ဆာလောင်နေသောငရဲဘုံ
Vol. 31 Ch. 449
…
အာရန်သည် မျှော်စင်သခင်က သူ့၏ နာမည်ရင်းကို ခေါ်လိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့ပေ။
ဖန်းယု၊ မစ်ထ်နှင့် သန့်စင်ပရောဟိတ်မတို့ပင် သူ၏ ဟန်ဆောင်မှုအား ဖောက်ထွင်းမမြင်နိုင်ခဲ့ရာ ဤပုဂ္ဂိုလ်က မည်သည့်နည်းနှင့်များ ရှာဖွေတွေ့ရှိသွားခဲ့ရသလဲဟု သူ နားမလည်နိုင်အောင်ဖြစ်သွားရသည်။
သို့သော် မျှော်စင်သခင်သာ သူ့အကြောင်းကို သိရှိသွားခြင်းဖြစ်ပါက သူ့အတွက် အခြေအနေကောင်းမည်မဟုတ် ဟူသောအချက်တစ်ချက်မှာမူ သေခြာလေသည်။
“ရန် နစ်ခရိုလိုင်းလား”
အာရန်သည် ထိုအမည်ကို လုံးဝမရင်းနှီးသည့်အလား စိတ်ရှုပ်ထွေးနေပုံဟန်ဆောင်လိုက်သည်။
မျှော်စင်သခင်သည် အာရန်၏ ရှေ့တည့်တည့်တွင် ဆင်းသက်လိုက်သောအခါ သူသည်လည်း တစ်လှမ်းနောက်ဆုတ်လိုက်ရ၏။
သို့သော် ကံမကောင်းစွာဖြင့် သူ၏ခြေထောက်များအောက်ရှိ မြေပြင်သည် ပိုမို နက်မှောင်လာခဲ့ပြီး သူ၏ခြေထောက်များသည် ပိုမို၍ပင် လေးလံလာခဲ့သည်။
အာရန်၏ခြေထောက်များသည် မည်သည့်အရာကမျှ ဆွဲထားခြင်း မရှိသော်လည်း တစ်စုံတစ်ခုက သူ့အား အောက်ဘက်သို့ ဆွဲချနေသကဲ့သို့ ခံစားနေရသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပိုမို၍လေးလံလာခဲ့ပြီး မြေပြင်သည် သူ့အား အောက်သို့ ဝါးမြိုနေသကဲ့သို့ပင်။
အာရန်တစ်ယောက် မည်သို့မျှ တုံ့ပြန်နိုင်ခြင်းမရှိမှီမှာပင် သူ၏ ခြေထောက်အောက်ပိုင်းသည် မြေပြင်အတွင်းသို့ သဲနွံများကဲ့သို့ အတွင်းသို့ ဆွဲသွင်းခံလိုက်ရသည်။
“မင်းရဲ့အချက်အလက်တွေကို ကောင်းကောင်းကြီးလျှို့ဝှက်ထားနိုင်ခဲ့တာပဲ။ ဒီလိုထူးခြားတဲ့ စွမ်းရည်အသစ်တွေကိုတောင် ရထားနိုင်တယ်ပေ့ါ။ ဒါပေမဲ့ မင်း ဒီတိုက်ကြီးမှာ ရှိနေသရွေ့ မင်းရဲ့ ဝိညာဉ်အတွင်းက အပြစ်တွေကို ဘယ်တော့မှ ဆေးကြောနိုင်မှာ မဟုတ်ဘူး”
မျှော်စင်သခင်သည် အာရန်အား စိုက်ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် မရင်းနှီးသော အရောင်တစ်မျိုးဖြင့် တောက်ပနေလေ၏။
ထို့နောက် မျှော်စင်သခင်သည် သူ၏လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သော်လည်း အာရန်အား မထိခဲ့ပေ။
ယင်းအစား သူ၏လက်ချောင်းများသည် အာရန်၏ လည်ပင်းရှေ့ လက်မအနည်းငယ်အကွာ၌ ရပ်သွားခဲ့သည်။
သူသည် တခြားသူများ မမြင်နိုင်သော အလွန်ပျက်စီးလွယ်သည့်အရာတစ်ခုကို ဂရုတစိုက် ထိတွေ့နေဟန်တူ၏။
