← Chapters

တပည့်အသစ်နှစ်ဦး

Vol. 31 Ch. 442

တပည့်အသစ်နှစ်ဦး

Vol. 31 Ch. 442

…

သေခြင်းရှင်ခြင်းခန်းမအဖွဲ့ဝင်များ ထိုနေရာမှ ထွက်ခွာသွားကြပြီးနောက် ရူဘီသည် အာရန်နှင့်အတူ ဘယ်လက်ရုံးအစောင့်အရှောက်ဘေးတွင် ကျန်နေရစ်ခဲ့၏။

အာရန်သည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ရာ သူ၏ ဖြူဖျော့သော အသားအရည် သည် ပြန်လည်ကောင်းမွန်လာခဲ့သည်။

အခုတော့ ဟန်ဆောင်နေရန် မလိုအပ်တော့ပေ။

“သခင်ရှင့် ကျွန်မ သူ့ကို ဘယ်လိုလုပ်လိုက်ရမလဲ”

ဘယ်လက်ရုံးအစောင့်အရှောက်သည် ရူဘီအား စိုက်ကြည့်ပြီး အာရန်၏တုံ့ပြန်မှုကို စောင့်နေခဲ့လေသည်။

ရူဘီသည် ခေါင်းကို မော့လိုက်သောအခါ သူမ၏အကြည့်တွင် ထူးဆန်းနေခဲ့ပြီး အာရန်နှင့် ဘယ်လက်ရုံးအစောင့်အရှောက်ကို တစ်လှည့်စီ စိုက်ကြည့်နေခဲ့မိ၏။

ဘယ်လက်ရုံးအစောင့်အရှောက်က အာရန်အား သူမ၏ သခင်ဟု ခေါ်လိုက်သည်ကို သူမများ ထပ်မံ၍ နားကြားမှားသလားဟု သံသယဝင်မိလိုက်သည်။

“သူမကို စိုးရိမ်စရာမလိုပါဘူး”

အာရန်သည် ရူဘီဆီသို့ ပိုမိုနီးကပ်စွာ လျှောက်လာလိုက်ပြီး သူမ၏ ဦးခေါင်းပေါ်တွင် လက်တစ်ဖက်ကို တင်လိုက်၏။

အာရန်သည် သူမ၏ မှတ်ဉာဏ်များအပေါ် ကန့်သတ်ထားခဲ့သောအရာအချို့ကို ပြန်လည် ဖယ်ရှားပေးလိုက်ပြီး သူမအား ယခင်ကိစ္စအဝဝကို ပြန်လည် အမှတ်ရစေလိုက်သည်။

သူမသည် အာရန်အား အစေခံတစ်ဦးအနေဖြင့် ကောင်းမွန်စွာ မဆက်ဆံခဲ့ပေ။

ထိုအချိန်က သူမသည် သူမ ဖခင်အား သတ်ခဲ့သူများကိုသာ ပိုမိုအာရုံစိုက်နေမိခဲ့သည်။

သို့သော် အာရန်သည် ထိုအရာအတွက် သူမကို အပြစ်မတင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူသာ သူမနေရာတွင်ဆိုလျှင်လည်း အလားတူပင် လုပ်ဆောင်မိလိမ့်မည်ဟု ယုံကြည်မိခဲ့သောကြောင့်ပင်။

ထို့ပြင် အာရန်သည် အစေခံတစ်ဦးအနေဖြင့် သူ့အပေါ် ကောင်းမွန်သော ဆန္ဒများ ပေါ်ပေါက်လာစေရန် ရူဘီအပေါ်တွင် မှားယွင်းသော မှတ်ဉာဏ်များကို ဖန်တီးခဲ့ခြင်း မရှိခဲ့ပေ။

သူမ၏ မှတ်ဉာဏ်များကို ခြယ်လှယ်မှုအချို့ပြုလုပ်ခြင်း၏ တစ်ခုတည်းသောအကြောင်းပြချက်မှာ သူမသည် သူ့ထက်အရင်ဝိညာဉ်ရှာဖွေမှုပြုလုပ်ခံရနိုင်ချေရှိသည်အား သူ စိုးရိမ်မိခဲ့သောကြောင့်ပင်ဖြစ်၏။

