← Chapters

သွေးအစီအရင်

Vol. 12 Ch. 174

သွေးအစီအရင်

Vol. 12 Ch. 174

တစ်ဖက်ရှိ ကျီယွမ်ကုန်းမြေ၏ အစွန်အဖျား နယ်မြေတစ်ခုတွင် အနီရောင်ဝတ်စုံနှင့်လူကြီးတစ်ဦး၏ ဒေါသများသည် မထိန်းသိမ်းနိုင်တော့သည့်အလား အနီးနားရှိ ပစ္စည်းများကို ချေမွ ဖျတ်စီးနေသည်။

“အခုထိရှာမတွေ့သေးဘူးလားကွ..”

ထိုလူကြီးသည် ရွှယ်လင်းဟန်ဖြစ်ပြီး သွေးမျိုးနွယ်၏ အဖွဲ့ခွဲမှ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ရွှယ်လင်းကျွင်းရှိစဉ်က သူသည် ဒုခေါင်းဆောင်သာ ဖြစ်ခဲ့ပြီး ရွှယ်လင်းကျွင်း ပျောက်ဆုံးသွားသည့် နောက်တွင် ခေါင်းဆောင်နေရာကို ရရှိခဲ့ခြင်းဖြစ်၏။ သူတို့သည် သွေးမျိုးနွယ်ဝင်များဖြစ်သော်လည်း မျိုးနွယ်ပြင်ပတွင်နေထိုင်ကြကာ အဖွဲ့ဝင်စုဆောင်းမှုများကို တိတ်တဆိတ်ဆောင်ရွက်နေကြခြင်းဖြစ်သည်။

“ကျုပ်တို့ သွေးခြေရာခံခြင်းနစ်စနစ်ကို ဘယ်လောက်သုံးသုံး တိကျတဲ့ အဖြေမရရှိခဲ့ဘူး”

လက်အောက်ငယ်သားတစ်ဦးသည် စိုးရွံ့နေစွာ ဆိုလိုက်၏။

သွေးခြေရာခံခြင်းနည်းစနစ်သည် သွေးမျိုးနွယ် အဖွဲ့ဝင်တစ်ဦးသေဆုံးသွားပါက သတ်ဖြတ်သည့်သူအား ညွှန်ပြပေးနိုင်သည့် နည်းစနစ်မျိုးဖြစ်သည်။

“မင်းတို့ဒီလောက်တောင် အသုံးမကျဘူးလား..၊ ခြေရာခံ လို့မရရင် အခုချက်ချင်း ကုန်းမြေအနှံ့လိုက်ရှာကွ..”

ရွှယ်လင်းဟန်သည် အော်ဟစ်ကာ ပြောဆိုလိုက်သည်။ ရွှယ်လင်းကျွင်းသည် သူနှင့် သွေးရင်းညီအစ်ကိုများဖြစ်ကြပြီး သူ၏ အစ်ကိုဖြစ်သူ သေဆုံးခြင်းအတွက် အလွန်ပင် ဒေါသထွက်နေခဲ့သည်။ အရင်အချိန်များတွင် ရွှယ်လင်းကျွင်း ပျောက်ဆုံးသွားသော်လည်း သူ၏ အသက်မီးအိမ်သည် မငြိမ်းသေသေးပေ။

ထို့ကြောင့် အသက်ရှင်လျက်ရှိသေးကြောင်း သိရှိနေခဲ့သည်။ သို့သော် ထိုအသက်မီးအိမ်သည် လွန်ခဲ့သည့် နှစ်နှစ်ကျော်က ငြိမ်းသက်သွားခဲ့ရ၏။ သူသည် မည်သို့မျှပင် ဒေါသအား ထိန်းသိမ်းနိုင်ခြင်း မရှိတော့ချေ။

“ဒါပေမဲ့ ကျုပ်တို့သွေးမျိုးနွယ်တွေက ကျီယွမ်ကုန်းမြေရဲ့ပြင်ပကို ထွက်ခွာတာနဲ့ အခြားကုန်းမြေက ကျင့်ကြံသူတွေ တွေ့ရှိသွားရင် ချက်ချင်းအသတ်ခံရလိမ့်မယ်”

လက်အောက်ငယ်သားသည် စောဒကတက်လိုက်၏။ အဆင့်သုံးနယ်မြေများသည် ကျီယွမ်ကုန်းမြေတစ်ခုတည်း မဟုတ်ပေ။ များပြားသည့် ကုန်းမြေများစွာ တည်ရှိနေခြင်းဖြစ်သည်။ ထိုသို့နေရာများကို သွေးမျိုးနွယ်များ သွားရောက်ပါက သေဘေးများကြုံတွေ့နိုင်သည်။

“အား..ခေါင်းဆောင် ကျုပ်မှားသွားပါတယ်..”

