← Chapters

မိုးကြိုး စွမ်းအား

Vol. 6 Ch. 596

မိုးကြိုး စွမ်းအား

Vol. 6 Ch. 596

ကမ္ဘာ တစ်ဝန်းလုံးရှိ လူများစွာသည် ချန်းဖန်၏ ဆုံးဖြတ်ချက်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြ၏။ မြေအောက်လောကရှိ ပညာရှင်များ ဆိုလျှင် ချန်းဖန်၏ အညံ့ခံ၊ မခံကို ဒေါ်လာ ဘီလျံနှင့် ချီကာ လောင်းကြေးပင် ထပ်နေကြသည်။

သိပ်မကြာခင်မှာပင် ဆောင်းရာသီ နန်းတော်မှ သတင်းစ တစ်ခု ပျံ့နှံ့လာ၏။ ထိုသတင်းမှာ "အမေရိကန် အကြီးအကဲများနှင့် တွေ့ဆုံရန် USS အေဘရာဟမ် လင်ကွန်းသို့ ချန်းဖန် သွားခဲ့သည်" ဆိုသော သတင်းပင်။

ထိုသတင်းက ခဏ အတွင်းပင် ပျံ့နှံ့ကာ ကမ္ဘာအား ဆူပွက်သွားစေ၏။ ဂျပန် သိုင်းပညာရှင် အဖွဲ့အစည်းဆိုလျှင် အကြီးအကျယ်ပင် အောင်ပွဲ ခံကြသည်။

"ချန်းပေ့ရွှမ်းက အညံ့ခံတော့မယ်နဲ့ တူတယ် ...  အမေရိကန်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှု ဖိအားကို သူ တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ အစောတည်းက မျှော်လင့်ပြီးသားပဲ"

အခြားတစ်ဖက်၌ တရုတ် သိုင်းပညာရှင် အဖွဲ့အစည်းမှာမူ တိတ်ဆိတ်လျှက်သာ ရှိခဲ့သည်။ သူတို့သည် ချန်းဖန် အပေါ် မကျေနပ်ကြသည့်တိုင် အားကောင်းသော ပညာရှင် တစ်ယောက် ဆုံးရှုံးရမည့် အရေးကိုမူ မလိုလားကြချေ။

"ပြိုင်ဘက်ကင်း ချန်းပေ့ရွှမ်းတောင် အမေရိကန်ရဲ့ နင်းချေမှုကို ခံလိုက်ရတာပဲ ... "

မရေမတွက်နိုင်သော လူများက သက်ပြင်း ချကြသည်။

တစ်ယောက်က ဆိုလျှင် စီအိုင်အေ၏ သီးသန့် ဖိုရမ်၌ ဝမ်းနည်းခြင်းဖြင့် ဤကဲ့သို့ post တစ်ခု ရေးတင်၏။

"ဒီနေ့က သမိုင်းမှာ ကြီးကျယ်တဲ့ နေ့တစ်နေ့ပဲ ...  ဒီနေ့မှာ အမှောင်ကမ္ဘာရဲ့ အသန်မာဆုံး ပုဂ္ဂိုလ်ကြီးက သေမျိုး ကမ္ဘာရဲ့ လွှမ်းမိုးသူဆီမှာ အညံ့ခံခဲ့ရတယ် ...  ဒါက ငါတို့ အမှောင်ကမ္ဘာဟာ သေမျိုးတွေဆီမှာ အညံ့ခံလိုက်ရတာနဲ့ အဓိပ္ပာယ် အတူတူပဲ"

***

ထိုနေ့ ညနေခင်း အချိန် ...