အာရန်၏ ရူဘီအပေါ်ကန့်သတ်မှုအချို့သည် သူမ၏ဝိညာဉ်ကို ကာကွယ်ရန် နည်းလမ်းတစ်ခုသာဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူ၏ လျှို့ဝှက်ချက်များကို မပေါက်ကြားစေရန်လည်း ဖြစ်လေသည်။

တစ်စုံတစ်ဦးက သူမကို ဝိညာဉ်ရှာဖွေခြင်းမှတစ်ဆင့် သူ၏ဟန်ဆောင်မှုများကို ရှာဖွေတွေ့ရှိပါက သူ၏ ဝိညာဉ်ကို ရှာဖွေရန် မလိုအပ်တော့သဖြင့် နှစ်ဖက်မျက်နှာဖုံးဖြင့် ထောင်ချောက်ဆင်မှုသည် အလုပ်ဖြစ်တော့မည်မဟုတ်ပေ။

ယခုမူ ထိုထောင်ချောက်သည် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိသွားပြီဖြစ်၍ ဤထိမ်းချုပ်မှုကို ဆက်လက်ထားရှိရန် မလိုအပ်တော့ချေ။

သို့သော်လည်း ကြိုတင်ကာကွယ်မှုအနေဖြင့် အာရန်သည် သက်ရောက်မှုအချို့ကိုမူ ချန်ထားရစ်ခဲ့သေးသည်။

တစ်စုံတစ်ဦးမှ အနာဂတ်တွင် သူမ၏မှတ်ဉာဏ်များကို ထပ်မံစူးစမ်းရန် ကြိုးစားပါက အဆိုပါ ကာကွယ်မှုသည် ချက်ချင်း အကျိုးသက်ရောက်မှု ရှိလာလိမ့်မည် ဖြစ်သည်။

“မင်း ကြမ်းပြင်ပေါ်မှာ ဘယ်လောက်ကြာကြာ ဆက်ဒူးထောက်နေဦမှာလဲ”

အာရန်သည် သူ့အား စိတ်ရှုပ်ထွေးစွာဖြင့် စိုက်ကြည့်နေသော မိန်းကလေးအား မေးလိုက်သည်။

“ကျွန်မ ဘာလုပ်မိခဲ့တာလဲ...”

ရူဘီ ထရပ်လိုက်ပြီး သူမကိုယ်သူမ မယုံကြည်နိုင်‌သေးပေ။

သူမသည် ဘယ်လက်ရုံးအစောင့်အရှောက်အားကာကွယ်ရန်အတွက်နှင့် အာရန်အား ဆန့်ကျင်ကာ သေခြင်းရှင်ခြင်းခန်းမမှလူများကို ဤနေရာသို့ ခေါ်လာခဲ့သည်တဲ့လား။

အာရန်သည် သူမ၏နဖူးကို ညင်သာစွာ ခေါက်လိုက်သည်။

“ခုကိုယ့်ကိုယ်ကို အပြစ်တင်မယ်ဆိုရင် နောက်တစ်ကြိမ်မှာ ပိုပြီးနာကျင်ရလိမ့်မယ်”

ရူဘီသည် ကလေးတစ်ဦးကဲ့သို့ သူမ၏နဖူးကို ပြန်လည် ပွတ်သပ်လိုက်သည်။ နောက်တစ်ကြိမ်တွင် ပိုပြီးနာကျင်လိမ့်မည်ဆိုခြင်းသည် သူ ဘာကိုဆိုလိုသနည်း။

ထိုသူသည် သူမည်မျှ သန်မာသည်ကိုပင် သူ့ကိုယ်သူ မေ့သွားခြင်းလော။

ညင်သာသော ခေါက်ရုံမှုလေးတစ်ခုသည်ပင် သူမအား နာကျင်သွားစေသည်။

ထိုအရာကို သူသည်သူမအား ပြုလုပ်ခဲ့မည်ဆိုပါက သူမမည်သို့ခံစားရမည်နည်း....။

ရူဘီသည် ဆက်လက်အတွေးပွားနေလိုက်မိ၏။

“ဘာလို့ ဘယ်လက်ရုံးအစောင့်အရှောက်က ရှင့်ကို သခင်လို့ ခေါ်နေတာလဲ” သူမသည် သိချင်စိတ်ကိုမထိမ်းချုပ်နိုင်တော့ပဲ မေးလိုက်မိသည်။