“ငရဲက မင်းကို ခေါ်နေပြီ... အပြစ်သား၊ မင်း ပြန်လိုက်ဖို့ အချိန်တန်ပြီ” ဟု မျှော်စင်သခင်မှ ပြောလိုက်ရာ သူ၏အသံတွင် အနည်းငယ်မျှပင် ခံစားချက်များ ရှိမနေခဲ့ပေ။
သူသည် အာရန်၏လည်ပင်းတွင် သံကြိုးတစ်ချောင်းပမာ ရစ်ပတ်ထားသော ပါးလွှာသည့် အနက်ရောင်ကြိုးတစ်ချောင်းကို မြင်တွေ့နိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်လည်း ဖြစ်လေ၏။
ထိုကြိုး၏အခြားတစ်ဖက်မှာ ငရဲအတွင်း၌ ရှိနေခဲ့ပြီး အာရန်၏ဝိညာဉ်ကို တံဆိပ်ခပ်နှိပ်ထားခြင်းဖြစ်လေသည်။
အစောပိုင်းကာလကတည်းက အာရန်အား နစ်ခရိုမန်ဆာမျှော်စင်အတွင်းသို့ ဝင်ရောက်စဥ်မှာပင် ထိုဝိညာဉ်နှောင်ကြိုး၏ ဆက်သွယ်မှုကို မျှော်စင်သခင်တစ်ယောက် ကြိုတင် မြင်တွေ့ခဲ့ပြီးဖြစ်၏။
သို့သော် ငရဲတံခါးဖွင့်ချိန်နီးလာသည်နှင့်အမျှ ဤကမ္ဘာနှင့် ငရဲပြည်ကြားရှိ ဆက်သွယ်မှုမှာ ပို၍ပင် အားကောင်းလာခဲ့သည်။
အာရန်သည် ငရဲတံခါးနှင့် အလှမ်းဝေးနေဆဲဖြစ်သော်လည်း ဝိညာဥ်နှောင်ကြိုးသည် ထင်ရှားစွာမြင်နေရဆဲပင်။
ထို့ပြင် အကွာအဝေးသည် နစ်ခရိုမန်ဆာမျှော်စင်နှင့် နေ့စဥ် ပိုမို၍နီးကပ်လာခဲ့သည်။
“မင်းကို ရှာတွေ့ဖို့ ငရဲတံခါးဖွင့်မယ့်နေ့အထိ ငါ စောင့်ရလိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ။ ဒါပေမဲ့ မင်းက မင်းဘာသာ ပြန်လာခဲ့တယ်”
မျှော်စင်သခင်က ထိုသို့ ပြောလိုက်ချိန်တွင် အမည်မသိသောစွမ်းအားတစ်ခုက အာရန်အား မြေပြင်အတွင်းသို့ ဆက်လက်ဆွဲချနေခဲ့လေသည်။
“သူ ငါ့ရဲ့ ဒီလက်ဆောင်ကြောင့် တကယ်ပဲ ပျော်ရွှင်နေမှာသေခြာတယ်”
မျှော်စင်သခင်က ဆက်လက်ပြောဆိုနေခဲ့ရာ သူ၏စကားများကို အာရန်တစ်ဦးတည်းသာ ကြားလိုက်ရသည်။
ညွှန်ကြားရေးမှူးသည် မျှော်စင်သခင်နှင့် အလှမ်းမဝေးသော်လည်း ၎င်းတို့ ဘာပြောနေသည်ကို သူ နားမလည်နိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် မျှော်စင်သခင်သည် သူ နားမလည်နိုင်သော ဘာသာစကားတစ်မျိုးဖြင့် ပြောဆိုနေသောကြောင့်ဖြစ်လေ၏။
အာရန်မှာမူ ၎င်းဘာသာစကားကို ရှင်းရှင်းလင်းလင်း နားလည်နိုင်သဖြင့် မျှော်စင်သခင်မှ လုံးဝကွဲပြားသော ဘာသာစကားဖြင့် ပြောဆိုနေခြင်း ဖြစ်ကြောင်းကိုပင် သတိမထားမိခဲ့ပေ။
မျှော်စင်သခင်သည် ညွှန်ကြားရေးမှူးဘက်သို့ ပြန်လှည့်လိုက်သည်။
သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ညွှန်ကြားရေးမှူး၏နောက်တွင် ဂိတ်တံခါးပေါက်တစ်ခု ပွင့်လာခဲ့သည်။