USS အေဘရာဟမ် လင်ကွန်း စစ်စခန်း အတွင်း၌ ရောင်စုံမီးများက လင်းလက် နေ၏။

များစွာသော စစ်သားများသည် USS အေဘရာဟမ် လင်ကွန်း အတွင်း၌ လှပသော မိန်းကလေးများနှင့် ပျော်ပါးနေသည်။ သူတို့ အတွက် ဤစစ်ပွဲက သာမန် လေ့ကျင့်ခန်း တစ်ခုနှင့် မခြားနားပေ။

ကြီးမားသော လေယာဉ်တင် စစ်သင်္ဘောကြီး တစ်စင်း အတွင်းတွင်မူ ...

ကွန်မန်ဒါများ၊ အတ္တလန္တိတ် ရေတပ်မတော်၏ ဗိုလ်ချုပ်၊ အမေရိကန် သံအမတ် စသည်ဖြင့် အဆင့်မြင့် အရာရှိများသည် စုဝေး၍ ချန်းဖန်အား စောင့်နေကြ၏။

ဥရောပ အခြေစိုက် အမေရိကန် တပ်မတော်၏ ကွန်မန်ဒါ ဗိုလ်ချုပ် ဂျော်ဂျီက လေးနက်သော အသံဖြင့် ...

"ငါတို့ အကျပ်ကိုင်ပြီးတော့ သူ့ရဲ့ လက်နက်တွေ အကုန်လုံးကို အပ်ခိုင်းရမယ် ...  ပြီးခဲ့တဲ့ တိုက်ပွဲမှာ သူရသွားတဲ့ လျှပ်စစ်သံလိုက် အမြောက်တွေ နဲ့ နတ်ဘုရား ဝတ်စုံပါ အပါအဝင်ပေါ့ ...  နောက်ပြီး ရှင်သန်ခြင်း ရေစင် ဆေးညွှန်းနဲ့ မိုးကြိုးတွေကို ခေါ်နိုင်တဲ့ လက်နက်ရောပဲ ... "

ဗိုလ်ချုပ် ဂျော်ဂျီ၏ စကားကို အခြားလူများက ခေါင်းညိတ် ထောက်ခံကြသည်။

ချန်းဖန်တွင် အမေရိကန် အလိုရှိနေသော အရာများစွာ ရှိသည်။ လက်နက်များ အပြင် ချန်းဖန်၏ ခန္ဓာကိုယ်သည်လည်း အမေရိကန် စမ်းသပ်ခန်းများ အတွက် အလွန် တန်ဖိုး ရှိသည်။

ထိုခန္ဓာကိုယ်သည် အမြောက်များ၊ မိုင်းများ စသည့် ခေတ်မီလက်နက် များစွာကိုပင် တိုက်ရိုက် ခုခံနိုင်စွမ်း ရှိသည်။ ထိုကဲ့သို့သော ခန္ဓာအား စမ်းသပ် ဖန်တီးနိုင်ပါက အမေရိကန်၏ အဆင့်အတန်းမှာ ယခုထက် ပို၍ မြင့်မား သွားပေလိမ့်မည်။

"လမ့်မိသားစုကတော့ ...  ချန်းပေ့ရွှမ်း သေတာ မြင်ချင်တယ်လို့ ပြောတယ် ... "

အမေရိကန် သံအမတ်က မျက်မှောင်ကြုတ်ရင်း ဆိုသည်။

"ဟဟ ... "

အတ္တလန္တိတ် ရေတပ် ဗိုလ်ချုပ်က လှောင်ရယ် ရယ်လိုက်သည်။

"လမ့်မိသားစုရဲ့ ဆန္ဒက အရေးမကြီးဘူး ...  ချန်းပေ့ရွှမ်းရဲ့ ခန္ဓာကိုယ်ကို စမ်းသပ်ပြီးတာနဲ့ သတ်ပစ်ဖို့က ငါတို့မှာ ပထမ ကတည်းက ရှိပြီးသား အစီအစဉ်ပဲလေ"

သူတို့ စကားစမြည် ပြောနေစဉ်မှာပင် အတွင်းရေးမှူး တစ်ယောက်က ချန်းဖန် ရောက်ရှိ လာကြောင်း သတင်း ပို့၏။

