← Chapters

ဝိညာဉ် ရတနာ

Vol. 6 Ch. 597

ဝိညာဉ် ရတနာ

Vol. 6 Ch. 597

ထိုအချိန်၌ ချန်းဖန်သည် ဆောင်းရာသီ နန်းတော်သို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။ သူ၏ ဘေးတွင်မူ ယူကီရှီရိုဆာ၊ အားရှို့နှင့် အခြားလူများစွာ စိုးရိမ်စွာ ဝိုင်းပတ် နေကြသည်။

မြောက်ပိုင်းချုံး၏ ဂိုဏ်းဝင်များ အနေဖြင့် သူတို့သည် အခြားလူများ ရှေ့၌ မောက်မာသော သူများ ဖြစ်ကြသော်လည်း ချန်းဖန်၏ လက်ရှိ အခြေအနေ အပေါ် အလွန်အမင်း စိုးရိမ် နေမိကြသည်။

"စိတ်မပူနဲ့ ...  အခု အားလုံးက အဆင်ပြေ သွားပါပြီ ...  လတ်တလောမှာ အမေရိကန်က ငါတို့ကို နှောင့်ယှက်ရဲတော့မှာ မဟုတ်ဘူး"

ချန်းဖန်က နွေးထွေးသော အပြုံးဖြင့် ဆိုလိုက်သည်။

"ဟူး ... "

ထိုစကားကို ကြားရမှ လူတိုင်းက သက်ပြင်း ချနိုင်တော့သည်။

လီရှင်းရုသည် အခန်း၏ ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့၏။ သူမသည် မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း သတိမထားမိသော်လည်း အခြားလူများ၏ အမူအရာများ အရ ယခု ကိစ္စမှာ မည်မျှ အရေးကြီးကြောင်း ရိပ်မိနေခဲ့သည်။

ထိုအချိန်၌ နာတာရှာမှာမူ ချန်းဖန်အား အံ့အားသင့်ခြင်း၊ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက် နေ၏။

သူမသည် KGB အတွက် အလုပ်လုပ်ပေးနေသူ ဖြစ်ရာ အကြောင်းအရာ တော်တော်များများကို သိရှိထားသည်။ သို့သော်လည်း ချန်းဖန်ကဲ့သို့ အစွမ်းထက်သူကိုမူ သူမ တစ်ခါမျှ မတွေ့ခဲ့ဖူးချေ။

"ငါ ရက်အနည်းငယ်လောက် တံခါးပိတ်ပြီး လေ့ကျင့်ဦးမယ် ...  ဘယ်သူမှ ငါ့ကို လာမနှောင့်ယှက်ကြနဲ့"

စကားစမြည် ပြောပြီးနောက် ချန်းဖန်က မှာကြားကာ မြောက်အောက်ခန်း ရှိရာသို့ ဝင်ရောက် သွားခဲ့သည်။

"ဒီစစ်ပွဲက ငါ့ကို တော်တော်လေး အထိနာစေခဲ့တယ် ...  ငါ့အနေနဲ့ ရွှေရောင် သံချပ်ကာရော မိုးကြိုးငါးခု ချိပ်တံဆိပ်ကိုပါ ထုတ်သုံးခဲ့ရတယ် ...  ဒီ မိုးကြိုးငါးခု ချိပ်တံဆိပ်က သွေးမျိုးဆက် သခင်ကြီးနဲ့ တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး လုပ်ထားတာ ...  အမေရိကန်ကို တိုက်ခိုက်တဲ့ နေရာမှာ ထုတ်သုံး ရလိမ့်မယ် လို့ မထင်ခဲ့မိဘူး"

ချန်းဖန်က မြေအောက်ခန်း အတွင်း၌ ထိုင်ရင်း နာကျင်စွာ တွေးလိုက်မိသည်။ သူ့အနေဖြင့် မိုးကြိုးငါးခု ချိပ်တံဆိပ်ကို စွမ်းအား အပြည့်  ထုတ်သုံးရန် အတွက် သုံးလခန့် စောင့်ဆိုင်းရတော့မည် ဖြစ်သည်။

"အမေရိကန်က အရူး မဟုတ်ဘူး ...  ဒီကိစ္စကို အနည်းနဲ့ အမြန် ရှာတွေ့သွားမှာပဲ ...  ဒါပေမဲ့ ငါ့ အနေနဲ့ မိုးကြိုးကိုးခု ချိပ်တံဆိပ်ကို နောက်တစ်ကြိမ် ထုတ်သုံးပြလိုက်မယ် ဆိုရင်တော့ ...  အမေရိကန်က လက်လျှော့သွားမှာ သေချာတယ်"

