← Chapters

လအရိပ်ရေခဲခန္ဓာ

Vol. 31 Ch. 446

လအရိပ်ရေခဲခန္ဓာ

Vol. 31 Ch. 446

...

ကောင်းချီးစွမ်းအင်သည် မြောက်ပိုင်းတိုက်မှလူများအတွက် အဆိပ်တစ်ခုနှင့်ဆင်တူလေသည်။

ထိုနည်းတူပင် သေခြင်းစွမ်းအင်များသည်လည်း သန့်စင်ဘုရားကျောင်းမှ လူများအတွက် အဆိပ်ကဲ့သို့ဖြစ်လေ၏။

ထိုသို့ဆိုနိုင်သော်လည်း ဤပုဂ္ဂိုလ်သည် ကောင်းချီးစွမ်းအင်ဖြင့် သန့်စင်ထားသော ဓားမြှောင်အား လက်ဖြင့်ပင်ဆုတ်ကိုင်ထားပြီး သူ၏လက်ထဲမှ ပူလောင်နေသောခံစားမှုကို အနည်းငယ်မျှပင် တုံ့ပြန်ခြင်းမရှိခဲ့ပေ။

ထိုစဉ် ထိုသူ၏လက်ထဲတွင် အနက်ရောင်မီးတောက်တစ်ခု ပေါ်လာခဲ့ပြီး ၎င်းက ကောင်းချီးစွမ်းအင်ဖြင့် ပြုလုပ်ထားသော ဓားမြှောင်၏ အစွမ်းများကို ဖျက်ဆီးပစ်လိုက်သည်။

ရွှေရောင်တောက်ပနေသော ဓားမြှောင်သည် ချက်ချင်းပင် အနက်ရောင် ပြောင်းလဲသွားခဲ့ပြီး မူရင်းပုံစံနှင့် အနည်းငယ်မျှပင် မတူတော့သည့်အထိ ပြောင်းလဲသွားခဲ့သည်။

“ဒါက လက်ဆောင်ကောင်းလေးပဲ” ညွှန်ကြားရေးမှူးက သေခြင်းစွမ်းအင်များဖြင့်ဖြင့် လုံးဝအသွင်ပြောင်းပစ်လိုက်သော ဓားမြှောင်ကို ကြည့်ရှုနေရင်း အာရန်အား ပြန်ပြောလိုက်၏။

ကောင်းချီးစွမ်းအင်သည် သူ့အတွက် အဆိပ်ဟုဆိုနိုင်သော်လည်း ၎င်းအား အသုံးပြုတတ်ပါက ပိုမိုအားကောင်းသော တန်ပြန်အဆိပ်တစ်မျိုးကို ရိုးရှင်းစွာပင်ပြုလုပ်နိုင်ပေသည်။

“ကံမကောင်းစွာနဲ့ ငါ ဒီလက်ဆောင်ကို လက်မခံနိုင်ဘူး။ ဒါကြောင့် မင်းကိုပဲ ပြန်ပေးလိုက်မယ်”

ညွှန်ကြားရေးမှူးသည် သူ၏ စကားပင် မဆုံးသေးခင် လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားမြှောင်သည် အာရန်ဆီသို့ လျင်မြန်စွာ ပြန်လည်ဦးလှည့်သွားခဲ့၏။

သူ၏ မြင့်မားသော အာရုံခံစွမ်းရည်များဖြင့်ပင် အာရန်သည် ဓားမြှောင်အား မနည်းပင် အာရုံခံလိုက်ရသည်။

၎င်းဓားမြှောင်သည် ဟင်းလင်းပြင်ဥပဒေသများကို အသုံးပြု၍ လာနေသကဲ့သို့ ပတ်ဝန်းကျင်ရှိ သက်ရောက်မှုများကိုပင် ဆန့်ကျင်စွာမြန်ဆန်လွန်းနေခဲ့၏။

