စက်တင်ဘာ.
Vol. 37 Ch. 552
..ဆောင်းဦးကာလ က အပြည့်အဝ ရောက်ရှိလာခဲ့တယ်..။နိုးထခြင်းကမ္ဘာမှာတော့..ကောင်းကင်က အညိုရောင်ဖြစ်နေပြီး..လေထုက အေးစက်နေခဲ့ပါပြီ..။သစ်ပင်တွေဟာ..အေးစက်နေတဲ့ မြေပြင်ပေါ်ကို..သေဆုံးနေတဲ့ သစ်ရွက်တွေနဲ့..ဖုံးလွှမ်းနေစေခဲ့တယ်..။
သို့ပေမယ့်..အဆုံးမရှိကျယ်ပြန့်ပြီး..အကန့်အသတ်တွေကင်းမဲ့တဲ့ ကောင်းကင်ယံရဲ့ အောက်ဖက်မှာတော့ ကမ္ဘာကြီးက..နွေးထွေးပြီး တောက်ပနေတုနး်ပါပဲ..။ကျောက်စိမ်းရောင် မြက်ပင်တွေနဲ့..အပျက်အစီးတွေကို ရေမှောတွေ ဖုံးလွှမ်းထားတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာတော့..ကြောက်မက်ဖွယ် အိပ်မက်ဆိုးသားရဲ တစ်ကောင်က..သားကောင်ကို ချောင်းမြောင်းနေခဲ့တယ်..။
သူ့ရဲ့ သန်မာတဲ့ ခြေလေးချောင်းရှိပြီး..ခန္တာကိုယ်ကိုလည်း..အနက်ရောင် အမွှေးတွေနဲ့ ဖုံးလွှမ်းထားခဲ့ပါတယ်..။ပြီးတော့ ကြီးမားတဲ့ ပါးစပ်ကြီးမှာလည်း ချွန်ထက်တဲ့ အစွယ်တွေ ရှိနေခဲ့သေးတယ်..။သူ့ရဲ့ အပေါ်မှာတော့…နီရဲနေတဲ့ မျက်လုံးတစ်စုံက..အမုန်တရားတွေ ..ရူးသွပ်မူတွေနဲ့အတူပဲ..ဒေါသတကြီး လောင်ကျွမ်းနေခဲ့ပါတယ်..။
သတ္တဝါဟာ..မြက်ပင်တွေကြားထဲကနေ တိတ်ဆိတ်စွာ ရွေ့လျားနေခဲ့ပြီး.ကျယ်လောင်တဲ့ အသံရဲ့ အရင်းအမြစ်ဆီကို ချည်းကပ်နေခဲ့တယ်..။လူသားတစ်ယောက်ရဲ့ အသံကတော့ ဒေါသတကြီး ထွက်ပေါ်နေခဲ့ပါတယ်.။
“ငါက ဒီမှာပဲ..။လာလေ..ငါ့ကို လာသတ်လေ..ခွေးမသား..။မင်းတို့ အားလုံးကို @ ပဲ..”
သတ္တဝါကြီးဟာ တစ်ချက် ဟိန်းဟောက်လိုက်ပြီး..ခုန်ဖို့ ပြင်လိုက်တယ်..။
..သို့ပေမယ့် သူ မခုန်နိုင်သေးခင်မှာပဲ..မြားတစ်ချောင်းက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာပြီး..သတ္တဝါရဲ့ ညာဖက်မျက်လုံးထဲကို စိုက်ဝင်သွားခဲ့ကာ..ချက်ချင်း သတ်ဖြတ်လိုက်ပါတယ်..။
သင်က ကျရှုံးမူအဆင့် သားရဲ..အနက်ရောင်..ဖျက်ဆီးသူ ကို သတ်လိုက်ပါပြီ
သင့်ရဲ့ အရိပ်က ပိုသန်မာလာခဲ့ပါပြီ..