ထို့နောက် ခဏအတွင်းမှာပင် ချန်းဖန် အခန်း အတွင်း ပေါ်လာ၏။ သူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။

"မစ္စတာချန်း ...  မင်းက တကယ် ဉာဏ်ကောင်းတာပဲ ...  စိတ်မပူပါနဲ့ အမေရိကန်က ပေးပြီးသား ကတိကို မဖျက်ပါဘူး"

ဗိုလ်ချုပ် ဂျော်ဂျီက အပြုံးဖြင့် ချန်းဖန်အား ဆီးကြိုသည်။

သို့သော်လည်း ချန်းဖန်က မတုန်မလှုပ်ပင် ရှိနေ၏။ သူက အခန်းထဲရှိ လူများကို တစ်ချက် ဝှေ့ကြည့်လိုက်သည်။

"ငါဒီကို လာတာ မင်းတို့ တောင်းဆိုတဲ့ အချက်တွေကို လက်ခံဖို့ မဟုတ်ဘူး ...  မင်းတို့ကို ပြချင်တာ တစ်ခုရှိလို့ လာခဲ့တာ"

"မင်းက ငါတို့ တောင်းဆိုတာတွေကို လက်မခံဘူးပေါ့ ... "

ဗိုလ်ချုပ် ဂျော်ဂျီ၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ် သွားသည်။

"မင်းက ဘာကို ပြချင်တာလဲ ... "

အမေရိကန် သံအမတ်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"မီးရှူးမီးပန်း တစ်ချို့ပါပဲ ... "

ချန်းဖန်က တည်ငြိမ်စွာ အဖြေပေးလိုက်သည်။

"မီးရှူးမီးပန်း ... "

ဗိုလ်ချုပ် ဂျော်ဂျီ၏ မျက်နှာက တင်းမာသွားသည်။ သူ၏ စိတ်တွင်မူ ချန်းဖန်က သူတို့အား ရုတ်တရက် တိုက်ခိုက်မည်ကို စိုးရိမ် နေခဲ့၏။

"မင်းက မီးရှူးမီးပန်းကို မြင်ချင်တယ် ဆိုရင် ငါ စစ်သားတွေကို မင်းအတွက် လောင်ချာ တစ်ဒါဇင်လောက် ပစ်ခိုင်းပေးမယ်"

"ငါ့မီးရှူးမီးပန်းလိုမျိုး ...  မင်းတို့ မလုပ်နိုင်ပါဘူး"

ချန်းဖန်က ခေါင်းကို ခါလိုက်၏။ ထို့နောက် သူက မိုးကြိုးငါးခု ချိပ်တံဆိပ်ကို ထုတ်ယူကာ အပေါ်သို့ မြှောက်လိုက်သည်။

"သွား ... "

ချန်းဖန်က အမိန့်ပေးလိုက်ရာ ချိပ်တံဆိပ်က အရောင် ငါးမျိုးကို ထုတ်လွှတ်သည်။ ထိုအရောင် ငါးမျိုးက ကောင်းကင်ကို ဖြတ်သန်း၍ အဝေးရှိ ကျွန်းတစ်ကျွန်း ပေါ်သို့ ပျံသန်းသွားသည်။

ထိုကျွန်းသည် ကီလိုမီတာ အနည်းငယ် ကျယ်ဝန်းကာ သစ်တောများဖြင့် ဖုံးလွှမ်းထား၏။ ကျွန်း၌ နေထိုင်သူ ဟူ၍ ပင်လယ်ငှက် အချို့သာ ရှိသည်။

"သူ ...  ဘာလုပ်တာလဲ"

အခြားလူများက ကျွန်းဆီသို့ စိတ်ဝင်တစား ကြည့်လိုက်ကြသည်။ မကြာခင်မှာပင် အသက်ရှူ ရပ်လောက်သော မြင်ကွင်း တစ်ခုက သူတို့၏ အမြင် အာရုံသို့ ဝင်ရောက်လာ၏။

