← Chapters

အရေးပါသော ဖြစ်တည်မှု

Vol. 31 Ch. 450

အရေးပါသော ဖြစ်တည်မှု

Vol. 31 Ch. 450

...

မျှော်စင်သခင်သည် အာရန်၏ တောင်းဆိုမှုကို ကြားသောအခါ သူ့အား ထူးဆန်းစွာ တစ်ချက် ကြည့်လိုက်မိသည်။

ဤလူသည် ကြောက်ရွံ့ခြင်း အလျင်းမရှိရုံသာမက ညစာစားပွဲတွင် ဟင်းပွဲတစ်ခုကို ထပ်တိုးတောင်းနေသကဲ့သို့ မှတ်တမ်းတင်သလင်းကျောက်အား တောင်းဆိုနေခဲ့လေသည်။

သူတကယ်ပဲ သူ့ကံကြမ္မာကို လက်ခံလိုက်တာလား။

၎င်းသည် သူ၏ နဂိုအကျင့်စရိုက်နှင့် လုံးဝမတူသော်လည်း တခြားဖြစ်နိုင်ခြေကို လည်း မျှော်စင်သခင်တစ်ယောက် ရှာမတွေ့ခဲ့ပေ။

အာရန်အပေါ်ရှိ ဝိညာဥ်နှောင်ကြိုး တံဆိပ်ခပ်နှိပ်မှုသည် ဆက်လက်တည်မြဲနေဆဲ ဖြစ်သည်ကို သူ မြင်နိုင်ဆဲပင်။

အာရန်သည် ထူးဆန်းသော စွမ်းရည်အချို့ကို ရရှိနိုင်ခဲ့သော်လည်း ယေဘုယျအားဖြင့် သူသည် အတိတ်ကထက်ပင် များစွာအားနည်းနေဆဲပင်ဖြစ်၏။

သူ့အား လှည့်စားမှုအချို့ပြုလုပ်ရန်မှာ မည်သို့မျှဖြစ်နိုင်မည်မဟုတ်ပေ။

ထို့နောက် မျှော်စင်သခင်သည် သူ၏လက်ကို မြှောက်လိုက်သည်။

သူ့ဘေးတွင် သေးငယ်သော ဟင်းလင်းပြင်ဂိတ်တံခါးပေါက်တစ်ခု ပွင့်လာခဲ့သည်။

မျှော်စင်သခင်သည် သူ၏လက်ကို ဂိတ်တံခါးပေါက်အတွင်းသို့ နှိုက်လိုက်ပြီး သွေးစွန်းနေသော မှတ်တမ်းတင်သလင်းကျောက်ကို ထုတ်ယူလိုက်၏။

“မင်းရဲ့နောက်ဆုံးဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်” သူသည် အာရန်ဘက်သို့ ထိုအရာကို ကမ်းပေးဟန် ပြင်လိုက်သည်။

အာရန်သည် သူ့အတွက် အလွန်အရေးကြီးသည်ဟု ခံစားမိသော မှတ်တမ်းတင်သလင်းကျောက်ကို သူ၏လက်တစ်ဖက်ဖြင့်လှမ်း၍ ယူရန်ကျိုးစားလိုက်

၏။

သို့သော် ကံမကောင်းစွာဖြင့် သူ၏လက်သည် ထိုမှတ်တမ်းတင်သလင်းကျောက်အား မထိတွေ့နိုင်ခင်မှာပင် မျှော်စင်သခင်၏ လက်အတွင်း သေခြင်းအော်ရာတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

ထိုအော်ရာသည် မှတ်တမ်းတင်သလင်းကျောက်အတွင်းသို့ ရောက်ရှိသွားခဲ့ပြီး ၎င်းကို အက်ကွဲသွားစေခဲ့သည်။

အာရန်၏မျက်လုံးများရှေ့တွင်ပင် မှတ်တမ်းတင်သလင်းကျောက်သည် အပိုင်းပိုင်းအစစ ကွဲကြေသွားခဲ့တော့၏။

ဤအပိုင်းအစလေးများသည် မြေပြင်ပေါ်သို့ ကျရောက်သွားခဲ့ပြီး အာရန်အောက်ရှိ အမှောင်ထုကြီးက စုပ်ယူဝါးမြိုလိုက်လေသည်။