အာရန်သည် ဓားမြှောင်အား တုံ့ပြန်နိုင်ရန်ပင် အရှိန်မြှင့်တင်မှုအစွမ်းကို မသိစိတ်မှနေ၍ အလျင်အမြန်ပင် အသုံးပြုလိုက်ရသည်။

ထို့နောက် အာရန်၏ ခန္ဓာကိုယ်သည် ပို၍မြန်ဆန်လာခဲ့ပြီး အချိန်က သူ့အတွက် နှေးကွေးသွားသလို ခံစားလိုက်ရသည်။

သူသည် ဘေးသို့ ပွတ်ခါသီခါလေး တိမ်းရှောင်လိုက်ပြီး ဓားမြှောင်၏ လမ်းကြောင်းမှ သွေဖယ်စေခဲ့၏။

သို့သော် ထိုဓားမြှောင်သည် သူ၏လှုပ်ရှားမှုများနောက်သို့ လိုက်ပါနေသကဲ့သို့ပင် ၎င်း၏ ဦးတည်ချက်ကို အလိုအလျောက်ပြောင်းလဲလိုက်သည်။

၎င်းက အာရန်ဆီသို့သာ ထပ်မံ၍ တည့်တည့်မတ်မတ်လာနေပြီး ၎င်းအား ထိပ်တိုက်ရင်ဆိုင်ရန်မှလွဲ၍ သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။

အာရန်သည် သူ့ထံသို့ဝင်ရောက်လာသော ဓားမြှောင်အား လက်နှစ်ဖက်ကို ဆန့်ထုတ်၍ သူ၏ရင်ဘတ်နှင့် လက်မအနည်းငယ်သာ ကွာဝေးတော့ချိန်တွင် ဓားမြှောင်အား အလျားလိုက် ညှပ်၍ ဖမ်းဆုပ်ထားလိုက်သည်။

“အထင်ကြီးစရာကောင်းတဲ့ တုံ့ပြန်မှုပဲ”

ညွှန်ကြားရေးမှူး၏အသံက နေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

“ဒါပေမဲ့ အဲဒါကို ဖမ်းဆုပ်လိုက်တာက ကောင်းတဲ့အကြံတစ်ခုလို့ မင်း သေချာလား”

အာရန်သည် ထိုလူ၏စကားကြောင့် အနည်းငယ်မျက်မှောင်ကြုတ်သွားမိသည်။

ဓားမြှောင်ကို ဗဟိုပြု၍ အနက်ရောင်မီးလျှံတစ်ခု ထိန်းမရအောင် ပျံ့နှံ့လာသောကြောင့် သူ၏လက်ထဲတွင် ရုတ်တရက် ပူလောင်သော ခံစားချက်တစ်ခုကို သတိထားမိလိုက်၏။

ထိုဓားမြှောင်ဆီမှ မီးတောက်မီးလျှံများသည် အာရန်၏ ခန္ဓာကိုယ်တစ်ခုလုံးအား မကြာမီမှာပင် ဝါးမြိုသွားခဲ့သောကြောင့် သူ၏ခန္ဓာကိုယ်ကိုပင် သူမမြင်နိုင်တော့ပေ။

“ဒီလောက်အရည်အချင်းနဲ့ သူတစ်ယောက်ကို သူမ ရှုံးနိမ့်ခဲ့မယ်လို့ တကယ်ကြီး မထင်ထားမိဘူး...”

ညွှန်ကြားရေးမှူးသည် သူ၏ မီးလျှံများက အာရန်အား ဝါးမြိုနေသည်ကို ကြည့်နေရင်း ခေါင်းခါလိုက်မိသည်။

ယခုတိုက်ပွဲကွင်းပြင်သည်သာ အနောက်ပိုင်းတိုက်မှာသာဖြစ်နေခဲ့ပါက ထိုလူ၏ စွမ်းအင်သည် ကောင်းချီးခံနယ်မြေ၏ အကျိုးသက်ရောက်မှုအောက်တွင် ရှိနေမည်ဖြစ်၍ ရလဒ်သည် ယခုနှင့်တူညီမည်မဟုတ်ပေ။