"ဘုန်း ... "

မျက်စိ တစ်မှိတ် အတွင်းမှာပင် အလင်းငါးခုက မိုးကြိုးသံများကို သယ်ဆောင်လျက် ကျွန်းပေါ်သို့ ကျ၏။

"အဇူရာ ... "

"အဝါ ... "

"အနီ ... "

"အဖြူ ... "

"အနက် ... "

အလင်းငါးခုက ကျွန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ခဏအတွင်းမှာပင် ကျွန်း၏ ပုံသဏ္ဌာန် ကွယ်ပျောက်ကာ အလင်းများသာ ဖုံးလွှမ်းနေတော့၏။

"ခရက် ... "

အလင်းများ တဖြည်းဖြည်း ပြန့်ကျဲကာ ပျောက်ကွယ် သွားသည်နှင့် ကျွန်း တစ်ခုလုံးသည်လည်း မရှိတော့ချေ။

သစ်ပင်များ၊ တောင်တန်းများ၊ သဲသောင်ပြင်၊ ပင်လယ်ငှက် စသည်တို့ကား ထိုနေရာ၌ လုံးမ မတည်ရှိခဲ့သည့် အလားပင်။ ထိုအရာက ခဲပန်းချီကားပေါ်ရှိ လှပသော မြင်ကွင်း တစ်ခုကို ခဲဖျက်ဖြင့် ဖျက်ပစ်လိုက် သလိုပင်။

USS အေဗရာဟမ် လင်ကွန်းရှိ စစ်သားများ၊ ဗိုလ်ချုပ် ဂျော်ဂျီ၊ လက်ထောက် ဒါရိုက်တာ Mc ကိမ်း၊ အမေရိကန် သံအမတ်၊ ဂြိုဟ်တုမှ ကြည့်နေကြသော နိုင်ငံတကာမှ အကြီးအကဲများ ...  သူတို့ အားလုံးကား လုံးဝပင် ဆွံ့အ နေမိကြတော့သည်။

"ဒီ မီးရှူးမီးပန်းလေးကို မင်းတို့ ဘယ်လို မြင်ကြလဲ"

ချန်းဖန်က ပြုံးရင်း ဗိုလ်ချုပ် ဂျော်ဂျီအား ကြည့်လိုက်သည်။

ဗိုလ်ချုပ် ဂျော်ဂျီမှာ ရုပ်တု တစ်ခုအလား အေးခဲနေရာ မည်သို့ အဖြေပေးနိုင်တော့မည်နည်း။

"ဒါက ...  ဘယ်လို လက်နက်မျိုးလဲ"

ဗိုလ်ချုပ်များက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြမိသည်။ လေဆာ လက်နက်၊ လျှပ်စစ်သံလိုက် အမြောက် စသည့် အမေရိကန်၏ ခေတ်မီ လက်နက်များပင်လျှင် ထိုလက်နက်ကို ယှဉ်နိုင်မည် မဟုတ်ချေ။

ထိုလက်နက်က ကလာ့ခ် ထုတ်သုံးခဲ့သည့် စွမ်းအင်ဗုံးထက်ပင် ပိုမို အဆင့်မြင့်သည်။ စွမ်းအင်ဗုံးသည် မီတာ ရာချီ အကွာအဝေးကိုသာ ဖုံးလွှမ်းနိုင်သည်။ သို့သော်လည်း ချန်းဖန်၏ မိုးကြိုးငါးခု ချိပ်တံဆိပ်က ငါး ကီလိုမီတာ လောက်ကိုပင် အလွယ်တကူ ဖျက်ဆီးနိုင်သည်။

"ဒါက ...  မိုးကြိုးငါးခု ချိပ်တံဆိပ်လို့ ခေါ်တဲ့ အစီအရင် ပစ္စည်းလေး တစ်ခုပါပဲ ...  မင်းတို့ ထပ်ကြည့်ချင်သေးလား"