မီတာ တစ်ရာကျော်လောက်အကွာမှာတော့..ရှေးဟောင်းနံရံ အကြွင်းအကျန်တွေကြားမှာ ပုန်းအောင်းနေတဲ့ ဆန်နီဟာ..လေးကို အောက်ချပြီး မျက်မှောင်ကျုတ်လိုက်တယ်..။ူ
ပျော်ရွှင်တဲ့ အရိပ်က အကြိမ်အနည်းငယ် ထခုန်လိုက်ပြီး..သူ့ဖက်ကို လှည့်လာကာ အားပေးမူတွေ ပြုလုပ်နေခဲ့ပါတယ်..ူ။
ဆန်နီ သူ့ကို ကြည့်လိုက်ပြီး..မျက်မှောင်ကျုတ်မူက ဒေါသထွက်မူအဖြစ်ကို ပြောင်းလဲသွားခဲ့တယ်..။
‘ပစ်ချက် ကောင်းတယ်ဆိုတာ မင်းက ဘာကိုဆိုလိုတာလဲ..။ငါက သူ့ရဲ့ ခြေထောက်ကို ချိန်ပစ်လိုက်တာ အရူးရဲ့..’
သူ စိတ်ပျက်စွာ ခေါင်းခါယမ်းလိုက်ပြီး..လေးကို မြေကြီးပေါ် ပစ်ချကာ..ညဉ်းညူလိုက်တယ်..။
အရိပ်နတ်ဘုရားရဲ့ အမွေအနှစ်ကို ရရှိပြီး..ချက်ချင်းပြန်ဆုံးရှုံးသွားတဲ့နေ့က နှစ်လလောက် ကြာခဲ့ပြီ ဖြစ်ပေမယ့် ဆန်နီရဲ့ ခံစားချက်တွေကတော့..ယိုယွင်းနေဆဲပါပဲ..။
သူက သူ့ရဲ့ အချိန်အများစုကို ရိမ်းနဲ့ လေ့ကျင့်ရင်း ကုန်ဆုံးစေပြီး..လေးကို ဘယ်လို အသုံးပြုရမလဲ ဆိုတာကိုပါ သင်ယူခဲ့ပါတယ်..။အခုတော့..သူ့ရဲ့ ချိန်ရွယ်မူတွေက သိပ်ပြီး မဆိုးဝါးတော့ပေ..။သိုပေမယ့်..သူ မြင်ခဲ့ရတဲ့ ကိုင် ရဲ့ ပစ်ခတ်မူတွေကိုတော့..အနီးအနားတောင် လိုက်မမှီနိုင်သေးပါဘူး..။သူ့ရဲ့ လေးအတတ်ပညာ တိုးတက်မူက အရမ်းကို နှေးကွေးနေတဲ့ အချက်ကလည်း ဆန်နီကို ပိုပြီး စိတ်ဆင်းရဲ စေပါတယ်..။
ဒါပေါ့ သူက ခွေးသားကို ဆုချထားခဲ့တဲ့ မော်ဂန် ရဲ့ စစ်ပွဲလေးကိုတော့ အသုံးမပြုပါဘူး..။ဒီမှတ်သားမူက ဘာလဲဆိုတာကို ကြောက်မက်ဖွယ် မာစတာကလွဲပြီး ဘယ်သူမှ မသိထားပေမယ့်..မှတ်သားမူ အပေါ်မှာ ထွင်းထုထားတဲ့ ဗာလာကလန်ရဲ့ တံဆိပ်က အရမ်းကို မှတ်မိလွယ်နေတာကြောင့်..မေးခွန်းထုတ်စရာတွေ ဖြစ်လာပါလိမ့်မယ်..။
အဲဒီအစား ဆန်နီက..အနက်ရောင်ဦးချိုလေးကို အသုံးပြုပြီး..လေ့ကျင့်နေခဲ့တယ်..။ဒါက ဆန်နီအနေနဲ့ ချိန်းကျွန်းစုပေါ်က သားရဲတွေကို တစ်ယောက်တည်း ရင်ဆိုင်ဖို့အတွက် အားနည်းနေခဲ့တဲ့ အချိန်တုန်းက သူတော်စင် ကိုင်ဆောင်ခဲ့တဲ့ လေးပါ..။