အာရန်တစ်ယောက် သူမအား ဤကဲ့သို့ စကားပြောနေပုံကိုထောက်ရှုချက်အရ သူသည် ဘယ်လက်ရုံးအစောင့်အရှောက်အား ဂရုံမစိုက်သည်မှာ ရှင်းလင်းနေ၏။

၎င်းသည် သူ၏ဝိညာဉ်ကို ရှာဖွေခံရသည့်အချိန်မှစ၍ အရာအားလုံးပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

ဝိညာဉ်ရှာဖွေခြင်းက လူများအပေါ် ဤကဲ့သို့သော အကျိုးသက်ရောက်မှုမျိုး ပင် ရှိနိုင်သလောဟု ရူဘီတစ်ယောက် ထပ်မံ တွေးမိလိုက်သည်။

“မင်း အဲဒါကို စိုးရိမ်စရာမလိုပါဘူး။ သူမက ငါတို့ထဲက တစ်ယောက်ဖြစ်သွားပြီဆိုတာပဲ မှတ်ထားပါ” အာရန်သည် သူ့အား မယုံကြည်နိုင်စွာ စိုက်ကြည့်နေသော ရူဘီအား ပြန်ပြောလိုက်သည်။

သူမသည် စူပါဟီးရိုးတစ်ဦးအား ငေးကြည့်နေသော ကလေးငယ်တစ်ဦးပမာ ဖြစ်နေလေသည်။

အာရန်သည် မည်ကဲ့သို့သော လူမျိုးဖြစ်သနည်း။

သူက ဘယ်လက်ရုံးအစောင့်အရှောက်ကဲ့သို့ ဖြစ်တည်မှုမျိုးကိုပင် သူ၏ ဘက်သို့ ပါအောင် အချိန်တိုအတွင်း လုပ်ဆောင်နိုင်ခဲ့သည်။

ဤကမ္ဘာတွင် သူ မလုပ်နိုင်တာ ဘာရှိဦးမည်နည်း။

“ဒီနေ့ကစပြီး တခြားသူတွေရဲ့အမြင်မှာ ငါတို့နှစ်ယောက်ဟာ သူမရဲ့ တပည့်တွေဖြစ်လာပြီ။ ဒါကြောင့် အခုကစပြီး ခေါ်ဝေါ်သုံးနှုန်းမှုတွေ ပြန်ပြောင်းထားတော့”

အာရန်သည် ဘယ်လက်ရုံးအစောင့်အရှောက်နှင့်အတူ အကျဉ်းခန်းအတွင်းမှ ထွက်လာရင်း ရူဘီအား ပြောလိုက်၏။

နစ်ခရိုမန်ဆာမျှော်စင်တွင် လွတ်လပ်စွာ လှုပ်ရှားနိုင်ရန် သူသည် အထူးအခွင့်အရေးတစ်ခု လိုအပ်လေသည်။

ဘယ်လက်ရုံးအစောင့်အရှောက်၏ တပည့်ဖြစ်လာခြင်းမှ ရရှိလာနိုင်မည့် အခွင့်အရေးများသည် ယခုအချိန် သူ အမှန်တကယ် လိုအပ်နေသည့်အရာပင်တည်း။

“ငရဲတံခါး အပြည့်အဝ ပွင့်ဖို့ အချိန် ဘယ်လောက်လိုဦးမလဲ”

လူသူကင်းရှင်းနေသော လမ်းကြားလေးတစ်ခုကို ဖြတ်လျှောက်နေရင်း အာရန်သည် ကီလီယာအား မေးလိုက်သည်။

“အမြန်ဆုံးတွက်မယ်ဆိုရင်တော့ သုံးပတ်လောက်ကြာနိုင်ပါတယ်” ဘယ်လက်ရုံးအစောင့်အရှောက်က ပြန်ဖြေလိုက်သည်။

“သုံးပတ်လား..”