ကံမကောင်းစွာဖြင့် အာရန်အတွက် ဤသည်မှာ မြောက်ပိုင်းတိုက်ကြီးဖြစ်နေလေသည်။

ထို့အပြင် ငရဲတံခါးကို ဖွင့်ရန် အချိန်သည်လည်း နီးကပ်နေပြီဖြစ်သောကြောင့် သူ၏ မီးလျှံများသည် ယခုအချိန်တွင် ပိုမို၍ပင် အားကောင်းနေခဲ့၏။

ဤနေရာတွင် ဒဏ္ဍာရီလာသားရဲများပင် သူ၏ အနက်ရောင်မီးတောက်များဆီမှ လွတ်မြောက်နိုင်မည်မဟုတ်သဖြင့် ကောင်းချီးစွမ်းအင်ကိုသာ အသုံးပြုနိုင်သော သာမန်လူတစ်ဦးဆိုပါက ဆိုဖွယ်ရာပင် မရှိတော့ပေ။

ညွှန်ကြားရေးမှူးသည် အာရန်အား သတ်ရခြင်းသည် ဤမျှလွယ်ကူကြောင်း တွေ့လိုက်ရသဖြင့် အနည်းငယ်ပင် စိတ်ပျက်နေပုံရသည်။ ဘယ်ဘက်အစောင့်အရှောက်ကို သိမ်းသွင်းနိုင်ခဲ့သော ထိုလူငယ်ထံမှ သူသည် ပိုပြီး မျှော်လင့်ခဲ့မိ၏။

ထို့နောက် သက်ပြင်းချရင်း နောက်သို့ပြန်လှည့်ရန်ပြင်သည်။

“ဒါက အတည်ပြုချက်တစ်ခု ထင်တယ်။ ဒါက တကယ်ပဲ သန့်စင်....”

“ဟင်”

နစ်ခရိုမန်ဆာ ညွှန်ကြားရေးမှူးသည် ထွက်ခွာတော့မည့်ဆဲဆဲ အချိန်မှာပင် ရုတ်တရက် မျက်မှောင်ကြုတ်မိလိုက်သည်။

အပူချိန်သည် ရုတ်တရက် ပြန်လည်ကျဆင်းစပြုလာသည်ကို သူ ခံစားမိလိုက်သောကြောင့်ပင်။

သူ၏ပတ်ဝန်းကျင်တစ်ခုလုံးသည် ပို၍အေးစက်စပြုလာနေခဲ့ပြီး ၎င်းသည် ဤကဲ့သို့ မဖြစ်သင့်ပေ။

အထူးသဖြင့် ဤနယ်မြေတစ်ခုလုံးမှာ သူ၏ အနက်ရောင်မီးလျှံနယ်မြေအတွင်း ဖုံးလွှမ်းနေဆဲပင် ဖြစ်သောကြောင့်တည်း။

သူသည် သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး တစ်စုံတစ်ခုပြုလုပ်ရန်ကြံစည်လိုက်စဉ် နှင်းပွင့်လေးတစ်ခုသည် သူ၏လက်ထဲသို့ ကျဆင်းလာသည်ကို မြင်တွေ့လိုက်ရသည်။

နှင်းပွင့်ကလေးသည် သူ၏လက်ထဲတွင် ပျက်စီးသွားခဲ့သော်လည်း ၎င်းသည် အစမျှသာဖြစ်၏။

အပူချိန်သည် ဆက်လက်၍ ကျဆင်းနေခဲ့သည်။

ညွှန်ကြားရေးမှူးသည် မျက်မှောင်ကြုတ်ရင်း နောက်သို့လှည့်ကြည့်လိုက်ရာ သူ၏ အနက်ရောင်မီးလျှံများ တဖြည်းဖြည်း ပါးလွှာလာသည်ကို မြင်လိုက်ရသည်။