ဆန်နီ ဒီလေးကို မေးခွန်းထုတ်တဲ့ အကြည့်နဲ့ စိုက်ကြည့်ပြီး..ကန်ချင်စိတ်ကို မနည်းထိန်းချုပ်ထားခဲ့ရတယ်..။သူ ဒါကို သက်ပြင်းချကာ ပြန်ရုတ်သိမ်းလိုက်ပြီး..မြေကြီးထဲကို စိုက်ထားခဲ့တဲ့ ရက်စက်သော မြင်ကွင်းကို ဆွဲထုတ်လိုက်ပါတယ်..။ပြီးတာနဲ့ သားရဲ သေဆုံးသွားတဲ့ နေရာဆီကို ပြန်လျောက်သွားလိုက်တယ်..။
ချိန်း ကျွန်းစုကို ရောက်စတုန်းက အချိန်နဲ့ နှိုင်းယှဉ်လိုက်မယ် ဆိုရင် အခုချိန်မှာ ဆန်နီက အတော်လေးကို သန်မာနေခဲ့ပါပြီ..။သူ ပိုင်ဆိုင်ထားတဲ့ မှတ်သားမူ တွေကလည်း အတော်ကို များပြားပြီး..နောက်ထပ် အရိပ်အမြုတေ တစ်ခု နဲ့ တတိယမြောက် အမြုတေလည်း ရှိနေပါသေးတယ်..။ပြီးတော့..သူ့ရဲ့ ကိုယ်ခံပညာကျွမ်းကျင်မူကလည်း ရာနဲ့ချီတဲ့ သွေးစွန်းတိုက်ပွဲတွေကနေ..လေ့ကျင့်ယူထားခဲ့တာပါ..။
ဒါ့အပြင် ဝီဗာ ရဲ့ ကျိန်စာသင့်နေတဲ့ အမွေအနှစ်က..အရိပ်နတ်ဘုရားရဲ့ သွေးစက်ကို ဝါးမြိုလိုက်တာကြောင့်..သူ့ရဲ့ စွမ်းရည်သုံးခုက မြင့်တင်လိုက်သလို ဖြစ်သွားခဲ့ပါသေးတယ်..။နတ်ဘုရား မီးခဲ က အခုဆိုရင် နတ်ဘုရား မီးတောက် ဖြစ်နေခဲ့ပါပြီ..။ဒါက သူနဲ့ နတ်ဘုရားရဲ့ နီးစပ်မူကို ပိုမိုမြှင့်တင်ပေးခဲ့ပြီး..ထာဝရ ချိန်း ရဲ့ ခံနိုင်ရည်အားကိုလည်း ပိုမို မြင့်တက်စေပါတယ်..။
ဝီဗာ သွေး နဲ့ ဝီဗာ အရိုးတို့ရဲ့ အမည်က မပြောင်းလဲသွားကြပေမယ့်..သူတို့လည်း သန်မာသွားခဲ့ကြပါတယ်..။ဆန်နီက အခုဆိုရင် အတော်လေးကို သတ်ဖြတ်ခံရဖို့ ၊ စုတ်ဖြဲခံရဖို့ အတော်လေးကို ခက်ခဲနေခဲ့ပါပြီ..။သူ သေချင်တယ် ဆိုရင်တောင် သူ့အတွက်က သွေးထွက်လွန်ပြီး သေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..။ပြီးတော့..သူတော်စင် တစ်ယောက် ဒါမှမဟုတ် မော်ဂန် လို မာစတာ တစ်ယောက်မဟုတ်ရင် သူ့ရဲ့ အရိုးတွေကို ကျိုးသွားအောင် စွမ်းဆောင်နိုင်ဖို့ဆိုတာ ဖြစ်နိုင်မှာ မဟုတ်ပေ..။
အနည်းဆုံးတော့..ဒါက တစ်ခုခုပါပဲ…။
သူက သာမန်ကျောက်တုံးကို ပါးစပ်ပိတ်ထားဖို့ အမိန့်ပေးလိုက်ပြီး..မြေကြီးပေါ်ကနေ ကောက်ယူကာ..ခါးပတ်ထဲကို ထည့်လိုက်တယ်..။ပြီးတဲ့အခါမှ အနက်ရောင် ဖျက်ဆီးသူ ရဲ့ အလောင်းဆီကို သွားလိုက်ပါတယ်..။
ထိပ်လန့်ဖွယ်ကောင်းတဲ့ အရိပ်က ဖြည်းညှင်းစွာ ခေါင်းလှည့်လာပြီး..အလောင်းကို စိတ်အနှောက်ယှက်ဖြစ်တဲ့ အမူအရာနဲ့ ကြည့်လာခဲ့တယ်..။
‘ဒီကောင်..’