“ငရဲက ပိုပြီးဆာလောင်နေပြီ။ ငရဲတံခါးက ထင်ထားတာထက်ပိုပြီး မြန်မြန် ပွင့်လာလိမ့်မယ်။ မျှော်စင်ကို ပြန်ပြီး စီစဉ်စရာရှိတာတွေ အမြန်ပြန်စီစဥ်ပါ” ညွှန်ကြားရေးမှူးသည် မျှော်စင်သခင်၏အမိန့်ကို ခေါင်းညိတ်၏ နာခံလိုက်သည်။
သူသည် ဂိတ်တံခါးပေါက်ထဲသို့ မဝင်မီ အာရန်အား နောက်ဆုံးတစ်ကြိမ်အဖြစ် လှမ်းကြည့်လိုက်၏။
မျှော်စင်သခင်က ဤကိစ္စကို ကိုယ်တိုင် ကိုင်တွယ်နေပြီဖြစ်သောကြောင့် သူ့အား လိုအပ်တော့မည် မဟုတ်ပေ။
ဘယ်လက်ရုံးအစောင့်အရှောက်သည်လည်း အသိစိတ်ကင်းမဲ့နေသည့် ကျေးကျွန်တစ်ဦးပမာ ညွှန်ကြားရေးမှူးနောက်သို့ လိုက်ပါသွားခဲ့သည်။
၎င်းတို့နှစ်ဦး ထွက်ခွာသွားပြီးနောက် ဂိတ်တံခါးပေါက်သည် ပြန်ပိတ်သွားခဲ့၏။
ကောင်းကင်ရှိ ဖုတ်ကောင်နဂါးသည်လည်း အပေါ်သို့ပြန်တက်၍ မျှော်စင်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
“ဘာလို့ ဘာခုခံမှုမှတောင်မလုပ်တော့တာလဲ။ ဘာလဲ မင်းတကယ်ပဲ လက်လျှော့လိုက်တာလား”
အာရန်နှင့်အတူ တစ်ဦးတည်း ကျန်ရစ်ခဲ့သော မျှော်စင်သခင်က မေးလိုက်သည်။
သူ၏တည်ရှိမှုကြောင့် အာရန်သည် ထွက်ပြေးရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။
အာရန်သည် သူ၏စွမ်းရည်များ တိုးတက်လာခဲ့သည်မှာ မှန်သော်လည်း ၎င်းက မျှော်စင်သခင်နှင့် အဆင့်တူသည်ဟု မဆိုလိုပေ။
မည်သို့ပင်ဆိုစေပါမူ သူသည် အနည်းဆုံးတော့ မျှော်စင်သခင်အား ပြန်လည် တိုက်ခိုက်ရန် ကြိုးစားကြည့်နိုင်သေး၏။
သို့သော် ၎င်းနှင့်ဆန့်ကျင်ဘက်ပင် အာရန်သည် မြေပြင်အတွင်း ဒူးခေါင်းအထိ နစ်မြုပ်နေပြီဖြစ်သော်လည်း ထူးဆန်းစွာ ငြိမ်သက်နေခဲ့လေသည်။
သူ၏အပြုအမူကြောင့် မျှော်စင်သခင်ကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
အာရန်ထံမှ မည်သည့်ခုခံမှု ရှိမနေခဲ့ရုံမက ထူးဆန်းစွာပင် သူ၏မျက်နှာတွင် မည်သည့် ကြောက်ရွံ့မှုများကိုမှလည်း မတွေ့ခဲ့ရပေ။
ယင်းအစား အာရန်သည် သူ၏ ဟန်ဆောင်နေမှုကို ဖယ်ရှားပစ်လိုက်သည်။
အခုအချိန် သူသည် အဖမ်းခံလိုက်ရပြီဖြစ်သောကြောင့် ထပ်မံဟန်ဆောင်နေစရာ မလိုအပ်တော့ပေ။
အာရန်အတွက် ဤကမ္ဘာသို့ ဝင်ရောက်လာကတည်းက ယခုအကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် သူ၏ အစစ်အမှန်ပုံစံဖြစ်သော ရန် နစ်ခရိုလိုင်းအဖြစ်နှင့် တခြားလူတစ်ဦးကို ရင်ဆိုင်ခြင်းဖြစ်လေ၏။
“ခင်ဗျား ကျုပ်ကို ဘယ်လိုများ မှတ်မိသွားတာလဲ”
အာရန်သည် မျှော်စင်သခင်အား မေးလိုက်ရာ သူ၏ ရှုံးနိမ့်မှုကို အမှန်တကယ် လက်ခံလိုက်သကဲ့သို့ပင်။
