← Chapters

သတ္ထုစွမ်းအင်သုံးသည့် မီးသားရဲ

Vol. 12 Ch. 177

သတ္ထုစွမ်းအင်သုံးသည့် မီးသားရဲ

Vol. 12 Ch. 177

ဟွမ်းသည် သတ္ထုဆူးချွန်များကို ဖြေရှင်းပြီးနောက် မီးသားရဲသည် တစ်လှမ်းခြင်း လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရ၏။ ထို့နောက် သူသည် စစ်ဆေးရေးဝင်နေသည့်အလား ဆိုလိုက်၏။

“သတ္ထုသားရဲလေး မင်းမှာ ရှိတဲ့စွမ်းရည်တွေ အကုန်ထုတ်ပြဦး..”

မီးသားရဲ “...”

“ငါက မီးသားရဲကွ..မောက်မာလွန်းတဲ့ လူသား..သေဖို့ပြင်တော့”

မီးသားရဲသည် ဒေါသများမထိန်းနိုင်တော့ချေ။ မြေပြင်ကို ပြင်းပြင်းထန်ထန် ဆောင့်နင်းလိုက်၏။ ထိုအချိန်တွင် ဟွမ်း၏ အောက်ရှိ ကျောက်သားများသည် လှုပ်ခါလာပြီး ကြီးမားသည် သတ္ထုချောင်းများသည် ရုန့်ရင်းဆန်ခက် ပေါ်ထွက်လာသည်။

ထိုသတ္ထုချောင်းများသည် ထက်ရှသည့် ဓားသွားများအလား ထင်မှတ်ရပေ၏။ ထို့အပြင် များပြားလှသောကြောင့် ထိုအရာများနှင့် ထိခိုက်မိပါက အဆင့်ငါးတစ်ဦး၏ ခန္ဓာကိုယ်ပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်သည်။

ဟွမ်းသည် ထိုသတ္တုချောင်းများကို ရှောင်တိမ်းရန် အပေါ်သို့ ပျံတက်သွား၏။

သို့သော် ထိုအချိန်တွင် မီးသားရဲသည် ခန့်မှန်းထားသည့်အတိုင်းဖြစ်လာသကဲ့သို့ သူ၏ ကြီးမားသည့် မျက်ဝန်းများသည် မှေးကျဉ်းသွား၏။ ထို့နောက် မြေပြင်ကို နောက်တစ်ကြိမ် ထပ်မံဆောင့်နင်းလိုက်ပြန်သည်။

ဟွမ်းသည် သူ၏ အထက်မှ ထိုသတ္ထုချောင်းများနှင့် ဆင်တူသည့် သတ္ထုချောင်းများ ထပ်မံပေါ်ထွက်လာသည်ကိုတွေ့လိုက်ရ၏။ မီးသားရဲသည် ပြုံးယောင်သန်းသွားကာ မာန်သွင်းလိုက်သည်။ သို့သော် ကြံသားရဲတစ်ကောင်ဖြစ်နေသည်မို့ သူ့အပြုံးသည် မသဲကွဲချေ။

“လူသား မင်းရဲ့ မောက်မာမှုအတွက် သေလိုက်တော့..”

ဟွမ်းသည် နှစ်ဖက်ပိတ်ကာ လာနေသည့် သတ္ထုချောင်းများကြောင့် သူ၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ သူသည် ရှောင်တိမ်း၍မရတော့သောကြောင့် ခုခံရန်ပြင်လိုက်၏။ ထို့နောက် ပြင်းထန်သည့် သတ္ထုဆူးချွန်များကို သူ၏ လက်သီးတွင် ဝိညာဉ်စွမ်းအင်များထည့်သွင်းကာ ပြန်လည်ထိုးနှက်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

ဟွမ်းသည် အလျှင်မြန်လှသည့် အရှိန်ဟုန်နှင့် ထိုသတ္ထုချောင်းများကို ဖျတ်စီးပစ်လိုက်၏။ သူ၏ လက်သီးကြောင့်ပင် သတ္ထုချောင်းများ တစ်စစီပြိုကွဲသွားပြီး ထိုနေရာတွင်လည်း ရှုပ်ထွေးသွားတော့သည်။

“မဖြစ်နိုင်တာ..”

