← Chapters

မီးသားရဲ၏ တိုက်ခိုက်မှု

Vol. 12 Ch. 176

မီးသားရဲ၏ တိုက်ခိုက်မှု

Vol. 12 Ch. 176

“လောကကြီးမှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ စိတ်တွေက မရိုးရှင်းဘူး..၊ အဆောင်တွေကို လိုသလောက်ရနေမယ်ဆိုရင် သူတို့အတွက် လက်နက်တစ်ခုဖြစ်လာလိမ့်မယ်..၊ ဒါ့ကြောင့် ရှုပ်ထွေးတဲ့ ဒီလောကကြီးမှာ အဲ့အဘိုးကြီးရဲ့ အဆောင်နည်းစနစ်တွေကို မညစ်နွမ်းစေချင်ဘူး..”

လက်ရှိတွင် ဟွမ်းသည် ချုးယွီဟွာအား အကြောင်းစုံရှင်းပြလိုက်၏။ ယွဲ့လင်းရှန်ပြီးလျှင် သူအပေါ်ကောင်းပေးသည့် ဒုတိယမြောက်လူကို ချန်ယဲ့ဟိုင်အဖြစ်သတ်မှတ်ခဲ့သည်။ အကြောင်းမှာ ချန်ယဲ့ဟိုင်တွင် အသိအကျွမ်း များစွာ ရှိသော်လည်း သူ၏ အမွေအနှစ် စာအုပ်အား ဟွမ်းထံအပ်နှံ့ခဲ့ခြင်းကြောင့်ပင်။ ထိုအရာသည် ဟွမ်းအား အကြွင်းမဲ့ ယုံကြည်နေသည်ဟု ဆိုလိုပေသည်။

“ကျွန်မ သဘောပေါက်ပါပြီ၊ စီနီယာအစ်ကို..”

ချုးယွီဟွာသည် နားလည်သွားသောကြောင့် သူမသည် ထိုသို့အတွေးမျိုး နောက်ထပ်ဝင်ရောက်တော့မည်မဟုတ်ချေ။ သူမ ဆရာ၏ စိတ်ထားကို သဘောပေါက်သွားခဲ့၏။ ထို့နောက် ဟွမ်းသည် ခန်းမအတွင်းမှ ထွက်ခွာသွားသည်။

ချုးယွီဟွာသည် ဟွမ်းထွက်ခွာသွားသည့်ပုံရိပ်ကို ကြည့်ရင်း ဝမ်းနည်းစိတ်များဝင်ရောက်လာသည်။ ဟွမ်းကဲ့သို့သူမျိုးအား အဘယ်ကြောင့် နတ်ဘုရားနယ်မြေသည် ငြင်းဆန်နေကြသည်ကို နားမလည်နိုင်ပေ။

နောက်ရက်တွင် ဟွမ်းသည် တပည့်များကို ခေါ်ကာ မီးကျောက်တောင်သို့ ထွက်ခွာလာခဲ့သည်။ ဤခရီးတွင် ယွဲ့ဝူယောင်သည် ကျင့်ကြံနေခဲ့သောကြောင့် ပါမလာချေ။ ဟွမ်းနှင့် တပည့်သုံးဦးသာ လိုက်ပါလာသည်။

မီးကျောက်တောင်သည် မြူနှင်းတောင်နှင့် မဝေးချေ။ နေ့ဝက်ခန့်ခရီးနှင်ပြီးနောက်တွင် ရောက်ရှိသွား၏။

“ဂိုဏ်းချုပ်ဟွမ်း..ရောက်လာပြီလား..”

သွမ့်မုလီသည် နှုတ်ဆက်လိုက်၏။ သူသည် အံ့အားသင့်သွားခဲ့သည်။ ဤသို့ စစ်ဆေးမှုများကို အကြီးအကဲနှင့် တပည့်များသာ စူးစမ်းစစ်ဆေးမှုပြုကြသည်။ နန်းတော်သခင်ကိုယ်တိုင် လိုက်ပါလာမည်ဟု မထင်ခဲ့ချေ။

“အခြေအနေကို သိရပြီလား..”