အာရန်သည် သူ၏စနစ်သိုလှောင်ခန်းအား ကြည့်ရင်း မေးလိုက်သည်။

ငရဲလက်မှတ်ကို သူ၏စနစ်သိုလှောင်ခန်းတွင် ထားရှိခဲ့သည်။

နစ်ခရိုမန်ဆာမျှော်စင်သို့ သူ မရောက်လာမီ ၎င်းငရဲလက်မှတ်သည် ၎င်းအားအသက်သွင်းရန်အတွက် မှန်ကန်သောနေရာတွင်သာ ရှိနေရန် လိုအပ်ကြောင်း ဖော်ပြခဲ့သည်။

ယခု သူသည် မှန်ကန်သောနေရာသို့ ရောက်ရှိနေပြီဖြစ်သဖြင့် အခြားအရာတစ်ခုကို ထပ်မံသိလိုက်ရသည်။

ထို ငရဲလက်မှတ်၏ အောက်ခြေတွင် အချိန်ရည်တွက်သည့်တစ်စုံတစ်ရာ‌ပေါ်လာခဲ့ပြီး သုံးပတ်ခန့်အချိန်ကို ပြသနေလေ၏။

‘ဒါဆို ဒီငရဲလက်မှတ်ကလည်း ငရဲတံခါးမပွင့်ခင် ငါ့ကို အထဲဝင်ခွင့်မပေးဘူးပေါ့’

အာရန်သည် မျက်မှောင်ကြုတ်ရင်း သူ၏နဖူးကိုသာ ပြန်ပွတ်သပ်နေမိတော့သည်။

ဆိုလိုသည်မှာ သူသည် မျှော်စင်သခင်အပါအဝင် အခြားသူများနှင့် တစ်ချိန်တည်းမှာမှ ငရဲသို့ ဝင်ရောက်ခွင့်ရမည်ဖြစ်ပြီး ၎င်းက သူ့အတွက်အရာများကို ပိုမို၍ပင် ခက်ခဲသွားစေလေသည်။

‘ဒါက အကောင်းဆုံးလဲ ဖြစ်လာနိုင်တာပဲလေ’ ဟု အာရန်သည် သူ့ကိုယ်သူ အားပြန်ပေးလိုက်သည်။

ယခု သူသည် ပင်လယ်နဂါးဧကရီနှင့် တွေ့ဆုံရန် အချိန်ကျရောက်နေပြီဖြစ်၍ ထိုအတောအတွင်း ကောင်းကင်နဂါး၏နှလုံးသားကို ပြန်လည်ရယူရန် ကျိုးစားနိုင်ပေသေး၏။

အာရန်သည် ဘယ်လက်ရုံးအစောင့်အရှောက်အား အလွန်တိကျသော ညွှန်ကြားချက်အနည်းငယ်ပေးရန် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုတစ်မျိုးကိုသာ အသုံးပြုလိုက်သည်။

ဘယ်လက်ရုံးအစောင့်အရှောက်သည် အာရန်၏ ညွှန်ကြားချက်များကို ခေါင်းညိတ်လက်ခံလိုက်လေသည်။

သူမသည် ခန်းမရင်ပြင်တစ်ခုတွင် အဖွဲ့ဝင်များအား စုဝေးရန် ခေါ်လိုက်ပြီး အားလုံးရှေ့တွင်ပင် အာရန်နှင့် ရူဘီအား သူမ၏တပည့်များအဖြစ် လက်ခံလိုက်၏။

သူမ၏ ထိုကြေညာချက်က အားလုံးအား အံ့အားသင့်စေခဲ့သည်။

မကြာသေးခင်ကမှ ၎င်းချာတိတ်နှစ်ဦးသည် အကျဉ်းသားများဖြစ်ခဲ့ကြပြီး ယခုတော့ ဘယ်လက်ရုံးအစောင့်အရှောက်၏ တပည့်များ လျှင်မြန်စွာ ဖြစ်သွားကြသည်တဲ့လား။

လီယိုရိုတန်ဟိမ်းတစ်ယောက်မှာမူ ပို၍ပင် အံ့အားသင့်ခဲ့ရသည်။

သူသည် အာရန်အား တပည့်အဖြစ် လက်ခံရန် သူ၏ဆရာဆီမှ တုံ့ပြန်မှုကို စောင့်ဆိုင်းနေဆဲဖြစ်သည်မဟုတ်ပါလား...။