ချန်းဖန်က လက်ကို ဝှေ့ယမ်းသည်နှင့် အလင်း ငါးခုက ကောင်းကင်တွင် ထပ်မံ ပေါ်ထွက် လာသည်။

"ရပါပြီ ရပါပြီ ...  မလိုတော့ပါဘူး"

ဗိုလ်ချုပ် ဂျော်ဂျီက ကပျာကယာ တားလိုက်၏။

သူသည် ဥရောပတွင် အခြေစိုက်သော အမေရိကန် စစ်တပ်အားလုံးကို အမိန့်ပေးနိုင်သော ဗိုလ်ချုပ်ကြီး ဖြစ်သည်။ သို့သော်လည်း သူသည် ချန်းဖန်ကိုမူ နှလုံးသား အတွင်းမှ ထိတ်လန့် နေမိခဲ့သည်။ နတ်ဘုရား တစ်ပါးမှ လွဲ၍ မည်သူကမျှ ထိုသို့သော စွမ်းအားကို ပိုင်ဆိုင်နိုင်မည် မဟုတ်ချေ။

"ဘုရား ဘုရား ...  ဒီလိုလူမျိုးကို တိုက်ခိုက်ဖို့ ဘယ်ခွေးသားက စပြီး အကြံပေး လိုက်တာလဲ ...  သူက သာမန် သိုင်းပညာရှင် အစီအရင် ပညာရှင် မဟုတ်ဘူး ...  သူက တကယ့် နတ်ဘုရား တစ်ပါးလိုပဲ"

ထိုအတွေးဖြင့် ဗိုလ်ချုပ် ဂျော်ဂျီမှာ ဒူးများပင် အနည်းငယ် တုန်ရီလာခဲ့သည်။

"ဒါဆိုရင်လည်း ...  ဒီတစ်ကြိမ်က ငါတို့ ထိပ်တိုက်တွေ့တဲ့ နောက်ဆုံး အကြိမ် ဖြစ်ပါစေ ...  မဟုတ်ရင်တော့ ငါကိုယ်တိုင် ဝါရှင်တန်ကို လာပြီး ဆိုးရွားတာ တစ်ခုခု လုပ်ရလိမ့်မယ်"

ချန်းဖန်က မိုးကြိုးငါးခု ချိပ်တံဆိပ်ကို ပြန်လည် သိမ်းဆည်းရင်း ထွက်ခွာရန် ပြင်လိုက်၏။

USS အေဘရာဟမ် လင်ကွန်း အတွင်းရှိ စစ်သားများက ချန်းဖန်အား နတ်ဘုရား တစ်ပါး အလား ကြည့်၍ လမ်းဖယ်ပေးကြသည်။ ကောင်းကင်၌ ပျံဝဲနေသော တိုက်လေယာဉ်များ၊ စစ် သင်္ဘောများ ...  မည်သည့် အရာကမျှ ချန်းဖန်အား မတားဆီး ဝံ့တော့ချေ။

"ဒါက ...  သူ့ရဲ့ အစစ်အမှန် အင်အားလား"

ဒါရိုက်တာ Mc ကိမ်းနှင့် အခြား စစ်ဗိုလ်ချုပ်များက ဖြူရော်စွာ ပြုံးလိုက်မိတော့သည်။

***

အမေရိကန်၊ ပင်တဂွန် စစ်ဌာနချုပ် ...