ချန်ကန်းဂိုဏ်းသည့် ဦးစွာရောက်ရှိနေသောကြောင့် ဟွမ်းသည် မေးမြန်းလိုက်၏။ သွမ့်မုလီ၏ နောက်တွင် တပည့်ငါးဦးရှိနေသည်။ အဆင့်နှစ် တစ်ဦးရောက်နေသည့် လူငယ်တစ်ဦးပါပြီး၊ အဆင့်တစ် လူငယ် လေးဦးပါရှိ၏။ သွမ့်မုလီသည် သူတွေ့ရှိထားသည့် အရာများကို ပြောပြလိုက်သည်။

“နန်းတော်သခင်ဟွမ်း..၊ ဒီနေရာမှာ လေဟာနယ် အတားအဆီးရှိနေတယ်၊ ဒီနေရာက မီးစွမ်းအင်တွေက အရင်ကထက် ပိုပြီး ကြမ်းတမ်းလာတယ်..”

ဟွမ်းသည် သွမ့်မုလီ၏ စကားကို ခေါင်းညိတ်လိုက်ပြီးနောက် တားဆီးထားသည့်အလား ဖြစ်ပေါ်နေသည့် စွမ်းအင်လှိုင်းများကို စမ်းသပ်ကြည့်လိုက်သည်။

“ဒီတောင်က မီးချော်ရည်တောင် တစ်ခုလား..”

ဟွမ်းသည် သွမ့်မုယီကို မေးမြန်းလိုက်၏။

“မူလတုန်းက သာမန်တောင်တစ်လုံးပဲ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကစပြီး မီးစွမ်းအင်တွေ ထွက်ပေါ်လာခဲ့တာ၊ အစပိုင်းမှာ အကြောင်းမရင်းကို ရှာဖွေခဲ့ပေမဲ့ အစအန တောင်မတွေ့ခဲ့ရဘူး၊ ဒါကြောင့် မီးချော်ရည်တောင်လို့ပဲ သတ်မှတ်လိုက်ကြတာ..”

သွမ့်မုယီသည် ရှင်းပြလိုက်၏။ ဟွမ်း၏ မျက်လုံးအတွင်း ရွှေဝါရောင် အလင်းများ လင်းလက်လာပြီး၊ သူ၏ မျက်ဆံများတွင်လည်း လနှင့် ကြယ်များ ကူးခက်လည်ပတ်နေသည့်အလား လှုပ်ရှားသွား၏။

ထို့နောက် ဟွမ်းသည် တောင်၏ နက်ရှိုင်းသည့်အောက်ခြေကို ကြည့်ရှုလိုက်သည်။ သူ၏ အမြင်အာရုံသည် မီးကျောက်တောင်အား နက်နက်ရှိုင်းရှိုင်း ထိုးဖောက်သွားပြီး မီးစွမ်းအင်များ ယိုစိမ့် ထွက်လာသည့် အရာကိုတွေ့ရှိသွားသည်။

“မီးသားရဲတစ်ကောင်လား..”

ဟွမ်းသည် တီးတိုးရေရွတ်လိုက်၏။ ထိုအချင်းအရာကို သွမ့်မုလီကြားပြီးနောက် မျက်မှောင်ကြုတ်သွားသည်။ မီးစွမ်းအင်များပေါ်ထွက်လာသည်မှာ နှစ်ပေါင်းတစ်ထောင်ခန့် ရှိပြီဖြစ်သောကြောင့် ထိုသားရဲသည် အဆင့်သုံးသို့ ရောက်ရှိလောက်ပြီဟု ခန့်မှန်းမိလိုက်သည်။

“နန်းတော်သခင်ဟွမ်း..”

သွမ့်မုလီ စကားပြောမည်အပြုတွင် မီးကျောက်တောင်သည် လှုပ်ခါလာသည်။ ထို့ကြောင့် သူ၏ စကားများ ပြတ်တောက်သွားကာ မီးကျောက်တောင်ကို အာရုံစိုက်လိုက်၏။

ထိုအချိန်တွင် မီးစွမ်းအင်များ ပေါ်ထွက်နေသည့် မီးသားရဲငယ်များသည် တောင်၏နေရာအနှံ့မှ ထွက်ပေါ်လာသည်။ ထို့နောက် ဟွမ်းတို့ရှိသည့် ကောင်းကင်ထက်သို့ တိုက်ခိုက်ရန် ဦးတည်၍ ပျံသန်းလာကြသည်။

“မီးသားရဲငယ်တွေလား..”