“အပြစ်သားတစ်ယောက်ရဲ့ တောင်းဆိုမှုကို ငါက ဖြည့်ဆည်းပေးလိမ့်မယ်လို့ မင်း တကယ်ကြီး ထင်နေတာလား” မျှော်စင်သခင်က ပြန်လည်မေးလိုက်၏။

သူ၏အသံတွင် ခံစားချက်များ ရှိမနေသော်လည်း အာရန်အတွက်မူ ထိုအထဲမှ လှောင်ပြောင်မှုအရိပ်အမွက်အချိူ့ကိုမူ ခံစားမိနိုင်ဆဲပင်။

အာရန်သည် အမှောင်ထုမ ဝါးမျိုသွားသော မှတ်တမ်းတင်သလင်းကျောက်၏ အပိုင်းအစများကို စိတ်မကောင်းစွာဖြင့် စိုက်ကြည့်နေခဲ့သည်။

သူသည် ပန်းကန်ပြားတစ်ခုလောက်ပင် အသုံးမဝင်တော့သော အပိုင်းအစငယ်လေးတစ်ခုကိုသာ ဖမ်းဆုပ်နိုင်ခဲ့၏။

သူ၏မျက်နှာတွင် စိတ်ပျက်အားငယ်မှုများ အထင်းသားဖြစ်ပေါ်နေခဲ့သည်။

မှတ်တမ်းတင်သလင်းကျောက် ပျက်စီးသွားခြင်းနှင့်အတူ သူနှင့် မြောက်ပိုင်းတိုက်၏ အဓိကဇာတ်လိုက်အကြားရှိ ဖြစ်ရပ်နှင့်ပတ်သက်သော အရာများအားလုံးသည် ထာဝရပျောက်ကွယ်သွားခဲ့ပြီးဖြစ်လေသည်။

အာရန်၏ ခန္ဓာကိုယ်သည် အမှောင်ထုအတွင်း ရင်ဘတ်အထိ နစ်မြုပ်နေပြီးဖြစ်သဖြင့် သူ၏ ပခုံး၊ ဦးခေါင်းနှင့် လက်နှစ်ဖက်သာ အပြင်ဘက်တွင် ရှိနေတော့ပြီး တစ်ကိုယ်လုံးဝါးမြိုခံရရန် အချိန်သိပ်မလိုတော့ပေ။

မျှော်စင်သခင်သည် အခြားဗီလိန်များကဲ့သို့ မပြုမူသဖြင့် သူ့အတွက် အလွန် စိတ်ပျက်စရာကောင်းနေခဲ့လေသည်။

အမှန်တကယ်ဆိုပါက မျှော်စင်သခင်သည် သူ၏စွမ်းရည်များအပေါ် အလွန်အမင်း ယုံကြည်မှုပြည့်ဝနေသောကြောင့် သူရဲကောင်း၏ သေဆုံးမည့် နောက်ဆုံး အခိုက်အတန့်ကိုပင် စောင့်မကြည့်တော့ဘဲ အေးဆေးစွာဖြင့် ဤနေရာမှ လှည့်ထွက်သွားသင့်သည် မဟုတ်ပါလော...။

ဗီလိန်တစ်ဦးအနေဖြင့် သူသည် အနည်းဆုံးတော့ စကားများများပိုပြောသင့်လေသည်။

ထို့ပြင် သူသည် သေလုနီးပါးဖြစ်နေသော သူရဲကောင်း၏ နောက်ဆုံးဆန္ဒကိုပင် ဖြည့်ဆည်းပေးလိုခြင်း မရှိဘူးတဲ့လား...။

ဤမျှော်စင်သခင်သည် ဗီလိန်တစ်ဦး လိုက်နာရမည့် ဥပဒသများကို သိရှိနေသည့်အလားပင်။

သို့မဟုတ် ရန် နစ်ခရိုလိုင်းသည် မျှော်စင်သခင်အတွက် အနည်းငယ်မျှပင် လျှော့တွက်၍ မရပဲ သေခြာစွာ ဂရုစိုက်ကိုင်တွယ်ရန် လိုအပ်သည့် ဂျိုလ်သားတစ်ကောင် ဖြစ်နေခဲ့သောကြောင့်ပင်လား...။

“ကောင်းပြီလေ ဒီလောက်ဆို ကစားတာ တော်လောက်ပြီပေ့ါ”

