← Chapters

မင်းကိုအနိုင်ယူပြီးမှ

Vol. 31 Ch. 447

မင်းကိုအနိုင်ယူပြီးမှ

Vol. 31 Ch. 447

….

အာရန်၏ ခန္ဓာကိုယ် သည် အလွန်အမင်း အေးစက်သွားသော်လည်း သူသည် ထူးဆန်းသော အရာတစ်ခုကိုမျှ မခံစားရပေ။

ထိုအစား ရေခဲဒြပ်စင်နှင့် ထူးဆန်းသော ဆက်သွယ်မှုတစ်ခုကိုသာ ခံစားမိလိုက်သည်။

၎င်းက ဒြပ်စင်တစ်ခုကို လေ့လာရာတွင် သူတို့၏ ဘဝတစ်ခုလုံးကို မြှုပ်နှံထားပြီမှ ဒြပ်စင်တစ်ခုနှင့် ဆက်သွယ်မှုကို ခံစားရသော မှော်ပညာရှင်များနှင့် ကွဲပြားလေသည်။

၎င်းသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ အလိုလိုဖြစ်တည်လာသော ဆက်သွယ်မှုတစ်ခုပင် ဖြစ်နေ၏။

အာရန်သည် သူ၏ခန္ဓာကိုယ်မှတစ်ဆင့် ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်ကို မြင်ရသောအခါ သူ၏ နှုတ်ခမ်းဆီမှ အပြုံးကို မထိန်းချုပ်နိုင်တော့ပေ။

သူသည် ခန္ဓာကိုယ်အကြောင်းကို အနည်းငယ်မျှသာ သိသေးသော်လည်း ၎င်းတို့လည်း ဆင့်ကဲပြောင်းလဲနိုင်သည်ဟုမူ ပိုမိုသေချာလာခဲ့သည်။

အာရန်သည် ကနဦး မီးလျှံများဖြင့် တိုက်ခိုက်ခံရချိန်၌ပင် သူ့၌ မိမိကိုယ်ကိုယ် ကာကွယ်ရန် အစီအစဉ်တစ်ခု ရှိနှင့်ပြီးသားဖြစ်၏။

သို့သော် အံ့အားသင့်စရာမှာ ထိုအစီအစဉ်ကို လက်တွေ့လုပ်ဆောင်ရန်ပင် မလိုအပ်ခဲ့ပေ။

ထို့အပြင် ဤနေရာသို့ ညွှန်ကြားရေးမှူးတစ်ဦးတည်းကိုသာ စေလွှတ်ခဲ့ခြင်းဖြစ်ပါက သူသည် သေချာပေါက် အသက်ရှင် လွတ်မြောက်နိုင်လေသည်။

မျှော်စင်သခင် ကိုယ်တိုင် ရောက်လာမည့်အချိန်ကိုသာ သူ စိုးရိမ်နေခဲ့ပြီး ၎င်းက သူ့အား အလျှင်အမြန် ထွက်ပြေးရန် ကျိုးပမ်းစေခဲ့ခြင်းလည်းဖြစ်၏။

၎င်းသည် သူ၏ ဖြစ်နိုင်ချေရှိသော သေဆုံးမှုအကြောင်း စာရေးဆရာဆိုသူ၏ သတိပေးချက်နှင့်အတူ ပါလာသော ယူဆချက်တစ်ခုလည်း ဖြစ်လေသည်။

ကံကောင်းစွာဖြင့် ယခုမူ ထိုသို့ကြုံတွေ့ရတောမည့်ပုံမရပေ။

မျှော်စင်သခင်သည် ညွှန်ကြားရေးမှူးကို အလွန်ယုံကြည်မှုရှိနေဟန်ရပြီး ထိုလူအား ဤကိစ္စကို ကိုင်တွယ်ရန် စေလွှတ်ခဲ့ခြင်းမဟုတ်ပါလော...။