ချန်းဖန် အနေဖြင့် အမေရိကန်နှင့် ပတ်သက်၍ အချိန်ဖြုန်းလိုခြင်း မရှိပေ။ သူ့တွင် ပိုမို အရေးကြီးသော လုပ်စရာ များစွာ ရှိသေးသည်။

"ငါသာ အဆင့်တက်ခဲ့မယ် ဆိုရင်တော့ မိုးကြိုးငါးခု ချိပ်တံဆိပ်ကို နောက်တစ်ကြိမ် အသက်သွင်း နိုင်လိမ့်မယ်"

ချန်းဖန်က ခေါင်းကို ခါလိုက်မိသည်။

"ငါသာ မူလဝိညာဉ် အဆင့်ကို ရောက်ရင် အမေရိကန် အိမ်ဖြူတော်ကို တိုက်ရိုက် ပျံသန်းပြီးတော့ သမ္မတနဲ့ သွားတွေ့လို့ ရတယ် ...  ရွှေအမြုတေ အဆင့်ကို ရောက်တာနဲ့ အမေရိကန် တစ်နိုင်ငံလုံးကို မိုးကြိုးငါးခု ချိပ်တံဆိပ်နဲ့ ဖျက်ဆီးပစ်လို့ ရတယ် ...  ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတွေ အားလုံး ပေါင်းပြီး တိုက်ခိုက်မယ် ဆိုရင်တောင် ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး"

"မူလဝိညာဉ် အဆင့်ကို ရောက်တာနဲ့ ကမ္ဘာပေါ်မှာ ငါကြောက်ရတဲ့ အရာ ရှိတော့မှာ မဟုတ်ဘူ ...  ဘာပဲ ဖြစ်ဖြစ် ဓားလျှို့ဝှက်ချက်ကို ကျေးဇူးတင်ရမယ် ...  သူ့ရဲ့ ဂူထဲက ဝိညာဉ် ရင်းမြစ်ကြောင့် ဝိညာဉ် ပင်လယ် နောက်ဆုံးအဆင့်ကို ငါ တက်လှမ်းနိုင်ခဲ့တာ ...  ဒါပေမဲ့ မူလဝိညာဉ် အဆင့်ကို ရောက်ဖို့ ဆိုရင် အဲဒီလို ဂူ သုံးခုလောက် တွေ့မှ ဖြစ်မှာ ... "

ထိုအတွေးဖြင့် ချန်းဖန်၏ မျက်လုံးက အလင်းရောင် တစ်ချက် လင်းလက်သွား၏။

"ကမ္ဘာမြေက ...   ဝိညာဉ်ချီ ရှားပါးတယ် ဆိုပေမဲ့လည်း မြေကမ္ဘာ အဆင့်ကို ဓားလျှို့ဝှက်ချက် တစ်ယောက်တည်း ရောက်ခဲ့တာ မဟုတ်လောက်ဘူး ...  ငါ မိသားစုတွေဆီကို တစ်ခေါ် အလည် သွားပြီးတာနဲ့ ...  မူလဝိညာဉ် (မြေကမ္ဘာနဲ့ အတင့်တူ) အဆင့်ကို ရောက်ဖို့ ဝိညာဉ်ချီ ရင်းမြစ်တွေ ကမ္ဘာကို ပတ်ပြီး ရှာဖွေ စုဆောင်း ရမယ် ... "

ကမ္ဘာမြေ၌ မူလဝိညာဉ် အဆင့်ကို ရောက်ရှိရန်မှာ ချန်းဖန် အတွက် အလွန်ပင် ခက်ခဲလှ၏။ သူ၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်မှာ စကြဝဠာ၏ အစွမ်း အထက်ဆုံး ခန္ဓာကိုယ် ဖြစ်သောကြောင့် လေ့ကျင့်ရန် လိုအပ်သည့် ရင်းမြစ်မှာလည်း အခြား ကျင့်ကြံသူများထက် နှစ်ဆခန့် ပိုမို လိုအပ်သည်။

"ဒါက ထားလိုက်ပါဦးလေ ...  အရင်ဆုံး ငါ့မှာ ဘာတွေရှိလဲ ကြည့်ဦးမှ"

ချန်းဖန်က တွေးတောရင်း ဓားအားဖြည့် ကျောက်မျက်ကို ထုတ်ယူလိုက်သည်။

"လျှပ်စစ်သံလိုက် အမြောက် နှစ်ခု ငွေရောင်အလုံး အနက်ရောင် ဆူးချွန် ... "

