← Chapters

သူငယ်ချင်းများနဲ့ ညစာ..

Vol. 37 Ch. 555

သူငယ်ချင်းများနဲ့ ညစာ..

Vol. 37 Ch. 555

ရက်အနည်းငယ်ကြာပြီးနောက်မှာတော့…အရသာရှိတဲ့ မွှေးကြိုင်မူတွေက..ဆန်နီရဲ့ အိမ်တစ်ခုလုံးထဲမှာ ပျံ့နှံ့နေခဲ့ပါတယ်..။လတ်တလောမှာတော့..သူက ပထမထပ်ရဲ့ မီးဖိုချောင်ခန်းထဲမှာ ရှိနေခဲ့ပြီး..ဟင်းချက်ကိရိယာ အချို့ကို ကိုင်တွယ်ကာ သာသာယာယာပဲ လေချွန်နေခဲ့တယ်..။မီးဖိုပေါ်မှာတော့..ဒယ်အိုးအချို့ နဲ့ အိုး အချို့ ရှိနေခဲ့ပြီး..သူ့ ဘေးပတ်လည်က စားပွဲခုံတွေ ပေါ်မှာတော့..လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေကို ဖြန့်ကျတ်ထားခဲ့ပါတယ်..။

“အာ..ဒီ ရနံ့က အတော်မွှေးတာပဲ..”

သူက ဘေးဘက်ကိုတစ်လှမ်းရွေ့လိုက်ပြီး..ဘယ်ကမှန်းမသိ ပေါ်လာတဲ့ ဓားတစ်ချောင်းကို အသုံးပြုကာ..အသီးအရွက်တွေကို စတင်ပြီး လှီးဖြတ်ပါတော့တယ်..။တြိဂံပုံစံ ဓားသွားက အရမ်းလျှင်မြန်စွာ လှုပ်ရှားနေခဲ့တာကြောင့်..မြင်တွေ့ရဖို့အတွက်တောင် ခက်ခဲနေခဲ့တယ်..။

အာလူးတွေကို အခွံနွှာတဲ့ အလုပ်ကို လုပ်ဆောင်နေရတဲ့ ရိမ်းကတော့..သူ့ကို နက်မှောင်တဲ့ အကြည့်နဲ့ ကြည့်လာခဲ့ပြီး..

“ဆန်နီ…ငါ နင့်ရဲ့ ရိုးသားမူ နဲ့ ကျွမ်းကျင်မူတွေကို သံသယဝင်နေတာတော့ မဟုတ်ပါဘူး..ဒါပေမဲ့..ငါ့ရဲ့ လေ့ကျင့်မူက အခုဆိုရင် ဘယ်လိုဖြစ်နေပြီလဲ..။နင်က ငါ့ကို စေ◌ျးပေါတဲ့ အလုပ်သမားတစ်ယောက် အဖြစ် သဘောထားနေတာတော့ မဟုတ်ပါဘူးနော်..။မဟုတ်ဘူး..ခနလေး..ဒါက စေ◌ျးပေါတာတောင် မဟုတ်တော့ဘူး..။တကယ်တော့..ငါက နင့်ကိုတောင် ပိုက်ဆံပြန်ပေးနေရသေးတာပဲ..”

ဆန်နီကတော့ သူလုပ်နေတဲ့ အလုပ်ကို ရပ်တန့်သွားခြင်း မရှိပဲ သူမကို မျက်မှောင်ကျုတ်ကာ ကြည့်လိုက်တယ်..။

“ဘာလို့လဲ..ဒါပေါ့..ငါက သေချာတာပေါ့..။ပြီးတော့..အဲတာက နင်ဓားကိုင်နေတဲ့ ပုံစံလား..။ဘုရားရေ..နင်က ဒီတိုင်း အာလူးတွေကို ထက်ဝက်ပိုင်းပြီး ရေထဲကို ပစ်ချနေတာလား..။အခုက အခွံနွှာ ခိုင်းနေတာနော်…နင့်ကို ဖျက်ဆီးခိုင်းနေတာ မဟုတ်ဘူး..သိရဲ့လား..။နင့်ရဲ့ကျွမ်းကျင်လိမ္မာမူ တွေက ဘယ်ရောက်သွားတာလဲ..။နင့်ရဲ့ တိကျမူတွေက ဘယ်ကိုရောက်သွားတာလဲ..။အဲဒီဓားကို ပိုကောင်းအောင် ထိန်းချုပ်ထားစမ်း..။ဒီအရာတွေက အရမ်းစေ◌ျးကြီးတယ်..”