သွမ့်မုလီသည် ရေရွတ်လိုက်၏။

“မဟုတ်ဘူး မီးစွမ်းအင်ကနေဖြစ်ပေါ်လာတဲ့ သားရဲတွေ”

ဟွမ်းသည် မှတ်ချက်ပေးလိုက်၏။ ထိုသားရဲငယ်များသည် အစစ်အမှန်သားရဲများ မဟုတ်ကြပေ။ မီးစွမ်းအင်မှ ပေါ်ထွက်လာသည့် သားရဲများသာ ဖြစ်ကြသည်။

“မင်းတို့ သုံးယောက် တိုက်ခိုက်ကြ..”

ဟွမ်းသည် လုရှင်းယန်တို့ကို စေခိုင်းလိုက်၏။ ထိုသားရဲများ၏ စွမ်းအားသည် အဆင့်တစ်နှင့် အဆင့်နှစ်ကြားသာရှိနေကြသည်။

ထို့နောက် လုရှင်းယန်တို့သည် ချက်ချင်း ထိုများပြားလှသည့် သားရဲများထံ ဦးတည်တိုက်ခိုက်လိုက်ကြ၏။

သွမ့်မုလီလည်းအလားတူ ချန်ကန်းဂိုဏ်း၏ တပည့်များအား တိုက်ခိုက်စေလိုက်သည်။

ဟွမ်းသည် တောင်အောက်ခြေရှိ မီးသားရဲကြီးထံသာ အာရုံစိုက်နေ၏။ ထိုသားရဲသည် အဆင့်ငါးသားရဲတစ်ကောင်ဖြစ်နေပြီး စွမ်းအင်များ စုစည်းနေဟန်ရသည်။

‘မဟုတ်သေးဘူး၊ တစ်ခုခုရှိနေတယ်..’

ထို့နောက် ဟွမ်းသည် အသေအချာ အာရုံစိုက်ကြည့်လိုက်ချိန်တွင် မီးစွမ်းအင်များ အဓိကပေါ်ထွက်နေသည့် အရာတစ်ခုကို တွေ့ရှိလိုက်သည်။

‘မီးတောက်တစ်ခုပဲ..’

ထို့နောက် ဟွမ်းသည် မီးစွမ်းအင်များ တားဆီးထားသည့် စွမ်းအင်လှိုင်းများအတွင်း အသာယာပင် ဝင်ရောက်သွားကာ တောင်၏ အတွင်းပိုင်းသို့ဝင်ရောက်သွားသည်။

‘နန်းတော်သခင်ဟွမ်းက အဆင့်ခြောက်တစ်ဦးများလား..’

သွမ့်မုယီသည် တွေးထင်လိုက်သည်။ စွမ်းအင်လှိုင်းများကိုပင် ဂရုမစိုက်ပဲ အသာအယာပင် ဝင်ရောက်သွားသည့် ဟွမ်းသည် အံ့အားသင့်ဖွယ်ကောင်းနေ၏။

ဟွမ်းသည် မြန်ဆန်သည့် အရှိန်နှင့် တောင်၏ နက်ရှိုင်းသည့် တည်နေရာသို့ သွားရောက်နေသည်။ ထိုအောက်ခြေသည် ကျယ်ဝန်းသည် လှိုင်ဂူတစ်ခုကို မြင်တွေ့လိုက်ရ၏။ ထိုသားရဲကြီး၏ ခန္ဓာကိုယ်တွင် မီးစွမ်းအင်များ လည်ပတ်နေသည်။ သူ၏ မျက်လုံးများပွင့်လာချိန်တွင် သူ၏ အနီးတွင် ပုံရိပ်တစ်ခုရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

“ထွက်သွားစမ်း..”

မီးသားရဲသည် စိတ်အနှောက်အယှက်ဖြစ်သွားပြီး ဟိန်းဟောက်လိုက်၏။ ထိုသားရဲသည် ကြံတစ်ကောင်နှင့် တူညီသော်လည်း ကြံငါးကောင်စာ ပေါင်းစပ်ထားသည့်အထိကြီးမားသည်။ ထူးခြားသည်မှာ ဦးချိုသည် တစ်ခုသာပါရှိပြီး သူ၏ခေါင်းတည့်တည့်တွင်ရှိနေ၏။

“အဲ့ဒီမီးတောက်ကို ပေးလိုက်ရင်၊ ထွက်သွားမယ်”

ဟွမ်းသည် မှင်သေသေနှင့် ဆိုလိုက်၏။

“ဝေါင်း..”