အာရန်သည် သူ၏နဖူးကို ပြန်လည်ပွတ်သပ်လိုက်ရင်း လုံလောက်ပြီဟု ခံစားလိုက်ရသည်။

သူသည် ဤထောင်ချောက်အတွင်းသို့ အဖမ်းမိခံလိုက်ပါက သူသိချင်သည့် အဖြေများရရှိနိုင်လိမ့်မည်ဟု ထင်မှတ်မိခဲ့သော်လည်း အရာများက သူ စီစဉ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။

အာရန်သည် အလျှင်အမြန်ပင် သူ၏လက်ချောင်းလေးများကို လေထဲတွင် တစ်နေရာရာသို့ နှိပ်လိုက်ဟန်ရ၏။

မျှော်စင်သခင်သည် အာရန်တစ်ယောက် အဘယ်ကြောင့် ဤမျှထူးဆန်းသော လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်ကို နားမလည်နိုင်သော်လည်း သူသည် အာရန်အား အနည်းငယ်မျှပင် လျှော့မတွက်ဝံ့ခဲ့ပေ။

ထို့ကြောင့်တစ်စုံတစ်ခုထူးခြားပါက ချက်ချင်းတုံ့ပြန်ရန်ပင် ပြင်ဆင်ထားလိုက်သည်။

တစ်ချိန်တည်းမှာပင် အာရန်မှာမူ သူ၏ စနစ်သိုလှောင်ခန်းကို ဖွင့်လိုက်ခြင်းသာဖြစ်လေသည်။

ဖေးတစ်‌ယောက် သူ၏လက်ထဲတွင် သေဆုံးသွားပြီးနောက် သူ ရရှိခဲ့သော အဖိုးတန် ပစ္စည်းတစ်ခုကို ထုတ်ယူရန်ကျိုးစားလိုက်ခြင်းဖြစ်သည်။

ထိုအရာသည် သေးငယ်သော ဘောက်ချာစာရွက်လေးတစ်ခုဖြစ်ကာ သူ၏လက်ထဲတွင် ပေါ်လာခဲ့လေ၏။

မျှော်စင်သခင်ကို သတိပြုမိရန် သို့မဟုတ် သူ၏လက်ထဲတွင် ပေါ်လာသော ပစ္စည်းကို တုံ့ပြန်ရန် အခွင့်အရေးမပေးတော့ဘဲ အာရန်သည် ၎င်းကို ချက်ချင်းပင် အသက်သွင်းလိုက်သည်။

ဖေးသည် ဆုလာဘ်အဖြစ် မေးခွန်းဘောက်ချာတစ်ခုကို ရရှိခဲ့လေသည်။

သူသည် အာရန်၏ဆွပေးမှုကြောင့် မေးခွန်းဘောက်ချာတစ်ခုကို အသုံးပြုမိခဲ့၏။

သို့သော် ဖေး၏ မူလအတိုင်းတစ်ကြိမ်ထိန်းသိမ်းထားခွင့် အကျိုးသက်ရောက်မှု အစွမ်းကြောင့် မေးခွန်းဘောက်ချာအသုံးပြုခွင့် တစ်ကြိမ်သည် မပျက်စီးဘဲ အကောင်းအတိုင်း ကျန်ရစ်နေခဲ့လေသည်။

ဖေးသေဆုံးပြီးနောက် ဘောက်ချာသည် ၎င်း၏ ပိုင်ရှင်ကို ဆုံးရှုံးသွားခဲ့ရသည်။

ထို့နောက် အာရန်သည်လည်း ဖေးကဲ့သို့ပင် ကူးပြောင်းသူတစ်ဦးဖြစ်သောကြောင့် အာရန်၏ စနစ်သိုလှောင်ခန်းအတွင်းတွင် ထိုမေးခွန်းဘောက်ခြာ ပေါ်လာခဲ့ခြင်းဖြစ်ဟန်ရသည်။

၎င်း၏ပိုင်ရှင်ကို သတ်ခဲ့သူမှာလည်း သူကိုယ်တိုင်ပင် ဖြစ်သည်မဟုတ်ပါလား..။

မျှော်စင်သခင်၏မျက်နှာတွင် မျက်မှောင်ကြုတ်မှုတစ်ခု ဖြစ်ပေါ်မိလိုက်သော်လည်း သူသည် မည်သည့် တုံ့ပြန်မှုမျှ မပြုနိုင်မီ သူ၏ခန္ဓာကိုယ်မှာ ကျောက်ရုပ်တစ်ရုပ်ပမာ ရုတ်တရက် အေးခဲသွားခဲ့၏။