“မလိုအပ်တာတွေကို ငါလိုက် စိုးရိမ်နေခဲ့မိတာ ထင်တယ်”

အာရန်၏ နှလုံးခုန်နှုန်းသည် စတင်ငြိမ်သက်သွားခဲ့သည်။

ကြောက်မက်ဖွယ်အနာဂတ်ဆီသို့ ဦးတည်စေသော ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ရမည့်အစား ယခုတွင်မူ သူ့အတွက် အတွေ့အကြုံပိုမိုရရှိနိုင်ခဲ့သည့်အပြင် နစ်ခရိုမန်ဆာမျှော်စင်ကိုပါ အနည်းငယ်အားနည်းသွားစေရန် ပြုလုပ်နိုင်မည့် အခွင့်အရေးတစ်ခုလည်း ဖြစ်လေ၏။

အာရန်သည် ဓားဧကရာဇ်၏ ဓားကို ဆင့်ခေါ်နိုင်ခြင်း မရှိသေးချေ။

ထို့နောက်အာရန်သည် သိုလှောင်လက်စွပ်တစ်ခုအတွင်းမှ သန့်စင်အင်ပါယာ၏ အမှတ်အသားဖြင့် ထွင်းထုထားသော ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။

၎င်းသည် သန့်စင်ဧကရာဇ် ကိုယ်တိုင် အသုံးပြုခဲ့သော ဓားပင်ဖြစ်လေသည်။

သို့သော် သန့်စင်ဧကရာဇ်သည် အတိတ်တွင် ၎င်းကို အသုံးပြုခဲ့ခြင်း မရှိသောကြောင့် မည်သူမျှ ထိုဓားကို ကိုယ်တိုင်မမြင်ဘူးခဲ့ပေ။

ဧကရာဇ်၏ ဝန်ကြီးများပင် ၎င်းဓားတည်ရှိမှုကို မသိခဲ့ကြချေ။

ဓားအကြောင်းနှင့် ၎င်း၏ပုံပန်းသဏ္ဍာန်ကို သိသော လူများမှာ ၎င်းကို ဖန်တီးခဲ့သော ပန်းပဲဆရာများသာဖြစ်ပြီး ဓားကို သွန်းလုပ်မှု ပြီးစီးသွားပြီးနောက် ထိုပန်းပဲဆရာများအားလုံးသည် သေဒဏ်ပေးခံခဲ့ရ၏။

သန့်စင်ဧကရာဇ်သည် သန့်စင်ဘုရားကျောင်းနှင့် ရင်ဆိုင်ရမည့် အနာဂတ် အချိန်တစ်ခုအတွက် ကြိတ်၍ ကြိုတင်ဖန်တီးထားသော လက်နက်တစ်ခုဖြစ်သဖြင့် သန့်စင်ဘုရားကျောင်းမှ ၎င်းကို ရှာဖွေတွေ့ရှိသွားမည်ကို မလိုလားခဲ့ပေ။

ထိုလျှို့ဝှက်ချက်ကို အပြီးအပိုင် ကာကွယ်ရန် သူမှလွဲ၍ မည်သူမျှ ထိုဓားတည်ရှိမှုအကြောင်းကို မသိစေရန် သူ ထိုသို့ပြုလုပ်ခဲ့ရခြင်းဖြစ်လေသည်။

ဧကရာဇ်၏ တော်ဝင်မိသားစုဝင်များပင် သူ့၏ အစစ်အမှန်အကြံအစည်များကို မသိနိုင်ခဲ့ကြဘဲ သန့်စင် ပရောဟိတ်မ၏ အစေခံသဖွယ် ကြောက်ရွံ့တတ်သည့်လူတစ်ဦးအဖြစ်သာ ထင်မှတ်ထားခဲ့ကြသည်။