ရိမ်းကတော့..သူ့ကို လောင်ကျွမ်းနေတဲ့ နောင်တရမူတွေနဲ့ အတော်ကြာအောင်..ကြည့်နေခဲ့တယ်..။ပြီးတဲ့နောက်မှ..လေးလံစွာ သက်ပြင်းချလိုက်ပြီး..အာလူးတွေကို ဆက်လက် အခွံနွှာနေလိုက်ပါတယ်..။

ဆန်နီ ပြုံးလိုက်တယ်..။

သူတို့ချက်ပြုတ်နေတာတွေကို ဝံပုလွေ တစ်ကောင်လို အမူအရာနဲ့ စောင့်ကြည့်နေတဲ့ အယ်ဖီကတော့ တံတွေးကို မြိုချလိုက်ပြီး..

“ဒီတော့..အာ..အခုထိ မကျတ်သေးဘူးလား..”

သူ့မျက်ခုံးတွေ ပင့်တင်သွားခဲ့တယ်..။

“..စက္ကန့်လေးဆယ်…ချီးပဲ..။လွန်ခဲ့တဲ့ စက္ကန့်လေးဆယ်တုန်းကလည်း နင်က ဒီမေးခွန်းကိုပဲ မေးခဲ့တာ မဟုတ်ဘူးလား..။ဒါက အကြိမ်တစ်ရာလောက် ရှိနေပြီ..။အဲ့အချိန်လောက်နဲ့ ဘာတွေ ပြောင်းလဲမယ်လို့ နင်က ထင်နေတာလဲ..”

အယ်ဖီ ပါးစပ်ကို ဖွင့်ပြီး ပြန်လည်ငြင်းခုန်ဖို့ ပြင်ဆင်လိုက်ပေမယ့်..အဲ့အချိန်မှာပဲ တံခါး ခေါင်းလောင်းက အသံမြည်လာခဲ့ပါတယ်..။

ဆန်နီ ရဲ့ မျက်လုံးထဲမှာ ညှင်းဆဲလိုတဲ့ အရိပ်အယောင်တွေ ရုတ်တရက်ပေါ်လာခဲ့တယ်..။

“အိုး..ဘယ်သူဖြစ်နိုင်မလဲ ငါတကယ် သိချင်မိတယ်..”

သူ ရိမ်းကို တစ်ချက်ကြည့်လိုက်ပြီး..ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်ပါတယ်..။

“ရိမ်း..ဘယ်သူလဲ သွားကြည်လိုက်စမ်း..”

ဆယ်ကျော်သက် မိန်းကလေးက သူမရဲ့ မျက်လုံးတွေကို ကွယ်နေတဲ့ ဆံပင်တစ်ချို့ကို လေနဲ့ မှုတ်ထုတ်လိုက်ပြီး..သူမရဲ့ လက်တွေကို ဧပရွန်နဲ့ သုတ်လိုက်ပါတယ်..။ယင်းနောက် သူ့ကို စိုက်ကြည့်လိုက်ပြီး..

“ဘာလဲ…ငါက အခုတော့ နင့်ရဲ့ တံခါးစောင့် ဖြစ်သွားပြန်ပြီလား..”