ထိုအရာများမှာ လွန်ခဲ့သော စစ်ပွဲ အတွင်းမှ ချန်းဖန် ရရှိလာသော အရာများ ဖြစ်ကြသည်။

"ဒီလျှပ်စစ်သံလိုက် အမြောက်က ကမ္ဘာပေါ်မှာ ရရှိနိုင်တဲ့ သတ္တုတွေနဲ့ လုပ်ထားတာ ဖြစ်မယ် ...   ငါ့အထင် မမှားရင် ဒီလက်နက်က မူရင်းကနေ ကော်ပီကူးပြီး လုပ်ထားတာ ...   အမေရိကန် ပိုင်ထားတဲ့ မူရင်း အမြောက်က ဒီနေ့ခေတ် နည်းပညာထက် နှစ် နှစ်ဆယ် သုံးဆယ်လောက် ပိုပြီး မြင့်မားလောက်တယ်"

ချန်းဖန်က သူ အတိတ်ဘဝ၌ ကြုံတွေ့ဖူးသော လျှပ်စစ်သံလိုက် အမြောက် အကြောင်းကို ပြန်လည် စဉ်းစားလိုက်၏။

လျှပ်စစ်သံလိုက် အမြောက် အစစ်များသည် အလွန်ပင် အစွမ်းထက် သလို ထုတ်လုပ်ရန် လိုအပ်သော နည်းပညာမှာလည်း ကမ္ဘာထက် နှစ်ရာချီ စောရန် လိုအပ်သည်။ ထို့အပြင် အမြောက်၏ ကုန်ကျစရိတ်မှာလည်း အလွန် ကြီးမား၏။

အမေရိကန်တွင် ပိုမို ကောင်းမွန်သော လျှပ်စစ်သံလိုက် အမြောက်တစ်ခု ရှိနိုင်သည်။ ချန်းဖန်နှင့် ရင်ဆိုင်ရာ၌ ထိုအမြောက်ကို အသုံး မပြုခဲ့ခြင်းမှာ ပစ်ခတ်ရန် ကုန်ကျစရိတ် များလွန်းသောကြောင့် ဖြစ်သည်။

"ဒီ လျှပ်စစ်သံလိုက် အမြောက်က အပေါစား အနေနဲ့ ထုတ်လုပ်ထားတာ ဆိုတော့ သိပ် မထိရောက်လှဘူး ...  ဒါပေမဲ့ အမြောက် ပစ်ခတ်ဖို့ လိုအပ်တဲ့ ရင်းမြစ်က အမေရိကန် အတွက်တောင် အရမ်း မြင့်မားတယ်"

ချန်းဖန်က ခေါင်းခါလိုက်မိ၏။

လျှပ်စစ်သံလိုက် အမြောက်များသည် သူ့အတွက် လုံးဝ အသုံးမဝင်ချေ။ ထိုအရာများက ကုန်ကျစရိတ် ကြီးမားလွန်းပြီး ထိရောက်မှုလည်း သိပ်မရှိချေ။ သို့သော်လည်း ထိုအမြောက်များက အမေရိကန် အတွက်မူ အလွန် တန်ဖိုးရှိပုံ ပေါ်သည်။

"ဒါပေမဲ့ ...  ဒီ ဆူးချွန်နဲ့ ငွေရောင် သတ္တုလုံးက ကမ္ဘာက မဟုတ်တာ သေချာတယ်"

ချန်းဖန်က အခြား နှစ်ခုထံသို့ ကြည့်လိုက်၏။

အနက်ရောင် ဆူးချွန်မှာ အမည်မသိ သတ္တု တစ်မျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုအရာက တစ်ဆယ် စင်တီမီတာခန့် ရှည်လျားပြီး မျက်နှာပြင် ပေါ်၌ ရှေးဟောင် သင်္ကေတများဖြင့် ဖုံးလွှမ်းထားသည်။

"သူတို့က ဒါကို နတ်ဘုရားသတ် ဒုံးလို့ ခေါ်ကြတယ် ...  မြေကမ္ဘာ အဆင့် တစ်ယောက်တောင် ဒီဆူးချွန် တိုက်ခိုက်မှုကနေ ရှောင်နိုင်မယ် မထင်ဘူး"

နောက်ဆုံး တိုက်ခိုက်မှု အကြောင်း တွေးမိသည်နှင့် ချန်းဖန်၏ မျက်နှာက မည်းမှောင်လို့ သွား၏။

ထိုတိုက်ခိုက်မှုကား အသံထက် အဆ နှစ်ဆယ်ပင် ပိုမို မြန်ဆန်နေသေးသည်။ မြေကမ္ဘာ အဆင့် တစ်ယောက်သာ ထိုသို့ တိုက်ခိုက်ခံရပါက မသေလျှင်ပင် အနည်းနှင့် အများ ဒဏ်ရာ ရသွားမည်မှာ သေချာသည်။

"ဒါပေမဲ့ သူတို့က ငါ့ကိုမှ လာတိုက်ခိုက်တာကိုး ... "