"မယုံကြည်နိုင်စရာပဲ ... "

မြောက်ပင်လယ်ကို ဂြိုဟ်တုမှ တစ်ဆင့် ကြည့်ရှု့နေသော ဗိုလ်ချုပ်များက တုန်လှုပ်စွာ ရေရွတ်လိုက်မိကြသည်။ သတ္တိရှိမှုဖြင့် နာမည်ကြီးသော ကာကွယ်ရေး ဝန်ကြီး သံလက်သီးပင်လျှင် တည်ငြိမ်မှု မရှိတော့ချေ။

"ကမ္ဘာပေါ်မှာ နျူကလီးယားကိုတောင် ယှဉ်နိုင်တဲ့ အဲဒီလို လက်နက်မျိုး ရှိမယ်လို့ မထင်ခဲ့မိဘူး ... "

ဗိုလ်ချုပ်တစ်ယောက်က တုန်ရီစွာဖြင့် ရေရွတ်သည်။

ထိုအချိန်မှာပင် လှပသော အတွင်းရေးမှူးမ ကလေးက အခန်းအတွင်း ဝင်ရောက်လာကာ တင်ပြလိုက်၏။

"ဝန်ကြီး ...  ရလဒ်ထွက်လာပါပြီ ...  စူပါ ကွန်ပြူတာတွေရဲ့ တွက်ချက်မှု အရဆိုရင် အဲဒီ တိုက်ခိုက်မှုက ငါးကီလိုမီတာကို ဖုံးလွှမ်းခဲ့ပြီး ပေါက်ကွဲမှုကတော့ နျူကလီးယား တန်ချိန် ငါးထောင် ရှိပါတယ် ...  အဲဒီ ပမာဏက ဟိုက်ဒရိုဂျင် ဗုံးပေါက်ကွဲမှု တန်ချိန် ငါးသန်း နဲ့ ညီမျှပါတယ် ... "

ထိုတင်ပြမှုက အခန်းတစ်ခုလုံးကို လုံးဝ ဆိတ်ငြိမ်သွားစေ၏။

"ဟိုက်ဒရိုဂျင်ဗုံး တန်ချိန် ငါးသန်း ... "

ထိုပမာဏကား မြို့တစ်မြို့လုံးကိုပင် ဖျက်ဆီးပစ်ရန် လုံလောက်သော ပမာဏ ဖြစ်သည်။

"ဝန်ကြီး ...  ကျုပ်တို့ ဘာလုပ်ကြမလဲ ချန်းပေ့ရွှမ်းကို ဒီအတိုင်း လက်လွှတ် လိုက်ရမှာလား ...  ဒါမှမဟုတ် နျူကလီးယားနဲ့ တိုက်ခိုက်ရမလား"

ဗိုလ်ချုပ် တစ်ယောက်က တုန်ရီစွာ မေးလိုက်၏။

"သူက လန်ဒန်မှာ ရှိနေတာ ...  ငါတို့ ဘယ်လို တိုက်ခိုက်မလဲ ...  လန်ဒန်ကိုပါ ဖျက်ဆီးပစ်ရမှာလား"

ဝန်ကြီး သံလက်သီး အာနိုးက ခေါင်းကို ခါယမ်းလိုက်သည်။

အင်္ဂလန်ကား ကမ္ဘာ့ မဟာအင်အားကြီး နိုင်ငံ ငါးနိုင်ငံ အနက်မှ တစ်နိုင်ငံ ဖြစ်သည်။ ထို့အပြင် လန်ဒန်မှာလည်း လူ တစ်ဆယ် မီလျံကျော်၏ အိမ် ဖြစ်သည်။ ချန်းပေ့ရွှမ်းကို တိုက်ခိုက်ရန် အတွက် လန်ဒန်ကို နျူကလီးယား ဗုံးချခြင်းက အလွန် ရူးမိုက်သော လုပ်ရပ်ပင် ဖြစ်သည်။

"USS လင်ကွန်းနဲ့ အတ္တလန္တိတ် ရေတပ်ကို ပြန်ဆုတ်ဖို့ အမိန့်ပေးလိုက် ...  လေတပ်တွေကိုပါ တစ်ပါတည်း ပြန်လာခိုင်းလိုက်"