သူမက ညဉ်းညူစွာပဲ..လက်ထဲက ဓားကို ချကာ..တံခါးဆီကို လျောက်သွားပြီး ဖွင့်လိုက်ပါတယ်..။

ဆန်နီကတော့..သူမကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေခဲ့တယ်..။

ရိမ်း အပေါ်ကို မော့ကြည့်လိုက်တဲ့ အချိန်မှာတော့..မထင်မှတ်ထားတဲ့ ဧည့်သည်က အတော်လေး အရပ်ရှည်နေတာကို တွေ့လိုက်ရတယ်..။ပြီးတဲ့နောက်မှာတော့..သူမက ရုတ်တရက် အေးခဲသွားခဲ့ပါတယ်..။

သူမ မျက်နှာက ဖြူဖျော့သွားပြီး..ဖြူဖတ်ဖြူရော် ဖြစ်လုနီးပါးတောင် ဖြစ်နေခဲ့ပါပြီ..။သူမရဲ့ မျက်လုံးတွေကတော့..အတော်လေးကို ပြူူးကျယ်လာခဲ့တယ်..။သူမရဲ့ ပါးးစပ်ကတော့ လုံးဝကို အဟောင်းသားပါပဲ..။ဒါက မိန်းကလေးဟာ ထိပ်လန့်မူကြောင့်..မလှုပ်ရှားနိုင်ဖြစ်နေတဲ့ ပုံစံမျိုးတောင် ဖြစ်နေခဲ့တာပါ..။

ဆန်နီ သူ့ရဲ့ လေးလံတဲ့ ကူနယ်ကို အောက်ကို ချလိုက်ပြီး..လမ်းလျောက်သွားလိုက်တယ်..။

သူ လမ်းလျောက်နေတဲ့ အချိန်မှာတော့..ရိမ်းရဲ့ ပါးစပ်ကနေ ထူးဆန်းတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။

“န…န…..န”

အရပ်ရှည်ပြီး ဆွဲဆောင်မူရှိတဲ့ လူငယ်လေးကတော့..ဝင်ပေါက်မှာရပ်နေပြီး..ယဉ်ကျေး ဖော်ရွေတဲ့အပြုံးနဲ့ သူမကို ကြည့်နေခဲ့ပါတယ်..။သူ့ရဲ့ ဆံပင်က နီညိုရောင်ဖြစ်ပြီး အတော်လေး လှပကာ..သူ့ရဲ့ လျှပ်စစ်လို အစိမ်းရောင် မျက်လုံးတွေက အံ့ဩလောက်အောင် စွဲမက်ဖွယ်ကောင်းနေခဲ့တယ်..။သူက ရိုးရှင်းပေမယ့်..အတော်လေးကို စတိုင်ကျတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားခဲ့ပြီး..ဖက်ရှင်ကျတဲ့ နေကာမျက်မှန်နဲ့..mask တစ်ခုကို လက်က ကိုင်ထားခဲ့ပါတယ်..။

“အိုး..ကျွန်တော်တောင်းပန်ပါတယ်..။အိမ်မှားပြီး ဝင်လာမိပြီ ထင်တယ်..”

သူ့ရဲ့ အသံကတောင် ဆွဲဆောင်မူ ရှိနေခဲ့တာကြောင့်..နားထောင်သူအတွက် အတော်လေးကို စွဲမက်ဖွယ်ကေင်းနေခဲ့ပါတယ်..။

ရိမ်းက နောက်ဆုံးမှာတော့..စကားတစ်ခွန်း ပြောဖို့ အားထုတ်နိုင်လိုက်တယ်..။သူမရဲ့ အသံကတော့ ထိပ်လန့်မူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။

“န…နိုက်..”

ဆန်နီ သူမကို ခနလောက်ကြည့်ပြီး ခေါင်းခါယမ်းလိုက်ကာ..ကိုင်ကို ပြုံးပြလိုက်တယ်..။

“ညီအစ်ကို ..မင်းရောက်လာပြီပဲ..။တောင်းပန်ပါတယ်…ညစာက အခုထိ အဆင်သင့်မဖြစ်သေးဘူး..။လာ..လာ..အထဲကို အရင်ဝင်ပါဦး..”

ကိုင် က သူ့ကို ပြန်ပြုံးပြလိုက်ပြီး အထဲကို ဝင်လာခဲ့တယ်..။

ဆန်နီ လက်တစ်ဖက်ကို မြှောက်ပြီး ရိမ်း ရဲ့ နောက်ကျောဖက်ကို ပုတ်လိုက်တယ်..။ယင်းနောက် မျက်လုံးကျဉ်းမြောင်းသွားခဲ့ပြီး..ဒေါသထွက်သလို အမူအရာနဲ့ ပြောလိုက်ပါတယ်..။

“ရိမ်း..နင်က ဘာလို့ အဲ့တိုင်းကြီး ရပ်နေတာလဲ..။ငါ့ ညီအစ်ကို စီးဖို့ ဖိနပ်တစ်ရံသွား ယူပေးလိုက်ဦး..”