မျှော်စင်သခင်၏ ခန္ဓာကိုယ်သာမက ပတ်ဝန်းကျင်ရှိ တခြားအရာအားလုံးသည်လည်း ရပ်တန့်သွားခဲ့လေသည်။

အချိန်ကိုယ်တိုင်ပင် ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။

၎င်းနှင့်အတူ အာရန်၏ အောက်ခြေရှိ အမှောင်ထု၏ သက်ရောက်မှုများသည်ပါ ဤအချိန်၌ ရပ်တန့်သွားခဲ့ရလေသည်။

“မေးခွန်းဘောက်ချာတွေကို မင်း ဘာလို့ အမြဲတမ်း ဒီလိုကိုးလိုးကန့်လန့် အခြေအနေတွေမှာမှ အသုံးပြုချင်ရတာလဲ”

ရင်းနှီးသော အသံတစ်ခုသည် အာရန်၏နောက်ဘက်တစ်နေရာမှ ပေါ်ထွက်လာခဲ့လေသည်။

“ခင်ဗျားက ဒီတိုင်းပဲ ကြည့်နေတော့မှာလား ဒါမှမဟုတ် ကျုပ်ကို ကူညီပေးမှာလား” အာရန်သည် သူ၏အခြေအနေကို စပ်စုဟန်ဖြင့် စိုက်ကြည့်နေသော စာရေးဆရာဆိုသူအား ပြန်မေးလိုက်သည်။

ပုံမှန်အားဖြင့် မေးခွန်းဘောက်ချာတစ်ခုတည်းကိုပင် ရရှိနိုင်ရန် မလွယ်ကူပေ။

ထို့ပြင် ၎င်းကို ဤမျှထူးဆန်းသော အခြေအနေများတွင် အသုံးချလေ့ရှိသူများမှာမူ မရှိခဲ့ဘူးသလောက်ပင် ရှားပါးလွန်းလေသည်။

ပြီးခဲ့သည့်တစ်ကြိမ်ကလည်း ဤချာတိတ်သည် ဖေးအား ထောင်ချောက်ဆင်ရန်အတွက် ဖေး၏ မေးခွန်းဘောက်ချာဖြင့်ပင် တန်ပြန် အသုံးပြုခဲ့သေး၏။

ထို့ပြင် ယခုလည်း သူသည် ၎င်းအား အချိန်ရပ်တံ့စေနိုင်သော ရတနာပစ္စည်းတစ်ခုအလား အသုံးပြုခဲ့ခြင်းဖြစ်လေသည်။

“မင်းမြင်တဲ့အတိုင်းပဲ ငါ့လက်တွေ မအားဘူး”

စာရေးဆရာဆိုသူက သူ၏ လက်နှစ်ဖက်စလုံးဖြင့် ထီးကို ကိုင်ထားရင်း ပြန်ဖြေလိုက်သည်။

အာရန်သည် စာရေးဆရာဆိုသူ၏ မျက်နှာပြောင်တိုက်မှုကြောင့် ပြောစရာစကားများပင် ဆွံ့အသွားခဲ့ရသည်။

ပြီးခဲ့သည့်အကြိမ် ဤလူရောက်ရှိလာစဥ်က လက်တစ်ဖက်တည်းဖြင့်သာ ထိုထီးကို ကိုင်ထားခဲ့ကြောင်း သူကောင်းစွာမှတ်မိနေသေး၏။

သူသည် ယခုတွင်မူ လက်နှစ်ဖက်စလုံးကို တမင်တကာပင် မအားဟန်ဖြင့် သက်သက် လုပ်ပြနေခြင်း ဖြစ်လေသည်။

အာရန်သည် တံတွေးတစ်ချက်မြိုချလိုက်ကာ စာရေးဆရာဆိုသူအား ထပ်မံပြောဆိုလိုက်သည်။

“ဒါဆို ခင်ဗျားရဲ့ ထီးကိုင်ထားတဲ့ လက်တစ်ဖက်လောက် လွှတ်ပြီး ကျုပ်ကို ကူညီပေးပါ။ ခင်ဗျားသာ အဲ့ဒီလို လုပ်ပေးမယ်ဆိုရင် ကျုပ် နောက်ထပ် မေးခွန်းဘောက်ချာတစ်ခုထပ် ရရင်တောင် အနည်းဆုံး တစ်လလောက် ခင်ဗျားကို အနှောင့်အယှက် မပေးဘူးလို့ ကတိပေးပါတယ်”