“ငါ မင်းကို ငရဲရဲ့ လမ်းညွှန်မှုနဲ့ အတူရှာတွေ့နိုင်ခဲ့တာပဲ။ မင်းကို စောင့်ဆိုင်းနေခဲ့တာ အချိန်အတော်ကြာပြီ။ အခုတော့ သိပ်စောင့်ရတော့မှာ မဟုတ်ပါဘူး” မျှော်စင်သခင်သည် အာရန်၏ စူးစမ်းလိုစိတ်ကို ဖြည့်ဆည်းပေးရင်း ပြန်ဖြေလိုက်သည်။
မျှော်စင်သခင်သည် သူ၏လက်တစ်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး အာရန်၏ လည်ပင်းပတ်လည်တွင် ချည်ထားသော ဝိညာဥ်နှောင်ကြိုး၏ ဆက်သွယ်ချက်ကို အာရန်အား မြင်ရစေရန် စွမ်းအင်အချို့ကို အသုံးပြုလိုက်၏။
“မင်းသာ မြောက်ပိုင်းနယ်မြေအတွင်း ရှိနေသရွေ့ မင်းရဲ့တည်ရှိမှုဟာ ဝိညာဥ်နှောင်ကြိုးဆက်သွယ်ချက်ကို ဘယ်လိုမှ ရှောင်ရှားနိုင်မှာ မဟုတ်ဘူး”
အာရန်သည် သူ၏လည်ပင်းနေရာမှ နစ်ခရိုမန်ဆာမျှော်စင်ဆီသို့ ဦးတည်ဆက်သွယ်နေသော ထူးဆန်းသည့်ကြိုးလေးတစ်ချောင်းကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒါဆို ဒါက ကျုပ်ဘယ်ရောက်နေလဲ ခြေရာခံနိုင်တဲ့ ဂျီပီအက်စ်လို ကိရိယာလိုမျိုး တစ်ခုခုပေါ့။ တကယ်ကို စိတ်ပျက်စရာပဲ”
မျှော်စင်သခင်၏ စကားများအရ ၎င်းကြိုးသည် မြောက်ပိုင်းတိုက်ကြီးအတွင်း၌သာ အလုပ်လုပ်မှန်း နားလည်လိုက်သည်။
ထို့ကြောင့် သူ အခြားတိုက်ကြီးများတွင် ရှိနေစဉ်က မျှော်စင်သခင်သည် သူ့အား ရှာမတွေ့နိုင်ခဲ့ခြင်းပင်။
နောက်ထပ်ခန့်မှန်းမိလိုက်သော အရာတစ်ခုမှာ မျှော်စင်သခင်ကသာ ၎င်းဆက်သွယ်ချက်ကို မြင်နိုင်ခြင်းပင်။
ထိုသို့မဟုတ်ပါက ဘယ်လက်ရုံးအစောင့်အရှောက် သို့မဟုတ် ညွှန်ကြားရေးမှူးသည် သူ မျှော်စင်မှ မထွက်ခွာမီမှာပင် သူ့အား ဖမ်းဆီးထားခဲ့လိမ့်မည်ဖြစ်လေသည်။
“ဂျီပီအက်စ်ဆိုတာ ဘာလဲ” မျှော်စင်သခင်သည် အာရန် ရုတ်တရက် အသုံးပြုလိုက်သော ထူးဆန်းသည့်စကားလုံးများကို နားမလည်ခဲ့ပေ။
ယခုအချိန်တွင် အာရန်သည် အမှောင်ထုအတွင်းသို့ ခါးလည်ခေါင် အထိနစ်မြုပ်နေပြီ ဖြစ်လေသည်။
သူ၏ ခန္ဓာကိုယ်မှာ ဆက်လက်၍ ဆွဲချခံနေရပြီး သိပ်မကြာခင် သူ၏ တစ်ကိုယ်လုံးသည်ပင် လုံးဝဝါးမြိုခံရတော့မည့်နှယ်ပင်။
“ကျုပ် မှတ်တမ်းတင်သလင်းကျောက်ကို ရှာနေတယ်ဆိုတာကိုလည်း ခင်ဗျား သိမယ်လို့ ယူဆမိတယ်။ ကျုပ် ဝါးမြိုမခံရခင် အနည်းဆုံး အဲ့တုံးကမှတ်တမ်းကို တော့ ကြည့်သွားခွင့်လေးရမလား” ဟု အာရန်မှ မျှော်စင်သခင်အား မေးလိုက်လေသည်။
မျှော်စင်သခင်သည် အာရန်၏ အပြုအမူများသည် စက္ကန့်တိုင်း ပိုပို၍ ထူးဆန်းလာနေသည်အား သတိထားမိလိုက်၏။
#Catfoot