လက်အောက်ငယ်သားသည် ကြောက်ရွံ့ တုန်လှုပ်သွား၏။ အကြောင်းမှာ ရွှယ်လင်းဟန်သည် သူ၏ လည်ပင်းအားဖမ်းဆုပ်လိုက်ကာ သူ၏ သွေးစွမ်းအင်များကို စုပ်ယူနေသောကြောင့်ပင်။

“သွေးမျိုးနွယ်မှာ မင်းလို ကြောက်တက်တဲ့ကောင်တွေ အလိုမရှိဘူး..”

ရွှယ်လင်းဟန်သည် ရေရွတ်လိုက်ပြီးနောက် ခြောက်ကပ်သွားသည့် လက်အောက်ငယ်သား၏ ခန္ဓာကိုယ်အား ပစ်ထုတ်လိုက်၏။

“ငါ့ရဲ့ နည်းစနစ် အပြည့်အဝပြီးဆုံးသွားရင် လင်းကျွင်းကို သတ်ခဲ့တဲ့လူကို အသေဆိုးနဲ့ သတ်ပြစ်မယ်”

ရွှယ်လင်းဟန်သည် ကြုံးဝါးလိုက်ပြီး သူ၏ မျက်လုံးများသည် သွေးနီရောင်တောက်ပလာသည်။ ထို့နောက် သူသည် အလင်းမဲ့စွာ ပိတ်ပိတ်မှောင်နေသည့် အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွား၏။

“အား..”

ထိုအခန်းသည် ကျယ်ဝန်းလှပြီး အော်ဟစ်တောင်းပန်နေသည့် အသံများ၊ မခံမရပ်နိုင်အောင်နာကျင်နေသည့် အော်သံများနှင့်ပြည့်နှက်နေ၏။ သို့သော် ရွှယ်လင်းဟန်သည် ယဇ်ပုလ္လင်ဟုယူဆရသည့် အပေါ်သို့တက်ရောက်သွားပြီးနောက် သူ၏ ခန္ဓာကိုတွင်းသို့ အနီရောင် စွမ်းအင်များ ဝင်ရောက်လာသည်။ ထိုအရာသည် သွေးစွမ်းအင်များစုဆောင်းနိုင်သည့် အစီအရင်ဖြစ်၏။

ထိုသို့စွမ်းအင်များ ဝင်ရောက်လာသည်နှင့်တပြိုင်နက် အခန်းတွင်းရှိ အော်ဟစ်သံများသည် ပိုမိုကျယ်လောင်လာခဲ့သည်။

“ဆရာ ဒီအတိုင်း ချိတ်ရမလား..”

လုရှင်းယန်တို့သည် ဂိုဏ်း၏ ဝင်ပေါက်တွင် ‘ဟွမ်းရှန့်နန်းတော်’ ဟု ရေးသားထားသည့် တံဆိပ်တော်ကို တင်ဆောင်နေကြသည်။

“ကောင်းပြီ..”

ဟွမ်းသည် နန်းတော်၏တံဆိပ်အား ရိုးရှင်းစွာပင် အနက်ရောင်အောက်ခံတွင် စာလုံးများကို အဖြူရောင်ဖြင့်ရေးထိုးထား၏။ နန်းတော်တံဆိပ်သည် သာမန်ဆန်သော်လည်း ထူးခြားသည့် ဖိအားများပေါ်ထွက်နေသည်။ အကြောင်းမှာ ထိုစာလုံးများအား ဟွမ်းကိုယ်တိုင် ရေးထိုးထားသောကြောင့်ပင်။

“စီနီယာအစ်ကို နန်းတော်တစ်ခုကို လည်ပတ်ဖို့ဆိုရင် ဝိညာဉ်ကျောက်တုံးတွေလိုသေးတယ်..”