“မေးခွန်းဘောက်ချာတွေက သစ်ပင်ပေါ်မှာ အလွယ်သီးနေတဲ့ သစ်သီးတွေလို့ မင်း ထင်နေတာလား”

စာရေးဆရာဆိုသူသည် ထိုသို့ပြန်ပြောရန် စဥ့်စားမိလိုက်သော်လည်း သူသည် မပြောခင်မှာပင် စကားလုံးများကို မြိုချလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ဤချာတိတ်သည် ဘာမှမကြာသေးသည့် အချိန်တိုအတွင်းမှာပင် သူနှင့် လေးကြိမ်တိုင်တိုင်ပင် တွေ့ဆုံခဲ့ပြီးဖြစ်သည်ကို သတိရလိုက်သောကြောင့်ပင်တည်း။

၎င်းသည် ထိုချာတိတ်၏ ကံကောင်းပုံမျိုးနှင့်ဆိုပါလျှင် မေးခွန်းဘောက်ချာများကို လမ်းဘေးရှိ တွေ့ကရာသစ်သီးများကဲ့သို့ အမြဲတမ်း လွယ်လွယ်ကူကူပင် ရှာတွေ့နိုင်ချေ ရှိနေသည်မဟုတ်ပါလော...။

စာရေးဆရာဆိုသူသည် သူ၏နဖူးကို ပြန်လည်ပွတ်သပ်လိုက်ရင်း ထီးကိုင်ထားသော လက်တစ်ဖက်ကို ဖယ်ပေးလိုက်ရသည်။

“ခြောက်လဆိုရင် ငါ ကူညီပေးမယ်”

“သုံးလဆိုရင်ရော အဲ့လောက်တော့ ခင်ဗျား လိုက်လျောပေးပါဗျာ”

အာရန်သည် ပိုမိုကောင်းမွန်သော သဘောတူညီချက် တစ်ခုအတွက် စာရေးဆရာဆိုသူအား ဈေးဆစ်ရင်း ပြောလိုက်၏။

“မင်း...”

စာရေးဆရာဆိုသူသည် ပြောစရာ စကားလုံးများပင် ဆွံ့အသွားသကဲ့သို့ ခံစားလိုက်ရသည်။

“ဒီလိုအခြေအနေမျိုး ရောက်နေတာတောင်မှ မင်းက ဈေးဆစ်ချင်နေသေးတာလား”

အာရန်သည် ပြန်မဖြေခဲ့ပေ။

သူသည် စာရေးဆရာဆိုသူအား သနားစဖွယ်မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့ပြီး သူ့အား ကူညီပေးလိမ့်မည်ဟု ယုံကြည်ကိုးစားနေသည့်အလားပင်။

ထို့အပြင် စာရေးဆရာဆိုသူသည် ဤကမ္ဘာတွင် အရေးပါသော ဖြစ်တည်မှုတစ်ခုဖြစ်လေသည်။

ထိုသူ၏ ဖြစ်တည်မှုသည် အနာဂတ်တွင် သူ၏ အသက်အား သေချာပေါက် ကယ်တင်ပေးနိုင်သည့် အရာတစ်ခုလည်းဖြစ်ရပေမည်။

အာရန်သည် ခြောက်လအချိန်ကို ကတိမပေးလိုခဲ့ပေ။

အကြောင်းမှာ ၎င်းသည် အမှန်တကယ် သူ့အတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်သောကြောင့်ပင်တည်း။

သူ့အောက်ရှိ အမှောင်ထုထဲမှ ထွက်လာနိုင်ရန်အတွက်မူ ဤကမ္ဘာရှိ တခြားအရာအားလုံးနှင့်အတူ ထိုငရဲ၏ အကျိုးသက်ရောက်မှုများသည် ယခုအချိန်တွင် သူ့အပေါ် မရှိနိုင်တော့၍ ပြင်ပအကူအညီမပါဘဲနှင့်ပင် အချိန်တစ်ခုရမည်ဆိုပါက သူ့ဖာ့သာသူ ထွက်လာနိုင်ပေသည်။

#Catfoot

All Chapters