်ဆိုတာကို ကျိန်းသေ သိကြမှာပဲလေ..။တကယ်တော့..မင်းတို့ အစီအစဉ်က လည်း ချိန်သားကိုက် လောက်အောင် ကောင်းမွန်နေတယ် လို့ ပြောလို့ရပါတယ်..”

ဆန်နီ အနည်းငယ် မျက်မှောင်ကျုတ်လိုက်တယ်..။

‘ချိန်သားကိုက် တယ်တဲ့လား..။သူမက ဘာကိုဆိုလိုတာလဲ..”

သို့ပေမယ့်..ကောင်းကင်ဒီရေကတော့ ဒီအရာကို ရှင်းပြသွားခြင်း မရှိခဲ့ပါဘူး..။အဲဒီအစား သူမက အယ်ဖီကို ကြည့်ပြီး မေးလိုက်တယ်..။

“ မင်းတို့ ဘယ်ချိန် ထွက်ခွာကြမှာလဲ..”

မုဆိုးမိန်းကလေးက ပုခုံးတွန့်လိုက်ပြီး..

“ကတ်စီ နဲ့ ဆန်နီတို့က..ညဘုရားကျောင်းဆီကို သွားစရာ ကိစ္စလေးတွေ ရှိနေသေးတယ်..။ဒီတော့..သူတို့ပြန်လာတဲ့ အချိန်ကြရင် ကျွန်မတို့ စတင်ပြီး ထွက်ခွာကြမှာပါ..”

တိုင်းရစ်က ဆန်နီ ဘက်ကို လှမ်းပြီး ကြည့်လိုက်တယ်..။သူကပဲ စိတ်ထင်ယောင်ထင်မှား ဖြစ်နေတာလား..ဒါမှမဟုတ်..သူတော်စင်ရဲ့ အမူအရာကပဲ အမှန်တကယ် နက်မှောင် လာခဲ့တာလား..။

“မင်းက ညဘုရားကျောင်းကို သွားမလို့လား..ဆန်းလပ်စ်..”

သူ ခေါင်းညိမ့်လိုက်တယ်..။

“ဟုတ်ပါတယ်..။ဒါက ကျွန်တော်တို့ ပြင်ဆင်မူတွေရဲ့ တစ်စိတ်တစ်ပိုင်းပဲ.. ဘာဖြစ်လို့ပါလဲ..”

လှပတဲ့ သူတော်စင်ဟာ အချိန်အတော်ကြအောင်..တိတ်ဆိတ်နေပြီးကာမှ..ရိုးရှင်းစွာပဲ ပြောလာခဲ့တယ်..။

“မင်း အဲဒီကို ရောက်တဲ့အချိန်ကြရင် စည်းမျဉ်းတွေကို တင်းတင်းကြပ်ကြပ်လိုက်နာဖို့အတွက် ဂရုစိုက်ပါ..”

ဆန်နီ ယဉ်ကျေးစွာပဲ သဘောတူညီလိုက်တယ်..။

သို့ပေမယ့် အတွင်းထဲမှာတော့ အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်သွား ခဲ့ပါတယ်..။

‘ကောင်းပြီလေ..အဲတာက…နိမိတ်မကောင်းတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး..’

ကတ်စီကလည်း ညဘုရားကျောင်းနဲ့ ပတ်သက်ပြီး အနည်းငယ် စိုးရိမ်နေခဲ့တဲ့ ပုံပါပဲ..။

အဲတာက ဘယ်လိုနေရာမျိုး မို့လို့လဲ..။

အပိုင်း ( ၅၅၄ ) ပြီး၏။

All Chapters