ချုးယွီဟွာသည် အကြုံပြုလိုက်၏။ ရှကျဲ့နယ်မြေတွင် သူမတို့ လဲလှယ်ရရှိခဲ့သည် ဝိညာဉ်ကျောက်တုံးများသည် နန်းတော်အတွက် အဆောက်အဦးများ တည်ဆောက်ပြီးနောက် ပြောင်သလင်းခါသွားပြီဖြစ်သည်။ နန်းတော်တစ်ခုတည်ထောင်ပြီး နောက်ပိုင်းတွင် လုပ်ဆောင်ရန်တာဝန်များ များပြားလာပြီဖြစ်သည်။

“ကျုပ်တို့ ဆေးနည်းအသစ်ဖော်ပြီးတာအောင်မြင်သွားရင် ဝိညာဉ်ကျောက်တုံးပြသနာက ဖြေရှင်းလို့ရသွားပြီ”

လုရှင်းယန်တို့သည် ဝိညာဉ်စွမ်းအင်ပြန်လည်ဖြစ်တင်းခြင်းဆေးလုံးနှင့် အနာကျက်ဆေးလုံးများသည် အဆင့်နိမ့်နယ်မြေမှ သာမန်ဆေးပင်များဖြစ်သောကြောင့် အဆင့်သုံးနယ်မြေတွင် ထင်သလောက် ရောင်းချ၍မရခဲ့ချေ။ ဝိညာဉ်ဆေးပင်များ လိုအပ်နေပြီဖြစ်သည်။

“ဝိညာဉ်ဆေးပင်နဲ့ ပတ်သတ်ပြီး ဆရာစီစဉ်ပေးမယ်..”

ဟွမ်းတွင် လင်းရှန်နယ်မြေရှိ၏။ ထိုနယ်မြေတွင် မင်္ဂလာကောင်းချီးသစ်ပင်ငယ်လေးသည် အထောက်အပံ့ပေးထားသောကြောင့် ဆေးပင်များ စိုက်ပျိုးရန် အလွန်သင့်တော်လှသည်။ ထို့နောက် လုရှင်းယန်တို့အား ဆေးပင်များကို စုဆောင်းစေလိုက်သည်။ မြူနှင်းတောင်တန်းတွင်ပင် ဆေးပင်များပေါက်ရောက်တတ်၏။ သို့သော် ဝိညာဉ်ဆေးပင်များကိုတော့ လွယ်လွယ်ကူကူနှင့် မတွေ့နိုင်ပေ။

ထို့နောက်ဟွမ်းသည် သူ၏ဂိုဏ်းတွင် ပြင်ပဂိုဏ်းသားများ မရှိသေးသောကြောင့် ဝိညာဉ်ကျောက်တုံးများအား အရေးတကြီးမလိုအပ်သေးပေ။

နောက်ရက်တွင် ချင်ကန်းဂိုဏ်းအကြီးအကဲဖြစ်သူ သွမ့်မုလီသည် ဟွမ်းရှန့်နန်းတော်သို့ ရောက်ရှိလာခဲ့သည်။ ဟွမ်းရှန့်နန်းတော်၏ ဟောခန်းမသို့ ဖိတ်ခေါ်လိုက်သည်။ သွမ့်မုလီသည် ဟောခန်းမတွင် မျက်လုံးကစားကြည့်လိုက်၏။ ထိုင်ခုံများနှင့် အခန်း၏ ပုံပန်းသဏ္ဌာန်သည် တခမ်းတနား ပြင်ဆင်မှုများ ပြုလုပ်မထားသော်လည်း စနစ်တကျစီမံထားကာ သေသပ်သန့်ရှင်းနေသည်။

ထို့နောက် ဟွမ်း၏ ထိုင်ခုံနောက်တွင် ရပ်နေသည့် အစိမ်းရောင်ပိုးသားဝတ်စုံနှင့် သိမ့်မွေ့စွာ ရပ်တည်နေသည့် မိန်းကလေးကို တွေ့လိုက်၏။ သူမ၏ အရှိန်အဝါသည် သူ့ထက်ပင် အားကောင်းနေသည်ဟု ခံစားရသည်။ သို့သော် အဘယ့်ကြောင့် အကြီးအကဲ အဖြစ် စာရင်းတင်သွင်းခြင်းမရှိခဲ့ကြောင်းကို နားမလည်ပေ။ သို့သော် ထိုအတွေးများကို ဖြတ်တောက်ပြီး လာရင်းကိစ္စကို ဆိုလိုက်၏။

“နန်းတော်သခင်ဟွမ်း..၊ မီးကျောက်တောင်တန်းအနားက ကျင့်ကြံသူတွေက လေဟာနယ်တုန်လှုပ်မှု တစ်ချို့ ထွက်ပေါ်လာတယ်လို့ သတင်းပို့ထားတယ်၊ ကျုပ်တို့ ချန်ကန်းဂိုဏ်းက စူးစမ်းမှုပြုမလို့ ဟွမ်းရှန့်နန်းတော်နဲ့ ပူးပေါင်းဖို့ လာဖိတ်ကြားတာပါ..”