ထို့နောက် မူလဇာတ်လမ်းအရ ထိုဓာသည် ဧကရာဇ်၏ ညီတော် ယူရီယယ်၏ လက်တွင်းသို့‌ ရောက်ရှိသွားရမည် ဖြစ်လေ၏။

ဓားသည် ဓားဧကရာဇ်အသုံးပြုခဲ့သော ဒဏ္ဍာရီလာ ကံကြမ္မာဓားနှင့် နှိုင်းယှဉ်၍ မရနိုင်သေးသော်လည်း ၎င်းသည် အစွမ်းထက်သည့် ဓားကောင်းတစ်လက်တော့ ဖြစ်နေဆဲပင်။

ဓားသွားသည် သန့်စင်အော်ရာအား အသက်ဝင်စေရန် အသုံးပြုသော ရှုပ်ထွေးသည့် ပုံစံကွက်ငယ်များဖြင့် ထွင်းထုထားခြင်း ဖြစ်လေ၏။

၎င်းသည် တော်ဝင်မျိုးနွယ်ဝင်များ၏ အထူးသီးသန့် သန့်စင်ကောင်းချီးအော်ရာကို သာ အသုံးပြုထားခြင်းဖြစ်ကာ ၎င်းကို ပိုမိုကျယ်ပြန့်စွာ အသုံးချနိုင်ရန် အထူး ပြုလုပ်ထားသော ဓားတစ်ချောင်းလည်း ဖြစ်သည်။

တော်ဝင်သွေးပါသူများမှလွဲ၍ မည်သူမျှ ဤဓားကို အသုံးပြုနိုင်မည်မဟုတ်ပေ။

သန့်စင်ဘုရားကျောင်းမှ လူများပင် ဤဓားကို အသက်သွင်း၍ ရမည်မဟုတ်ပေ။

တစ်ခုတည်းသောခြွင်းချက်မှာ အာရန်ပင်ဖြစ်ပြီး သူသည် သန့်စင်ဧကရာဇ်၏ သန့်စင်ခန္ဓာကိုယ်ကို ခိုးယူထားခဲ့သဖြင့် သူသည် အစစ်အမှန် သန့်စင်ဧကရာဇ်နှင့် မကွဲပြားတော့သောကြောင့်ပင်တည်း။

‘ဧကရာဇ်ရေ ဒီဓားကို အသုံးပြုဖို့ မင်းအတွက် အခွင့်အရေးမရခဲ့ပေမဲ့ မင်းအစား ငါ ဒီဓားနဲ့ မင်းရဲ့ရန်သူတွေကို ဖြိုခွင်းပေးခဲ့ပါ့မယ်’

အာရန်သည် တော်ဝင်မိသားစု၏ သန့်စင်ကောင်းချီးစွမ်းအင်များကို အသက်သွင်းလိုက်သောအခါ ထိုဓားတွင် ထွင်းထုထားသည့် ပုံစံကွက်များမှာ စတင်အသက်ဝင်၍ တောက်ပလာကြသည်။

၎င်းတို့သည် သန့်စင်ကောင်းချီးစွမ်းအင်များကို ဓား၏ အူတိုင်ဆီသို့ လွှဲပြောင်းပေးနေဟန်ရကာ လူ၏ အာရုံကြောများကဲ့သို့ အလုပ်လုပ်နေကြဟန်တူ၏။

ဓား၏ လက်ကိုင်မှာပင် ၎င်းအတွင်းတွင် ထည့်သွင်းထားသော ပုံစံကွက်တစ်ခုဖြင့် ထူးခြားနေပြီး ပိုင်ရှင်နှင့် ဓားကြားတွင် ပြီးပြည့်စုံသော ဆက်သွယ်မှုတစ်ခုအဖြစ် ဖန်တီးပေးလိုက်သည်။

“ဘယ်လောက်တောင် စက်ဆုပ်ဖို့ကောင်းတဲ့ စွမ်းအင်တွေလဲ”