အာရန်၏ခန္ဓာကိုယ်တစ်ခုလုံးကို အစောပိုင်းက လုံးဝနီးပါးဖုံးအုပ်ထားသော မီးလျှံများသည် ယခုအခါ အလွန်ပါးလွှာသွားပြီဖြစ်ကာ အတွင်းမှ လူတစ်ဦး၏ ပုံသဏ္ဌာန်တစ်ခု ပြန်ပေါ်လာခဲ့၏။

၎င်းသည် အာရန်ကိုယ်တိုင်သာဖြစ်နေပြီး လုံးဝကောင်းကောင်းမွန်မွန် ရှိနေသေးပုံရသည်။

တကယ်ဆိုရင် သူ၏ ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာအနည်းငယ်မျှပင် ရှိမနေခဲ့ပေ။

ယင်းအစား ရေခဲဖြင့်ပြုလုပ်ထားဟန်ရသော အပြာရောင်အကြေးခွံများသည် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ပေါ်လာနေခဲ့၏။

“ဒါက လအရိပ်ရေခဲခန္ဓာလား”

ညွှန်ကြားရေးမှူးသည် အံ့အားသင့်စွာဖြင့် အာရန်အား မေးလိုက်မိရင်း သူ၏အကြည့်သည် ပြန်လည်ကျဉ်းမြောင်းသွားခဲ့သည်။

သူ၏မီးလျှံများကို တန်ပြန်နိုင်သည့် ရှားပါးသော အထူးခန္ဓာကိုယ်များထဲမှ တစ်ခုဖြစ်သော ဤခန္ဓာကိုယ်အကြောင်း သူ ကြားဖူးထားလေသည်။

သူသိထားချက်များအရ ကမ္ဘာပေါ်တွင် ဤခန္ဓာကိုယ်ရှိသည်ဟု လူသိများသောသူမှာ တစ်ဦးတည်းသာ ရှိလေသည်။

ထိုသူမှာ နစ်ခရိုမန်ဆာမျှော်စင်အတွက် လျှို့ဝှက်စွာ အလုပ်လုပ်ပေးခဲ့ဖူးသော မိစ္ဆာဂိုဏ်းမှ ရေခဲနတ်ဆိုးပင်ဖြစ်၏။

သို့သော် ရေခဲနတ်ဆိုးသည် ၎င်းတို့နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။

သူတို့သည် သူ၏တည်နေရာကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း မည်သည့်နေရာတွင်မျှ ရှာမတွေ့ရတော့ပေ။

၎င်းတို့ ကြားခဲ့သမျှသတင်းများအရမူ မိစ္ဆာဂိုဏ်းရှိ မတော်တဆတိုက်ခိုက်မှုတစ်ခုတွင် သူသည် အသတ်ခံရသည်ဆိုသော ကောလာဟလအချို့ပင်ဖြစ်၏။

ယခု ၎င်းရေခဲနတ်ဆိုးနှင့်တူညီသော ခန္ဓာကိုယ်ပိုင်ရှင်တစ်ဦးမှာ သူ၏ရှေ့တွင် ပြန်လည်ထွက်ပေါ်လာခဲ့ကာ ၎င်းသည် တိုက်ဆိုင်မှုတစ်ခုဟုပြောရန်မူ ခက်ခဲလေသည်။

ဤ လအရိပ်ရေခဲခန္ဓာသည် လူတစ်ဦး၏ ခန္ဓာကိုယ်ကို အလွန်အမင်း အေးစက်စေရန် သီးခြားဖြစ်တည်မှုတစ်ခုဖြစ်စေသောကြောင့် ဒဏ္ဍာရီအဆင့် မီးတောက်အချို့မှ လွဲလျှင် မည်သည့် အဖျက်စွမ်းအားကြီးမားသည့် မီးတောက်များမဆို ထိုလူအား လောင်ကျွမ်းပစ်နိုင်စွမ်း မရှိပေ။