ယင်းနောက် သူ ကိုင်ဖက်ကို လှည့်ပြီး သက်ပြင်းချလိုက်တယ်..။

“တကယ်တောင်းပန်ပါတယ်..။ဒါက ရိမ်းလေ..။ငါ သင်ကြားပေးနေတဲ့ မိန်းကလေးပဲ..။သူမက တစ်ခါတစ်လေ ဆိုရင် အတော်လေးကို နှေးကွေးတာ..”

ကိုင် သူမကို ကြည့်ပြီး..သေလောက်အောင် ချစ်ဖို့ကောင်းတဲ့ ပါးချိုင့်လေးတွေ ပေါ်တဲ့ အထိ ပြုံးပြနေခဲ့ပါတယ်..။

“ငါကတော့ အဲလို မထင်ပါဘူး..။တွေ့ရတာ ဝမ်းသာပါတယ်..ရိမ်း..”

သူမက ပါးစပ်ဖွင့်ပြီး တစ်ခုခု ပြောဖို့ ကြိုးစားလိုက်ပေမယ့်..သူမရဲ့ ပါးစပ်ကနေ စကားလုံးတွေ ထွက်မလာခဲ့ပါဘူး..။

ဆန်နီ တစ်ခနလောက် စောင့်ဆိုင်းပြီးကာမှ..နောက်တစ်ကြိမ် ခေါင်းခါယမ်းလိုက်တယ်..။ပြီးတာနဲ့..သူက ကိုင် အတွက် အိမ်စီး ဖိနပ်တစ်ရံကို သွားယူပေးလိုက်ပါတယ်..။

“ကိုယ် အိမ်လိုပဲ သဘောထား..။ဒါက ဧည့်ခန်းပဲ..။ငါက မီးဖိုချောင်ထဲမှာ တစ်ခနတော့ ရှိနေရလိမ့်ဦးမယ်..။ဒါပေမဲ့ ကျေးဇူးပြုပြီး..ဘုရားသခင်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်..မင်း အယ်ဖီကို ခေါ်ထားပေးလို့ မရဘူးလား..။သူမက ငါ့ကို ရူးသွပ်သွားအောင် လုပ်ကြံနေတာ..”

ကိုင်က ရယ်မောလိုက်ပြီးသူ့ရဲ့ ပုခုံးကို ပုတ်လိုက်တယ်..။ပြီးတာနဲ့..မုဆိုး မိန်းကလေးကို နှုတ်ဆက်ဖို့အတွက် အထဲကို ဝင်သွားခဲ့ပါတယ်..။

လတ်တလော မှာတော့..ဆန်နီ နဲ့ ရိမ်း နှစ်ယောက်တည်းသာ ကျန်နေခဲ့ပါတော့တယ်..။

ဆယ်ကျော်သက်မိန်းကလေးက တစ်ခနလောက် အသက်ကို လေးလံစွာ ရူနေခဲ့ရတယ်..။ပြီးတဲ့ နောက်မှာတော့..သူမရဲ့ ညစ်ပတ်နေတဲ့ ဧပရွန်နဲ့ အာလူးတွေ ပေနေတဲ့ လက်ကို ငုံ့ကြည့်လိုက်ပါတယ်..။ထိပ်လန့်နေတဲ့ အမူအရာက သူမရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်..။

ယင်းနောက် သူမက ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ အတူပဲ သူ့ကို တီးတိုး မေးလိုက်တယ်..။

“ဆန်နီ..ဘာ….ဘာလို့…နိုက်က နင့်ရဲ့ အိမ်ကို ရောက်လာတာလဲ..”

သူ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပြီး ဒီမေးခွန်းကို နားမလည်တဲ့ ပုံစံ ဟန်ဆောင်နေလိုက်တယ်..။

“..နင် ဘာကိုဆိုလိုတာလဲ..။ကိုင်က ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းလေ..။ငါတို့က ညီအစ်ကို တွေလို့တောင် ပြောလို့ရတယ်..။နင် ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ..”