နစ်ခရိုမန်ဆာ ညွှန်ကြားရေးမှူးသည် အာရန်၏ ဓားအား ကြည့်နေရင်းမှ ရေရွတ်လိုက်မိ၏။

သူသည် အနောက်ပိုင်းတိုက်ကြီးမှ လူပေါင်းများစွာနှင့် ရင်ဆိုင်တွေ့ဆုံခဲ့ဖူးပြီး ၎င်းတို့ထဲမှ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးပြီးဖြစ်သည်။

သို့သော် ဤမျှသန့်စင်ပြီး စက်ဆုပ်ဖွယ်ကောင်းသော ကောင်းချီးစွမ်းအင်မျိုးကိုမူ ယခုမှ သူ့အနေနှင့် ပထမဆုံး မြင်တွေ့ဖူးခြင်းဖြစ်လေသည်။

၎င်းသည် သန့်စင်ဘုရားကျောင်းမှ ဘုန်းတော်ကြီးများ ပိုင်ဆိုင်သည့်စွမ်းအားများနှင့် အနည်းငယ် ကွဲပြားသော်လည်း သန့်စင် ပရောဟိတ်မနည်းတူ စက်ဆုပ်ဖွယ်‌ ကောင်းနေလေသည်။

“ဒါဆို မင်းက တော်ဝင်မိသားစုကပေ့ါ။ဒါဆို အရာအားလုံးကို ရှင်းလင်းသွားပြီပေ့ါ” ညွှန်ကြားရေးမှူးသည် အာရန်မည်သူမည်ဝါဖြစ်မည်ကို သဘောပေါက်လိုက်ပုံဖြင့် ပြန်ပြောလိုက်၏။

“မင်းက အငယ်ကောင်လား။ ဒါမှမဟုတ် ဟိုပရောဟိတ်မရဲ့ အိမ်မွေးတိရစ္ဆာန်လို့ လူသိများတဲ့ အစ်ကိုတော်ဆိုတာလား”

တော်ဝင်မိသားစုတွင် ဤမျှသန့်စင်ပြီး စက်ဆုပ်ဖွယ်ကောင်းသော ကောင်းချီးစွမ်းအင်ကို အသုံးပြုနိုင်သူ နှစ်ဦးသာ ရှိလေသည်။

၎င်းတို့နှစ်ဦးစလုံးသည် နောက်ဆုံး ဧကရာဇ်၏ တိုက်ရိုက်သွေးသားရင်းများပင် ဖြစ်ကြသည်။

အစ်ကိုဖြစ်သူမှာ မြောက်ပိုင်းတိုက်ကြီးတွင် အလွန်ဆိုးရွားသော နာမည်ရှိသည့် သန့်စင်ဧကရာဇ်မှလွဲ၍ အခြားသူမဟုတ်ပေ။

သူ့အကြောင်း ကြားဖူးထားသူအားလုံးက သူ့အား ပရောဟိတ်မ၏ ရုပ်သေးရုပ်ဟု ပင် နောက်ကွယ်တွင် ခေါ်ဆိုကြလေသည်။

သူသည် နစ်ခရိုမန်ဆာမျှော်စင်မှ လူများအား ကြောက်လန့်နေသောကြောင့် သန့်စင်မြို့တော်မှ တစ်ခါမျှ မထွက်ခွာခဲ့သည့် အလွန်ကြောက်တတ်လွန်းသူတစ်ဦး အဖြစ်ပင် လူသိများခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ ညီတော်ဖြစ်သူမှာမူ သူနှင့်ဆန့်ကျင်ဘက်ပင် ပို၍ အရည်အချင်းရှိသည်ဟု ဆိုကြသည်။

သူသည် တိုက်ပွဲများစွာ ဆင်နွဲခဲ့ဘူးပြီး ပို၍အတွေ့အကြုံရှိလာကာ သန့်စင်ဧကရာဇ်ထက် များစွာပို၍ အားကောင်းသည်ဟုလည်း သိထားလေသည်။