ဆန်နီ မျက်ခုံးပင့်တင်လိုက်ပြီး..
“အဲ့မှာပဲ ရပ်မနေနဲ့..တလွဲကောငင်…ဒီကို လာကူဦး..”
အရိပ်က တက်ကြွစွာပဲ သေဆုံးနေတဲ့ အိပ်မက်ဆိုးသားရဲ ရဲ့ အလောင်းကို ဖြတ်တောက်ဖို့လုပ်နေတဲ့ သုံးမြှောင့် ဆူးချွန်ကို ရစ်ပတ်လိုက်ပါတယ်..။
ဆန်နီဟာ..ဝိဉာဉ် အမြုတေကို ထုတ်ယူလိုက်ပြီး..တပ်မက်ခြင်း သေတ္တာထဲကို ပစ်ထည့်လိုက်တယ်..။ဒီအရာက လေထဲကို ခုန်တက်လာပြီး..အမြုတေကို ပါးစပ်နဲ့ဖမ်းကာ မြိုချလိုက်ပါတယ်..။ပုံမှန်ဆိုရင်တော့ ဒီလောက်ပဲ ဆိုပေမယ့် ဒီနေ့မှာတော့..ဆန်နီက တစ်ခြားအရာတွေကိုပါ ယူဖို့လိုအပ်နေပါသေးတယ်..။သူက မကြာခန မျက်နှာရှုံ့မဲ့ပြီး..အလောင်းကောင်ရဲ့ ကြီးမားတဲ့ အသားတစ်ချို့ကို..ဖြတ်တောက်လိုက်တယ်..။ပြီးတာနဲ့ သေချာထုတ်ပိုးပြီး သူ့ရဲ့ ပုခုံးပေါ်ကို တင်လိုက်ပါတယ်..။
“ဒါက လုံလောက် လောက်ပါပြီ..။ဟုတ်တယ်မလား..”
နောက်ဆုံး သူလုပ်စရာတွေ ပြီးသွားတဲ့ အချိန်မှာမှ..သူက မတ်တတ်ထရပ်လိုက်ပြီး..ရက်စက်သေား မြင်ကွင်းကို ကောက်ကိုင်ကာ..ကြီးမားတဲ့ ကျွန်းရဲ့ တောင်ဘက် အစွန်းတစ်နေရာဆီကို လျောက်လာခဲ့ပါတယ်..။
ကောင်းမွန်တဲ့ အချက်အနေနဲ့ ဒီကျွန်းက နည်းနည်းတော့ ထူးခြားပါတယ်..။
ဆန်နီက ကျွန်းရဲ့ အစွန်းကို ရောက်လာတဲ့ အချိန်မှာတော့..အသက်ရူမှားလောက်ဖွယ် မြင်ကွင်းတစ်ခုကို မြင်လိုက်ရတယ်..။
သူ့ အောက်ဖက် အတော်ဝေးဝေးမှာတော့..လေပေါ်မှာ မျှောလွင့်နေတဲ့ ကျွန်းငယ်တွေ ရှိမနေကြတော့ပါဘူး..။အဲဒီအစား..သစ်တောတွေ ၊ မြက်ခင်းတွေ ၊ ရွံ့နွံတွေ ၊ တောင်တန်းတွေ နဲ့ တောက်ပတဲ့ မြစ်ကြီးတွေနဲ့ ဖုံးလွှမ်းနေတဲ့ မာကျောတဲ့ ကုန်းမြေကြီးကိုသာ တွေ့လိုက်ရပါတယ်..။