ကံမကောင်းစွာဖြင့် သူ၏ဆရာသည် ငရဲတံခါးမှ လွတ်မြောက်လာမည့် အရာများကို ကိုင်တွယ်ဖြေရှင်းနေရသောကြောင့် အလုပ်များနေလေသည်။

သူသည် မည်သည့်ဆက်သွယ်မှုကိုမှ စစ်ဆေးရန် သို့မဟုတ် ပြန်လည်တုံ့ပြန်ရန်ပင် အချိန်မရခဲ့ပေ။

ဘယ်လက်ရုံးအစောင့်အရှောက်က ထိုအခွင့်အရေးကို အရယူနိုင်ခဲ့သည်အား လီယို တစ်ယောက် ကြိတ်မနိုင်ခဲမရဖြစ်နေရခြင်းဖြစ်၏။

သူမသည် အာရန်၏ မွေးရာပါ ခန္ဓာကိုယ်ပုံစံကို သဘောပေါက်သွားသောကြောင့် ဖြစ်ရမည်ဟု သူ သေချာသိနေခဲ့သည်။

လွဲချော်သွားသော အခွင့်အရေးအတွက် လီယိုသည် သူ၏ လက်သီးကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ထားနိုင်ခဲ့ပြီး တအောင့်ကြာသော် ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။

အခြားသူများမှာလည်း ဘယ်လက်ရုံးအစောင့်အရှောက်၏ ရွေးချယ်မှုအတွက် ပို၍ပင် စိတ်ရှုပ်ထွေးနေခဲ့ကြသည်။

သို့သော် ကီလီယာသည် သူမ၏အကြောင်းပြချက်များကို မည်သူ့ကိုမှ ရှင်းပြရန် မလိုအပ်ပေ။

ထို့နောက် ဘယ်လက်ရုံးအစောင့်အရှောက်သည် အန်ညာအား သူမ၏ တပည့်သစ်နှစ်ဦးကို ဂရုစိုက်ရန်နှင့် ၎င်းတို့ ဘာအန္တရာယ်မှ မကြုံတွေ့စေရန် စောင့်လျှောက်ပေးရန် ညွှန်ကြားလိုက်သည်။

အန်ညာသည် အရာရာကို မယုံကြည်နိုင်ဖြစနေသေးသော်လည်း သူမ ဆရာမ၏ စကားကို မဆန့်ကျင်နိုင်ခဲ့ပေ။

သူမသည် ဤလူနှစ်ဦးကို မုန်းတီးနေသော်လည်း သူမ၏ဆရာမက ၎င်းတို့ကို ရွေးချယ်ထားပြီးဖြစ်သောကြောင့် ကြိတ်မှိတ်၍ လက်ခံရုံသာတတ်နိုင်ခဲ့သည်။

“ဆရာမရှင် ကျွန်မ တာဝန်တစ်ခုအတွက် မျှော်စင်ကနေ အပြင်ကို ထွက်ခွာရပါမယ်။ ဒီအတောအတွင်း သူတို့ကို သွန်သင်ညွှန်ပြပေးနိုင်မှာမဟုတ်ဘူး။ အခုလောလောဆယ်တော့ တခြားသူတွေကို အကူအညီတောင်းလို့ဖြစ်တယ်မလား”

“ဒါဆို သူတို့ကို မင်းနဲ့အတူ ခေါ်သွားလိုက်လေ။ ငါတို့ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ သူတို့ကို အတွေ့အကြုံယူခိုင်းလိုက်ပေါ့”

ဘယ်လက်ရုံးအစောင့်အရှောက်က အန်ညာအား ပြန်ပြောလိုက်ရာ သူမ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းနေ၏။

အာရန်သည် သူမအား မျှော်စင်မှ ခဏတာ ထွက်ခွာရန် တစ်ခုခု စီစဉ်ပေးဖို့ တောင်းဆိုခဲ့ပြီးဖြစ်သည်။

ဘယ်လက်ရုံးအစောင့်အရှောက်သည် အခြားသူများအား သံသယ မဝင်မိစေရန် ဤအကြောင်းပြချက်ကိုသာ ပေးနိုင်ခဲ့သည်။

#Catfoot

All Chapters