ဝန်ကြီး အာနိုးက ဖြည်းညင်းစွာ ဆိုလိုက်သည်။

"ဆရာ ...  ကျွန်တော်တို့ အမှတ်(၁၇) ရေတပ်နဲ့ စစ်သား ငါးရာလောက်ကို ဆုံးရှုံးထားတာ ...  ချန်းပေ့ရွှမ်းကို ဒီလိုပဲ လက်လွှတ်လိုက်ရမှာလား"

ငယ်ရွယ်သော ဗိုလ်ချုပ် တစ်ယောက်က မကျေမနပ် ဆိုသည်။

"လက်မလွတ်ဘူး ဆိုရင် ...  မင်းက ဘာလုပ်မယ်လို့ စဉ်းစားထားလဲ ...  ချန်းပေ့ရွှမ်းက အဲဒီ လက်နက်ကို ထပ်မသုံးနိုင်ဘူး လို့ မင်း အာမခံလား ...  သူက အဲဒီ လက်နက်နဲ့ ဝါရှင်တန်ဒီစီ နယူးယော့ခ်လို့ မြို့ကြီးတွေကို တိုက်ခိုက်မယ် ဆိုရင်ရော ...  မင်း ဘယ်လို ကာကွယ်မလဲ"

ဝန်ကြီးအာနိုးက ပြန်လည်ကာ မေးခွန်း ထုတ်လိုက်၏။ သူ၏ စကားလုံးများက ငယ်ရွယ်သော ဗိုလ်ချုပ်ကို နှုတ်ဆိတ် သွားစေတော့သည်။

***

ထိုအချိန်၌ ဒါရိုက်တာရှောင်နှင့် အခြားလူများမှာ တိတ်ဆိတ်လျှက် ရှိ၏။ သူတို့သည် ဂြိုဟ်တုမှ တစ်ဆင့် ဖြစ်ပျက်သမျှ အလုံးစုံကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။

ချန်းဖန်၏ လက်နက်က ထိုမျှအထိ အစွမ်းထက်မည်ဟု သူတို့ လုံးဝ ထင်မှတ် မထားမိချေ။ ထိုအရာက သိပ္ပံ ရုပ်ရှင်များထဲမှ မှောက်လက်နက်မျိုးထက်ပင် ပိုမိုကာ အစွမ်းထက် နေသေးသည်။

"ဒီနေ့က စလို့ သူ့ကို ဘယ်သူမှ ဆန့်ကျင်ရဲတော့မယ် မထင်ဘူး ... "

ဒါရိုက်တာရှောင်က သက်ပြင်းတစ်ချက် ချလိုက်သည်။

အမေရိကန်ပင်လျှင် သူ့ကို တိုက်ခိုက်ရန် လက်လျှော့ခဲ့ရရာ မည်သူက တိုက်ခိုက်ရဲတော့ ပါမည်နည်း။

***

နောက်တစ်နေ့ နံနက် ...

စင်္ကာပူ နိုင်ငံ၊ နဂါးခန်းမ ...

ရှဲ့ရန်သည် ပြန်လည် ထွက်ခွာသွားသော အမေရိကန် စစ်သင်္ဘောများကို ငေးမော ကြည့်နေခဲ့၏။

ရုတ်တရက်ပင် နဂါးခန်းမ တစ်ခုလုံး၌ အောင်ပွဲခံသံများဖြင့် ပြည့်နှက် သွားတော့သည်။

"နဂါးသခင်ကြီး ...  အမေရိကန်တွေ ဘာလို့ လက်လျှော့သွားတာလဲ ... "

ကောနွမ်နွမ်က နဂါးသခင်ကြီးထံ လျှောက်လာရင်း မေးလိုက်သည်။

"ဘာကြောင့်လဲ ဆိုတော့ ...  ငါတို့ ဂိုဏ်းချုပ်ကို ကြောက်လို့ ပေါ့ကွာ"

ရှဲ့ရန်၏ မျက်နှာက ဂုဏ်ယူသော အပြုံး တစ်ခုဖြင့် စွန်းထင်း နေခဲ့တော့၏။

***

All Chapters