မီးသားရဲသည် ထိုအချင်းအရာကို ကြည့်ရင်း အံ့ဩသွား၏။ သူ၏ တိုက်ခိုက်မှုသည် အဆင့်ငါးတစ်ဦးပင် ချေမွပစ်နိုင်စွမ်းရှိသည်။ သို့သော် ထိုလူသည် လက်သီးနှင့်သာ ပြန်လည်ဖျတ်စီးသွားခဲ့၏။ မယုံနိုင်ဖွယ်ကောင်းလွန်းလှသည်။

“ဒီလောက်ဆိုလုံလောက်ပြီ..၊ ငါ့ရဲ့ နန်းတော်မှာ အပေါက်စောင့်သားရဲ အဖြစ်ခွင့်ပြုတယ်..”

ဟွမ်းသည် ဖုံမှုန့်များ ပျောက်ကွယ်သွားပြီးနောက် မီးသားရဲထံ တစ်လှမ်းချင်းလျှောက်လှမ်းလာရင်း ဆိုလိုက်၏။

မီးသားရဲ “...”

‘ဒီကောင်စိတ်လွတ်သွားတာလား..၊ ငါ့ကိုဘယ်လိုသားရဲများ ထင်နေလို့ တံခါးစောင့် လုပ်စေချင်နေတာလဲ’

မီးသားရဲသည် ကြမ်းတမ်းသည့် လေသံနှင့် အော်ငေါက်လိုက်၏။

“အိမ်မက်မက်နေလိုက်၊ ငါ့လိုအဆင့်မြင့်သားရဲတစ်ကောင်က အပေါက်စောင့် လုပ်မယ်များထင်နေလား..”

“ဘုန်း..”

ဟွမ်းသည် ပြောရဆိုရခက်သည့် သူများအား သူ၏ လုပ်နေကျ နည်းလမ်းအတိုင်းသာဖြေရှင်းလိုက်သည်။ မီးသားရဲ၏ ခန္ဓာကိုယ်ကြီးလဲကျသွားသည့် အရှိန်သည် ကျောက်သားများပင် ကွဲအက်သွားစေ၏။ သို့သော် ဟွမ်းသည် မရပ်တန့်ပေ။ ‘တဘုန်းဘုန်း’ နှင့် ရိုက်နှင်နေသည်။

‘ဘယ်လိုစိတ်မရှည်တဲ့ကောင်မျိုးလဲကွ၊ ညှိနှိုင်းမှု တစ်ခေါက်ပဲ လုပ်ပြီး သဘောမတူတာနဲ့ ရိုက်နှက်စရာလားကွ၊ ထပ်ပြီး ဖျောင်းဖြဖို့တောင် မကြိုးစားဘူးလား..’

မီးသားရဲသည် ဟွမ်း၏ ရိုက်နှက်မှုအောက်တွင် ငိုချင်လာ၏။ သူသည် ပြန်လည်းမတိုက်နိုင်၊ ထွက်လည်းပြေးမဖြစ် နှင့်ရူးမတက်ပင် ဖြစ်နေတော့သည်။ ထိုသို့ ကျင့်ကြံသူမျိုး မကြုံဖူးခဲ့ချေ။ ထို့ကြောင့် လက်လျော့လိုက်တော့သည်။

“အား..ရပ်ပါတော့..ကျုပ်သဘောတူတယ်ဆိုရင် ကျုပ်ပိုင်ဆိုင်ထားတဲ့ မီးတောက်တော့ မပေးရတော့ဘူးလား”

“မဟုတ်ဘူး၊ မီးတောက်လဲပေးရမယ်၊ ငါ့ရဲ့ နန်းတော်တံခါးကိုလဲ စောင့်ရမယ်”

ဟွမ်းသည် ထိုသားရဲအား ရိုက်နှက်နေမှုကို ရပ်တန့်ကာ ဆိုလိုက်၏။

“ခင်ဗျား ကျုပ်ကိုသာသတ်လိုက်တော့”

မီးသားရဲ၏ ခန္ဓာကိုယ်သည် အနိုင်ကျင့်ခံထားရသည့် မိန်းမငယ်လေးအလား တဆက်ဆက်တုန်ယင်နေသည်။

“ကောင်းပြီ သေလိုက်တော့..”