မီးသားရဲသည် စိတ်တိုသွားပြီး ဟိန်းဟောက်လိုက်သည်။ ထိုလူသားသည် မောက်မာလွန်း၏။ သူပိုင်ဆိုင်ထားသည့် မီးတောက်တစ်ခုအား ပိုင်စိုးပိုင်နင်းနှင့် လုယက်ဖို့ကြိုးစားနေသည်။ မီးသားရဲ သည်းမခံနိုင်တော့ပေ။

သူ၏ လက်တစ်ဖက်ကိုမြောက်ကာ ဟွမ်းကိုရိုက်ချရန် ကြိုးစားလိုက်၏။ သူ၏ လက်တစ်ဖက်သည်ပင် လူသုံးဦးအား ပြားပြားဝပ်ကြေမွသွားနိုင်သည်အထိ ကြီးမားသည်။

“သေစမ်း..”

မီးသားရဲသည် ဟွမ်းကို ဒေါသတကြီးနှင့် အရှိန်ဟုန်ပြင်းပြင်း ရိုက်လိုက်၏။

‘ဟမ် ဘာဖြစ်တာလဲ..’

မီးသားရဲသည် သူ၏ လက်တစ်ဖက်သည် တားဆီးခံထားရသောကြောင့် အံ့ဩသွား၏။ သူသည် အားများစွာ စိုက်ထုတ်၍ နင်းခြေရန် ကြိုးစားနေသော်လည်း အချည်းအနှီးပင်။

အကြောင်းမှာ ဟွမ်းသည် ထိုမီးသားရဲကြီး၏ လက်အား အသာယာ တားဆီးထားသောကြောင့်ပင်။

“လူသား မင်းမှာအစွမ်းအစရှိသားပဲ..”

မီးသားရဲသည် အနည်းငယ်အံ့ဩသွားသော်လည်း ထပ်မံတိုက်ခိုက်ရန်ပြင်လိုက်၏။ ဝိညာဉ်စွမ်းအင်များကို သူ၏ ဦးချိုတွင် စုစည်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်အနေအထားသည် တိုက်ခိုက်တော့မည့် အသွင် ဖြစ်ပေါ်လာသည်။

ထို့နောက် ဦးချိုတွင် စုစည်းထားသည် စွမ်းအင်များကို ဟွမ်းထံ ကြမ်းကြမ်းတမ်းတမ်း ပစ်လွှတ်လိုက်၏။ အံ့ဩစရာကောင်းသည်မှာ ထိုစွမ်းအင်များသည် များပြားလှသည့် သတ္ထုဆူးများအသွင် အဖြစ်ကွဲပြားသွားကာ ဟွမ်းထံ တဟုန်ထိုး ပြေးဝင်လာသည်။

ဟွမ်းသည် မျက်မှောင်ကြုတ်သွားပြီးထို ထိုသတ္ထုဆူးချွန် များအား ရှောင်တိမ်းလိုက်၏။ ထူးဆန်းစွာပင် ထိုဆူးချွန်များတွင် မီးစွမ်းအင်များ ပေါ်ထွက်နေသည်။

“ဝုန်း..”

“ဘုန်း..”

ဟွမ်းသည် ထိုသတ္ထုဆူးချွန် များအား ဖျတ်စီးခြင်း ရှောင်တိမ်းခြင်းများ ပြုလုပ်နေသည်။

“အင်အားက နိမ့်ကျသေးပေမဲ့ ဆိုးတော့ မဆိုးသေးဘူး..”

ဟွမ်းသည် ထိုသတ္ထုဆူးချွန်များမှ ထွက်ပေါ်လာသည့် စွမ်းအင်များကို ခွဲခြမ်းစိတ်ဖြာနေကာ မှတ်ချက်ပေးလိုက်၏။

‘ဒီလူက ဘယ်လိုလူတုန်း..၊ တိုက်ခိုက်နေတာတောင် ငါ့စွမ်းအားကို ဝေဖန်နေသေးတယ်’

မီးသားရဲ၏ ဒေါသများသည် သူ၏ ခန္ဓာကိုယ်ရှိ မီးစွမ်းအင်များနှင့်အတူ တောက်လောင်လာသည်။

“ဒုန်း..ဒုန်း..”

သူ၏ ခန္ဓာကိုယ်သည် လှုပ်ရှားလာပြီး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကျောက်ဂူကြီးသည် တုန်ခါသွား၏။

All Chapters