ချန်းဖန်က အနည်းငယ် ပြုံးလိုက်၏။

ထိုဆူးချွန်မှာ အလွန်ပင် အစွမ်းထက်ပြီး လေယာဉ်တင် သင်္ဘော တစ်စင်းကိုပင် မြှုပ်ပစ်နိုင်စွမ်း ရှိသည်။ သို့သော်လည်း ချန်းဖန်က ဟင်းလင်းပြင် နည်းစနစ် တစ်ခု ဖြစ်သည့် "မာရူ နည်းစနစ်" ကို သုံးကာ ထိုအရာကို ဓားအားဖြည့် ကျောက်မျက် အတွင်း ထည့်ပစ်ခဲ့သည်။

"ဓားလျှို့ဝှက်ချက်က အရူးပဲ ...  ဟင်းလင်းပြင် ရတနာ ဆိုတာက အရမ်းကို အဖိုးတန်တယ် ...  သူက ဓားအားဖြည့်ဖို့ပဲ သုံးခဲ့ပြီး ဖြုန်းတီးခဲ့တာပဲ"

ချန်းဖန်က ခေါင်းကို ခါလိုက်၏။

"အဲဒါက ထားလိုက်ပါလေ ...  ဒီ ဆူးချွန်က ဘာလဲ ဆိုတာ ငါတောင် သေချာ မသိဘူး ...  ဒါက ဓမ္မ ရတနာ တစ်ခုခုနဲ့လည်း မတူဘူး ...  နည်းပညာမြင့် လူ့အဖွဲ့အစည်းရဲ့ လက်နက် တစ်ခုနဲ့လည်း မတူဘူး ...  ဒီ အထဲက စွမ်းအားကို ဘယ်သူမှ မဖော်ထုတ် ဖူးသေးပုံပဲ ... ငါ လုပ်နိုင်မလား မသိဘူး"

ချန်းဖန်က သင်္ကေတ အချို့ကို ရေးဆွဲလိုက်ပြီး သူ၏ နတ်ဘုရား စိတ်အာရုံကို ဆူးချွန် အတွင်း ပို့လွှတ် လိုက်သည်။

"ဝမ် ... "

ရုတ်တရက် အနက်ရောင် ဆူးချွန်က တုန်လာ၏။ ထို့နောက် ရှေးဟောင်း သင်္ကေတများမှ အပြာရောင် အလင်းများ တောက်ပ လာခဲ့သည်။

"စိတ်ဝင်စား စရာပဲ ... "

ချန်းဖန်က ရေရွတ်ရင်း သူ၏ ချီစွမ်းအား အချို့နှင့် နတ်ဘုရား စိတ်အာရုံတို့ကို ဆူးချွန် အတွင်း ထပ်မံ ပို့လွှတ်လိုက်သည်။

"ဝမ် ... "

အနက်ရောင် ဆူးချွန်က နတ်ဘုရား စိတ်အာရုံကို စုပ်ယူကာ ပိုမို တောက်ပလာ၏။ အပြာရောင် အလင်းများ ပိုမို လင်းလက်လာသည်နှင့် ဆူးချွန်က အပြာရောင် စွမ်းအင်လှံတံ တစ်စင်း အဖြစ် ပြောင်းလဲသည်။

"ဟိုကတုံးတွေမှာ ဆူးချွန်ကို အပြည့်အဝ နိုးထလာနိုင်တဲ့ အထိ ဝိညာဉ် စွမ်းအား လုံလောက်ပုံ မရဘူး ... "

ချန်းဖန်က နတ်ဘုရား စိတ်အာရုံဖြင့် ဆက်သွယ်ကာ ဆူးချွန်ကို ထိန်းချုပ်လိုက်သည်။

"ဟူး ... "

ဆူးချွန်က ချန်းဖန်၏ ထိန်းချုပ်မှု အောက်၌ လေပေါ် ပျံတက်လာကာ အသံထက် ဆယ်ဆ မြန်ဆန်သော နှုန်းဖြင့် ဘေးနားရှိ သတ္တု နံရံအား စိုက်၏။

"ဒါက ...  အမေတေ ဖြည့်တင်းခြင်း ဓားထက်တောင် ပိုပြီး အစွမ်းထက်တာပဲ ... "

ချန်းဖန်၏ မျက်လုံးများက တလက်လက် တောက်ပသွား၏။

"ဒီဟာက အဆင့်မြင့် ဝိညာဉ် လက်နက်လား ...  ဝိညာဉ် ရတနာများလား"

ချန်းဖန်က ဆူးချွန်ကို နံရံမှ ပြန်လည် ဆင့်ခေါ်ပြီး အသေအချာ စစ်ဆေး ကြည့်လိုက်သည်။

All Chapters