ဟွမ်းသည် ခေါင်းညိတ်ကာဆိုလိုက်၏။ သူ့အနေနှင့် အစောင့်သားရဲ မရလျှင် ပြသနာမရှိသေးသော်လည်း ထိုမီးတောက်မရလို့မဖြစ်ချေ။ ထိုမီးတောက်သည့် လုရှင်းယန်အတွက် အသုံးဝင်လှသည်။ ထို့နောက်မီးသားရဲကို ထပ်မံရိုက်နှက်ရန် ရှေ့တိုးလိုက်၏။

“ခဏနေပါဦး..၊ ကျုပ်..ကျုပ် ပေးပါ့မယ်..”

မီးသားရဲသည် ပြာယာခတ်သွား၏။ ထိုလူသည် တကယ်လုပ်မည့်ပုံပင်။ သူသည် ထိုလူ့အား အနိုင်ယူရန် မဖြစ်နိုင်ပေ။ ထို့နောက် နီညိုရောင်သမ်းနေသည့် မီးတောက်လေးကို သူ၏ စွမ်းအင်များနှင့် ကာကွယ်ထားသည့် စက်ဝန်း အတွင်းမှ ထုတ်ပေးလိုက်သည်။

“ဒီမီးတောက်ကို သားရဲမီးတောက်လို့ခေါ်တယ်..၊ ကျုပ်တို့သားရဲကုန်းမြေရဲ့ အထွတ်ထိပ်မီးတောက်တစ်ခုပေါ့..”

ဟွမ်းသည် ထိုနီညိုရောင်မီးတောက်လေးကိုကြည့်လိုက်၏။

“မင်းက သတ္ထုစွမ်းအင်သုံးတဲ့ သားရဲလေ၊ ဘာလို့မီးတောက်ကို လိုအပ်နေတာလဲ”

ဟွမ်းသည် စဉ်းစားရခက်သည့်ဟန်နှင့် မေးလိုက်သည်။ မီးသားရဲသည် ပြောရခက်သည့်ပုံပေါက်နေသော်လည်း ရှင်းပြလိုက်၏။

“ကျုပ်နာမည်က ဟော်ကျန်း မီးကြံ့မျိုးနွယ်ရဲ့ သားရဲတစ်ကောင်ပဲ၊ ကျုပ်မှာ မွေးရာပါ သတ္ထုစွမ်းအင် ပါလာခဲ့တယ်၊ ဒါပေမဲ့ မီးကြံ့မျိုးနွယ်မှာ အဲ့လိုကိစ္စမျိုးက မဖြစ်ဖူးဘူး၊ ကျုပ်ဖခင်ရော မိခင်ရော မီးစွမ်းအင်သုံးတဲ့ မီးကြံတွေပဲ၊ အဲ့ဒါကြောင့် ကျုပ်ကို မျိုးနွယ်ထဲမှာ မျိုးမစစ် မီးကြံ့ဆိုပြီး လှောင်ပြောင်ကြတယ်၊ အဲ့ဒီ လှောင်ပြောင်မှုတွေကို မခံနိုင်တော့တဲ့ အဆုံး မျိုးနွယ်ရဲ့ အထွတ်ထိပ်မီးတောက်ကို ခိုးယူထွက်ပြေးလာခဲ့တာပဲ”

ဟော်ကျန်းသည် ဝမ်းနည်းပက်လက်နှင့်ရှင်းပြလိုက်၏။ ထို့ကြောင့်သူသည် မီးစွမ်းအင်ရရှိလာစေရန် သားရဲမီးတောက်နှင့် ကျင့်ကြံနေခဲ့ခြင်းဖြစ်သည်။ သို့သော် နည်းနည်းမျှ တိုးတက်မလာချေ။

“မင်းက အခြားသူတွေနဲ့ ကွဲပြားနေလို့၊ တူညီအောင် လိုက်ပြီးညှိနေစရာမလိုဘူး၊ သတ္ထုစွမ်းအင်ဆိုတာ ရှားပါးတဲ့ စွမ်းအင်တစ်မျိုးပဲ၊ ဒါ့ကြောင့် မင်းရရှိထားတဲ့ စွမ်းအင်ကို ကောင်းကောင်းအသုံးချနိုင်ရင် အားလုံးထက်သာလွန်တဲ့ စွမ်းရည်ကိုရရှိလာမှာပဲ”