ဆန်နီ သူမကို လှောင်ပြောင်တဲ့ အနေနဲ့ ခေါင်းခါယမ်းလိုက်တယ်..။ရိမ်းကတော့ သူ့ကို အံ့ဩစွာ ကြည့်နေခဲ့ပြီး တစ်ခုခု ပြောဖို့ ဟန်ပြင်လိုက်ပါတယ်..။

သို့ပေမယ့် သူမ မပြောနိုင်ခင်မှာပဲ..တံခါးခေါင်းလောင်းက နောက်ထပ်တစ်ကြိမ် မြည်လာခဲ့ပါပြီ..။

ဆန်နီ တည်ငြိမ်စွာပဲ တံခါးကို ဖွင့်လိုက်တဲ့ အချိန်မှာတော့..ကိုယ်လုံးကိုယ်ပေါက် ပြေပြစ်ပြီး သိမ်မွှေ့စွာ လှပနေတဲ့ အမျိုးသမီးတးစ်ဦး ရဲ့ ပုံရိပ်က တံခါးပေါက်မှာ ပေါ်လာခဲ့ပါတယ်..။သူမက နူးညံ့တဲ့ အသွင်အပြင် ၊ ရွှေအိုရောင် ဆံပင် နဲ့ အံ့ဩသင့်ဖွယ်ကောင်းလောက်တဲ့ အပြာရောင် မျက်လုံးတွေကို ပိုင်ဆိုင်ထားခဲ့တယ်..။ငယ်ရွယ်တဲ့ အမျိုးသမီးက..နိမ့်ချစွာပဲ ဝတ်ဆင်ထားခဲ့ပေမယ့်..သူမဆီကနေ အကြည့်လွှဲဖို့ မဖြစ်နိုင်လောက်တဲ့ အော်ရာတွေက ထွက်ပေါ်နေခဲ့ပါတယ်..။သူမက သန့်ရှင်းစင်ကြယ်တဲ့ ကောင်းကင်ဘုံကနေ ဆင်းသက်လာတဲ့ နတ်သမီးတစ်ပါးလို ဖြစ်နေခဲ့ပြီး..ဒီလိုမျိုး ညစ်ပေပြီး..မပြီးပြည့်စုံမူတွေ ရှိနေတဲ့ သာမန်ကမ္ဘာကြီးက သူမနဲ့ လားလားမျှ မသက်ဆိုင်သလိုပါပဲ..။

သူမရဲ့ လက်ထဲမှာတော့..ရှည်လျားတဲ့ အဖြူရောင် တုတ်တစ်ချောင်းကို ကိုင်ဆောင်ထားခဲ့တယ်..။

ကတ်စီ ခနလောက် တွေဝေနေခဲ့ပြီးကာမှ..ဆန်နီ နဲ့ မျက်နှာချင်းဆိုင်ဖို့ပဲ အတွက် သူမရဲ့ ခေါင်းကို တစ်ခနလောက် လှည့်လိုက်ပါတယ်..။

“ငါ နောက်မကျဘူးလို့ မျှော်လင့်ပါတယ်..။

ရိပ်ကတော့..သူမကို သူရဲတစ်ကောင်ကို မြင်ရတဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့ပါတယ်..။

“..သ…သ…သံစဉ်…”

ယင်းနောက် သူမက ပထမတစ်ခေါက်ထက်တောင် ပိုပြူးကျယ်တဲ့ မျက်လုံးတွေနဲ့ ဆန်နီ ဖက်ကို လှည့်လိုက်တယ်..။

သနားစရာ သူမရဲ့ အခြေအနေကတော့ မေ့လဲကျတော့မလို‌တောင် ဖြစ်နေခဲ့ပါပြီ..။

ဆန်နီ တောက်ပစွာ ပြုံးလိုက်တယ်..။

“အာ…နောက်ဆုံးတော့…လက်စားချေနိုင်ခဲ့ပြီ..’

အပိုင်း ( ၅၅၅ ) ပြီး၏။

All Chapters