“ဟုတ်လား..”

ဟွမ်းသည် အနည်းငယ်စဉ်းစားပြီးနောက် ထပ်မံမေးမြန်းလိုက်၏။

“ဘယ်နေ့ရက်သွားမှာလဲ..”

သူ့တွင် ဤရက်ပိုင်း လုပ်စရာသိပ်မရှိသည့်အပြင် တပည့်များအတွက်လည်း အတွေ့အကြုံရနိုင်ပေမည်။

“နန်းတော်သခင်ဟွမ်း သဘောတူတာနဲ့ မနက်ဖြန် ထွက်ခွာမှာပါ..”

“ကောင်းပြီ..ဒီအဆောင်ကို ယူထားလိုက် အကြောင်းတစ်ခုခုဆို ကျုပ်တို့ဆီ အကြောင်းကြားလို့ရတယ်..”

ဟွမ်းသည် ချုးယွီဟွာ ပြုလုပ်ထားသည့် အဆောင်တစ်ခုကို ထုတ်ပေးလိုက်၏။

ချုးယွီဟွာသည် အဆင့်ငါးသို့ရောက်ပြီးနောက်တွင် လေဟာနယ်နှင့် ပတ်သတ်သည့် အကြောင်းအရာများကို အတော်ပင် နားလည်သဘောပေါက်လာခဲ့သည်။ ထို့အပြင် အဆင့်သုံး နယ်မြေ၏ လေဟာနယ်သည် ထျန်းယွမ်ကုန်းမြေတွင် ရှိစဉ်ကထက်ပို၍ သိပ်သည်းနေ၏။ ထို့ကြောင့် သူမသည် ဆက်သွယ်ရေးအဆောင်များကို အသစ်များပြန်လည်ရေးဆွဲခဲ့ရသည်။

“နန်းတော်သခင်ဟွမ်း.. ဒီလိုမျိုး အဆောင်တွေက အရမ်းအဆင့်မြင့်တယ်၊ ပြီးတော့ ဒီလိုအဆောင်တွေက အရမ်းရှားပါးပြီး တန်ဖိုးကြီးတယ်..”

သွမ့်မုလီသည် စိတ်လှုပ်ရှားစွာပြောလိုက်၏။ ထို့နောက် ဟွမ်းအပေါ် သူ၏ အမြင်သည် တစ်ဆင့်ထပ်တိုးသွားခဲ့ပြန်သည်။

“ဒါက သာမန်ပါပဲ..၊ ဒီနည်းစနစ် ဖန်တီးခဲ့တဲ့သူက အရမ်းတော်လွန်းတယ်”

ဟွမ်း၏ စိတ်အတွင်း အဆောင်ဖန်တီးခဲ့သူ ချန်ယဲ့ဟိုင်၏ ပုံရိပ်များမြင်ယောင်လာသည်။ ထိုအဘိုးအိုကြောင့် အဆောင်နှင့် ပတ်သတ်သည့် အံ့ဩဖွယ်ကောင်းမှုများကို မြင့်တွေ့ခဲ့ဖူးသည်။ ထို့အပြင် ဆက်သွယ်ရေး အဆောင်သည် သာမန်မျှသာဖြစ်၏။

“နန်းတော်သခင်ဟွမ်း..၊ ဒီလိုအဆောင်တွေ ရှန်းလော်မြို့ထဲမှာ ရောင်းချမှုပြုလိုက်ရင် ဝိညာဉ်ကျောက်တွေ များစွာရလိမ့်မယ်..”

သွမ့်မုလီသည် စိတ်လှုပ်ရှားစွာဆိုလိုက်၏။ ရှန်းလော်မြို့တွင် ကျင့်ကြံသူဦးရေ သန်းချီ၍ ရှိသည်။ ထို့ကြောင့် အဆောင်များ ရောင်းချလိုက်လျှင် ဝိညာဉ်ကျောက် များစွာ ရရှိပေလိမ့်မည်။

သို့သော် ဟွမ်းသည် ခေါင်းခါ၍ ငြင်းလိုက်၏။

“ဒီအဆောင်တွေကို ကျုပ်ရောင်းချမှာ မဟုတ်ဘူး..”

All Chapters