ညီတော်ဖြစ်သူသည် သန့်စင်ဘုရားကျောင်းအား နှစ်သက်ပုံမရကြောင်းလည်း သိထားပြီး ၎င်းက သူ့အား ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်လ်ကို အဘယ်ကြောင့် သတ်ပစ်ခဲ့သည်ကို ရှင်းပြနိုင်ဖွယ်ရှိနေသည်။

တစ်ယောက်ကို ရွေးရမည်ဆိုလျှင် သူ၏ရှေ့မှလူသည် ထိုညီတော်ဖြစ်ဟန်ရသည်။

သန့်စင်ဧကရာဇ်က စွန့်ပစ်ထားသော တော်ဝင်မိသားစု၏ အပြင်ဘက်တွင်သာ နေထိုင်ခဲ့သူဖြစ်သည်ဟု အချက်အလက်များက ညွှန်ပြနေခဲ့၏။

သို့သော် ထိုသူ၏ လအရိပ်ရေခဲခန္ဓာ ပိုင်ဆိုင်ထားမှုနှင့် ဘယ်လက်ရုံးအစောင့်အရှောက်မှ အနောက်ဘက်တိုင်သို့ တိုက်ခိုက်ရန် သူ့အားလှုံ့ဆော်စေခဲ့မှုများမှာမူ ယခုနှင့်ဆက်စပ်၍ မရနိုင်အောင်ပင် ဖြစ်နေဆဲပင်။

...

ထို့နောက် ညွှန်ကြားရေးမှူးသည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် သူ၏ ပခုံးပတ်လည်ရှိ အနက်‌ရောင်မီးတောက်များ တောင်လောင်နေသောဝတ်ရုံကို ချွတ်ပစ်လိုက်သည်။

ထို့နောက် ညွှန်ကြားရေးမှူး၏ ဝတ်ဆင်ထားသော အနက်ရောင်ဝတ်ရုံသည် တဖြည်းဖြည်း ကျုံ့ဝင်ပုံစံပြောင်းသွားခဲ့ပြီးနောက် မကြာမီမှာပင် ဧကရာဇ်၏ ကောင်းချီးစွမ်းအင်များပြည့်နှက်နေသည့်ဓားထက် အားမနည်းသော အနက်ရောင် သေခြင်းစွမ်းအင်များဖြင့် ပြည့်နှက်နေသည့် ဓားတစ်ချောင်းအဖြစ် အသွင်ပြောင်းသွားခဲ့သည်။

ထိုဓား၏ ထိပ်ဖျားသည် မြေပြင်အား ထိမိလိုက်သောအခါ မြေပြင်ကိုယ်တိုင် အနည်းငယ်တုန်ခါသွားလောက်အောင် ဓားသည် လေးလံလွန်းလှသည်။

ဤမျှလေးလံသော ဓားတစ်ချောင်းဖြင့် မြန်ဆန်စွာလှုပ်ရှားရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့် လူအများသည် လျင်မြန်မှုအသားပေးတိုက်ခိုက်သူများနှင့် ရင်ဆိုင်ရာတွင် ထိုကဲ့သို့သော လေးလံသည့် ဓားမျိုးကို ရှောင်ကျဥ်ကြလေသည်။

ညွှန်ကြားရေးမှူးသည် အာရန်မှ သူအစောပိုင်း ပစ်လွှတ်လိုက်သော ဓားမြှောင်ကို ရှောင်တိမ်းစဉ် သူ၏ အမြန်နှုန်းကို မြင်ပြီးနောက်မှာပင် ၎င်းကို ဂရုစိုက်ပုံမရပေ။

“မင်းကို အနိုင်ယူပြီးမှပဲ မင်းရဲ့လျှို့ဝှက်ချက်တွေကို ငါ ဖော်ထုတ်နိုင်လိမ့်မယ် ထင်တယ်”

#Catfoot

All Chapters