ဟွမ်းသည် ဟော်ကျန်းကို ရှင်းပြလိုက်၏။ ထိုရှင်းပြချက်ကြောင့် ဟော်ကျန်းသည် ငြိမ်သက်သွား၏။

‘အခြားသူတွေနဲ့ တူညီအောင် လိုက်ညှိစရာမလိုဘူးလား၊ ကိုယ့်မှာရရှိထားတဲ့အရာကို ကောင်းကောင်းအသုံးချနိုင်ရင် အခြားသူတွေထက် သာလွန်နိုင်တယ်လား’

သူ၏ အသိဉာဏ်သည် အလင်းပွင့်သွားသည့်အလား ခံစားလိုက်ရသည်။ ထို့နောက်သူ၏ ခန္ဓာမှ နှစ်ထောင်ချီကြာ ကျင့်ကြံထားခဲ့သည့် မီးစွမ်းအင်များသည် ကွယ်ပျောက်သွားပြီး သတ္ထုစွမ်းအင်များသည် အရူးအမူးလည်ပတ်လာ၏။

“ကျေးဇူးတင်ပါတယ် အရှင်..”

ဟော်ကျန်းသည် သူ၏ စိတ်အတွင်း ထိုးနှက်နေသည့် အစိုင်အခဲသည် ကြေမွသွားသည့်အလား ပေါ့ပါးသွားသည်။ သူသည် ဟွမ်း၏ စကားကိုကြားပြီးနောက်တွင် မီးစွမ်းအင်ကို လုံးဝလက်လွှတ်လိုက်ပြီဖြစ်၏။ သူ၏ သတ္ထုစွမ်းအင်ကိုသာ ထူးချွန်အောင် ကျင့်ကြံတော့မည်ဖြစ်သည်။

“အရှင့်ရဲ့ နန်းတော်မှာ တံခါးစောင့်အဖြစ် ဝင်ရောက်လိုပါတယ်..”

ဟော်ကျန်းသည် စိတ်လိုလက်ရနှင့်ပင် တောင်းဆိုလိုက်သည်။ ဟွမ်းသည် သူ့အား လမ်းပြပေးခဲ့သည့် ကျေးဇူးကို မေ့လိမ့်မည်မဟုတ်ချေ။

“ကောင်းပြီ..၊ မင်းက ဟွမ်းရှန့်နန်းတော်ရဲ့ တံခါးစောင့်သားရဲပဲ”

ဟွမ်းသည် ခေါင်းညိတ်ကာ ဆိုလိုက်၏။ ဟွမ်းသည် သူရှေ့တွင်ရှိနေသည့်သားရဲမီးတောက်ကို သူ၏ လက်နှင့်ဝှေ့ယမ်းလိုက်သည်။ ထိုအချိန်တွင် မီးတောက်သည် ပျောက်ကွယ်သွား၏။

မီးတောက်ပျောက်ကွယ်သွားသည်နှင့် မီးကျောက်တောင်တွင်ထွက်ပေါ်နေသည် မီးစွမ်းအင်များသည် ပျောက်ကွယ်သွား၏။ ထို့အပြင် လုရှင်းယန်တို့နှင့် တိုက်ခိုက်နေသည့် မီးစွမ်းအင်သားရဲများလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

“နန်းတော်သခင်ဟွမ်း ဖြေရှင်းလိုက်တာလား..”

သွမ့်မုလီသည် ပျောက်ကွယ်သွားသည့် မီးစွမ်းအင်များနှင့် သားရဲများကို ကြည့်ကာ ရေရွတ်လိုက်သည်။

ခနအကြာတွင် မီးကျောက်တန်၏ အတွင်းပိုင်းမှ ဟွမ်းနှင့်အတူ သားရဲငယ်တစ်ကောင်လိုက်ပါလာသည်ကို တွေ့လိုက်ကြရသည်။

“ဆရာ ဒါဘာကောင်လေးလဲ..”

ပိုင်ကျန့်ယွီတို့သည် ဟွမ်း အနားရောက်ရှိလာကာ မေးမြန်းလိုက်ကြ၏။ ဟွမ်း၏ ဘေးတွင် ဂျိုလေးတစ်ချောင်းနှင့် သုံးပေဝန်းကျင်ခန့်သာ ရှိသည် သားရဲလေးကို စေ့စေ့စပ်စပ်ကြည့်နေကြသည်။

All Chapters