နက်မှောင်တဲ့ အဆုံးမရှိချောက်နက်ကြီးကတော့..ကျွန်းရဲ့ အစွန်းနဲ့ အိပ်မက်ကမ္ဘာရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေ ကြားထဲမှာ တည်ရှိနေခဲ့တယ်..။ပြီးတော့..ဒီမြစ်ကြီးတွေက..ချောက်နက်ကြီးထဲကို စီးဆင်းပြီး ..အလွန်ကြီးမားတဲ့ ရေတံခွန်ကြီးတွေ ဖြစ်နေခဲ့ပါတယ်..။
သူ ရပ်နေတဲ့ နေရာ အနားမှာတော့..ချွန်းကျွန်းစုရဲ့ ပျက်ဆီးနေတဲ့ ခံတပ်တစ်ခု ရှိနေခဲ့ပြီး..သူ့ရဲ့ ဂိတ်ပေါက်ဝမှာရှိနေတဲ့ ကြီးမားတဲ့သံကြိုးကြီးတွေက..ချောက်နက်ကြီးထဲကို ဆန့်တန်းကာ..တစ်ဖက်မှာရှိတဲ့ မြေဆီလွှာဆီကို ဆက်သွယ်ထားခဲ့ပါတယ်..။ဒီ ချိန်းကြိုးကြီးက..ကျွန်းတွေကို ဆက်စပ်ပေးထားတဲ့ ချိန်းကြိုးထက် အဆပေါင်းများစွာ ပိုပြီး ကြီးမားတာပါ..။
ဒီနေရာက..ချိန်းကျွန်းစုရဲ့ ခံတပ်တွေထဲက တစ်ခုဖြစ်ပြီး..ကြီးမြတ်သော ဗာလာ ကလန် ပိုင်ဆိုင်တဲ့ တောင်ဘက်နယ်မြေက နိုးထသူတွေဟာ..ကျွန်းစုတွေဆီကို ခရီးထွက်ချင်တယ် ဆိုရင် ဒီလမ်းကြောင်းကို အသုံးပြုကြရပါတယ်..။ဒါက ဒီအိပ်မက်ကမ္ဘာထဲမှာ လူသားတွေ ပိုင်ဆိုင်ထားတဲ့ နေရာတွေထဲက တစ်ခုပါပဲ..။
ဆန်နီ နေကို ကြည့်လိုက်ပြီးနောက်မှာတော့..မီးဖိုရင်းအလုပ်ရှုပ်နေခဲ့တယ်..။
အသားတွေကို မီးကျီခဲ တွေပေါ်မှာ ကင်နေတုန်းမှာပဲ..နောက်ဆုံးမှာတော့ အရိပ်နှစ်ခုက ကြီးမားတဲ့ ချိန်းကြိုးကြီးပေါ်မှာ ပေါ်လာခဲ့ကြပါတယ်..။
ဆန်နီ ရဲ့ မျက်နှာပေါ်မှာ ပထမဆုံး အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့တယ်..။ဒါက လွန်ခဲ့တဲ့ နှစ်လအတွင်းမှာ သူ့ စိတ်ထဲက နှစ်နှစ်ကာကာ ပြုံးခဲ့တဲ့..အနည်းငယ်သော အပြုံးတွေထဲက တစ်ခုပါပဲ..။
နောက်ဆုံးမှာတော့..အယ်ဖီနဲ့ ကိုင်တို့က..ချိန်းကျွန်းစု ဆီကို ရောက်လာခဲ့ကြပါပြီ..။
အခုတော့..သူတို့အားလုံးက ချိန်းကျွန်းစု ပေါ်မှာပါ..။
အပိုင်း ( ၅၅၂ ) ပြီး၏။