သူ၏အနက်ရောင်သေခြင်းမီးတောက်များသည် ဤကမ္ဘာတွင် အားအကောင်းဆုံး မီးတောက်များထဲမှ တစ်ခုဖြစ်နေသော်လည်း ၎င်းသည် ဒဏ္ဍာရီအဆင့်သို့ ရောက်ရှိရန်မှာမူ ဝေးကွာနေဆဲပင်ဖြစ်၏။

သူ၏ ပတ်လည်ရှိ အနက်ရောင်မီးတောက်များ လုံးဝပျောက်ကွယ်သွားသောအခါ အာရန်သည် အထိအခိုက်မရှိ နဂိုအတိုင်းထိုနေရာမှ ထွက်လာခဲ့သည်။

သူသည်လည်း သူ့ကိုယ်သူ ညွှန်ကြားရေးမှူးကဲ့သို့ပင် အံ့အားသင့်နေဟန်ရပြီး သူ့အား သတ်ရန် ကြိုးစားသော ထိုလူကို အပြစ်တင်သင့်သလား သို့မဟုတ် ကျေးဇူးတင်သင့်သလားဆိုသည်ကို ဝေခွဲမရဖြစ်သွားရသည်။

သူသည် ဤ ခန္ဓာကိုယ်အား ရေခဲနတ်ဆိုးထံမှ ခိုးယူခဲ့ခြင်းဖြစ်သော်လည်း ယခင်က ၎င်းသည် သူ့အတွက် အသုံးမဝင်ခဲ့ပေ။

သူသည် ဤခန္ဓာကိုယ်မှ သူ့အား အများဆုံး ကူညီနိုင်သည်မှာ အအေးဒဏ်မခံစားရအောင်လောက်သာဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။

အထူးသဖြင့် အာရန်သည် ရေခဲနတ်ဆိုးကဲ့သို့ ၎င်းနှင့်အတူ မွေးဖွားလာသူတစ်ဦး မဟုတ်သဖြင့် ၎င်းအားသင့်လျော်စွာ အသုံးချနိုင်ပုံကို မသိနိုင်သောကြောင့်လည်းဖြစ်လေသည်။

ထိုလူ၏ မီးလျှံများသာ သူ့အား ဝါးမြိုရန်မကြိုးစားခဲ့ပါက သူ၏ လအရိပ်ရေခဲခန္ဓာခန္ဓာကိုယ်သည် ယခုကဲ့သို့ လုံးဝ အသက်ဝင်လာလိမ့်မည် မဟုတ်ပေ။

ဤမီးလျှံများ ဝါးမြိုမှုကြောင့် ထိုခန္ဓာကိုယ်သည် သူ့၏ တစ်စိတ်တစ်ပိုင်းအဖြစ် တသားတည်း ဖြစ်လာခဲ့ရသည်။

အာရန်သည် သူ၏ခန္ဓာကိုယ်မှာလည်း အနည်းငယ် ပိုမိုအားကောင်းလာသည်ဟု ခံစားမိလိုက်သည်။

သူသည် သူ၏စွမ်းရည်များကို မစစ်ဆေးကြည့်သေးသော်လည်း ၎င်းတို့ တိုးတက်လာမည်ဟုတော့ သူ သေချာသိနေခဲ့၏။

သူသည် ရေခဲနတ်ဆိုး လုပ်နိုင်ခဲ့သကဲ့သို့ ရေငွေ့ဒြပ်စင်များကို အမှန်တကယ်ပင် ထိန်းချုပ်နိုင်နေသည်ဟု ခံစားမိလိုက်သဖြင့် သူ၏လက်ကို မြှောက်လိုက်သည်။

၎င်းအစွမ်းမှာ ရေခဲနတ်ဆိုးမှ တစ်နိုင်ငံလုံးကို အေးခဲပစ်ခဲ့ကာ လူ့အသက် သန်းပေါင်းများစွာကို သေဆုံးစေရန် စီမံနိုင်ခဲ့သော ဒြပ်စင်စွမ်းအင်တစ်ခုပင် ဖြစ်လေ၏။

#Catfoot

All Chapters